လစာများ မြင့်မားခြင်း
Vol. 51 Ch. 765
ထမင်းချက် ရာထူးအတွက် အမေရိကန်သားတစ်ယောက် လူတွေ့မေးမြန်းခံလာပေသည်။ ဖုန်းယွီ မေးခွန်း (၂)ခုသာ မေးလိုက်သည်။ ငါးချိုချဉ် မည်သို့ ချက်သနည်း.. ကောင်ပေါင်ကြက်အား မည်သို့ချက်သနည်း။ တစ်ဖက်လူမှာ မျက်နှာပျက် နေပေပြီ။
ဖုန်းယွီသည် ရီလ်ဖာကို လှည့်ကြည့်လိုက်သည်။ ဤသည်က သူခေါ်လာသည့် တရုတ်စားဖိုမှူးလော။ သူသည် တရုတ်စကားလုံးကိုပင် မသိချေ။ ကောင်ပေါင် ကြက်သားအား ထူထူကြော်မည်လော။ ငါးချိုချဉ်ကို ပင်လယ်ငါးတွေ သုံးဖူးသည်လော။
ထို့နောက် မုတ်ဆိတ်မွေး ဗရဗျစ်နှင့် ဥယျာဉ်မှူး တစ်ယောက်။ ထိုလူသည် ကျွမ်းကျင်သူဟု ထင်ရသော်လည်း မြက်ခင်းကို မည်သို့ရိတ်ရမည်ကိုသာ သိပေသည်။ ပန်းခင်းများ၊ အိမ်နောက်ဖေးရှိ သံပုရာပင်များကိုမူ။
လျှပ်စစ်သမား ဆိုသူမှာ ဝိုင်ယာကြိုးများ ဆက်ခြင်းမှလွဲ၍ ဘာမှ မသိချေ။
ရေကူးနည်းပြနှင့် စောင့်ကြည့် အသက်ကယ်ဆယ်ရေးအတွက် လာရောက်သည်လော။ မိမိ ကိုယ်ပိုင် ရေကူးကန်တွင် အသက်ကယ်ရန် အစောင့်တစ်ယောက် မည်သည့်အတွက် လိုအပ်မည်နည်း။ ရေကန်ကို ရေထုတ်လိုက်ယုံဖြင့် ရနိုင်ပေသည်။
အချိန်ပိုင်း သန့်ရှင်းရေးသမား။ ထိုအမျိုးသမီးမှာ တစ်ပတ်လျှင် တစ်ရက်သာ အလုပ်လုပ်နိုင်ယုံဖြင့် ကန်ဒေါ်လာ (၃၀၀)တောင်ဝံ့သည်လော။ ဘဏ်တွင် သွားရောက် လုယက်မှသာ ရပေလိမ့်မည်။
ဖုန်းယွီ သက်ပျင်းချလိုက်စဉ် ဟင်းနံ့များရလိုက်သည်။ မတ်တပ်ထရပ်ကာ ထမင်းစားခန်းသို့ လျှောက်သါားလိုက်သည်။
“မစ္စတာဖုန်း.. ခဏလေး စောင့်ပေးပါအုံး.. နောက်ထပ် (၅)မိနစ်လေးပါပဲ..”
ငါးချိုချဉ်နှင့် ကောင်ပေါင် ကြက်လော။ စောစောက မိမိပြောသည်ကို ကြားသွားသည်လားမသိပေ။ အလွန် ဉာဏ်ကောင်းပေသည်။ ထိုဟင်း(၂)ပွဲ၏ ရနံ့နှင့် ပြင်ဆင်ထားမှုကပင် မိမိအား ဗိုက်ဆာလာစေသည်။ ကြည့်ရသည်မျာ အလွန် အရသာ ရှိမည်ပုံပင်။
“မစ္စတာဖုန်း.. ထမင်းမရှိပါဘူး.. အဲ့ဒါကြောင့် တရုတ်မုန့် နည်းနည်း လုပ်လိုက်တယ်.. သေချာလေး လေ့လာထား တယ်ဆိုပေမယ့် အရသာတော့ မပြောတတ်သေးဘူး..”
ဖုန်းယွီသည် အမေရိကန်တွင် အချိန်အတော်ကြာနေကာ တရုတ်စားသောက်ဆိုင်များသို့ သွားဖူးပေသည်။ အမေရိကန်ရှိ တရုတ်စားသောက်ဆိုင်များသည် အနောက်တိုင်းဆန်ကာ အရသာ ထူးခြားပေသည်။ သို့ရာတွင် ထိုအစားအသောက်များကို မကြိုက်ချေ။
ဤတရုတ်စုံတွဲသည် တောင်ပိုင်းပြည်နယ်မှဖြစ်ပြီး ဖုန်းယွီတို့နယ်ကဲ့သို့ အစားအစာများ ချက်ပြုတ်နိုင်သည်မှာ ထူးဆန်းပေသည်။ ယနေ့ချက်ထားသည့် ဟင်းလျာမှာ ဈေးမကြီးချေ။
ငါးချိုချဉ်တွင် သုံးသည့်ငါးမှာ ငါးကြင်းဖြစ်သည်။ အမေရိကန်၌ ရေချိုငါး ရှားပါးပေသည်။ အရိုး အလွန်များပေသည်။ ဖုန်းယွီသည် သူ့လူများကို ငါးကြင်းရှာခိုင်းလိုက်သည်။ အထူးသဖြင့် သူ့အတွက် ထိုငါးကြင်းကို မွေးမြူရေးကန်များမှ ဖမ်းခိုင်ခြင်းပင်။
အမေရိကန်တွင် ငါးဖမ်းခွင့်ရှိသူများသာ ငါးဖမ်းနိုင်ပြီး လိုင်စင်မှာလည်း တစ်နှစ်လျှင် ကန်ဒေါ်လာ ဆယ်ဂဏန်း ကုန်ကျပေသည်။ ငါးဖမ်းခြင်းတွင်လည်း ကန့်သတ်ချက် အမလွန်များကာ ငါးသည် အလွန်သေးငယ်ပါက ပြန်လွှတ်ပေးရပေသည်။ အမှတ်အသားပါသည့် ငါးကို ဖမ်းမိပါက အစိုးရ အာဏာပိုင်များထံ သတင်းပို့ရမည် ဖြစ်သည်။ ငါးဖမ်းခြင်းကို တားမြစ်သည့် ရာသီများ နှစ်စဉ်ရှိပေသည်။ ဖမ်းနိုင်သည့် အချိန်တွင် တံငါသည်များသည် ငါး(၂)ကောင်သာ သယ်၍ ပြန်လာနိုင်ပေသည်။
သို့အတွက် ထိုငါးကြင်း၏ ဈေးနှုန်းမှာ တရုတ်နိုင်ငံရှိ ငါးကြင်း (၁၀)ကောင်ကျော်ထက် ပိုတန်ပေသည်။ ထိုငါးကြင်းများသည်ပင် ယခုငါးကြင်းထက် ပိုကြီးပေသည်။
သုံးထားသည့် အမဲသားနှင့် ကြက်သားသည်လည်း အကောင်းဆုံးဖြစ်သည်။ ဟင်းသီးဟင်းရွက်များကိုမူ ဝေါမတ်မှ အလတ်ဆတ်ဆုံး ဟင်းသီးဟင်းရွက်များ ဖြစ်သည်။ တရုတ်အစားအစာများတွင် သုံးသည့် ဟင်းခတ် အမွှေးအကြိုင် အများအပြားကို ကုန်တိုက်များတွင် ရှာမတွေ့ရချေ။ ရီလ်ဖာသည် ထိုဟင်းခတ် အမွှေးအကြိုင်များကို တရုတ် ကုန်တိုက်မှ ရခဲ့ခြင်းဖြစ်ပြီး ဆေးအလွန်ကြီးပေသည်။
ပုံမှတ် ထုတ်ကုန်များနှင့် ယှဉ်ပါက ဈေးကြီးသည်ဟု မှတ်ယူရပေလိမ့်မည်။ ဖုန်းယွီအနေဖြင့်မူ မပြောပလောက်ချေ။
ဖုန်းယွီ ထမင်းစားပြီးသည့်အခါ ထိုအမျိုးသမီး မရှိတော့ကြောင်း သတိထားမိလိုက်သည်။ ရီလ်ဖာကို တစ်ချက် ကြည့်လိုက်သည်။ ရီလ်ဖာသည် ဧည့်ခန်းသို့ လက်ညှိုးထိုးပြမှသာ ထိုအမျိုးသမီးသည် အိမ်စောင့် လုပ်နေသည်ကို ဖုန်းယွီ တွေ့လိုက်ရသည်။
ထိုအမျိုးသမီးသည် အလွန်အလုပ်ကြိုးစားပေသည်။ ဖုန်းယွီသည် ထိုအမျိုးသမီးကို ထမင်းချက်အဖြစ် ငှားရမ်းသင့် ကြောင်း ခံစားလိုက်ရသည်။ ထိုအမျိုးသမီး၏ ချက်ပြုတ်နည်းကို တရုတ်နိုင်ငံရှိ စားသောက်ဆိုင် စားဖိုမှူးများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သာမာန် အိမ်ရှင်မများနှင့် နှိုင်းယှဉ်ပါက ကျွမ်းကျင်သူဟု ပြော၍ ရနိုင်ပေသည်။ ယခင်က စားသောက်ဆိုင် ဖွင့်ဖူးသည် ဆိုသည်မှာ လိမ်ပြောဟန်မပေါ်ချေ။ ဖုန်းယွီသည် လစာ မည်မျှ လိုချင်ကြောင်း မေးရန်သာ ဆုံးဖြတ်လိုက်သည်။
ဖုန်းယွီသည် ဥယျာဉ်ဆီသို့ လှမ်းကြည့်လိုက်သည်။ ဖုန်းယွီနှင့် ရီလ်ဖာ ထွက်ကြည့်သည့်အခါ ရီလ်ဖာမှာ အံ့ဩသွားသည်။ လူတစ်ယောက်သည် ဤမျှ မြန်ဆန်စွာ မည်သို့ လုပ်နိုင်လိုက်သနည်း။
မြက်ခြောက်များ၊ သစ်ရွက်ခြောက်များဖြင့် ပြည့်နေသည့် ဥယျာဉ်ကို ရှင်းလင်းကာ မြက်ရိပ်နေပေသည်။ တစ်နေရာလုံး သန့်ရှင်းနေပေသည်။ အရေးအကြီးဆုံးမှာ ခြံစည်းရိုးနားမျ ပန်းခင်းများကို သပ်သပ်ရပ်ရပ် လုပ်ထားခြင်းပင်။ ပန်းပွင့်များသည် ကျန်းမာရေးနှင့် မညီညွတ်သော်လည်း မြေဆီလွှကောင်း ဖြစ်စေပေသည်။ ထိုလူ မြန်လွန်းပေသည်။ မည်သည့်အတွက် ဤမျှ မြန်နိုင်ရသနည်း။
“မစ္စတာဖုန်း.. သံပုရာပင်တွေက အသီးသီးနေပြီ.. အခုနေ ကိုင်းခုတ်လို့ မကောင်းဘူး.. လောလောဆယ် ကျုပ်ဒီလောက်ပဲ လုပ်နိုင်တယ်.. (၂)လလောက်သာ စောလိုက်ရင် ဒီထက် ပိုကြည့်ကောင်းပြီး အသီးတွေတောင် ပိုသီးနိုင်သေးတယ်.. အခု ရေကန်သန့်ရှင်းရေးသွားလုပ် လိုက်အုံးမယ်.. တစ်နာရီလောက်ပဲ ကြာမယ်လို့ ကတိပေးတယ်ဗျာ..”
“မလိုတော့ဘူး..”
ဖုန်းယွီ သူ့လက်ကို ယမ်းကာ တားလိုက်သည်။
ထိုလူ အထိတ်တလန့် ဖြစ်သွားကာ..
“မစ္စတာဖုန်း.. ကျုပ်အရမ်းနှေးလို့လား.. နောက်တစ်ခါဆို ကျုပ်ဒီထက် ပိုမြန်အောင် ကြိုးစားပါ့မယ်.. ဒီဥယျာဉ်က အချိန်အတော်ကြာအောင် ထိန်းသိမ်းမှု လွတ်ထားလို့ပါ.. အပင်တွေကလဲ အသီးတွေ သီးနေပြီလေ.. ကျုပ်တောင်း ထားတဲ့ လစာက အရမ်းနည်းပါတယ်ဗျာ.. တကယ်ပါ..”
“လန့်နေစရာ မလိုပါဘူး.. ကျုပ်အခုပြောတာက ခင်ဗျားရဲ့ လုပ်ရည်ကိုင်ရည်ကို သဘောကျတယ်.. အထဲ အရင်ဝင်လိုက်အုံး.. ခင်ဗျားရဲ့ လစာအကြောင်း ပြောရအောင်.. ကျုပ် မေးဖို့တောင် မေ့နေတယ်.. ခင်ဗျားတို့နှစ်ယောက်လုံးကို ဘယ်လိုခေါ်ရမလဲ..”
ထိုလူခမျှာ အလွန် ဝမ်းသာသွားသည်။
“မစ္စတာဖုန်း.. ကျုပ်နာမည် ထိုက်တာ့ကျွင်းပါ.. အဘိုးကြီး ထိုက်လို့ ခေါ်ချင်ခေါ်ပေါ့.. ကျုပ်မိန်းမက ကျောက်အိုက်ယင် လို့ခေါ်ပါတယ်.. သူ့ကိုလဲ အဖွားကျောက်လို့ ခေါ်လို့ရပါတယ်..”
ဖုန်းယွီ ရီလ်ဖာအား တစ်ချက်လှည့်ကြည့်လိုက်သည်။ ရီလ်ဖာသည် ဖုန်းယွီအား ကပ်၍ တိုးတိုးလေးဖြင့်..
“သူတို့တွေ အရင်အလုပ်က တစ်လကို ဒေါ်လာ(၆၀၀)ရတယ်.. စားစရာ နေစရာ ပေးရတယ်..”
ဒေါ်လာ (၆၀၀)ဟူသည်မှာ ယွမ်(၅၀၀၀)လောက် ရှိပေသည်။ တရုတ်နိုင်ငံတါင် ဥယျာဉ်မှူး တစ်ယောက်၏ လစာမှာ ယွမ်(၅၀၀)ထက် မပိုချေ။ အိမ်စောင့် တစ်ယောက်၏ လစာမှ ယွမ်(၃၀၀)ခန့်သာ ဖြစ်သည်။ ဤမျှကြီးသည့် အိမ်ဆိုဖြစ်လျှင်ပင် တရုတ်ပြည်တွင် ဤမျှလောက် လစာများ ရမည်မဟုတ်ချေ။ ထိုစုံတွဲမှာ အမှန်တကယ် ကြီးကြီးမားမား အကျိုးအမြတ်ရရေးအတွက် ဤနေရာသို့ လာနေခြင်း ဖြစ်သည်။
“အချိန်ပြည့် ထိန်ထိန်းနဲ့ ဥယျာဉ်မှူးရဲ့ လစာ ဘယ်လောက်ရှိလဲ..”
“အခု ပိုင်ဆိုင်မှု အရွယ်အစားနဲ့ ဆီးယက်တဲလ် မှာ ပျမ်းမျှလစာအပေါ် မူတည်ပြီး တွက်ရရင် သူတို့လစာက ကန်ဒေါ်လာ (၁၂၀၀)ကျော် လောက် ဖြစ်သင့်တယ်..”
လစာများ ဤမျှ မြင့်မားသည်လော။ သို့ရာတွင် ထိုနှစ်ယောက်သည် အမှန်တကယ် ကြိုးစားပေသည်။ ထို့အပြင် တစ်ပတ်လျှင် တစ်ကြိမ် အလုပ် လုပ်ချင်သူပင် သူ့လစာကို ကန်ဒေါ်လာ (၁၂၀၀)တောင်းပေသည်။ ကန်ဒေါ်လာ (၁၂၀၀) ဆိုသည်မှာ ဖုန်းယွီအတွက် သေးငယ်သော ပြောင်းလဲမှု တစ်ခုကဲ့သို့ပင်။
အမေရိကန်တွင် ထိုအလုပ်သမားများ၏ လစာ အရမ်းများပေသည်။ တစ်ခါတစ်ရံတွင် ထိုအလပ်သမားများသည် ရုံးဝန်ထမ်းများထက် ပိုရနိုင်ပေသည်။ သို့ရာတွင် အလုပ်ရှင်များမှ သူတို့၏ စွမ်းဆောင်ရည်ကို ကျေနပ်စေရပေမည်။ သို့မဟုတ်ပါက ထိုမျှ ပေးလိမ့်မည် မဟုတ်ချေ။
“အဘိုးကြီး ထိုက်.. အစ်မကြီးကျောက် အခု ခင်ဗျားတို့ နေတဲ့ လိပ်စာ ပေးလို့ရမလား..”
“ရပါတယ်.. ရပါတယ်..”
အဘိုးကြီး ထိုက် ခပ်သွက်သွက်ပင် ဖြေလိုက်သည်။
“ခင်ဗျားတို့ လစာ ဘယ်လောက် မှန်းထားလဲ..”
“အရင်ကတော့ ကန်ဒေါ်လာ (၆၀၀)ရပါတယ်.. အခု ဒေါ်လာ(၅၀၀)ဆိုရင်တောင် လက်ခံချင်ပါတယ်..”
အဘိုးကြီးထိုက်မှာ ဖုန်းယွီ မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရသည်။ ဖုန်းယွီ သဘောမတူမှာ ကြောက်၍ သူ၏ မျှော်မှန်းလစာကိုပင် အမြန်လျှော့ချလိုက်သည်။
“ကောင်းပြီလေ.. ရီလ်ဖာက.. ဒီဒေသရဲ့ လစာနှုန်းထားပေါ်မူတည်ပြီး သူတို့တွေ ဒေါ်လာ (၁၂၀၀)ကျော် ရသင့်တယ်လို့ ပြောဖူးတယ်.. ဒီတော့ ဒေါ်လာ (၁၂၀၀)လို့ပဲ သတ်မှတ်လိုက်တာပေါ့.. ခင်ဗျားတို့ စွမ်းဆောင်ရည် ပေါ်မူတည်ပြီး အပိုဆုကြေး ကျုပ်ပေးမယ်.. ဒီငွေအမောင့်ဆို ခင်ဗျားကျေနပ်ရဲ့လား..”
ဖုန်းယွီသည် ထိုလင်မယားကို ယခုထက်ပိုမပေးနိုင်ချေ။ မည်သို့ပင်ဖြစ်စေ အခြားသူများအား ငှားရမ်းလျှင်လည်း ထိုမျှ ပေးရမည်ပင်။ ကိုယ့်နိုင်ငံသူ နိုင်ငံသားများကိုသာ ထိုလစာ ပေးလိုက်ပေမည်။
“မစ္စတာဖုန်း.. အရမ်းများပါတယ်.. ကျုပ်တို့ကို အဲ့လောက်ထိ ပေးစရာမလိုပါဘူး..”
အဘိုးကြီးထိုက် ပြန်ဖြေလာသည်။
“ခင်ဗျားတို့(၂)ယောက် ဒီလစာ ကျေနပ်ရင် ကျုပ်တို့ ရှေ့ဆက်တာပေါ့.. မနက်ဖြန် ခင်ဗျားတို့ အလုပ်ပါမစ်အတွက် ရီလ်ဖာ လာခေါ်လိမ့်မယ်.. ကျုပ် ပြန်မလာဖြစ်ရင် လှမ်းအကြောင်းကြားမယ်.. အလုပ်နားရက်တွေမှာ ခင်ဗျားတို့ သား(၂)ယောက် လာလည်လို့ရတယ်.. လာလည်မယ်ဆိုရင်တော့ ကျုပ်ကို ကြိုသတင်းပို့ပါ.. ဧည့်ခန်းမှာ နေလို့ရတယ်.. အော်.. ခင်ဗျားတို့ (၂)ယောက် မနက်ဖန် နေရမယ့် အခန်း သွားရွေးကြ.. ကျုပ်အိပ်ခန်းနဲ့ စာကြည့်ခန်းကလွဲရင် ကြိုက်တဲ့အခန်း ရွေးလို့ရတယ်..”
“ကျေးဇူးတင်ပါတယ်.. မစ္စတာဖုန်း…”
ဖုန်းယွီသည် သ့လက်များ ခါပြကာ ဝတ္ထုဖတ်ရန် စာကြည့်ခန်းဘက်သို့ တက်သွားတော့သည်။ သူ့ထံ စာရေးရန် အချိန်ကျပြီ မဟုတ်ပေလော။
ငါးချိုချဉ်…….။
--------**$$^$$**--------