← Chapters

နှစ်ပေါင်းသုံးဆယ်ကြာပြီးနောက် လူထုဟောပြောပွဲ

Vol. 38 Ch. 716

နှစ်ပေါင်းသုံးဆယ်ကြာပြီးနောက် လူထုဟောပြောပွဲ

Vol. 38 Ch. 716

"ပထမဦးဆုံးအချက်က ကျုပ်တို့က မင်းတို့အတွက် တစ်ခုခုချန်ထားခဲ့ပေးချင်လို့ဖြစ်တယ်။" ဟုကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က ပြောခဲ့ကာ တစ်ဦးချင်းစီသည် သိုလှောင်လက်စွပ်များစွာကို ထုတ်ယူပြီး ကောင်စီခန်းမရှိ အဓိကစားပွဲပေါ်တွင် တင်လိုက်သည်။

“ဒီပစ္စည်းတွေကို ကျုပ်တို့ ဇနီးမောင်နှံက မိသားစုအတွက် နှစ်ပေါင်းများစွာ အထူးပြင်ဆင် ထားတာမလို့ မိသားစုရဲ့ အနာဂတ်အတွက် အခြေခံအုတ်မြစ်အဖြစ် သုံးနိုင်ပါတယ်။ သူတို့ကို လိုအပ်သလို လက်တွေ့အခြေအနေအရ ဖြန့်ဝေပေးနိုင်ပါတယ်။

ဒီအကြောင်းကိုတော့ ထပ်မပြောတော့ပါဘူး။

ဒုတိယအချက်ကတော့ ၊ ကျုပ်တို့ထွက်ခွာပြီးနောက် မိသားစုမှာ အနည်းဆုံး ဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင် ပေါ်လာတဲ့အထိ တပ်ဖွဲ့တွေနဲ့ သိမ်းပိုက်ထားတဲ့ အရင်းအမြစ်တွေကို ရွေးချယ်ပြီး ပြန်လည်ရုပ်သိမ်းဖို့ လိုအပ်လိမ့်မယ်။

အချိန်ကာလတစ်ခုအထိ ၊ မင်းတို့ဘာမှမလုပ်ဘဲ ဘာမှမပြောင်းလဲရင်တောင်မှ အခြားဂိုဏ်းတွေ၊ မိသားစုတွေက မင်းတို့အပေါ်မှာ ငါ့ဇနီးနဲ့ငါ့ကို လေးစားမှုမရှိဘဲ ဆန့်ကျင်ဖို့လုပ်နိုင်မှာမဟုတ်ဘူး။

သူတို့က မင်းတို့အပေါ် ဂရုစိုက်မှုအချို့တောင် ပေးနိုင်ပါတယ်။ ဒါပေမဲ့ မင်းတို့နားလည်ရမှာက လိုက်လျောမှုက ဘယ်လောက်ပဲနက်ရှိုင်းပါစေ၊ သူ့မှာ အကန့်အသတ်ရှိတယ်။

အချိန်အကြာကြီး မတည်ရှိနိုင်တဲ့ အရာတွေအတွက် ဒီအကျိုးကျေးဇူးတွေကို မဖြန်းတီးပစ်ဘဲ ကိုယ့်စွမ်းရည်ကို သတိထားပြီး ကိုယ်တတ်နိုင်သလောက်သာ ကိုင်တွယ်ပြီး သုံးစွဲဖို့ မျှော်လင့်ပါတယ်။ မိသားစုရဲ့ခွန်အားက ရေရှည်တည်တံ့ခိုင်မြဲမှုကို သေချာစေဖို့ သော့ချက်ဖြစ်တာကြောင့် ကိုယ့်ကိုကိုယ်အင်အားကြီးဖို့ အာရုံစိုက်ပါ။”

ဤအခိုက်အတန့်တွင် ကျန်းချန်ရွှမ်သည် ဆက်မပြောခင် ခဏနားလိုက်သည်။

“နောက်ဆုံးအနေနဲ့ ကျွန်တော့ဇနီးနဲ့ကျုပ်တို့ဟာ အနှစ်သာရကိုးပါးကျင့်ကြံရေးလောက တစ်ခုလုံးကို သတင်းစကားတစ်ခု ပေးပို့သွားပါမယ်။ အခုကစပြီး နှစ်ပေါင်းသုံးဆယ်ကြာရင် ကျုပ်တို့က မှော်ဝင်တိုင်တောင်မှာ သင်ခန်းစာကို သုံးနှစ်ကြာသင်ကြားပေးမယ်။ အဲ့အချိန်ရောက်ရင် ဆန္ဒရှိသူ ဘယ်သူမဆို ကျုပ်တို့ရဲ့ မှော်ဝင်တိုင်တောင်ကို ဝင်ပြီး ဟောပြောတာကို နားထောင်နိုင်တယ်။

မင်းတို့ ဒီတာဝန်ကို အလေးအနက်ထားရမယ် ၊ နားလည်ပြီလား။"

"နားလည်ပါပြီ။"

တက်ရောက်လာသူအားလုံးက အမိန့်ကို လက်ခံရကြောင်း ဦးညွတ်ပြောဆိုခဲ့ကြသည်။

...........

ခဏအကြာတွင်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ကျန်းအန်းရန်၊ ကျန်းယွင်ချန်း၊ ဟွမ်းဝမ်ယုနှင့် ဟွမ်းလင်းအာတို့ကို နေခဲ့ရန်ပြောကြားခဲ့သည်။

ဤပုဂ္ဂိုလ်လေးဦးကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အနာဂတ်တွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ရရှိရန် အလားအလာအရှိဆုံးအဖြစ် သတ်မှတ်ခဲ့ကြသည်။

ဟွမ်းဝမ်ယုသည် သူ၏ ကြီးမားသောကံကြမ္မာနှင့်အတူ အထူးသဖြင့် ဆန်းကြယ်လျှို့ဝှက်ည နယ်ပယ်တွင် ရရှိခဲ့သောအောင်မြင်မှုများအပြီးတွင် ဝိညာဉ်ဖွဲ့စည်းခြင်းသို့ချိုးဖောက်ရန် အာမခံချက်အနည်းငယ်ရှိသည်။

ဟွမ်းလင်းအာသည် ယခင်က ပင်ကိုယ်အရည်အချင်းတွင် ထူးခြားထင်ရှားမှုမရှိသော်လည်း သူမ စတင်သင်ကြားချိန်မှစ၍ ကျင့်ကြံရေးတွင် လျင်မြန်သော တိုးတက်မှုကို ပြသခဲ့ပြီး ဤနယ်ပယ်တွင် ထူးခြားသော ပင်ကိုယ်အရည်အချင်းကို ပြသခဲ့သည်။

သူမဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ထိုးဖောက်နိုင်ရန် အလွန်မြင့်မားပါသည်။

ကျန်းအန်းရန်သည် သူတို့၏ လက်ရင်းတပည့်ဖြစ်သောကြောင့် သူမအတွက် သင့်လျော်သော အရင်းအမြစ်များစွာကို ထောက်ပံ့ပေးခဲ့သည်။

အကယ်၍ သူမသည် လမ်းမလွဲသွားလျှင် ဝိညာဉ်ဖွဲစည်းခြင်းအဆင့်သည် ပြသနာတစ်ခု မဟုတ်တော့ပါ။

ကျန်းယွင်ချန်း အတွက်မူ....

ဤကလေး၏ကျင့်ကြံခြင်းအပေါ် ဆုံးဖြတ်ချက်မှာ ကျန်း မိသားစုတစ်ခုလုံး၌ အင်အား အကြီးဆုံးအဖြစ် သတ်မှတ်နိုင်သည်ဟု စုံတွဲက ဝန်ခံရပေမည်။

အခြေတည်ဝိညာဉ်၏ အလယ်အလတ်အဆင့်တွင် ရှိပြီးသားဖြစ်ပြီး တာအိုအတွက် သူ၏ ကနဦးရည်မှန်းချက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်သရွေ့ ဝိညဉ်ဖွဲ့စည်းခြင်းအဆင့် သည် သူ၏ လက်လှမ်းမီမှုအတွင်းတွင်သာရှိသည်။

ဤလေးယောက်ပြီးလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်း မိသားစုတွင် ဝိညာဉ်ဖွဲ့စည်းခြင်း သို့ ချိုးဖောက်ရန်အလားအလာရှိသော အခြားမည်သူ့ကိုမျှ မဖော်ထုတ်ခဲ့တော့ပါ။

အခြေတည်ဝိညာဉ်အဆင့်သို့ရောက်ရှိခြင်းသည်ပင် သူတို့နောက်လိုက်ခဲ့သည့် အသက်ကြီးနေပြီ ဖြစ်သော မိသားစု၀င်များစွာအတွက် မသေချာမရေရာဖြစ်လေသည်။

အကယ်၍ ထိုစုံတွဲယူပြန်လာသည့် သက်ရှည်မက်မွန်ပင် ကြောင့်သာမဟုတ်ခဲ့လျှင် အချို့သူများသည် သက်တမ်းကုန်လွန်ကာ သေဆုံးနေနိုင်ပေသည်။

သို့သော် မည်သို့ပင်ဖြစ်စေ ၊ သူတို့နှစ်ဦးသည် ဤလမ်းကြောင်းကို အတူတကွလျှောက်လှမ်းရန် စိတ်အားထက်သန်ခဲ့ကြသောကြောင့် ထိုလူများအတွက် မျှော်လင့်ချက် ၏ အရိပ်အယောင်ကို သူတို့နှစ်ဦးက သဘာဝကျကျ ချန်လှပ်ထားခဲ့ကြသည်။

အဆုံးသတ်တွင် မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်နိုင်မည်လား၊ ကောင်းမွန်စွာ အသုံးချနိုင်မည်လားဆိုသည်မှာ အရာအားလုံးက သူတို့အပေါ်တွင်သာ မူတည်ပါသည်။

လင်မယားနှစ်ယောက်က တတ်နိုင်သလောက် ကူညီပေးခဲ့သည်။

ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် အရာအားလုံးကိုစီစဉ်ပြီးနောက် ၎င်းတို့ ၏ ကိုယ်ပိုင် တောင်ထိပ်ရှီ ဂူများသို့ ပြန်သွားကြသည်။

.............

လအနည်းငယ်အကြာတွင်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့သည် နှစ်ပေါင်းသုံးဆယ်အတွင်း မှော်ဝင်တိုင်တောင်တွင် လူထုဟောပြောပွဲကျင်းပမည့် သတင်းသည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောက တစ်ဝှမ်းလုံးတွင် ပျံ့နှံ့ခဲ့သည်။

ကျင့်ကြံရေးလောကတစ်ခုလုံးသည် စိတ်လှုပ်ရှားမှုဖြင့် အံ့သြတုန်လှုပ်သွားခဲ့သည်။

သူတို့နှစ်ဦးသည် လက်ရှိအချိန်တွင် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင် စွမ်းအား အကောင်းဆုံးပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ခံထားရသူများ ဖြစ်ပါသည်။

သူတို့၏ ကျင့်ကြံဆင့်သည် ဝိညာဉ်ဖွဲ့စည်းခြင်း ၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုသည်။

ထို့အပြင် ၎င်းတို့သည် တစ်ချိန်က အန္တရာယ်အရှိဆုံးနတ်ဆိုးကပ်ဘေးအန္တရာယ်ကို သူတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့် ပြန်လည်ပြုပြင်ခဲ့ပြီးနောက်ပိုင်းတွင် လောက၏မူလအစကို ပြန်လည် ဖြည့်တင်းပေးခဲ့ပြီး ကျင့်ကြံရေးလောကအတွက် တက်ရောက်ခြင်းစင်မြင့်ကိုပင် ပြုပြင်ပေးခဲ့သည်။

သူတို့၏ကုသိုလ်သည် အမှန်တကယ်ပင် တိုင်းတာ၍ မရနိုင်ပေ။

ထိုအချိန်တွင်။

စုဝေးပွဲတွင် စုချင်းချန်၊ ဓားသခင်အဇူရာလန်၊ စံသခင်ဖုန်းယွင်နှင့် ရွှေရှန်းလန်၊ အခြေတည်ဝိညာဉ် အထွတ်အထိပ်ကျင့်ကြံသူအားလုံးက ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့ သုံးနှစ်ကြာကျင်းပမည့် စုဝေးပွဲအကြောင်းကို ပြောနေကြသည်။

ဤအခိုက်အတန့်တွင် စုချင်းချန်ကပြောလိုက်သည်။

“ကျွန်မဟာ အခြေတည်ဝိညာဉ် အထွတ်အထိပ်ကို ဖြတ်ကျော်ဖို့ အခွင့်အလမ်းကို ရှာမတွေ့ခဲ့တာ ကြာပါပြီ။ စီနီယာရှန်းနဲ့ စီနီယာရှန်း တို့ရဲ့ ဒီဟောပြောချက်က အသိအမြင်တချို့ကို ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အကယ်၍ အဲ့တာက ကျွန်မရဲ့ ဝိညာဉ်ဖွဲ့စည်းမှုအတွက်တံခါးဖွင့်နိုင်ဖို့ ကူညီနိုင်ခဲ့ရင် ကျွန်မ တောင်းဆိုနိုင်တာထက် ပိုသွားလိမ့်မယ်။”

စုချင်းချန်၏စကားကိုကြားလျှင် စံသခင်ဖုန်းယွင်၊ ဓားသခင်အဇူရာလန်နှင့် ရွှေရှန်းလန်တို့ကလည်း နက်ရှိုင်းစွာ သဘောတူခဲ့ကြသည်။

သူတို့သည် တစ်ချိန်က မရေမတွက်နိုင်သော ချီးမွမ်းမှုများနှင့် အာရုံစိုက်ခံခဲ့ကြရပြီး လူများ၏ ပန်းတိုင် သို့မဟုတ် စံနမူနာများ အဖြစ်ပင် ရှုမြင်ခဲ့ကြသောသူများဖြစ်သည်။

အမှန်တကယ်ပင် သူတို့သည် လူအများစုက သူတို့၏ဘဝတွင် တစ်ခါမှ မရောက်ဖူးသော ပန်းတိုင်ဖြစ်သည့် အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်ကိုပင် ရောက်ထားသဖြင့် စိတ်ပျက်စရာမရှိပါ။

သို့သော် ထိုအဆင့်တွင် သူတို့သည် နှစ်ထောင်ပေါင်းများစွာရပ်တန့်နေခဲ့ပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ မည်သို့ တိုးတက်အောင်ပြုလုပ်ရမည်ကို မသေချာသေးပေ။

ဘာမှမပြောင်းလဲလာခဲ့လျှင် သူတို့သည် အခြေတည်ဝိညာဉ်၏ အထွတ်အထိပ်၌ပင် တစ်သက်လုံး ရပ်တန့်သွားရလိမ့်မည်။

သို့သော် ယခုအခါတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးသည် ဝိညာဉ်ဖွဲ့စည်းမှု အားအကောင်းဆုံး ကောင်းကင်သခင်များအဖြစ် အသိအမှတ်ပြုခံထားရကာ မှော်ဝင်တိုင်တောင်တွင် လူထုဟောပြောပွဲကို ကျင်းပတော့မည်ဖြစ်သည့်အတွက် စုချင်းချန်နှင့် အခြားသူများသည် မျှော်လင့်ချက်၏ ရောင်ခြည်ကို မြင်တွေ့ခဲ့ရသည်။

အကယ်၍ လာမည့်လမ်းပြသည့် ဟောပြောပွဲများမှ သူတို့သည် နားလည်မှုအချို့ကို ရယူနိုင်ပါက ၎င်းသည် အကောင်းဆုံးရလဒ်ဖြစ်ပေလိမ့်မည်။

ဤအခွင့်အလမ်းအတွက် သူတို့သည် အခြေခံမူများနှင့် မဆန့်ကျင်သရွေ့ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ဆန္ဒရှိကြပေသည်။

............

တစ်ချိန်တည်းတွင်။

မြောက်ပိုင်းနယ်စပ် ၊ အနောက်ပိုင်းသဲကန္တာရ ၊ အလယ်ပိုင်းလွင်ပြင်၊ တောင်ပိုင်းသဲကန္တာရ ၊ အရှေ့ပိုင်းတို့ဖြစ်သော အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတစ်ခုလုံးမှ ကျင့်ကြံသူများသည် ဘုံရည်မှန်းချက်တစ်ခုဆီသို့ ဦးတည်နေကြသည်။ မြောက်ပိုင်းနယ်စပ်ရှိ ကျန်းမိသားစု ၏ ကျန်းနိုင်ငံ မှော်ဝင်တိုင်တောင် သို့ဖြစ်သည်။

ထိုနေရာသည် သင်ကြားခြင်းအတွက် အထွတ်အမြတ်နေရာတစ်ခုအဖြစ် သတ်မှတ်ထားပါသည်။

***

All Chapters