ယုံကြည်ပြီး အဖွဲ့ဝင်ရန် ဆုံးဖြတ်ခြင်း
Vol. 38 Ch. 725
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ အစပိုင်းမှ ဒြပ်စင်ငါးပါးဂိုဏ်းသို့၀င်ရန်စိတ်ဝင်စားမှုကို သိသိသာသာ ကျဆင်းသွားစေပြီဖြစ်သည်။
ကျိုးပင်းချန်နှင့် လျိုကျီယွဲ့တို့သည် ထိုဂိုဏ်းနှင့် ပတ်သက်၍ ဖော်ပြခဲ့သည့်အရာများ မှန်ကန်ပါက ၎ င်းတို့နှင့်ပူးပေါင်းရန်စဉ်းစားခြင်းသည် အနာဂတ်တွင်ပဋိပက္ခများဖြစ်ပွားရန် အလားအလာများစွာ ရှိနိုင်သည်။
သို့သော် ကျိုးပင်းချွမ်သည် များပြားစွာ ပြောဆိုခဲ့သော်လည်း ကျန်းချန်ရွှမ်သည် သူ့ကိုလွှမ်းမိုးရန် အတင်းအကျပ်ဖိအားပေးသည့်အရာ မှန်သမျှကို မကြားခဲ့ရပေ။ ထို့နောက် သူသည် ကျိုးပင်းချွမ်အား တိုက်ရိုက်ပင် မေးလိုက်သည်။
"တာအိုရောင်းရင်းကျိုး၊ ခင်ဗျားက အကယ်၍ ကျွန်တော်ခင်ဗျားတို့ဟောက်ရန်ဂိုဏ်းကို ဝင်မယ်ဆိုရင် အထောက်အပံ့တွေပေးနိုင်တယ်လို့ ဆိုခဲ့တယ်။
အဲဒါက ဘာကိုဆိုလိုတာလဲ?"
ကျန်းချန်ရွှမ်၏ မေးခွန်းကိုကြားသောအခါ ကျိုးပင်းချွမ်၏ မျက်နှာသည် ယုံကြည်စိတ်ချရသော အပြုံးဖြင့် တောက်ပလာသည်။
သူကပြောလိုက်သည်။ “တာအိုရောင်းရင်းကျန်း ခင်ဗျား ဒြပ်စင်ငါးပါးနတ်ဘုရား ပြန်လည် ရှင်သန်ခြင်းတောင်ကို ကြားဖူးလား?”
"ဒြပ်စင်ငါးပါးပြန်လည်ရှင်သန်ခြင်းတောင်?"
ကျန်းချန်ရွှမ်၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
ယင်ယန်ဒြပ်စင်ငါးပါးဝိညာဉ်အမြစ်ရှိသူတစ်ဦးအနေဖြင့် ကျန်းချန်ရွှမ်သည် အနှစ်သာရကိုးပါး ကျင့်ကြံရေးလောကတွင်ပင် မရေတွက်နိုင်သော စာများကိုဖတ်သားခဲ့သည့်အထဲ ဒြပ်စင်ငါးပါး နတ်ဘုရား ပြန်လည်ရှင်သန်ခြင်းတောင် အကြောင်းအပါအဝင်ပင် ဖြစ်သည်။
၎ င်းသည်အခြားမည်သူမျှ မနှိုင်းယှဉ်နိုင်သောဒြပ်စင်ငါးပါးကို ကျင့်ကြံရန်အတွက် မတူကွဲပြားသော သန့်ရှင်းသောတောင် ဖြစ်သည်။
ဒြပ်စင်ငါးပါးကို ကျင့်ကြံသည့် မည်သည့်ကျင့်ကြံသူမဆို ဤတောင်ပေါ်တွင် ကျင့်ကြံခြင်းမှာ များစွာအကျိုးရှိမည်ဖြစ်ပြီး ထိရောက်မှုနှင့် အရှိန်အဟုန်အားဖြင့် သာမန်နှုန်းထက် ဆယ်ဆ ပိုမိုမြင့်မားနိုင်သည့်အပြင် ဒြပ်စင်ငါးခု ၏ ဥပဒေများကိုလည်း ပိုမိုကောင်းမွန်စွာ နားလည်နိုင်မည် ဖြစ်သည်။
ထို့အပြင် ၎ င်းတောင်မှတဆင့် ဒြပ်စင်ငါးပါးစက်ဝန်း ၏ ပြောင်းလဲမှုများမှပြန်လည်မွေးဖွားခြင်း ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်ရန်ကူညီနိုင်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ၊ ဒြပ်စင်ငါးပါးနတ်ဘုရားတောင်ပေါ်တွင် ကျင့်ကြံခြင်းသည် ကျန်းချန်ရွှမ် အတွက် မထင်မှတ်လောက်အောင် အလွန်အကျိုးရှိလိမ့်မည်ဖြစ်သည်။
ကျိုးပင်းချွမ်သည် ဤတောင်က ဟောက်ရန်ဂိုဏ်းအတွင်းတွင်ရှိသည်ဟု ပြောချင်ခဲ့ပါသလား။
ဤအတွေးဖြင့် ကျန်းချန်ရွှမ်၏ မနေနိုင်ဘဲ စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
ကျန်းချန်ရွှမ်၏ သဘောထားပြောင်းလဲမှုကို အာရုံခံမိလျှင် ကျိုးပင်းချန်ကခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။
"အမှန်တကယ်ပါ၊ တာအိုရောင်းရင်းကျန်း။ ကျွန်တော်တို့ ဟောက်ရန်ဂိုဏ်းက ဒြပ်စင်ငါးပါး နတ်ဘုရား ပြန်လည်မွေးဖွားခြင်းတောင်ကို ပိုင်ဆိုင်ထားပါတယ်။
ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ဆုံးဖြတ်မယ်ဆိုရင် တောင်ပေါ်မှာ ဆယ်နှစ်တစ်ကြိမ် ကျင့်ကြံဖို့ အခွင့်အလမ်းရမှာ ဖြစ်ရုံသာမက ကျွန်တော်တို့ ဂိုဏ်းရဲ့ အကြီးအကဲ ချင်ရှန်းဝူကလည်း ခင်ဗျားကို သူ့ရဲ့ လက်ရင်းတပည့်အဖြစ် လက်ခံပြီး ခင်ဗျားရဲ့ကျင့်ကြံရေးအတွက် လမ်းညွှန်ပေးပါလိမ့်မယ်။”
ကျိုးပင်းချွမ်သည် ရပ်လိုက်ပြီးနောက် အလေးနက်ထပ်ပြောလိုက်သည်။
"အို ကျွန်တော် ပြောဖို့မေ့တော့မလို့ပဲ။
အကြီးအကဲ ချင်ရှန်းဝူဟာ ဒြပ်စင်ငါးပါးကို အထူးပြုကျင့်ကြံတဲ့ တာအိုပေါင်းစည်းခြင်းသူတော်စင် အရှင် ဖြစ်ပြီး ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းကနေ ဒြပ်စင်ငါးပါးနတ်ဘုရား ပြန်လည် ရှင်သန်ခြင်းတောင်ကို ရယူလာတဲ့ သူတစ်ဦးပါ။"
"ဘာ....?"
ကျန်းချန်ရွှမ်သည် ဟောက်ရန်ဂိုဏ်းတွင် ဒြပ်စင်ငါးပါးနတ်ဘုရားပြန်လည်မွေးဖွားခြင်းတောင်က အမှန်တကယ်တည်ရှိလိမ့်မည်ဟုမျှော်လင့်မထားခဲ့ပါ။
ထို့ပြင် ဒြပ်စင်ငါးပါးနည်းစနစ်တွင် အထူးပြုသော တာအိုပေါင်းစည်းခြင်းသူတော်စင်အရှင် တစ်ဦးပင် ရှိသေးသည်။
ထို့အပြင် သူသည် ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းမှ တောင်ကို သိမ်းယူခဲ့သေးသည်။
၎င်းသည် ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းအတွက် ချိန်းခြောက်မှုတစ်ခုပင်မဟုတ်ပါလား?
ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းသည် ဤကိစ္စကို မည်သို့ ငြိမ်ခံနေသနည်း။
"ဟားဟား”
သူသည် ကျန်းချန်ရွှမ်၏အတွေးကို နားလည်သကဲ့သို့ ကျိုးပင်းချွမ်သည် မတတ်နိုင်ဘဲ ရယ်လိုက်သည်။
“ကောင်းကင်ငါးပါးဂိုဏ်းက ဒီကိစ္စကို ငြိမ်ခံမနေလောက်ဘူးလို့ ခင်ဗျားထင်လို့လား။
ရိုးရိုးသားသားပြောရရင် ၊ ဖြစ်နိုင်ခြေရှိရင်တော့ ၊ ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းက ကျွန်တော်တို့ရဲ့ အတွင်းက ဒြပ်စင်ငါးပါးနတ်ဘုရားပြန်လည်မွေးဖွားခြင်းတောင်ကို ပြန်ယူဖို့ ကြိုးပမ်းတာကို သဘာဝကျကျ လက်လျှော့မှာမဟုတ်ဘူး။
ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အကြီးအကဲ ချင်ရှန်းဝူရှိနေသရွေ့ သူတို့မှာ ဒီလိုအခွင့်အလမ်း ရှိမှာမဟုတ်ဘူး။
ဒါပေါ့ အကယ်၍ ခင်ဗျားက ကျွန်တော်တို့ ဟောက်ရန်ဂိုဏ်းနဲ့ ပူးပေါင်းဖို့ရွေးချယ်ပြီး အကြီးအကဲ ချင်ရှန်းဝူရဲ့ တပည့်ဖြစ်လာဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ခင်ဗျားက သဘာဝကျစွာပဲ ဒြပ်စင်ငါးပါး ကောင်းကင်ဘုံဂိုဏ်းနဲ့ ဆန့်ကျင်ဘက်ဆက်ဆံရေးတစ်ခုကို အစပျိုးသလိုဖြစ်သွားမှာပါ။
အကယ်၍ အခွင့်အလမ်းတစ်ခုရှိမယ်ဆိုရင် သူတို့ဟာ ခင်ဗျားကို ပြသနာလာရှာနိုင်တယ်။ ခင်ဗျားကိုဆန့်ကျင်ပြီးတော့တောင် လုပ်လာနိုင်သေးတယ်။
ဒါကတော့ ကျွန်တော် ကြိုတင်ပြီး ရှင်းပြဖို့လိုတယ်။
အကယ်၍ ခင်ဗျားက ကောင်းကင်ဘုံရေတံခွန်ဂိတ်ကို တက်ပြီးပြီးချင်း ဒြပ်စင်ငါးပါး ကောင်းကင်ဘုံဂိုဏ်း နဲ့ ချက်ခြင်းရင်မဆိုင်ချင်ဘူးဆိုရင်တော့ ကျွန်တော်တို့ ဟောက်ရန်ဂိုဏ်းကို ဝင်ဖို့ မရွေးတာကောင်းလိမ့်မယ်။
အရာအားလုံးက ခင်ဗျားအပေါ်မှာပဲ မူတည်ပါတယ်။"
ကျိုးပင်းချွမ်၏ စကားကိုနားထောင်ပြီးနောက် ကျန်းချန်ရွှမ်သည် ကျိုးပင်းချွမ်သည် အဘယ်ကြောင့် ထိုမျှလောက်ယုံကြည်မှုရှိနေကြောင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သူ့အတွက် တောင်၏ဆွဲဆောင်မှုက တကယ်ကို အလွန်ကြီးမားသည်ဟု ပြောနိုင်ပါသည်။
၎ င်းသည် တာအိုပေါင်းစည်းခြင်းအဆင့် မတိုင်မီ သူ့အတွက် သူ၏ လမ်းကြောင်းအား ပိုမိုလျင်မြန်စွာ တိုးတက်နိုင်ခြင်းနှင့် ပိုမိုခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု ချနိုင်ခြင်း ရှိမရှိ ဒြပ်စင်ငါးပါးကျင့်ကြံရေးလမ်းကြောင်းနှင့် ပက်သက်နေပါသည်။
ထို့အပြင် ဒြပ်စင်ငါးပါး၏ သဘာဝစည်းမျဉ်းများမှလွဲ၍ ဒြပ်စင်ငါးပါးနတ်ဘုရားပြန်လည် မွေးဖွားခြင်းတောင်၌လည်း စည်းမျဉ်းများရှိပါသည်။ ၎င်းသည် သူ၏ ကန့်သတ်မဲ့ဘီး၏ အနာဂတ်ကျင့်ကြံခြင်းအတွက်လည်း အလွန်အသုံးဝင်ပါသည်။
အကယ်၍ ဟောက်ရန်ဂိုဏ်းက သူ့အား ကျင့်ကြံရန် ဆယ်နှစ်တစ်ကြိမ် ဒြပ်စင်ငါးပါးပြန်လည် မွေးဖွားခြင်းတောင်သို့ အမှန်တကယ် ဝင်ရောက်ခွင့်ပြုခဲ့လျှင်၊
သူ၏ ကျင့်ကြံခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာကျင့်ကြံမှုသည် နှစ်တစ်ရာအတွင်း ဝိညာဉ်ဖွဲ့စည်းမှု ၏ နဝမအဆင့်အထိ ထိုးဖောက်နိုင်လိမ့်မည်ဟုပင် သူယုံကြည်ခဲ့သည်။
ထိုဟောက်ရန်ဂိုဏ်း၏အကြီးအကဲဖြစ်သည့် ဒြပ်စင်ငါးပါးအထူးပြုကျင့်ကြံသူဖြစ်သော ချင်းရှန်းဝူသည်လည်း သူ့အား တပည့်အဖြစ်အမှန်တကယ်လက်ခံခဲ့လျှင် သူ၏ အနာဂတ် ကျင့်ကြံခြင်းပြသနာများသည်လည်း ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မည်။
သူ၏ ဟောက်ရန်ဂိုဏ်းအား ကောင်းမွန်သောထင်မြင်ချက်နှင့်အတူ ယခုအခါ ဤဂိုဏ်းတွင် ပါဝင်သင့် ၊ မသင့်ကို အမှန်တကယ် စဉ်းစားနေခဲ့သည်။
အကယ်၍ သူသည် တကယ်ပင် ဤဂိုဏ်းသို့ ဝင်ရောက်ခဲ့လျှင် သူနှင့် ရှန်းရူယန်တို့က ယာယီခွဲခွာရတော့မည်မှာ သံသယဝင်စရာမရှိပါ။
၎င်းသည် ၁၀ နှစ် ၊ ၁၀၀ နှစ် သို့မဟုတ် ထိုထက်ပင် ပိုကြာနိုင်ပါသည်။
ထိုအခိုက်အတန့်တွင် သူ့ဘေးတွင် ရှိနေသော ရှန်းရူယန်သည် ရုတ်တရက် ထထွက်လာပြီး သူ့လက်ကို ကိုင်လိုက်သည်။
နှစ်ဦးသား မျက်လုံးချင်းဆုံလိုက်ကြသည်။
ရှန်းရူယန်က “ယောက်ျား၊ ကျွန်မပြောနိုင်တယ် ၊ ပြီးတော့ ဟောက်ရန်ဂိုဏ်းက ရှင့်အတွက် အသင့်တော်ဆုံးဂိုဏ်းဖြစ်တယ်လို့လည်း ခံစားမိတယ်။
အဲ့ဂိုဏ်းကလွဲပြီး အနည်းဆုံးကောင်းကင်ရေတံခွန်ဂိတ်မှာ ဟောက်ရန်ဂိုဏ်းကလွဲပြီး ရှင့်အတွက် အခြားသင့်တော်တဲ့ ဂိုဏ်းရှိမယ်မထင်ဘူး။
ကျင့်ကြံသူတွေအနေနဲ့၊ ကျွန်မတို့နဲ့ သင့်တော်တဲ့ အခွင့်အရေးနဲ့ရင်ဆိုင်ရရင် ကျွန်မတို့ အလွယ်တကူ လက်မလွတ်လိုက်ဘဲ ဖမ်းဆုပ်ထားသင့်တယ်။
ရှင်လည်း အဲ့လိုဖြစ်သလို ကျွန်မလဲ အတူတူပဲ။
ဘယ်လိုထင်လဲ?"
ကျန်းချန်ရွှမ်၏ စကားကိုကြားသောအခါ ကျန်းချန်ရွှမ်သည် မတတ်နိုင်ဘဲပြုံးပြလိုက်သည်။
အမှန်ပင်။
ကျင့်ကြံရေးလမ်းကြောင်းတွင် မိမိနှင့် အမှန်တကယ် လိုက်လျောညီထွေဖြစ်စေမည့် အခွင့်အလမ်းများသည် သာမန်မဟုတ်သဖြင့် တစ်ခုစီကို သိမ်းပိုက်သင့်ပါသည်။
ထိုသို့ ပြုလုပ်ခြင်းအားဖြင့် သူ့အား ရှန်းရူယန်နှင့် ယာယီခွဲသွားရမည် ဖြစ်သော်လည်း အနာဂတ်တွင် အတူတကွ ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ဖို့အတွက်ပင် မဟုတ်ပါလား။
အကယ် ၍ ၎ င်းတို့သည် မသေမျိုးအဆင့်သို့ မတက်ရောက်နိုင်ပါက နောက်ဆုံးတွင် ၎ င်းတို့ ၏ သက်တမ်းသည် အဆုံးသတ်သွားလိမ့်မည်။
နောက်ပိုင်းတွင် သူတို့သည် ဗလာနယ်ပြန်အဆင့်သို့ တိုးတက်သွားလျှင်ပင် သီအိုရီအရ ၎ င်းတို့ ၏ သက်တမ်းသည် အဆုံးမဲ့ဖြစ်လိမ့်မည်ဖြစ်ကာ သက်တမ်းကုန်ဆုံးခြင်း ၏ ပြင်းထန်သောဒဏ်ကို မခံရတော့ပါ။
သို့ရာတွင် သူတို့သည် အချိန် အတိုင်းအတာတစ်ခုတွင် ထပ်တလဲလဲ ကြုံတွေ့ ရ မည့် ဘေးအန္တရာယ် နှင့် ဆင်းရဲဒုက္ခများကို ရင်ဆိုင်ကြရဦးမည် ဖြစ်သည်။
၎ င်းသည် တာအိုပေါင်းစည်းမှုနှင့် မဟာယနအတွက် အတူတူပင်ဖြစ်သည်။
၎ င်းတို့ကို ကျော်လွှားနိုင်ပါက သူတို့သည် အချိန်ကာလတစ်ခုအထိ လွတ်လွတ်လပ်လပ် ဆက်လက်ရှင်သန်နိုင်သည်။
သို့သော် သူတို့သည် မဖြစ်နိုင်လျှင် သူတို့၏နှစ်သောင်းချီ၊ သိန်းချီကျင့်ကြံခြင်းများသည် အလကားဖြစ်သွားလိမ့်မည်ဖြစ်ကာ ချက်ခြင်းပျက်စီးသွားရလိမ့်မည်ဖြစ်သည်။
ထို့ကြောင့်။
မသေမျိုး ဖြစ်ချင်လျှင် လမ်းကြောင်းတွင် ပေါ်လာသော အခွင့်အရေးတိုင်းကိုအလွယ်တကူ မလွတ်သွားစေဘဲ ခိုင်မာစွာ ကိုင်တွယ်ရမည်ဖြစ်သည်။
ဤအတွေးများကို စိတ်ထဲတွင်ထားလျက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အလျင်အမြန် ဆုံးဖြတ်ချက်ချခဲ့သည်။
သူတို့သည် ကျိုးပင်းချွမ်နှင့် လျှိုကျီယွဲ့ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ “တာအိုရောင်းရင်းနှစ်ဦး၊ ကျွန်တော်တို့ ခင်ဗျားတို့ရှိနေတဲ့ ဂိုဏ်းမှာ ပါဝင်ဖို့ ဆန္ဒရှိပါတယ်။”
***