← Chapters

မိုက္ခရိုဆော့ဖ်၏ ဒါရိုက်တာ ဘုတ်အဖွဲ့ အစည်းအဝေး

Vol. 51 Ch. 756

မိုက္ခရိုဆော့ဖ်၏ ဒါရိုက်တာ ဘုတ်အဖွဲ့ အစည်းအဝေး

Vol. 51 Ch. 756

ဖုန်းယွီသည် တစ်ခုခု လုပ်စရာတစ်ခုခု ရှိလျှက်ဖြင့်ပင် ဆင်ခြေမပေးချေ။ အမှန်တကယ် လုပ်စရာ ရှိနေပေသည်။ ဘုတ်အဖွဲ့အကြောင်း သိထားရန် လိုနေပေသည်။

ဖုန်းယွီသည် ဤခေတ်၌ ဘုတ်အဖွဲ့ဝင် တစ်ဘောက်သာ မှတ်မိပေသည်။ စတိဗ် ဘောလ်မာသည် နောင်တွင် မိုက္ခရိုဆော့ဖ်၏ ဥက္ကဋ္ဌ ဖြစ်လာမည် ဖြစ်သည်။ သူသည် တွဲဖက် တည်ထောင်သူ မဟုတ်သလို အဆင့်မြင့် ရင်းနှီးမြုပ်နှံခြင်းလည်း မရှိပေ။ သို့ရာတွင် ကုမ္ပဏီ အစုရှယ်ယာများ ရခဲ့ပေသည်။

မိုက္ခရိုဆော့ဖ်တွင် ဘီလ်ဂိတ်သည် ရှယ်ယာ (၄၉)ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ပေါလ်အယ်လန်သည် (၃၅)ရာခိုင်နှုန်း ပိုင်ဆိုင်ပေသည်။ စတိဗ် ဘောလ်မာသည် (၈)ရာခိုင်နှုန်းသာရှိ၍ ကျန် ဝန်ထမ်းများသည် (၈)ရာခိုင်နှုန်း ပိုင်ဆိုင်ပေသည်။ ထို တွက်ချက်မှုအားလုံးမှာ မဲပေးပိုင်ခွင့် ရှယ်ယာများကိုသာ တွက်ချက် ထားခြင်းဖြစ်ပေသည်။

(ဘာသာပြန်ဆိုသူမှတ်ချက်။ စတော့ ဈေးကွက် စာရင်းဝင် ကုမ္ပဏီ တစ်ခု၏ စတော့ဈေးကွက် တင်ထားသော ကုမ္ပဏီ ရှယ်ယာ (၃၀)ရာခိုင်နှုန်းမှာ မဲပေးပိုင်ခွင့် မရှိဘဲ ကျန် (၇၀)ရာခိုင်နှုန်းသာ မဲပေးဆုံးဖြတ်နိုင်ခွင့်ရှိပေသည်။ ထို (၇၀)ရာခိုင်နှုန်းကို မဲပေးခွင့် (၁၀၀) ရာခိုင်းနှုန်းဖြင့် ပြန်လည် တွက်ချက် ဖော်ပြခြင်းဖြစ်သည်။)

ပေါလ်အယ်လင်သည် မိုက္ခရိုဆော့ဖ်မှ ထွက်ခွာသွားသည့် ကာလအတွင်း ကုမ္ပဏီများစွာတွင် ရင်းနှီးမြုပ်နှံ ခဲ့သည်။ သို့ရာတွင် ထိုကုမ္ပဏီ အများစုမှာ မအောင်မြင်ခဲ့ချေ။ လွန်ခဲ့သော နှစ်တွင် သူရင်းနှီးမြုပ်နှံထားသည့် ရုပ်မြင်သံကြား ကုမ္ပဏီ တစ်ခုသည် သူ၏ ရှယ်ယာများတိုးမြှင့်ရန် တောင်းဆိုမှုကို ပယ်ချခဲ့သည်။ သို့အတွက် ဒေါသတကြီ္းဖြင့် သူပိုင်ဆိုင်ထားသော ရှယ်ယာများအားလုံး ရောင်းပစ်လိုကသ်ည။ သို့ရာတွင် ထို့သို့ သူ့ရှယ်ယာများ ရောင်းချ ပြီးနောက် ထိုကုမ္ပဏီ၏ တန်ဖိုးသည် (၅၀)ရာခိုင်နှုန်းကျော် တက်လာတော့သည်။

ပေါလ်အယ်လင်သည် ရှယ်ယာများနှင့် ပတ်သက်၍ ဘီလ်ဂိတ်နှင့် မကြာခဏ ငြင်းခုံခဲ့ဖူးသည်။ ဘီလ်ဂိတ်သည် သူ့ရင်းနှီးမြုပ်နှံမှုများအတွက် ငွေရှာရန် သူ့ရှယ်ယာများကို ရောင်းချကာ ကုမ္ပဏီတွင် သူတို့၏ ရှယ်ယာများ လျော့ချမည်ဟု ပြောခဲ့ပေသည်။ သူ့ရှယ်ယာများကို ဘီလ်ဂိတ်ထံ ရောင်းသင့်ပေသည်။ သို့ရာတွင် ပေါလ်အယ်လင်သည် ပထမတစ်ကြိမ် ခံစားခဲ့ဖူးပြီး ဖြစ်၍ ထိုသို့သော အမှားမျိုး ထပ်မံ ကျူးလွန်တော့မည် မဟုတ်ချေ။ ဘီလ်ဂိတ်သည် စတိ ဘောလ်မာအား ရှယ်ယာ အများအပြား ပေးစဉ်က စိတ်မပျော်ခဲ့ချေ။

စတိဗ်ဘောလ်မာသည် ယခုအခါ ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ တစ်ခုမှ ဒါရိုက်တာ တစ်ယောက်မှ လွဲ၍ ကျန်ဒါရို်ကတာများသည် ထိပ်တန်း စီမံခန့်ခွဲမှုတွင် ရာထူးများ ထမ်းဆောင်ခဲ့ကြသည်။ ဖုန်းယွီ အံ့ဩစရာ ကောင်းသည်မှာ ဘုတ်အဖွဲ့တွင် ဒါရိုက်တာ (၈)ယောက်သာ ရှိပေသည်။

ဘီလ်ဂိတ်သည် ထိန်းချုပ်ရခြင်းကို နှစ်သက်သည့် ပုံပင်။ ဒါရိုက်တာ အရေအတွက် ကိန်းသေဖြစ်ကာ ဆုံးဖြတ်ချက် ချသည့်အခါတွင်မူ အစုရှယ်ယာပိုင်ဆိုင်မှု (မဲပေးပိုင်ခွင့်ရှိသည့် ရှယ်ယာများ) ရာခိုင်နှုန်းအပေါ် အခြေခံ၍ ဆုံးဖြတ်မည် ဖြစ်သည်။ ဆိုလိုသည်မှာ မဲပေးပိုင်ခွင့် (၂)ရာခိုင်နှုန်းသာ ပိုင်ဆိုင်သည့် ဖုန်းယွီတါင် မည်သည့် ပြောပိုင်ခွင့်မှ မရှိချေ။

ဖုန်းယွီ၏ ယခင်ဘဝတွင် ဘီလ်ဂိတ် အနားယူသည့်အခါ ဘုတ်အဖွဲ့တွင် ဒါရိုက်တာ (၁၀)ယောက် ရှိပေသည်။ နောက် (၈)နှစ် အကြာတွင် မိုက္ခရိုဆော့ဖ်၏ ဘုတ်အဖွဲ့၌ ဒါရိုက်တာအရေအတွက် (၁၁)ဦးအထိ တိုးလာခဲ့သည်။ ထိုအချိန်က ဘီလ်ဂိတ်သည် ဘုတ်အဖွဲ့တွင် သာမာန် ဒါရို်ကတာ တစ်ယောက်သာ ဖြစ်ပေသည်။ သူသည် အကြီးဆုံး ရှယ်ယာရှင် မဟုတ်တော့ချေ။

ဖုန်းယွီသည် ဘုတ်အဖွဲ့ဝင်များအားလုံးကို လေ့လာကြည့်လိုက်သည်။ သူနှင့် အနီးကပ် စည်းရုံးထားသင့်သူ တစ်ယောက်သာ ရှိပေသည်။ ထိုပုဂ္ဂိုလ် စတိဗ်ဘောလ်မာ သည် ဘီလ်ဂိတ်၏ ယုံကြည်မှုကြောင့် နှစ်သိပ်မကြာမီ မိုက္ခရိုဆော့ဖ်၏ ဥက္ကဋ္ဌ ဖြစ်လာပေလိမ့်မည်။ အရေးအကြီးဆုံးမှာ သူနှင့် ပေါလ်အယ်လန်တို့ မတည့်ကြ၍ ဖြစ်သည်။

အကယ်၍ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ်မှ ဆက်စပ်ပစ္စည်း ကဏ္ဍသို့ ဝင်ရောက်ခြင်းကို ရပ်တန့်သည့် ဆုံးဖြတ်ချက် အမှားများ ချမှတ်ရန် စတိဗ်ဘောလ်မာအား လွှမ်းမိုးနိုင်ပါက လီနိုဗိုသည် ကမ္ဘာ့ထိပ်တန်း ထုတ်လုပ်သူ ဖြစ်လာရန် အခွင့်အရေး တိုးလာမည် ဖြစ်သည်။

*********

ဤသို့ဖြင့် ဘုတ်အဖွဲ့အစည်းဝေး စတင်သည့် နေ့ရောက်လာတော့သည်။ ဖုန်းယွီအား အစည်းအဝေးခန်းအတွင်း တွေ့လိုက်ရသည့်အခါ ဒါရိုက်တာများအားလုံး အံ့ဩသွားကြသည်။ ထိုလူငယ်မှာ မည်သူနည်း။ တရုတ်လူမျိုး နှင့်လည်း တူနေပေသည်။ မည်သို့ ဝင်လာသနည်း။

ပေါလ်အယ်လန်သည် ဖုန်းယွီအား တစ်ချက်ကြည့်ကာ ရယ်မောလိုက်သည်။ စတိဗ်ဘောလ်မာသည်လည်း ဖုန်းယွီ အား စိတ်ဝင်တစား ကြည့်နေပေသည်။ ထိုလူသည် ဒါရိုက်တာ အသစ် ဖြစ်ကြောင်း ဘီလ်ဂိတ် ပြောနေသည်လော။

အခြားဒါရိုက်တာများသည် ဖုန်းယွီအကြောင်း မသိဘဲ ယနေ့မှစ၍ ဘုတ်အဖွဲ့တွင် အဖွဲ့ဝင်အသစ် ရှိလာပေ လိမ့်မည်။ ထိုအဖွဲ့ဝင်အသစ်မှာ ထိုလူငယ်ပင်။

ကျန်ဒါရိုက်တာများသည် ဘုတ်အဖွဲ့ ဥက္ကဋ္ဌမှ ခေါင်းညိတ်ပြကာ အနှီလူငယ်ကို ပြုံးပြနေကြောင်း တွေ့လိုက်ရသည်။ ဆိုလိုသည်မှာ တစ်ယောက်နှင့်တစ်ယောက် သိနေကြပေသည်။ ပေါလ် အယ်လန်၏ တုန့်ပြန်မှုမှလည်း ထိုလူငယ်ကို သိနေလောက်ပေသည်။

ထိုလူငယ်မှာ မည်သူနည်း။ ဘုတ်အဖွဲ့ အစည်းအဝေးတါင် သူဘာလုပ်မည်ကို သိချင်နေကြသည်။

“ဒီအစည်းအဝေးမှာ ကျုပ်ကြေငြာစရာ တစ်ခုရှိတယ်.. ဒီအစည်းအဝေးမှာ ရောက်နေတဲ့ ဖုန်း က ကျုပ်တို့ ရှယ်ယာတွေကို ဝယ်နေတဲ့ လျှို့ဝှက် ဆန်းကြယ် သူဌေးကြီးပေါ့..”

ဒါရိုက်တာများ အံ့ဩသွားကာ ဖုန်းယွီအား ကြည့်လိုက်ကြသည်။ ဖုန်းယွီသည် ခေါင်းတစ်ချက်သာ ညိတ်ပြ၍ လူအားလုံးကို နှုတ်ဆက်ရန် မတ်တပ်ပင် မရပ်လိုက်ချေ။ ကျန် ဒါရိုက်တာများမှလည်း စိတ်မဆိုးကြချေ။ ဖုန်းယွီသည် သူတို့ထက် ပိုချမ်းသာနေသည် မဟုတ်ပေလော။

သို့ရာတွင် ပေါလ်အယ်လန်ကမူ စိတ်ဆိုးသွားသည်။ ဖုန်းယွီသည် ရိုင်းစိုင်းသည်ဟု သူခံစားမိသည်။ သူ့ကို ထည့်မတွက်လျှင်ပင် ကျန်ဒါရိုက်တာများကို နှိမ့်ချနေပေသည်။

“ပေါလ်နဲ့ ကျုပ် ဖုန်းနဲ့ ရှယ်ယာ (၁)ရာခိုင်နှုန်း ဖလှယ်ပေးခဲ့တယ်.. ဒီတော့ ဖုန်းက လက်ရှိ မဲပေးပိုင်ခွင့် (၂)ရာခိုင်နှုန်း ရှိတယ်… ဒါကြောင့် ဖုန်းကလဲ ဒါရိုက်တာ ဘုတ်အဖွဲ့ထဲဝင်ဖို့ အဆိုတင်လာတယ်..”

ဘီလ်ဂိတ်သည် ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူဖြစ်ပြီး ဖုန်းယွီအား ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ရန် အခွင့်အာဏာ ရှိပေသည်။

ဘုတ်အဖွဲ့ဝင်များ အားလုံးသည် ကုမ္ပဏီ၏ အစုရှယ်ယာရှင်များ ဖြစ်ရမည်ဟု လူအများ ထင်ခဲ့ကြသည်။ သို့ရာတါင် ဤသည်က မမှန်ချေ။ ဘုတ်အဖွဲ့ကို အစုရှယ်ယာရှင်များ၏ အစည်းအဝေးတွင် မဲပေးခြင်းဖြင့် ဖွဲ့စည်းထား သည်။ အများအားဖြင့် အစုရှယ်ယာရှင်များသည် ၎င်းတို့ကိုတိုင် အမည်စာရင်း တင်သွင်းလေ့ ရှိကြပေသည်။ သို့ရာတွင် ရှယ်ယာရှင် မဟုတ်သော ဘုတ်အဖွဲ့ဝင်များလည်း ရှိပေသည်။ တရုတ်နိုင်ငံတွင်သာ ထို့ကဲ့သို့ အဖြစ်များခြင်း မဟုတ်ချေ။

ဘုတ်အဖွဲ့ဝင် မဟုတ်သူများသည် သာမန်အားဖြင့် ကုမ္ပဏီ၏ ရှယ်ယာများကို ဆုချီးမြှင့်မည် ဖြစ်သည်။ နောက်ဆုံး၌ ၎င်းတို့သည် ကုမ္ပဏီ၏ အစုရှယ်ယာရှင် ဖြစ်လာမည် ဖြစ်သည်။

ထို့ကြောင့် ဘီလ်ဂိတ်သည် ဖုန်းယွီအား အမည်စာရင်း သွင်းခဲ့လျှင်ပင် ဖုန်းယွသည် သူ့ကိုယ်သူ အမည်စာရင်း တင်သွင်းနိုင်ပေသည်။ သို့တိုင်အောင် ဘီလ်ဂိတ်မှ ပယ်ချပါက ဖုန်းယွီသည်လည်း ဘုတ်အဖွဲ့အတွင်း ဝင်ရောက်နိုင်မည် မဟုတ်ချေ။

အမှန်တကယ်တွင် ဘီလ်ဂိတ်နှင့် ပေါလ်အယ်လန် သို့တိမဟုတ် စတိဗ်ဘောလ်မာ တို့သည် ဖုန်းယွီ ဘုတ်အဖွဲ့အတွင်း ဝင်ခွင့် ပြုမပြု ဆုံးဖြတ်နိုင်ပေသည်။ ဘီလ်ဂိတ်သည် ဖုန်းယွီအား ဘုတ်အဖွဲ့တါင် ပါဝင်ရန် ယနေ့ အမည်စာရင်း မတင်သွင်းခဲ့ချေ။ ကျန်အဖွဲ့ဝင်များကို အသိပေးယုံသာပင်။

ကုမ္ပဏီကို ဦးဆောင်ရန် ဒါရိုက်တာ ဘုတ်အဖွဲ့ကို အစုရှယ်ယာရှင်များမှ ရွေးချယ်ထားသည်။ အဖွဲ့ဝင်များကိုလည်း ဖယ်ရှားနိုင်ပေသည်။ ယခင်က ဒါရိုက်တာအနည်းငယ်ကို ဘုတ်အဖွဲ့မှ ထုတ်ပစ်ခဲ့ဖူးပေသည်။ ဘီလ်ဂိတ်၏ ဆုံးဖြတ်ချက်များအား ဆန့်ကျင်သူများအားလုံး အစားထိုးလိုက်ပြီ ဖြစ်သည်။

ဘီလ်ဂိတ်သည် ကုမ္ပဏီ၏ အကြီးဆုံး ရှယ်ယာရှင်၊ ဥက္ကဋ္ဌ၊ CEO တစ်ယောက် ဖြစ်သည်။ ကုမ္ပဏီငယ်များတွင် ဥက္ကဋ္ဌ နှင့် CEO မှာ တစ်ယောက်တည်း ဖြစ်သည်။ သို့ရာတွင် လုပ်ငန်းစုကြီး အများစုတွင်မူ ရှုတ်ထွေးသည့် ဖွဲ့စည်းပုံ ရှိပေသည်။ သို့အတွက် ဘုတ်အဖွဲ့သည် ကုမ္ပဏီအား စီမံခန့်ခွဲရန် (၂)ယောက်ခန့်ထားမည် ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အချင်းချင်း အပြန်အလှန် ထိန်းချုပ် စောင့်ကြည့်နေမည် ဖြစ်သည်။

စတိဗ်ဘောလ်မာသည် ဒု-ဥက္ကဋ္ဌ ဖြစ်သော်လည်း လက်ရှိတွင် ဥက္ကဋ္ဌ တစ်ယောက်၏ အလုပ်များ လုပ်နေရပေသည်။

အဖွဲ့ဝင်များသည် ဘီလ်ဂိတ်စကားပြောပြီးနောက် ဖုန်းယွီအား ကြိုဆိုသည့်အနေဖြင့် လက်ခုပ်တီးကြသည်။ ပေါလ်အယ်လန် တစ်ယောက်တည်းသာ သူ့ကော်ဖီသူ ဆက်သောက်နေပေသည်။

အားလုံး ဖုန်းယွီအား ကြည့်နေကြသည်။ ထိုလူသည် ဘုတ်အဖွဲ့၏ နောက်ဆုံး အဖွဲ့ဝင် ဖြစ်လာမည်လော။ ဘီလ်ဂိတ်မှ ထောက်ခံနေသည့် ပုံရှိပြီး ပေါ့လ်အယ်လန်မပါဝင်ချေ။ ထိုနှစ် ရန်ဖြစ်ထားသည်လော။

“ဟုတ်ပြီလေ.. ကြိုဆိုတဲ့ ကိစ္စ ဒီမှာပဲ အဆုံးသတ်လိုက်တာပေါ့.. အခု ကျုပ် ဖုန်းကို အာရှ-ပစိဖိတ်ဒေသရဲ့ ဒုဥက္ကဋ္ဌ အဖြစ် ခန့်အပ်လိုက်ပါတယ်.. သူက တရုတ်ရဲ့ စီးပွားရေးကို တာဝန်ယူရမှာပါ..”

အဖွဲ့ဝင်အသစ်သည် မည်သည့်အတွက် တရုတ်ဖြစ်ကြောင်း ချက်ချင်းနားလည်သွားကြသည်။ သူသည် တရုတ်ပြည်မှ ဖြစ်ရပေမည်။ မိုက္ခရိုဆော့ဖ်သည် တရုတ်ဈေးကွက်အတွင်း ဝင်တော့မည်လော။

စတိဗ်ဘောလ်မာမှ..

“သူ့အနေနဲ့ ဘယ်လုပ်ငန်းကို တာဝန်ယူမှာလဲ..”

ဘီလ်ဂိတ် စကားမဟမီ ဖုန်းယွီမှ..

“လုပ်ငန်းကိစ္စအားလုံး ဆုံးဖြတ်ချက် ချမှာဖြစ်ပြီး ကုမ္ပဏီရဲ့ တခြားကိစ္စတွေမှာ ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး…”

စတိဗ်ဘောလ်မာ မျက်မှောင်ကြုတ်လိုက်သည်။ တရုတ်သည် မိုက္ခဆော့ဖ်အတွက် မရှိမဖြစ် ဈေးကွက် တစ်ခု ဖြစ်သည်။ ထိုလူငယ်ကို လက်လွှဲပေးသည်မှာ အလွန်မြန်နေသည်လော။ ဖုန်းယွီသည် ရှယ်ယာရှင် တစ်ယောက် ဖြစ်သော်လည်း မန်နေဂျာကောင်း တစ်ယောက်ဟု မဆိုလိုချေ။

ဘီလ်ဂိတ်သည် သူ့အား တရုတ်နိုင်ငံ၏ အလုံးစုံ တာဝန်ခံအဖြစ် မည်သည့်အတွက် ခွင့်ပြုခဲ့ရသနည်း။ ထိုလူငယ်သည် တရုတ်နိုင်ငံတါင် ထူးခြားသူ တစ်ယောက်ပေလော။

ဘီလ်ဂိတ်မှ..

“ဖုန်းက မိုက္ခရိုဆော့ဖ်အနေနဲ့ တရုတ်ဈေးကွက်တစ်ခုလုံးကို သိမ်းပိုက်ဖို့ ကူညီပေးနိုင်ပါတယ်.. စိတ်မပူပါနဲ့.. နောက်ထပ် ဆွေးနွေးစရာ ရှိသေးလား.. မရှိရင် အစည်းအဝေး ဒီမှာတင် ရုတ်သိမ်းကြတာပေါ့..”

ဤဘုတ်အဖွဲ့ အစည်းအဝေးမှာ ဖုန်းယွီအတွက်သာ ပြုလုပ်ခြင်းဖြစ်သည်။

ဖုန်းယွီသည် သူ့အား အကြိမ်ရေနည်းနည်း ပြုံးပြသည်ကို စတိဗ်ဘောလ်မာ သတိပြုမိသဖြင့် အံ့ဩသွားရသည်။

-------*****--------

All Chapters