← Chapters

လျှို့ဝှက်ချက်

Vol. 017 Ch. 1658

လျှို့ဝှက်ချက်

Vol. 017 Ch. 1658

ဤနေရာမှ အခက်အခဲများက ဖြေရှင်းပြီးခဲ့ပြီ ဖြစ်သည်။ သို့သော် တိုက်ပွဲကွင်းပြင်က ဖရိုဖရဲ ဖြစ်နေသည်။ ရန်ဟောင်များစွာက မတူညီသော တိုက်ပွဲများကို ဆင်နွှဲနေကြသည်။ ပျက်စီးခြင်းမြို့တော်တစ်ခွင်တွင် ကြောက်မက်ဖွယ် မုန်တိုင်းက လွှမ်းခြုံထားသည်။

အောက်ဘက်မှ ရပ်နေသည့် လူအုပ်သည်ပင် မုန်တိုင်း၏ ပြင်းထန်မှုကို ရှင်းလင်းစွာ ခံစားမိကြသည်။

ထိုအခိုက်အတန့်တွင် အင်အားစုအမျိုးမျိုးမှ တန်ခိုးရှင်များက မတူညီသည့် အမူအရာများနှင့် ရှိနေကြသည်။ သူတို့အားလုံးတွင် အတွေးအမျိုးမျိုး ရှိနေခဲ့သည်။

ရှန်းကလန်မှ တန်ခိုးရှင်များသည် တစ်ချိန်လုံး ဘေးမှ စောင့်ကြည့်နေခဲ့ကြသည်။ သူတို့သည် ရီဖူရှင်းက ဤအခြေအနေအောက်တွင် အခက်အခဲကို ဖြေရှင်း၍ အရေးသာသည့် အနေအထား ရောက်သွားမည်ဟု မထင်မိခဲ့ကြပေ။ သူတို့သည် အစကနဦးတွင် ရီဖူရှင်းထံမှ ဝိညာဥ်လက်နက်များကို ရယူနိုင်လိမ့်မည်ဟု ထင်မိခဲ့ကြသော်လည်း ယခု အခြေအနေအရ မဖြစ်နိုင်တော့ပေ။

ရီဖူရှင်းသည် ထျန်းရှန်ကျောင်းတော်နှင့် အင်ပါယာနန်တို့၏ အကူအညီကို ရယူခဲ့သည်။ သူတို့ ရှန်းကလန်ထို အချိန်က ရှေ့မထွက်သလို မကန့်ကွက်နိုင်ခဲ့ပေ။ အခြေအနေအားလုံးက ထိုသို့ဖြစ်သွားရာ သူတို့က ထျန်းရှန်ကျောင်းတော်နှင့် အင်ပါယာနန်ကို ဆန့်ကျင်ရန် မလိုအပ်ပေ။ သူတို့ ရှန်းကလန်က ရီဖူရှင်းနှင့် အမှန်တကယ် ရင်ဆိုင်လိုပါက သူတို့ မရောက်နိုင်သည့် နေရာမရှိသလို ရီဖူရှင်းပြေးရန် မြေလည်း ရှိမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က ယခု အခြားအင်အားစုများကို ဆန့်ကျင်ရန် မလိုအပ်ပေ။

ထိုအချိန်တွင် ကောင်းကင်မှ လေဟာနယ်နတ်အလင်းများ ကျဆင်းလာသည်။ အဆုံးမဲ့ ရွှေရောင်အလင်းများက အထက်မှ ဆင်းသက်လာ၏။ ထို့နောက် ကောင်းကင်ထက်တွင် မတ်တပ်ရပ်နေသည့် ပုံရိပ်များ ပေါ်ပေါက်လာသည်။

ဤလူစုများကြားတွင် လူတိုင်းက ရန်ဟောင်အဆင့်များ ဖြစ်ကြသည်။ သူတို့၏ အရှိန်အဝါက ကြောက်မက်ဖွယ်ပင် ဖြစ်၏။ သူတို့ ခေါင်းဆောင်၏ အရှိန်အဝါမှာ ပို၍ပင် နက်နဲလှသည်။

“အင်ပါယာ၏ကိုယ်စားလှယ်တော် ကို ဂါရဝပြုပါတယ်။” လူအများက လက်သီးများဆုပ်ထပ်ကာ အရိုအသေပြုရင်း ပြောလိုက်ကြ၏။ ရောက်ရှိလာသည့် လူစုမှာ ဗဟိုအင်ပါယာဘုံ လေဟာနယ်တော်ဝင်နန်းတော်မှ လူများ ဖြစ်ပေသည်။

လေဟာနယ်တော်ဝင်နန်းတော်မှ နန်းတော်သခင်သည် သူ၏ ခေါင်းကိုမော့ကာ ဝေ့ဝဲကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အဆုံးမဲ့လေဟာနယ်ကို ထိုးဖောက်နေသည်။ သူသည် အရှင်ထိုက်ရွှမ်နှင့် ရွှေရောင်နတ်ပြည်ထောင် ဘုရင်ကြားမှ တိုက်ပွဲကို မြင်တွေ့ပေသည်။ နန်းတော်သခင်က သာမန်မျှသာ ပြောလိုက်သည်။ “ကိုက်ချန် တော်လောက်ပြီ။”

နန်းတော်သခင်၏ အသံက ကောင်းကင်တစ်ခွင်ကို ချက်ချင်း ထိုးဖောက်လာသည်။ ကောင်းကင်တွင် အရှင်ထိုက်ရွှမ်နှင့် ပြင်းထန်သည့် တိုက်ပွဲဆင်နွှဲနေသော ရွှေရောင်နတ်ပြည်ထောင်ဘုရင်သည် ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။

ကိုက်ချန်ဟူသည်မှာ ရွှေရောင်နတ်ပြည်ထောင်ဘုရင်၏ အမည် ဖြစ်သည်။

ပြည်ထောင်ဘုရင်က အရှင်ထိုက်ရွှမ်ကို လှမ်းကြည့်လိုက်သည်။ သူသည် အရှင်ထိုက်ရွှမ်၏ နတ်ဘုရားတို့ပူဆွေးခြင်းသံစဉ် စွမ်းအားက အလွန် အစွမ်းထက်ကာ လျှို့ဝှက်ဆန်းကြယ်လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ ဤတိုက်ပွဲတွင် အရှင်ထိုက်ရွှမ်သည် သူ၏ တိုက်ခိုက်မှုများကို ဆန့်ကျင်ရပ်တည်နိုင်ပေသည်။

ရွှေရောင်နတ်အလင်းတို့က အောက်သို့ ပျံသန်းလာသည်။ ကိုက်ချန်သည် ဆက်လက်တိုက်ခိုက်ခြင်း မရှိတော့ပေ။ အလွန် လျင်မြန်စွာပင် သူက ပျက်စီးခြင်း မြို့တော်မြေပြင်တွင် ပေါ်ပေါက်လာသည်။ သူ၏ အကြည့်က လေဟာနယ်တော်ဝင်နန်းတော်မှ ကိုယ်စားလှယ်တော်ထံ ရောက်ရှိသွားသည်။

လေဟာနယ်တော်ဝင်နန်းတော်သည် အရှင်ဒွန်ဟောင်၏ တိုက်ရိုက်အမိန့်ပေးမှုအောက်တွင် တည်ရှိသည်။ သူတို့သည်  အင်ပါယာ၏ကိုယ်စားလှယ်တော်များ ကို သိကြသည်။ သူတို့သည် လောကကို စောင့်ကြပ်နေသူများ ဖြစ်ကြသည်။ သူတို့သည် လောက၏ အရေးကိစ္စများတွင် ဝင်ပါခဲကာ ထူးခြားလှသည့် အခြေအနေ၌သာ ထွက်ပေါ်လာတတ်သည်။

မည်သူကမှ လေဟာနယ်တော်ဝင်နန်းတော်ကို မစော်ကားရဲကြပေ။

ဗဟိုအင်ပါယာဘုံ၏ အထွတ်အထိပ်တွင် ရပ်တည်နေသော အင်အားစုများပင်လျှင် လေဟာနယ်တော်ဝင်နန်းတော်ကို ဆန့်ကျင်ရဲခြင်း မရှိကြပေ။

ကိုက်ချန်၏ စီနီယာတစ်ယောက်သည် အရှင်ဒွန်ဟောင်လက်အောက်တွင် တိုက်ရိုက်ခစားရသည်။ သူသည် နတ်စစ်သူကြီးအဆင့် တည်ရှိမှုမျိုး ဖြစ်သည်။ သူ၏ စီနီယာသည် လေဟာနယ်နန်းတော်သခင်ကို သိသည်။ ထို့​ကြောင့် သူသည်လည်း နန်းတော်သခင်ကို သိရှိကာ နှစ်ဖက်လုံးက တွေ့ဆုံဖူးကြသည်။

“အရှင်ဒွန်ဟောင်က နတ်ဘုရားအမွေအနှစ် နယ်မြေ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး နှစ်ငါးဆယ်တစ်ကြိမ် ဖွင့်လှစ်စေခဲ့တယ်။” နန်းတော်သခင်က ပြောလိုက်သည်။ “အဲဒါက မဟာလမ်းစဥ် ဘုံသုံးထောင်ရဲ့ အင်အားစုအမျိုးမျိုးအတွက် ကံကြမ္မာကောင်းတွေ ရှာဖွေဖို့ အခွင့်အရေးတစ်ခု ဖြစ်လာတယ်။ ပြီးတော့ ပါရမီရှင်တွေအတွက် အကျိုးအမြတ်ရစေဖို့လည်း ဖြစ်တယ်။ မင်းတို့အချင်းချင်း လုယက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ မဟုတ်ဘူး။ ဒီတစ်ခေါက်မှာ ကိုက်ချန် မင်း စည်းကျော်သွားခဲ့ပြီ။”

နန်းတော်သခင်၏ စကားလုံးများက ကိုက်ချန်၏ အမူအရာကို ပြောင်းလဲသွားစေသည်။

ကိုက်ချန် သိသလောက်ကို အခြေခံရလျှင် နတ်ဘုရားအမွေအနှစ် နယ်မြေခရီးစဥ် ပြီးဆုံးသည့် အချိန်တိုင်း ပဋိပက္ခများ​က ကျိန်းသေ ဖြစ်ပွားပေသည်။ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားသည့်အချိန် မည်သည့်အခါမှ မရှိခဲ့ပေ။ ဤနှစ်များအားလုံးတွင် လေဟာနယ်တော်ဝင်နန်းတော် ကိုယ်တိုင်လာရန် မဆိုထားနှင့် လေဟာနယ်တော်ဝင်နန်းတော်မှ အခြားသူများလည်း ဝင်ပါခဲ့ဖူးခြင်း မရှိပေ။

ယခု မည်သည့်အတွက် ဝင်ပါရသနည်း။

“နတ်ဘုရားအမွေအနှစ် နယ်မြေ စတင်ဖွင့်လှစ်တဲ့ အချိန်ကတည်းကနေ အင်ပါယာရဲ့ အမွေအနှစ်ကို ချိုးဖျက်နိုင်တာ ဒီတစ်ခေါက်က ပထမဆုံးပဲ။” လေဟာနယ်တော်ဝင်နန်းတော်သခင်က ဆက်ပြောလိုက်သည်။ “သူတို့က ဒီလို ကံကြမ္မာကောင်းကို ကြုံတွေ့ခဲ့ရတာမို့ အနာဂတ်မှာ သူတို့အားလုံး​​က သူတို့ဘုံက အထွတ်အထိပ် ပုဂ္ဂိုလ်တွေ ဖြစ်လာဖို့ အခွင့်အရေး ရှိတယ်။ ကိုက်ချန် ကျုပ်ရဲ့ အကြံပေးချက်ကို လိုက်နာပြီး အကြံအစည်ကို လက်လျှော့လိုက်ပါတော့။”

သူက ရွှေရောင်နတ်ပြည်ထောင်မှ ပြည်ထောင်ဘုရင်ကို ဤနေရာ၌ ရပ်တန့်စေချင်သည်။

ထိုနေရာတဝိုက်ရှိ တန်ခိုးရှင်များ အားလုံးတွင် ထူးဆန်းသည့် အမူအရာတို့ ဖြစ်ပေါ်လာသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ထိုသည်မှာ နတ်ဘုရားအမွေအနှစ် နယ်မြေ၏ လျှို့ဝှက်ချက် ချိုးဖျက်ခံရသောကြောင့် ဖြစ်လေသည်။ ရီဖူရှင်းသည် အရှင်ဒွန်ဟောင်၏ သင်ကြားပေးမှုကို ခံယူရသော ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။

အရှင်ဒွန်ဟောင်က လောကကို လွှမ်းမိုးပြီးနောက် သူသည် အားလုံးသော အင်အားစုများကို ထွန်းတောက်ရန် မျှော်လင့်ခဲ့သည်။ သူတို့ ကြားရသည့် အချက်အလက်ပေါ် အခြေခံရလျှင် ထျန်းရှန်ကျောင်းတော်ကို မြေတောင်မြှောက်ပေးခဲ့ပြီး မဟာလမ်းစဥ် ဘုံသုံးထောင်အတွင်း အကြီးမားဆုံး ကျောင်းတော်ဖြစ်လာရခြင်းမှာ အရှင်ဒွန်ဟောင် လုပ်ဆောင်ပေးခဲ့ခြင်းကြောင့် ဖြစ်လေသည်။ သူသည် နောက်ကွယ်မှနေ၍ အရာအားလုံးကို ထိန်းချုပ်ထားသည်။

ရီဖူရှင်းသည် နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း ​ကောင်းမွန်သည့် ကံတရားကြီးနှင့် ကြုံတွေ့ခဲ့ရကာ အက်ကြောင်းမဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့ကြောင့် လေဟာနယ်တော်ဝင်နန်းတော်မှ တန်ခိုးရှင်များက သူ့ကို ကာကွယ်ရန် ထွက်ပေါ်လာခြင်း ဖြစ်ပြီး ရွှေရောင်နတ်ပြည်ထောင်၏ အပြုအမူတို့ကို ရပ်တန့်ရန် ဖိအားပေးခဲ့သည်။

ရီဖူရှင်းကိုယ်တိုင်ပင်လျှင် လေဟာနယ်တော်ဝင်နန်းတော် ထွက်ပေါ်လာမည်ဟု ထင်မှတ်ထားခြင်း မရှိပေ။ သူသည် လေဟာနယ်တော်ဝင်နန်းတော်အကြောင်း မည်သည့်အရာကိုမှ သိရှိထားခြင်း မရှိပေ။

“ဒါဆို ကျုပ်သားက အချည်းနှီး သေပေးရတော့မှာလား။” ကိုက်ချန်က နန်းတော်သခင်ကို ကြည့်ကာ မေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်နတ်အလင်းများ တောက်ပနေ၏။ သူ၏ ကိုယ်ပိုင်စွမ်းရည်က အလွန် ထူးချွန်သည်။ သူ၏ အစ်ကိုက အရှင်ဒွန်ဟောင်၏ နတ်စစ်သူကြီး ဖြစ်သည်။ လေဟာနယ်တော်ဝင်နန်းတော်သခင်၏ ရှေ့တွင် ရပ်နေသော်လည်း  သူသည် ရွှေရောင်နတ်ပြည်ထောင် ဘုရင်၏ ခန့်ညားထည်ဝါမှု အရှိန်အဝါကို မဆုံးရှုံးခဲ့ပေ။

“ကိုက်ချန်၊ နန်းတော်သခင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “မင်း ဆက်လုပ်ချင်တယ်ဆိုရင် လုပ်နိုင်တယ်။ ဒါက ကျုပ်ရဲ့ တာဝန်မဟုတ်တော့ဘူး။ ဒါပေမယ့် ကျုပ်ကတော့ ဖြစ်ပျက်သမျှကို အစီရင်ခံရမှာပဲ။ အချိန်ကျလာလို့ အရှင်ဒွန်ဟောင်က ဒီအဖြစ်ကို မေးခွန်းထုတ်လာတဲ့အခါ မင်းက ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်ကို ကိုယ်ခံနိုင်ရမယ်။”

ကိုက်ချန်၏ မျက်လုံးများမှ ထက်ရှသည့် အရှိန်အဝါနှင့် အေးစက်သော ရွှေရောင်အလင်းတို့ ထိုးထွက်လာသည်။ သူက ရီဖူရှင်းကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တောက်လောင်နေသော မျက်ဝန်းအစုံဖြင့် ကြည့်လိုက်သည်။

သူ၏ မျိုးဆက်မှ လူငယ်နှစ်ယောက် အသတ်ခံခဲ့ရသည်။ သူတို့သည် သူ၏ အရေးကြီးဆုံး ဆက်ခံသူများ ဖြစ်နေသေးသည်။

သို့သော် လေဟာနယ်တော်ဝင်နန်းတော်သခင်က အမှန်တကယ်ပင် ရီဖူရှင်းကို ကာကွယ်ပေးရန် ရောက်လာခဲ့သည်။ ထိုအဖြစ်မှ ရွှေရောင်နတ်ပြည်ထောင်ဘုရင်ကို သတိပြုမိစေသည်မှာ နတ်ဘုရားအမွေအနှစ် နယ်မြေမှ နတ်လက်နက်များကို ရရှိသူတို့သည် အရှင်ဒွန်ဟောင် လက်အောက်ခံများ၏ အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်ဟူ၍ပင် ဖြစ်သည်။

ပြည်ထောင်ဘုရင်က ရီဖူရှင်းကို သတ်ခဲ့လျှင် အရှင်ဒွန်ဟောင်က သူ့ကို မေးခွန်းထုတ်လာမည် ဖြစ်ကာ ရွှေရောင်နတ်ပြည်ထောင်၏ အုပ်ချုပ်သူတစ်ယောက်အနေနှင့် ပြန်ဖြေရန် ခက်ခဲပေလိမ့်မည်။

ထို့ပြင် ဤအရေးက သူ့အစ်ကိုကိုလည်း ပါဝင်ပတ်သတ်မိစေလိမ့်မည်။

သူက ထိုသို့ တွေးလိုက်သည့်အခါ ရီဖူရှင်းထံ အေးစက်သည့် အကြည့်နှင့် ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

မျက်စိကျိန်းလောက်သည့် အလင်းတန်းက လေဟာနယ်ကို ထိုးဖောက်သွားသည်။ ထိုအလင်းက အလွန် စူးရှလှ၍ ရီဖူရှင်းသည် သူ့မျက်လုံးများကို မှိတ်လိုက်ရသည်။

သူ၏ မျက်လုံးများကို ဖွင့်လိုက်သည့်အခါ ကိုက်ချန်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ဖြစ်သည်။ ကိုက်ချန်က ဒေါသတကြီး ထွက်ခွာသွားခဲ့လေသည်။

သူက ထွက်ခွာသွားသော်လည်း ရီဖူရှင်းထံ ကျရောက်နေသည့် ကိုက်ချန်၏ သတ်ဖြတ်လိုသော အငွေ့အသက်က အားကောင်းစွာ ကျန်ရစ်နေဆဲ ဖြစ်သည်။ ဤကိစ္စသည် လွယ်ကူစွာ ​ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ” ရီဖူရှင်းက လေဟာနယ်တော်ဝင်နန်းတော်သခင်ကို ဦးညွှတ်ကာ ပြောလိုက်သည်။

“အင်း” လေဟာနယ်တော်ဝင်နန်းတော်သခင်က ရီဖူရှင်းကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လူအုပ်ဘက်သို့ လှည့်ကာ ကြည့်၍ ပြောလိုက်သည်။ “မင်းတို့အားလုံး အခု လူခွဲလို့ရပြီ။ နတ်ဘုရားအမွေအနှစ် နယ်မြေက နောက်နှစ်ငါးဆယ်နေရင် တစ်​ကြိမ် ပြန်ဖွင့်ဦးမယ်။”

နတ်ဘုရားအမွေအနှစ် နယ်မြေက နောက်တစ်ကြိမ် ထပ်ဖွင့်ဦးမည်လား။ ထိုစကားကို ကြားသည့်အခါ လူအများ၏ အမူအရာတို့က ထူးဆန်းစွာ ထွက်ပေါ်လာသည်။ သူတို့၏ စိတ်က ပြင်းထန်စွာ လှုပ်ရှားနေခဲ့သည်။ နတ်ဘုရားအမွေအနှစ်နယ်မြေမှ ထွက်ခွာလာခဲ့သူများ၏ စကားအရ အရှင်ဒွန်ဟောင်၏ အမွေအနှစ်က ချိုးဖျက်ခံရပြီး ဖြစ်သည်ဟူ၍ ဖြစ်လေသည်။ နောက်တစ်ကြိမ် ထပ်ဖွင့်မည်ဆိုခြင်းမှာ မည်သည်နည်း။

နတ်ဘုရားအမွေအနှစ် နယ်မြေက အတိအကျ မည်သည့်အရာ ဖြစ်သနည်း။

“သွားကြရအောင်”

ယခုတွင် တိုက်ပွဲကွင်းပြင်မှ အခြားသောတိုက်ပွဲများလည်း ပြီးဆုံးသွားပြီး ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်သည်လည်း ပြန်ဆုတ်ရန် အမိန့်ကို ပေးခံခဲ့ရသည်။ လက်ရှိတွင် အရှင်ထိုက်ရွှမ်နှင့် တိုက်ခိုက်နေသော ရွှေရောင်နတ်ပြည်ထောင်မှ ပြည်ထောင်ဘုရင်သည်လည်း လက်လျှော့သွားပြီဖြစ်ရာ ကောင်းကင်အာဏာစက် ပြည်ထောင်သည် အနိုင်ရရပ်တည်နိုင်ရန် အခွင့်အရေး မရှိတော့ပေ။

သူတို့က ထွက်ခွာသွားရုံသာ တတ်နိုင်ပေသည်။

ထျန်းဟယ်မဟာအကြီးအကဲနှင့် သောမျိုးနွယ်စုမှ တန်ခိုးရှင်များသည် ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်များနောက် မလိုက်သွားဘဲ သူတို့ကို ထွက်သွားခွင့်ပြုလိုက်သည်။

ကောင်းကင်အာဏာစက်ဘုံတွင် ရီဖူရှင်း၏ လက်ရှိလွှမ်းမိုးမှုနှင့် အနာဂတ်၌ ကောင်းကင်အာဏာစက်ပြည်ထောင်သည် ရီဖူရှင်းကို ခက်ခဲအောင်လုပ်ရန် အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်သည် ဤပြဿနာကို ကောင်းစွာ သတိပြုမိပေသည်။ ရီဖူရှင်း ပထမဆုံးအကြိမ် ကျော်ကြားလာသည့် အချိန်သည် ခရမ်းရင့်ကောင်းကင်နန်းတော်၌ ထိပ်တိုက်တွေ့ခဲ့သည့် အချိန်၌ ဖြစ်သည်။ ထိုအချိန်၌ မည်သူကမှ သူ ဤမျှ မြန်မြန်ဆန်ဆန် အစွမ်းထက်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ကြပေ။ ရီဖူရှင်းသည် သူ၏ ပြိုင်ဘက်ကင်းလွှမ်းမိုးမှုနှင့် သူသည် ကောင်းကင်အာဏာစက်ဘုံ၏ လူငယ်မျိုးဆက်များအကြား ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သူသည် ကောင်းကင်အာဏာစက်ဘုံမှ အင်အားစုအမျိုးမျိုးနှင့် အဆက်အသွယ် တည်ဆောက်နိုင်ခဲ့သည်။

ပြည်ထောင်ဘုရင်သည် ဂရုတစိုက်နှင့် ယနေ့ ဖြစ်ပျက်သမျှ အရာရာကို စူးစမ်းလေ့လာနေခဲ့သည်။ ယခု ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ဘုံ၏ နတ်ဆိုးဘုံတွင် အလွန် လွှမ်းမိုးနိုင်စွမ်းရှိနေသည်။ ရီဖူရှင်း ပိုင်ဆိုင်ထားသော ဝိညာဥ်လက်နက်များ၏ အကူအညီနှင့်ဆိုလျှင် သူသည် နတ်ဆိုးဘုံကို အမြင့်ထိ ခေါ်ဆောင်သွားရန် အောင်မြင်ပေလိမ့်မည်။

ပြည်ထောင်ဘုရင်သည် ခရမ်းရွှေကြွက်များ၏ သစ္စာဖောက်မှုကို အတော်လေး စက်ဆုပ်နေသည်။ ဤနေရာမှ ထွက်ခွာသွားပြီးလျှင် သူက ထိုသစ္စာဖောက်များနှင့် ကျိန်းသေ စာရင်းရှင်းရပေလိမ့်မည်။

ဤအဖြစ်အပျက်က အဆုံးသတ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ရီဖူရှင်းသည် တိတ်တဆိတ် ကြိတ်ကာ သက်ပြင်းချလိုက်သည်။ သူက မဟာအင်ပါယာထံမှ သင်ကြားပြသပေးမှုကို လက်ခံခဲ့ရသည်အား မည်သူမှ မသိကြပေ။ ယခင်က သူသည် အရှင်ဒွန်ဟောင်နိုးထလာပြီး နတ်ဘုရားများက လာရောက်ကောင်းချီးပေးခဲ့သည် ဟူသည့် စကားမှာ ဟန်လုပ်၍ လူတိုင်းကို ဇဝေဇဝါ ဖြစ်သွားစေရန်သာ ဖြစ်သည်။ ရီဖူရှင်းသည် ဤတိုက်ခိုက်မှုမှာ နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း သူ ဆန့်ကျင်ခဲ့သော လူများနှင့် ရတနာအပြည့်နန်းတော်ကြောင့် ဖြစ်သည်ဟု ယူဆခဲ့သည်။

သို့သော် ထိုဖြစ်ရပ်က ယခု ပြီးဆုံးသွားပြီဟု ထင်မှတ်ရပေသည်။

“စီနီယာတို့်အားလုံးရဲ့ ရပ်တည်ပေးမှုအပေါ် ကျေးဇူးအများကြီး တင်ပါတယ်။ အခွင့်အရေးရှိရင် ကျွန်တော် သေချာပေါက် လာလည်ပြီး ကျေးဇူးတင်မှုကို ပြသပါ့မယ်။” ရီဖူရှင်းက အင်အားစုများထံသို့ အရိုအသေပြုဟန်ဖြင့် လက်နှစ်ဖက်ကို ဆုပ်၍ ပြောလိုက်သည်။

ဤတစ်ကြိမ်၌ ကောင်းကင်အာဏာစက်ဘုံ၏ အင်အားစုများအပြင် နတ်ဘုရားနန်းတော်၊ သောမျိုးနွယ်စု၊ ယွမ်ယန်ကလန်၊ ဝရိန်ခုနစ်ပါး ကလန်နှင့် အခြားသော အင်အားစုအချို့ကလည်း သူ့ဘက်တွင် ရပ်တည်ခဲ့ကြသည်။ သူက ထိုကျေးဇူးကြွေးကို မှတ်မိနေလိမ့်မည် ဖြစ်၏။

“နောက်ထပ် ဘာလုပ်ဖို့ စီစဥ်ထားလဲ။” အရှင်ထိုက်ရွှမ်က မေးလိုက်သည်။

“ကျွန်တော် အရင်ဆုံး ထျန်းရှန်ကျောင်းတော်မှာ အချိန်တစ်ခုထိ သွားကျင့်ကြံမယ်။ ကျွန်တော့ ကျင့်ကြံဆင့်က တည်ငြိမ်သွားတာနဲ့ ကောင်းကင်အာဏာစက်ဘုံကို ပြန်မယ်။” ရီဖူရှင်းက ပြောလိုက်သည်။ မိစ္ဆာခုနစ်ပါးထို့နောက် သူ့တွင် လုပ်ဆောင်ရမည့် ကိစ္စအချို့ ကျန်ရှိနေသေးပေသည်။

ပထမဦးစားပေးက ကျင့်ကြံရန် ဖြစ်ပြီး ဤမငြိမ်သက်မှုကို တဖြည်းဖြည်း မေ့ပျောက်သွားစေရန် ခွင့်ပြုထားသင့်သည်။

ဒုတိယအနေနှင့် စောင့်ဆိုင်းရန် ​ဖြစ်သည်။ သူသည် ကောင်းကင်နတ်တံခါးဂိုဏ်းမှ လူများကို စောင့်ဆိုင်း၍ ပြန်လည်ဖွဲ့စည်းက ကောင်းကင်နတ်တံခါးဂိုဏ်းကို ပြန်တည်ထောင်ရပေမည်။

ထိုကိစ္စနှစ်ရပ်ပြီးသည့်နောက် သူသည် အမှန်တကယ် လုပ်ဆောင်လိုသည့် ကိစ္စရပ်အနည်းငယ် ရှိနေသေးသည်။

ကောင်းကင်အာဏာစက်ပြည်ထောင်၊ ဂျီယူနှင့် သူ့ဆရာတို့ ဖြစ်သည်။

“ရှန်းမန် မင်းက အခု ဗဟိုအင်ပါယာဘုံကို ရောက်နေပြီဆိုတော့ ရီဖူရှင်းနဲ့အတူ ထျန်းရှန်ကျောင်းတော်ကို လိုက်သွားသင့်တယ်။ အဲဒါမှ မင်းရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်လိမ့်မယ်။” နတ်ဆင်များ၏ စီနီယာတစ်ယောက်က ရှန်းမန်ကို ပြောလိုက်သည်။ စီနီယာက သူ၏ ဂျူနီယာကို ရီဖူရှင်းနှင့်အတူ လိုက်သွားစေလိုသည်။

“ကောင်းပါပြီ” ရှန်းမန်က ခေါင်းညိတ်သဘောတူလိုက်သည်။

“အိုး။ ကျွန်တော် တကယ်ကို တောင်းပန်စရာ ရှိနေသေးတာပဲ။” ရီဖူရှင်းက ပြောလိုက်သည်။ “ကျွန်တော် မတော်တဆနဲ့ နတ်ဆင်အင်ပါယာရဲ့ အရိုးကို နတ်ဝင်ရိုးထဲ ပေါင်းစပ်လိုက်မိတယ်။ ဒါပေမယ့် ကျွန်တော် ခင်ဗျားတို့ အင်အားစုအတွက် ဝိညာဥ်လက်နက်နဲ့ အစားထိုးလျော်ကြေးပေးပါ့မယ်။”

“ရပါတယ်” နတ်ဆင်ကလန်မှ တန်ခိုးရှင်က ထိုအကြောင်းကို အာရုံမစိုက်ခဲ့ပေ။ ယခုတွင် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုး အသုံးဝင်မှုက လျော့နည်းသွားပြီ ​ဖြစ်သည်။

“လုံချန်၊ မင်းလည်း ထျန်းရှန်ကျောင်းတော်မှာ သွားပြီး ကျင့်ကြံသင့်တယ်။ မင်းရဲ့ လမ်းစဥ်ကို တတ်နိုင်သမျှ မြန်မြန် ဖော်ဆောင်ဖို့ ကြိုးစားပါ။” နတ်နဂါးကလန်မှ တန်ခိုးရှင်တစ်ဦးက ပြောလိုက်သည်။

“ကျွင့်..”

“ကောင်းဟွမ်”

တန်ခိုးရှင်များသည် တစ်ယောက်ပြီးတစ်ယောက် သူတို့ ဂျူနီယာများ၏ အမည်ကို ခေါ်လိုက်ကာ ဗဟိုအင်ပါယာဘုံတွင် ကျင့်ကြံဖို့ရာ ထားခဲ့ရန် စီစဥ်နေသည်။

ရီဖူရှင်းသည်လည်း ဤအခြေအနေကို တွေးထားပြီး ​ဖြစ်သည်။ ထို့ကြောင့် သူက ထျန်းရှန်ကျောင်းတော်မှ တန်ခိုးရှင်များကို သူ၏ သူငယ်ချင်းများနှင့်အတူ ကျင့်ကြံရန်လာခဲ့မည်ဟု ပြောထားခဲ့ခြင်း ဖြစ်သည်။ ၎င်းက ရှားပါးလှသော အခွင့်အရေး ဖြစ်ပေသည်။

ပထမဆုံး သူက စွမ်းရည်ကို တိုးမြင့်လာအောင် ကျင့်ကြံနိုင်သည်။ ဒုတိယအနေနှင့် သူသည် ကောင်းကင်အာဏာစက်ဘုံ၌ သူ၏ လွှမ်းမိုးမှု တိုးပွားလာစေရန် အားဖြည့်နိုင်သည်။

သူသည် ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးကိုပင် ထိန်းချုပ်နိုင်ကောင်း ထိန်းချုပ်လာနိုင်လိမ့်မည်။

တန်ခိုးရှင်တစ်ဦးက သူ၏ ကိုယ်ပိုင်အင်အားမရှိပါက သွားလေရာတွင် အခြားသူများ၏ ငဲ့ညှာမှုကို တောင်းခံနေရလိမ့်မည်။

“ခွန်ရွှမ် သမီးလည်း ကျင့်ကြံခြင်းကို အာရုံစိုက်သင့်တယ်။ အခုချိန်ကစပြီး ကျင့်ကြံဖို့ ရီဖူရှင်းနောက်ကို လိုက်ရမယ်။” ဥဒေါင်းအင်ပါယာက ပြောလိုက်သည်။ “ရီဖူရှင်း ငါ သူမကို မင်းနဲ့အတူ ထားခဲ့မယ်။ ဂရုစိုက်ပေးပါဦး။”

“အင်း” ရီဖူရှင်း၏ မျက်လုံးများထဲတွင် ရှက်ရွံ့သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ ဥဒေါင်းအင်ပါယာ၏ စကားက အနည်းငယ် ထူးဆန်းနေခဲ့သည်။

သို့သော် သူသည် ယခင်က တာလီပြည်ထောင်တိုက်ပွဲ၌ ဥဒေါင်းအင်ပါယာအပေါ် အကြွေးတင်နေခဲ့ပြီး သိမ်းငှက်နက်၏ ဖြစ်ရပ်လည်း ရှိနေသေးသည်။ ထို့ကြောင့် ရီဖူရှင်းက သူ၏ တောင်းဆိုမှုကို မငြင်းဆန်နိုင်ပေ။

တစ်ချိန်တည်းမှာပင် ဥဒေါင်းအင်ပါယာအနီး ရပ်နေသည့် အင်ပါယာရှားက မျက်လုံးစွေကြည့်လိုက်သည်။

ဥဒေါင်းအင်ပါယာက စည်းကျော်ရန် ကြိုးစားနေသည်လား။

“ရှင်းယွန် သမီး ရီဖူရှင်းအပေါ် ပိုပြီး အာရုံစိုက်ထားသင့်တယ်။ အခုကစပြီး အဖေ အနားမှာ မရှိတဲ့အခါ ဖူရှင်းက သမီးကို ဂရုစိုက်လိမ့်မယ်။” အင်ပါယာရှားက ဥဒေါင်းအင်ပါယာကို စိုက်ကြည့်ပြီးနောက် ကြေညာလိုက်သည်။

ရှားရှင်းယွန်သည် ဆွံ့အစွာဖြင့် သူမ၏ အဖေကို စိုက်ကြည့်လိုက်သည်။ သူက သူမအား ရီဖူရှင်းနှင့် မည်သို့သော ကိစ္စဖြစ်စေချင်နေသနည်း။

ဘေးမှာ ရပ်နေသည့် ရီဖူရှင်းက တိတ်ဆိတ်နေပြီး စကားဝိုင်းအပြင်သို့ ထွက်နေလေသည်။

“အရှင်မ၊ ကျွန်မလည်း ထျန်းရှန်ကျောင်းတော်ကို လိုက်သွားချင်ပါတယ်။” ချင်းဟယ်က ဗြဟ္မာ့သန့်စင်အရှင်မကို ပြောလိုက်သည်။

အရှင်မက သူမကို ကြည့်ပြီးနောက် ရီဖူရှင်းဆီသို့ ကြည့်လိုက်သည်။ ရီဖူရှင်းသည်လည်း သူမကို ကြည့်နေခဲ့၏။

ဗြဟ္မာ့သန့်စင်အရှင်မသည် ပြိုင်ဘက်ကင်း လှပနေဆဲ ဖြစ်သည်။ သူမသည် နတ်မိမယ်တစ်ပါးကဲ့သို့ပင် ဖြစ်ပေသည်။

“မင်း သွားလို့မရဘူး” သူမက ငြင်းပယ်လိုက်သည်။

ချင်းဟယ်၏ အမူအရာက အေးခဲသွားသည်။ မည်သည့်အတွက်​ကြောင့် ဖြစ်သည်ကို သူမက နားမလည်နိုင်ပေ။

“အရှင်မ၊ နတ်မိမယ်ချင်းက သွားချင်နေတာကို ဘာလို့ တားဆီးရတာပါလဲ။” ရီဖူရှင်းက မေးလိုက်သည်။ ဤအရှင်မက သူ့အပေါ်တွင် ခါးသီးသော ရန်လိုမှုများ ရှိနေသည်လား။

သူ ဤအရှင်မသည် ဂျီယူနှင့် ပတ်သတ်သည့် တစ်စုံတစ်ရာကို သူ့ထံမှ ဖုံးကွယ်ထားသည်ဟူသည့် သံသယက ပို၍ ကြီးထွားလာလေသည်။

ချင်းဟယ်က အရှင်မကို ကြည့်လိုက်သည်။

“​အခု ပြန်ကြရအောင်” အရှင်မက အမိန့်ပေးလိုက်သည်။ သူမသည် ချင်းဟယ်ကို နေခဲ့စေရန် ဆန္ဒမရှိပေ။

“ကျွန်တော်တို့ နတ်ဘုရားအမွေအနှစ် နယ်မြေမှာ ရှိစဥ်က နတ်မိမယ်ချင်းနဲ့အတူ ပူးပေါင်းခဲ့တယ်။ အဲဒါကြောင့် ကျွန်တော်က သူမအပေါ် ဝိညာဥ်လက်နက်နှစ်ခု အကြွေးတင်နေသေးတယ်။ ကျွန်တော် ကောင်းကင်အာဏာစက်ဘုံကို ပြန်လာတဲ့အခါ ဗြဟ္မာ့သန့်စင်ကောင်းကင်ကို လာလည်ပါ့မယ်။” ရီဖူရှင်းက ပြောလိုက်သည်။ အရှင်မက သူ့ကို ပြန်မတုန့်ပြန်ဘဲ ထွက်ခွာသွား၏။

ရီဖူရှင်းသည် ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်နေခဲ့သည်။ သူက တစ်ခုခုကို ပို၍ သေချာလာခဲ့သည်။

***

All Chapters