← Chapters

အစ်ကိုကြီးမြေအောက်ဘုံအရှင်သခင်

Vol. 120 Ch. 1567

အစ်ကိုကြီးမြေအောက်ဘုံအရှင်သခင်

Vol. 120 Ch. 1567

ချင်မူ့မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။ ကောင်းကင်နတ်အရှင်ဟောင်သည် အန္တိဟင်းလင်းပြင်သို့ သွားရောက်၍ ခွန်အားဖြင့် တာအို ရယူကာ အန္တိမဟင်းလင်းပြင်ထဲတွင် တံဆိပ်ခတ်နှိပ်ရန် ကြိုးစားပေလိမ့်မည်။

ထိုအဆင့်တွင် ကောင်းကင်နတ်အရှင်ဟောင်သည် ပြိုင်ဘက်ကင်းသော အောင်မြင်မှုကြီးအား ရယူပိုင်ဆိုင်သွားပြီဟု ဆိုရလိမ့်မည်။

သူ့မတိုင်ခင် ခွန်အားဖြင့် တာအိုရရှိနိုင်ခဲ့သူ မရှိခဲ့ဘဲ သူက ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။

“ဒီစကြ၀ဠာမှာ ခွန်အားနဲ့ တာအိုရရှိပြီး အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်ဖို့ ဖြစ်နိုင်ပေမယ့် အခုအချိန်ထိတော့ ဖြစ်မလာခဲ့သေးဘူး…. ကောင်းကင်နတ်အရှင်ဟောင်သာ ခွန်အားကနေ တာအိုရသွားပြီးရင် စကြ၀ဠာအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာမှာလဲ”

ချင်မူသည် တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲတွင် ထိုင်ကာ အလေးအနက် တွေးနေမိ၏။

ကောင်းကင်နတ်အရှင်ဟောင်က နတ်ကောင်းကင်ခန်းမနှင့် ခရမ်းရောင်ကောင်းကင်နတ်ဘုံခန်းမတို့ကို ကျင့်ကြံထားသည်။ မီလော့နန်းတော်၏ ထိုခန်းမနှစ်ခုဖြင့် ဆိုလျှင် သူကား ပြိုင်ဘက်ကင်းစွမ်းအားကို ပိုင်ဆိုင်သွားချေပြီ။

သူ၏ခွန်အားကိုသာ အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ခဲ့ပါက ခရမ်းရောင်ကောင်းကင်ဘုံခန်းမနှင့် နတ်ကောင်းကင်ခန်းမတို့သည်လည်း ဤစကြ၀ဠာ၏ အန္တိမဟင်းလင်းပြင်၌ တံဆိပ်ခတ်နှိပ်ခံရမည့်အဓိပ္ပာယ်လော။

သို့ဆိုလျှင် မီလော့နန်းတော်၏ သခင်လေးနှစ်ပါးအား စောစီးစွာ ဝင်ရောက်လာစေမည်လော။

စွမ်းအင်အကူးအပြောင်းတံတား ပွင့်လာသည်။‌ ကောင်းကင်နတ်အရှင်ကုန်းမှာ တခဏ တုံ့ဆိုင်းနေသော်လည်း တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးအား စွမ်းအင်အကူးအပြောင်းတံတားထဲ သယ်သွားလေသည်။

စွမ်းအားအကူးအပြောင်းတံထားထဲ ၀င်ရောက်ခြင်းက မြေအောက်ဘုံအရှင်သခင်၏ ပိုင်နက်သို့ ခြေချလိုက်ခြင်း မဟုတ်လော။ သူမမှာ အနည်းငယ်စိတ်မသက်မသာ ဖြစ်လာတော့သည်။

မြေအောက်ဘုံအရှင်သခင်သည် ကောင်းကင်နယ်စားမင်းနှင့် တန်းတူညီမျှသော ပုဂ္ဂိုလ်တစ်ဦးပင်။ သူမတစ်ယောက်တည်းဖြင့် မြေအောက်ဘုံအရှင်သခင်အား တိုက်ခိုက်နိုင်ရန် ခက်ခဲပေလိမ့်မည်။ အဆုံးသတ်မြို့ပျက်သို့ သွားရောက်ရန်လည်း ယိုတုကို မဖြတ်သွားဘဲ မရပေ။

ကျောက်စိမ်းအကျဉ်းထောင်တံခါးတွင် စွမ်းအားအကူးအပြောင်းတံတားက ထွန်းလင်းတောက်ပနေသည်။ ကောင်းကင်နတ်အရှင်ကုန်းသည် တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးနှင့်အတူ တံတားထဲမှ လျှောက်ထွက်လာ၏။ လုလီက တံတားဘေးတွင် စောင့်နေသည်။ သူမ ဦးညွှတ်အရိုအသေပေးရန် ပြင်သည့်အခါ ကောင်းကင်နတ်အရှင်ကုန်းက လက်ကာပြသည်. “ဘာမှ ပြောစရာမလိုတော့ဘူး… အခုပဲ အဆုံးသတ်မြို့ပျက်ဆီ သွားကြစို့”

လုလီက ရှေ့မှ ဦးဆောင်သွားသည်။ “ကောင်းကင်နတ်အရှင်၊ ကျွန်မနောက်က လိုက်ခဲ့ပါ…. ယိုတုမြစ် ပေါ်မလာမချင်း အဆုံးသတ်မြို့ပျက်ရဲ့ တည်နေရာကို သိနိုင်မှာမဟုတ်ဘူး… ယိုတုမြစ်က ကျောက်စိမ်းအကျဉ်းထောင်တံခါးကို ဖြတ်သန်းစီးဆင်းပြီး အဆုံးသတ်မြို့ပျက်ထဲ ဝင်သွားတာကြောင့်ပါ…”

ကောင်းကင်နတ်အရှင်ကုန်း ပြန်လှည့်ကြည့်လိုက်သည့်အခါ ယိုတုမြစ်သည် ကမ္ဘာဦးဘုံမှ ယိုတုထဲသို့ စီးဝင်နေကြောင်း တွေ့လိုက်ရ၏။ မြစ်ရေတို့ မြေအောက်ဘုံအရှင်သခင်၏ ဦးချိုများကို လှည့်ပတ်စီးဆင်းနေသည်မှာ အံ့ဩမှင်သက်ဖွယ် ကောင်းပေသည်။

ယိုတုမြစ်သည် မြေအောက်ဘုံအရှင်သခင်၏ ဧရာမခန္ဓာကိုယ်ကြီးအား ရစ်ပတ်ပြီးနောက် သူ၏ခြေဖျားသို့ နိမ့်ဆင်းသွားသည်။ နောက်ဆုံးတွင် ၎င်းက သူ့ခြေထောက်အရှေ့ရှိ ‌အမှောင်ထုထဲသို့ စီးဝင်သွား၏။

“... ကျွန်မကို မြေအောက်ဘုံအရှင်သခင်က ထိန်းချုပ်ထားတာ တော်တော်ကြာပြီ … တကယ်ကို မလူးသာ မလွန့်သာပါပဲရှင် … မြေအောက်ဘုံအရှင်သခင်က ရက်စက်ကြမ်းကြုတ်တယ်… ကောင်းကင်နတ်ဘုံသားတွေဆို အမြင်မကြည်ဘူးလေ….အထူးသဖြင့် တျန်းချိကျွင်းပေါ့ … သူက ပိုပြီးတော့တောင် ရက်စက်သေးပါ့… ဒီနှစ်တွေထဲတော့ ယိုတုကိစ္စတွေကို သူ့အနေနဲ့ ဝင်ရောက်ပက်သက်ခွင့် မရှိခဲဘူး…ဪ ဒါနဲ့ စကားမစပ် နောက်တစ်ခု ရှိသေးတယ် သိလား”

လုလီက ပြော၏။ “သိမ်မကြာခင်တုန်းက ကျွန်မတို့လူတချို့ကို ကောင်းကင်နတ်ဧကရီ လာတိုက်ခိုက်သွားသေးတယ်”

ကောင်းကင်နတ်အရှင်ကုန်းမှာ အနည်းငယ် အံ့အားသင့်သွားသည်။ “နတ်အရှင်မယန်က နင်တို့ကို လာတိုက်ခိုက်တာလား… သူက ဒီကို ဘာလာလုပ်တာလဲ”

ကောင်းကင်နတ်အရှင်ကုန်းသည် ထိုအခါမှ စဉ်းစားမိ၏ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲတွင် ထိုက်ကျိရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဘုံအပေါ် သစ္စာဖောက်ကာ နတ်အရှင်မယန်နှင့် ရှစ်ချီလော်တို့အား ဖမ်းဆီးသွားခဲ့သည့်အချိန်မှစ၍ နတ်အရှင်မယန်အကြောင်း မကြားခဲ့ရပ။

သို့သော် သူမအနေဖြင့် နတ်အရှင်မယန်အား စိတ်ထဲသိပ်မရှိသောကြောင့် အာရုံမထားခဲ့။

“ကျွန်မလေ ဒီမှာ အနိုင်ကျင့်ခံနေရတယ် … ဒါကြောင့် ကောင်းကင်နတ်ဘုံမှာ လျှောက်ထားပေးပြီး မင်တုမြို့တော်ဆီ ရွှေ့ပေးနိုင်မလားလို့ပါ… ကျွန်မ ကောင်းကင်နတ်အရှင်အတွက် အလုပ်လုပ်ပေးပါ့မယ်” လုလီက အရိပ်အခြည်ကြည့်ကာ ပြောသည်။

ကောင်းကင်နတ်အရှင်ကုန်းလည်း စကားပြောရန် ပြင်လိုက်စဉ် တစ်စုံတစ်ခု မူမမှန်သည်ကို သတိထားမိသွားသည်။ သူမက ပတ်ဝန်းကျင်အား အကဲခတ်ရင်း မေးလိုက်၏။ “လုလီ ဘာလို့ ယိုတုတာအိုက ရုတ်တရက်ကြီး အားကောင်းပြင်းထန်လာတာလဲ”

လုလီမှာ ကြောင်အသွားသည်။ သူမလည်း ပတ်န၀န်းကျင်အား အလျင်အမြန် ကြည့်ရှုလိုက်ရာ ကျောက်စိမ်းအကျဉ်းထောင်တံခါးရှိ ယိုတုမဟာတာအိုအရှိန်အဝါတို့ ပို၍အားကောင်းပြင်းထန်လာသည်ကို တွေ့လိုက်ရ၏။ ယိုတုမိစ္ဆာချီစွမ်းအင်တို့ကလည်း ယခင်ကထက် ပိုမိုသိပ်သည်းလာကြသည့်အလျောက် တာအိုသို့ မဝင်ရောက်သေးသည့် မိစ္ဆာနတ်ဘုရားများပင် ပိုမိုသန်မာလာကြ၏။ ထိုအခိုက်အတန့်တွင် သူမလည်း ယိုတုမဟာတာအိုမှာ ရုတ်တရက် ပြင်းထန်လာသည်ကိုလည်း ခံစားလိုက်ရသည်။

ရုတ်တရက် ချင်မူက တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲမှ ခေါင်းပြူထွက်လာကာ နှာခေါင်းရှုံ့လိုက်လေသည်။ “ကောင်းကင်နတ်အရှင်ကုန်း၊ ခင်ဗျားတော့ ဒုက္ခရောက်ပြီ… ကျွန်တော် ခင်ဗျားကြောင့် ဒီရောက်လာတာကို အစ်ကိုကြီးမြေအောက်ဘုံအရှင်သခင် သတိထားမိသွားပြီဗျ ... ခင်ဗျားတော့ သေတော့မယ်”

ကောင်းကင်နတ်အရှင်ကုန်းမှာ ဒေါသူပုန်ထသွားသည်။ “ကောင်းကင်နတ်အရှင်မူ နင်က တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲမှာ ပိတ်မိနေတာလေ… ငါ ရှိနေတဲ့အတွက် အသိစိတ်အလျဉ်ကို ထုတ်လွှတ်နိုင်ဖို့ မလွယ်ဘူး …ဘယ်သူက ဒီသတင်းကို‌ မြေအောက်ဘုံအရှင်သခင်ဆီ ပေါက်ကြားသွားစေတာလဲ”

သူမက လုလီအား မယုံသင်္ကာသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

လုလီမှာ ကြက်သီးမွှေးညှင်းများထသွားပြီး မည်သည်မှ မပြောရဲချေ။

ချင်မူက ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ကုန်း၊ မော့ကြည့်လိုက်ဦး… မြေအောက်ဘုံအရှင်သခင်က ခင်ဗျားကို သတိထားမိပြီးနေပြီ”

ကောင်းကင်နတ်အရှင်ကုန်း မော့ကြည့်လိုက်သည့်အခါ မျက်နှာအကြီးအကျယ် ပျက်သွားတော့သည်။ ယိုတုမဟာတာအိုများက တပွက်ပွက် ဆူကာ ပြောင်းလဲစီးဆင်းနေကြ၏။ တာအို စုစုပေါင်း ၆၄ ခုရှိပြီး အသတ်အဖြတ်အရှိန်အဝါအပြည့်ဖြင့် မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ကြီးဆီသို့ စီးဆင်းနေကြလေသည်။

မြေအောက်ဘုံအရှင်သခင်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ မိစ္ဆာချီ၊ မိစ္ဆာတာအိုတို့ဖြင့် ရောယှက်ရစ်ပတ်ခံထားရသည်။ သူ၏ အလွန်တရာကြီးမားသော ခေါင်းကြီးက ခြေထောက်သို့ ငုံ့ကြည့်လိုက်၏။

ကျောက်စိမ်းအကျဉ်းထောင်တံခါးကက မြေအောက်ဘုံအရှင်သခင်၏ ခြေထောက်အောက်တွင် တည်ရှိသည် မဟုတ်ပါလော။

မြေအောက်ဘုံအရှင်သခင်၏ မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံး ပွင့်လာသည့်အချိန်တွင် ကောင်းကင်နတ်အရှင်ကုန်းမှာ ကြက်သီးတဖြန်းဖြန်း ထလာတော့‌သည်။ သူမက ခက်ထန်စွာ မာန်မဲလိုက်တော့သည်။ “ဘယ်သူ သတင်းလွှင့်လိုက်တာလဲ..”

လုလီက သွေးဆုတ်ဖြူလျော့စွာဖြင့် တုံ့ပြန်သည်။ “ကောင်းကင်နတ်အရှင်၊ ကျွန်မ ဘယ်လိုလုပ်သိ..”

သူမ စကားမဆုံးခင်မှာပင် တစ်ခေါင်းလုံး ပေါက်ကွဲသွားချေပြီ။ ကောင်းကင်နတ်အရှင်ကုန်းက တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည့်အတွက် သူ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ပင်လျှင် ချက်ချင်း ကြေကွဲပျက်စီးသွား၏။

ချင်မူ့မျက်နှာအမူအရာမှာလည်း အနည်းငယ် စိတ်လှုပ်ရှားနေပြီး ရင်တဒိန်းဒိန်း ခုန်နေသည်။ သူက သူကိုယ်သူ စိတ်ငြိမ်အောင် ထိန်းရင်း ခြိမ်းခြောက်လိုက်သည်။ “ကျွန်တော့် အစ်ကိုကြီး မြေအောက်ဘုံအရှင်သခင် မလှုပ်ရှားခင် ခင်ဗျား အဆုံးသတ်မြို့ပျက်ဆီ ‌ထွက်ပြေးနိုင်မှ အသက်ရှင်နိုင်လိမ့်မယ်… ကောင်းကင်နတ်အရှင်ကုန်း၊ အညံ့ခံပြီး ကျွန်တော့်ကို လွှတ်ပေးတော့လေ”

ချင်မူမှာ ဘိုးဘေးနန်းတော်၏ နတ်သတ္တုကုန်ကြမ်းများမှ သန့်စင်သွန်းလုပ်ထားသော တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲတွင် ပိတ်မိနေသည်။ ၎င်းတွင် အတွင်းအပြင် ကောင်းကင်နတ်ဘုံများ ရှိနေပြီး ကောင်းကင်နတ်ဘုံတစ်ခုချင်းစီတွင် ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ရတနာနန်းဆောင် ၅၆ ဆောင်စီ ကိန်းဝပ်နေကြသည်။

ကောင်းကင်နတ်အရှင်ဟောင်မှာ သူ လွတ်မြောက်သွားမည်စိုးသောကြောင့် သူ့ခန္ဓာကိုယ်အား ချိပ်တံဆိပ်အလွှာများဖြင့် ဖုံးလွှမ်းစေခဲ့၏။ ချင်မူ့အနေဖြင့် ထွက်ရမခက်သော်လည်း ကောင်းကင်နတ်အရှင်ကုန်း ရှိနေ‌သောကြောင့် မလွတ်လပ်ပေ။

ကောင်းကင်နတ်အရှင်ကုန်းက နှာခေါင်းရှုံ့လိုက်သော်လည်း မိစ္ဆာမီးတောက်များ မြေအောက်ဘုံအရှင်သခင်၏ မျက်ခုံးနှစ်ဖက်ကြား၌ လောင်ကျွမ်းလာနေသည်ကို တွေ့မြင်လိုက်ရ၏။ သူမအနေဖြင့် မြေအောက်ဘုံအရှင်သခင်၏ ခွန်အားကို ခုခံနိုင်လိမ့်မည်မဟုတ်ကြောင်း ကောင်းကောင်းသိထားသည်။

ဖန်ဆင်းရှင်တို့သည် အသိစိတ်အလျဉ်ကို ကျင့်ကြံကြသောကြောင့် ဝိညာဉ်ပိုင်းဆိုင်ရာတွင် အားနည်းစွာ မွေးဖွားလာခဲ့ကြ၏။ သူတို့သည် ဝိညာဉ်များနှင့် မူလဝိညာဉ်များကို မကျင့်ကြံကြသောကြောင့် မြေအောက်ဘုံအရှင်သခင်မှာ ဖန်ဆင်းရှင်များ၏ အကြီးမားဆုံးရန်သူတော် ဖြစ်သည်။

ကောင်းကင်နတ်အရှင်ကုန်းမှာ ပြန်လည်မွေးဖွားလာခဲ့သဖြင့် သူမ၏ဝိညာဉ်နှင့် မူလဝိညာဉ်အားနည်းချက်ကို ဖြည့်တင်းနိုင်ခဲ့သော်လည်း သူမ၏မူလဝိညာဉ်ကတော့ အခြားကောင်းကင်နတ်အရှင်များနှင့် မယှဥ်နိုင်သေးပေ။

မြေအောက်ဘုံအရှင်သခင်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါတွင် တိုက်ကွက်လေးတစ်ကွက်ကတင် သူမ၏မူလဝိညာဉ်ကို ပြာကျသွားစေနိုင်သည်။

သူမ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးအား ယိုတုမြစ်စီးဆင်းနေသည့်နေရာသို့ ယူသွားတော့မည့်အချိန်တွင် လှည်းဘီးထဲမှ ခြေထောက်နှစ်ချောင်း ထွက်လာသည်ကို သတိထားမိလိုက်သည်။ ချင်မူ့ခြေထောက်နှစ်ချောင်းက လှည်းဘီးအောက်ခြေတွင် ထွက်ပေါ်လာပြီး အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် လှုပ်ရှားပြေးထွက်သွားတော့၏။ ၎င်းတို့က အဆက်မပြတ် လှည့်ပတ်နေသော လှည်းဘီးကဲ့သို့ အဆုံးသတ်မြို့ပျက် ရှိရာသို့ ပြေးသွားနေသည်။

ကောင်းကင်နတ်အရှင်ကုန်းမှာ ကြောင်အသွားသော်လည်း နောက်မှ ပြေးလိုက်သွား၏။ သူမက ‌ကောင်းကင်လှည်းဘီးကို လှမ်းဆွဲလိုက်သည်။ ချင်မူက အင်မတန်စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာဖြင့် အော်ဟစ်လိုက်၏။ “ပြေး၊ မြန်မြန်ပြေးတော့…”

“ကောင်းကင်နတ်အရှင်မူက ငါ့ထက်တောင် စိုးရိမ်နေသလိုပဲ… မြေအောက်ဘုံအရှင်သခင်က သူ့အစ်ကိုကြီးမဟုတ်ဘူးလား”

ကောင်းကင်နတ်အရှင်ကုန်းမှာ ဇဝေဇဝါဖြစ်နေမိသည်။ သိူ့‌သော် မြေအောက်ဘုံအရှင်သခင်၏ မျက်ခုံနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက အသက်ဝင်လာချေပြီ။ နှိုင်းယှဉ်၍မရနိုင်အောင် မည်းမှောင်နေသည့် မိစ္ဆာမီးတောက်များက ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး ကျောက်စိမ်းအကျဉ်းထောင်တံခါးအား ဝင်တိုက်သွား၏။

ကောင်းကင်နတ်အရှင်ကုန်းက ခန္ဓာကိုယ်ကို အသင့်ပြင်ကာ အရှေ့သို့ပြေးထွက်သွားသည်။ မိစ္ဆာမီးတောက်များက ကြောက်မက်ဖွယ်ကောင်းသော တာအိုအင်အားတို့ကို ထုတ်လွှတ်နေ၏။ ၎င်းတို့ ကျောက်စိမ်းအကျဉ်းထောင်တံခါးသို့ မရောက်ရှိခင်မှာပင် ကျောက်စိမ်းအကျဉ်းထောင်၏ အစောင့်များမှာ လောင်ကျွမ်းနေကြချေပြီ။

ဤသို့လောင်ကျွမ်းနေမှုများက ရုပ်ခန္ဓာလောင်ကျွမ်းနေမှု မဟုတ်ဘဲ မူလဝိညာဉ်တို့ လောင်ကျွမ်းနေကြခြင်း ဖြစ်၏။ မိစ္ဆာမီးတောက်ကြောင့် လောင်ကျွမ်းခံနေရသော သူတို့၏ မူလဝိညာဉ်များက မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ စိမ့်ထွက်လာနေကြသည်။ တခဏအတွင်း မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများ၏ မူလဝိညာဉ်တို့မှာ ပြာကျသွားကြတော့သည်။

သူတို့အားလုံးက ခေါင်းမော့ကာ လက်များဆန့်တန်းလိုက်ကြသည်။ သူတို့၏မျက်လုံး၊ နားနှင့် နှာခေါင်းတို့ဆီမှ အနက်ရောင်မီးခိုးများ ထွက်လာကြ၏။ သူတို့၏ခန္ဓာကိုယ်များက ပြင်းထန်စွာ တုန်ရီသွားကြသော်လည်း မကြာမီ ပြန်လည်တည်ငြိမ်သွားကာ ထိုနေရာ၌ မလှုပ်မယှက် ရပ်နေကြသည်။

ခန္ဓာကိုယ်များ ရှိနေသေးသော်လည်း မူလဝိညာဉ်များကား သေဆုံးသွားခဲ့ပြီး အခွံသာ ကျန်ရစ်တော့၏။

ကျောက်စိမ်းအကျဉ်းထောင်သည်s တခဏအတွင်း အလောင်းများပြည့်နေသည့် မြို့တစ်မြို့ပမာ ဖြစ်သွားတော့သည်။

ကောင်းကင်နတ်အရှင်ကုန်းမှာ ကျောချမ်းသွားပြီး ခေါင်းနပန်းကြီးလာသည်။ မြေအောက်ဘုံအရှင်သခင်မှာ ကောင်းကင်နယ်စားမင်းကဲ့သို့ မဟုတ်ပေ။ ကောင်းကင်နယ်စားမင်းသည် ကောင်းကင်တာအို ဖြစ်ပြီး ရွှမ်တုအား တိုက်ခိုက်ခဲ့စဉ်တုန်းကပင် သတ်ဖြတ်မှုများစွာ မဆောင်ရွက်ခဲ့ချေ။

ယိုတုသည် မိစ္ဆာတာအို အရင်းခံရာနေရာဖြစ်သည်။ မြေအောက်ဘုံအရှင်သခင်မှာ မိစ္ဆာတာအို၏ မွေးရာပါရှေးဟောင်းနတ်ဘုရား ဖြစ်ပြီး ယိုတုမဟာလမ်းစဉ် ၆၄ ခုကတော့ မွေးရာပါမိစ္ဆာတာအို ၆၄ ခုဖြစ်၏။

ဤမိစ္ဆာတာအို ရှေးဟောင်းနတ်ဘုရားတွင် အသက်အဖြတ်စိတ်ဆန္ဒများ ပြည့်နှက်နေပါက မည်သူမှ သူ့ကို သတ်ရဲကြမည် မဟုတ်ပေ။

ယခင်က သူသည် ကောင်းကင်နတ််ဘုံအထိပင် တက်ကာ သတ်ဖြတ်ခဲ့သေးသည် မဟုတ်လော။

“မြန်မြန်… မြန်မြန်ပြေး”

ချင်မူမှာ ပို၍ စိတ်ပူနေပုံပေါ်ပြီး သူမအား လောနေသည်။ “ကုန်းယွင်၊ ခင်ဗျား လုပ်နိုင်လား…. ခင်ဗျား မလုပ်နိုင်ဘူးဆိုရင် ချိပ်တံဆိပ်ကို ဖွင့်ပြီး ကျွန်တော့်ကို လွှတ်ပေးလိုက်… ကျွန်တော် ခင်ဗျားကို အဆုံးသတ်မြို့ပျက်‌ဆီ ခေါ်သွားပေးမယ်”

ကောင်းကင်နတ်အရှင်ကုန်းက အံတင်းတင်းကြိတ်ရင်း ရှေ့သို့ဆက်ပြေးနေသည်။ သူမ၏စိတ်ထဲတွင် ပို၍ပင် ဇဝေဇဝါဖြစ်နေမိသည်။ ‘ကောင်းကင်နတ်အရှင်မူက မြေအောက်ဘုံအရှင်သခင်ကို ငါ့ထက် ပိုကြောက်နေသလိုပဲ’

သူမ၏အမြန်နှုန်းက အလွန်တရာ မြန်ဆန်သည့်အလျောက် သူမသည် ကျောက်သားကျောက်စိုင်များ ပြည့်နှက်နေသော တောအုပ်တစ်အုပ်ထဲသို့ ဝင်ရောက်သွားသည်။ မကောင်းမှုများစွာ ကျူးလွန်ခဲ့ကြသော မရေမတွက်နိုင်သည့် နတ်ဘုရားမိစ္ဆာများသည် ကျောက်သားတောအုပ်ထဲတွင် ငရဲခံနေကြရ၏။ သူတို့မှာ ကံကြမ္မာမီးတောက်ထဲတွင် အဆက်မပြတ် လောင်ကျွမ်းနေပြီး နာကျင်မှုကို ပြင်းထန်စွာ ခံစားနေကြရသည်။

ကောင်းကင်နတ်အရှင်ကုန်းလည်း ကျောက်သားတောအုပ်၏ ကံကြမ္မာမီးတောက်များဘေးမှ ဖြတ်သန်းသွားစဉ် အမှတ်တမဲ့ လှမ်းကြည့်လိုက်မိသည်။ သူမမှာ မှင်သက်သွားလေသည်။

“မြေအောက်ဘုံအရှင်သခင် အားချို”

အင်မတန် အားကောင်းပြင်းထန်နေသည့် ကံကြမ္မာမီးတောက်ထဲတွင် မြေအောက်ဘုံအရှင်သခင် အားချို ထိုင်နေသည်။ ကံကြမ္မာမီးတောက်၏ ကြောက်မက်ဖွယ်ကောင်းမှုက ကုန်းယွင်၏နှလုံးသားကို တဒိန်းဒိန်း ခုန်သွားစေ၏။

ကြောက်စရာကောင်းလှသော ကံကြမ္မာမီးတောက်ထဲတွင် မကောင်းမှုတို့ ပြည့်နှက်နေပြီး လူသားမျိုးနွယ်၏ အပြင်းထန်ဆုံး ပြစ်မှုများ၊ နတ်ဘုရားမိစ္ဆာတို့၏ အဆိုးရွားဆုံး စိတ်သန္တန်များနှင့် ယုတ်မာကောက်ကျစ်သော အတွေးများက နေရာယူထားကြသည်။ သူမကဲ့သို့ ကောင်းကင်နတ်အရှင်တစ်ဦးပင်လျှင် မိစ္ဆာတာအိုအား ထိတွေ့မိပါက မကောင်းမွန်သော အတွေးများ၊ စိတ်နှလုံးမိစ္ဆာများ ပေါ်လာပြီး သိုင်းအခြေခံကို ဖျက်ဆီးမိပေလိမ့်မည်။

“မြေအောက်ဘုံအရှင်သခင် အားချိုက ပြစ်မှုကြီးတစ်ခု ကျူးလွန်ခဲ့ပေမယ့် ဒီလောက် ပြင်းထန်တဲ့ ကံကြမ္မာမီးတောက်ထဲမှာ ငရဲခံနေစရာလိုလို့လား…”

သူမ ထိုသို့တွေးလိုက်မိသည့်အချိန်တွင် ကျောက်သားတောအုပ်၏ ကံကြမ္မာမီးထောက်ထဲ၌ ဆံဖြူ၊ မုတ်ဆိတ်ဖြူတို့အပြင် မျက်လုံးများပါ ဖြူနေသည့် အဘိုးအိုကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူကလည်း မီးတောက်ထဲတွင် နာကျင်စွာ ငရဲခံနေရသည်။

“ဒီအဘိုးကြီးက တစ်ယောက်ယောက်နဲ့ တူသလိုပဲ ကောင်းကင်…”

သူမမှာ တွေးနေရန် အချိန်မရသဖြင့် ကျောက်သားတောအုပ် ကံကြမ္မာမီးတောက်များကြားမှ လျင်မြန်စွာ ဖြတ်သွားသည်။ ကျောက်သားတောအုပ်အရှေ့တွင်တော့ ယိုတုမြစ်က နေရာယူထားပြီး ကြီးမားလှသော ယိုတုမြစ်ကြီးသည် ဧရာမအပေါက်ကြီးတစ်ပေါက်ထဲသို့ စီးဆင်းနေလေသည်။

သူမအနောက်တွင် မြေအောက်ဘုံအရှင်သခင်၏ မျက်ခုံးနှစ်ဖက်ကြားမှ ပစ်လွှတ်လိုက်သော တိုက်ကွက်က ကျဆင်းလာ၏။ ကျောက်စိမ်းအကျဉ်းထောင်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ရီ၍ မြောက်တက်သွားသည်။ လေလှိုင်းများက မရေမတွက်နိုင်သော အလောင်းများကို မြှောက်တင်လိုက်၏။

ထူးဆန်းစွာဖြင့် လေလှိုင်းများက ကြောက်မက်ဖွယ်ကောင်းသော်လည်း အလောင်းများက လုံးဝပျက်စီးမသွားကြချေ။ အကောင်းအတိုင်း ရှိနေကြပြီး မြေကြီးနှင့် ကျောက်စိမ်းအကျဉ်းထောင်တစ်ခုလုံး တုန်ရီသွားသည့်တိုင်အောင် နည်းနည်းလေးမှ ထိခိုက်မှုမရှိကြပေ။

ကောင်းကင်နတ်အရှင်ကုန်းက အတတ်နိုင်ဆုံး ကြိုးစား၍ အားကုန်ပေကြးနေသော်လည်း မြေအောက်ဘုံအရှင်သခင်၏ တိုက်ကွက်မှ လှိုင်းများက သူမအနောက်သို့ ရောက်ရှိလာချေပြီ။ ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးတောက်များုက သူမ၏မူလဝိညာဉ်ကိုပါ လောင်မြိုက်နေစေ၏။

ကောင်းကင်နတ်အရှင်ကုန်းမှာ ဝိညာဉ်တွင် ပြင်းထန်လှသော နာကျင်မှုကို ခံစားလိုက်ရပြီး မရေမတွက်နိုင်သော စိတ်နှလုံးမိစ္ဆာများ သူမ၏ဦးခေါင်းထဲတွင် အော်ဟစ်နေကြသည့်အလား ထင်မှတ်မှားလာတော့သည်။ ၎င်းတို့မှာ ကျယ်လောင်လွန်းသဖြင့် မည်သည့်အရာကိုမှ မကြားနိုင်တော့ပေ။

တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲရှိ ချင်မူက ခြေဆန့်၍ ရှေ့သို့ ပြေးနေဆဲပင်။

ကောင်းကင်နတ်အရှင်ကုန်းက အံကြိတ်လျက် အနောက်မှ လိုက်လာသည်။ သူတို့နှစ်ယောက်သား ယိုတုမြစ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြပြီး မြစ်ရေလှိုင်း၏ ရိုက်ခတ်ခြင်း ခံလိုက်ရသောကြောင့် ယိမ်းယိုင်သွားကြသည်။

မြေအောက်ဘုံအရှင်သခင်က တိုက်ကွက်လွဲချော်သွားသည့်အခါ ဧရာမလက်ကြီးကို ဆန့်တန်းကာ ယိုတုမြစ်တစ်ခုလုံးကို ဆွဲယူလိုက်သည်။ ဤမြစ်သည် ယိုတုထဲ စီးဆင်းနေသော ကောင်းကင်နတ်မြစ်ကြောင့် ဖွဲ့တည်လာခြင်း ဖြစ်သည့်အတွက် အလွန်တရာ ကျယ်ပြန့်လေသည်။ သို့သော် သူက အလွယ်တကူ ဆုပ်ကိုင်ကာ အားကုန်သုံး၍ ဆောင့်ဆွဲလိုက်၏။

တခဏကြသော် ယိုတုမြစ်ရေသည် နောက်ပြန်စီးဆင်းနေပြီး ရေထဲရှိ ပုဂ္ဂိုလ်နှစ်ယောက်ကို ပြန်ဆွဲယူလိုက်ချေပြီ။

ချင်မူနှင့် ကောင်းကင်နတ်အရှင်ကုန်းမှာ အံ့အားသင့်နေကြပြီး စိတ်ထဲမှ တွေးနေကြမိ၏။ ‘ငါတော့ သေပြီ’

ထိုအခိုက်အတန့်တွင် ရေလှိုင်းများ ဖြာထွက်သွားသောကြောင့် ရူးသွပ်နေသော အမျိုးသမီးတစ်ယောက်မှာလည်း မြေအောက်ဘုံအရှင်သခင်၏ ဆွဲယူခြင်း ခံလိုက်ရသည်။ သူမက ဒေါသတကြီး အော်ဟစ်လိုက်၏။ “မြေအောက်ဘုံအရှင်သခင်၊ နင်က ငါတို့အစီအစဉ်ကို ဖျက်တယ်ပေါ့လေ”

ရူးသွပ်နေသော အမျိုးသမီးက ယိုတုမြစ်ကို တစ်ချက်တည်းဖြင့် ပိုင်းဖြတ်လိုက်ရာ ချင်မူနှင့် ကောင်းကင်နတ်အရှင်ကုန်းမှာ အက်ကွဲကြောင်းကြီးထဲသို့ ပြုတ်ကျသွားကြတော့သည်။

ရူးသွပ်နေသော အမျိုးသမီးက မြေအောက်ဘုံအရှင်သခင်၏ လက်အား အရိုင်းဆန်စွာ တိုက်ခိုက်နေသည်။ သူမက ဒေါသမပြေမချင်း အကြိမ်ရာပေါင်းများစွာ တိုက်ခိုက်ပြီးသည့်နောက်မှ ယိုတု၏ အက်ကွဲကြောင်းကြီးထဲ ဝင်ရောက်သွားတော့၏။

All Chapters