ဆီးယက်တဲလ်
Vol. 51 Ch. 761
“ဆီးယက်တဲလ်မှာ အိမ်ကောင်းကောင်းတွေ အများကြီးပဲ.. မင်းကို ငါ့အသိ အိမ်ခြံမြေ အေးဂျင့် တွေနဲ့ မိတ်ဆက် ပေးလို့ရတယ်.. ငါ့ကိုလဲ သူတို့ပဲ ကူညီတာ.. ငါတို့ ဝန်ထမ်းတွေ တော်တော်များများ အတွက်လဲ သူတို့နဲ့ သင့်တော်တဲ့ အိမ်ခြံမြေတွေ ရှာပေးထားတာ..”
ဘီလ်ဂိတ် ပြန်ဖြေလိုက်သည်။
“ဘီလ်.. ငါ ဒီကနေ အဝေးကြီး မသွားချင်ဘူး.. ကုမ္ပဏီနဲ့ နီးတဲ့နေရာ မရှိဘူးလား..”
“ကုမ္ပဏီနဲ့ နီးရမှာလား.. ဒီမှာ အိမ်ကောင်း မရှိဘူး.. ဒီကအိမ်တွေ သေးချက်ကတော့ ရေကူးကန်တောင် မရှိဘူး..”
ဖုန်းယွီကဲ့သို့ လူတစ်ယောက်သည် အိမ်ကြီးကြီးတွင် နေထိုင်သင့်ပေသည်။
အမေရိကန် နိုင်ငံသားများမျာမူ လုပ်ငန်းခွင်သို့ (၂)နာရီခန့် ကားမောင်းသွားရမည်ကိုပင် စိတ်ထဲမထားကြချေ။ သို့ရာတွင် ဖုန်းယွီမျာမူ ထိုသို့ မလုပ်လိုပေ။ အမေရိကန် အများစုမှာ နေရာကောင်းများကို ကြိုက်နှစ်သက်ကြ့ သော်လည်း ဖုန်းယွီမှာမူ သဘာဝနှင့် ပြည့်နှက်နေသည့် နေရာများကိုသာ နှစ်သက်ပေသည်။ အမေရိကန်ရှိ အိမ်အများစုတွင် အိမ်ရှေ့၌ မြက်ခင်းပြင်ရှိကာ အိမ်နောက်ဘက်တွင် ရေကူးကန် ရှိပေသည်။ သို့ရာတွင် ခြံထိန်းသိမ်း ရေး မလုပ်နိုင်ပါက ပိုင်ရှင် အဆင်ပြေမည် မဟုတ်ချေ။
ဖုန်းယွီမှာမူ နေထိုင်ရန် တစ်ခုသာ လိုချင်ပေသည်။ သူသည် အမေရိကန်တွင် အိမ်ကြီးတစ်လုံး ဝယ်ရန် စဉ်းစား ထားသော်လည်း နယူးယောက်.. လော့ အိန်ဂျယ်လိစ် စသည့် မြို့ကြီးများတွင် ဖြစ်ရပေမည်။
ဖုန်းယွီမှာ တိုက်ခန်းလေးတစ်ခု အထိပင် စဉ်းစားထားပေသည်။
“ရေကူးကန်တွေ၊ ပန်းခြံတွေ၊ မြက်ခင်းပြင်တွေ ဘာမှ မလိုဘူး.. လောလောဆယ် တစ်ယောက်တည်း နေလို့ အဆင်ပြင်ရင်ရပြီ.. ဟိုတယ်မှာ မနေချင်ဘူး….”
“မင်း သက်တော်စောင့်တွေကရော.. မင်းမှာ သက်တော်စောင့် ဆယ်ယောက်ကျော်ရှိတာ ငါသိတယ်.. သူတို့ရော မင်းနဲ့အတူနေမှာ မဟုတ်ဘူးလား..”
ဘီလ်ဂိတ် မေးလိုက်သည်။ အိမ်သေးသေးလေးတွင် လူအများကြီးနှင့် မည်သို့ နေနိုင်မည်နည်း။
“ငါ အဆောက်အုံ တစ်ထပ်လုံး ဝယ်လို့ရတယ်လေ.. အပေါ်ထပ် အောက်ထပ်လို့လဲ ဝယ်လို့ရတာပဲ..”
“မင်း အိမ်ခြံမြေမှာ ရင်းနှီးမြုပ်နှံရတာ ကြိုက်တာလား..”
ဘီလ်ဂိတ် အံ့ဩသွားသည်။ တိုက်ခန်း တစ်ခန်းအတွက် (၃)ထပ်တိုက် ဝယ်ယူခြင်းသည် အိမ်ကြီးကြီး တစ်လုံး ဝယ်ယူခြင်းထက် ဈေးပိုကြီးပေသည်။ ထို့အပြင် တိုက်ခန်းတွင် နေထိုင်ခြင်းသည် ပတ်ဝန်းကျင် သက်တောင့် သက်သာ မရှိချေ။ ဖုန်းယွီ မည်သို့တွေးနေသည်ကို နားမလည်နိုင်တော့ချေ။
“ငါ လုံခြုံတဲ့ နေရာမျာပဲ နေချင်တယ်..”
“ဟား… ဟား… ဟား… ဖုန်း… မင်းက အမေရိကန်ကို ပထမဆုံး ရောက်ဖူးတဲ့သူတွေလိုပဲ.. သေနတ်တွေကြောင့် အန္တရာယ်ရှိတယ်လို့ လူတော်တော်များများ ထင်နေကြတာ.. ဒါပေမယ့် အဲ့ကိစ္စအတွက်ဆို မင်းစိုးရိမ်နေစရာ မလိုပါဘူး.. မင်းကိုယ်ရံတော်တွေနဲ့ဆို မင်းနားကို ဘယ်သူမှ ကပ်ဝံ့မျာ မဟုတ်ဘူး.. မင်းက မိုက္ခရိုဆော့ဖ်ရဲ့ ဒါရိုက်တာ တစ်ယောက်အနေနဲ့ မင်းအထောက်အထား ပြလိုက်ရင် ပိုတောင် လုံခြုံအုံးမယ်.. ပြီးတော့ ဒီနေရာက ဝရှင်တန်လေ.. အမေရိကန်မှာ အလုံခြုံဆုံး ပြည်နယ်ပေါ့..”
ဘီလ်ဂိတ် ရယ်ရင်း ပြောလိုက်သည်။
“ဒီနေရာမှာ ဘယ်လောက်ပဲ အန္တရာယ် ကင်း.. ကင်း.. လူတွေမှာ သေနတ်တွေ ကိုင်ထားကြတာပဲ.. အမေရိကန်က ကမ္ဘာပေါ်မှာ ပစ်ခတ်မှု ဖြစ်စဉ် အမြင့်ဆုံး နိုင်ငံ မဟုတ်ဘူးလား..”
အလှောင်ခံလိုက်ရလေပြီ။ ဖုန်းယွီအား လှောင်ရယ် ရယ်သူမှာလည်း ဘီလ်ဂိတ် ပင်။
“မဟုတ်ဘူး.. မင်း ထင်သလို မဟုတ်ဘူး.. ဒီလိုကိစ္စတွေက သူတို့အိမ်မှာ ဖြစ်တတ်တာ ပုံမှန်ပဲ.. မင်းအိမ်မှာ သူစိမ်း ဝင်ခွင့်မပေးသရွေ့ မင်းဘေးကင်းတယ်.. လမ်းမှာလဲ မင်းကို ဘယ်သူမှ သေနတ်နဲ့ ပစ်မှာ မဟုတ်ဘူး.. အထူးသဖြင့် မင်းမှာ သက်တော်စောင့်တွေ အများကြီး ရှိနေတော့ လက်နက်ကိုင်တွေလို့ ထင်ကြမှာပဲ.. ညဘက်တွေ လမ်းကြို လမ်းကြား မသွားရင် အကောင်းဆုံးပေါ့.. မီဒီယာတွေမှာ နေ့စဉ်နဲ့အမျှ မှုခင်းတွေ ပိုဖြစ်နေကြတယ်ထင်တယ်.. သေနတ်က ရဲတပ်ဖွဲ့ကို ဆွဲဆောင်နိုင်တဲ့အပြင် အများပြည်သူပိုင် နေရာတွေမှာ သေနတ်ကိုင်ခွင့် ပိတ်ထားလို့ လူစု လူဝေးများတဲ့နေရာမှာ မင်းကို အန္တရာယ်ပေးဖို့ ကြိုးစားကြမှာ မဟုတ်ဘူး..”
ဖုန်းယွီ၏ သက်တော်စောင့်များမှလည်း လက်နက်ဥပဒေ အကြောင်း ပြောပြဖူးပေသည်။ သို့ရာတွင် ၎င်းတို့ စကားများမှာ ဘီလ်ဂိတ်နှင့် ယှဉ်၍ မရချေ။ အားလုံးမှ ဖုန်းယွီသည် သူ့လုံခြုံရေးအတွက် စိတ်ပူနေသဖြင့် သက်တော်စောင့်များ ထပ်မံငှားရမ်းစေချင်ကြသည်။ ဤနည်းဖြင့် ၎င်းတို့သည်လည်း လုပ်စရာ နည်းသွားပေလိမ့်မည်။
ဖုန်းယွီသည်လည်း အမေရိကန်၏ အခြေအနေကို ထိုကိုယ်ရံတော်များ၏ ရှင်းပြချက်ကြောင့် စိုးရိမ်ခဲ့ရသည်။
ယခုမူ သူတွေးလွန်နေကြောင်း သဘောပေါက်လိုက်သည်။ သူ့အခြေအနေသည် သူတွေးထားသလောက် အန္တရာယ် မရှိချေ။ ကြုံကြိုက်ပါက အပျော်သဘောဖြင့် သေနတ် အနည်းငယ် ဝယ်ပေးရပေလိမ့်မည်။ ကျောင်းသားများ သည်ပင် သေနတ်ကို အလွယ်တကူ ဝယ်နိုင်ကြောင်း ကြားဖူးထားပေသည်။
ဖုန်းယွီ မေးစေ့ကိုင်ကာ ခေတ္တစဉ်းစားပြီးနောက်..
“ဆီးယက်တဲလ်နဲ့ ဒီကိုဆိုရင် ဘယ်လောက်ဝေးလဲ..”
“ဒီကနေဆိုရင် (၁)နာရီပေါ့.. အဲ့လောက်တောင် မရှိဘူး.. ကားသမား မငှားဘူးလား..”
ဘီလ်ဂိတ် မေးလိုက်သည်။ အမေရိကန်တွင် အဝေးပေးလမ်းသည် အလွန်နာမည်ကြီးပေသည်။ ထိုနေရာ၌ ယာဉ်များမှာ အရှိန်ပြင်းပြင်းဖြင့် မောင်းနိုင်ကြပေသည်။
တစ်နာရီပင် မပြည့်ဘူးလော။ ဖုန်းယွီ ခေတ္တစဉ်းစားလိုက်သည်။ ဆီးယက်တဲလ်သည် ရွေးချယ်မှုကောင်း တစ်ခု ဖြစ်နိုင်ပေသည်။
ဖုန်းယွီသည် ယခင်ဘဝက ရုပ်ရှင်များ ကြည့်ဖူးပေသည်။ အမှန်တကယ်တွင် ရုပ်ရှင်များထဲ၌ ရှုခင်းလှများကြောင်း ဆီးယက်တဲလ်အား တရုတ်တော်တော်များများ ကြားဖူးကြပေလိမ့်မည်။
ဆီးယက်တဲလ်သည် အလွန်လှသော မြို့ဖြစ်သည်။ သစ်တောများ၊ မြစ်ချောင်းများ၊ ရေကန်များ၊ ရွက်လှေများ၊ နှင်းလျှောစီးခြင်း စသည်တို့ဖြင့် နေထိုင်ရန် အလွန်ကောင်းသော နေရာတစ်ခု ဖြစ်ပေသည်။ ထိုနေရာ၌ အိုလံပစ် အမျိုးသား ဥယျာဉ် တစ်ခုပင် ရှိနေပေသေးသည်။
ထိုဒေသတါင် အထင်ရှားဆုံး ကုမ္ပဏီမှာ ဘိုးရင်း ဖြစ်ပြီး ထို့နောက်တွင် မိုက္ခရိုဆော့ဖ် ဖြစ်သည်။ ဖုန်းယွီသည် ယခင်ဘဝမှ မှတ်ဉာဏ်များအရ ပေါ်လာသည်။ ဆီးယက်တဲလ်သည် ဆော့ဖ်ဝဲနှင့် အင်တာနက် ကုမ္ပဏီများဖြင့် ကျော်ကြားပေသည်။
ဆီးယက်တဲလ်ရှိ ဆော့ဖ်ဝဲနှင့် အင်တာနက် ကုမ္ပဏီများသည် မည်မျှ ချမ်းသာလာသနည်း။ စတားဘတ်ခ်သည် ထိုကဲ့သို့သော ကုမ္ပဏီများစွာ၌ ရင်းနှီးမြုပ်နှံထားသေးသည်။ ထိုကုမ္ပဏီ အများစုကို ပိုမိုထင်ရှားစေသည့် ကုမ္ပဏီများမှ ဝယ်ယူခြင်း၊ ဒေဝါလီခံခြင်းများ ရှိနိုင်သော်လည်း ကုမ္ပဏီများ ဆက်လက်ပေါ်ထွက်လာကာ ယခုနှစ်သည် အမြင့်ဆုံးဖြစ်ပေသည်။
“ကောင်းပြီလေ.. ဒါဆို ဆီးယက်တဲလ်က ရွေးချယ်မှုကောင်းလို့ ဆိုရမှာပေါ့.. အဲ့က အိမ်ခြံမြေ အေးဂျင့် အဆက်အသွယ်တွေ ရီလ်ဖာ ကို ပေးလို့ရမလား.. သင့်တော်ရာ အိမ်တစ်လုံး ရှာဖို့ဆိုတာလဲ ရက်နည်းနည်း အချိန်ယူရမှာပေါ့..”
နောက် ရက်အနည်းငယ်အထိ ဘီလ်ဂိတ် ဘာမှ ထပ်မပြောချေ။ ပေါလ်အယ်လန်သည် ဒါရိုက်တာများထဲမှ တစ်ယောက် ဖြစ်ပြီး ရုံးသို့လည်း မကြာမကြာ လာရောက်ခြင်း မရှိချေ။ ဘီလ်ဂိတ် ကျင့်သုံးသည့် စနစ်မှာ ထိုသို့သာပင်။
ဘီလ်ဂိတ်သည် နာရီဝက်အတွင်း အိမ်ခြံမြေ အေးဂျင့် အချို့၏ ဆက်သွယ်ရမည့် နံပတ်များကို ဖုန်းယွီစားပွဲပေါ်သို့ ပို့လာပေသည်။
ဖုန်းယွီသည် ဖုန်းနံပတ်တစ်ခုကို ခေါ်ကာ သူ၏ လိုအပ်ချက်များ ပြောပြလိုက်သည်။ အိမ်ခြံမြေ အေးဂျင့်သည် သူ့တွင် တောင်းဆိုချက်များနှင့် ကိုက်ညီသည့် အိမ်(၂)လုံးရှိကြောင်း ဖုန်းယွီအား ချက်ချင်း ပြန်ပြောက နောက်တစ်နေ့ နံနက်တွင် ထိုအိမ်များသို့ သွားရောက် ကြည့်ရှုူရန် ဖုန်းယွီ ချိန်းလိုက်သည်။
ဖုန်းယွီသည် အိမ်ကြီးတစ်လုံး ဝယ်ယူရန် ဆုံးဖြတ်ထားသဖြင့် ရေကူးကန်နှင့် ဥယျာဉ် ရှိမရှိ စိတ်မဝင်စားချေ။ ထိုသို့သော အဆောက်အုံများ မရှိပါက သူ့အိမ်ကြီးသို့ လူအများကို ဖိတ်ခေါ်နိုင်ရန် ခက်ခဲပေလိမ့်မည်ဟု ရီလ်ဖာ ပြောဖူးပေသည်။ ကလေးများတွင် ကလေးထိန်းမဲ့သကဲ့သို့ အဆင့်အတန်းနှင့် မလျော်ညီ ဖြစ်ပေလိမ့်မည်။
ဖုန်းယွီသည်လည်း ရီလ်ဖာ၏ အကြံပေးချက်များကို လက်ခံခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ မိမိနေရာကို သန့်ရှင်းရေးအတွက် တစ်ယောက်ယောက် ငှားထားရပေမည်။ ဥယျာဉ်နှင့် ရေကန် ထိန်းသိမ်းရန် နောက်ထပ် ဥယျာဉ်မှူး တစ်ယောက် ငှားရပေလိမ့်မည်။ ဖုန်းယွီတွင်သာ အချိန်ရပါက အိမ်ကြီးတစ်လုံးကို အစမှ ဆောက်ပစ်မည်သာ။
ဖုန်းယွီသည် အနည်းဆုံး အခန်း (၅)ခန်းပါသည့် အိမ်တစ်လုံး လိုအပ်ပေသည်။ သက်တော်စောင့် အခန်း၊ လေ့ကျင့်ရေး အခန်း၊ ဧည့်ခန်း၊ စာကြည့်ခန်းနှင့် သူ့အတွက် အိပ်ခန်း တို့ပင်။
အိမ်နီးနားချင်းများကိုလည်း စစ်ဆေးရပေလိမ့်မည်။ သူ့အတွက် ဒုက္ခမရောက်နိုင်သည့် လူများ ဖြစ်ကြောင်း သေချာရန် လိုပေသည်။
ဖုန်းယွီသည် ဟိုတယ်တွင် မနေချင်သောကြောင့် မနက်ဖြန် သူနေထိုင်ရမည့်နေရာတစ်ခု ရနိုင်လိမ့်မည်ဟု မျှော်လင့်ထားပေသည်။
နောက်တစ်နေ့ နံနက်၌ ဖုန်းယွီသည် အိမ်ခြံမြေ အေးဂျင့်နှင့် တွေ့ဆုံရန် တစ်ယောက်အား ကားမောင်းခိုင်းကာ ထွက်လာခဲ့လိုက်သည်။
--------**$$^$$**--------