← Chapters

(၂)အိမ်စလုံး လိုချင်တယ်..

Vol. 51 Ch. 762

(၂)အိမ်စလုံး လိုချင်တယ်..

Vol. 51 Ch. 762

“မစ္စတာဖုန်း.. မင်းနဲ့တွေ့ရတာ ဝမ်းသာပါတယ်.. ကျုပ်နာမည် တိုနီ ဖေတွန်ပါ.. တိုနီလိုလဲ ခေါ်နိုင်ပါတယ်.. ဆီးယက်တဲလ်မှာတော့ ဖေတွန်ဆိုတဲ့ နာမည်က လက်အိပ်လို့ အဓိပ္ပါယ်ထွက်လို့လေ..”

အိမ်ခြံမြေ အေးဂျင့်သည် ဖုန်းယွီအား နွေးထွေးပျူငှာစွာ နှုတ်ဆက်ရင်း ဟာသလေးများပင် ညှပ်ပြောနေသေးသည်။

သူ့ပျက်လုံးသူ ပြောပြီးနောက် တိုနီ ဝမ်းနည်းသွားသည်။ ထိုဖောက်သသည်မှာ အာရှသားဖြစ်နေသည်။ သူ့ဟာသကို နားလည်နိုင်မည် မဟုတ်ချေ။ အာရှိမှ မကောင်းသည့် သူဌေး ဖြစ်လောက်ပေမည်။ သက်တော်စောင့် များပင် ရှိနေသည် မဟုတ်ပေလော။

ဖုန်းယွီ ရယ်မောရင်း တိုနီအား လက်ဆွဲနှုတ်ဆက်လိုက်သည်။

“ဆီးယားတဲလ် စူပါစိုးနစ်ရဲ့ ဂရေးဖေတွန်က ဒီနားမှာပဲလား..”

ထိုတရုတ်လူမျိုးသည် NBA အကြောင်း သိနေသည်လော။ ကြယ်ပွင့် ကစားသမား ဂရေးဖေတွန်၏ အမည်ပြောင် ကိုပင် သိနေသည်လော။ အံ့ဩစရာ ကောင်းလွန်းပေသည်။

တိုနီအတွက်မူ ဤသည်က သတင်းကောင်း တစ်ခုပင်။

“ဟုတ်ပါတယ်.. မစ္စတာလက်အိပ်က အဲ့အိမ်မှာနေတာ.. နောက်ဆို မင်းတို့တွေ အိမ်နီးနားချင်း ဖြစ်နိုင်တယ်လေ.. ဒီအိမ်ကနေ သူ့အိမ်ကို မိနစ်(၃၀)လောက် လမ်းလျှောက်ရုံပဲဆိုတော့ မနီးဘူးလား..”

တိုနီ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ဖုန်းယွီသည် တိုနီအား ကြည့်လိုက်သည်။ စကားတော့ မပြောသေးချေ။ တရုတ်ပြည်တွင် အိမ်နီးနားချင်းဟူသည့် အဓိပ္ပါယ်မှာ မည်သည်ကို ဆိုလိုသနည်။ အကွာအဝေးမှာ (၁)ကီလိုမီတာပင် မရှိဟု ပြောနေသည်လော။

“ဒါက အရေးမကြီးပါဘူး.. ဒီအိမ် ကျုပ် စိတ်ဝင်စားတယ်..”

“ဟုတ်ကဲ့ပါ.. မစ္စတာဖုန်း.. နောက်တစ်အိမ်ကို ခေါ်သွားပါရစေ.. ဒီအိမ်ကို (၁၉၉၀)မှာ အသစ်ဆောက်ခဲ့တာလေ.. လက်ရှိပိုင်ရှင်က ဒီနှစ် ကယ်လီဖိုးနီးယားကို ပြောင်းသွားတယ်.. ပိုင်ရှင်က သူဒီမှာ မနေဘဲ အခွန်လဲပေးရတယ်.. အိမ်ကို ထိန်းသိမ်းဖို့ လူလဲငှားထားရတယ်လေ.. ဒါကြောင့်မို့ ရောင်းဖို့ ဆုံးဖြတ်လိုက်တာပေါ့.. အဲ့အိမ်က သူရဲမခြောက်တတ်ဘူးဆိုတာတော့ ပြောထားပါရစေ.. လျှပ်စစ်၊ ပရိဘောဂတွေလဲ ရာဇဝတ်မှု မရှိဘူး.. ပိုင်ရှင်က သိပ်မကြာခင်ကမှ ပြောင်းသွားတာဆိုတော့ (၂)လ လောက်သာ စောရင် ပြပေးလို့ ရမှာမဟုတ်ဘူးရယ်..”

တိုနီသည် လှည့်ပတ် ကြည့်ရှုရင်း အိမ်နှင့် မိတ်ဆက်ပေးနေသည်။ မရပ်မနားကို စကားပြောနိုင်ပေသည်။ သူ့ လုပ်ငန်း သဘာဝအရ ဖြစ်နိုင်ပေသည်။ ဖုန်းယွီအား ထိုအိမ်ကို ဝယ်ယူရေးအတွက် တော်တော် ပြောခဲ့ပေသည်။ သို့ရာတွင် ဤသည်က ဖုန်းယွီအပေါ် အလုပ်မဖြစ်ချေ။ သူ့ယခင်ဘဝက စတော့ပွဲစားတစ်ယောက် ဖြစ်သည်နှင့် အညီ ဖောက်သည်များကို ထိုသို့ ပြောခဲ့ဖူးသည်သာပင်။

“ဒီအိမ်က တော်တော်ကို ကောင်းတဲ့အိမ်ပါ.. ဘာမှ ပြုပြင်စရာမလိုဘဲ တမ်းရွှေ့လာလို့ရပါတယ်.. ဒါမှမဟုတ် ပြန်ပြီး မွမ်းမံချင်တာ ဒါမှမဟုတ် ပြန်ဆောက်ချင်တယ်ဆိုလဲ ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ မိတ်ဆက်ပေးလို့ရပါတယ်..”

တိုနီအနေဖြင့် မည်သည့်အခွင့်အရေးကိုမှ လက်လွှတ်မခံချေ။ အမေရိကန်တွင် အိမ်တစ်လုံး ဝယ်ယူရာတွင် အောက်ခံ မြေကွက်ကျယ်ပျံ့စွာ ပါဝင်ပေသည်။ ထိုပိုင်ဆိုင်မှုများ အားလုံးသည် ဝယ်လက်၏ ပိုင်ဆိုင်မှုများ ဖြစ်လာပေ လိမ့်မည်။ အိမ်ဆောက်ရာတွင် ကန့်သတ်ချက်များရှိကာ မြေအောက်အနက် (၈၀၀)မီတာ ပိုင်ဆိုင် ပေသည်။ ရေနံ၊ ရွှေ၊ မြေအောက်တွင်းထွက် ပစ္စည်း တစ်ခုခု ရှာဖွေ တွေ့ရှိပါက ဝယ်လက်၏ အပိုင် ဖြစ်ပေလိမ့်မည်။

တိုနီသည် အိမ်ကြီးကို မြင်ပြီးနောက် ဖုန်းယွီ မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်ရသည်။ ဖုန်းယွီ ထိုအိမ်ကို မကြိုက်ကြောင်း ထင်ရှားနေပေသည်။ အာရှသားများသည် ၎င်းတို့၏ မိသားစုနှင့်အတူ နေထိုင်ရခြင်းကို ကြိုက်ကြကြောင်း တိုနီ ကြားဖူးထားပေသည်။ ဖုန်းယွီသည် အခန်းအရေအတွက်နှင့် ပတ်သက်၍ မကြေနပ်ဘူးလော။ သို့ရာတွင် ထိုအိမ်ခြံမြေ ဧရိယာမှာ သိသိသာ ကျယ်ဝန်းလှပေသည်။ သည်ထက် ပိုကြီးသည့် အိမ်ပင် ဆောက်နိုင်သေးသည်။

တိုနီ လိုချင်သည်မှာ ထိုအိမ်ကို ရောင်းချကာ သူ့၏ ရပိုင်ခွင့် ကော်မရှင်ခ ရရှိရေးသာပင်။

“နောက်အိမ်ဆိုတာ ဘယ်မှာလဲ..”

ဖုန်းယွီ မေးလိုက်သည်။ ပွဲစားမှ ကြည့်ရှုရန် အိမ်(၂)အိမ်ရှိသည် ပြောထားသဖြင့် အလျှင်စလို ဆုံးဖြတ်ရန် မလိုချေ။

“နောက်အိမ်ကလဲ ဒီအိမ်ဘေးမှာပါပဲ.. မြေကွက်(၂)ခုက ကပ်လျှက်ပဲလေ.. ဒါပေမယ့် ဒီအိမ်မှာ ပြဿနာ နည်းနည်း ရှိတယ်.. အဲ့အိမ်က ပိုင်ရှင်(၃)ယောက်ထဲက (၁)ယောက် ဒေါဝါလီခံရတယ်.. နောက်တစ်ယောက်က ကားမှောက်လို့ ဆုံးသွားတယ်.. နောက်ဆုံး တစ်ယောက်က သူ့ပိုင်ဆိုင်မှုတွေအကုန် အသိမ်းခံထိသွားတယ်.. လူတော်တော်များများ ဒီအိမ်ကို ကျိမ်စာသင့်ထားတယ်လို့ ယူဆကြလို့ နှစ်နဲ့ချီပြီး ဟောင်းလောင်းကြီးဖြစ်နေတာလေ..”

တိုနီ ပြန်ပြောလိုက်သည်။

ဤကိစ္စများအကြောင်း အာရှသားများ ထူးခြားကြောင်း ကြားဖူးပေသည်။ ဖုန်းရွှီ ဟူသော အရာပင်။ ထို့ကြောင့် တိုနီသည် ပထမအိမ်ကိုသာ ရောင်းချနိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားနေခြင်းပင်။ နောက် တစ်အိမ်ကိုမူ အရန်လောက်သာပင်။

ဖုန်းယွီသည် ဒုတိယအိမ်အား ကြည့်ဖြစ်အောင် ဝင်ကြည့်လိုက်သေးသည်။ ထိုအိမ်သည် အနည်းငယ် သေးကာ ရေကူးကန်နှင့် ဥယျာဉ်များ မရှိချေ။ ပထမအိမ်ထက် အခန်းတစ်ခန်း ပိုပါပေသည်။ ကျယ်ဝန်းသည်ဟု ယူဆရမည် ဖြစ်ပြီး ဖုန်းယွီ အကြိုက်ဖြစ်ပေသည်။

“အိမ်(၂)လုံးရဲ့ ဈေးနှုန်းတွေ ဘယ်လို ကွာခြားမှုရှိလဲ..”

တိုနီ ဝမ်းသာသွားသည်။ ဤဖောက်သည်သည် အိမ်(၂)လုံးစလုံးအား စဉ်းစားနေပေသည်။

“မစ္စတာဖုန်း.. မင်းက ချေငွေနဲ့ အပေါင်ခံ စနစ်နဲ့ ချေမှာလား.. ငွေံအပြည့် ချေမှာလား..”

ဖုန်းယွီ သူ့ကို တစ်ချက်ကြည့်ကာ..

“ငါအနေနဲ့ ချေးငွေယူဖို့ လိုမယ် ထင်နေလား..”

“ဟုတ်ကဲ့ပါ.. ရင်းနှီးမြုပ်နှံမှုကနေ ရလာတဲ့ အမြတ်က ဘဏ်တိုးနှုန်းထက် အများကြီး ပိုပါတယ်.. မစ္စတာဖုန်း.. ငွေသားအပြည့် ချေဖို့ သဘောကျတယ်ဆိုရင် အကဲဖြတ်ချက်နဲ့ ပိုင်ရှင်ကို အခြေခံပြီး ဒီမြေကွက်က (၁၃၂၈.၆) စတုရန်း မီတာ၊ အိမ်က (၅၃၆.၃)စတုရန်းမီတာ၊ ဒီအိမ်ရဲ့ ဈေးနှုန်းက (၇၇၀၀၀၀)ကန်ဒေါ်လာပါ.. ဒုတိယအိမ်ကတော့ (၃၈)စတုရန်းမီတာနဲ့ ရောင်းဈေး ကန်ဒေါ်လာ (၃၂၀၀၀၀)ပါ..”

တိုနီသည် ဈေးနှုန်းများကို ပြောပြီးနောက် ဖုန်းယွီအား ကြည့်လိုက်သည်။ ဖုန်းယွီသည် ပထမအိမ်ကို ဝယ်လိမ့်မည်ဟု မျှော်လင့်နေပေသည်။ ထိုနည်းဖြင့် သူသည် ကော်မရှင်ခ ကောင်းကောင်း ရမည် မဟုတ်ပေလော။ ဖုန်းယွီမှ ဒုတိယအိမ်ကို ရွေးလျှင်ပင် အဆင်ပြေသေးသည်။ ဒုတိယပိုင်ဆိုင်မှုအတွက် ဈေးနှုန်းသည် ပထမအကြိမ်၏ ထက်ဝက်ဖြစ်နိုင်သော်လည်း ကော်မရှင် ကောင်းကောင်း ရနိုင်ပေသေးသည်။

သို့ရာတွင် သာမာန် လူချမ်းသာများသည် ပို၍ ဈေးကြီးသည့် အိမ်ကိုသာ ရွေးကြပေလိမ့်မည်။ ဒုတိယအိမ်မှာ ကျိမ်စာသင့်ထားကြောင်း တိုနီ ပြောထားပေသည်။ ထိုတရုတ်အမျိုးသား မရွေးလောက်ချေ။

ဖုန်းယွီသည် တိုနီအား ကြည့်ကာ..

“ဒီနေရာက တော်တော်ကောင်းတယ်လို့ မင်းပြောထားသလားလို့..”

“ဟုတ်ပါတယ်.. အဲ့လိုမှမဟုတ်ရင် လူချမ်းသာတွေ ဒီနေရာကို ဘာလို့ ရွေးမှာလဲ..”

တိုနီမှာ ဖုန်းယွီ မည်သည့်အတွက် မေးသည်ကို သိချင်နေပေသည်။

ဖုန်းယွီ မည်သည့်အတွက် မေးရသနည်း။ ဤသည်မှာ မြေကွက်ကြီးများ ဖြစ်ပြီး အိမ်များကို သေသေချာချာ ပြန်လည် မွမ်းမံထားပြီး ဈေးနှုန်းမြင့် ပရိဘောဂများအားလုံး ပါဝင်ပေသည်။ ထိုအိမ်ခြံမြေများ မည်သည့်အတွက် ဤမျှ ဈေးပေါနေသနည်း။

ဤနေရာတွင် မြေလွတ်မြေရိုင်း အိမ်ခြံမြေများဖြစ်ကာ တရုတ်နိုင်ငံထက် အလွန်ဈေးသက်သာနေပေသည်။ အမေရိကန်တွင် လူဦးရေနည်းသည့်အတွက်ကြောင့် မြေဈေးသက်သာနေသည်လော။

ဖုန်းယွီ လှည့်၍ ဝီလ်စင်ကို ကြည့်လိုက်သည်။ ဖုန်းယွီသည် အမေရိကန်တွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်မည်ဟု ဝီလ်စင် ကြားရသည့်အတွင် ဖုန်းယွီအား ကူညီရန် ရောက်နေခြင်းဖြစ်သည်။

ဖုန်းယွီအတွက် တစ်နှစ်အလုပ်လုပ်ခြင်းမှ ဝင်ငွေသည် ဝီလ်စင်၏ ယခင်(၃)(၄)(၅)နှစ် လုပ်ရသည့် ဝင်ငွေနှင့် ညီမျှ ပေသည်။ ဝီလ်စင်သည် ဖုန်းယွီအတါက် အလုပ်ဆက်လုပ်ပါက (၁၀)နှစ် စော၍ အနားယူနိုင်ပေသည်။

ဝီလ်စင်သည် ဖုန်းယွီအနားကပ်ကာ တိုးတိုးလေးဖြင့်..

“မစ္စတာဖုန်း.. ဈေးအရမ်းပေါနေလို့လား.. အမေရိကန်မှာ ပိုင်ဆိုင်မှုတန်ဖိုးရဲ့ (၁.၁)ရာခိုင်နှုန်း အိမ်ခွန်ဆောင်ရမယ်.. တစ်ရက် နောက်ကျပြီး အိမ်ခွန်မဆောင်နိုင်တာနဲ့ ပိုင်ဆိုင်မှုတွေ အကုန် သိမ်းသွားမှာပဲ.. ဒီကာလအတွင်း ပိုင်ဆိုင်မှုတွေ ပြန်ရောင်းလို့မရဘူး.. ပိုင်ရှင်က အခွန်ဆောင်မယ်ဆိုရင် ပိုင်ဆိုင်မှုအပေါ်မျာ အခွန်ဆောင်ရလိမ့်မယ်.. အိမ်ခြံမြေ တန်ဖိုး တိုးလာတာနဲ့အမျှ အခွန်ငွေ တိုးလာလိမ့်မယ်..”

ဤသည်က အကြောင်းပြချက်ပင်။ ပိုင်ဆိုင်မှု သိမ်းလိုက်သည့်အခါ ယခင်က ပေးဆောင်ခဲ့သည့် အခွန်ငွေများကို ပြန်အမ်းရမည် မဟုတ်လော။ အခွန်မှာ တရုတ်ထက် အများကြီး ပိုပေသည်။ အိမ်ခြံမြေ တန်ဖိုး တိုးလာသည်နှင့် ပေးဆောင်ရမည့် အခွန်များသည် နောက်ထပ် အိမ်ခြံမြေ ဝယ်ရန်လုံလောက်သည်အထိ ဖြစ်ပေလိမ့်မည်။

သို့ရာတွင် ဖုန်းယွီသည် ထိုအိမ်ခြံ (၂)ခုစလုံးကို ဝယ်ယူကာ ပေါင်းစည်းရန် ဆုံးဖြတ်လိုက်သည်။ ကျိမ်စာသင့် အိမ်ကို ဖြိုချကာ ပြန်လည် တည်ဆောက်နိုင်ပေသည်။

“အိမ်(၂)လုံးစလုံး လိုချင်တယ်..”

--------**$$^$$**--------

All Chapters