စတိဗ်၏ သံသယများ
Vol. 51 Ch. 757
ဘုတ်အဖွဲ့ အစည်းအဝေးသည် အချိန်အလွန်တိုပေသည်။ အဓိကအားဖြင့် ထိုဒါရိုက်တာများသည် မိုက္ခရိုဆော့ဖ်တွင် တခြားသော ရာထူးများ ရှိနေကြပြီး အစည်းအဝေးကာလအတွင်း ဆွေးနွေးစရာ သိပ်မရှိခြင်းကြောင့် ဖြစ်သည်။
ဖုန်းယွီသည် မိုက္ခရိုဆော့ဖ်၏ ဒါရိုက်တာဖြစ်လာပြီး သူ့အတွက် ကိုယ်ပိုင် ရုံးခန်းရခဲ့သည်။ သူ့ရုံးခန်းမှာ ကျန်ဒါရိုက်တာများနှင့် အတူတူပင်။ အပေါ်ထပ်တွင်ရှိသည့် ရုံးခန်းငယ်လေး တစ်ခုပင်။
ဘောလ်မာသည် မိုက္ခရိုဆော့ဖ်၏ အာရှ-ပစိဖိတ် ဥက္ကဋ္ဌဖြစ်နေသဖြင့် ဖုန်းယွီ အံ့ဩသွားမိသည်။ ယခုအခါ ဖုန်းယွီသည် ဘောလ်မာနှင့် သီးသန့် စကားပြောခွင့် ရလိုက်သည်။
“စတိဗ် ထိုင်ပါအုံး… ရီဖယ်ရေ ကော်ဖီ(၂)ခွက်လောက် လုပ်ပေးပါအုံး..”
ရီဖယ်ဆိုသည်မှာ မိုက္ခရိုဆော့ဖ်မှ ဖုန်းယွီ၏ အတွင်းရေးမှူး ဖြစ်သည်။ ဖုန်းယွီသည် သူ့ကိုယ်ပိုင် ငှားရမ်းထားခြင်း ဖြစ်သည်။ မိုက္ခရိုဆော့ဖ်မှ ပေးသည့် လူများကို မသုံးချင်ပေ။ သူ့အတွင်းရေးမှူးအား သူ့ဘာသာ ခန့်ရပေမည်။
စတိဗ် ဘောလ်မာ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ဖုန်းယွီအား ကြည့်ကာ..
“ဖုန်း.. မင်း တရုတ်ပြည်ကလား..”
“ဟုတ်တယ်လေ.. ဘာဖြစ်လို့လဲ.. တရုတ်ဆိုပြီး နှိမ်ချင်လို့လား..”
ဖုန်းယွီ စိတ်ဆိုးဟန် လုပ်လိုက်သည်။ စတိဗ် ရယ်မောကာ..
“ဖုန်း… မင်းက ငါ့ထက် ချမ်းသာတယ်လေ.. နှိမ်မယ် ထင်နေတာလား.. ငါက စပ်စုကြည့်ယုံပါကွာ.. တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက အစပြုအဆင့်မှာပဲ ရှိသေးတယ်.. မင်းဘယ်လိုများ ချမ်းသာလာလဲ.. မင်းက ရှေးဟောင်း တရုတ်မိသားစု မျိုးရိုးဝင်မို့ အထောက်အပံ့တွေ ရထားတာလား..”
ရှေးဟောင်း မိသားစုလော။ ထိုအနောက်တိုင်းသားများအတွက် ဤမျှ ပိုင်ဆိုင်ထားသည့် လူငယ်တစ်ယောက်သည် ကျောထောက်နောက်ခံ မိသားစု ရှိရမည်ဟုသာ တွက်ထားကြသည်။ သို့ရာတွင် ဖုန်းယွီ ယခင်ဘဝ၌ မာ့ခ် ဇူကာဘတ် အမည်ဖြင့် လူငယ်တစ်ယောက်သည် ထိုအတွေးများကို ပြောင်းလဲပစ်ခဲ့သည်။
ကျောထောက်နောက်ခံ မရှိပဲ စိတ်ကူးများကို အကောင်အထည်ဖော်၍ မာခ်ဇူကာဘတ် အလုပ်ကြိုးစားကာ ကမ္ဘာ့ထိပ်တန်း ဘီလျံနာ တစ်ယောက် ဖြစ်လာပေသည်။
“ခင်ဗျား အဲ့လိုပြောချင်လဲ ရပါတယ်.. ကျုပ်အဖေနဲ့ ယောက္ခမတွေကို တရုတ်ပြည်ရဲ့ သူဌေးကြီးတွေလို့ သတ်မှတ် ထားကြတယ်လေ.. ဒါပေမယ့် ကျုပ်ကတော့ ကိုယ့်ဟာကိုယ် ကြိုးစားခဲ့လို့ ငွေအများကြီးရခဲ့တာလို့ပဲ ခံယူထားတယ်..”
ဖုန်းယွီ ရည်ရွယ်ချက် ရှိရှိ ပြောလိုက်သည်။
စတိဗ် မျက်ခုံး ပင့်လိုက်သည်။ ကိုယ်ပိုင် ကြိုးစား အားထုတ်မှုများ ကြောင့်လော။ ထိုလူငယ်သည် ဂုဏ်ယူစရာပင်။ သို့ရာတွင် သူမိသာစုမှ ဤမျှ များပြားသည့် ပိုင်ဆိုင်မှုများကို ကိုင်တွယ်ခွင့် ပေးထားသဖြင့် သူ့တွင် အရည်အချင်း ရှိနိုင်ပေသည်။ သို့ရာတွင် ပိုအရေးကြီးသည်မှာ သူ့မိသားစုတါင် တစ်ယောက်တည်းသော ဆက်ခံသူ ဖြစ်ရပေမည်။
ဖုန်းယွီသည် သူ့ဖခင်နှင့် ယောက္ခမအား တရုတ်ပြည် သူဌေးကြီးများဟု ပြောခဲ့ပေသည်။ တရုတ်နိုင်ငံတါင် အမျိုးသမီးများပေါ် ခွဲခြားဆက်ဆံမှုများ ရှိကြောင်း စတိဗ် ကြားဖူးထားသည်။ မိသားစုများသည် သမီးများအား ပြည်ပ လူများအဖြစ် သတ်မှတ်ကြပြီး ၎င်းတို့၏ ကံကြမ္မာအားလုံးကို သူတို့သားထံ လွှဲပြောင်း ပေးမည် ဖြစ်သည်။ ဆိုလိုသည်မှာ ဖုန်းယွီသည် ကျောထောက်နောက်ခံ ဖြစ်လာပေမည်။ သူမိသားစုသည် သူ့ကို လေ့ကျင့်ပေးရန် အမေရိကန်သို့ ပို့ခဲ့သည်လော။
စတိ ခေတ္တစဉ်းစားကာ ပြုံးလိုက်သည်။
“ဟုတ်သားပဲ.. မင်းရဲ့ အောင်မြင်မှုတွေအားလုံး မင်းကြိုးထားတာပဲ ဖြစ်ရမှာပေါ့..”
စတိဗ် သည် မပြောဘဲ ထိန်းသိမ်းထားသည့် အရာတစ်ခု ရှိသေးသည်။ ဖုန်းယွီအား မိသားစုမှ ကူညီခဲ့သည် ဟုသည့် အတွေးဖြစ်သည်။ ဘီလ်ဂိတ်နှင့် ဝါရန်ဘတ်ဖက်တို့သည်ပင် ၎င်းတို့၏ မိသားစုများမှ မကူညီပါက ကမ္ဘာ့ထိပ်တန်း ဘီလီယံနာများ ဖြစ်လာမည် မဟုတ်ချေ။ မိမိမှာ ကိုယ့်အားကိုယ်ကိုး၍ ဤနေရာသို့ ရောက်ခဲ့ရသူဖြစ်သည်။ မိမိ (၁)ရာခိုင်နှုန်းမျှ ရင်းနှီးမြုပ်နှံခြင်း မလုပ်ဘဲ မိုက္ခရိုဆော့ဖ်၏ ရှယ်ယာရှင် ဖြစ်လာပေပြီ။ မိမိ ကြိုးစားအားထုတ်မှုကို အခြေခံကာ ဘီလျံနာ တစ်ယောက် ဖြစ်လာပေသည်။
ဤသည်မှာ စတိဗ်၏ စိတ်အတွင်း တွေးနေခြင်းပင်။
“စတိဗ်.. ခင်ဗျားက အာရှ-ပစိဖိတ်ဒေသရဲ့ အလုံးစုံ တာဝန်ခံလို့ ဘုတ်အဖွဲ့ အစည်းအဝေးမှာ ကြားလိုက်ရတယ်.. ဥက္ကဋ္ဌက ကျုပ် တရုတ်ဈေးကွက်ကို ကိုင်တွယ်မယ် ပြောတုန်းက အဲ့အစီအစဉ် ခင်ဗျား မကျေနပ်လို့လား..”
စတိဗ် သူ့ကိုယ်သူ တွေးလိုက်မိသည်။ ထိုသို့ဆိုလျှင် စိတ်ပျော်မည်လော။ တရုတ်ဈေးကွက်အား ဝင်ရန် စိတ်ကူးထားပေသည်။ ယခုမူ အလားအလာအရှိဆုံး ဈေးကွက်ကို မိမိထံမှ ယူသွားချေပြီ။ ကျန်ဈေးကွက်များမှာ တရုတ်လောက် မကြီးချေ။ မိမိ၏ အာဏာ ထက်ဝက်ကို သိမ်းသွားပေပြီ။ သို့တိုင်အောင် မိမိအား စိတ်မချမ်းသာ ဘူးလား မေးနေသေးသည်။
“မင်းက တရုတ်လူမျိုးဆိုတော့ တရုတ်အကြောင်း ပိုနားလည်တယ်.. မင်း ဒီဈေးကွက်ကို ကိုင်တွယ်ဖို့ အသင့်တော် ဆုံးပဲ.. ငါလဲ အလုပ်နည်းသွားတာပေါ့.. ပြီးတော့ ငါတို့အားလုံး မိုက္ခရိုဆော့ဖ် ကောင်းဖို့အတါက် အလုပ်လုပ် နေကြတာ.. မိုက္ခရိုဆော့ဖ် ပိုကောင်းလာလေ.. ငါတို့ ဝင်ငွေများလေပဲ မဟုတ်ဘူးလား..”
ဖုန်းယွီ ပြုံးရင်းဖြင့် စတိဗ်အား ကြည့်လိုက်သည်။ ထိုသို့ အမှန်တကယ် တွေးထားသည်လော။ ယခင်ဘဝအား သတိရမိလိုက်သည်။ မီဒီယာများတွင် ၎င်းအား အာဏာမက်မောသူအဖြစ် ဖော်ပြထားကြသည်။
“စတိဗ်.. ခင်ဗျားသာဆိုရင် တရုတ်ဈေးကွက်ကို ဘယ်လိုမျိုး စဖွင့်မလဲ..”
စတိဗ် အံ့ဩသွားသည်။ ဖုန်းယွီထံတွင် မည်သည့်အစီအစဉ်မှ ရှိမနေဘူးလော။ သူ့တွင် အစီအစဉ် မရှိဘဲ ဘီလ်ဂိတ်သည် တရုတ်ဈေးကွက်အား ဖုန်းယွီလက်အတွင်းသို့ မည်သည့်အတွက် ပေးလိုက်သနည်း။
ဖုန်းယွီ သူ့ကို စမ်းသပ်နေသည်လော။
မာနတရား ပေါ်လာပေပြီ။
စတီဗ်သည် သူ့ဘဝ၌ လူအနည်းငယ်ကိုသာ လေးစားကာ သူ့ရှေ့ရှိလူငယ်သည် ထိုလူစာရင်း၌ မပါဝင်သည်မျာ သေချာပေသည်။
“တရုတ်ဈေးကို ဖွင့်ရရင် တရုတ်ပြည်မှာ ကြော်ငြာ ကောင်းကောင်း သုံးပြီး အဲ့မှာရှိတဲ့ ကွန်ပျူတာ အမှတ်တံဆိပ် တိုင်းနဲ့ အလုပ်လုပ်ရမှာပေါ့.. ကွန်ပျူတာဝယ်သူတိုင်း သူ့တို့ ကွန်ပျူတာမှာသုံးရမယ့် လည့်ပတ်မှုစနစ်ကို စဉ်းစား မိကြမှာပဲ.. အဲ့လိုဆိုရင် သူတို့တွေ ငါတို့ လည်ပတ်မှုစနစ်ကိုပဲ ရွေးမယ်ဆိုတာ သေချာတယ်..”
“ဒါလဲ ဗျူဟာကောင်း တစ်ခုပဲ.. ခက်တာက မိုက္ခရိုဆော့က အဲ့လိုလုပ်နိုင်ရင် ကျန်တဲ့ ဆော့ဖ်ဝဲ ကုမ္ပဏီတွေကလဲ လိုက်လုပ်မှာ သေချာတယ်..”
“ငါတို့ လည်ပတ်မှု စနစ်တွေမှာပဲ အလုပ်လုပ်နိုင်တဲ့ ဆော့ဖ်ဝဲတွေ ရှိတယ်လေ.. ငါတို့ ဆော့ဖ်ဝဲ ဘယ်လောက် ကောင်းတယ်ဆိုတာ မင်းလဲ သိထားမှာပါ.. အခု အမေရိကန်နဲ့ ဥရောပ နိုင်ငံ တော်တော်များများမှာ အစိုးရနဲ့ ကုမ္၌ဏီတွေက ငါတို့ ဆော့ဖ်ဝဲကိုပဲ သုံးနေကြတယ်.. ငါတို့ရဲ့ လည်ပတ်မှုစနစ်ကိုပဲ သုံးနိုင်တာကိုး..”
စတိဗ် ဂုဏ်ယူစွာ ပြန်ဖြေလိုက်သည်။
“ကျုပ်တို့ ရုံးလုပ်ငန်းသုံး ဆော့ဖ်ဝဲလိုမျိုး တခြားကုမ္ပဏီတွေမှာ ရှိတာ ကျုပ်မှတ်မိတယ်.. အနည်းဆုံး တစ်ဒါဇင် လောက်ကို ရှိတာ.. တကယ်လို့ မိုက္ခရိုဆော့ဖ်က ဆက်စပ်ပစ္စည်း ထုတ်လုပ်သူတွေနဲ့ သဘောတူညီချက် မရရင် မိုက္ခရိုဆော့ဖ် လည်ပတ်မှုစနစ်လဲ ခေတ်စားလာမှာ မဟုတ်တော့ဘူး.. ကျုပ်တို့ ဆော့ဖ်ဝဲက ဈေးကွက်ဝေစု များများ စားစား မရနိုင်တော့ဘူး.. ဒီကိစ္စ ခင်ဗျားမသိလောက်သေးဘူး.. အခုဆို တရုတ်နိုင်ငံက ရုံးတွေမှာ လူသုံး အများဆုံး နည်းလမ်းက ဘောလ်ပင်နဲ့ စက္ကူတွေ ဖြစ်နေတုန်းပဲ..”
မည်သည့်အတွက် ထိုသို့ ဖြစ်နေရသနည်း။ ကွန်ပျူတာ သုံးရသည်မှာ မခက်ခဲချေ။ သို့ရာတွစ် အချို့လူများအတွက်မူ မလွယ်ကူချေ။ Win95 သည် သုံးရ လွယ်ကူသော်လည်း XP ကဲ့သို့ သုံးရ လွယ်ကူခြင်း မရှိချေ။ အစိုးရဌာန ဖြစ်စေ၊ ပုဂ္ဂလိက ကုမ္ပဏီများ ဖြစ်စေ ကွန်ပျူတာ ပထမဆုံး အသုံးပြုသူများသည် ရုံးဝန်ထမ်းများ မဟုတ်ဘဲ ခေါင်းဆောင်များသာ ဖြစ်သည်။
ခေါင်းဆောင်များသည် အသက်အရွယ်ကြီးရင့်ကာ ငယ်ရွယ်သူများနှင့် နှိုင်းယှဉ်ပါက အပြောင်းအလဲများ သို့တည်းမဟုတ် နည်းပညာသစ်များကို လက်မခံချင်ကြချေ။ ဤသည်ကပင် ထိုကဲ့သို့ ထူးဆန်းသည့် သံသရာ ဖြစ်ပေါ်လာပေသည်။ ကွန်ပျူတာသုံးနည်း သိသူများတွင် ကွန်ပျူတာ မရှိချေ။ မည်သို့ သုံးရမည်မှန်း မသိသူများအား ကွန်ပျူတာ ပေးထားပေသည်။
ခေါင်းဆောင်များသည် ပစ္စည်းဝယ်သည့်အခါ ထိုပစ္စည်း အသုံးဝင် မဝင် မစဉ်းစားကြချေ။ ဤတို့၏ ပထမဆုံး စဉ်းစားသည်မျာ ထိုပစ္စည်း ဝယ်ယူခြင်းမှ မည်သို့ အကျိုးကျေးဇူးရနိုင်မညကိုပင်။ ဖုန်းယွီ၏ ယခင်ဘဝတွင် ထိုသို့သော လည်ပတ်မှု ခေတ်အခြေအနေ ဖြစ်သည်။
စတိဗ် မျက်မှောင်းကြုတ်ကာ ဖုန်းယွီအား..
“ဒါဆို ဘယ်လိုဈေးရောင်းတော့မှာလဲ..”
“ကျုပ်နည်းလမ်းက ခင်ဗျားနဲ့ သိပ်မကွာပါဘူး.. ဒါပေမယ့် ဈေးနှုန်းကို အာရုံစိုက်မယ်.. ကျုပ်တို့ရဲ့ လည်ပတ်မျုစနစ်နဲ့ ရုံးသုံး ဆော့ဖ်ဝဲတွေက တခြားလည်ပတ်မှုစနစ်ထက် ဈေးသက်သာရမယ်.. ပြီးတော့ ကျုပ်တို့ ထုတ်ကုန်တွေ ဈေးကွက်ချဲ့ထွင်တဲ့နေရာမျာ အရှိန်အဟုန်ကောင်းအောင် ကုန်ကျစရိတ် အနိမ့်ဆုံးသုံးနိုင်တယ်.. ကျုပ်တို့ရဲ့ အဓိက အမြတ်ငွေက ကျုပ်တို့ စနစ်တွေကို လက်လီရောင်းချခြင်းကနေ ရမှာ မဟုတ်ဘူး..”
လည်ပတ်မှုစနစ်ကို အဆင့်မြှင့်သည့် အခါတိုင်း တစ်ယောက်ဘောက်သည် ကုဒ်ကို (၂)ရက်အတွင် သုံးရပေမည်။ တခဏအတွင်း တစ်နိုင်ငံလုံးသည် နောက်ဆုံးထွက် လည်ပတ်မှုစနစ် ပိုင်ဆိုင်နိုင်ပေမည်။ ဈေးကြီးသည့် ပစ္စည်းများကို ရွေးချယ်ဝယ်ယူမည့်သူ နည်းပါးပေသည်။ တရုတ်တို့သည် ဉာဏ မူပိုင်ခွင့်များအကြောင်း မသိကြသေးချေ။ ထိုပစ္စည်းသည် ဈေးကြီးသည် ဖြစ်စေ၊ ဈေးပေါသည်ဖြစ်စေ သူတို့ တွေးတောကြသည်မှာ (၁၀)ဒေါ်လာမှ ဒေါ်လာ(၂၀)အတွင်း ဝယ်၍ ရနိုင်သည့် ပစ္စည်းတစ်ခုအတွက် ဒေါ်လာ ရာဂဏန်းကို မည်သို့ သုံးသင့်ပေသနည်း။
ပြေစာတွင်မူ ထိုသို့သော ဈေးပေါသည့် ထုတ်ကုန်အား ဒေါ်လာ ရာဂဏန်းဖြင့် ရေးသား ဖော်ပြ၍မူ ရပေသည်။
“ဒါဆို ငါတို့ ငွေဘယ်လိုရှာမှာလဲ..”
“စောင့်ရမှာပေါ့… ကျုပ်တို့ရဲ့ လည်ပတ်မှုစနစ်တွေနဲ့ ဆော့ဖ်ဝဲတွေကို မသုံးမချင်း စောင့်ရမယ်.. ပြီးမှ ငွေရှာရမယ်.. ဈေးကွက်အသစ် ဖွင့်လှစ်တဲ့နေရာမှာ ကနဦးအဆင့်က အခက်ခဲဆုံးနဲ့ အရင်းအမြစ် မြင့်မြင့်မားမား လိုတယ်.. (၃)နှစ်အတွင်း တရုတ်နိုင်ငံက ကွန်ပျူတာ (၉၀)ရာခိုင်နှုန်းကျော်ဟာ ကျုပ်တို့ရဲ့ မိုက္ခရိုဆော့ဖ် လည်ပတ်မှုစနစ် သုံးလိမ့်မယ်ဆိုတာ ကျုပ် အာမခံတယ်..”
ငွေမရှိပါက မိုက္ခရိုဆော့ဖ်၏ ထုတ်ကုန်များ ဝယ်ယူရန် ကတိမပေးနိုင်ချေ။ မိမိသည် လီနိုဗိုအတွက် လည်ပတ်မှုစနစ် တီထွင်ခြင်းအတွက် အတွေ့အကြုံရှိရန် အချိန်ပိုရချင်ပေသည်။ ဤသည်မှာ နောင်တွင် မိုက္ခရိုဆော့ဖ်ကို ကျော်တက်သွားရန် အခြေခံ အုတ်မြစ် ဖြစ်ပေလိမ့်မည်။
--------*****--------