← Chapters

ဖြစ်ရပ်များပြင်းထန်လာခြင်း၊ ဖန်းရှစ်ကျုံးနှင့် ဆီကုန်သည်_၆

Vol. 15 Ch. 205

ဖြစ်ရပ်များပြင်းထန်လာခြင်း၊ ဖန်းရှစ်ကျုံးနှင့် ဆီကုန်သည်_၆

Vol. 15 Ch. 205

“မင်းက အဖိုးမဖြတ်နိုင်တဲ့ခေါင်းဖြစ်တဲ့ ငါဖန်းရှစ်ကျုံးအတွက်တော့ ကြေးစားမလွှတ်ရဲဘူး၊ ငါ့မွေးစားသားအတွက်တော့ ကြေးစားလွှတ်ရဲတယ်ပေါ့လေ”

ဖန်းရှစ်ကျုံးမှ အေးစက်စွာ မေးမြန်း၏။

အမျိုးသမီးမှ တည်ငြိ‌မ်အေးဆေးစွာ ပြောသည်။

“မဖြစ်နိုင်ပါဘူး။ ကျွန်မရဲ့မှောင်ခိုဈေးက ရှင်သန်ဖို့ကြိုးစားနေတာ မှန်ပေမဲ့ ရှင်တို့လို အင်အားကြီးတဲ့လူတွေကိုတော့ မထိပါးရဲပါဘူး။ ကျွန်မတို့က ရှင်တို့လို ကုန်သည်အဖွဲ့ကြီးတွေရဲ့ အရေးပါအရာရောက်တဲ့ အဖွဲ့ဝင်တွေကို ထိပါးရမယ့် ကြေးစားအလုပ်တွေကို လက်မခံပါဘူး။ ခန်းမအရှင်သခင်ဖန်း ရှင် မှားယွင်းစွပ်စွဲနေပါပြီ”

“ဝန်မခံဘူးပေါ့လေ”

ဖန်းရှစ်ကျုံးမှ လက်ခုပ်တီးလိုက်ရာ ကျားဖြူခန်းမအဖွဲ့သားနှစ်ဦးသည် အလောင်းနှစ်လောင်းကိုသယ်၍ ချက်ချင်း ဝင်ရောက်လာသည်။

အမျိုးသမီးလည်း ရှေ့တိုး၍ အလောင်းနှစ်လောင်းကို တစ်ချက်ကြည့်၏။ ထို့နောက် ပြောသည်။

“ကောင်းလိုက်တဲ့ လှံသိုင်းပဲ!”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“ဆီကုန်သည် ခင်ဗျားက လှံသိုင်းကို အကဲဖြတ်ရမှာ မဟုတ်ပါဘူး။ ဒီလူက ခင်ဗျားတို့မှောင်ခိုဈေးက လူလား”

အမျိုးသမီးမှ ပြန်ပြောသည်။

“ဟုတ်တယ်”

ဖန်းရှစ်ကျုံး အံ့အားသင့်သွား၏။ အမျိုးသမီးမှ ဆင်ခြေပေးလာလိမ့်မည်ဟု ဖန်းရှစ်ကျုံး ထင်ထားသော်ငြား အမျိုးသမီးသည် ချက်ချင်း ဝန်ခံလေသည်။

၎င်းသည် ဖန်းရှစ်ကျုံးကို အမှန်တကယ်ပင် သတိလက်လွတ်ဖြစ်သွားစေခဲ့၏။

အမျိုးသမီးမှ ဆက်ပြောသည်။

“ဒီအနက်ရောင်ဝတ်စုံနဲ့လူက ကျွန်မတို့မှောင်ခိုဈေးရဲ့ လုပ်ကြံသူတစ်ယောက်ပါ။ နောက်တစ်ယောက်ကတော့ ကျွန်မ သူ့ကို မသိဘူး”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“ကောင်းတယ်။ တကယ့်ကို ဆီကုန်သည် ဖြစ်ထိုက်ပါပေတယ်။ လုပ်ရဲ တာဝန်ယူရဲတယ်။ အခု ဒီလူ လုပ်ဆောင်နေတဲ့ အလုပ်တာဝန်က ဘာလဲဆိုတာ ပြောပြစမ်းပါဦး”

ထိုအခါ အမျိုးသမီးမှ ပြောသည်။

“စာရင်းစာအုပ် သွားယူလာခဲ့”

အဖိုးကြီးကျုံးသည် သူ၏ခါးနောက်ကျောမှ စာရင်းစာအုပ်တစ်အုပ်ကို ထုတ်ယူပေးသည်။ အမျိုးသမီးသည် စာအုပ်ကို လှန်ကြည့်‌ပြီးနောက် ပြော၏။

“ဟမ် လူတစ်ယောက်က ငါးဖမ်းကုန်သည်အဖွဲ့သား ချန်ကျိုစစ်အတွက် ငွေတုံးသုံးထောင်ကမ်းလှမ်းပြီး အလုပ်အပ်ခဲ့ပါတယ်”

“သူလုပ်ဆောင်နေတာက ဒီအလုပ်တာဝန် ဖြစ်ပါလိမ့်မယ်”

ထိုအခါ ဖန်းရှစ်ကျုံးမှ ပြောသည်။

“ချန်ကျိုစစ် သူက ကျုပ်ရဲ့မွေးစားသားဆိုတာကို မင်းတို့ မသိဘူးလား”

အမျိုးသမီးသည် အရေးမထားဟန်ဖြင့် ပြောနေဆဲပင်။

“ဟုတ်လား။ ခန်းမအရှင်သခင်ဖန်းက ဘယ်တုန်းက သားတစ်ယောက် ထပ်မွေးစားလိုက်တာလဲ။ ပြီးတော့ ခန်းမအရှင်သခင်ဖန်းစားသောက်ပွဲကျင်းပတာကို ကျွန်မလည်း မကြားမိပါလား”

“လောင်ကျုံး ရှင် သတင်းအချက်အလက်တွေကို ဘယ်လိုကိုင်တွယ်နေသလဲ။ ဒီလိုကိစ္စအကြီးကြီး ရှိခဲ့တာတောင် ကျွန်မကို သတင်းပို့မထားဘူး”

ထိုအခါ အဖိုးကြီးကျုံးသည် ရုတ်ချည်း အရိုအသေပြုလျက် ပြောသည်။

“ခေါင်းဆောင်ကို တင်ပြပါတယ်။ လတ်တလော ကျားဖြူခန်းမမှာ စားသောက်ပွဲတော်နဲ့ တခြားပွဲတော်တွေ ကျင်းပခြင်း မရှိပါဘူး”

အမျိုးသမီးသည် ဖန်းရှစ်ကျုံးကို ပြန်ကြည့်လာပြီး ပြောသည်။

“ခန်းမအရှင်သခင်ဖန်း ကျွန်မတို့ရဲ့ သတင်းအချက်အလက်က မှားယွင်းနေတာလား။ ဒါဆိုရင်တော့ ရှင် ဘယ်အချိန်က ပွဲတော်ကျင်းပခဲ့လဲဆိုတာကို ကျေးဇူးပြုပြီး ကျွန်မတို့ကို ပြောပြပေးပါဦး”

ဖန်းရှစ်ကျုံး မျက်လုံးတို့ကို မှေးကျုံ့လိုက်သည်။

“ငါ့ကို အပြစ်ရှာဖို့ ကြိုးစားနေတာလား”

အမျိုးသမီးမှ ချေပသည်။

“စည်းမျဉ်းက စည်းမျဉ်းပဲ။ ကျွန်မတို့မှောင်ခိုဈေးက စည်းကမ်းလိုက်နာတယ်။ ကနဦး စည်းမျဉ်းစည်းကမ်းတွေ သဘောတူညီချက် သတ်မှတ်ရေးထိုးကတည်းက ကျွန်မတို့မှောင်ခိုဈေးက ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့ရဲ့ အဆင့်နိမ့်အဖွဲ့သားတွေကို ကြေးစားလွှတ်ခွင့်ရှိတယ်လို့ ခွင့်ပြုထားပြီးသားပဲ။ ရှင့်အနေနဲ့ မှောင်ခိုဈေးရဲ့ အဓိကအဖွဲ့ဝင် ဘယ်တစ်ယောက်ကိုမှ သတ်လို့မရဘူး။ ခန်းမအရှင်သခင်ဖန်း ရှင်ပြောပါဦး.. ကျွန်မတို့ သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့မိလို့လား”

“ချန်ကျိုစစ်က ကျားဖြူခန်းမရဲ့ မွေးစားသားဖြစ်လာမယ့်သူဆိုတာကို ခင်ဗျားတို့သိထားပါတယ်။ အဲဒါတောင်မှ ခင်ဗျားတို့ဘက်က ကြေးစား‌လွှတ်ရဲခဲ့တာလေ”

“ရှင်တို့ ပွဲတော်ကျင်းပခဲ့လား”

ရုတ်တရက်ပင် အမျိုးသမီးသည် အသံမြှင့်လာ၏။ ခုနက ‌စကားပြောလိုက်သည့် ဖုန်းရွှမ်မှာ တုန်လှုပ်သွားလျက် နောက်ဆုတ်သွားရသည်။

ဖန်းရှစ်ကျုံးမှ မျက်လုံးတို့မှေးကျဉ်းလိုက်ပြီး ပြောသည်။

“မင်းတို့ ဆိုလိုချင်တာက ပွဲတော် မကျင်းပသ၍ အသိအမှတ်မပြုနိုင်ဘူးပေါ့လေ”

အမျိုးသမီးမှ ပြောသည်။

“ကျွန်မတို့မှောင်ခိုဈေးက စည်းမျဉ်းလိုက်နာတယ်။ ကျွန်မတို့ဘက်က ဖောက်ဖျက်မှုရှိခဲ့ရင် ရှင်ဆန္ဒရှိသလို လုပ်နိုင်တယ်။ မဟုတ်ရင်တော့ ကျွန်မတို့လည်း ဘယ်သူ့ကိုမှ ကြောက်ရွံ့မနေဘူး။ ခန်းမအရှင်သခင်ဖန်း ရှင်အခု စစ်ကြေညာနေတာလား”

ဖန်းရှစ်ကျုံး တိတ်ဆိတ်သွားသည်။

တကယ်ပဲ စစ်ပွဲ စတင်လိုက်ရမှာလား။

စစ်ပွဲ စတင်လိုက်၍လည်း မဖြစ်ချေ။ မှောင်ခိုဈေးနှင့် ကျားဖြူခန်းမတို့ကို စစ်ပွဲဖြစ်စေခဲ့လျှင် မဆင်မခြင် တိုက်ခိုက်မှုသာ ဖြစ်ပေလိမ့်မည်။ လူအမြောက်အများ သေကြေဆုံးရှုံးနိုင်၏။ နန်ပါးထျန်းသည်လည်း သူတို့ကို အနီးကပ် စောင့်ကြည့်နေသေးသည်။

ထို့ပြင် သူသည်လည်း ဒီနေ့တွင် စစ်ကြေညာရန် လာရောက်ခဲ့ခြင်း မဟုတ်ပါချေ။

စဉ်းစားတွေးတောပြီးနောက် ဖန်းရှစ်ကျုံးမှ ပြောသည်။

“စစ်ပွဲ စတင်မယ်? မင်းရဲ့မှောင်ခိုဈေးက ပိုကောင်းလာနိုင်ပါတော့မလား။ ဒီနှစ်တွေအတွင်းမှာ မင်းတို့မှောင်ခိုဈေးရဲ့လက်ထဲမှာ သေဆုံးသွားရတဲ့ အရေအတွက်က နည်းတာမဟုတ်ဘူးနော်”

အမျိုးသမီးမှ ပြန်ပြောသည်။

“အဲဒါကြောင့် ကျွန်မလည်း စစ်ပွဲ မ စတင်ချင်ပါဘူး။ ဒါပေမဲ့ ခန်းမအရှင်သခင်ဖန်းက အလျှော့မပေးဘူးဆိုရင်တော့ ကျွန်မလည်း မတတ်နိုင်ဘူးလေ”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“ငါတို့ ပြန်ဆွေးနွေးကြမလား”

“ဆွေးနွေးကြတာပေါ့”

အမျိုးသမီးမှ ခေါင်းညိတ်သည်။ သူတို့နှစ်ဦးသည် လက်ဖက်ရည်စားပွဲတွင် ပြန်ထိုင်လိုက်ကြ၏။

“မင်းတို့မှောင်ခိုဈေးက ငါ့ရဲ့မွေးစားသားကို လုပ်ကြံဖို့အတွက် ‌ကြေးစားတွေစေလွှတ်တာကို ချက်ချင်း ရပ်စဲလိုက်သင့်တယ်”

“သဘောတူတယ်”

“ရှင်တို့ကျားဖြူခန်းမက ဒီဖြစ်ရပ်ကို အသုံးချပြီး ကျွန်မတို့မှောင်ခိုဈေးကို ပြဿနာရှာတာတို့ ပစ်မှတ်ထားတာတို့ မလုပ်ရဘူး”

“သဘောတူတယ်”

“ငါ့ရဲ့မွေးစားသားက လုပ်ကြံသတ်ဖြတ်ဖို့ ပစ်မှတ်ထားခံခဲ့ရတဲ့အတွက် နစ်နာကြေးရသင့်တယ်”

“ကျွန်မတို့မှောင်ခိုဈေးရဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား‌တစ်ယောက် သေသွားခဲ့တယ်။ သူ့အသက်နဲ့ အသက်တစ်ချောင်းအတွက် ပြန်ပေးဆပ်လိုက်ပြီမို့လို့ ဒီကိစ္စက နောက်ထပ် ဘာ‌နောက်ဆက်တွဲမှ မရှိတော့ဘဲ ဒီမှာတင် အဆုံးသတ်ပြီ။ အဲဒီလို လက်ခံနိုင်မလား”

“သဘောတူတယ်”

“ဒါဆိုရင်တော့ ငါ့မှာ ဘာကိစ္စမှ မရှိတော့ဘူး၊ သွားလိုက်ပါဦးမယ်”

“မနက်ဖြန် ခန်းမအရှင်သခင်ဖန်းရဲ့ မွေးစားသားအဖြစ် တရားဝင်အသိအမှတ်ပြုတဲ့အခါကျ ကျွန်မတို့မှောင်ခိုဈေးက သေချာပေါက် စိတ်ရင်းနဲ့လက်ဆောင်တစ်ခု ပေးအပ်ပါ့မယ်”

“ကျေးဇူးပါပဲ”

“ဂရုစိုက်ပါ”

သူတို့နှစ်ဦးသည် အပြန်အလှန်တောင်းဆိုချက်များကို လျင်မြန်စွာ သဘောတူညီခဲ့ကြပြီး နှစ်ဦးစလုံး မိမိအလိုရှိရာကို ရရှိနိုင်ခဲ့ကြသည်။

ဖန်းရှစ်ကျုံး ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့ပြီးနောက်မှ အမျိုးသမီးသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူမ၏ လက်ဖဝါးများကို ပွတ်သပ်လျက် ပြောသည်။

“အဲဒီအဖိုးကြီးဖန်းက တကယ့်ကို ဝါရင့်အင်အားကြီးပုဂ္ဂိုလ်ကြီးပဲ။ သူ့အတွင်းအားကြောင့် ငါ့လက်တောင် နာသွားတယ်”

“ခေါင်းဆောင် အ‌ဆင်ပြေရဲ့လား”

အဖိုကြီးကျုံးမှ ချက်ချင်း မေးမြန်းသည်။

တတိယသခင်မလေးဟွားမှ ပြောသည်။

“ဘာမှမဖြစ်ဘူး။ ချန်ကျိုစစ်ကို လုပ်ကြံသတ်ဖြတ်ဖို့ အလုပ်တာဝန်ကို ပယ်ဖျက်လိုက်ပြီလို့ အားလုံးကို အကြောင်းကြားလိုက်။ ပြီးတော့ အလုပ်အပ်သူက သတင်းအမှားပေးခဲ့တာကြောင့် ကြိုတင်ပေးချေငွေကို ပြန်မအမ်းဘူး”

“နားလည်ပါပြီ”

အဖိုးကြီးကျုံးသည် ပြန်ဖြေပြီးနောက် မြေပြင်ပေါ်ရှိ အလောင်းနှစ်လောင်းကို ကြည့်လိုက်ပြီး ပြောသည်။

“ဒါပေမဲ့ ခေါင်းဆောင် ဒီကိစ္စက ဒီလိုပဲပြီးသွားပြီလား”

“ပြီးသွားပြီတဲ့လား ဟား… အခုမှ စတာ”

တတိယသခင်မလေးဟွားသည် မျက်မှောင်ကြုတ်လိုက်၏။

ချန်ကျိုစစ်က အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့သူပဲ။ ငါ့ကို ဘယ်သူမဆို ဒီလိုဆုံးရှုံးရအောင် လုပ်နိုင်တာ မဟုတ်ဘူး။

…

ထိုအချိန်၌ အပြင်ဘက်တွင် ဖန်းရှစ်ကျုံးသည် အနည်းငယ် နီရဲနေသော သူ၏ညာလက်ဝါးကို ကြည့်နေသည်။

“မီးအဆိပ်!”

ထိုသို့ပြောလိုက်ရင်း ဖန်းရှစ်ကျုံးသည် အတွင်းအားများကို လည်ပတ်စေလိုက်သည်။ ထို့နောက်တွင် လက်ဖဝါးထက်ရှိ နီရဲမှုသည် ရုတ်ချည်း ပျောက်ကွယ်သွား၏။ ထိုလက်ဖဝါးရိုက်ချက်တစ်ချက်တွင် သူသည်လည်း အနည်းငယ် အကျိုးယုတ်ခဲ့ရသည်။ လက်ဖဝါးရိုက်ချက်ကို ထုတ်လွှတ်လိုက်ချိန်တွင် သူ၏အတွင်းအားသည် ထိုဆီကုန်သည်ထက် ပိုမြင့်မားကြောင်း သူသိထား၏။

သို့သော် လက်ဖဝါးရိုက်ချက်ကို ထုတ်လွှတ်လိုက်ပြီးနောက်တွင်မူ လက်ဖဝါးထက်တွင် ပူပြင်းပြင်းခံစားမှုကို ခံစားလိုက်ရသည်။

ထိုအခါမှ တစ်ဖက်ရန်သူ၏ အင်္ကျီလက်များတွင် လှည့်ကွက်အချို့ရှိနေကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူတို့နှစ်ဦးစလုံး ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကြသည်။

ခုနက သူ့ဘက်မှ တိတိပပ အလေးသာနေခဲ့လျှင် ထိုဆီကုန်သည်နှင့် စကားပြောဆိုဆွေးနွေးခဲ့လိမ့်မည် မဟုတ်ပေ။

တန်းတူညီမျှ စကားပြောဆိုဆွေးနွေးနိုင်ခြင်းသည် အင်အားယှဉ်နိုင်မှုအပေါ်၌ မူတည်သည်။

ဖန်းရှစ်ကျုံးနှင့် ဆီကုန်သည် နှစ်ဦးစလုံးသည် သူတို့၏အင်အားကို အသီးသီးဖော်ပြခဲ့ကြပြီး ထို့ကြောင့်ပင် တန်းတူညီမျှ စကားပြောဆိုဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ချန်ကျဲ့၏ကိစ္စကို ဖြေရှင်းရန်နှင့် ဤကိစ္စကို ရပ်စဲပိတ်သိမ်းရန်ဟူသည့် ဖန်းရှစ်ကျုံး၏ ရည်ရွယ်ချက်လည်း အောင်မြင်ပြီးမြောက်ခဲ့သည်။

မှောင်ခိုဈေးသည် ချန်ကျဲ့ကို လုပ်ကြံသတ်ဖြတ်ရန် ကြေးစားစေလွှတ်ခြင်းကို ရပ်တန့်ခဲ့ပြီး ချန်ကျဲ့မှ သူတို့၏လုပ်ကြံသူကို သတ်ဖြတ်ခဲ့ခြင်းကိုလည်း ဆက်လက်၍ ပြဿနာမရှာတော့ဘဲ ဤကိစ္စကို အေးအေးချမ်းချမ်း ဖြေရှင်းခဲ့သည်။

ဤမျန့်ရွှေစီရင်စု၌ မြောက်များစွာသော အင်အားစုများ စုဝေးတည်ရှိနေသောကြောင့် ညှိနှိုင်းခြင်းနှင့် ဟန်ချက်ညီရန် ထိန်းသိမ်းနိုင်ခြင်းတို့အား နားလည်မှုရှိရန် လိုအပ်သည်။

ဤသိုင်းလောကသည် တိုက်ခိုက်သတ်ဖြတ်ခြင်းများသာ တည်ရှိနေခြင်းမဟုတ်ဘဲ လူသားတို့၏ စိတ်ခံစားချက်များ၊ ဆက်ဆံရေးများဆိုင်ရာ အရေးကိစ္စများလည်း ပါဝင်ပေသည်။

“မွေးစားအဖေ ကျွန်တော်တို့ ဒီကိစ္စကို ဒီတိုင်းပဲ ထားလိုက်တော့မှာလား”

ထိုစဉ် ကျန်းချွမ်မှ မေးလာသည်။ ဖန်းရှစ်ကျုံးမှ ပြောသည်။

“အင်း။ မင်းတို့အားလုံးလည်း စောစောအနားယူရအောင် ပြန်သင့်ပြီ။ မနက်ဖြန် စားသောက်ပွဲမှာ ဧည့်သည်အများကြီး ရောက်လာလောက်တယ်။ အဲဒါကြောင့် ဘာမတော်တဆမှ မဖြစ်ရအောင် ရှောင်ရှားကြတာပေါ့”

ထိုအခါ ကျန်းချွမ်မှ ပြောသည်။

“ဟုတ်ကဲ့ပါ မွေးစားအဖေ”

ထိုအချိန်၌ ချန်ကျဲ့၏ ခြံတံခါးဝတွင် ရထားလုံးတစ်စီး ရပ်တန့်သွားသည်။

“သခင်၅ ရောက်ပါပြီ”

ချန်ကျဲ့သည် အဝတ်များကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်ပြီး လိမ္မော်သီးတစ်လုံးကို ကိုင်ကာ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

“ဦးလေးဖူ ကျွန်တော့်ကိုယ်ပေါ်မှာ ဘာအမွှေးနံ့သာရနံ့မျိုးမှ အနံ့မရတာ သေချာရဲ့လား”

All Chapters