အနှစ်သာရကိုးပါးကျင့်ကြံရေးလောကသို့ ပြန်ခြင်း
Vol. 38 Ch. 710
ဂျုန်း...
မီးလျှံနဂါး ကောင်းကင်သခင်သည် မရေမတွက်နိုင်သော တောင်များကို ဖြတ်၍ နောက်ဆုံးတွင် ကျယ်လောင်သော တုန်ခါသံဖြင့် မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
သူသည် ချက်ချင်းပင် သွေးများကို ပါးစပ်အပြည့် အန်ထုတ်လိုက်လေတော့သည်။
ရှိနေသောသူတိုင်း အံအားသင့်သွားခဲ့သည်။
သူတို့သည် ကျန်းချန်ရွှမ်အား ငေးကြည့်နေကြကာ သူတို့ ၏ စိတ်များမှာ ဗလာ ဖြစ်နေလေသည်။
နောက်ပိုင်းအဆင့်ကောင်းကင်သခင်ဖြစ်သည့် မီးလျှံနဂါးကောင်းကင်သခင်အား ကျန်းချန်ရွှမ်မှ အလွယ်တကူ အနိုင်ရခဲ့ပါသလား?
သူ၏ အစွမ်းသတ္တိသည် မည်မျှ သန်မာလိမ့်မည်နည်း။
လူတိုင်းက ဖိန့်ဖိန့်တုန်နေကြလေသည်။
အထူးသဖြင့် ရှုခွင်းထျန်း၏ မျက်နှာသည်အလွန်ဖျော့တော့လာခဲ့သည်။
မဟာကောင်းကင်သခင်ဖြစ်သော မီးလျှံနဂါးသည်ပင် ကျန်းချန်ရွှမ်အား တစ်ချက်တည်းနှင့် ရှုံးနိမ့်ခဲ့လေသည်။
ဒါဆိုရင် သူ့မှာ ဘာအခွင့်အရေးတွေ ကျန်မလဲ?
ထိုအချိန်တွင် သူ နောင်တများနှင့် ပြည့်နှက်နေခဲ့သည်။
အကယ်၍ ထိုသို့ဖြစ်မည်ကိုကြိုသိခဲ့လျှင်၊ သူသည်မီးလျှံနဂါးကောင်းကင်သခင်ကို ယခုအချိန်တွင် လှုံ့ဆော်ခဲ့မည်မဟုတ်ပါ။
ယခုတွင် ကျန်းချန်ရွှမ်ကသူ့အား ပြသနာမရှာလျင်ပင်၊ မီးလျှံနဂါးသခင်က သူ့အား လွယ်လွယ်နှင့် လွတ်ပေးမည်မဟုတ်ပါ။
ထိုအတွေးဖြင့် ရှုခွင်းထျန်း၏ မျက်နှာက ပို၍ဖျော့တော့လာခဲ့သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် ကျန်းချန်ရွှမ် ၏ မျက်လုံးများသည် ရှုခွင်းထျန်းဆီသို့ ရုတ်တရက်လှည့်လိုက်ပြီး စိတ်မဝင်စားစွာပြောလိုက်သည်။
“အစက မင်းလို အရေးမကြီးတဲ့သူကို ငါအနှောင့်အယှက်ပေးမှာမဟုတ်ဘူး။
ဒါပေမယ့် မင်းငါ့ကိုရင်ဆိုင်ဖို့ တခြားတစ်ယောက်ကို ဘယ်တော့မှ မသုံးခဲ့သင့်ဘူး။
အဲဒီအတွက် မညှာတာနိုင်လို့ ငါ့ကို အပြစ်မတင်ပါနဲ့။”
ဤအရာကို ကြားလိုက်ရသောအခါ ရှုခွင်းထျန်း၏ မျက်လုံးများသည် အဆုံးမရှိသော ကြောက်ရွံ့မှုကို ပြလာလေသည်။
သို့သော်လည်း သူစကားမပြောနိုင်ခင်မှာပင် ကျန်းချန်ရွှမ်သည် ရွှေဗလာနယ်ဓားကို ထုတ်ပြီးဖြစ်သည်။
ဝှစ်....
ရွှေဗလာနယ်ဓားအလင်းသည် လေထုထဲမှ တည့်တည့်ဖြတ်သွားလေသည်။
ရှုခွင်းထျန်းသည် ရွှေဗလာနယ်ဓား၏ ထက်မြက်သောအစွန်းသည် သူ၏နဖူးကို ထိုးဖောက်သွားခြင်းမပြုမီ သူ၏ ကိုယ်ပိုင် ဓမ္ရရတနာကို ဆင့်ခေါ်ရန်ပင် အချိန်မရခဲ့ပါ။
ထိုအချိန်တွင် သူသည် ကျန်းချန်ရွှမ် ကို ကြောင်ကာကြည့်နေသည်။
သူ၏တစ်ကိုယ်လုံး တဖြည်းဖြည်းနှင့် ပျက်စီးသွားသည့်အထိပင်ဖြစ်သည်။
ထိုအချိန်မှစ၍ ကောင်းကင်၌ ဝိညာဉ်ချီများ ပြင်းထန်စွာမြင့်တက်လာခဲ့သည်။
ရှုခွင်းထျန်းက သေဆုံးခဲ့ပြီဖြစ်သည်။
တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သတ်ဖြတ်ခံခဲ့ရပေသည်။
"ကျွတ်!"
ဤအရာကိုမြင်သောအခါ ယန်ပိုင်ဟွား၊ ယောင်ရှင်းချန်းနှင့် ကျန်းဟန်ယွီတို့သည်အလိုအလျောက် ပင့်သက်ရှိုက်လိုက်ကြတော့သည်။
သူတို့သည် ရှုခွင်းထျန်း ၏ ခွန်အားကိုအတော်လေးသိကြပါသည်။
သူသည် ဝိညာဉ်ဖွဲ့စည်းခြင်း စတုထ္တအဆင့်တွင်ရှိသော ကောင်းကင်သခင်တစ်ဦးဖြစ်သည်။
သို့သော် ကျန်းချန်ရွှမ်၏ လက်အောက်တွင် သူသည် လှုပ်ရှားမှုတစ်ခုကိုပင် မခံနိုင်ဘဲ အသတ်ခံခဲ့ရလေသည်။
၎ င်းသည် ကျန်းချန်ရွှမ်၏အဆင့်က ဝိညာဉ်ဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့်ထက် ပိုမိုမြင့်မားကြောင်း သေချာစေရန် ပြသနေပေသည်။
သူသည်ဝိညာဉ်ဖွဲ့စည်းခြင်း ၏ အဌမအဆင့် သို့မဟုတ် အထွတ်အထိပ်အဆင့်တွင်ပင် ရှိနေနိုင်သည်။
ယခင်က သူ၏ဇနီး ရှန်းရူယန် ပြသခဲ့သည့် စွမ်းအားအရ ဆုံးဖြတ်ရလျှင်...
ယန်ပိုင်ဟွား နှင့် အခြားသူများက ဤစုံတွဲသည် အမှန်တကယ် ရှိန်လောက်ပေသည်ဟု ခံစားခဲ့ရလေသည်။
ရှန်းရူယန်အား တွေးမိနေရင်းပင်၊ကျန်းချန်ရွှမ်အပါအဝင် လူတိုင်းသည် အဝေးသို့ ကြည့်လိုက်ကြသည်။
ထိုနေရာတွင် ရုတ်တရက် များစွာသော ပုံရိပ်များက လေထဲတွင် ပေါ်လာခဲ့သည်။
၎ င်းတို့ထဲတွင် ကျန်းချန်ရွှမ် ၏ ဇနီး ရှန်းရူယန်လည်းပါဝင်သည်။
သူမအပြင် ဟွမ်းဝမ်ယုလည်း အပြင်သို့ထွက်လာခဲ့ပေသည်။
ဤအရာကိုမြင်သောအခါ ကျန်းချန်ရွှမ်က ချက်ချင်းသူတို့ဆီသို့တက်သွားခဲ့သည်။
သူသည် ရှန်းရူယန်နှင့် ဟွမ်းဝမ်ယုတို့ကို ကြည့်လိုက်သည်။
နှစ်ယောက်စလုံးက သူ ၏ ရည်ရွယ်ချက်ကို နားလည်ပြီး ပြုံးပြကာ၊ ဤအတွေ့အကြုံမှ များစွာရရှိခဲ့သည်ကို ပြသရန် ခေါင်းညိတ်လိုက်ကြသည်။
ထို့ကြောင့် ကျန်းချန်ရွှမ်သည်လည်း စိတ်ချသွားလေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့သည် ထိုနေရာတွင်နေရန် အစီအစဉ်မရှိတော့ပါ။ သို့သော်လည်း ဟွမ်းဝမ်ယုနှင့်အတူ ထွက်ခွာခါနီးတွင် ဟွမ်ဝမ်ယုက ကျန်းဟန်ယွီနှင့် စကားအနည်းငယ် ပြောလိုသည်ဟုဆိုလေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နှစ်ဦးစလုံးနားလည်သဘောတူခဲ့ကြသည်။
ကံကောင်းထောက်မစွာနှင့် အချိန်များစွာမကြာလိုက်ပါ။
ဟွမ်းဝမ်ယုသည် ကျန်းဟန်ယွီ ထံမှပြန်လာပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် ကျန်းဟန်ယွီအား အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက်တွင် သုံးဦးလုံးသည် နေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
......
ရက်အနည်းငယ်အကြာတွင်၊
ကျန်းချန်ရွှမ်ကြောင့် ရှုခွင်းထျန်း၏ သေဆုံးခြင်းနှင့် မီးလျှံနဂါးကောင်းကင်သခင် ၏ ရှုံးနိမ့်မှုသတင်းသည် ကောင်းကင်သခင်များအကြား လျင်မြန်စွာပျံ့နှံ့သွားပြီး မူလနက္ခတ်တာရာကျင့်ကြံရေးလောကတစ်ဝှမ်းလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ဤမျှလောက်စွမ်းအားကြီးမားသော ကောင်းကင်သခင်နှစ်ဦးသည် သူတို့၏လောကတွင် မည်သည့်အချိန်က ပေါ်လာသနည်းဟု သိချင်နေကြကာ လူတိုင်းအံဩနေကြလေသည်။
မူလနက္ခတ်တာရာကျင့်ကြံရေးလောကရှိ လူများ ၏ တုံ့ပြန်မှုများနှင့် ပတ်သက် ၍ ကျန်းချန်ရွှမ်တို့ အုပ်စုသည် စိုးရိမ်ပူပန်မှုမရှိပါ။
ထိုအချိန်တွင် သူတို့သည် ဟောက်ဟိုင်သမုဒ္ဒရာသို့ ပြန်လာခဲ့ကြပြီဖြစ်သည်။ သူတို့၏ မူလမှတ်ဉာဏ်များအတိုင်း လိုက်ကာ ရေအောက်ဂူကို ပြန်သွားခဲ့ကြသည်။
သူ၏ ရှေ့မှောက်ရှိ နေရာရွှေ့ပြောင်းခြင်းကျောက်စင်မြင့်ကို ကြည့်ခြင်းဖြင့် ဟွမ်းဝမ်ယု သည် မတတ်နိုင်ဘဲ အနည်းငယ် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
သူသည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကကို ကျန်းချန်ရွှမ်တို့နှင့် ပြန်နိုင်တော့မည်ဖြစ်ပြီး သူ၏အချိန်ကြာမြင့်စွာမတွေ့ရသေးသော သမီးဖြစ်သူအား တွေ့ရတော့မည်ကို တွေးမိလျှင် သူသည် စိတ်တည်ငြိမ်စွာမနေနိုင်ပေ။
ဟုတ်ပါသည်။
ယခုအချိန်တွင် ကျန်းချန်ရွှမ်တို့သည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကသို့ ပြန်သွားရန် စီစဉ်နေပြီးဖြစ်သည်။
ယခုတွင် မူလနက္ခတ်တာရာကျင့်ကြံရေးလောကတွင် သူတို့၏ ရည်မှန်းချက် အောင်မြင်ခဲ့ပြီး သူတို့သည် မျှော်မှန်းထားသည်ထက် များစွာပိုရခဲ့ပေသည်။
မူလနက္ခတ်တာရာကျင့်ကြံရေးလောကတွင် ဆက်နေရန် အကြောင်းအရင်းမရှိတော့ပါ။ သူတို့ ၏ နောက်အလုပ်မှာ တက်ရောက်ခြင်းစင်မြင့်ကို အမြန်ဆုံးပြုပြင်ရန်ဖြစ်သည်။
ထိုအတွေးဖြင့် ကျန်းချန်ရွှမ်က ဟွမ်းဝမ်ယုအား ပြောလိုက်သည်။ “ညီအစ်ကို ဟွမ်း ခနနေ နေရာရွှေ့ပြောင်းရင် ကျွန်တော်တို့ရဲ့ ဓမ္မစွမ်းအား အကွာအဝေးကနေမထွက်သွားဖို့ သတိရပါ။
နယ်ပယ်ဖြတ်ကျော် နေရာရွေ့ပြောင်းရေးမှာ အရမ်းရှုပ်ထွေးတဲ့ နေရာလပ်ဥပဒေတွေ ပါဝင်လာတယ်။ ဂရုမစိုက်ရင် နေရာလပ်ရှုပ်ထွေးမှုမှာတောင် ပျောက်ဆုံးသွားနိုင်တယ်။”
ဟွမ်းဝမ်ယုက ကျန်းချန်ရွှမ်၏ သတိပေးချက်ကို သဘောတူ၍ ခေါင်းညိတ်လိုက်သည်။
၎င်းကိုမြင်လျှင် ထိုစုံတွဲက တုံ့ဆိုင်းမနေတော့ပါ။
ကျန်းချန်ရွှမ်သည် နယ်ပယ်ဖြတ်ကျော်နေရာရွေ့ပြောင်းရေးစင်မြင့်၏ နေရာလပ်များထဲသို့ အမြင့်ဆုံးအဆင့်ဝိညာဉ်ကျောက်တုံးအများအပြားကိုနေရာချလိုက်လေသည်။
ကျီ! ကျီ! ကျီ!
နေရာရွေ့ပြောင်းရေးစင်မြင့်ကတောက်ပလာသည်နှင့်အမျှ အသံများသည် လေထုကို ပြည့်နှက်သွားပြီး တောက်ပသောအလင်းရောင်များနှင့် ခိုင်မာသောနေရာလပ်လှိုင်းများကို ထုတ်လွှတ်လာလေသည်။
ဤအရာကိုမြင်လျှင် ကျန်းချန်ရွှမ် နှင့် ရှန်းရူယန် တို့သည် ဟွမ်းဝမ်ယုကိုကြည့်ပြီး ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက်တွင် သူတို့ သုံးဦးသည် နေရာရွေ့ပြောင်းရေးစင်မြင့်ပေါ်ကို တက်သွားခဲ့ကြသည်။
ဝုန်း....!
၎ င်းတို့သုံးဦးသည် ထိုစင်မြင့်ပေါ်သို့ ခြေချလိုက်သည်နှင့် ချက်ချင်းပင် အလွန်တောက်ပသော အလင်းရောင်စက်ဝိုင်းတစ်ခု ထွက်ပေါ်လာပြီး ၎ င်းတို့ ၏ ပုံရိပ်များကို အပြည့်အဝ လွှမ်းခြုံသွားလေသည်။
ထိုအချိန်တွင်၊ လူသုံးဦး၏ပုံရိပ်က ထိုနေရာမှ ပျောက်ကွယ်သွားလေတော့သည်။
သူတို့သည် အလင်းရောင်မျိုးစုံကို ကြုံတွေ့ခဲ့ရသည်။
ထိုအချိန်တွင် အချိန်နှင့် နေရာသည် ၎ င်းတို့ ၏ ပင်ကိုယ်သဘောတရားများ ပျောက်ဆုံးသွားသလို ခံစားရပြီး ရှုပ်ထွေးမှုတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။
၎င်းသည် တစ်စုံတစ်ဦးကိုခေါင်းမူစေပေသည်။
အနည်းဆုံး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အကြားရှိ ဟွမ်းဝမ်ယုအတွက်ဖြစ်သည်။
အချိန်ကာလတစ်ခုသာ ကုန်ဆုံးသွားခဲ့သည်ဟု ခံစားရသော်လည်း အချိန်အကြာကြီး ကြာမြင့်ခဲ့ပုံရသည်။
ကျန်းချန်ရွှမ် နှင့်အခြားသူများ ၏ ခြေထောက်များသည် နောက်ဆုံးတွင် မြေပြင်ကိုထပ်မံ ထိတွေ့လိုက်သောအခါ သူတို့သည်အခြား နေရာပို့ဆောင်ရေးစင်မြင့် ပေါ်တွင် ရပ်နေသည်ကို တွေ့ရှိခဲ့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
တော်သေးတာပေါ့။
သူတို့မြင်ရသောနေရာသည် ရင်းနီးသောပတ်ဝန်းကျင်၊ ရင်းနီးသော နေရာရွေ့ပြောင်းရေးစင်မြင့် ဖြစ်နေလေသည်။
ထို့ကြောင့် သူတို့သည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကသို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဆိုလိုနေပေသည်။
***