← Chapters

ဂူဗိမာန်ကိုရွေးချယ်ခြင်း

Vol. 38 Ch. 722

ဂူဗိမာန်ကိုရွေးချယ်ခြင်း

Vol. 38 Ch. 722

ထိုမေးခွန်းကို ကြားသောအခါ တခြားလူများကလည်း အစ်ကိုကျိုးဟုခေါ်သော မုတ်ဆိတ်မွှေးနှင့်လူကို လှည့်ကြည့်လိုက်ကြသည်။

မုတ်ဆိတ်မွေးနှင့် လူက ကွေ့ဝိုက်မနေတော့ဘဲ ရှင်းပြလိုက်သည်။

“အသေးစိတ်အချက်တွေကတော့ ငါတို့ အပြည့်အဝနားလည်နိုင်တဲ့အရာမဟုတ်ဘူး ဒါမဲ့ ငါကြားဖူးတာကတော့ ငါတို့ဝိညာဉ်နယ်ပယ်ကို ကိုယ်တိုင်တက်လာနိုင်တဲ့သူတွေက လောက,ကတောင် မျက်နှာသာပေးခြင်းခံရတယ်တဲ့။

ဒါ့အပြင် ၊ အဲ့ဒီလူပုဂ္ဂိုလ်တွေက ဗလာနယ်ပြန် သို့မဟုတ် တာအိုပေါင်းစည်းမှု အောင်မြင်ဖို့ အလားအလာက ငါတို့လိုနယ်ပယ်မှာ ရှိတဲ့ ကျင့်ကြံသူတွေထပ် ပိုပြီးမြင့်မားတယ်။

ဗလာနယ်ပြန် အထူးသဖြင့် တာအိုပေါင်းစည်းမှုအောင်မြင်ခြင်းဟာ ဘယ်သူမဆို ပြီးမြောက်နိုင်တဲ့ အရာမဟုတ်တဲ့အတွက် အရေအတွက်မများဘူး။

ဒါပေမဲ့ ယေဘုယျအားဖြင့်၊ အဲ့ဒီလူတွေရဲ့ အချိုးအစားက ဒီလောကက ကျင့်ကြံသူတွေထက် ပိုများတယ်။”

"ငါနားလည်ပြီ။

ငါတို့ရဲ့ ဝိညာဉ်လောကကို ကိုယ်တိုင် တက်ရောက်နိုင်သူတွေက သူတို့ရဲ့ ကိုယ်ပိုင်ထူးခြားတဲ့ ရှုထောင့်တွေ တကယ်ရှိနေပုံရတယ်။"

ထိုအုပ်စုက နားလည်စွာခေါင်းညိတ်လိုက်သည်။

......

တစ်ချိန်တည်းတွင်။

ဖန်းယွင်ဟောက်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ကွမ်းယွင်မသေမျိုးမြို့ ထဲသို့ ဦးဆောင် လာကာ ဂူများငှားရမ်းထားသည့်နေရာသို့ တိုက်ရိုက်ပို့ဆောင်ပေးခဲ့သည်။

ဖန်းယွင်ဟောက်အဆိုအရ ကွမ်းယွင်မြို့တွင် အခြေချရန်ရှာဖွေနေသည့် မည်သည့် ကျင့်ကြံသူမဆို ၊ ယာယီဖြစ်စေ ၊ ရေရှည်ဖြစ်စေ ၊ ဤနေရာကိုအရင်သွားရောက်ရန် လိုအပ်ပေသည်။

မကြာမီ ထိုသုံးဦးသည် လှလှပပ အလှဆင်ထားသော အဆောက်အအုံကို ရောက်ရှိသွားကြပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က သူတို့အား နွေးထွေးစွာ ကြိုဆိုခဲ့လေသည်။

ဖန်းယွင်ဟောက်ကို မြင်လိုက်ရသောအခါ သူမ၏ လှပသော မျက်လုံးများသည်တောက်ပလာပြီး ပြုံးပြလိုက်သည်။

“ဘယ်သူလဲလို့ ကျွန်မသိချင်နေတာ။ ဒါက ဟွမ်ကျီဂိုဏ်းက တာအိုရောင်းရင်းဖန်းပါလား။

ဘာလဲ? တာအိုရောင်းရင်းဖန်း၊ ရှင်တို့ ဂိုဏ်းရဲ့ အကြီးအကဲတွေ ဒါမှမဟုတ် တပည့်တွေအတွက် သီးသန့်ဂူငှားဖို့ ဒီမှာ ရောက်နေကြတာလား။"

စကားပြောရင်း သူမသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ကြည့်လိုက်သည်။ သို့သော်လည်း ဖန်းယွင်ဟောက်က သက်လတ်ပိုင်းအရွယ် အမျိုးသမီးကို ဦးစွာ ဖြေကြားခဲ့ခြင်း မရှိပေ။ ထိုအစား သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့ကိုလှည့်ကြည့်လိုက်သည်။

“တာအိုရောင်ရင်းကျန်း၊ တာအိုရောင်းရင်းရှန်း ဒါက ခင်ဗျားတို့ကို ကျွန်တော်ပြောတဲ့ စီမံခန့်ခွဲသရွယ်၊ ရွှယ်ရှင်းပါ။

အနာဂတ်မှာ ကွမ်းယွင်မသေမျိုးမြို့ကို ထပ်ရောက်ရှိလာပြီး ဂူတစ်ခုငှားရမ်းချင်တယ်ဆိုရင် သူမကို ရှာဖွေနိုင်ပါတယ်။”

ဤအခိုက်အတန့်တွင် ဖန်းယွင်ဟောက်သည် ရွှယ်ရှင်းကို ကြည့်ပြီး ပြုံးလိုက်သည်။

“စီမံခန့်ခွဲသူ ရွယ်၊ ကျွန်တော် ဒီနှစ်ဦးကို အရှေ့ကောင်းကင်တက်လမ်းကနေ ခေါ်လာခဲ့တာပါ။ အဆင်ပြေမယ်ဆိုရင် လောလောဆယ် အလွတ်ဖြစ်နေတဲ့ ဂူဗိမာန်ကို သူတို့အတွက် ရွေးချယ်ပေးနိုင်မလား။

ပြီးရင်၊ မျှော်လင့်မထားတဲ့ အရာတစ်ခုခုမဖြစ်လာခဲ့ရင်၊ သူတို့ဟာ ကွမ်းယွင်မသေမျိုးမြို့မှာ အချိန်ကာလတစ်ခုကြာနေသင့်တယ်။”

"အိုး? ရှင်က သူတို့ကို အရှေ့ကောင်းကင်တက်လမ်းကနေ ခေါ်လာခဲ့တာလား။"

ဖန်းယွင်ဟောက်၏ စကားကိုကြားလိုက်ရသောအခါ ရွယ်ရှင်း၏ လှပသောမျက်လုံးများက ပြန်လည်တောက်ပလာသည်။ သိသာထင်ရှားစွာပင် သူမသည် ကောင်းမွန်စွာသိရှိထားပါသည်။

ချက်ခြင်းပင်၊ သူမသည် ရှေ့မှ လူနှစ်ဦး၏မူလကို သိလိုက်လေသည်။ သူမ၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပင် တောက်ပလာသည်။

"ဒီတော့ ဒါက တာအိုရောင်းရင်းကျန်းနဲ့ ရှန်းတို့ပေါ့။ လာပါ၊ လောလောဆယ် လွတ်နေတဲ့ ဂူဗိမာန်အချို့ကို ကိုယ်တိုင်အကြံပြုပေးပါရစေ။”

သူမစကားပြောနေစဉ် ရွယ်ရှင်းသည် ကျန်းချန်ရွမ် နှင့်အခြားနှစ်ဦးကို သဲစားပွဲနှင့်တူသော မျက်နှာပြင်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

သူမက လက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သဲစားပွဲနှင့်တူသော အလင်းမျက်နှာပြင်ပေါ်တွင် များစွာသောသုံးဖက်မြင်ဂူများ ပေါ်လာသည်။

၎င်း၏ အရွယ်အစားသေးငယ်သည်မှလွဲ၍ အစစ်အမှန်ဂူဗိမာန်နှင့် သိသိသာသာ ကွဲပြားခြားနားခြင်း မရှိပေ။

"ဒီဂူအနည်းငယ်ရဲ့ သီးခြားအခြေအနေတွေကို ပြောပြပါရစေ" ဟု ရွယ်ရှင်းက ပြုံးပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို စိတ်အားထက်သန်စွာဖြင့် ပြောလိုက်လေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့က ယဉ်ကျေးစွာ တုံ့ပြန်ခဲ့ကြသည်။

"ဒါဆို ကျွန်တော်တို့ စီမံခန့်ခွဲသူ ရွယ်ကိုပဲ ဒုက္ခပေးရတော့မယ်။"

"ဟဲဟဲ၊ ပြဿနာမရှိပါဘူး ၊ ပြဿနာမရှိပါဘူး။"

ရွယ်ရှင်းက ပြုံးပြီး သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ထို့နောက် သူတို့နှစ်ဦး၏ ဂူများ၏ သီးခြားအခြေအနေများကို စိတ်ရှည်စွာပြောပြလေသည်။

"ဒီ ’ဆန်းကြယ်’ နံပါတ်ရှစ်ဂူဗိမာန်က ကကျွန်မတို့ရဲ့ ကွမ်းယင်မသေမျိုးမြို့ရဲ့ အလယ်ဗဟိုမှာ ရှိပါတယ်။ ခရီးတွေ မကြာခဏသွားမယ်ဆိုရင်တော့ အရမ်းကို အဆင်ပြေမယ်ဆိုတာ သေချာပါတယ်။

ဒီ ’ဆန်းကြယ်’ နံပါတ် ၁၁ ဂူဗိမာန်က လက်ရှိမှာ ရနိုင်တဲ့ ဂူဗိမာန်တစ်ခုပါ။

ဒါအပြင် ဒီနေရာမှာ ပင်မဝိညာဉ် ချီ ဖြန့်ဖြူးမှုက အများဆုံးဖြစ်ပါတယ်။

ဆန်းကြယ်" နံပါတ် လေး ဂူဗိမာန်ကတော့ သူ့ရဲ့ယေဘုယျအခြေအနေက အခြားဂူတွေနဲ့ သိပ်မကွာခြားပါဘူး။ သူ့ရဲ့ ထူးခြားချက်ကတော့ အတွင်းပိုင်းမှာ အထူးတည်ဆောက်ထားတဲ့ အဂ္ဂိရတ်အခန်းရှိတာပါပဲ။

အဆိုပါ အဂ္ဂိရတ်အခန်းထဲမှာ အဂ္ဂိရတ်ပညာရှင် များအတွက် အသုံးဝင်ဆုံးသဘာဝမီးတစ်ခုဖြစ်တဲ့ အဆင့် ၆ ကျောက်မီးသွေးမီးကို တပ်ဆင်ထားပါတယ်။

အနာဂတ်မှာ ရှင်တို့နှစ်ယောက် အဂ္ဂိရတ်ဆိုင်ရာ လိုအပ်ချက်တွေရှိရင် ဒီ ‘ဆန်းကြယ်” နံပါတ်လေးဂူ ကို ရွေးချယ်ဖို့ စဉ်းစားနိုင်ပါတယ်။"

ထို့နောက် ရွယ်ရှင်းသည် ကျန်းချန်ရွမ်နှင့် ရှန်းရူယန်တို့အား အခြားသော ဥမင်အခန်းများစွာကို တစ်ခုပြီးတစ်ခု မိတ်ဆက်ပေးခဲ့သည်။

သူတို့သည် ကွမ်းယွင်မြို့တွင် အချိန်ကြာမြင့်စွာ မနေနိုင်ဟု ခံစားရသော်လည်း အလွန်ဂရုတစိုက် နားထောင်ခဲ့ကြသည်။

မည်သို့ပင်ဖြစ်ပါစေ၊ သူ၏စိတ်ရှည်စွာဖြင့် အားလုံးကို ရှင်းပြနေခြင်းသည် ကြင်နာသောလုပ်ရပ်ဟု အသိအမှတ်ပြုရမည်ဖြစ်သည်။

ရွယ်ရှင်းက လက်ရှိတွင် လစ်လပ်နေသော ဂူဗိမာန်များအားလုံးကို မိတ်ဆက်ပေးပြီးနောက် သူမက သူတို့ကို ပြုံးပြပြီး မေးလိုက်သည်။

"ရှင်တို့ ကြိုက်နှစ်သက်တာတစ်ခုခုရှိလား ၊ ဒါမှမဟုတ် ဂူတစ်ခုခုကို သဘောကျလား?"

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့သည် မျက်လုံးချင်းဖလှယ်လိုက်ကြသည်။

ထို့နောက် ကျန်းချန်ရွှမ် က ပြုံးပြီးပြောလိုက်သည်။

"စီမံခန့်ခွဲသူ ရွှယ်၊ ဖြစ်နိုင်ရင် ကျွန်တော်တို့ ‘ဆန်းကြယ်’ နံပါတ်ရှစ်ဂူဗိမာန်ကို ရွေးချယ်ချင်ပါတယ်။"

သူတို့သည် ကွမ်းယွင်မြို့ သို့ လာရသည့် အကြောင်းရင်းမှာ ဝင်ရောက်ရန် ဂိုဏ်း တစ်ခုကို ဂရုတစိုက် ရွေးချယ်ရန် ဖြစ်သည်။

ထိုအခြေအနေမျိုးတွင် သူတို့နေထိုင်ရာ ဂူ၏တည်နေရာသည် သိပ်ဝေးကွာနေ၍ မရပေ။

ထို့အပြင် ၎ င်းတို့သည် ကျင့်ကြံရန် ချက်ချင်းမလိုအပ်သောကြောင့် ဝိညာဉ်ချီ သိပ်သည်းမှုကို အထူးစိုးရိမ်ခြင်းမရှိခဲ့ပါ။

ဆန့်ကျင်ဘက်အနေဖြင့် ၊ ကောင်းကင်ဘုံရေတံခွန်ဂိတ်တွင် သူတို့သည် အသစ်ဖြစ်သဖြင့် ဤနေရာရှိ အရာအားလုံးနှင့် ပတ်သက်၍ အခြေအနေကို ၎ င်းတို့ ကိုယ်တိုင်နားလည်ရန် စူးစမ်းလိုကြလေသည်။

"‘ဆန်းကြယ်’ နံပါတ်ရှစ်ဂူဗိမာန်လား?"

ရွယ်ရှင်းသည် အနည်းငယ်အံ့အားသင့်သွားသော်လည်း မြန်မြန်ဆန်ဆန် ပြုံးပြီး ခေါင်းညိတ် လိုက်သည်။

"သေချာတာပေါ့ ၊ အဲဒါကို စီစဉ်ပေးနိုင်ပါတယ်။"

ထိုအရာနှင့်အတူ ရွယ်ရှင်းသည် 'ဆန်းကြယ်‘ နံပါတ်ရှစ်ဂူ ၏ သုံးဖက်မြင်ပုံရိပ်ကို သူမ၏ လက်နှင့် ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင် ‘ဆန်းကြယ်‘ နံပါတ်ရှစ်ဟု ထွင်းထားသော ကျောက်စိမ်းတံဆိပ်တစ်ခု သူမ ၏ လက်ထဲတွင် ပေါ်လာပြီး ၎ င်းကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့ထံ အပြုံးဖြင့် အပ်နှံလိုက်သည်။

"ဒါက ဆန်းကြယ်နံပါတ်ရှစ်ဂူအတွက် တံဆိပ်ပါ။

ရှင်တို့ ဒါကို တိုက်ရိုက်ပြောင်းရွှေ့ဖို့ သုံးနိုင်ပါတယ်။"

ဤအရာကိုမြင်သောအခါ ကျန်းချန်ရွှမ်သည် ဖန်းယွင်ဟောက် အစောပိုင်းကပေးသော ဝင်ခွင့်လက်မှတ်ကို ချက်ချင်းထုတ်ယူပြီး ရွယ်ရှင်းအားပေးလိုက်လေသည်။

"စီမံခန့်ခွဲသူ ရွယ်၊ ဒီက မင်းအတွက် ဝင်ခွင့်လက်မှတ်ပါ။"

"ဟင်?"

ဝင်ခွင့်လက်မှတ်အား ကျန်းချန်ရွှမ်က လွှဲပြောင်းပေးလိုက်သည်ကို မြင်လိုက်ရသည့် ရွယ်ရှင်းသည် ယာယီ အံ့အားသင့်သွားခဲ့သော်လည်း ဖန်းယွင်ဟောက်ကို ကြည့်ပြီးနောက် လျင်မြန်စွာ နားလည်သွားခဲ့သည်။

အချိန်အနည်းငယ်စဉ်းစားပြီးနောက် သူမသည် ဝင်ခွင့်လက်မှတ်ကိုလက်ခံပြီး ခေါင်းညိတ်ကာ အပြုံးနှင့် ပြောလိုက်သည်။

“ကောင်းပါပြီ ၊ ဒါဆို ကျွန်မ ရှင်တို့နှစ်ယောက်နဲ့ ယဉ်ကျေးမနေတော့ပါဘူး။

ကွမ်းယွင်မြို့မှာ ရှိနေတဲ့အချိန်အတွင်း ရှင်တို့မှာ လိုအပ်ချက် သို့မဟုတ် မေးခွန်းတွေရှိရင် ကျွန်မဆီလာပြီး လွတ်လွတ်လပ်လပ် လာမေးလို့ရပါတယ်။"

***

All Chapters