← Chapters

မီးလျှံနဂါးကောင်းကင်သခင်၊ တစ်ချက်တည်းနှင့်အလဲထိုးခြင်း

Vol. 38 Ch. 709

မီးလျှံနဂါးကောင်းကင်သခင်၊ တစ်ချက်တည်းနှင့်အလဲထိုးခြင်း

Vol. 38 Ch. 709

တစ်ဖက်တွင်မူ ရှုခွင်းထျန်း၏ မျက်နှာသည် ဝမ်းမြောက်ဝမ်းသာဖြင့် တောက်ပလာသည်။

အခြားစကား မပြောတော့ဘဲ သူသည် အသစ်ရောက်လာသူအား ချက်ချင်းနှုတ်ဆက်လိုက်သည်။

ဤအခိုက်အတန့်တွင် ယန်ပင်းဟွား၊ ယောင်ရှင်းချန်းနှင့် ကျန်းဟန်ယွီတို့၏ အမူအရာများသည် ရှောင်လွှဲ၍ မရနိုင်အောင် မဲမှောင်လာခဲ့သည်။

ကျန်းချန်ရွှမ်သည် ၎င်းတို့ ပုံမှန်မဟုတ်သည်ကိုအာရုံခံမိပြီး ချက်ချင်းမေးလိုက်သည်။

"တာအိုရောင်းရင်းတို့ ၊ အဲဒီလူကဘာဖြစ်လို့လဲ?"

ကျန်းချန်ရွှမ် ၏ မေးခွန်းကိုကြားသောအခါ ယန်ပိုင်ဟွား နှင့်အခြားသူများသည် မျက်လုံးချင်း ဖလှယ်လိုက်ကြကာ ယန်ပိုင်ဟွားကရှင်းပြလိုက်သည်။

“အဲ့ဒီလူက မီးနဂါးကောင်းကင်သခင်လို့ လူသိများတဲ့ နတ်ဆိုးမီးလျှံနန်းတော် က မဟာကောင်းကင်သခင်တစ်ယောက်ပါ။

နတ်ဆိုးမီးလျှံနန်းတော်နဲ့ ရှု မိသားစုနဲ့ အဆက်အသွယ်ရှိတယ်လို့လည်း ကောလာဟလတွေ ထွက်ဖူးတယ်။ အခုကြည့်ရတာ ကောလာဟလတွေက မှန်နေပုံပဲ။”

"နတ်ဆိုးမီးလျှံနန်းတော်? ဒါက နတ်ဆိုး ဂိုဏ်းလား?"

ကျန်းချန်ရွှမ် အနည်းငယ်အံ့အားသင့်သွားသည်။

ကျန်းဟန်ယွီက ခေါင်းညိတ်ကာဖြေလိုက်သည်။ “တကယ်တော့ နတ်ဆိုးမီးလျှံနန်းတော်ဟာ နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းပါ။ ဒါ့အပြင် သူတို့က ကျုပ်တို့လို မှန်ကန်တဲ့ဂိုဏ်းတွေကို ပြသနာရှာလေ့ရှိတယ်။"

ဆက်လက်၍ ကျန်းဟန်ယွီသည် ကျန်းချန်ရွှမ် ကိုကြည့်ပြီးအကြံပြုလိုက်သည်။

"တာအိုရောင်းရင်းကျန်း ၊ ခင်ဗျားသတိထားသင့်တယ်။ အဲဒီ ရှုခွင်းထျန်း ဟာ သဘောထားကြီးတဲ့လူတစ်ယောက်မဟုတ်ဘူး။ သူက ခင်ဗျားကို ဒုက္ခပေးဖို့ မီးလျှံနဂါးကောင်းကင်သခင်ကို အကူအညီတောင်းနိုင်တယ်။"

သူ၏ စကားများ ပြီးဆုံးသွားသည်နှင့် ရုတ်တရက် လူတိုင်းသည် အလွန် လွှမ်းမိုးမှုရှိပြီး ကြမ်းတမ်းသော အကြည့်တစ်ခု သူတို့ဆီသို့ ဦးတည်နေသည်ကို ခံစားလိုက်ရသည်။

ထိုအကြည့်သည် သူတို့ အားလုံးကို လွမ်းမိုးပစ်ရန် အသင့် ဖြစ်နေသကဲ့သို့ မျက်စိ အတွင်း တွင် အဆုံးမဲ့မီးတောက်များတောက်လောင်နေကြောင်း သိသာ ထင်ရှားစွာ ခံစားနိုင်ကြလေသည်။

ယန်ပင်းဟွား၊ ယောင်ရှင်းချန်းနှင့် ကျန်းဟန်ယွီတို့ ၏ အမူအရာများ ထပ်မံပြောင်းလဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် မီးလျှံနဂါးကောင်းကင်သခင် ၏ မျက်လုံးသည် နောက်ဆုံးတွင် ကျန်းချန်ရွှမ် ပေါ်တွင် ရောက်လာခဲ့လေသည်။

ကြမ်းတမ်းကာလွမ်းမိုးနိုင်သောအသံဖြင့် သူသည် ကြေငြာလိုက်သည်။

"မင်းက ကျန်းချန်ရွှမ် လား?

မင်းက ငါ့ နတ်ဆိုးမီးလျှံနန်းတော်ရဲ့ ဧည့်သည်ဖြစ်တဲ့ အကြီးအကဲ ရှုခွင်းမင်ကို သတ်ခဲ့တာလား?"

ကျန်းချန်ရွှမ် နှင့်အဖွဲ့သည် တုံ့ပြန်နိုင်ခြင်းမပြုမီ မီးလျှံနဂါးကောင်းကင်ဘုံသခင်ကဆက်ပြောလိုက်သည်။

"ငါ မင်းကို အပြစ်ကျေဖို့ အခွင့်အရေးပေးမယ်။ မင်းလျို့ဝှက်ညနယ်ပယ်မှာရလာတဲ့ အရာအားလုံးကိုလွဲပေးပြီး နတ်ဆိုးမီးလျှံနန်းတော်ကို နှစ်ပေါင်း ၃၀၀၀ ကျွန်ခံဖို့ ကျိန်ဆိုပါ။

ဒီနည်းနဲ့ ဒီကိစ္စကို ငါလွတ်ပေးလို့ရနိုင်တယ်။”

သူသည် ထိုစကားများကို ပြောပြီးသည်နှင့် ချက်ချင်းပင် ရှုခွင်းထျန်း၏ မျက်နှာတွင်အပြုံးတစ်ခုပေါ်လာခဲ့သည်။

ကျန်းချန်ရွှမ် ဘက်တွင် ကျန်းဟန်ယွီနှင့် ယန်ပိုင်ဟွားတို့သည် အလွန်တင်းမာနေသောပုံ ပေါက်နေသည်။

ကျန်းဟန်ယွီ၏ ခန့်မှန်းချက်သည် အမှန်တကယ်ဖြစ်လာခဲ့ပြီ။

ရှုခွင်းထျန်းသည် အမှန်တကယ် ကျန်းချန်ရွှမ်နှင့် တိုက်ရိုက်ရင်ဆိုင်ရန် မီးလျှံ နဂါးကောင်းကင်ဘုံသခင်ထံ အကူအညီတောင်းခံခဲ့သည်။

သို့သော်လည်း ကျန်းချန်ရွှမ်က မကျေမနပ်ဖြစ်မနေပါ။

သူသည် မီးလျှံ နဂါး ကောင်းကင်သခင်ကို ကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။

"ငါငြင်းရင်ရော။ ဘာဖြစ်မလဲ?"

"ငြင်းရင်လား?"

မီးလျှံနဂါးကောင်းကင်ဘုံသခင်သည် ရှင်းရှင်းလင်းလင်း တုန်လှုပ်သွားခဲ့ပြီး ကျန်းချန်ရွှမ်ထံမှ ထိုကဲ့သို့သော အဖြေလာမည်ဟု မမျှော်လင့်ထားပေ။

နဂါးပုံသဏ္ဌာန် မီးလျှံများ သည် စတင်၍ သူ့ပတ်လည်တွင် လှည့်ပတ်လာသည်နှင့်အမျှ သူ ၏ မျက်လုံးများသည် ချက်ချင်းပင် ပို ၍ အန္တရာယ်များလာခဲ့သည်။

"ဒီကိစ္စက မင်းဆုံးဖြတ်လို့ရမှာမဟုတ်တာကို ငါစိုးရိမ်မိတယ်။"

"ဟုတ်လား?"

ကျန်းချန်ရွှမ်၏ အမူအရာသည် တည်ငြိမ်နေခဲ့ပြီး ရုတ်တရက်ပြောလိုက်သည်။ "ဒီအောက်နယ်ပယ်မှာ ဘယ်သူမှ ငါမလုပ်ချင်တဲ့အရာကို လုပ်ဖို့ ဖိအားပေးလို့မရဘူး။"

"ဘယ်လောက် မာနကြီးလိုက်သလဲ!"

မီးလျှံနဂါး ကောင်းကင်ဘုံရှင်ဘုရားသခင်၏ မျက်လုံးများသည် မီးလျှံများဖြင့် ပြည့်နှက်နေလေသည်။

ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲမှ နဂါးတစ်ကောင်၏အော်သံ ထွက်လာခဲ့သည်။

ခဏအကြာတွင် မီးတောက်နေသော နဂါးသည် သူ၏အစွယ်များကိုလှစ်ပြကာ ၎င်း၏ ခြေသည်းများကို ဝေ့ယမ်းပြလိုက်ပြီး အရာအားလုံးကိုဖယ်ရှားပစ်နိုင်သည့် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားဖြင့် ကျန်းချန်ရွှမ်ကိုခုန်အုပ်လိုက်လေတော့သည်။

"ငါ မင်းကို ပြောဖို့ မေ့သွားတယ်။ ဒီအောက်နယ်ပယ်မှာ ငါတောင်းဆိုတာကို ဘယ်သူမှ ပွင့်ပွင့်လင်းလင်း မငြင်းရဲဘူး။”

ဟိန်းသံများ!

ကောင်းကင်နှင့်မြေကြီးအကြားတွင် ရုတ်တရက် မီးတောက်သော နဂါးကြီး ၏ ကျယ်လောင်သော ဟိန်းသံက ပဲ့တင်ထပ်လာသည်။

ပေထောင်ပေါင်းများစွာ ရှည်လျားသော ၎င်း၏ ကြောက်မက်ဖွယ်ခန္ဓာကိုယ်သည် ကျန်းချန်ရွှမ်ဆီသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။

"သတိထား!"

ယန်ပိုင်ဟွား၊ ကျန်းဟန်ယွီ နှင့်အခြားသူများကချက်ချင်းသတိပေးလိုက်သည်။

ချွမ်..... ချွမ်..... ချွမ်..... ချွမ်.....

ရုတ်တရက်!

ကျန်းချန်ရွှမ်၏ ရှေ့တွင် ထက်မြက်သောဓားအလင်းတစ်ခုပေါ်လာသည်။

ဓားအလင်းသည် ထက်ပြီး ပြင်းထန်ကာ သေစေနိုင်ပေသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများဖြစ်သော ယန်ပိုင်ဟွားနှင့် အခြားသူများအပါအ၀င် ထိုနေရာတွင် ရှိနေသောသူတို့ ၏ အရေပြားပေါ်တွင်စူးရှသောခံစားချက်ကိုခံစားခဲ့ရသည်။

အဲဒီဓားက ဘာဓားလဲ။

လူတိုင်း ထိုမေးခွန်းကို တွေးတောနေစဉ်တွင်ပင် ဧရာမ မီးလျှံနဂါးကြီးက ကျန်းချန်ရွှမ်၏ရှေ့မှ ဓားအလင်းကို တိုက်ရိုက်ထိမှန်ခဲ့လေသည်။

ချွမ်.....

ဝှစ်~

ချက်ချင်းပင် အဆုံးမရှိသော ဓားချီက မုန်တိုင်းကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။

ယခင်က မရှုံးနိမ့်နိုင်သော မီးလျှံနဂါးသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် မရေတွက်နိုင်သော ဓားအမှတ်အသားများ ရုတ်တရက်ပေါ်လာပြီး ထိုနေရာများရှိ မီးလျှံများသည် ငြှိမ်းသွားလေသည်။

နောက်ဆုံးတွင် မီးတောက်နဂါး ၏ ကိုယ်ခန္ဓာသည် ပြိုကွဲသွားခဲ့သည်။

ဝှစ်~

ကျန်းချန်ရွှမ်၏ နောက်ဆုံးစကားလုံးကျဆင်းသွားသည်နှင့်အမျှ သူ့ရှေ့မှ ဓားအလင်းသည် ရုတ်တရက် အမှတ်တစ်ခုသို့ ကျရောက်သွားလေသည်။

ဝှစ်ဟူသော အသံမြည်သွားခဲ့သည်။

မီးတောက်နဂါးကြီး ၏ ကြီးမားသောခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်ပေါ်တွင် ပေါက်ကွဲသွားပြီး မီးတောက်များဖြင့် ပြည့်နှက်နေကာ ပျောက်ကွယ်သွားလေတော့သည်။

"ဘာ....?"

ထိုမြင်ကွင်းသည် ယန်ပိုင်ဟွား၊ ကျန်းဟန်ယွီ၊ ယောင်ရှင်းချန်းနှင့် ရှုခွင်းမင်တို့ အပါအဝင် အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

လွှမ်းမိုးနိုင်သော ပြင်းထန်နေဆဲဖြစ်သည့် မီးလျှံနဂါးကောင်းကင်သခင်ကိုယ်တိုင်ပင် သူ၏မျက်နှာ၌ အံ့အားသင့်နေသောအကြည့် ပေါ်လာခဲ့သည်။

သူ၏တိုက်ခိုက်မှုအား တကယ်ပင်ကျန်းချန်ရွှမ်က ဤကဲ့သို့ ချိုးဖျက်ခဲ့ပါသလား?

မည်သို့ဖြစ်နိုင်မည်နည်း?

သူသည် မဟာကောင်းကင်သခင်ဖြစ်ပေသည်။

မဟာကောင်းကင်သခင်တစ်ပါး ၏ တိုက်ခိုက်မှုသည် သာမန် ကောင်းကင်သခင်တစ်ဦး ၏ အလွယ်တကူ ချိုးဖျက်ခြင်းကို မည်သို့ခံရပါလိမ့်မည်နည်း?

ပြိုင်ဖက်သည် သာမန်ကောင်းကင်သခင်မဟုတ်ဘဲ သူကဲ့သို့ နောက်ဆုံးအဆင့် မဟာကောင်းကင်သခင် ဖြစ်မှသာ ဖြစ်နိုင်လိမ့်မည်ဖြစ်သည်။

ထိုအတွေးဖြင့် မီးလျှံနဂါး ကောင်းကင်သခင်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားလေသည်။

အကယ်၍ ဤသို့ဖြစ်ခဲ့လျှင် သူ့အားဖမ်းရန် လွယ်ကူမည်မဟုတ်ပေ။

"အသွားအပြန်ဆိုတာရှိတယ်။ အခုက ငါ့အလှည့်ပဲ။"

ကျန်းချန်ရွှမ်၏ မျက်လုံးများ ရုတ်တရက် စူးရှသွားသည်။

သူသည် ဓားကို ကိုင်ထားသကဲ့သို့ လက်ချောင်းများဖြင့် အမူအရာပြုကာ အလင်းဖြတ်တောက်ခြင်း လှုပ်ရှားမှုကို ပြုလုပ်ခဲ့လေသည်။

ကျီ....

ခဏအကြာတွင် လေဆာကဲ့သို့ ဖြောင့်တန်းသောရွှေရောင်ဓားအလင်းတန်းသည် မီးလျှံနဂါးကောင်းကင်သခင်ဆီသို့ ပစ်ခတ်လိုက်သည်။

"ဘယ်လိုလဲ"

မီးလျှံနဂါးကောင်းကင်သခင်၏ခန္ဓာကိုယ်တွင် ကြက်သီးမွေးညှင်းများ ထသွားတော့သည်။

ရုတ်တရက် သူ့နှလုံးသားထဲတွင် အလွန်အန္တရာယ်ရှိသော ခံစားချက်တစ်ခု တိုးဝင်လာသည်။

မကောင်းတော့ဘူး!

ထိုအချိန်တွင် သူသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ပါ။ နဂါးပုံသဏ္ဌာန်ရှိသည့် မီးလျှံအတားအဆီးသည် ပါးလွှာသော လေထဲမှ သူ့ရှေ့တွင် ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် နဂါးဟိန်းသံနှင့်အတူ လိုက်ပါလာသော အနီရောင်လင်းနေသည့် ပျံသန်းနေသော ဓားတစ်စင်းသည် သူ၏ခေါင်းထက်မှ အလျင်အမြန် ထွက်ပေါ်လာခဲ့သည်။

ဂျုန်း...

နျူကလီးယားပေါက်ကွဲမှုကဲ့သို့ အသံသည် လေထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

မီးလျှံနဂါး ကောင်းကင်သခင် ၏ အနီရောင်ဓားပျဲသည် ဝမ်းနည်းဖွယ်ကောင်းသော ငိုကြွေးသံကို ထုတ်လွတ်ခဲ့သည်။ လေထုထဲမှ မီးလျှံနဂါးအရိပ်ဟာ ရုတ်တရက် ပြိုကွဲသွားခဲ့သည်။

ဂလောင်...ဂလောင်..ဂလောင်... - တစ်ချိန်တည်းမှာပင် ၊ အနီရောင်ဓားပျံသည် လေထဲတွင် လှည့်ပတ်နေပြီးနောက် ပြန်ဆုတ်သွားစေရန် တွန်းအားပေးခံလိုက်ရသည်။

ဤအခိုက်အတန့်တွင် မီးလျှံနဂါးကောင်းကင်သခင်သည် သူ ၏ ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သော လှုပ်ခတ်မှုကို ခံစားလိုက်ရပြီး သူ့အတွင်းရှိ ဓမ္မ စွမ်းအားသည် ထိန်းချုပ်မရအောင် ပြန့်နှံ့သွားခဲ့လေသည်။

သို့သော်လည်း သူတုံ့ပြန်နိုင်ခြင်းမရှိမီ ဖြောင့်တန်းနေသော ရွှေရောင်ဓားအလင်းသည် သူ့ဆီသို့ ထပ်မံ၍ လှိမ့်ဝင်လာသည်။

ဖောက်ဟူသော အသံမြည်သွားခဲ့သည်။

သူ့ရှေ့တွင်ရှိသော နဂါးပုံသဏ္ဍာန် မီးလျှံအတားအဆီးကလည်း ချက်ချင်းငြိမ်းသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဘေးသို့ ရုတ်တရက်လွှင့်သွားခဲ့တော့သည်။

***

All Chapters