ဗလာနယ်ပြန်စစ်သည်တော်ဦးလေး
Vol. 38 Ch. 726
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ စကားများကိုကြားသောအခါ ကျိုးပင်းချွမ်နှင့် လျိုကျီယွဲ့တို့သည် သူတို့၏ မျက်နှာပေါ်တွင် ပျော်ရွှင်သောအမူအရာများ ပေါ်ထွက်လာသည်။
သူတို့ရောက်မလာခင်ကပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ဆွဲဆောင်ရန် ယုံကြည်မှုအချို့ ရှိသော်လည်း ဤအခိုက်အတန့်တွင် သူတို့၏ တိကျသောတုံ့ပြန်မှုသည် သူတို့၏ စိတ်နှလုံးကို အလွန် ပျော်ရွှင်စေပါသည်။
"တာအိုရောင်းရင်းနှစ်ဦးတို့၊ နောင်အနာဂတ်မှာ ဒီနေ့လုပ်ခဲ့တဲ့ ရွေးချယ်မှုအတွက် ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။"
ကျိးပင်းချွမ်သည် စကားပြောနေစဉ် မပြုံးဘဲ မနေနိုင်ပေ။
လျိုကျီယွဲ့ကလည်း အပြုံးနှင့် ခေါင်းညိတ်ပြပြီး
“မှန်ပါတယ်။
ဒါ့အပြင်ကျွန်မတို့ရဲ့ မိုးကြိုးချိုင့်ဝှမ်းနဲ့ ဟောက်ရန်ဂိုဏ်း ကြားမှာ သေအတူရှင်အတူ ဆက်နွယ်မှု တစ်ခု ရှိပါတယ်။
ကျွန်မတို့မှာ မတူညီတဲ့ အမွေအနှစ်တွေ ပိုင်ဆိုင်ပေမဲ့ ကျွန်မတို့ ဆက်ဆံရေးကို သေအတူရှင်မကွာ မိတ်ဖက်တွေအဖြစ်သတ်မှတ်နိုင်ပါတယ်။
အကယ်၍ အစ်ကို ကျန်းက အနာဂတ်မှာ မိုးကြိုးချိုင့်ဝှမ်းမှာ ရှင့်ရဲ့တာအိုအဖော်ဆီကို လာလည်ချင်တယ်ဆိုရင် အချိန်မရွေးလာနိုင်ပါတယ်။ "
"အမှန်ပါပဲ။"
ထိုအချိန်တွင် ကျိုးပင်းချွမ်ကလည်း အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။
"ဒါ့အပြင်အစ်မရှန်းကလည်း ခင်ဗျားရဲ့တာအိုအဖော်ဆီလာလည်ချင်တယ်ဆိုရင် ကျွန်တော်တို့ ဟောက်ရန်ဂိုဏ်းက အချိန်မရွေးကြိုဆိုနေမှာပါ။"
ဤစကားများဖြင့် ကျိုးပင်းချွမ်သည် တစ်ခုခုကို သတိရသွားပုံရပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ုဘက်သို့ လှည့်လိုက်သည်။
"စကားမစပ် ဂျူနီယာတပည့်နှစ်ဦး ၊ ခင်ဗျားတို့ ဟောက်ရန်ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းကို ကျွန်တော်တို့နဲ့ အတူတူ လိုက်ပြန်မှာလား သို့မဟုတ် မထွက်ခွာခင် အချိန်ခနစောင့်ချင်သေးလား?"
ကျိုးပင်းချွမ်၏ မေးခွန်းကိုကြားသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ုတို့သည်အချင်းချင်း ကြည့်နေကြသည်။
ကျန်းချန်ရွှမ်က “စီနီယာညီအစ်ကို ကျိုး၊ ကျွန်တော့်ဇနီးနဲ့ကျွန်တော်ကို ဒီမှာတစ်ညလောက် ထပ်အိပ်ခွင့်ပေးလို့ရမလား? မနက်ဖြန်မနက်ကျရင် ကျွန်တော့်ဇနီးနဲ့ ကျွန်တော်တို့က ခင်ဗျားနဲ့ အစ်မလျိုတို့နဲ့ အတူ ဟောက်ရန်ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းကို လိုက်ခဲ့ပါ့မယ်။"
"သေချာတာပေါ့"
ကျိုးပင်းချွမ်နှင့် လျိုကျီယွဲ့တို့ နှစ်ဦးစလုံး ပြုံးပြီး ခေါင်းညိတ်ကြသည်။
တစ်ညတာ အချိန်သည် ကြီးကြီးမားမား မဟုတ်ပါ။ ကျိုးပင်းချွမ်နှင့် လျိုကျီယွဲ့တို့သည် စောင့်ဆိုင်းနိုင်ပါသည်။
ထို့ပြင် သူတို့သည် ဤအချိန်ကို အသုံးချ၍ သတင်းကောင်းကို မိမိတို့၏ သီးခြားအုပ်စုများသို့ ပြန်လည် မျှဝေနိုင်ပါသည်။
မနက်ဖြန် နံနက်အစောပိုင်းတွင် ၎င်းတို့၏ ဂိုဏ်းများမှ အကြီးအကဲများသည် ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းသို့ ကိုယ်တိုင် လာခေါ်ကြမည်ဟု ယုံကြည်ခဲ့ကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက်မူ သူတို့၏ အနာဂတ်လမ်းကြောင်းများကို သေချာစွာစီစဉ်ရန် တစ်ညလိုအပ်ပေသည်။ သူတို့နှစ်ဦးသည် အချိန်အတော်ကြာ ခွဲခွာရလိမ့်မည်ဖြစ်ပြီး ၎င်းသည် သူတို့နှစ်ဦး ပထမဆုံးအကြိမ် ခွဲခွာရခြင်းလည်း ဖြစ်ပါသည်။
ထိုအချိန်အတွင်း ပြောစရာ၊ အကြံပေးစရာများ များစွာရှိပါသည်။
ကံကောင်းထောက်မစွာ၊ သူတို့ထဲက တစ်ဦးမှ အလွန်အမင်းစိတ်ခံစားလွယ်သောလူမျိုး မဟုတ်ခဲ့ပေ။
တစ်ဦးနှင့် တစ်ဦး ခံစားချက်များကို အတည်ပြုပြီးသည့်နောက် တဖြည်းဖြည်းနှင့် သက်တောင့်သက်သာ ရှိလာသည်ဟု ခံစားလိုက်ရသည်။
တစ်ညသည် အလျင်အမြန်ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့မနက် အစောပိုင်းတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ုတို့သည် ကျိုးပင်းချွမ်နှင့် လျိုကျီယွဲ့တို့ကို ထပ်မံတွေ့မြင်သောအခါ သူတို့ဘေးတွင် နောက်ထပ်လူနှစ်ဦးရှိနေသည်ကို သတိပြုမိခဲ့ကြသည်။
သူတို့ထဲက တစ်ယောက်မှာ ဆံပင်ရှည်ရှည်နှင့် အေးဆေးတည်ငြိမ်သည့် အပြုအမူရှိသော သူတစ်ဦးဖြစ်သည်။
နောက်တစ်ယောက်မှာ ဆံပင်ဖြူနှင့် အသက်အရွယ်ကြီးရင့်နေပုံရပြီး အနည်းငယ် မသေမျိုး အရောင်အဝါကို ထုတ်လွတ်နေလေသည်။
ဤအခိုက်အတန့်တွင် ကျိုးပင်းချွမ်က ပြုံးပြီး မိတ်ဆက်ပေးခဲ့သည်။ "ဂျူနီယာညီလေးကျန်း၊ ဂျူနီယာညီမလေးရှန်းတို့ မင်းတို့ကို မိတ်ဆက်ပေးပါရစေ။
ဒီနှစ်ဦးက ကျွန်တော်တို့ ဟောက်ရန်ဂိုဏ်းရဲ့ စစ်သည်တော်ဦးလေး ချန်းချွမ်နဲ့ မိုးကြိုးချိုင့်ဝှမ်းက စစ်သည်တော်ဦးလေး တာအိုဝါဒီ ယွင်လဲ့ပါ။”
သူစကားပြောနေစဉ် ကျိုးပင်းချွမ်သည် ချန်းချွမ်နှင့် တာအိုဝါဒီယွင်လဲ့ ဘက်ကိုလှည့် ၍ လေးစားစွာဖြင့် ပြောကြားခဲ့သည်။
"အကြီးအကဲဦးလေးချန်း ၊ အကြီးအကဲဦးလေး ယွင်လဲ့၊ ဒီနှစ်ယောက်က ဂျူနီယာညီမလျိုနဲ့အတူ ကျွန်တော် စောစောကပြောခဲ့တဲ့ ဂျူနီယာညီအစ်ကို ကျန်းချန်ရွှမ် နဲ့ ဂျူနီယာ ညီမ ရှန်းရူယန်တို့ပါ။"
"အယ်? စစ်သည်တော်ဦးလေးချန်းနဲ့ စစ်သည်တော် ဦးလေး ယွင်လဲတို့လား?"
ကျိုးပင်းချွမ် တပ်ခေါ်လိုက်သော အမည်နာမများကို ကြားလိုက်ရသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က မနေနိုင်ဘဲ အံ့အားသင့်သွားကြသည်။
အထွတ်အထိပ်ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူ ကျိုးပင်းချွမ်ကသူတို့ကို "စစ်သည်တော်ဦးလေးများ" ဟုခေါ်ခြင်းသည် ချန်းချွမ်နှင့် တာအိုဝါဒီယွင်လဲတို့သည် ဗလာနယ်ပြန်သူတော်စင်သခင်များ ဖြစ်သည့် အဆင့်အတန်းရှိကြောင်း သက်သေပြနေသည်။
ဟောက်ရန်ဂိုဏ်းနှင့် မိုးကြိုးချိုင့်ဝှမ်းတို့မှ ဗလာနယ်ပြန်သူတော်စင်အရှင်များက သူတို့ကိုကိုယ်တိုင် လာခေါ်လိမ့်မည်ဟု အမှန်တကယ် မမျှော်လင့်ခဲ့ပေ။
ဤအရေးထားမှုအဆင့်သည် ဒြပ်စင်ငါးပါးကောင်းကင်ဘုံဂိုဏ်းနှင့်အခြား တာအိုပေါင်းစည်းရေး ဂိုဏ်းများက ကမ်းလှမ်းခဲ့သည့်အရာထက် ကျော်လွန်ပါသည်။
ချန်ခွင်းဂိုဏ်းမှသာ အလားတူ ဆက်ဆံမှုမျိုးကိုပေးကောင်းပေးနိုင်သည်။
ကံမကောင်းစွာဖြင့် ချန်းခွင်းဂိုဏ်းသည် ၎ င်းတို့ ၏ ပထမဆုံးရွေးချယ်မှုမဟုတ်သောကြောင့် ၎ င်းကိုလက်လွတ်လိုက်ရုံသာဖြစ်သည်။
“ဂျူနီယာတူ ကျန်းချန်ရွှမ်နဲ့ ဂျူနီယာတူမ ရှန်းတို့က တကယ်ကို ထူးခြားတယ်။ မင်းတို့ ကျုပ်တို့နဲ့ပူးပေါင်းလိုက်တာနဲ့ ကျုပ်တို့ရဲ့ ဟောက်ရန်ဂိုဏ်းနဲ့ မိုးကြိုးချိုင့်ဝှမ်းမှာ မကြာခင်မှာပဲ နောက်ထပ်ဗလာနယ်ပြန်သူတော်စင်အရှင် နှစ်ပါး ထပ်ရှိလာမယ်လို့ ကျုပ်ယုံကြည်တယ်။”
ချန်းချွမ်က ပြုံးပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
ကျိုးပင်းချွမ်နှင့် လျိုကျီယွဲ့ တို့သည်သူတို့၏ မျက်နှာပေါ်တွင်အံ့အားသင့်ဖွယ် အရိပ်အမြွက်တစ်ခု သာ ပြသနိုင်သည်။
တာအိုဝါဒီယွင်လဲ့သည်ပင် ချန်းချွမ်အားအနည်းငယ်ပဟေဠိဆန်သော အကြည့်ဖြင့် ကြည့်ခဲ့သည်။
အကြောင်းမှာ ချန်းချွမ်၌ လူများကို အကဲဖြတ်နိုင်သည့် ထူးခြားသောစွမ်းရည်ရှိကြောင်း သူတို့အားလုံး သိကြသောကြောင့်ဖြစ်သည်။
ယခုအခါ သူသည် ထိုစကားများကို တမင်တကာ ချီးမွမ်းခြင်းမဟုတ်ဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ထံမှ တစ်ခုခုကို ခွဲခြားသိမြင်လိုက်ပုံရကာ ပြောလိုက်ခြင်းဖြစ်သည်။
၎င်းသည် ကျိုးပင်းချွမ်၊ လျိုကျီယွဲ့နှင့် တာအိုဝါဒီ ယွင်လဲ့တို့ကို ပြုံးစေခဲ့ပါသည်။
အကယ်၍ ၎င်းသည်အမှန်တကယ်ဖြစ်ခဲ့လျှင် ၊ သူတို့ ၏ ဂိုဏ်းနှစ်ခုသည် ဤတစ်ကြိမ်တွင် သိသိသာသာ အကျိုးအမြတ်ရရှိပေလိမ့်မည်။
နောက်ဆုံးတွင် ကျယ်ပြန့်သော ဝိညာဉ်နယ်ပယ်တွင် ကျင့်ကြံသူသန်းပေါင်းများစွာ ရှိသော်လည်း ဝိညာဉ်ဖွဲ့စည်းခြင်းသို့ ချိုးဖောက်နိုင်သူမှာ မများပါ။
အစစ်အမှန်ဓမ္မပုံစံကိုဆောင်နိုင်ကာ ဗလာနယ်ပြန်သို့ရောက်နိုင်သောသူမှာ ပို၍ ရှားပါးသည်။
နောက်ဆုံးမှာတော့ သူတို့သည် ဗလာနယ်ပြန်အဆင့်သို့ ရောက်သည်နှင့် သီအိုရီအရ သူတို့၏ သက်တမ်းတွင် ကန့်သတ်ချက်မရှိတော့ပါ။
သူတို့ကို ကန့်သတ်ထားသော တစ်ခုတည်းသောအရာမှာ အခါ အားလျော်စွာရောက်လာမည့် ကောင်းကင်ဆင်းရဲဒုက္ခများပင် ဖြစ်၏။
ထို့အပြင် ဤဝိညာဉ်နယ်ပယ်တွင် ဗလာနယ်ပြန်အဆင့်သို့ရောက်ရှိလာသောကျင့်ကြံသူများကိုသာ အမှန်တကယ်အလယ်အလတ်နှင့်အဆင့်မြင့်အင်အားစုများကိုကိုယ်စားပြုသော အဆင့်မြင့် ကျင့်ကြံသူများ အဖြစ် သတ်မှတ်နိုင်သည်။
၎ င်းတို့ကို အထူးနှင့် အရှင်သခင်အဆင့်ရှိသည့် အင်အားစုများအားလုံးမှ တန်ဖိုးထားလိမ့်မည် ဖြစ်သည်။
"စစ်သည်တော်ဦးလေးချန်၊ ခင်ဗျား ကျွန်တော်တို့ကို မြောက်နေပါပြီ။ ကျွန်တော်နှင့် ကျွန်တော့်မိန်းမ တကယ့်ကို မထိုက်တန်ပါဘူး။”
ကျန်းချန်ရွှမ်က နှိမ့်ချစွာ တုံ့ပြန်ခဲ့သည်။
သူ နှင့် ရှန်းရူယန် တို့သည် အနာဂတ်တွင် ဗလာနယ်ပြန်အဆင့်သို့ရောက်ရန် နှစ်ဦးစလုံး ၏ စွမ်းရည်ကို ယုံကြည်စိတ်ချခဲ့သော်လည်း သူတို့သည် မကြာသေးမီကမှ ဤဝိညာဉ်နယ်ပယ် သို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။
အချို့ကိစ္စများတွင် သတိရှိရန်နှင့် နှိမ့်ချရန် လိုအပ်ပါသည်။
"ဟေး ၊ ဂျူနီယာတူလေးကျန်း၊ အရမ်းနှိမ်ချနေဖို့ မလိုပါဘူး။"
တာအိုဝါဒီယွင်လဲ့က ဝင်ပြောလေသည်။
“မင်းသတိမထားမိလောက်ဘူး ၊ ဒါပေမယ့် မင်းရဲ့ဦးလေးချန်မှာ လူတွေကို အကဲဖြတ်နိုင်တဲ့ အထူးပြုစွမ်းရည်ရှိတယ်။
သူပြောခဲ့သလိုပဲ သူ့မှာ အကြောင်းပြချက်ရှိရမယ်။ စကားမစပ် မင်းတို့မှာ အခြားကိစ္စတစ်ခုခုရှိသေးလား? မရှိရင် ငါတို့ သက်ဆိုင်ရာဂိုဏ်းတွေဆီကို သွားကြမယ်။”
တာအိုဝါဒီယွင်လဲ့၏ စကားကိုကြားသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မျက်လုံးချင်း ဖလှယ်ခဲ့ကြသည်။
ထို့နောက် ရှန်ရူယန်က ပြုံးပြီး ပြောလိုက်သည်။ "ဦလေးယွင်လဲ့ ၊ ခင်ပွန်းဖြစ်သူနှင့် ကျွန်မမှာ အခြားကိစ္စမရှိတော့ပါဘူး။ ကျွန်မတို့ဂိုဏ်းကို အချိန်မရွေးသွားနိုင်ပါတယ်။”
"အရမ်းကောင်းတယ်။" တာအိုဝါဒီယွင်လဲ့က အပြုံးဖြင့်ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် အချိန်မဖြုန်းကြရအောင်။ ကျုပ်တို့ရဲ့ သက်ဆိုင်ရာဂိုဏ်းတွေကို ထွက်ခွာကြတာပေါ့။"
ထိုသို့နှင့် သူသည် ချန်ချွမ်ကို လှည့်ကြည့်ပြီးပြောလိုက်သည်။ "ဂျူနီယာညီလေးချန်၊ ဂျူနီယာတူလေးကျန်းနဲ့ ဂျူနီယာညီမလေးရှန်းတို့မှာ အခြားကိစ္စ မရှိတော့တာကြောင့် အတူတူထွက်ခွာကြရအောင်။"
"ကောင်းပြီ!"
ချန်ချွင်းက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။
သိပ်မကြာခင်တွင်ပင် ချန်ချွမ်း နှင့်တာအိုဝါဒီယွင်လဲ့တို့သည် ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ကျိုးပင်းချွမ် နှင့် လျိုကျီယွဲ့တို့နှင့်အတူ ကွမ်းယွင်မသေမျိုးမြို့ အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။
***