← Chapters

စတိဗ် နောက်တစ်ယောက်

Vol. 51 Ch. 758

စတိဗ် နောက်တစ်ယောက်

Vol. 51 Ch. 758

စတိဗ်ဆိုသည်မှာ အမေရိကန်တွင် အသုံးများသည့် နာမည်တစ်ခုဖြစ်သည်။ ဟောင်ကောင်တွင် ရှောင်ချင်း၊ တရုတ်တွင် ရှောင်မင်၊ အင်္ဂလိပ်တွင် တွမ်နှင့် တူပေသည်။ ဤသည်မှာလည်း အဖြစ်များပေသည်။ သို့ရာတွင် စတိဗ်၏ နောက်ဆုံး အမည်မှာ ဖော်ဘက်စ် ဖြစ်ပါက သာမာန်မဟုတ်တော့ချေ။

ယနေ့ စတိဗ်သည် တရုတ်ပြည်မှ တရုတ်လူမျိုး တစ်ယောက်နှင့် တွေ့ဆုံးရန် ရောက်နေပေသည်။ သူ့အနေဖြင့် ထိုသို့ တွေ့ဆုံမေးမြန်းချင်နေသော်လည်း အခွင့်အရေး မရှိဖြစ်နေသည်။

ဖုန်းယွီသည် စတိဗ်အမည်ဖြင့် တခြားလူတစ်ယောက်ကို တွေ့ဆုံးရန် မျှော်လင့်မထားခဲ့ချေ။ ထိုလူသည် စီးပွားရေး အသိုင်းအဝိုင်းတါင် နာမည်ကြီးသော်လည်း ဖုန်းယွီကမူ မတွေ့ချင်ချေ။

ထိုစတိဗ်သည် စီးပွားရေးသမား မဟုတ်သည့် သတင်းထောက်တစ်ယောက် ဖြစ်နေ၍ပင်။ ထိုလူမျိုးသည် ခံနိုင်ရည် ရှိပေသည်။ ဖုန်းယွီသည် အတိတ်က သူလုပ်ခဲ့သည်များကို ရှင်းပြမနေဘဲ စတိဗ် မေးလိုသည်မှာလည်း ထိုကိစ္စများ သာပင်။

သို့ရာတွင် ထိုတွေ့ဆုံမေးမြန်းမှုကို ဘီလ်ဂိတ်မှ စီစဉ်ခဲ့သဖြင့် ဖုန်းယွီအနေဖြင့် ငြင်းပယ်ရန် ခက်ပေသည်။ အမှန်တကယ်တွင် ဖုန်းယွီသည်လည်း စတိဗ်အကြောင်း သိချင်နေပေသည်။ သူ့ကို “ဘဏ္ဍာရေး ဈေးကွက်၏ အကောင်းဆုံး ခန့်မှန်းသူ”အဖြစ် လူသိများပေသည်။ ဖုန်းယွီသည်လည်း ဖော်ဘက်စ် မဂ္ဂဇင်းသည် မည်သို့ အောင်မြင်လာသည်ကို သိချင်ပေသည်။ ထိုမဂ္ဂဇင်းကို ဖတ်ရှုသူ အနည်းဆုံး (၅)သန်းရှိကာ ကမ္ဘာပေါ်တွင် ထိပ်တန်း စီးပွားရေး မဂ္ဂဇင်းများထဲမှ တစ်ခုဖြစ်သည်။

ဘီလ်ဂိတ်နှင့် စတိဖောဘက်စ်တို့သည် ဖုန်းယွီ၏ ရုံးခန်းအတွင်းသို့ ဝင်လာကြသည်။

“မင်းတို့ကို ငါ အထွေထွေထူးထူး မိတ်ဆက်ပေးစရာ မလိုဘူးမို့လား..”

ဖုန်းယွီသည် ဘီလ်ဂိတ်ကို ကြည့်ကာ..

“ငါ့အကြောင့် စတိဗ်ကို ပြောပြီးပြီလား..”

စတိဗ် ခေါင်းညိတ်ပြပြီး..

“ပြောပြီးပါပြီ.. ဒါက တွေ့ဆုံ မေးမြန်းမှု မဟုတ်ပါဘူး.. ပြီးတော့ ငါ့မှာ အသံသွင်းစက်လဲ ပါမလာဘူး.. ဘီလ်က ခွင့်မပြုလို့ အဲ့ပစ္စည်းတွေ အပြင်မှာ ထားခဲ့ပါတယ်…”

ဖုန်းယွီ ကျေနပ်သွားသည်။ လတ်တလော နှိမ့်နှိမ့်ချချသာ နေလိုပေသည်။ နောင်တွင် သူသည် ကင်မရာများရှေ့သို့ ပေါ်ကောင်း ပေါ်လာနိုင်ပေသည်။ သို့ရာတွင် ယခုအချိန်သည် နေရာတိုင်းတွင် သေနတ်များရှိနေသည့် အမေရိကန်၌ ဖြစ်၍ အချိန်ကောင်း မဟုတ်သေးချေ။

အမေရိကန် သမ္မတသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး အကာအကွယ်ပေးနိုင်သော်လည်း ၎င်းတို့ထဲမှ တစ်ယောက် လုပ်ကြံခံခဲ့ရပေသည်။ ဖုန်းယွီသည် သူ့ဘဝကို ထိုကဲ့သို့ စောစော မသေချင်ချေ။

အရေးကြီးဆုံး တစ်ချက်မှာ ဖုန်းယွီသည် အမေရိကန် နိုင်ငံသား မဟုတ်ချေ။

“ဖုန်း.. ငါတို့ စကားပြောလို့ ရပြီလား..”

စတိဗ်သည် သူ့အိတ်အတွင်းမှာ ဘောပင်နှင့် မှတ်စု စာအုပ် ထတ်ုလိုက်သည်။ ဤသည်မှာ မှတ်သားလေ့ရှိသည့် အလေ့အကျင့်တစ်ခုဖြစ်သည်။

ဖုန်းယွီ မျက်မှောင်ကြုတ်ကာ..

“စတိဗ်.. ကျုပ် ရှင်းရှင်းလင်းလင်း ပြောထားတယ်နော်.. ကျုပ်ကိုကျုပ် အကောင်အထည် မဖော်ချင်သေးဘူး.. ကျေးဇူးပြုပြီး မှတ်စုတွေ မထုတ်ပါနဲ့..”

ဖုန်ယွီ စကားဆက်ပြော၍ မဖြစ်ပေ။ ဤသည်မှာ တွေ့ဆုံ မေးမြန်းမှု မဟုတ်ပါက မည်သည့်အတွက် မှတ်စုစာအုပ် ထုတ်နေသနည်း။

စတိဗ်သည် ရှက်ရွံ့စွာဖြင့် ပြန်သိမ်းထားလိုက်သည်။

“တောင်းပန်ပါတယ်ဗျာ.. အဲ့ဒါ အကျင့်တစ်ခုကို ဖြစ်နေတာ.. မှတ်စုစာအုပ်ထဲမှာ မေးခွန်း နည်းနည်း ရေးထားတယ်.. အဲဒါတော့ ကြည့်လို့ ရမလား..”

မည်သည့်အတွက် တွေ့ဆုံ မေးမြန်းမှုကဲ့သို့ ဖြစ်နေသနည်း။ ဘီလ်ဂိတ်သည် ဤတွေ့ဆုံမှုမှာ မိတ်ဆွေ စကားဝိုင်း ဟု ပြောခဲ့သည်မဟုတ်ပေလော။ ထို့အပြင် ဘီလ်ဂိတ် မည်သည့်အတွက် ထိုင်နေသနည်း။ အလုပ် အလွန်များသူ တစ်ယောက် မဟုတ်ပေလော။

ဘီလ်ဂိတ်မှာ ဖုန်းယွီသူ့ကို ကြည့်နေသည်ကို မြင်ရသည့်အခါ ပုခုံးတွန့်ပြကာ..

“လောလောဆယ် ငါ့မှာ လုပ်စရာမရှိဘူး.. စကားပြောကြတာပေါ့..”

ဘီလ်ဂိတ်သည်လည်း ဖုန်းယွီအကြောင်း အလွန်စိတ်ဝင်စားနေပေသည်။ သို့ရာတွင် ဖုန်းယွီသည် အမေရိကန် လူမျိုး မဟုတ်သဖြင့် ဖုန်းယွီ၏ အတိတ်အကြောင်း သိနိုင်ရန် နည်းလမ်းမရှိချေ။ ဖုန်းယွီအကြောင်း ပိုမိုသိနိုင်ရန် တရုတ်ရှိ သူ့လူများကို ပြောခဲ့သေးသည်။ စုဆောင်းရရှိသည့် အချက်အလက်များမှာ ထိတ်လန့်စရာ ကောင်းပေသည်။ တရုတ်နိုင်ငံတွင် ဘီလ်ဂိတ်ကဲ့သို့သော မဟာသူဌေးကြီး တစ်ဦးသာရှိ၍ ထိုလူ၏ အသက်အရွယ် မှာလည်း ဖုန်းယွီနှင့် အလွန်နီးစပ်နေပေသည်။

ထိုလူသည် ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်‌ရေးလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ အိမ်သုံးပစ္စည်းများ၏ ဘုရင်ဖြစ်ပြီး တယ်လီဖုန်းဆက်သွယ်ရေးနှင့် သုတေသန စသည်တို့တွင် ပါဝင်နေသည်ဟု ကောလာဟလ ထွက်နေပေသည်။ လူတစ်ယောက် (ခေါင်းဆောင်ကြီး)သည်ပင် ထိုလူနှင့် အတူထိုင်ကာ စကားစမြည် ပြောဖူးသည်ဟု လူတစ်ယောက်မှ ပြောလာပေသည်။

ထိုအရာအားလုံးမှာ ကောလာဟလများသာ ဖြစ်ပြီး မည်သည့် မီဒီယာ သတင်းများတွင်မှ အတည်မပြုနိုင်ချေ။ သို့ရာတွင် ထိုကောလာဟလ အားလုံး ပြန့်နှံ့ရန်အတွက် အမှန်တရား အနည်းငယ် ရှိရပေလိမ့်မည်။ ဖုန်းယွီသည် ကောလာဟလ သတင်းများထဲမှ အချက်အလက် တစ်ခုခု အမှန်တကယ် ဖြစ်နေလျှင်ပင် ကြောက်စရာ ကောင်းလွန်း နေပေသည်။

နိုင်ငံတကာ ကုမ္ပဏီများအားလုံးကို ကြည့်ပါက ထုတ်လုပ်မှု၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ကုန်သွယ်ရေး၊ လက်လီ စသည်ဖြင့် အချို့သော လုပ်ငန်းများကို ထိန်းချုပ်ထားကြသည်။ ဖုန်းယွီသည် တရုတ်နိုင်ငံတွင် မည်သည့် စက်မှု လုပ်ငန်းကိုမဆို ထိန်းချုပ်ထားသည့်အတွက် မည်မျှ ဩဇာရှိကြောင်း ပြနေပေသည်။

တရုတ်နိုင်ငံ၏ တိုးတက်မှု အလားအလာအပေါ် အခြေခံ၍ ဖုန်းယွီ၏ အသားတင် ပိုင်ဆိုင်မှုသည် နောင်တွင် ကန်ဒေါ်လာ (၁)ဘီလီယံကျော်အထိ ရှိလာမည် ဖြစ်သည်။ ဘီလ်ဂိတ်သည် သူသိရှိထားသည်များကို ဖုန်းယွီထံမှ ကြားချင်နေမိသည်။

နောင်တွင် ဘီလ်ဂိတ်သည် ၎င်း၏ မိုက္ခရိုဆော့ဖ် ရှယ်ယာများကို ရောင်းချကာ အခြားသော လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရန် ရန်ပုံငွေ အတိုင်းအတာတစ်ခုထိ ထူထောင်မည် ဖြစ်သည်။ ဤသည်က ဘီလ်ဂိတ်သည် သူ့ဘဝ တစ်ခုလုံးအတွက် ကဏ္ဍတစ်ခုတည်းကို အာရုံစိုက်ရန် ဆန္ဒမရှိကြောင်း ပြနေပေသည်။

ရီဖယ်သည် ကော်ဖီယူလာကာ ချပေးပြီးနောက် တံခါးပိတ်လိုက်သည်။ ဖုန်းယွီသည် ရီဖာ၏ လုပ်ရပ်ကို သဘောကျပေသည်။ သိပ်ပြောစရာပင် မလိုဘဲ ဘာလုပ်ရမည်ကို သိနေပေသည်။

စတိဗ်သည် ဖုန်းယွီအားကြည့်ကာ..

“ဖုန်း.. မင်း မိုက္ခရိုဆော့ဖ်ရဲ့ ရှယ်ယာ (၁၅)ရာခိုင်နှုန်း တကယ်ကိုင်ထားတာလား..”

“အတိအကျ ပြောရမယ်ဆို အဲ့လောက် မများပါဘူး.. ကျုပ်မှာ (၁၄.၉)ရာခိုင်နှုန်းပဲ ရှိတာပါ..”

စတိသည် သူ့မှတ်စု စာအုပ်ရှိ ပထမဆုံး မေးခွန်းအား အမှတ်အသားပြုရန် လက်သည်းများကိုသုံး သုံးလိုက်သည်။ ဖုန်းယွီ ထိုမေးခွန်းကို ဖြေခဲ့သည် မဟုတ်ပေလော။

“ကျုပ် အရမ်း သိချင်တာ တစ်ခုရှိတယ်.. ခင်ဗျားရဲ့ ရှယ်ယာတွေက ပျံ့နှံ့နေတယ်လေ.. ဆိုလိုတာက ပွင့်လင်း မြင်သာတဲ့ ဈေးကွက်မှာ တခြားရင်းနှီးမြုပ်နှံသူတွေဆီက ဝယ်ခဲ့တယ် ဆိုတာပဲ.. အဲ့ဒါက မိုက္ခရိုဆော့ဖ်ရဲ့ အလား အလာကို ယုံကြည်တဲ့အတွက် ရင်းနှီးမြုပ်နှံလိုက်တာလား..”

“ဒါပေါ့.. ပိုပြီး တိကျအောင် ပြောရမယ်ဆိုရင် လုပ်ငန်းတစ်ခုလုံးအတွက်ကို ယုံကြည်တာ.. မိုက္ခရိုဆော့ဖ်က ဒီလုပ်ငန်းနယ်ပယ်မှာ ထိပ်တန်းကုမ္ပဏီတွေထဲက တစ်ခုလေ.. တရုတ်နိုင်ငံမှာဆို ဒီလို ကုမ္ပဏီတွေကို ဦးစီးဦးဆောင် ကုမ္ပဏီလို့တောင် ခေါ်ပါတယ်.. ရင်းနှီးမြုပ်နှံမှုဆိုတာ ငွေပိုရှာဖို့ဆိုတော့ မိုက္ခရိုဆော့ဖ်က ငွေပိုရအောင် ကူညီပေးနိုင်တယ်လေ..”

ထိုကိစ္စမှာ ဖုံးကွယ်ထားစရာ အကြောင်းမရှိချေ။ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ်တါင် ရင်းနှီးမြုပ်နှံခြင်းသည် ငွေအတွက် မဟုတ်ကြောင်းနှင့် ဒါရိုက်တာ ဘုတ်အဖွဲ့သို့ ဝင်ရောက်လိုကာ နောင်တွင် သူ့ကုမ္ပဏီကို မိုက္ခရိုဆော့ဖ်အား ကျော်တက်ချင်၍ ဖြစ်သည်။

“မိုက္ခရိုဆော့ဖ် ရှယ်ယာတွေက တက်နေတုန်းဆိုတာ ကျုပ်နားလည်ပါတယ်.. မင်းရှယ်ယာတွေကို ပြီးခဲ့တဲ့ နှစ်ပိုင်း လေးကမှ ဝယ်ထားတယ်.. ဒီရှယ်ယာတွေကိုဝယ်ဖို့ ငွေတွေ မင်းဘယ်ကရလာတယ်ဆိုတာ ပြောလို့ရမလား.. ပြီးခဲ့တဲ့ (၂)နှစ်လောက်ကဆိုတော့ မင်းရဲ့ ရင်းနှီးမြုပ်နှံမှုက ပမာဏ အရမ်းများတယ်လေ..”

“ကျုပ် ရထားတဲ့ ရာခိုင်းနှုန်းတိုင်းက တရားဝင် ရလာတာတွေပါ.. လက်ရှိ ကျုပ်ရဲ့ အခြေအနေအရ တရားမဝင် စီးပွားရေး လုပ်ငန်းတွေမှာ ဝင်ပါဖို့ လိုလို့လား..”

ဖုန်းယွီ အဖြေကို တိုက်ရိုက် မပေးခဲ့ချေ။ မိမိ ငွေများ မည်သည့်နေရာမှ ရလာသည်ကို မည်သည့်အတွက် ပြောရမည်နည်း။ မိမိ ကုန်သွယ်မှု လျှို့ဝှက်ချက်အားလုံး ပြောပြစေချင်နေသည်လော။

ဖုန်းယွီ၏ အဖြေကို စတိဗ် မကျေနပ်ချေ။ သူသည် အခြားသော သူဌေးကြီးများနှင့် တွေ့ဆုံ မေးမြန်းခဲ့ပြီး ၎င်းတို့၏ အဓိက ဝင်ငွေ အရင်းအမြစ်နှင့် မည်သို့ ချမ်းသာလာပုံကိုပင် သိခဲ့ရပေသည်။ သို့ရာတါင် ဖောဘက်စ်သည် တရုတ်နိုင်ငံတွင် ဩဇာမရှိသဖြင့် ဖုန်းယွီအကြောင်း ဘာမှ သူသိမထားချေ။

အမေရိကန်တွင် ဆိုပါက သူလိုချင်သည့် အချက်အလက်မှန်သမျှ ရနိုင်ပေသည်။ အချက်အလက် အနည်းငယ်ပင် ရလိုက်သည်ဖြစ်စေ လုံလောက်ပေသည်။ ဖောဘက်စ်သည် လူတစ်ယောက် လျှို့ဝှက်ထားသည့် အတိတ် ဖြစ်စဉ်များကို တူးစွ ဖော်ထုတ်မည် မဟုတ်ပေ။ ထိုသည်က အခြားသော မီဒီယာများ၏ အလုပ်ပင်ဖြစ်သည်။

“ ဖုန်း.. ကျုပ်ဘာကို မေးချင်တယ်ဆိုတာ မင်းသိလောက်ပါတယ်.. ဒီတော့ မေးခွန်း နည်းနည်းလေး ပြောင်းပါရစေ.. မိုက္ခရိုဆော့ဖ်က လွဲပြီး တခြား ဘယ်ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံထားသေးလဲ.. အမြတ် ပိုရမယ့် ကုမ္ပဏီတွေလား..”

-------*****--------

All Chapters