ဖန်းယွင်ဟောက်၏ ထိတ်လန့်မှု
Vol. 38 Ch. 719
ဖန်းယွင်ဟောက်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကောင်းကင်ဘုံရေတံခွန်ဂိတ် နယ်ပယ်အတွင်းရှိ မည်သည့်မိသားစု သို့မဟုတ် ဂိုဏ်းနှင့်မဆို ဆက်သွယ်မှုတစ်ခုခုရှိပါက ၎ င်းတို့သည် ဤမျှပဟေဠိဆန်လိမ့်မည် မဟုတ်ကြောင်း ကောင်းစွာသိရှိသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့ကလည်း ဤအချက်ကို သဘောပေါက်ခဲ့ကြသည်။
သူတို့သည် ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိဘဲ ချက်ချင်းပင် ဖန်းယွင်ဟောက်၏ စကားများကို တုံ့ပြန်ရင်း ခေါင်းညိတ်လိုက်သည်။
"တာအိုရောင်းရင်းဖန်း၊ ခင်ဗျားမှန်ပါတယ်။ ကွှန်တော်တို့မှာ တကယ်ပဲ ဒီ ကောင်းကင်ဘုံရေတံခွန်ဂိတ် နယ်ပယ်မှာ ခိုလှုံဖို့အဓိကဂိုဏ်း သို့မဟုတ် မိသားစု တစ်ခုမှ မရှိပါဘူး။ ခင်ဗျားပြောတာကို ကျွန်တော်တို့နားလည်ပါတယ်။
ဝိညာဉ်နယ်ပယ်တစ်ခုလုံးမှာ ကောင်းကင်ဘုံရေတံခွန်နဲ့တူတဲ့ နယ်ပယ်ဘယ်နှစ်ခုလောက် ရှိလဲဆိုတာ ကျွန်တော်တို့သိချင်ရုံသက်သက်ပါပဲ။"
"အမှန်ကိုပြောရရင်အရေအတွက်က အတော်လေးသိသာထင်ရှားပါတယ်။" ဖန်းယွင်ဟောက်သည် ဘာမှဖုံးကွယ်မထားပဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မေးခွန်းကိုတုံ့ပြန်လိုက်သည်။
“ကျွန်တော်သိသလောက်တော့ အခုအချိန်အထိ ဝိညာဉ်ရေးရာနယ်ပယ်တစ်ခုလုံးမှာ ရှာဖွေတွေ့ရှိထားတဲ့ နယ်ပယ်ပေါင်း တစ်ရာကျော်ရှိပါတယ်။ အဲ့ဒီအထဲမှာ နယ်ပယ်သုံးဆယ်လောက်က နယ်ပယ်ဖြတ်ကျော်နေရာရွေ့ပြောင်းရေးကို လုပ်နိုင်ကြပါတယ်။ ဒီနယ်ပယ်ရဲ့ အဓိကနေရာမှာ ရှိနေတာကတော့ ကျွန်တော်တို့အခု ကောင်းကင်ဘုံရေတံခွန်ဂိတ် နယ်ပယ်လိုမျိုး ကျွန်တော်တို့ လူသားမျိုးနွယ် ဖြစ်ပါတယ်။ လူသားမျိုးနွယ်တွေပဲ အုပ်စိုးနေတယ်ဆိုတာက ဒီနယ်ပယ်တွေမှာ လူသားမျိုးနွယ်တွေပဲရှိတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။
နတ်ဆိုး ၊ လူတစ်ပိုင်းနတ်တစ်ပိုင်း၊ ရှေးဦးသတ္တဝါ နဲ့ ၊လူရိုင်းစတဲ့ တခြား အင်အားကြီး မျိုးနွယ်စု တွေလည်း ရှိပါသေးတယ်။
ကျွန်တော်တို့ရဲ့ လူသားမျိုးနွယ် လွှမ်းမိုးနေတဲ့ အကြောင်းရင်းက ကျွန်ုပ်တို့ လူသားမျိုးနွယ်ဟာ နယ်မြေအများဆုံးကို သိမ်းပိုက်ထားပြီး အကျယ်ပြန့်ဆုံး သြဇာလွှမ်းမိုးမှုရှိတာကြောင့်ဖြစ်ပါတယ်။
လူတစ်ချို့ထင်ထားသလို ကျွန်တော်တို့လူသားမျိုးနွယ်ကကောင်းကင်ဘုံရေတံခွန်ဂိတ်နယ်ပယ်ကို ပိုင်ဆိုင်တာကြောင့် နယ်ပယ်တစ်ခုလုံးက လူသားမျိုးနွယ်ကို သာလွန်တယ်ဆိုပြီး လေးစားကြတာမျိုး မဟုတ်ပါဘူး။ အဲ့လိုတော့မဟုတ်ပါဘူး။ ဒါကတော့ ရှင်းရှင်းလင်းလင်း နားလည်ထားသင့်တဲ့ အချက်ပါ။ မဟုတ်ရင် တခြားနေရာတွေကို သွားတဲ့အခါ အကြီးအကျယ် ဆုံးရှုံးရနိုင်တယ် သို့မဟုတ် အသက်တောင်ဆုံးရှုံးရနိုင်ပါတယ်။"
"ကျုုပ်နားလည်ပြီ။'
ဖန်းယွင်ဟောက်၏ ရှင်းလင်းချက်ကိုကြားပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဝိညာဉ်နယ်ပယ်၏ ယေဘုယျအခြေအနေကို အကြမ်းဖျင်းနားလည်မှုရရှိခဲ့သည်။
ရိုးရှင်းစွာဆိုရလျှင် ဝိညာဉ်နယ်ပယ်သည် အထက်နယ်ပယ်များအတွက် အောက်နယ်ပယ်များမှ ကျင့်ကြံသူများ အသုံးပြုသော ဝေါဟာရတစ်ခုဖြစ်သည်။ အမှန်တကယ်တွင် ဝိညာဉ်နယ်ပယ်သည် ကြီးမားသော၊ သေးငယ်သော၊ ကွဲပြားခြားနားသော နယ်ပယ်များစွာ ပိုင်းခြားထားသည်။
ထိုနယ်ပယ်များသည် အချင်းချင်းလွတ်လပ်စွာနေထိုင်ကြသည်။
အချို့မှာ လူသားတို့၏ လွှမ်းမိုးသောနေရာ ၊ အချို့မှာ နတ်ဆိုးများ၏ လွှမ်းမိုးသောနေရာ ၊ အချို့မှာ လူရိုင်းများ ၊ နတ်သူငယ်များ ၊ ရှေးဦးသတ္တဝါများလွမ်းမိုးသောနေရာဟု ခေါ်ကြသည်။
သူတို့ ရောက်ရှိလာခဲ့သော နေရာသည် လူသားများ လွှမ်းမိုးထားသော ကောင်းကင်ဘုံ ရေတံခွန်ဂိတ်နယ်ပယ် ဖြစ် ၏။
"စကားမစပ် ၊ ခင်ဗျားတို့ ဘယ်အောက်နယ်ပယ်ကနေ တက်လာတာလဲလို့ ကျွန်တော် မမေးရသေးဘူး။"
ဤအခိုက်အတန့်တွင် ဖန်းယွင်ဟောက်သည် ဤမေးခွန်းကိုမှတ်မိပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့ကိုထပ်မံမေးမြန်းခဲ့သည်။
ဤအရာကိုကြားသောအခါကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့သည် ၎ င်းတို့ ၏ မူလအစကိုမဖုံးကွယ်ဘဲ "ကျွန်တော်တိုက အမှုန့်မဲ့အောက်နယ်ပယ်ရဲ့ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကကနေ တက်လာခဲ့တာပါ။" ဟုဖြေကြားခဲ့သည်။
"အမှုန့်မဲ့အောက်နယ်ပယ်ရဲ့ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကလား။"
နာမည်ကို ကြားလိုက်ရလျှင် ဖန်းယွင်ဟောက်သည် အံ့အားသင့်သွားကြောင်း ထင်ရှားပါသည်။
သို့သော် သိပ်မကြာခင်တွင် သူ တစ်ခုခုကို သတိရသလို ဖြစ်သွားကာ သူ့မျက်နှာ၌ အံ့အားသင့်စရာ အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ သူသည် မတတ်နိုင်ဘဲ တုန်လှုပ်သွားခဲ့သည်။
"ခင်ဗျားတို့က အမှုန့်မဲ့အောက်နယ်ပယ်ရဲ့ အနှစ်သာရကိုးပါးကျင့်ကြံရေးလောက ကနေ တက်လာခဲ့တာ!"
ဒီလိုပြောပြီး မကြာခင်မှာပဲ ဖန်းယွင်ဟောက်သည် သူ့၏စိတ်တည်ငြိမ်ခြင်းကို ဆုံးရှုံးလိုက်ရကြောင်း သိလိုက်ရလေသည်။ သူက ဆက်မပြောခင်တွင် သူ့စိတ်ခံစားချက်များကို အလျင်အမြန် ထိန်းညှိလိုက်သည်။
“ကျွန်တော်သိသလောက်တော့ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရေတံခွန်ဂိတ်ဟာ အမှုန်မဲ့အောက်နယ်ပယ်နဲ့ အဆက်အသွယ်မရှိတာ ကြာပါပြီ။
အမှုန့်မဲ့အောက်နယ်ပယ်ရဲ့ တက်ရောက်ခြင်းစင်မြင့်တွေအားလုံးပျက်စီးသွားတာကြောင့် ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရေတံခွန်ဂိတ်ကို အမှုန်မဲ့အောက်နယ်ပယ်ရဲ့ တည်နေရာနဲ့ ဆက်သွယ်နိုင်တာကို တားဆီးလိုက်တာပါ။
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက အဲဒီမှာ တင်ရောက်ခြင်းစင်မြင့်ကို ပြုပြင်ထားပုံရပြီး အမှုန့်မဲ့ အောက်နယ်ပယ်ရဲ့ ယေဘုယျတည်နေရာကို ထပ်မံရှာဖွေနိုင်ခဲ့ပါတယ်။
အခုထိ တည်နေရာကြည့်ဖို့နဲ့ ခြေရာခံဖို့ ဘယ်သူ့မှာမှ နယ်ပယ်ချဲ့ထွင်ခြင်းကျောက်တုံး ဒါမှမဟုတ် တူညီတဲ့ပစ္စည်း မရှိတာကြောင့် ကျွန်တော်တို့ရဲ့ ကောင်းကင် ရေတံခွန်ဂိတ်က အမှုန်မဲ့အောက်နယ်ပယ်ကို တိတိကျကျ ရှာမတွေ့ နိုင်သေးပါဘူး။
ခင်ဗျား အခုပြောပြခဲ့တဲ့ အမှုန်မဲ့အောက်နယ်ပယ်က အခု ကျွန်တော်ပြောနေတဲ့ အမှုန်မဲ့အောက်နယ်ပယ်များ ဖြစ်နိုင်မလား။"
ဖန်းယွင်ဟောက်က ၎ င်းတို့ ၏ ဝိညာဉ်နယ်ပယ်ပင် ဖြစ်လင့်ကစား ကျန်းချန်ရွှမ်တို့၏ ယခင်အောက်နယ်ပယ် (သို့) မသေမျိုးနယ်ပယ်တွင် ၎ င်းတို့အတွင်း ၌ အကန့်အသတ်မရှိသော နယ်ပယ်များရှိသည်ကို ကောင်းစွာသိပါသည်။
တစ်ချို့က တွေ့ပြီဖြစ်၍ ၊ တစ်ချို့က မတွေ့သေးပါ။
ထိုနယ်ပယ်များထဲတွင် နာမည်တူသည့်နေရာများလည်း များစွာရှိသည်။ ထို့ကြောင့် ဖန်းယွင်ဟောက်သည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန် တို့သည်သူရည်ညွှန်းသော အမှုန်မဲ့အောက်နယ်ပယ်မှ ဖြစ်ခြင်းရှိမရှိ အတည်ပြုရန်လိုအပ်သည်။
ဖန်းယွင်ဟောက်၏ စကားများမှ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် သတင်းအချက်အလက် နှစ်ခုကို လျင်မြန်စွာဖမ်းမိခဲ့သည်။
ပထမအချက်မှာ ၊ သူတို့၏ အနှစ်သာရကိုးပါးကျင့်ကြံရေးလောက ၏ တက်ရောက်မှုစင်မြင့်ကို ပြုပြင်ခဲ့သောအချိန်တွင် ၊ ကောင်းကင်ဘုံရေတံခွန်ဂိတ်သည် ထိုကိစ္စကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် နေရာလပ်ထဲမှ ပြင်ပလောကသက်ရှိများက မြန်မြန်ထွက်ခွာသွားရသော အဓိက အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်နိုင်ပါသည်။
ဒုတိယအချက်မှာ ၊ ကောင်းကင်ဘုံရေတံခွန်ဂိတ်၏ အချိန်စီးဆင်းမှုသည် ၎ င်းတို့၏ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကနှင့် ဆင်တူပုံရသည်။ မတူကွဲပြားမှုများရှိခဲ့လျှင်ပင် သူတို့အတွက် အတော်လေးအံ့သြစရာကောင်းစွာပင် အရေးမကြီးသင့်ပါ။
သူတို့သည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင် နှစ်ထောင်ချီ သို့မဟုတ် နှစ်သောင်းချီ ကြာမြင့်ကြောင်းကို ရှာဖွေရန် ကောင်းကင်ဘုံရေတံခွန်ဂိတ်တွင် အချိန်အနည်းငယ်နေလိုစိတ်မရှိပါ။ ၎င်းသည်မိတ်ဆွေဟောင်းများကို ထပ်မံ၍ တွေ့ဆုံရန်မဖြစ်နိုင်တော့ဘဲဖြစ်ပေလိမ့်မည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နှစ်ဦးစလုံးသည် တုံ့ပြန်ကာ ခေါင်းညိတ်လိုက်ကြသည်။
“ကျွန်တော်တို့တက်ခဲ့တဲ့ အမှုန်မဲ့အောက်နယ်ပယ်က ခင်ဗျား ပြောခဲ့တဲ့ တစ်ခု ဖြစ်ပါတယ် ၊ တာအိုရောင်ရင်းဖန်း။ အမှုန်မဲ့အောက်နယ်ပယ်နဲ့နာမည်တူတဲ့ အခြားနယ်ပယ်တွေရှိပေမဲ့ အနှစ်သာရကိုးပါးကျင့်ကြံရေး လောကနဲ့ မူလနက္ခတ်တာရာကျင့်ကြံရေးလောကလည်း တူနေမယ်လို့တော့ မဖြစ်နိုင်ဘူးမလား?"
ကျန်းချန်ရွှမ်၏ နောက်ဆုံးမှတ်ချက်သည် အနည်းငယ် စနောက်သံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
ဖန်းယွင်ဟောက်သည် ခဏတာ နောက်ဆုတ်သွားသော်လည်း မကြာမီတွင် ပြုံးကာ ခေါင်းညိတ် လိုက်သည်။
"ခင်ဗျားပြောတာမှန်ပါတယ်။ နယ်ပယ်နှစ်ခုက နာမည်တူရှိပေမဲ့ အထဲက ကျင့်ကြံရေးလောက တွေကတော့ မတူကြပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခဏလောက် အချိန်ပေးပါ။ ခင်ဗျားပြောခဲ့တဲ့ ကျင့်ကြံရေးလောက နှစ်ခုက ကျွန်တော်တို့သိတဲ့ အမှုန်မဲ့အောက်နယ်ပယ်မှာ ရှိမရှိ အတည်ပြုဖို့လိုပါတယ်။”
ဖန်းယွင်ဟောက်၏ သတိထားမှုအား နားလည်နိုင်ပါသည်။
ပထမအချက် ၊ တက်ရောက်ခြင်းစင်မြင့်တွင် တာဝန်ရှိသူများသည် တက်ရောက်လာသူများ ၏ ဝိသေသလက္ခဏာနှင့် မူလဇာစ်မြစ်ကို အတည်ပြုရန် တာဝန်ရှိသည်။
ဒုတိယအချက်နှင့် အရေးအကြီးဆုံးမှာ အမှုန်မဲ့အောက်နယ်ပယ်က ၎ င်းတို့ ၏ ကောင်းကင်ဘုံရေတံခွန်ဂိတ်မှ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ၎င်း၏ ပြန်လည် ရှာဖွေတွေ့ရှိမှု သည် သိသာထင်ရှားသော စိတ်ဝင်စားမှုကိုဖြစ်စေခဲ့သည်။
သူတို့သည် အမှုန်မဲ့အောက်နယ်ပယ်တွင် အဆက်အသွယ်ပြတ်သွားရလောက်အောင် မည်သည့် အရာများဖြစ်သွားခဲ့သည်ကို တွေ့ချင်ကြပေသည်။ နောက်ဆုံးတွင် တက်လမ်းနှင့် အဆက်အသွယ် ပြတ်တောက်သွားသည့် လောကတစ်ခုမှ လူနှစ်ယောက်သည် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်ဟူသော အဓိပ္ပာယ်သည် သူတို့၌ ထူးခြားသော အရည်အချင်းများ ရှိမည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။
ဤသို့သော ပုဂ္ဂိုလ်များအား ကောင်းကင်ဘုံရေတံခွန်ဂိတ်နယ်ပယ် အတွင်း ရှိ အမျိုးမျိုးသော အင်အားစုများက အလွန်တန်ဖိုးထားကြလိမ့်မည်မှာ သေချာပါသည်။
သူတို့၏ လက္ခဏာများ နှင့် မူလဇာစ်မြစ်များကို အတည်ပြုပြီးနောက်၊ သူတို့ ဇနီးမောင်နှံအား ဆွဲခေါ်ရန် ထိပ်တန်းဂိုဏ်းများ နှင့် မိသားစုများ အများအပြား လာရောက်ရန် အချိန်သိပ်မကြာလိုက်ပါ။
***