ဒြပ်စင်ငါးပါး ကောင်းကင်ဘုံဂိုဏ်း၏ ပုံစံ
Vol. 38 Ch. 724
သို့သော် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အံ့အားသင့်စေခဲ့သည်မှာ…
ဟောက်ရန်ဂိုဏ်၏ ကျိုးပင်းချန်သည် ကျန်းချန်ရွှမ်ကိုဖိတ်ကြားခဲ့သော်လည်း ရှန်းရူယန်ကို ဖိတ်ကြားခဲ့ခြင်းမရှိပေ။
မိုးကြိုးချိုင့်ဝှမ်းသည်လည်း ရှန်းရူယန်ကိုဖိတ်ကြားလိုသော်လည်း ကျန်းချန်ရွှမ်ကိုဖိတ်ကြားလိုခြင်း မရှိပေ။
၎င်းသည် သူတို့ နှစ်ယောက်စလုံးက ထိုကိစ္စကို ယခင်ကရော ဆွေးနွေးခဲ့ဖူးသလားဟု မေးခွန်းထုတ် စေခဲ့ကြပါသည်။
သူတို့နှစ်ဦးသည် ခင်ပွန်းသည်နှင့် ဇနီးဖြစ်သည့် တာအိုအဖော်များဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိထားသော်လည်း သူတို့နှစ်ဦးကို သီးခြားဖိတ်ကြားနေခြင်း ဖြစ်ပါသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား အနည်းငယ် ဆွံ့အသွားစေသည့် လှုပ်ရှားမှုတစ်ခုပင် ဖြစ်သည်။
သူတို့ရဲ့အတွေးများကို သတိထားမိသကဲ့သို့ ကျိုးပင်းချွမ်ကရယ်မောကာ ပြောလိုက်သည်။
"ကျွန်တော်တို့လုပ်ရပ်တွေက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့ ထင်လို့လား?"
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က တုံ့ပြန်နိုင်ခြင်းမပြုမီ ကျိုးပင်းချွမ်ကဆက်လက် ပြောကြားခဲ့သည်။
“ရိုးရိုးသားသားပြောရရင် ဟောက်ရန်ဂိုဏ်းက တာအိုရောင်းရင်း ကျန်းကို ဖိတ်ခေါ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ဂိုဏ်းမှာ ပါဝင်ခြင်းက ခင်ဗျားတို့အတွက်ရော ကျွန်တော်တို့ဂိုဏ်း အတွက်ပါ ပိုအကျိုးရှိမယ်လို့ ယုံကြည်လို့ပါ။
ဒီလိုပဲ၊
မိုးကြိုးချိုင့်ဝှမ်းကတော့ ခင်ဗျားရဲ့တာအိုအဖော် တာအိုရောင်းရင်းရှန်း ကိုဖိတ်ခေါ်ပေမဲ့ ခင်ဗျားကို မဖိတ်ခေါ်တာဟာ ခင်ဗျားဟာသူတို့ဂိုဏ်းနဲ့မသင့်တော်တာကြောင့်ပါ။
ခင်ဗျားရဲ့ တာအိုအဖော်ရှန်းရူယန်ဟာ မိုးကြိုးချိုင့်ဝှမ်းအတွက် ပြီးပြည့်စုံတဲ့ကိုယ်စားလှယ်လောင်း တစ်ယောက်ဖြစ်ပါတယ်။
မိုးကြိုးချိုင့်ဝှမ်းနဲ့ ပူးပေါင်းခြင်းက သူမရဲ့အနာဂတ် ကျင့်ကြံခြင်းနဲ့ မိုးကြိုးချိုင့်ဝှမ်းအတွက် အကျိုးရှိလိမ့်မှာပါ။
ကျွန်တော်ပြောတာကို ခင်ဗျားနားလည်ရဲ့လား?"
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့သည် မျက်လုံးချင်းဖလှယ်လိုက်ကြသည်။
အမှန်ပင်။
ဂိုဏ်းများအကြောင်း ၎င်းတို့၏ ကြိုတင်သိရှိမှုအပေါ် အခြေခံ၍ မိုးကြိုးချိုင့်ဝှမ်းသည် ရှန်းရူယန် အတွက် အသင့်တော်ဆုံးဂိုဏ်းဖြစ်ပုံပေါ်ပါသည်။
အခြားမရှိခဲ့ပါ။
ဆိုကြသည်မှာ တပည့်များကအစ ဂိုဏ်းထဲမှ တာအိုပေါင်းစည်းခြင်းသူတော်စင်အရှင် အထိ လူတိုင်းက လျှပ်စီးနည်းစနစ်တွေကိုပင် အာရုံစိုက်ကာ တပည့်တိုင်းတွင် လျှပ်စီးလက်သော ကိုယ်ခန္ဓာရှိသည်ဟု ဆိုကြသည်။
ရှန်းရူယန်၏ လျှပ်စီးငါးပါးမသေမျိုးခန္ဓာကိုယ်သည် နှစ်တစ်သောင်းမှာ တစ်ကြိမ်ဖြစ် ပေါ်လာသော ရှားပါးမှူတစ်ခုဖြစ်သည်။
အကယ်၍ သူမသည် မိုးကြိုးချိုင့်ဝှမ်းတွင်နေထိုင်ပါက သူမသည် သူတော်စင်သမီးတော် ဖြစ်လိမ့်မည်။
အစမှပင်ဖြစ်လိမ့်မည်ဖြစ်ကာ အခြားဂိုဏ်များမကမ်းလှမ်းနိုင်သည့် နေရာပင်ဖြစ်လေသည်။
သို့သော်လည်း ဟောက်ရန်ဂိုဏ်းက အဘယ်ကြောင့်ကျန်းချန်ရွှမ်သည် ၎ င်းတို့နှစ်ဦးစလုံးအတွက် အကျိုးအရှိဆုံးဖြစ်မည်ဟုယုံကြည်ထားသနည်း?
ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းသည် သူနှင့် အသင့်တော်ဆုံးဖြစ်မည်မဟုတ်ပါလား?
ကျန်းချန်ရွှမ်၏ စိတ်နှလုံးထဲရှိ သံသယများကို မြင်လိုက်ရသောအခါ၊ ကျိုးပင်းချွမ်၏ ဘေးတွင် ရှိသော လျိုကျီယွဲ့သည် မတတ်နိုင်ဘဲ ပြုံးလိုက်လေသည်။
“တာအိုရောင်းရင်းကျန်း ၊ ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းလိုမျိုး ဂိုဏ်းတစ်ဂိုဏ်းက ရှင်တို့အတွက် အသင့်တော်ဆုံးဖြစ်လိမ့်မယ်လို့ ထင်လား?”
ဤတစ်ကြိမ်တွင် လျိုကျီယွဲသည် ကျန်းချန်ရွှမ်၏ အဖြေကို စောင့်မနေဘဲ အပြုံးနှင့် ဆက်လက် ပြောပြခဲ့ပါသည်။
“ကျွန်မတို့အမှားမလုပ်ခဲ့ရင် ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းက ကိုယ်စားလှယ်တွေက ရှင်တို့ဆီကို လာလည်ပြီးပြီ၊ ဟုတ်တယ်မဟုတ်လား။
ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းက လူတွေနဲ့ပက်သက်ပြီးဘယ်လိုခံစားရလဲ?"
ကျန်းချန်ရွှမ်သည် လျိုကျီယွဲ့၏ ရုတ်တရက်မေးခွန်းကြောင့် အနည်းငယ်စိတ်ပျက်သွားသည်။
တကယ်ပင်၊ ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းမှ ကိုယ်စားလှယ်များသည် သူနှင့် ရှန်းရူယန်အပေါ်၌ ကောင်းမွန်သောထင်မြင်ချက်မချန်ခဲ့ပါ။
သို့သော် လျိုကျီယွဲနှင့် ကျိုးပင်းချွမ်တို့က ဤတစ်ခုတည်းသောအရာကြောင့် ၎ င်းတို့၏ ကောင်းကင်ငါးပါးဂိုဏ်းတွင် ပါ၀င်ရန် စိတ်ကူးကို ငြင်းပယ်လိမ့်မည်ဟုတွေးမိပါက မှားယွင်းပါသည်။
အဆုံး၌ ဂိုဏ်းတစ်ခု၌ပါဝင်ရန်ရွေးချယ်ခြင်းသည် ပထမဆုံးအမြင်တင်မကဘဲ များစွာသော အကြောင်းအရင်းများ လိုအပ်ပါသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျင့်ကြံရေးလမ်းကြောင်းတွင်လူသစ်များမဟုတ်ကြပါ။ သူတို့သည် ကိစ္စရပ်များကို ပေါ့ပေါ့တန်တန် စဉ်းစားမည်မဟုတ်ပါ။
သို့သော် လျိုကျီယွဲ့က ထပ်မံပြောကြားခဲ့သည်မှာ
“ကျွန်မတို့ရဲ့ ကောင်းကင်ဘုံရေတံခွန်ဂိတ်ကို ရှင်တို့ရောက်လာကတည်းက ရှင်တို့ သတိမထားမိတာ အချို့ရှိတယ်။
ဒါပေမယ့် ဒီနေရာမှာ အချိန်နည်းနည်းကြာလာရင် ရှင်တို့ပိုပြီးနားလည်လာလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။
ဥပမာ ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းကိုသာကြည့်လိုက်ပါ။
သေချာတာပေါ့။
သူတို့ ဂိုဏ်းရဲ့ အခြေခံဟာ တကယ်တော့ အင်မတန် ခိုင်မာတဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး အသစ်တိုးမြှင့်လိုက်တဲ့ အရှင်သခင်ဂိုဏ်း အများအပြားနဲ့ နှိုင်းယှဉ်လို့ မရနိုင်သလို မသေမျိုး နယ်ပယ်နဲ့ ဆက်နွယ်မှုလည်း နီးစပ်တယ်လို့ ယူဆရပါတယ်။
ဒါပေမဲ့ အခုလက်ရှိလုပ်နေတဲ့ အလေ့အကျင့်တွေကို တာအိုရောင်းရင်းကျန်းအနေနဲ့ လက်မခံနိုင်လောက်ဘူးလို့ ထင်ပါတယ်။"
ထိုအချိန်တွင် လျိုကျီယွဲ့သည် ဆက်မပြောခင် ခနရပ်လိုက်လေသည်။
“ကျွန်မတို့သိတဲ့အတိုင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၂၀ က ဒြပ်စင်ငါးပါးကောင်းကင်ဂိုဏ်းက ဗလာနယ်ပြန် အကြီးအကဲ လျန်ထျန်းချောင်ဟာ သူ့ရဲ့ ကျင့်ကြံရေးအဖော်ဖြစ်ဖို့ လုံးဝသင့်လျော်တဲ့ ဝိညာဉ်ဖွဲ့စည်းခြင်း အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကိုရဖို့ စိတ်ကူးခဲ့တယ်။
ပြီးတော့ သူမကို အတင်းအဓမ္မပြုကျင့်ခဲ့တယ်။
နောက်ပိုင်းမှာ အမျိုးသမီးကျင့်ကြံသူက သူရဲ့ ကျင့်ကြံမှုမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတာကြောင့် လျန်ထျန်းချင်းက ဒေါသတကြီးနဲ့ သူမနှင့် သူမရဲ့ မိသားစုတစ်စုလုံးကို သတ်ဖြတ်ခဲ့ တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း၂၄၇ နှစ်က ဒြပ်စင်ငါးပါး ကောင်းကင်ဘုံဂိုဏ်းရဲ့ ဗလာနယ်ပြန်အကြီးအကဲ ဖြစ်သူ ရီတောက်ရှင်းရဲ့ မြေးဖြစ်သူ ရီဖေးယန်ဟာ လေလံပွဲတစ်ခုမှာ လူတစ်ယောက်ဟာ ပစ္စည်းတစ်ခုနဲ့ ပတ်သက်ပြီး သူနဲ့တိုက်ခိုက်ခဲ့တဲ့အတွက် အဲ့လူဟာ ဝိုင်းဝန်းထိုးကြိတ်ပြီး အသတ်ခံခဲ့ရတယ်။
နောက်ဆုံးမှာ သူဟာ အဲ့လူနဲ့ သူရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေများအားလုံးကို သတ်ဖြတ်ခဲ့တယ်။
နစ်နာသူတွေရဲ့ဂိုဏ်းက ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းကို ဖြေရှင်းချက်သွားတောင်းတာတောင် ရီဖေးယန်ရဲ့ ဘိုးဘေးနှင်ထုတ်တာကိုခံလိုက်ရတယ်။
နှစ်လအကြာမှာ အဲ့ဒီဂိုဏ်းဟာ ဆန်းကြယ်စွာနဲ့ လောကကြီးကနေ ပျောက်ဆုံးသွားခဲ့ရတယ်။
တရားဝင်ဖော်ပြချက်က အဲ့ဒီဂိုဏ်းဟာ တပါးနိုင်ငံက ကျင့်ကြံသူတွေ လာတိုက်ခိုက်ခံရတာလို့ ပြောပေမဲ့ သိတဲ့သူတွေကတော့ ဘာဖြစ်သွားလဲဆိုတာကိုနားလည်ကြပါတယ်။"
ဤအခိုက်အတန့်တွင် လျိုကျီယွဲ့သည်ကျန်းချန်ရွှမ် ၏ အနည်းငယ်ပြောင်းလဲသွားသော အမူအရာကို ကြည့်ပြီး မတတ်နိုင်ဘဲ ဆက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ၁၁၄ နှစ်တုန်းက၊
ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းမှ အကြီးအကဲတစ်ဦးဖြစ်တဲ့ တာအိုဝါဒီရှန်းရှောင်လို့ခေါ်တဲ့ တာအိုပေါင်းစည်းခြင်းကျင့်ကြံသူတစ်ဦးက လျို့ဝှက်နယ်မြေကိုရှာဖို့ နတ်ဆိုးတွေနဲ့ပူးပေါင်းပြီး ကျွန်မတို့လူသားတာအိုပေါင်းစည်းခြင်းကျင့်ကြံသူတွေကို ရင်ဆိုင်ခဲ့ဖူးတယ်။
ဒါက စွန်းမိသားစုက တာအိုပေါင်းစည်းခြင်းကျင့်ကြံသူကို သေဆုံးခါနီးတောင်ဖြစ်သွားစေခဲ့တယ်။
နောက်ပိုင်းမှာ လူတွေက ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းကို တရားမျှတမှု သွားရှာတဲ့အချိန် ရောက်တော့ တာအိုဝါဒီရှန်းရှောင်က လုံးဝငြင်းဆန်ခဲ့ပြီး သူတို့ ဂိုဏ်းရဲ့ ရတနာဖြစ်တဲ့ ဒြပ်စင်ငါးပါးကိုပါ ထုတ်လာပြီး ခြိမ်းခြောက်ခဲ့တယ်။
အကယ်၍ တာအိုပေါင်းစည်းခြင်းစီနီယာတွေရဲ့ လျင်မြန်တဲ့တုံ့ပြန်မှုတွေသာမရှိခဲ့ရင် ဆုံးရှုံးမှု ကြီးကြီးမားမားတွေ ဖြစ်သွားနိုင်ပါတယ်။
ပြီးတော့ ဒါက ပြင်ပကလူတွေသိထားတဲ့ အဖြစ်အပျက်တွေပဲရှိပါသေးတယ်။
ကျွန်မတို့မသိတဲ့အဖြစ်အပျက်တွေ ဘယ်လောက်ရှိမလဲဆိုတာ ဘယ်သူသိနိုင်ပါ့မလဲ?"
"ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းက အရမ်းဆိုးရွားတဲ့အရာတွေကိုလုပ်ခဲ့တာပဲ။ သူတို့ရဲ့ လုပ်ရပ်တွေအတွက် ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းကို အပြစ်ပေးဖို့ ကြိုးပမ်းခဲ့တဲ့ စီနီယာ သို့မဟုတ် အရှင်သခင်ဂိုဏ်းက လူတွေမရှိဘူးလား?"
ရှန်းရူယန်သည် မနေနိုင်ဘဲ မေးလိုက်သည်။
သူမ၏ မေးခွန်းကိုကြားသောအခါ လျိုကျီယွဲ့နှင့် ကျိုးပင်းချွမ်တို့သည် နှစ်ဦးစလုံး ခေါင်းခါ လိုက်ကြသည်။
ကျိုးပင်းချွမ်ကပြောလိုက်သည်။
“ဒါက အချည်းနှီးပါပဲ။
ဒီဝိညာဉ်နယ်ပယ်မှာက ကျင့်ကြံသူတွေ၊ လူမျိုးတွေနဲ့ ကွဲပြားတဲ့ နယ်ပယ်တွေကြားက ပြိုင်ပွဲတွေဟာ ခင်ဗျားတို့ထင်ထားတာထပ် ပိုပြီး ပြင်းထန်တယ်။
ဘယ်သူမှ အားနည်းတဲ့သူတွေအတွက်စဉ်းစားပြီး ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းကို ဒေါသထွက်အောင် မလုပ်ချင်ကြဘူး။
ကျွန်တော်ရဲ့ ဟောက်ရန်ဂိုဏ်းနဲ့ ရှေးဟောင်းဂိုဏ်းတစ်ခုဖြစ်တဲ့ မိုးကြိုးချိုင့်ဝှမ်းတို့လည်း မကူညီနိုင်ဘူး။
ကျွန်တော်တို့လုပ်နိုင်တာကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အခြေခံမူတွေကို လိုက်နာပြီး စွမ်းဆောင်ရည်အတွင်းမှာ ကျွန်တော်တို့လုပ်နိုင်တာ၊ လုပ်သင့်တာကို လုပ်ဖို့ပါပဲ။”
ဤအခိုက်အတန့်တွင် ကျိုးပင်းချွမ်သည် ကျန်းချန်ရွှမ်ကို ခိုင်မာသော မျက်လုံးဖြင့် ရုတ်တရက် ကြည့်လိုက်ပြီး ယုံကြည်စိတ်ချစွာ ပြောလိုက်သည်။
“တာအိုရောင်းရင်းကျန်း၊ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ဟာ တူညီကြတာကို ကျွန်တော် မြင်တယ်။
ခင်ဗျားရဲ့အကြောင်းကို ကျွန်တော်တို့ သိပ်မသိပေမယ့် ၊ ကျွန်တော်တို့ရဲ့ ဂိုဏ်းရဲ့ လူကြီးတွေက အမှားတစ်ခုခု လုပ်မိမှာ မဟုတ်သလို ၊ လူတစ်ယောက်ကို မှားယွင်းစွာ မဆုံးဖြတ်ဘူးလို့ ယုံကြည်တယ်။
အကယ်၍ ခင်ဗျားဟာ ကျွန်ုပ်တို့ ဟောက်ရန်ဂိုဏ်းမှာ ပါ၀င်မယ်ဆိုရင် ကျွန်တော်တို့က ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းထပ် ပိုမိုကောင်းမွန်တဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေနဲ့ အထောက်အပံ့တွေကို ပေးနိုင်လိမ့်မယ်လို့ယုံကြည်တယ်။
ကျွန်တော်တို့ရဲ့ ဟောက်ရန်ဂိုဏ်းဟာ ခင်ဗျားကို အလွန်တန်ဖိုးထားပြီး ရိုးသားစွာ ဖိတ်ကြားတာပါ။”
***