ငွေတွေ ဘယ်လိုရလာလဲ
Vol. 51 Ch. 759
စတိဗ် ထိုမေးခွန်း မေးလိုက်သည့်အခါ ဘီလ်ဂိတ်ပင် ခါးမတ်သွားသည်ကို ဖုန်းယွီ တွေ့လိုက်ရသည်။ ထိုမေးခွန်းအား သူသည်လည်း စိတ်ဝင်စားနေပုံပင်။
“အိမ်သုံး ပစ္စည်းလုပ်ငန်း နည်းနည်း အပါအဝင် လျှပ်စစ်ပစ္စည်းကုမ္ပဏီတွေပေါ့.. ဒါတွေက ကျုပ်ရဲ့ ရင်းနှီးမြုပ်နှံမှု တွေပဲ.. ဘက်စုံသုံး အရွက်မဲ့ပန်ကာလဲ ကျုပ်ကုမ္ပဏီက တီထွင်နိုင်ခဲ့တယ်လေ.. အခုဆို တစ်ကမ္ဘာလုံးမှာတောင် အရမ်းကို ရောင်းအားကောင်းနေတာ..”
ဖုန်းယွီ ပြုံး၍ ပြောလိုက်သည်။
“ဒါဆို လေနှင့်မိုး အမှတ်တံဆိပ် အရွက်မဲ့ ပန်ကာတွေက မင်းပိုင်တာပေါ့..”
စတိဗ် လေးလေးနက်နက် မေးလိုက်သည်။
“ကျုပ်မှာ ထိန်းချုပ်ထားတဲ့ ရှယ်ယာတွေ ရှိတယ်လေ..”
စတိဗ်မှာ သတိထား၍ မေးခွန်း ဆက်မေးလိုက်သည်။
“လူသုံး လျှပ်စစ်ပစ္စည်းဆိုတာ မင်း ဘာကို ပြောချင်တာလဲ.. အဲ့ဒါက လေနှင့်မိုး အမှတ်တံဆိပ်လေ..”
“မှန်ပါတယ်.. ကြည့်လိုက်လေ.. စူပါ VCD ဆိုလဲ လေနှင့်မိုး အမှတ်တံဆိပ်ပဲ.. ကျုပ်ကုမ္ပဏီက VCD လုပ်ငန်းမှာ အဆင့်အမြင့်ဆုံး နည်းပညာတွေရှိတယ်.. VCD အကြောင်းရော ကြားဖူးထားလား..”
VCD လော။ ဤသည်ကိုလည်း ဖုန်းယွီပိုင်ဆိုင်ထားသည်လော။
စတိဗ်အနေဖြင့် ထို VCD ကိုတီထွင်ခဲ့သူမှာ တရုတ်အစိုးရဟု ထင်ထားပေသည်။ အမြတ်အစွန်း ရနိုင်သည့် လုပ်ငန်းများအားလုံးသည် တရုတ်နိုင်ငံရှိ အစိုးရပိုင် ကုမ္ပဏီများ ဖြစ်သည်ဟု သူတို့ ပြောထားကြသည် မဟုတ်ပေလော။
နားလည်မှု လွဲခြင်းမျိုးလော။
“VCD လဲ လေနှင့်မိုး အမှတ်တံဆိပ်ပဲလား.. ပြောချင်တာက လေနှင့်မိုး အမှတ်တံဆိပ်ရဲ့ တန်ဖိုးရ အရမ်းမြင်တယ်.. အဲ့အမှတ်တံဆိပ် ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ မျှဝေလို့ရမလား..”
စတိဗ်သည် တရုတ်တို့သည် အမှတ်တံဆိပ်တန်ဘိုးအကြောင်း သိပ်မသိကြောင်း ကြားဖူးထားပေသည်။ ထိုမေးခွန်းသည် ဖုန်းယွီအတွက် ဖြေဆိုရန် ခက်ခဲနေသည်လော။ ဖောဘက်စ် မဂ္ဂဇင်းသည် ယခင်က သူဌေးကြီးများ၏ ရှက်စရာကောင်းလောက်သည့် ထုတ်ဝေမှု အနည်းငယ် ထုတ်ဝေဖူးပေသည်။ အမှန်တရားများ သာဖြစ်နေ၍ တော်သေးသည်။
“(၁၀)ဘီလီယံလောက်တော့ ရှိလိမ့်မယ်..”
ဖုန်းယွီ ခပ်ပေါ့ပေါ့ဖြင့်သာ ပြန်ဖြေလိုက်သည်။
“ဖုန်း.. ကျုပ်တို့ ပြောနေတာက ကန်ဒေါ်လာနဲ့ပါ..”
တရုတ်တို့သည် သူတို့၏ ငွေကြေးစနစ်ကို အလွန်ကြိုက်ကြပေသည်။ ကန်ဒေါ်လာသည် ကမ္ဘာပေါ်တွင် အသုံးအများဆုံး ငွေကြေးဖြစ်သည်ကို သူတို့မသိကြသည်လော။
“ကျုပ်လဲ ကန်ဒေါ်လာနဲ့ပဲ ပြောတာပါ..”
ဖုန်းယွီ စတိဗ်အား ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
စတိဗ် စိတ်ပျက်သွားမိသည်။ ဤဖုန်းယွီသည် အမှတ်တံဆိပ်တန်ဖိုး၏ အဓိပ္ပါယ်ကို သိပုံမပေါ်ချေ။ (၁၀)ဘီလီယံဒေါ်လာလော။ သူ့ကုမ္ပဏီကို Disney ကဲ့သို့ ထင်နေသည်လော။
“ဖုန်း… ငါတို့ကြားမှာ နားလည်မှုလွဲတာ ရှိကောင်းရှိနိုင်တယ်.. အမှတ်တံဆိပ်ရဲ့ တန်ဖိုးဆိုတာ ထုတ်ကုန်ပိုင်ဆိုင်မှု တန်ဘိုးမဟုတ်ဘူး.. အမှတ်တံဆိပ် တန်ဖိုးက ဘယ်လောက်ရှိလဲ..”
စတိဗ် ရှင်းပြလိုက်သည်။ ဖုန်းယွီသည် ကုမ္ပဏီ၏ ထုတ်ကုန်များနှင့် ပိုင်ဆိုင်မှု အားလုံးကို ထည့်သွင်းထားလျှင်ပင် အဆိုပါ လေနှင့်မိုးသည် ကန်ဒေါ်လာ (၁)ဘီလီယံ ပြည့်မည်မဟုတ်ကြောင်း သူခံစားခဲ့ရသည်။
“အမှန်ပဲလေ.. ကျုပ်သိပါတယ်.. လေနှင့်မိုး အမှတ်တံဆိပ်ကို သေချာကြားဖူးရဲ့လား..”
စတိ မျက်မှောင်ကြုတ်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“သိပါတယ်.. ကျုပ် ရေငွေ့ထိန်းစက်တောင် ဝယ်ထားပါသေးတယ်..”
“ဘီလ်. မင်းရော..”
ဖုန်းယွီ ဘီလ်ဂိတ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“အရင်တုန်းကတော့ ငွေရည်ထိန်းစက် သုံးဖူးတယ်.. အရွက်မပါတဲ့ ပန်ကာလဲ ဝယ်ခဲ့သေးတယ်.. အဲ့တုန်းကတော့ အမှတ်တံဆိပ် တစ်ခုတည်း ရှိတာကိုး..”
“မင်းတို့တွေ ကျုပ်ရဲ့ အမှတ်တံဆိပ်ကို ကြားဖူးကြပေမယ့် နှစ်ယောက်စလုံးက သာမာန် အမှတ်တံဆိပ် တစ်ခုလောက်ပဲ မှတ်ထားကြတာမို့လား.. လေနှင့်မိုး အမှတ်တံဆိပ်က လူတွေရဲ့ ဘဝစက်ကွင်းထဲ ဝင်နေပြီလို့ ပြောလို့ရတယ်.. မင်းတို့လို သူဌေးကြီး(၂)ယောက်တောင် ငါ့ထုတ်ကုန်တွေ သုံးနေကြတာကို.. ငါတို့ရဲ့ ရေငွေ့ထိန်းစက်၊ အရွက်မပါတဲ့ ပန်ကာတွေ၊ VCD စက် အားလုံးက ကမ္ဘာပေါ်မှာ အကောင်းဆုံး၌ြလေ။ သက်ဆိုင်ရာ မူပိုင်ခွင့်အားလုံး ကျုပ်ပိုင်ထားတယ်..”
“လေနှင့်မိုး တည်ဆောက်ထားတာ အချိန်သိပ်မကြာပေမယ့် အမှတ်တံဆိပ် အသိအမြင် မြင့်တာပဲ.. လေနှင့်မိုး ထုတ်ကုန်တွေဟာ တစ်ချို့နယ်ပယ်မှာ အကောင်းဆုံးလို့ ပြောလို့ရတဲ့အပြင် ကြီးထွားနေတုန်းပဲ.. အရေးအကြီးဆုံး ကတော့ ဒီတံဆိပ်ဟာ တရုတ်နိုင်ငံမှာ အကျော်ကြားဆုံး အမှတ်တံဆိပ်ပဲ.. လေနှင့်မိုး အမှတ်တံဆိပ်ရဲ့ အောက်မှာ တံဆိပ်ကပ်ထားတဲ့ ထုတ်ကုန်တိုင်းက တရုတ်နိုင်ငံမှာ အရောင်းရဆုံး ဖြစ်လာလိမ့်မယ်.. ဈေးကွက်ကို ထိန်းချုပ်ထားတဲ့ အမှတ်တံဆိပ် တစ်ခုဟာ ကန်ဒေါ်လာ (၁)ဘီလီယံ ကျော်တဲ့အမြင် သုံးစွဲသူတွေအနေနဲ့ ထိပ်တန်း ကုမ္ပဏီ တစ်ခုလို့ ဘာလို့ ယူဆရတာလဲ.. အချိန်ကြာလာနဲ့အမျှ ပမာဏ တိုးလာဖို့ပဲ ရှိတယ်..”
လေနှင့်မိုး အမှတ်တံဆိပ်အောက်မှ ထုတ်ကုန်တစ်ခုသည် တရုတ်ပြည်တွင် ရောင်းအား ကောင်းမည်လော။ အကယ်၍ ထိုအမှတ်တံဆိပ်သည် ဆိုနီ၊ IBM ကဲ့သို့ အမှတ်တံဆိပ်ကြီးများထက်ပင် ပို၍ လွှမ်းမိုးမှု ရှိနိုင်မည်လော။
ဖုန်းယွီ ချဲ့ကား ပြောဆိုနေသည်လော။ အမှတ်တံဆိပ် တစ်ခုသည် မည်သို့ ဩဇာလွှမ်းမိုးနိုင်သနည်း။
ဖုန်းယွီသည် သူ၏ အမှတ်တံဆိပ် တန်ဖိုးကို ဇာချဲ့မပြောခဲ့ချေ။ လေနှင့်မိုးကဲ့သို့ အခြားသော အိမ်သုံးပစ္စည်းများ၊ လျှပ်စစ် အမှတ်တံဆိပ်များကိုပင် ထည့်တွက်ထားခြင်း မရှိချေ။ လေနှင့်မိုး အမှတ်တံဆိပ် ခွဲသည်ကာ မည်သည်နည်း။ အိုက်ဝါပင် မဟုတ်ပေလော။
စတိဗ် ဖုန်းယွီ၏ အပြောကို ပြန်မဖြေသေးဘဲ ခေတ္တစဉ်းစားလိုက်သည်။ နောက်မေးခွန်းတစ်ခု မေးရန်သာ ဆုံးဖြတ်လိုက်သည်။ ဖုန်းယွီပြောစကားများကို ခေါင်းစီးအဖြစ် ပြန်သုံးနိုင်ပေသည်။ အမှတ်တံဆိပ်သည် (၁၀) ဘီလီယံ ပိုင်ထားသည်ဟု အခိုင်အမာပြောထားသည့် သူဌေးလော။ ဤသည်က စာဖတ်သူများကို အလွန်ဆွဲဆောင် နိုင်မည်မှာ အမှန်ပင်။
“ကျန်တာတွေ ရှိသေးလား.. လျှပ်စစ်နဲ့ အိမ်သုံးပစ္စည်းကလွဲပြီး တခြား စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံ ထားသေးလား..”
“လုပ်ထားပါတယ်.. ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေ.. တရုတ်ရဲ့ အကြီးဆုံး ကွန်ပျူတာ ထုတ်လုပ်သူနဲ့ ကမ္ဘာ့ထိပ်တန်း ဆော့ဖ်ဝဲလ်ကုမ္ပဏီမှာ ရှယ်ယာတွေ ကျုပ်ပိုင်ထားပါတယ်..”
ဖုန်းယွီ ပြုံး၍သာ ဖြေလိုက်သည်။ စတိဗ်ကမူ ထိုအဖြေကို မကျေနပ်ချေ။ ဖုန်းယွီ သူ့မေးခွန်းကို မဖြေလို၍ ရှောင် နေခြင်းပင်။ ယခုအချိန်အထိ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ် ရှယ်ယာများ ဝယ်ရန် ငွေမည်သည့်နေရာက ရလာသည်ကို မသိနိုင်သေးချေ။
“ဖုန်း.. မင်းရဲ့ ပထမဆုံး လုပ်ငန်းက ဘာလဲ.. ထုတ်ပြောလို့ရမလား..”
“ရေငွေ့ထိန်းစက်နဲ့ အရွက်မဲ့ပန်ကာတွေပါ.. ကျုပ်ထုတ်ကုန်တွေက ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားပြီး ယုံကြည်မှု ဆန့်ကျင်လို့ဆိုပြီး အမေရိကန်က ပြည်နယ် တော်တော်များများမှာတောင် တရားစွဲ ခံရပါသေးတယ်.. ဒါပေမယ့် ဈေးကွက် လက်ဝါးကြီးအုပ်ထားတာကိုတော့ တရားမဝင်ဘူးလို့ မယူဆသင့်ဘူး.. မိုက္ခရိုဆော့ဖ်ရဲ့ ထုတ်ကုန်တွေ ဈေးကွက်မှာ လက်ဝါးကြီးအုပ်မှုအတွက် တစ်ချို့နေရာတွေမှာ တရားစွဲခံရပေမယ့် မိုက္ခရိုဆော့ အပြစ်ပေးခံရတာ မရှိဘူးလေ.. အဲ့ဒါကိုက ကျုပ် ထုတ်ကုန်တွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆိုတာ သက်သေပြထားပြီ.. နောက်ပိုင်းမှာ တရုတ်ကုမ္ပဏီတစ်ခုကတောင် အမေရိကန်က ကုမ္ပဏီတစ်ခုကို တရားစွဲ ခဲ့သေးတယ်..”
ထိုစကားများ ပြောသည့်အချိန်တွင် ဖုန်းယွီသည် မာနကြီးသည့်အကြည့်ဖြင့် တမင်ပြောလိုက်သည်။ အသက် နှစ်ဆယ် ကျော်သာ ရှိသေးသည်။ တည်ငြိမ်လွန်း၊ ရင့်ကျက်လွန်းပြပါက ထူးဆန်းနေလိမ့်မည်။ လူငယ်များသည် အောင်မြင်မှုရသည့်အခါ မောက်မာပြသင့်ပေသည်။
ဖုန်းယွီပြောပြီးသည်နှင့် စတိဗ်သည် မထီမဲ့မြင် အမူအရာ နည်းငယ် ပြခဲ့ပြီး ဘီလ်ဂိတ်ကမူ ခေါင်းညိတ်လိုက်သည်။ ဖုန်းယွီနှင့် သဘောထား တိုက်ဆိုင်ပေသည်။ မိုက္ခရိုဆော့ဖ်သည် ဈေးကွက် လက်ဝါးကြီးအုပ်မှုကို ဖန်တီးထားပြီး အာဏာပိုင်များနှင့် သဘောတူ စာချုပ် ချုပ်ဆိုထားပါက မိုက္ခရိုဆော့ဖ်သည် ဆော့ဖ်ဝဲကုမ္ပဏီ တစ်ခုဖြစ်ပြီး စက်မှုလုပ်ငန်း၏ ဦးဆောင်သူ ဖြစ်သည်။ ကမ္ဘာပေါ်တွင် အကောင်းဆုံး ထုတ်ကုန်များ ဖြစ်သည်။
“စိတ်တော့မရှိပါနဲ့.. ရေငွေ့ထိန်းစက်နဲ့ အရွက်မပါတဲ့ ပန်ကာတွေရဲ့ အကျိုးအမြတ်က တော်တော် များနေလား…”
စတိဗ် ထပ်မေးလိုက်သည်။
ထိုမေးခွန်းသည်က အလွန်ဖြေရ ခက်ပေသည်။ ဖုန်းယွီမှ အမြတ်သိပ်မများဟု ဆိုလျှင် စတိဗ်သည် သူ့ငွေများကို မည်သည့်နေရာက ရကြောင်း ထပ်မံ မေးခွန်းထုတ်ပေလိမ့်မည်။ ဖုန်းယွီသည် သူ၏ ဝင်ငွေများ မြင့်မားသည်ဟု ဆိုပါက ဈေးကွက်ကို လက်ဝါးကြီးအုပ်ခြင်းမှ အမြတ်ထွက်သူအဖြစ် မြင်သွားလိမ့်မည်။ ဤသည်မှာ အမှတ်တံဆိပ် တစ်ခုအတွက် မကောင်းနိုင်သလို ရောင်းအားကိုလည်း ထိခိုက်စေနိုင်ပေလိမ့်မည်။
“ကျုပ်တို့ရဲ့ ထုတ်ကုန်တွေအတွက် သုတေသန ကုန်ကျစရိတ် အရမ်းမြင့်ပါတယ်.. အရွက်မဲ့ ပန်ကာ တီထွင်ဖို့လေး နဲ့တင် ကျုပ်တို့ ဘယ်လောက်တောင် သုံးလိုက်ရတယ်ဆိုတာ သိရဲ့လား.. ကျုပ်တို့မှာ အကောင်းဆုံး၊ အဆင့်အမြင့်ဆုံး ထုတ်ကုန် ပိုင်ဆိုင်ထားတယ်ဆိုတာ သေချာဖို့လိုတယ်လေ.. ကျုပ်တို့ ထုတ်ကုန်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အများကြီး ရင်းနှီးမြုပ်နှံ ထားရတယ်.. ထိပ်တန်း အင်ဂျင်နီယာတွေ.. သုတေသီတွေရဲ့ တစ်ယောက်ချင်း ကုန်ကျစရိတ်ကိုရော သိရဲ့လား.. မိုက္ခရိုဆော့ဖ်ကိုပဲ ကြည့်လေ.. မိုက္ခရိုဆော့ဖ်ရဲ့ ထိန်းချုပ် လည်ပတ်မှုစနစ် နည်းပညာ တီထွင်ဖို့အတွက် ကုန်ကျစရိတ် ဘယ်လောက်ရှိမယ် ထင်လဲ.. တန်ဖိုးကို ဖြတ်မရနိုင် လောက်ဘူး..”
ဖုန်းယွီသည် မိုက္ခရိုဆော့ဖ်ကို သူ့ဒိုင်းကာအဖြစ် သုံးလိုက်သည်။ မိုက္ခရိုဆော့ဖ်၏ ယခုနှစ်အမြတ်ငွေသည် ဘီလီယံပေါင်း မနည်းချေ။ သို့ရာတွင် သူ၏ ကုန်ကျစရိတ် မည်မျှရှိသနည်း။ ထုတ်ကုန်များ၏ နောက်ကွယ်မှ နည်းပညာများနှင့် တီထွင်ဖန်တီးမှုများကို ငွေဖြင့် တိုင်းတာ၍ မရနိုင်ချေ။
ဘီလ်ဂိတ်သည်လည်း ဖုန်းယွီ၏ ဖြေကြားချက်ကို သဘောတူခဲ့ပြီး စတိဗ်ဘက်မှ တုန့်ပြန်ရန် အစရှာမရချေ။ အချိန်အနည်းငယ်ကြာပြီးသည့်တိုင် စတိဗ်သည် ဖုန်းယွီထံမှ ငွေများကို မည်သည့်နေရာမှ ရလာသည်ကို မသိရသေးချေ။
-------*****--------