သန့်စင်ခြင်း၊ ပြုပြင်ခြင်း၊ အမြတ်ဖြတ်ဓား
Vol. 38 Ch. 714
အမှန်ပင်။
ကျန်းချန်ရွှမ်သည် စကားပြောပြီးနောက် မကြာမီမှာပင် အမြစ်ဖြတ်ခြင်းဓား၏ စိတ်ဝိညာဉ်သည် ချက်ချင်းတုံ့ပြန်သည်။
"ဒါကိုဘယ်လိုလုပ်လိုက်တာလဲ? ပြီးတော့ မင်းကဘယ်သူလဲ? ငါ့ကိုဘာလို့ နှိုးတာလဲ? မင်းဘာလိုအပ်လို့လဲ?"
အမြစ်ဖြတ်ဓား၏ စကားကို ကြားလိုက်ရသောအခါ ကျန်းချန်ရွှမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူသည် မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် ရည်ရွယ်ခြင်းမရှိဘဲ သူ၏ကိုယ်ပိုင်အခြေအနေကို ဓား၏စိတ်ဝိညာဉ်နှင့် အတိုချုပ်မျှဝေခဲ့လေသည်။
ထို့နောက် သူက ရယ်မောရင်း ဆက်ပြောလိုက်သည်။
"စီနီယာ၊ ကျွန်တော်ခင်ဗျားကို အခုနှိုးလိုက်ရတဲ့ အကြောင်းရင်းကို ခင်ဗျားသိဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ခင်ဗျားကို ဒီအချိန်ကနေစပြီး ကျွန်တော့်နောက်ကို လိုက်စေချင်လို့ပါ။
ခင်ဗျားရဲ့လက်ရှိအနေအထားအရ ကိုယ့်ဘာသာကိုယ် ပြန်ကုသဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးပါး ဖြစ်နေတာကိုလည်း သတိထားမိမယ်ထင်ပါတယ်။
ဒါကြောင့်။
ကျွန်တော့်နောက်ကိုလိုက်တာက နှစ်ယောက်စလုံးအတွက် အကျိုးရှိစေလိမ့်မှာပါ။
ဘယ်လိုထင်လဲ?"
ကျန်းချန်ရွှမ် ၏ စကားကိုကြားသောအခါ အမြစ်ဖြတ်ဓား၏ စိတ်ဝိညာဉ်သည် အတွေးထဲ နစ်ဝင်သွားလေသည်။
ကျန်းချန်ရွှမ်ပြောသမျှမှန်ခဲ့လျှင် ကျန်းချန်ရွှမ်ဟု ခေါ်သော ဤကျင့်ကြံသူသည် အမှန်တကယ်ပင် အကန့်အသတ်မဲ့ အနာဂတ်ရှိသည်ကို သက်သေခံနေလေသည်။
သူ့နောက်သို့လိုက်ခြင်းသည် အမှန်တကယ် ပြန်လည်ပြုပြင်ရန် အခွင့်အလမ်းရှိကောင်း ရှိနိုင်ပါသည်။
အရေးအကြီးဆုံးမှာ သူ၏လက်ရှိအခြေအနေအရ သူ၌ ရွေးချယ်စရာများစွာ မရှိခဲ့ပါ။
ထို့ကြောင့် ၎င်းသည် ကျန်းချန်ရွှမ်ကို ကြည့်ကာရုတ်တရက်ပြောလိုက်လေသည်။
“မင်းနောက်ကို လိုက်ဖို့နဲ့ ငါ့ကို သန့်စင်ဖို့အတွက် မင်းနဲ့ ပူးပေါင်းဖို့က ငါ့အတွက် မဖြစ်နိုင်ဘူး။”
၎င်းသည် ကျန်းချန်ရွှမ်၏စကားကိုပင် ယူ၍ မရပေ။
အခုချိန်ထိ သူခံစားနေရသော ကုသိုလ်က မှန်ကန်နေသလိုခံစားရလျှင်ပင်ဖြစ်သည်။
ထိုသို့သောလူမျိုးများသည် လူဆိုးများမဖြစ်နိုင်ပါ။
သို့သော် ဆိုရိုးများအရ မျက်စိဖြင့်မြင်ရမှသာ ယုံရမည်ဖြစ်သည်။ ကျန်းချန်ရွှမ်ပြောသမျှအားလုံး မှန်ကန်ကြောင်း ကိုယ်တိုင်သက်သေပြရန် လိုအပ်နေသေးသည်။
ကျန်းချန်ရွှမ်သည် အမြစ်ဖြတ်ဓား စိတ်ဝိညာဉ် ၏ တောင်းဆိုမှုကို သဘာဝကျကျ ငြင်းဆန်မည် မဟုတ်ပါ။
သူက ဘာမှမပြောဘဲ သူ့လက်ကို နောက်ပြန်ဆုတ်လိုက်လေသည်။
ခနအကြာတွင် ရွှေရောင်အလင်း၏ ဘီးတစ်ခုက သူ့ခေါင်းအနောက်ဘက်တွင် ပေါ်လာခဲ့သည်။
ဤအရာကိုမြင်သောအခါ ကျန်းချန်ရွှမ်၌ကုသိုလ်ရှိသောကြောင့် တုန်လှုပ်နေပြီးဖြစ်သော အမြစ်ဖြတ်ဓား၏ ဝိညာဉ်သည် ပို၍ပင်အံ့သြသွားခဲ့သည်။
"ကုသိုလ်အလင်းဘီး၊ မင်းမှာ တကယ်ပဲ ကုသိုလ်အလင်းဘီးရှိနေတယ်။”
ဤကုသိုလ်အလင်းဘီးသည် ပိုမိုသိသာထင်ရှားသည့် အရည်အသွေးရှိသော ရွှေဘီးကဲ့သို့ မကြီးမားသော်လည်း ကျန်းချန်ရွှမ်အတွက် သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်တွင် ၎င်းသည် ထိတ်လန့်စရာကောင်းလောက်အောင် အံ့သြဖွယ်ကောင်းပြီးမယုံနိုင်လောက်အောင်ပင်ဖြစ်သည်။
"ဘယ်လိုလဲ စီနီယာ? ကျွန်တော့်ကို အခုယုံပြီလား? ဒါက ကျွန်တော် ဒီလောကရဲ့ မူလကို ပြုပြင်ခြင်းနဲ့ တက်ရောက်ခြင်းစင်မြင့် ပြန်လည်တည်ဆောက်ထားလို့ ရရှိထားတဲ့ဆုလာဘ်ပါ။"
ကျန်းချန်ရွှမ်ကဆက်ပြောသည်။ "ပြီးရင် စီနီယာကျွန်တော့်နောက်လိုက်ရင် ခင်ဗျားရဲ့ကိုယ်ထည်ကို ပြုပြင်ဖို့ ကျွန်တော် ရွှေကုသိုလ်ကြာပွင့်ကို သုံးပြီးအထောက်အပံ့ပေးနိုင်ပါတယ်။”
"မဖြစ်နိုင်ဘူး။ မင်းတကယ်ပြောနေတာလား?”
ကျန်းချန်ရွှမ်၏ စကားများကို ကြားလိုက်ရသောအခါ အမြစ်ဖြတ်ဓား၏ ဝိညာဉ်သည် တည်ငြိမ်စွာ မနေနိုင်တော့ပေ။
ကျန်းချန်ရွှမ်သည် သူ၏ ခန္ဓာကိုယ်ကို ပြုပြင်ရန် ၎င်း၏ အရည်အချင်းအနည်းငယ်ကိုပင် အသုံးပြုရန် အမှန်တကယ် ဆန္ဒရှိပါက ၎င်း၏ခန္ဓာကိုယ်အတွက် ကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်လာနိုင်မည်ဖြစ်ကြောင်းကို ကောင်းစွာ သိရှိခဲ့သည်။
ယခုအချိန်တွင် အမြစ်ဖြတ်ဓား၏ စိတ်ဝိညာဉ်သည် နောက်ဆုံးတွင် အပြည့်အဝ ပြန်လည် ထူထောင်နိုင်ရန်အတွက် စစ်မှန်သောမျှော်လင့်ချက်တစ်ခုကို တွေ့မြင်ခဲ့ရသည်။
ဤစကားကိုကြားသောအခါ အမြစ်ဖြတ်ဓား၏စိတ်ဝိညာဉ်က ချက်ချင်းတုံ့ပြန်လိုက်သည်။
"အကယ်၍ အဲ့လိုဆိုရင် အခုကစပြီး ငါမင်းနောက်လိုက်မယ်။ ပြီးရင် ငါ့ကိုယ်ထည်ကို မင်းသန့်စင်နိုင်ဖို့လည်း တတ်နိုင်သမျှ အမြန်ဆုံးပူးပေါင်းပေးပါ့မယ်။
မင်းရဲ့ဂတိကို စောင့်ထိန်းပြီး ငါ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့တော့ ငါမျှော်လင့်ပါတယ်။”
"စိတ်ချပါ စီနီယာ။ ကျွန်တော့်စကားကို ကျွန်တော်တည်ပါတယ်။" ကျန်းချန်ရွှမ်က ပြန်ဖြေလိုက်ကာ ဓား၏စိတ်ဝိညာဉ်က သဘောတူသည့်အတွက် ဝမ်းသာသွားခဲ့သည်။
အကယ်၍ သူသည် ဤ ဝိညာဉ်ရတနာကို အမှန်ပင် သန့်စင်နိုင်ခဲ့လျှင်၊ သူသည် ပြုပြင်ခြင်း ကျောက်စိမ်းနှင့် ကုသိုလ်အနည်းငယ်ကို ပြန်လည်ထိန်းသိမ်းကာ ပို၍ အဆင့်မြင့်လာစေရန် လုပ်နိုင်ပေသည်။
ထိုအချိန်မတိုင်မီ ဤရတနာသည် သူ ၏ အကြီးမြတ်ဆုံး ဝှက်ဖဲ ဖြစ်လာကာ သူ့အား ဗလာနယ်ပြန်နတ်ဘုရားအရှင်များကိုပင် ရင်ဆိုင်နိုင်မည်မှာ သေချာသည်။
ဤအတွေးနှင့်အတူ၊ ကျန်းချန်ရွှမ်သည် ချက်ချင်းပြုပြင်မွမ်းမံရန် စတင်ကြိုးစားခဲ့သည်။
အမြစ်ဖြတ်ဓားကိုဖြစ်သည်။
အမြစ်ဖြတ်ဓား၏ စိတ်ဝိညာဉ် အကူအညီဖြင့် သန့်စင်ခြင်းလုပ်ငန်းစဉ်သည် လျင်မြန်ခဲ့ပေသည်။
ဤဖြစ်စဉ်အတွင်းတွင် သူသည် ရွှေရောင်ကုသိုလ်သုံးခုနှင့် ညီမျှသောကုသိုလ်တစ်ခုကိုလည်း ပေါင်းစပ်ပြီး သန့်စင်မှုကို ပိုမိုမြန်ဆန်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် အမြစ်ဖြတ်ဓား၏ ခန္ဓာကိုယ်ကို ရွှေရောင်အလွှာဖြင့် ထွင်းထုထားပုံရကာ ဓားတစ်ချောင်းလုံးသည် အင်အားသစ်ကို ထုတ်လွှတ်လိုက်စေခဲ့သည်။
ဓားစိတ်ဝိညာဉ်သည် ၎င်း၏ စိတ်ဝိညာဉ် ပိုမိုအားကောင်းလာသည်ကို သိသာထင်ရှားစွာ ခံစားနိုင်ခဲ့သည်။
သူကငါ့ကိုအမှန်တကယ်မလှည့်စားခဲ့ပုံရတယ်၊ ဓားစိတ်ဝိညာဉ်သည် တွေးလိုက်ကာ သန့်စင်ခြင်း လုပ်ငန်းစဉ်တွင် ပိုမိုပူးပေါင်းဆောင်ရွက်လာသည်။
............
နောက် ၅ နှစ်အကြာတွင်။
ဓား၏ ပဲ့တင်သံတစ်ခုဖြင့် ကျန်းချန်ရွှမ်သည် နောက်ဆုံးတွင် အမြစ်ဖြတ်ဓားကို အပြည့်အဝ သန့်စင်နိုင်ခဲ့သည်။
ထိုအချိန်တွင်။
အမြစ်ဖြတ်ဓားသည် ပျက်စီးနေဆဲ ဖြစ်သော်လည်း ၎င်း၏ ဓားသွားသည် ယခု တောက်ပသော ဝိညာဉ်ရေးအလင်းကို ထုတ်လွှတ်နေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ဦးကို ဝါးမြိုသွားနိုင်သည့် အရောင်အဝါက ဓားသွားမှ ထွက်လာလေသည်။
ကျန်းချန်ရွှမ်၏ မျက်နှာ၌ ထိန်းချုပ်မရသောပျော်ရွှင်မှုကို ပြသလာသည်။
ထိုအချိန်တွင် ဤဝိညာဉ်ရတနာ နှင့် ပတ်သက်သော သတင်းအချက်အလက် အားလုံးသည် သူ့ ထံ ဖုံးကွယ်ထားခြင်းမရှိတော့ပေ။
သူရရှိသော သတင်းအချက်အလက်များအရ ထိုဓားကို အမြစ်ဖြတ်ဓားဟု လူသိများပြီး မယုံနိုင်လောက်အောင် ဆိုးရွားသော ဖျက်ဆီးနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။
တစ်ချောင်းတည်းဖြင့် ၎င်းးသည် ဗလာနယ်ပြန်နတ်ဘုရားအရှင်၏ ဓမ္မပုံစံကိုပင် ဖျက်ဆီး ပစ်နိုင်သည်။
၎င်းသည် ဗလာနယ်ပြန်နတ်ဘုရားးအရှင်သုံးဦးကိုပင် တစ်ချက်တည်းနှင့် သတ်နိုင်သည့် အောင်မြင်မှု ရှိခဲ့ဖူးသည်။
သေချာပါသည်။
၎င်းသည် လောလောဆယ် ထိုအရာကို မလုပ်နိုင်သေးပါ။
ကျန်းချန်ရွှမ်သည် ၎င်းကိုအပြည့်အဝ ပြန်လည်ပြုပြင်မည်ဆိုလျှင်ပင် မဖြစ်နိုင်သေးပါ။ ဘယ်လောက်ပင် ခွန်အားကြီးသော လက်နက်ဖြစ်ပါစေ၊ တစ်စုံတစ်ယောက်က ၎င်းကို အသုံးချဖို့ လိုအပ်ပါသည်။
တစ်နေ့တွင် သူ၏ကျင့်ကြံခြင်းသည် ဗလာနယ်ပြန်အဆင့်သို့မရောက်နိုင်ပါက ဓား၏ ဘုန်းအသရေ ကို ပြန်လည်ရရှိလာနိုင်မည်ဖြစ်သည်။
မည်သည့်ကြိုးပမ်းအားထုတ်မှုကိုမျှ မနှမြောဘဲ၊ ကျန်းချန်ရွှမ်သည် သူ ၏ ခန္ဓာကိုယ်မှ ပြုပြင်ခြင်း ကျောက်စိမ်းကို ထုတ်ယူပြီး ချက်ချင်းပင် တွန့်ဆုတ်ခြင်းမရှိဘဲ အမြစ်ဖြတ်ဓားသို့ အသုံးပြုလိုက်သည်။
ကျီ!
ချက်ခြင်းပင်၊ အမြစ်ဖြတ်ဓားသည် သိမ်မွေ့သောအဖြူရောင်အလင်းဖြင့် ဖုံးလွှမ်းသွားသည်။
အမြစ်ဖြတ်ဓား ၏ စိတ်ဝိညာဉ်သည် မနေနိုင်ဘဲ အံ့အားသင့်စွာပြောလိုက်သည်။ “မိတ်ဆွေငယ်ကျန်း၊ ဒါကဘာလဲ?"
ထိုအချိန်တွင် သူ့ရဲ့ ခန္ဓာကိုယ်အား မယုံနိုင်လောက်အောင် လျင်မြန်စွာ ပြုပြင်မွမ်းမံနေသည်ကို သိသာထင်ရှားစွာ ခံစားရနိုင်ပေသည်။
ကျန်းချန်ရွှမ်က ဖုံးကွယ်မထားတော့ဘဲ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ဘယ်လိုလဲ စီနီယာ။ အံ့သြသွားလား။ ဒါက ကျွန်တော်ကံကောင်းပြီးရထားတဲ့ ကမ္ဘာပေါ်က ရတနာတွေအားလုံးကို ပြန်လည် ပြုပြင်ပေးနိုင်စွမ်းရှိတဲ့ ရတနာတစ်ပါးပါ။
ဒါကိုခင်ဗျားအပေါ်ကျွန်တော်သုံးလိုက်ပြီ။ ဒါနဲ့ဆိုရင် ခင်ဗျားရဲ့ ပြီးပြည့်စုံတဲ့ အထွတ်အထိပ်အခြေအနေကို ပြန်ရောက်ဖို့ သိပ်မကြာ တော့ပါဘူး။”
***