ကောင်းကင်ဘုံရေတံခွန်ဂိတ်နယ်ပယ်၏ အခြေအနေ
Vol. 38 Ch. 720
ကောင်းကင်ဘုံရေတံခွန်ဂိတ်တွင် သို့မဟုတ် ဝိညာဉ်နယ်ပယ်တစ်ခုလုံးတွင်ဖြစ်သည်။
ဗလာနယ်ပြန်ဂိုဏ်း သို့မဟုတ် တာအိုပေါင်းစည်းခြင်းသူတော်စင်အရှင် ရှိသည့် အထူးဂိုဏ်းများပင် ဖြစ်ပါစေ၊
သူတို့အားလုံးသည် အောက်နယ်ပယ်များ မှ မိမိတို့ ကိုယ်တိုင် တက်ရောက်လာနိုင်သော ကျင့်ကြံသူများကို အလွန် တန်ဖိုးထားကြသည်။
အကြောင်းပြချက်က အလွန် ရိုးရှင်းပါသည်။
ဝိညာဉ်ဖွဲ့စည်းမှု၏ နှောင်းပိုင်းအဆင့်အထိ ကျင့်ကြံနိုင်ပြီး ဝိညာဉ်နယ်ပယ်သို့ အောက်နယ်ပယ်ရှိ ထိုကဲ့သို့သော ပတ်ဝန်းကျင်မှ ၎ င်းတို့ ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် တက်လှမ်းနိုင်သူ မည်သူမဆို ထူးခြားသောအရည်အချင်းများ ရှိသည်မှာ သေချာပါသည်။
ထို့သို့သောသူတစ်ယောက်၏ ကံကြမ္မာက မဆိုးသည်မှာ သေချာပါသည်။
ကံကြမ္မာဆိုးနှင့် ရင်ဆိုင်နေရသော လူတစ်ယောက်သည် တက်ရောက်ရန်အတွက် ခြေလှမ်းကို တက်လှမ်းနိုင်ရန် ခက်ခဲပါသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကဲ့သို့ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်မှ လာကြသော လူပုဂ္ဂိုလ်များကို ပြောစရာပင် မလိုပါ။
ကောင်းကင်ဘုံရေတံခွန်ဂိတ်သို့ တက်လှမ်းနိုင်ခြင်းသည် အံ့သြဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပေသည်။
ထို့ကြောင့် အဘယ်ကြောင့် အဓိက ဂိုဏ်းများ ၊ မိသားစုများ အားလုံးက ထိုသူများအား တန်ဖိုးထား မှု၊ ဂရုစိုက်မှု ၊ လေးစားမှုတို့ မရှိရမည်နည်း။
ဟွမ်ကျီဂိုဏ်းမှ ဖေယွင်ဟောက်အပါအဝင် သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကဲ့သို့သော ကျင့်ကြံရေးသမားများကိုလည်း လေးစားစွာ ဆက်ဆံကြပါသည်။
သို့သော် သူ့ဟွမ်ကျီဂိုဏ်း ၏ အင်အားဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် ကဲ့သို့ကျင့်ကြံသူများအား ဖိတ်ကြားခြင်းသည် မဖြစ်နိုင်ကာ အလွန်ခက်ခဲနိုင်သည်ကို သတိပြုမိခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် ဖန်းယွင်ဟောက်သည် ထိုမတိုင်မီတွင်သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု ဖန်တီးရန် စဉ်းစားနေခဲ့သည်။
.....
မကြာမီ။
ဖန်ယွင်ဟောက်သည် တိကျသောသတင်းများကို ရရှိခဲ့သည်။
သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့ကို ပြုံးပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မှန်ပါတယ် ၊ ခင်ဗျားပြောတဲ့ အမှုန်မဲ့အောက်နယ်ပယ်က ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့နယ်ပယ်နဲ့ အတူတူပဲ။ အဲ့ဒီမှာတကယ်ပဲ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကနဲ့ မူလနက္ခတ်တာရာကျင့်ကြံရေးလောက တို့ ရှိတယ်။ ကျွန်တော် ခင်ဗျားကို ဖုံးကွယ်ထားမှာမဟုတ်ပါဘူး။ အချိန်တန်ရင် ဂိုဏ်းတွေ ၊ မိသားစုတွေ အများအပြားက ခင်ဗျားတို့ကို ရှာပြီး ဆွဲခေါ်ဖို့ ကြိုးစားကြလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားရဲ့ ထင်မြင်ယူဆချက်တွေနဲ့ အစီအစဉ်တွေကို ကျွန်တော်သိနိုင်မလား။"
ဖန်းယွင်ဟောက်၏ စကားကိုကြားသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့သည် မျက်လုံးချင်းဖလှယ်ခဲ့ကြသည်။
ထို့နောက် ရှန်းရူယန်က “တာအိုရောင်ရင်းဖန်း ရိုးရိုးသားသားပြောရရင်၊ ကျွန်မတို့က ကောင်းကင်ဘုံရေတံခွန်ဂိတ်နယ်ပယ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သိပ်မသိရသေးဘူး။
ကျွန်မတို့ကို ဘာကြောင့် မိသားစုဝင်တွေ ၊ ဂိုဏ်းတွေက လာပြီးခေါ်ရလဲဆိုတာကို ပိုတောင် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကျေးဇူးပြုပြီး ကျွန်မတို့ကို နည်းနည်းနားလည်အောင် ကူညီပေးပါလား?"
"ဟား ဟား ၊ သေချာတာပေါ့။"
ဖန်းယွင်ဟောက်က သူတို့ဤသို့ပြောလာသည်ကို စောင့်နေခြင်းဖြစ်သည်။ သူသည် ပြုံးပြီးပြောလိုက်သည်။
“ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရေတံခွန်ဂိတ်မှာ မရေတွက်နိုင်တဲ့ ဂိုဏ်းတွေနဲ့ မိသားစုတွေရှိတယ်။ ဒီဂိုဏ်းတွေ ၊ မိသားစုတွေ အသီးသီးမှာ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေတွေ ရှိကြပါတယ်။
ဂိုဏ်းတွေနဲ့ မိသားစုတွေရဲ့ အတိုင်းအတာနှင့် ခွန်အားအရ သူတို့ကို အကြမ်းဖျင်းအားဖြင့် အဆင့်လေးဆင့် ခွဲခြားထားတယ်။
အဲ့မှာ ဝိညာဉ်ဖွဲ့စည်းခြင်းဂိုဏ်းနဲ့မိသားစုတွေ ၊ ဗလာနယ်ပြန်ဂိုဏ်းနဲ့ မိသားစုတွေ ၊ အထူးဂိုဏ်းနဲ့ မိသားစုတွေ ပြီးတော့ အရှင်သခင်ဂိုဏ်းနဲ့ မိသားစုတွေဆိုပြီး ပါဝင်ပါတယ်။ ပထမ ၂ ခုကတော့ ရှင်းပြစရာ မလိုတော့ပါဘူး။
ကျွန်တော်က ခင်ဗျားတို့ကို ဟွမ်ကျီဂိုဏ်းကိုယ်စား ဖိတ်ခေါ်ချင်ပေမဲ့ ကျွန်တော်တို့ ဟွမ်ကျီဂိုဏ်းကို ခင်ဗျားတို့ ဝင်မဲ့ ဖြစ်နိုင်ချေက မဖြစ်နိုင်သလောက်ပါပဲ၊ ဒါကြောင့် ခင်ဗျားတို့ကို ခက်ခဲအောင် မလုပ်တော့ပါဘူး။
ဟားဟား။"
ဖန်းယွင်ဟောက်၏ စကားများအရ သူ ၏ ဟွမ်ကျီဂိုဏ်းသည် ဗလာနယ်ပြန်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူ ၏ ဟွမ်ကျီဂိုဏ်းသည် ဝိညာဉ်ဖွဲ့စည်းမှုဂိုဏ်းတစ်ခုမျှသာ ဖြစ်ခဲ့လျှင် သူသည် ဝိညာဉ်ဖွဲ့စည်းမှု ၏ အထွတ်အထိပ်တွင် ရှိနေခြင်းကြောင့် တက်ရောက်ခြင်းစင်မြင့် ကဲ့သို့သော နေရာတွင် နေရာချထားနိုင်ဖွယ် မရှိပေ။
ထို့ကြောင့် ဟွမ်ကျီဂိုဏ်းသည် ဗလာနယ်ပြန်အဆင့်သာဖြစ်နိုင်သည်။
"နောက်တစ်ခုက အထူးဂိုဏ်းပါ။"
ဖန်းယွင်ဟောက်က ဆက်လက်၍ "ဒါကတော့ ခင်ဗျားတို့ကို ပါဝင်ဖို့ ကျွန်တော်ကိုယ်တိုင် အကြံပြုချင်ပါတယ်။ ဘယ်အထူးဂိုဏ်းကိုမဆို တာအိုပေါင်းစည်းခြင်းသူတော်စင်အရှင်က ဦးဆောင်တယ်။
ဒါ့အပြင် ဗလာနယ်ပြန် နတ်ဘုရားအရှင် အရေအတွက်က ဆယ်ပါးထက် ပိုပါတယ်။
ဒါ့အပြင် အထူးဂိုဏ်း အများအပြားဟာ တစ်ချိန်က မဟာယာန တာအိုအရှင် (ဗလာနယ်ပြန်အဆင့် အထက်ရှိအဆင့်တစ်ခု) ထွက်လာဖူးကြတယ်။ တက်ရောက်သွားကြတဲ့ မသေမျိုးတွေတောင် ရှိခဲ့ပါတယ်။
အဲ့လို အထူးဂိုဏ်းတွေရဲ့ အမွေအနှစ်တွေက ပြောရရင် တက်ရောက်သွားတဲ့ မသေမျိုးမရှိတဲ့ အရှင်သခင်ဂိုဏ်းနဲ့မိသားစုတွေထပ် ပိုပြီးတောင် သာလွန်ပါတယ်။
ဒါ့ကြောင့်လည်း အရှင်သခင်ဂိုဏ်းနဲ့ မိသားစုဝင်တွေက သူတို့ကို မကျေနပ်ကြပါဘူး။ အကယ်၍ ခင်ဗျားတို့က အထူးဂိုဏ်းကို ရွေးချယ်ပြီး ပူးပေါင်းမယ်ဆိုရင် အဲ့လို အထူးဂိုဏ်းမျိုးကို ရွေးချယ်တာက အကောင်းဆုံးဖြစ်မယ်လို့ အကြံပြုချင်ပါတယ်။
အဲ့တာက ခင်ဗျားတို့ရဲ့ အနာဂတ်ရဲ့ တိုးတက်မှုနဲ့ ကျင့်ကြံခြင်းအတွက် အလွန်အကျိုးရှိစေမှာပါ။"
ပြောပြီးသည့်နောက် ဖန်းယွင်ဟောက်က ဆက်မပြောခင် ခဏနားလိုက်သည်။
“အရှင်သခင်ဂိုဏ်းတွေအနေနဲ့ကတော့ မဟာယာန တာအိုအရှင်တွေက သူတို့အထက်မှာရှိတယ်။ တာအိုပေါင်စည်းခြင်းသူတော်စင်သခင်တွေနဲ့ ဗလာနယ်ပြန်နတ်ဘုရားအရှင် အရေအတွက်ကတော့ အထူးဂိုဏ်းတွေထက် များစွာကျော်လွန်တယ်။
ဒီလိုမျိုး ဂိုဏ်းတွေက ခင်ဗျားတို့လို သီးခြားလွတ်လပ်စွာ တက်ရောက်နိုင်တဲ့ ကျင့်ကြံရေးသမား တွေကိုလည်း ဖိတ်ခေါ်မှာ ဖြစ်ပေမယ့် သူတို့အတွင်းမှာ ဉာဏ်ကြီးရှင်တွေ ၊ ထူးချွန်တဲ့ တပည့်တွေ အများကြီး ရှိနေလို့ ရိုးသားစွာ ပြောရရင် ခင်ဗျားတို့လိုကျင့်ကြံရေးသမားတွေ တကယ်မရှားပါဘူး။
အကယ်၍ အရှင်သခင်ဂိုဏ်းကို ဝင်ရင် ခင်ဗျားတို့ ရရှိမဲ့ အာရုံစိုက်မှုက အထူးဂိုဏ်းတွေလောက် ရမှာမဟုတ်ဘူး။
ဒါ့အပြင် ၊ အမွေအနှစ်နှင့် ပတ်သက်ပြီး ပြောရရင် တက်သွားတဲ့ မသေမျိုး ရှိတဲ့ ဂိုဏ်းကလွဲရင်၊ အချို့အသစ်ပေါ်ထွက်လာသော ဂိုဏ်းတွေက ကာလကြာမြင့်စွာ တည်ရှိခဲ့တဲ့ ဂိုဏ်းကြီးတွေလို ကောင်းမွန်မှာမဟုတ်ဘူး။
ဒါပေါ့ ကျွန်တော် ပြောခဲ့သမျှအားလုံးကခင်ဗျားတို့ ကိုးကားနိုင်အောင်ပါပဲ။
အဆုံးသတ်မှာတော့ ခင်ဗျားတို့ ဘယ်လိုရွေးချယ်မလဲဆိုတာ ခင်ဗျားတို့ဆန္ဒပေါ်မှာပဲ မူတည်နေမှာပါ။”
ဖန်းယွင်ဟောက်၏ စကားကို ကြားလိုက်ရသော ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူဆိုလိုသည့် အဓိပ္ပာယ်ကို အခြေခံအားဖြင့် နားလည်ကြသည်။
ရိုးရှင်းစွာပြောရလျှင် ဆိုလိုသည်မှာ သူတို့သည် အရှင်သခင်အင်အားစုများကို ဝင်လျှင်ပင်၊ ထိုနေရာတွင် ထက်မြက်သူနှင့် စွမ်းအားကြီးသောသူများစွာရှိခြင်းကြောင့် အကယ်၍ သူတို့ သွားလျှင်ပင် အာရုံစိုက်မှုများစွာခံရမည်မဟုတ်ပါ။
သို့ရာတွင် အထူးအင်အားစုများနှင့်တော့ ကွာခြားပါသည်။ အသစ်တက်လာသော အထူးအင်အားစုကြီးများဖြစ်ဖြစ် ၊ ယခင်ကတည်းကရှိသောအထူးအင်အားစုကြီးဖြစ်ဖြစ် သူတို့ကဲ့သို့ ကျင့်ကြံသူများအား အလွန်တန်ဖိုးထားပါသည်။
ဖန်းယွင်ဟောက်သည် ရှင်းရှင်းလင်းလင်း မပြောခဲ့သော်လည်း သူဆိုလိုခဲ့သည်မှာ သူတို့အနေဖြင့် ပူးပေါင်းရန် အထူးအင်အားစုကို ရွေးချယ်မည်ဆိုလျှင် အရှင်သခင်အင်အားစုအဆင့်မှ ကျသွားသော အထူးအင်အားစုများကို ရွေးချယ်သည်မှာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ဆိုပါသည်။
ပထမအချက် ၊ သူတို့သည် ထိုအင်အားစုများနှင့် ပူးပေါင်းပါက လျစ်လျူရှုခံရမည်မဟုတ်ပါ။
ဒုတိယအချက်အနေဖြင့်၊ ထိုကဲ့သို့အထူးအင်အားစုများ၌ လုံလောက်သော အမွေအနှစ်များ ရှိပေသည်။
၎င်းသည် သူတို့က ယုံကြည်ရသောနောက်ခံရှိလျှင်၊ ထို တက်လာခါစ အထူးအင်အားစုများနှင့် မတူညီစွာ၊ သူတို့သည် ကျန်းချန်ရွှမ်တို့အားအလေးပေးလျှင်ပင်၊ ရှင်းလင်စွာပင် အမွေအနှစ်များ မရှိခြင်းကြောင့် သူတို့၏ ရေရှည်တိုးတက်မှုအတွက် စီစဉ်ပေးနိုင်မည်မဟုတ်ပါ။
“အခု ခင်ဗျားတို့က ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရေတံခွန်ဂိတ်ဆီကို တက်လာပြီဆိုတော့ ခင်ဗျားမခံစားရသေးတဲ့ အရာတချို့ရှိနိုင်တယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခိုင်မာပြီး သင့်တော်တဲ့ ကျောထောက် နောက်ခံတစ်ခုဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ တဖြည်းဖြည်း နားလည်လာပါလိမ့်မယ်။"
ဖန်းယွင်ဟောက်က သူ၏မျက်နှာတွင် ခါးသီးသော အပြုံးနှင့် ပြောခဲ့သည်။
“အိုး ဟုတ်သားပဲ။ ဒါက ကွမ်းယွင်မသေမျိုးမြို့အတွက် ဝင်ခွင့်အမှတ်အသားတစ်ခုပါ။ ခင်ဗျားတို့က ကောင်းကင်ဘုံရေတံခွန်နယ်ပယ် ကို မကြာသေးခင်ကမှ ရောက်ရှိလာခဲ့တာဆိုတော့ နေထိုင်ဖို့ နေရာမရှိလောက်ပါဘူး။
ကွမ်းယွင်မသေမျိုးမြို့ ဝင်ခွင့်လက်မှတ်ကို ကျွန်တော်ခင်ဗျားတို့ကို ပေးလိုက်ပါ့မယ်။
ဒီလက်မှတ်နဲ့ဆို နေထိုင်ဖို့ ကွမ်းယွင်မသေမျိုးမြို့က ဘယ်အိမ်ကိုမဆို ရွေးချယ်နိုင်ပါတယ်။
ဒီလက်မှတ်က နှစ်တစ်ရာအတွက်ပါ။”
သူပြောနေစဉ်ဖန်းယွင်ဟောက်သည် “ကွမ်းယွင်” ဟူသော စကားလုံးဖြင့် ထွင်းထားသော လက်မှတ်ကို ကျန်းချန်ရွှမ်နှင့်ရှန်းရူယန် တို့ထံ လွှဲပြောင်းပေးခဲ့သည်။
***