သတင်းမှ ကြော်ငြာနှင့် လက်တွေ့ဘဝ
Vol. 51 Ch. 763
တိုနီသည် သူ့အတွက် ကံကောင်းသည့် နေ့တစ်နေ့အဖြစ် ခံစားလိုက်ရသည်။ ထိုကျိမ်စာသင့်အိမ်ကိုပါ တရုတ်မှ မစ္စတာဖုန်း ဝယ်ချင်နေပေသည်။
တိုနီသည် အိမ်နှစ်လုံးစလုံးမှ ရရှိမည့် ကော်မရှင်ခကို စိတ်ဖြင့်တွက်ချက်ရင်း ပျော်နေပေသည်။ အမေရိကန်တွင် အိမ်ခြံမြေ ပွဲစားများသည် ထိုအိမ်ခြံမြေ၏ (၆)ရာခိုင်နှုန်း ကော်မရှင်ခ ရကြသည်။
သို့ရာတွင် တိုနီသည် သူ့ကော်မရှင်ထဲမှ တစ်ချို့တစ်ဝက်ကို သူ့ကုမ္ပဏီထံ ပြန်လည်လွှဲပြောင်း ပေးရမည်ဖြစ်ပြီး နောက်ဆုံးတွင် (၃.၄)ရာခိုင်နှုန်းခန့် ရပေလိမ့်မည်။ သူ၏ ကုမ္ပဏီမှ ထိုကျိမ်စာသင့်အိမ်ကို အမြန်ဆုံး ရောင်းထုတ်ချင် နေသဖြင့် ထိုအိမ်အတွက် (၅.၅)ရာခိုင်နှုန်း ရရှိမည် ဖြစ်သည်။
တိုနီသည် အိမ်(၂)လုံးစလုံးမှ ကန်ဒေါ်လာ (၄၀၀၀၀)ခန့် ရရှိမည် ဖြစ်သည်။ ဤလမှာ ယခုနှစ်အတွက် အကောင်းဆုံးလ ဖြစ်ပေတော့သည်။
ဖုန်းယွီသည် ရက်ရောလွန်းပေသည်။ သူသည် အိမ်များကို တစ်ကြိမ်သာ မြင်ဖူးပြီး နာရီဝက်အတွင်း ဝယ်ရန် ဆုံးဖြတ်လိုက်သည်။ ဖုန်းယွီကဲ့သို့သော ဝယ်သူမျိုးအား တိုနီအနေဖြင့် ပထမဆုံး တွေ့ဆုံဖူးခြင်း ဖြစ်တော့သည်။
“မစ္စတာဖုန်း.. ကျုပ် စာချုပ်တွေ ယူလာပေးပါ့မယ်..”
တိုနီသည် သူ့ကားဆီသို့ အပြေးလေးသွားပေတော့မည်။
“ခနလေး..”
ဝီလ်စင်သည် တိုနီအား တားလိုက်သည်။ ထို့နောက် ဆက်လက်၍..
“ကျုပ်တို့ ဒီရပ်ကွက်ကို ပြောင်းတော့မယ်ဆိုရင် နေအိမ်ခွင့်ပြုချက် လိုသေးတယ်ဆိုတာ မှတ်မိတယ်မို့လား..”
ဖုန်းယွီ အံ့ဩသွားမိသည်။ မည်သို့နည်း။ အိမ်ဝယ်ကာ မပြောင်းရွှေ့မီ အခြားသူ တစ်ယောက်ထံမှ ခွင့်ပြုချက် တောင်းခံရသေးသည်လော။
ပေါက်ကရ ပြောနေခြင်းမျိုး မဟုတ်ချေ။ အမေရိကန်တွင် ရပ်ကွက်အတွင်းရှိ နေထိုင်သူများသည် အခြားလူများ ဝင်ရောက်ခြင်းကို တားမြစ်ခွင့် အာဏာရှိပေသည်။ အမေရိကန်တွင် မိမိအိမ်အောက်မှ ရေနံတွေ့ရှိပါက မိမိ ပိုင်ပေသည်။
သို့ရာတွင် ရေနံဆိုသည်မှာ မြေမျက်နှာပြင်အပေါ်တွင် ရှာတွေ့ရန် ခက်ခဲပေသည်။ ရှိလျှင်သော်မှ ရေနံ ထုတ်မယူမီ အစိုးရနှင့် ဒေသခံများ၏ ခွင့်ပြုချက် လိုနေသေးသည်။
ပုံမှန်အခြေအနေအရ မိမိ ဘေးအိမ်တွင် ရေနံတွင်း ရှိမည်ကို မည်သူ လိုချင်မည်နည်း။
ဤသည်မှာ ကြေငြာစာ တစ်ခုသာ ဖြစ်သည်။ လူတစ်ယောက်သည် မိမိနေအိမ် နောက်ဖေးတွင် ရေတွင်းတူးလျှင်ပင် ပတ်ဝန်းကျင် နေထိုင်သူများ၏ ခွင့်ပြုချက် အရင်ရယူရပေလိမ့်မည်။ အကြောင်းပြချက်မှာ မြေအောက်ရေသည် လူတိုင်းပိုင်ဆိုင်သောကြောင့် ဖြစ်သည်။
မြေပေါ်မြေအောက် အရာအားလုံးကို ပိုင်ရှင်မှ ပိုင်သည်ဆိုသည်မှာ ဆိုရိုးစကားမျှသာ ဖြစ်သည်။ မိမိ ပိုင်ဆိုင် ကြောင်း ပြချင်သည်လော။ ထိုသို့ပြ၍ မကြာမီ အာဏာပိုင်များမှ ကော်ဖီသောက်ရန် လာရောက် ဖိတ်ခေါ် ပေလိမ့်မည်။ အိမ်နီးချင်းများမှ အချိန်မရွေး တရားစွဲဆိုနိုင်ပေသည်။
အများစုမှာ အိမ်နီးနားချင်းများသည် ပိုင်ရှင်နျင့် စကားမပြောဘဲ ရဲစခန်းသို့ရာ တိုက်ရိုက် ဖုန်းဆက်ကြပေလိမ့်မည်။
အထူးသဖြင့် ပိုင်ရှင်အသစ်သည် ဒေသခံမဟုတ်ကြောင်း တွေ့ရသည့်အခါဖြစ်သည်။ ဒီမိုကရေစီနိုင်ငံဟု ဆိုသော်လည်း အမေရိကန်တွင် ခွဲခြားဆက်ဆံမှုများ ရှိနေဆဲ ဖြစ်ကြောင်း အများစု သိကြပေသည်။
တိုနီသည် ဝီလ်စင်ကို ကြည့်လိုက်သည်။ ထိုလူသည် ဥပဒေနှင့် စည်းမျဉ်းများ သိနေပေသည်။ ရှက်ပြုံးပြုံးကာ..
“မစ္စတာဖုန်း.. ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး.. ဒေသခံအားလုံးကို ကျုပ်ပြောလိုက်ပါ့မယ်..”
ဝီလ်စင် ဝင်၍ ပြောလိုက်သည်။
“ဒီက ဒေသခံတွေကို စည်းရုံးပြီးမှ မစ္စဖုန်း စာချုပ်တွေမှာ လက်မှတ်ထိုးပါလိမ့်မယ်..”
ဖုန်းယွီမှာမူ ဝီလ်စင်ကို သူနှင့်အတူ ခေါ်လာသည်မှာ မှန်သွားကြောင်း ခံစားလိုက်ရသည်။ အနောက်တိုင်း နိုင်ငံများတွင် ရှေ့နေများ ဤမျှ ငွေရှာနိုင်သည်မှာ အံ့ဩစရာမရှိချေ။ ဥပဒေနှင့် စည်းမျဉ်း အလွန်များပေသည်။
“ဘာဖြစ်လို့လဲ.. ခင်ဗျားတို့ အဲလို လုပ်လို့မရဘူးလေ.. မစ္စတာဖုန်း.. ခင်းဗျားမှာ တခြား အိမ်ခြံမြေ ပွဲစားတွေ ရှိသေးတယ်ဆိုတာ ကျုပ်မှတ်မိပါတယ်.. သူတို့နဲ့ ဆက်သွယ်ပြီး အရောင်းအဝယ်လုပ်ချင်လို့လား..”
ဖုန်းယွီ ဒေါသထွက်သွားသည်။ ထိုပွဲစား မိုက်ရိုင်းလွန်းပေသည်။ ဤသို့သော အရေးအကြီးဆုံးအချက်ကို ဖုံးကွယ် ထားချင်သည်လော။ မိမိဝယ်ထားသည့် အိမ်သို့ မရွှေ့ပြောင်းနိုင်ပါက မည်သည့်အတွက် အရင်ဝယ်ရမည်နည်း။ အခွန် ပိုပေးရအုံးမည်လော။
“ခနလေးပါ.. မစ္စတာဖုန်း ကျေးဇူးပြုပြီး ခနလေးစောင့်ပါ.. ဒီနေ့ နေ့လည် ပေးမယ်ဆို ရမလား.. ဒေသခံတွေကို ငါသေချာ ပြောပါ့မယ်.. ငါ့ဦးလေးက ဒီနေရာမှာ ရပ်ရွာ ကိုယ်စားလှယ်ပါ..”
ဤနေရာတွင် ရပ်ရွာ ကိုယ်စားလှယ် ရှိနေသည်လော။
အမေရိကန် ပြည်ထောင်စုရှိ ကိုယ်စားလှယ်အများစုသည် အမွေဆက်ခံသည့် စနစ်အဖြစ် ရှိနေကြပေသေးသည်။ ဝန်မခံသည့်တိုင် ဤသည်မှာ အမှန်တရားပင်။ သမ္မတရာထူး အပါအဝင် နိုင်ငံရေး မိသားစုများ နေရာတိုင်းတွင် ရှိပေသည်။ ဘုရှ် မိသားစုကို ကြည့်ရပေမည်။ သမ္မတနေရာအတွက် ဖြစ်နေကာ သာမာန်ပြည်သူများဆိုလျှင် ကိုယ်စားလှယ် ဖြစ်ရန်ပင် အလွန်ခဲယဉ်းပေသည်။ ဤသည်မှ ရှေးက အမေရိကန် မဟုတ်ချေ။
“မင်း ဒီကိစ္စ တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းလိုက်တာ ပိုကောင်းတယ်.. မစ္စတာဖုန်းအတွက် အချိန်က အရမ်း တန်ဖိုးရှိတယ်..”
ဝီလ်စင် ကြားဝင်ပြောလိုက်သည်။
ဖုန်းယွီမှာမူ ဤအိမ်ကွက် (၂)ခုကို အလွန်ကြိုက်နေပေသည်။ ဤနေရာသည် မိုက္ခရိုဆော့ဖ်ရုံးချုပ်သို့ တစ်နာရီခန့် ကားမောင်းသွားရကာ၊ လုံခြုံရေး ကောင်းသည့် ရပ်ကွက် တစ်ခု ဖြစ်ပေသည်။
သို့ရာတွင် ဖုန်းယွီသည် ထိုအိမ်များကို ဝယ်ယူပြီး ပြောင်းရွှေ့ မနေနိုင်ပါက မည်သို့မှ အသုံးမဝင်ချေ။
“ဝီလ်စင် .. မင်း သူနဲ့ လိုက်သွားလိုက်.. ငါဒီအိမ် (၂)လုံးစလုံး အရမ်းကြိုက်တယ်..”
ဖုန်းယွီ ဝီလ်စင်ကို ပြောလိုက်သည်။
“မစ္စတာဖုန်း.. အကယ်၍ လိုအပ်လာရင် မိုက္ခရိုဆော့ဖ်က မင်းရဲ့ ရာထူးကို ငါထုတ်ပြလိုက်လို့ရမလား.. ဒါမှမဟုတ် မိုက္ခရိုဆော့ဖ်မှာ အထက်တန်း စီမံခန့်ခွဲမှု ရာထူးလို့ ဟိုလူတွေကို ပြောလို့ရမလား..”
ဖုန်းယွီသည် မိုက္ခရိုဆော့နှင့် အလုပ်လုပ်နေကြောင်း ဒေသခံများ သိသွားပါက ကန့်ကွက်မှု နည်းသွားပေလိမ့်မည်။ အကယ်၍ ဤသည်က အလုပ်မဖြစ်လျှင် ဘီလ်ဂိတ်ကဲ့သို့သော လူများကိုသာ အကူအညီ တောင်းရပေတော့မည်။
သို့ရာတွင် ဖုန်းယွီမှာမူ ထိုသို့သော အသေးအမွှားကိစ္စရပ်တစ်ခုအတွက် ဘီလ်ဂိတ်အပေါ် အကြွေးမတင်လိုချေ။ ထိုသို့ ဖြစ်ပါက ဤအိမ်ခြံမြေများ ဝယ်တော့မည် မဟုတ်ချေ။
“ကောင်းပြီလေ.. တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်..”
ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။ မိုက္ခရိုဆော့ဖ်မှ သူ၏ရာထူးသည် အတော်လေး အသုံးဝင်သေးသည်။ ထိုရာထူးကို အသုံးချ၍ အကျိုးကျေးဇူးများ ပိုရနိုင်ပေသည်။
*********
“ဘာ.. မင်းက အဲ့အိမ်တွေ တရုတ်ကို ရောင်းချင်နေတာလား.. တိုနီ မင်းရူးနေလား.. အဲ့တရုတ်က ချေးငွေတောင် ရနိုင်မှာလား.. ချေးငွေ ပြန်မဆပ်နိုင်ရင် မင်းဂုဏ်သိက္ခာ ထိခိုက်လိမ့်မယ်နော်.. ဒီပတ်ဝန်းကျင်မှာ နေထိုင်သူတွေ သဘောတူမျာ မဟုတ်ဘူး.. ဒီမျာ နေတဲ့သူတွေ ဘယ်လောက် ဂွကျတယ်ဆိုတာ မင်းမသိဘူးလား..”
“ဆရာ.. ငါ့သူဌေးက ဟောင်ကောင်က ဆိုတာ အသိလေးပေးချင်ပါတယ်.. ခုနက ပြောစကားမှာ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေ ပါနေပါတယ်.. ငါ့သူဌေးအမိန့်ကို အခြေခံပြောရရင် တရားဥပဒေအရ ခင်ဗျားကို တရားစွဲလို့ ရပါတယ်.. ခင်ဗျားရဲ့ စကားအတွက် တောင်းပန်လိုက်တာ ပိုကောင်းလိမ့်မယ်..”
ဝီလ်စင် အသံမြှင့်ပြောလိုက်သည်။
“တိုနီ.. အဲ့လူ ဘယ်သူလဲ..”
တိုနီ၏ ဦးလေးဖြစ်သူ ရပ်ရွာကိုယ်စားလှယ် ဂျိုး မေးလိုက်သည်။
“ကျုပ်က အမေရိကန်နိုင်ငံ ဘုရင်မ အကြံပေးအဖွဲ့က ဝီလ်စင်ပါ.. ပြီးတော့ မစ္စတာဖုန်းရဲ့ ကိုယ်ရေး ရှေ့နေပါ.. ပြီးတော့ ကျုပ်သူဌေးက ချေးငွေ ယူစရာ မလိုပါဘူး.. ဒီပမာဏလောက်ဆိုတာ ကျုပ်သူဌေးအတွက် ဆိုင်တစ်ခါ ထိုင်လောက်ပါပဲ.. အခု တောင်းပန်လိုက်ပါ..”
ဘုရင်မအတိုင်ပင်ခံ အဖွဲ့ အမည်ဖြင့် ဝီလ်စင်သည် ဂျိုးအား ခိုင်ခိုင်မာမာ ခြိမ်းခြောက်လိုက်သည်။ ဂျိုးမှာ သူပြောသည့် စကားအတွက် တောင်းပန်ရတော့သည်။
“ဝီလ်စင်သည် တိုနီဘက်သို့လှည့်ကာ..
“ဒီပတ်ဝန်းကျင်မှာ ငါ့သူဌေးနေတာက ဂုဏ်ယူစရာ ဖြစ်လိမ့်မယ်.. ငါ့သူဌေးက မိုက္ခရိုဆော့ဖ်မှာ အလုပ်လုပ် နေတာကွ..”
တိုနီ အံ့ဩသွားသည်။ မစ္စတာဖုန်းသည် အမေရိကန် နာမည်ကြီးကျောင်းမှ ဘွဲ့ရ ဖြစ်လောက်ပေသည်။ နိုင်ငံရပ်ခြားမှ တရုတ်ကျောင်းသား အများအပြားသည် အမေရိကန်တွင် အလုပ်သွားလုပ်ကြပေမည်။ ဟောင်ကောင်မှ ကျောင်းသားများသည်လည်း ထို့အတူသာပင်။
“မိုက္ခရိုဆော့ဖ်မှာ ဝန်ထမ်း သောင်းချီရှိတယ်လေ.. အဲ့အထဲမှာ ရာဇဝတ်ကောင်တွေတောင်ပါသေး.. အဲ့လောက်နဲ့ ဒီက ဒေသခံတွေကို စည်းရုံးလို့ မရသေးဘူး..”
ဂျိုးသည် တမင်ပင် အသံမြှင့်၍ ပြောလိုက်သည်။ သူ့တူရှေ့တွင် တောင်းပန်ခိုင်းသဖြင့် နာကျင်နေရဆဲပင်။
“မိုက္ခရိုဆော့ဖ်ရဲ့ ထိပ်တန်း စီမံခန့်ခွဲရေး အမှုဆောင်တွေမှာ ဘယ်သူ ရာဇဝတ်မှု ကျူးလွန်ထားလို့လဲ.. ဘယ်ရပ်ကွက် ကရော မိုက္ခရိုဆော့ဖ်ရဲ့ ထိပ်တန်း အမှုဆောင်တစ်ယောက်ကို ပြောင်းရွှေ့ဖို့ ငြင်းချင်ကြလဲ.. မနေ့ကကို ငါ့သူဌေးက ဘီလ်ဂိတ်နဲ့ နေ့လည်စာ စားထားတာ..”
တိုနီ ဝမ်းသာသွားသည်။ မစ္စတာဖုန်းသည် မိုက္ခရိုဆော့ဖ်မှ ထိပ်တန်း အမှုဆောင် တစ်ယောက်ဖြစ်သည်။ သို့ ဆိုပါက ပြဿနာ မရှိသင့်တော့ချေ။ မည်သူမှ ကန့်ကွက်မည် မဟုတ်ပေ။
ဂျိုးသည်လည်း မျက်ဘုံးများ ပြူးကျယ်သွားသည်။ ထို့နောက် တိုနီအား ဒေါသတကြီးဖြင့် လှမ်းကြည့်လိုက် တော့သည်။ ထိုအရူးသည် ဝယ်သူမှာ မိုက္ခရိုဆော့ဖ်၏ ထိပ်တန်း အမှုဆောင် တစ်ယောက်ဖြစ်ကြောင်း မည်သည့်အတွက် မပြောခဲ့သနည်း။
အကယ်၍ ဂျိုးသည် ဝယ်ယူသူမှာ မိုက္ခရိုဆော့ဖ်မှ ဖြစ်ကြောင်း သိထားပါက မည်သည့် စကားမှ ပြောနေမည် မဟုတ်ချေ။ အကယ်၍ မိုက္ခရိုဆော့ဖ်မှ ထိပ်တန်း အမှုဆောင် တစ်ယောက်နှင့် မိတ်ဆွေဖြစ်နိုင်လျှင် ခရိုင် ကိုယ်စားလှယ် သို့တည်းမဟုတ် မြို့တော်၏ ကိုယ်စားလှယ်အဖြစ်ပင် အခွင့်အရေး ရနိုင်ပေသေးသည်။
“တိုနီ.. ငါမင်းနဲ့ လိုက်ခဲ့မယ်.. မစ္စတာဖုန်း သူ့အိမ်သစ်ကို အမြန်ဆုံး ရွှေ့နေနိုင်အောင် ငါသေချာ လုပ်ပေးရမယ်..”
ဝီလ်စင်မှာ အေးစက်စက်ဖြင့်..
“အဲ့ဒါ အကောင်းဆုံးပဲ… ကျုပ်သူဌေးက သိပ်စိတ်ရှည်တတ်တာမဟုတ်ဘူး..”
--------**$$^$$**--------