← Chapters

တစ်ဦးပြီးတစ်ဦးအလည်အပတ်လာခြင်း

Vol. 38 Ch. 723

တစ်ဦးပြီးတစ်ဦးအလည်အပတ်လာခြင်း

Vol. 38 Ch. 723

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရွယ်ရှင်းကို နှုတ်ဆက်ပြီး လှပစွာ အလှဆင်ထားသော အဆောက်အဦးမှ ထွက်ခွာသွားပြီးနောက် ဖန်းယွင်ဟောက်သည် ၎ င်းတို့ရွေးချယ်ထားသည့် ‘ဆန်းကြယ်’ နံပါတ် ၈ ဂူသို့ ဦးဆောင်သွားပေးခဲ့သည်။

“တာအိုရောင်းရင်းကျန်း၊ တာအိုရောင်းရင်းရှန်းတို့ ဒါကခင်ဗျားတို့ရွေးချယ်ထားတဲ့ ဆန်းကြယ် နံပါတ်၈ ဂူဗိမာန်ဖြစ်ပါတယ်။” ဖန်းယွင်ဟောက်က သူတို့ကိုကြည့်ပြီးပြုံးရွှင်စွာပြောလိုက်သည်။

"တခြားဘာမှမရှိတော့ရင် ကျွန်တော့်ကိုသွားခွင့်ပြုပါဦး။

ကျွန်တော်က တက်ရောက်ခြင်းစင်မြင့်ကနေ အကြာကြီး မထွက်နိုင်ပါဘူး။"

"ဟမ် ၊ တာအိုရောင်းရင်းဖန်း ၊ ခင်ဗျားအခုသွားတော့မှာလား?"

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အံ့ဩသွားသည်။

ဖန်းယွင်ဟောက်က ခေါင်းညိတ်လိုက်သည်။

"ခင်ဗျားတို့ နောက်ပိုင်းမှာ မေးချင်တာရှိခဲ့ရင် ကျွန်တော်တို့တွေ့ဆုံခဲ့တဲ့ စီမံခန့်ခွဲသူရွယ်ကို ရှာနိုင်ပါတယ် သို့မဟုတ် ဒီဆက်သွယ်ရေး ကျောက်စိမ်းအဆောင်ကတဆင့် ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ်။

ကျွန်တော်တို့ လင်းကျီပြည်နယ်ရဲ့ နယ်နိမိတ်အတွင်းမှာ ရှိနေသရွေ့ ဆက်သွယ်ရေးမှာ အရေးကြီးပြဿနာတွေ ပေါ်လာမှာမဟုတ်ပါဘူး။”

သူသည် သူ၏ ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ကို ကျန်းချန်ရွှမ်အားပေးခဲ့သည်။

ဖန်းယွင်ဟောက် ထွက်ခွာသွားသော ပုံကို ကြည့်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဂူဗိမာန်၏ အပြင်ဘက်တွင် သွားလာခြင်းမရှိပေ။ သူတို့သည် မကြာမီတွင်ပင် ဂူထဲမှ ကျောက်စိမ်းတံဆိပ်ကို ထုတ်ယူပြီး တံခါးကို ဖွင့်ကာ အတူတကွ ဝင်လိုက်ကြသည်။

ဝိညာဉ်နယ်ပယ်ရှိ ဂူသည် မူလဝိညာဉ်ချီတည်ရှိမှုအပါအဝင် နယ်ပယ်နှင့် ပတ်ဝန်းကျင် နှစ်ခုစလုံး တွင် သူတို့ ၏ အောက်နယ်ပယ်ရှိ ဂူများထက် ပို၍ ကောင်းမွန်သည်မှာ သံသယဖြစ်ဖွယ်မရှိပါ။

သူတို့နှစ်ဦးစလုံးသည် သူတို့၏ ကျင့်ကြံခြင်းနည်းစနစ်များ ကို လည့်ပတ်စေလိုက်သောအခါ သူတို့ ၏ ကျင့်ကြံခြင်းသည် အနည်းငယ်တိုးတက်လာပုံရသည် ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

သို့သော် ယခုအချိန်တွင် သူတို့အတွက် အရေးအကြီးဆုံးက ကျင့်ကြံရန်မဟုတ်ဘဲ အနာဂတ်တွင် မည်သည့်ဂိုဏ်း သို့မဟုတ် မိသားစုကို ရွေးချယ်ရမည်ကို ဆုံးဖြတ်ရန်ဖြစ်သည်။

"ယောကျ်ား ၊ ဘယ်ဂိုဏ်းနဲ့ ပူးပေါင်းသင့်တယ်လို့ ရှင်ထင်လဲ"

ရှန်းရူယန်က ကျန်းချန်ရွှမ်ကိုကြည့်ကာ မေးလိုက်သည်။

အနည်းငယ်စဉ်းစားပြီးနောက် ကျန်းချန်ရွှမ်သည် ၎ င်းတို့အတွက်သင့်လျော်သောဂိုဏ်းများစွာကို စာရင်းပြုစုခဲ့သည်။

ချန်ခွန်းခန်းမ, ဟောက်ရန်ဂိုဏ်း, ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်း, နတ်ဘုရားအရိပ်ဂိတ်, နှင့် မိုးကြိုးချိုင့်ဝှမ်း။

ယင်းတို့အနက် ဟောက်ရန်ဂိုဏ်း ၊ ဒြပ်စင်ငါးပါး ကောင်းကင်ဘုံဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့သည် အထူးဂိုဏ်းများဖြစ်ကြပြီး ချန်ခွန်းခန်းမနှင့် နတ်ဘုရားအရိပ်ဂိတ် တို့သည် အရှင်သခင်ဂိုဏ်းများ ဖြစ်ကြသည်။

ပထမသုံးခုသည် အလွန် ရှေးကျသောအထူးဂိုဏ်းများ ဖြစ်ကြပြီး နက်ရှိုင်းသော အခြေခံ အုတ်မြစ်များ ရှိကြသည်။

ချန်းခွန်း ခန်းမနှင့် နတ်ဘုရားအရိပ်ဂိတ် နှင့် ပတ်သက်၍ ၎ င်းတို့သည်အရှင်သခင်ဂိုဏ်းများ ဖြစ်သော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် အသစ်တိုးမြှင့်ခြင်းခံထားရသောဂိုဏ်းများဖြစ်သည်။

ဂိုဏ်းထဲ၌ မဟာယာန တာအိုအရှင်တစ်ယောက်ပဲ ရှိလေသည်။ အထူးဂိုဏ်းသုံးခုနှင့် နှိုင်းယှဉ်ပါက ၎င်းတို့ ၏ အခြေခံအုတ်မြစ်သည် အနည်းငယ်ပင် နိမ့်ကျသည်။

နောက်နှစ်ခုကိုရွေးချယ်ခြင်း၏ အားသာချက်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အပေါ် သူတို့၏ အလေးထားမှုဖြစ်ပြီး ၎ င်းတို့အတွက် နာမည်တစ်ခုဖန်တီးရန်အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်ပါသည်။

ဤအယူအဆသည် အမျိုးမျိုးသော ဂိုဏ်းများ၏ ဂုဏ်သိက္ခာနှင့် ဂုဏ်သိက္ခာမရှိခြင်းတို့၏ ရှုထောင့်မှသာ ဖြစ်ခဲ့သည်။

သို့သော်ကျင့်ကြံခြင်းနည်းစနစ်များ ၊ အမွေအနှစ်နှင့်ကျင့်ကြံခြင်းရှုထောင့်များမှ ဒြပ်စင်ငါးပါး ကောင်းကင်ဘုံဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် အဆင်ပြေဆုံးဖြစ်သည်။

သို့သော် မည်သည့်အရာကမျှ အကြွင်းမဲ့မဟုတ်ပါ။

နောက်ဆုံးတွင် ထိုဂိုဏ်းများ၏ လက်တွေ့အခြေအနေနှင့် ၎ င်းတို့အပေါ် ထားရှိသည့် သဘောထားများအပေါ် မူတည်၍ မည်သည့်ဂိုဏ်းတွင် ပါဝင်ရမည်ကို ဆုံးဖြတ်ရန် လိုအပ်နေသေးသည်။

ယခုအချိန်မျိုးတွင်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့သည် ကွမ်းယွင်မြို့တွင်ယာယီအခြေချခဲ့သည်။

လာမည့်လအနည်းငယ်အတွင်း ဂိုဏ်းပေါင်းစုံမှ ကိုယ်စားလှယ်များသည် ၎ င်းတို့ ၏ ‘ဆန်းကြယ်‘ နံပါတ် (၈) ဂူသို့ ဆက်တိုက်လာရောက်လည်ပတ်ကြသည်။

၎င်းတို့အား ပထမဆုံး လာရောက်လည်ပတ်သူများမှာ ယခင်က ဆွေးနွေးခဲ့သည့် ဂိုဏ်းငါးဂိုဏ်းထဲမှ တစ်ခုမဟုတ်ဘဲ ချင်မိသားစုဟု လူသိများသော ကောင်းကင်ဘုံရေတံခွန်ဂိတ် နယ်မြေမှ အထူးမိသားစုတစ်ခု ဖြစ်သည်။

ချင်မိသားစု၏ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ဖိတ်ကြားမှုသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းပြီး အတော်ပင် အထင်ကြီးစရာ ကမ်းလှမ်းချက်များကို ပေးအပ်ခဲ့လေသည်။

သူတို့၏ သဘောထားအရ သူတို့နှစ်ဦးအား မိသားစုတွင် ပါဝင်စေလိုကြောင်း ထင်ရှားပါသည်။

ကံမကောင်းသည်မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်က ရှင်းလင်းစွာပင် မိသားစုများထပ် ဂိုဏ်းများတွင် ဝင်လိုခြင်းဖြစ်သည်။

သို့ရာတွင်၊ သူတို့၏တောင်းဆိုချက်ကို ကျန်းချန်ရွှမ်ရော ရှန်းရူယန်ပါ ပွင့်ပွင့်လင်းလင်း ငြင်းပယ်ခြင်းမပြုပေ။

သူတို့သည် ရိုးရှင်းစွာပင် တောင်းဆိုချက်ကိုဆုံးဖြတ်ရန် အချိန်လိုအပ်သေးကြောင်း ပြောပြီး သူတို့သည် အကယ်၍ ဝင်ရန်ဆုံးဖြတ်လိုက်ပါက ချင်မိသားစုကို ဆက်သွယ်မည်ဖြစ်ကြောင်း ပြောလိုက်သည်။

သူတို့ဆီသို့ လာရောက်လည်ပတ်သည့် ဒုတိယအင်အားစုမှာလည်း မမျှော်လင့်ထားဘဲ ကောင်းကင်ဘုံရေတံခွန်နယ်ပယ်မှ အရှင်သခင်အင်အားစုများထဲမှ တစ်ခုဖြစ်သော၊ ချန်ခွန်းခန်းမပင် ဖြစ်သည်။

လာရောက်သည့် ဧည့်သည်၏ သဘောထားသည်လည်း အရှင်သခင်ဂိုဏ်းများတွင် တွေ့မြင်နေကြ မဟုတ်ဘဲ အလွန်သိမ်မွေ့ပါသည်။

ထို့ပြင် သူသည် လုံလောက်သော ရိုးသားမှုကို ဖော်ပြခဲ့ပြီး၊ အကယ်၍ သူတို့ သည် ချင်ခွန်းခန်းမသို့ ဝင်ရောက်ရန် ဆန္ဒရှိခဲ့လျှင်၊ တာအိုပေါင်းစည်းမှု သူတော်စင်သခင် တစ်ဦးက သူတို့အား တပည့်များ အဖြစ် ကိုယ်တိုင်လက်ခံလိမ့်မည်ဖြစ်ကြောင်း ပြောလေသည်။

ကျင့်ကြံခြင်းအရင်းအမြစ်များနှင့်အခြားအစီအစဉ်များအရ ၎ င်းတို့သည် သူတော်စင်သားတော်များ နှင့် သူတော်စင်သမီးတော်များ၏ အောက်တွင်သာ ဦးစားပေးလိမ့်မည်ဖြစ်သည်။

ချင်ခွန်းခန်းမ၏ တန်ဖိုးထားခြင်းကို ခံရခြင်းသည် ၎ င်းတို့ ပူးပေါင်းလိုက်သည်နှင့် သူတော်စင်သားတော်နှင့် သူတော်စင်သမီးတော်ရာထူးအတွက် ယှဉ်ပြိုင်ရန် အခွင့်အလမ်းလည်း ရလာမည်ဟု ဆိုလိုသည်။

သူတို့သည် ချင်ခွန်းခန်းမကဲ့သို့သော အရှင်သခင်အင်အားစု ၏ သူတော်စင်သားတော်နှင့် သူတော်စင်သမီးတော် ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အဆင့်အတန်းနှင့် ရာထူးသည် တာအိုပေါင်းစည်းခြင်းသူတော်စင်သခင်များအောက် ဒုတိယဖြစ်ပြီး ခန်းမတစ်ခုလုံးမှ အထူးပြုစုစောင့်ရှောက်မှုကို လက်ခံရရှိလိမ့်မည်ဖြစ်သည်။

သူတို့ကို ပစ်မှတ်ထားရန် သတ္တိရှိသူ မည်သူမဆို ချန်ခွန်း ခန်းမတစ်ခုလုံးမှ လက်စားချေမှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

ချန်ခွင်းခန်းမသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အလွန်တန်ဖိုးထားပါသည်။

သူတို့၏ စကားများနှင့် သဘောထားများမှ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးစလုံးသည် ရိုးသားမှုကို ရှင်းလင်းစွာ ခံစားနိုင်ပါသည်။

သို့ရာတွင် အထက်မှာ ပြောခဲ့သလိုပင် သူတို့သည် မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချရန် အသင့်မဖြစ်ကြသေးပါ။

သူတို့ ဆုံးဖြတ်ချက်မချခင်တွင် ပိုမိုသိမြင်နိုင်ရန်လိုပါသေးသည်။

ထို့နောက် ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းအပါအ၀င် အခြားဂိုဏ်းများမှ ကိုယ်စားလှယ်များသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ အလွန်အဖိုးတန်သောအရာများနှင့် လာရောက် လည်ပတ်ခဲ့ကြသည်။

ကျန်းချန်ရွှမ်၏ အဆိုအရ သူလက်ရှိကျင့်ကြံနေသည့် ဒြပ်စင်ငါးပါးကျင့်ကြံရေးနည်းစနစ်သည် ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းအတွင်းတွင် အပြည့်အဝအမွေအနှစ်ရှိသည်ဟုဆိုသည်။

မသေမျိုးနယ်ပယ်သို့တက်သွားပြီးနောက် ကျင့်ကြံနိုင်သော ဒြပ်စင်ငါးပါးကျင့်ကြံရေးနည်းစနစ် သည်ပင် ဒြပ်စင်ငါးပါးမသေမျိုးဂိုဏ်းတွင် အမွေအနှစ်အပြည့်အဝရှိပေသည်။

သို့သော် ဒြပ်စင်ငါးပါး ကောင်းကင်ဘုံဂိုဏ်းမှ ကိုယ်စားလှယ် ၏ သဘောထားသည် ချန်ခွန်းခန်းမ၊ ချန်မိသားစုနှင့် အခြားအင်အားစုများကဲ့သို့ စိတ်အားထက်သန်မှု မရှိပေ။

"ငါတို့ဖိတ်ခေါ်တာကို မင်းတို့ဝမ်းသာသင့်တယ်။" ဟူသော အတွင်းမှ ဖုံးကွယ်ထားသော ရည်ရွယ်ချက်အာရုံကို ရလိုက်သည်နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အတွင်းမှ မျက်မှောင်ကုပ်သွားစေသည်။

ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းမှကိုယ်စားလယ်က သူတို့အား အခြားကျင့်ကြံသူများလိုချင်မည် ဖြစ်သည့် အတော်ပင်ကောင်းမွန်သောကမ်းလှမ်းမှုကိုပြုခဲ့ပါသည်။ သို့သော် ၎င်းသည် ချင်ခွန်းခန်းမနှင့် ချန်မိသားစုတို့ နှင့်ယှဉ်လျှင်မူ နည်းနေသည်မှာ သံသယဝင်ဖွယ်မရှိပါ။

ထိုကဲ့သို့သောအခြေအနေမျိုးတွင် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့မှကိုယ်စားလှယ်များ သည်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဆီသို့ အတူတကွလာရောက်လည်ပတ်ခဲ့ကြသည်။

ဟောက်ရန်ဂိုဏ်းမှ ကိုယ်စားလှယ်သည် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်ကာ ပညာတတ်မျိုးရိုးပုံစံဖြစ်ပြီး ကျိုးပင်းချွမ်ဟု ခေါ်လေသည်။

မိုးကြိုးချိုင့်ဝှမ်းမှ လျိုကျီယွဲ့ ဟုခေါ်သော ရောင်စုံဝတ်စုံကို ဝတ်ဆင်ထားသည့်လှပသော အမျိုးသမီးကျင့်ကြံသူတစ်ဦး ရောက်လာခဲ့သည်။

ကျန်းချန်ရွှမ်၊ ရှန်းရူယန်တို့နှင့်တွေ့ဆုံသည်နှင့်တစ်ပြိုင်နက် သူတို့တစ်ဦးချင်းစီသည် ရက်ရောသော အခြေအနေများဖြင့် အလွန်ရိုးသားစွာကမ်းလှမ်းခဲ့လေသည်။

***

All Chapters