← Chapters

အိမ်ဝယ်ချင်သည်

Vol. 51 Ch. 760

အိမ်ဝယ်ချင်သည်

Vol. 51 Ch. 760

စတိဗ် မည်သို့ပင် မေးနေသည်ဖြစ်စေ ဖုန်းယွီလှည့်ပတ် ဖြေနေပေသည်။ လီနိုဗိုနှင့် လေနှင့်မိုး အမှတ်တံဆိပ်မှ လွဲ၍ အခြားသော မည်သည့် ပိုင်ဆိုင်မှုကိုမှ ထုတ်ဖော်မပြောခဲ့ချေ။ သူ၏ အဖြေအများစုသည် ရှင်းလင်း တိကျနေသဖြင့် စတိဗ်မှာ ကူကယ်ရာမဲ့နေတော့သည်။

စတိဗ်သည် တွေ့ဆုံမေးမြန်းမှု မဟုတ်ဟု ဆိုသော်လည်း ယခုစကားဝိုင်းကို လူတွေ့စစ်ဆေးခြင်းကဲ့သို့ ပြုမူနေပေသည်။ ဖောဘက်စ် မဂ္ဂဇင်းတွင် ဖော်ပြခြင်းခံရမှုသည် လူအများစု အတွက် ဂုဏ်ယူစရာ ဖြစ်သည်။ ဖောဘက်စ် မဂ္ဂဇင်းသည် ထိုလူ၏ ပိုင်ဆိုင်မှုသည် ရှိသင့်သည်ထက် နည်းပါးကြောင်း ကြေညာသည့်အခါ အချို့မှာ ကဲ့ရဲ့ခံရသည်ဟုပင် ခံစားရပေသည်။

သို့ရာတွင် ဖုန်းယွီမှာမူ မတူချေ။ စတိဗ်သည် နာမည်မကြီးလိုသည့် ဘီလီယံနာ တစ်ယောက်နှင့် မတွေ့ဖူးသေးပေ။ ဖုန်းယွီသည် ရှေးဟောင်း မိသားစုမှလော။ သူ၏ ပိုင်ဆိုင်မှု အနည်းငယ်ကိုသာ ထုတ်ဖော်ပြီး ကျန်ပိုင်ဆိုင်မှုများကို လျှို့ဝှက်ထားချင်နေသည်လော။

ဘီလ်ဂိတ်သည်လည်း သူသိလိုသည်ကို မသိလိုက်ရချေ။ သို့ရာတွင် ဖုန်းယွီသည် စကားဝိုင်းအတွင်း မိုက္ခရိုဆော့ဖ်ကို အကြိမ်များစွာ ချိုးကျူးခဲ့သဖြင့် သူ့အနေဖြင့် ပျော်ရပေသည်။ ကမ္ဘာ့ အချမ်းသာဆုံး သူဌေးတစ်ယောက်အနေ ဖြင့်ပင် သူ့ကုမ္ပဏီအား အခြားသူများ မည်သို့ ထင်မြင်သည်ကို စိုးရိမ်နေရပေသည်။ မိုက္ခရိုဆော့အား လူအများ၏ ချီးကျူးမှုကို ကြားရသည့်အခါ ဂုဏ်ယူနေမြဲပင်ဖြစ်သည်။

ဘီလ်ဂိတ်မှ ဖုန်းယွီအား ကုန်ထုတ်လုပ်ငန်းတွံင် သူဌေးကြီးတစ်ယောက်၊ စားသောက်ကုန် လုပ်ငန်း၊ အထွေထွေ ရောင်းချမှု စသည့် ကောလာဟလများ အစစ်အမှန် ဟုတ်မဟုတ် မပြောနိုင်ချေ။

သို့ရာတွင် ခေတ္တစဉ်းစားပြီးနောက် ထုတ်မေးရန်သာ ဆုံးဖြတ်လိုက်သည်။ သူသည် စတိဗ်မဟုတ်ချေ။ ဖုန်းယွီအား ထိုအကြောင်း မေးပါက ဖုန်းယွီ၏ နောက်ခံအကြောင်းအရာကို ဖော်ထုတ်ရန် ကြိုးစားသူဟု တွေ့ရပြီး လေးစားမျု မရှိချေ။ မည်သို့ပင် ဖြစ်စေ ဖုန်းယွီသည် ထိုကိစ္စများအားလုံးကို ရေရှည်တွင် ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။

စတိဗ်လည်း စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားတော့သည်။ ဖုန်းယွီသည် သူတွေ့ဖူးသမျှထဲတွင် အခက်ခဲဆုံး သူဌေး ဖြစ်ပေသည်။

ဖုန်းယွီသည် အသက်(၂၀)ကျော် လူငယ်တစ်ယောက်သာ ဖြစ်သော်လည်း ရင့်ကျက်နေသည့် ခံစားချက်မျိုး ပေးစွမ်း ပေသည်။ သူ့အဖြေများမှာ ထိမိနေသဖြင့် အကြောင်းအရာများ ဆက်တိုက် ပြောင်းပစ်နေသည်။ ဤသည်ကပင် စတိဗ်ကို ဒေါသထွက်စေပေသည်။

ဖုန်းယွီသည် ယခင်ဘဝက စတော့ပွဲစား တစ်ယောက်ဖြစ်သည်။ သူ၏ အားသာချက်မှာ ဖော်သည်များအား ရင်းနှီးမြုပ်နှံရန် အမြတ်ငွေများဖြင့် စည်းရုံးသည့် စကားလုံးများ သုံးရလေ့ရှိပေသည်။

စတိဗ်သည် ထက်မြက်သော်လည်း ဖုန်းယွီ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ချေ။

မှတ်စု စာအုပ် ကြည့်လိုက်စဉ် စတိဗ် မှင်တက်သွားသည်။ သူရှုံးခဲ့ပေသည်။ မေးခွန်းများစွာ ပြင်ဆင်ထားသော်လည်း အများစု၏ အဖြေကို မရခဲ့ချေ။ ဤဆောင်းပါးကို မည်သို့ရေးရတော့မည်နည်း။

ဖုန်းယွီသည် ရေငွေထိန်းစက်နှင့် အရွက်မဲ့ ပန်ကာများတွင် ရင်းနှီးမြုပ်နှံထားသည်ကို စတိဗ် မရေးနိုင်ချေ။ VCD စက်များတွင် ရင်းနှီးမြုပ်နှံထားမှုပြီး ကွန်ပျူတာနှင့် မိုက္ခရိုဆော့ဖ်တို့တွင်လည်း ရင်းနှီးမြုပ်နှံထားပေသည်။ ဖုန်းယွီသည် သူ၏ ကနဦး ရင်းနှီးမြုပ်နှံမှု စတင်ရန် ငွေမည်သည့်နေရာမှ ရခဲ့သည်ကို ရှင်းရှင်းလင်းလင်း သိချင်နေပေသည်။

စာဖတ်သူများ မဆိုထားနှင့် စတိဗ်ကိုယ်တိုင်ပင်လျှင် ဖုန်းယွီ၏ အကြောင်းအရာကို မကြေနပ်ချေ။ ဖုန်းယွီသည် သူ့ကုမ္ပဏီများကို ရောင်းလိုက်ခြင်း သို့တည်းမဟုတ် သူ့ကုမ္ပဏီများကို စာရင်းသွင်းမည် ဆိုပါက မိုက္ခရိုဆော့ဖ် ရှယ်ယာများ ဝယ်ယူရန် ငွေအလုံအလောက် ရနိုင်သေးသည်။ သို့ရာတွင် ဖုန်းယွီသည် သူ့ကုမ္ပဏီများကို မရောင်းသကဲ့သို့ စာရင်းလည်း မသွင်းခဲ့ချေ။ မိုက္ခရိုဆော့ဖ် ရှယ်ယာများဝယ်ယူရန် ငွေအများအပြား မည်သည့်နေရာမှ ရလာခဲ့သနည်း။

စတိဗ်၏ ခန့်မှန်းချက်များကို အခြေခံ၍ ဆောင်ပါးတစ်ပုဒ်ရေးခြင်းဆိုသည်မှာ တာဝန်မဲ့ရာ ရောက်ပေတော့မည်။

သို့ရာတွင် ဖုန်းယွီသည် သူဌေးကြီးတစ်ယောက်ဖြစ်ပြီး ဖောဘက်စ် မဂ္ဂဇင်းမှ သူ့အကြောင်း ဆောင်းပါတစ်ပုဒ် ရေးရန် ပျက်ကွက်နေပေသည်။ ဤသည်မှာ ဖောဘက်စ် မဂ္ဂဇင်း၏ စာဖတ်သူများကို စိတ်ပျက်စေမည်လော။ ဖောဘက်စ် မဂ္ဂဇင်းသည် အပတ်စဉ်ထုတ် မဂ္ဂဇင်းဖြစ်ပြီး လာမည့် ထုတ်ဝေမှုတွင် ဖုန်းယွီနှင့် ပတ်သက်၍ စတိဗ်အနေဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားနိုင်ခြင်း မရှိသည့်အတွက် စိတ်ပျက်မိသည်။

နောက်နောင် ပေါ်လာမည့် အချက်အလက်များကို စောင့်နေသင့်သည်လော။ စတိဗ် တွေးနေမိသည်။ ဖုန်းယွီသည် တရုတ်လူမျိုးဖြစ်ကာ ဖောဘက်စ်တွင် တရုတ်နိုင်ငံ၌ ရုံးခွဲမရှိချေ။ ဤသည်ကိုပင် ဆင်ခြေ ကောင်းကောင်း ပေးရပေလိမ့်မည်။ အာရှတွင်မူ ရုံးခွဲများ ရှိပေသည်။ ထိုဝန်ထမ်းများသည် ဖုန်းယွီအကြောင်း ပိုမိုသိရှိနိုင်ရေးအတွက် အချက်အလက်များ ပိုမို ရှာဖွေနိုင်ပေသည်။

**********

ဖုန်းယွီသည် ဘီလ်ဂိတ် ထွက်သွားကာနီးတွင် မတ်တပ်ရပ်လိုက်ပြီး..

“ဘီလ်.. ငါဒီကို နေ့တိုင်းလာရမယ်ဆိုတဲ့ စည်းကမ်းမျိုး ကုမ္ပဏီမှာ ရှိလား..”

ဘီလ်ဂိတ် စိတ်ရှုတ်စွာဖြင့် ဖုန်းယွီအား ကြည့်လိုက်သည်။

“မရှိပါဘူး.. မင်းက ကုမ္ပဏီ ဒါရိုက်တာလေ.. မင်းကိုယ်ပိုင်အချိန်တွေ မင်းဟာမင်း ဆုံးဖြတ်လို့ရတယ်.. မင်းအလုပ် မင်းပြီးနေသ၍ အဆင်ပြေတယ်..”

“ကောင်းပြီလေ.. ငါ အလုပ်နည်းနည်းလုပ်ပြီး ခနလောက် နားဖို့ ဆုံးဖြတ်လိုက်ပြီ..”

ဘီလ်ဂိတ် ဘာပြောရမှန်း မသိတော့ချေ။ အလုပ်စလုပ်သည်မှာ ရက်ပိုင်းသာ ရှိသေးပြီး အနားယူရန် လိုအပ်သည်လော။ သို့ရာတွင် ဖုန်းယွီသည် ကုမ္ပဏီမှ မည်သည့်လစာမျှ ယူမထားကြောင်း ဘီလ်ဂိတ် သတိရလိုက်သည်။ လုပ်ငန်းခွင်မှ အနားယူရန် ပြောသည်က ပုံမှန်သာပင်။

“မင်းလုပ်စရာတွေမှာ အကူအညီလိုသေးလား..”

ဖုန်းယွီသည် ဘီလ်ဂိတ်၏ ထိုစကားမှာ ရိုးရိုးသားသား ပြောခြင်းမဟုတ်ကြောင်း သိပေသည်။ ဤသည်မှာ တရုတ်နှင့် အနောက်တိုင်း ယဉ်ကျေးမှု ကွာခြားချက် ဖြစ်သည်။ တရုတ်ပြည်တွင်မူ မကူညီချင်လျှင်ပင် မေးမြန်း ရပေသည်။ အကယ်၍ တစ်ဖက်သားမှ အမှန်တကယ် အကူအညီတောင်းပါက ငြင်းပယ်ရမည့် နည်းလမ်းကို ထပ်မံ စဉ်းစားရပေသည်။

သို့ရာတွင် အမေရိကန်ရှိ လူများမှာမူ အကူအညီတောင်းသည်မှာ အမှန်တကယ်ဟု ဆိုလိုပေသည်။ ၎င်းတို့သည် ကူညီမည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ ငြင်းပယ်မည့် နည်းလမ်းကို ရှာကြပေလိမ့်မည်။ ကူညီလိုစိတ် မရှိဘဲ စကားစတတ်ကြပေသည်။

“ငါ အမေရိကိန် ရောက်ကတည်းက ဟိုတယ်မှာ နေလာတာလေ.. အိမ်တစ်လုံး ဝယ်မလို့ စဉ်းစားနေတာ..”

မိုက္ခရိုဆော့ဖ်မှ သူ၏ ဝန်ထမ်းများ နေထိုင်ရန် ကမ်းလှမ်းသော်လည်း ဖုန်းယွီသည် ထိုရရှိမည့် တိုက်ခန်း၌ သူ၏ ကျန်ရှိနေသည့် ပရိုဂရမ်မာများ၊ အင်ဂျင်နီယာများနှင့်အတူ ဝင်ရောက်နေထိုင်လိုခြင်း မရှိချေ။

ဤစကားအား ဘီလ်ဂိတ်ကြား၍ စိတ်လှုပ်ရှားသွားသည်။

“မင်း ကိုယ်ပိုင်အိမ် လိုချင်လို့လား.. မင်း ဖြစ်ချင်တာ အကုန် ဖြည့်ဆည်းပေးနိုင်တဲ့ အိမ်ဆောက်နိုင်စေရမယ်.. ငါ့မှာ ဗိသုကာ ပညာရှင် အသိတွေရှိတယ်.. မင်းနဲ့ ချိတ်ဆက်ပေးလို့ရတယ်..”

ဖုန်းယွီသည် သူ့ယခင်ဘဝက ဘီလ်ဂိတ်၏ အိမ်ကြီးသည် ကမ္ဘာကျော်သည်ကို သတိရမိလိုက်သည်။ (၁၉၉၀)တွင် စတင်တည်ဆောက်ပြီး (၇)နှစ်တိုင် ကြာခဲ့ပေသည်။ ဆောက်လုပ် ပြီးစွးသွားသည့်တိုင် ထိုအိမ်သည် ပြုပြင်မွမ်းမံမှု များနှင့် အလှဆင်မှုများ လုပ်နေရဆဲ ဖြစ်သည်။ ဆောက်လုပ်မှု ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ (၆၃)သန်းကျော် ကြောင်း သိလိုက်ရသည်။ သို့ရာတွင် ထိုမြေကိုဝယ်ယူခဲ့သည်မျာ ကန်ဒေါ်လာ (၂)သန်းပင် မပြည့်ချေ။

အိမ်ကြီးရှိ ပရိဘောဂများအားလုံးမှာ ငွေကြေးကုန်ကျမှု များပေသည်။ အကယ်၍ ထိုအိမ်ကြီးသည် နယူယောက် သို့တည်းမဟုတ် လော့အိန်ဂျယ်လိ တွင်ဆိုပါက တန်ဖိုးမှာ အနည်းဆုံး (၁၀)ဆဖြစ်လိမ့်မည်ဟု လူတစ်ယောက် ပြောဖူးပေသည်။

အိမ်ကြီးရှိ ပရိဘောဂများနှင့် အလှဆင် ပစ္စည်းများသည် အလွန်ဈေးကြီးပေသည်။ အိမ်ကြီးထဲတွင် သန်းဆယ်ချီတန်သော ပန်းချီ အများအပြားရှိသည်ဟု ဖုန်းယွီ ကြားသိရပေသည်။

ဖုန်းယွီသည်လည်း ထိုသို့သော ဇိမ်ခံအိမ်ကြီးမျိုး ကြိုက်နှစ်သက်ပေသည်။ သို့ရာတွင် အမေရိကန်တွင် မဆောက်လိုချေ။ အိမ်ကြီးဆောက်ဖြစ်ပါက တရုတ်ပြည်တွင်သာ ဆောက်ရမည်။ သို့မှာသာ သူ့မိသားစုနှင့်လည်း အတူအနေနိုင်ပေလိမ့်မည်။ ထို့အပြင် အိမ်၏ တည်နေရာသည် အလွန်အရေးကြီးပေသည်။ သဘာဝ ဘေးန္တရာယ်နှင့် အခြားအန္တရာယ်များ ကင်းသည့် နယ်မြေ ဖြစ်ရပေလိမ့်မည်။

ဖုန်းယွီသည် အမေရိကန်တွင်မူ သာမာန် အိမ်တစ်လုံးသာ ဝယ်ချင်ပေသည်။ အိမ်ကြီးကြီးမားမား ဖြစ်ရန် မလိုသော်လည်း အန္တရာယ်တော့ ကင်းရပေလိမ့်မည်။

ဖုန်းယွီသည် စစ်သည်ဟောင်းများနှင့် ကြေးစား သက်တောင်စောင့်များစွာ ငှားရမ်းထားပေသည်။ သို့ရာတွင် ထိုကိုယ်ရံတော်များသည် လက်နက် ကိုင်ဆောင်ထားသည်ကပင် ဖုန်းယွီအတွက် အန္တရာယ်ဖြစ်စေသည်ဟု ခံစားရပေသည်။

တစ်ယောက်ယောက်မှ ဖုန်းယွီအား အန္တရာယ်ပြုတော့မည်ဟု သက်တော်စောင့်များ ခံစားရသည့်အခါ ချက်ချင်းပင် သေနတ်များကို သုံးပေလိမ့်မည်။

ဖုန်းယွီသည် ငှားရမ်းထားသည့် ထိုကိုယ်ရံတော်များသည် ယုံကြည်စိတ်ချရသော်လည်း ဖုန်းယွီသည် ၎င်းတို့ကို အပြည့်အဝ မယုံကြည်ချေ။ လူအများကြားတွင် ကိုယ်ရံတော်များသည် ဖုန်းယွီအား ကာကွယ်ရန် သူတို့လုပ် ရမည်ကို လုပ်နိုင်ကြပေသည်။ သို့ရာတွင် ၎င်းတို့ထဲမှ တစ်ယောက်ယောက်သည် မကောင်းကြံနေပါက ဖုန်းယွီကို သူ့အိမ်တွင်ပင် အလွယ်လေးနှင့် သတ်နိုင်ပေလိမ့်မည်။

ဖုန်းယွီသည် လက်နက်များ အလွယ်တကူ ရနိုင်သည့် နိုင်ငံတွင် မလုံခြုံသလို ခံစားရပေသည်။ ဖုန်းယွီသည် သေနတ်ကိုင်ထားပါက လူများ မည်သည့်အတွက် လုံခြုံသည်ဟု ခံစားရကြောင်း နားမလည်ချေ။ အမှန်တကယ် သူ့တွင် သေနတ်ကိုင်ထားလျှင်ပင် အခြားသူများ သေနတ်ကိုင်ထားသရွေ့ လုံခြုံသည်ဟု မခံစားရချေ။

သို့ဖြစ်၍ ဖုန်းယွီသည် အမေရိကန်တွင် အန္တရာယ်ရှိသော ရပ်ကွက်များအတွင် မည်သည့်အခါတွင်မှ မဝင်ခဲ့ချေ။ ကိုယ်တွေ့ မကြုံချင်ချေ။

“ဘီလ်.. ကျုပ် အိမ်ဆောက်တာ တော်တော်ကြာလိမ့်မယ်.. ဆောက်ပြီးသား အိမ်ပဲ ဝယ်ချင်တယ်.. အကြံပေးစရာ တစ်ခုခုများ ရှိလား..”

--------**$$^$$**--------

All Chapters