← Chapters

ယောက်ျား ရှင် ကျွန်မကို တစ်ခုခုဖုံးကွယ်ထားလား_၂

Vol. 15 Ch. 207

ယောက်ျား ရှင် ကျွန်မကို တစ်ခုခုဖုံးကွယ်ထားလား_၂

Vol. 15 Ch. 207

ထိုအချိန်၌ စူးယွင်ကျင်းသည် ထိုချဉ်လွန်းသည့် လိမ္မော်သီး၏ အသုံးပြုပုံကိုပင် နားလည်သွားရသည်။

သို့သော် သူမ၏ခင်ပွန်းသည်သည် သူမ စိတ်မကောင်းဖြစ်မည်စိုးသောကြောင့် လှည့်စားလိုခြင်းသာ ဖြစ်သည်။

အဲဒါကလည်း ငါက သူ့ရဲ့နှလုံးသားထဲမှာ နေရာတစ်နေရာရှိတယ်လို့ ဆိုလိုတာပဲ မဟုတ်လား။

သူတကယ်ပဲ ငါ့ကို လုံးဝ ဂရုမစိုက်ဘူးဆိုရင် အပင်ပန်းခံပြီး ဖုံးကွယ်နေမှာတောင် မဟုတ်ဘူး။

ဤခေတ်ကာလ၌ “အမျိုးသမီး သူတော်ကောင်းတရား”ဖြင့် အမျိုးသမီးအားလုံး၏ အကျင့်သီလကို ထိန်းသိမ်း၏။ ထို့ပြင် လူမှုအဖွဲ့အစည်းသည်လည်း အမျိုးသားတစ်ဦးသည် စွမ်းဆောင်ရည်ကောင်းမွန်ပြီး အဆင့်အတန်းတစ်ခုရှိပါက အမျိုးသမီးတစ်ဦးတည်း မရှိနိုင်ဟု ပြောလေ့ရှိကြသည်။

သေချာပေါက်ပင် သူ ယခုအချိန်တွင် ကိစ္စများကို လျော့တိလျော့ရဲ မတွေးခေါ်‌ရဲပါချေ။

သူမကို ပို၍ စိုးရိမ်ပူပန်စေသည်မှာ သူမ၏ခင်ပွန်းသည် တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရမည်ကို ဖြစ်သည်။

သူ၏ခင်ပွန်းသည် မည်သည့်အရပ်ကို သွားခဲ့သည်ဖြစ်စေ၊ မည်သို့ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဖြစ်စေ၊ သူမ လျစ်လျူရှုနိုင်ပါသည်။ သို့သော် ခင်ပွန်းသည် ထိခိုင်ဒဏ်ရာရခြင်းကိုမူ သူမ လက်မခံနိုင်ပါချေ။

“ယောက်ျား”

“ဟမ်”

ချန်ကျဲ့ မျက်လုံးမှိတ်ထားလျက် ဇနီးဖြစ်သူ၏ နှိပ်နှယ်ပေးခြင်းကို သက်သောင့်သက်သာ ခံယူနေသည်။

“ရှင် ကျွန်မကို ပြောစရာမရှိဘူးလား”

ချန်ကျဲ့ မျက်လုံးပြူးသွား၏။

ငါ ပေါ်သွားပြီလား။

“အမ် ဘာလို့လဲ”

ချန်ကျဲ့ မဝံ့မရဲ မေးလိုက်သည်။

ချန်ကျဲ့သည် ဇနီးဖြစ်သူကို ကြောက်ရွံ့ခြင်း မဟုတ်ပေ။ သူမကို စိတ်မကောင်းဖြစ်စေမည်အား စိုးရိမ်ခြင်းဖြစ်ပါ၏။

သူ၏ တုံးအသည့် ဇနီးလေးသည် တစ်ခုခုဖြစ်လာတိုင်း တစ်ဦးတည်း ကြိတ်မှိတ်သည်းခံနေရန်သာ သိပြီး ထုတ်ပြောရကောင်းမှန်း မသိချေ။ မိမိမှာ အပြင်ဘက်ရှိ အပျော်အပြက်ကိစ္စများ ကျူးလွန်ခဲ့လျှင်သော်မှ၊ ၎င်းဖြစ်ရပ်ကို သူ၏ဇနီးလေးသည် သိသွားခဲ့လျှင်သော်မှ သူ့ကို ပြစ်တင်ကြိမ်းမောင်းလိမ့်မည် မဟုတ်ပေ။

သူမသည် အခန်းထောင့်လေးတွင် ပုန်းနေပြီး တိတ်တဆိတ် ငိုကြွေးနေလိမ့်မည် ဖြစ်၏။

အို ဒီတုံးအတဲ့ အမျိုးသမီးလေးကတော့!

ချန်ကျဲ့ သူမကို တကယ်ကြီး မထိခိုက်စေရက်နိုင်ပေ။

ထို့ကြောင့် ဖုံးကွယ်သည့်အနေဖြင့် လိ‌မ္မော်သီးဝယ်လာခဲ့ခြင်းဖြစ်သည်။ သူသည် သွေးဆောင်လှည့်ဖြားခြင်းကို ခံနိုင်ရည်ရှိသူ မဟုတ်ပေ။ သို့သော် သူသည် နှလုံးသားမဲ့သူတစ်ယောက် မဖြစ်ချင်ပေ။ ဤအမျိုးသမီးလေးသည် သူ့ကြောင့် ထပ်မံ၍ မခံစားသင့်တော့ပေ။

သူမကို အနည်းငယ်မျှ ပို၍ပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်လျှင်ပင် အဆင်ပြေသည်။

ချန်ကျဲ့မှ ထပ်မေးသည်။

“ဘာလို့လဲ”

ထို့နောက် ချက်ချင်း ထပ်ပြောသည်။

“အဲဒီမျက်နှာချေနီလမ်း…”

“ယောက်ျား ရှင် အန္တရာယ်ကြုံခဲ့ရတာလား”

ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်းနီးပါး ပြောလိုက်ကြပြီး နေရာ၌ပင် ကြောင်အနေကြသည်။

အချိန်ခဏမျှ ကြာမြင့်ပြီးနောက် ချန်ကျဲ့မှ ပြောသည်။

“မင်းမေးချင်တာက အဲဒါလား”

စူးယွင်ကျင်းသည် သူမ ရှာတွေ့ခဲ့သည့် ဆံချည်မျှင်ကို မြေပြင်သို့ ပစ်ချထားခဲ့ပြီး ဖြစ်သည်။ စူးယွင်ကျင်းသည် ထိုဆံချည်မျှင်ကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး မသိချင်ယောင်ဆောင်ကာ ပြောသည်။

“တခြားဘာဖြစ်နိုင်ဦးမှာလဲ။ ယောက်ျား ဒီဆံပင်နဲ့ အဝတ်ပေါ်က ပြတ်ရှရာတွေက… ရှင် မထိခိုက်ထားပါဘူးနော်”

ချန်ကျဲ့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

“အာ အဲဒါလား။ ဘာမှမဟုတ်ပါဘူး။ တကယ်တော့ ကိုယ်က မင်းစိတ်ပူနေမှာစိုးလို့ မပြောချင်လို့ပါ”

“ယောက်ျား ရှင် ဘာမှမပြောလေ ကျွန်မက ပိုစိတ်ပူရလေပဲ”

စူးယွင်ကျင်းမှ ပြောသည်။ ချန်ကျဲ့မှ ပြန်ပြောသည်။

“ဒါဆို ကိုယ်မင်းကို ပြောပြမယ်။ ဒီနေ့ ကိုယ် စားသောက်ဆိုင်ကနေ ပြန်ထွက်လာတော့…”

ချန်ကျဲ့ ဖြစ်ရပ်များကို ပြန်ပြောပြသည်။ သို့သော် ယီးဟုန်ဂေဟာကို သာမန်စားသောက်ဆိုင်နှင့် အစားထိုးပြောခဲ့သည်။ ထို့နောက် ယွီပင်း၏အိမ်တော်ထိန်းမှ သူ့ကို လုပ်ကြံသူငှားရမ်း၍ တိုက်ခိုက်ခဲ့ခြင်းမှာ မအောင်မြင်ခဲ့သည့်အပြင် ငွေတုံး၁၅၀၀ခန့်တန်ကြေးရှိ ငွေလက်မှတ်များ ရရှိခဲ့သည့်အကြောင်းတို့ကို ပြောပြသည်။

ဪ ဟုတ်သား၊ ပြီးတော့ အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ သိုင်းကျမ်းတစ်ခုလည်း ရှိသေးတယ်။

ချန်ကျဲ့ ယနေ့ကြုံတွေ့ခဲ့ရသော လုပ်ကြံသူအကြောင်းကို နားထောင်နေစဉ်အတွင်း စူးယွင်ကျင်း၏ စိတ်နှလုံးမှာ အစမှ အဆုံးအထိ ဆုတ်ဆွဲထားသကဲ့သို့ ခံစားနေရသည်။ အမှောင်ထဲမှ ရုတ်တရက်တိုက်ခိုက်လာသည့် ဓားချက်အကြောင်းကို နားထောင်ရသည်တွင် စူးယွင်ကျင်းမှာ တစ်ကိုယ်လုံး အေးစိမ့်သွားရသည်။

ချန်ကျဲ့သည် စူးယွင်ကျင်း၏ စိတ်အခြေအနေကို ခံစားမိသောကြောင့် သူမ၏ လက်ကလေးများကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။

“အခု အားလုံး အဆင်ပြေသွားပါပြီ။ တကယ်တော့ အဲ့လိုဖြစ်သွားတာ ပိုတောင်ကောင်းပါသေးတယ်။ ဒီလုပ်ကြံသတ်ဖြတ်မှုတစ်ကြိမ်က ကိုယ့်ကို ငွေတုံး၁၅၀၀ ရစေခဲ့တယ်လေ။ နောက်ထပ်လုပ်ကြံမှု အကြိမ်ရေနည်းနည်းလောက် ထပ်ဖြစ်မယ်ဆို ကိုယ်တို့ တကယ့်ကို ချမ်းသာလာနိုင်လောက်တယ်”

ဖြန်း!

“ရှင် ဘာပေါက်ကရတွေ ပြောနေတာလဲ!”

ထို့နောက် စူးယွင်ကျင်းသည် လက်ကိုဆန့်ထုတ်၍ ချန်ကျဲ့၏လက်မောင်းကို ဖျတ်ခနဲ ရိုက်လိုက်သည်။ ၎င်းရိုက်ချက်သည် နူးညံ့ညင်သာသော်ငြား အသံကျယ်၏။

ထို့နောက်တဒင်္ဂ၌ ရုတ်ချည်း စိုးရိမ်ပူပန်စွာ ပြောသည်။

“အိုး ရှင် နာမသွားပါ‌ဘူးနော်!”

ထိုမြင်ကွင်းကြောင့် ချန်ကျဲ့မှာ အော်ရယ်လုနီးပါး ဖြစ်သွားရသည်။ သူသည် နွဲ့ပျောင်းအရွတ်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူ၏ဇနီးလေးသည် သိုင်းပညာ မကျင့်ကြံဖူးသူ ဖြစ်သည်။

သူမက ဘယ်လိုလုပ်ပြီး သူ့ကို နာကျင်စေနိုင်ပါ့မလဲ။

အဲဒီယွီပင်း၊ သူ့ရဲ့အိမ်တော်ထိန်းနဲ့ လုပ်ကြံသူတောင်မှ ငါက သူတို့ရဲ့ခေါင်းတွေကို တို့ဟူးလိုမျိုး ချေမွပစ်နိုင်တဲ့သူလေ။

သို့သော် ထိုအခါ ချန်ကျဲ့သည် လက်မောင်းကို ဆုပ်ကိုင်ညည်းတွား၍ နာကျင်‌ချင်ယောင်ဆောင်လိုက်သည်။

“အာ့ နာတယ်…”

စူးယွင်ကျင်းမှ ပြောသည်။

“ဘယ်လိုလုပ်ပြီး နာမှာလဲ။ ကျွန်မ အားပြင်းပြင်း မရိုက်လိုက်ပါဘူးနော်။ ဒီနေ့ လုပ်ကြံသူနဲ့ တိုက်ခိုက်ရင်း ဒဏ်ရာရခဲ့လို့လား”

“အမ်း”

“ကျွန်မကို ပြပါဦး”

စူးယွင်ကျင်း စိုးရိမ်ပူပန်စွာဖြင့် ကြည့်သည်။ သို့သော် ထို့နောက်တွင် ချန်ကျဲ့ သူမ၏ နဖူးထက်ကို နမ်းရှိုက်လိုက်သည်။

“ရှင် တော်လိုက်ပါတော့။ အရိုးကျိုးသွားတာလည်း မဟုတ်ဘဲနဲ့ ဟုတ်တယ်မလား။ ကျွန်မ သမားတော်ခေါ်ပေးရမလား”

ထိုစကားတွင် ချန်ကျဲ့ ရယ်မောလိုက်တော့သည်။

“ဘာလို့ သမားတော်ခေါ်နေမလဲ။ မင်းက ကိုယ့်အတွက် အကောင်းဆုံး သ‌မားတော်လေးပဲလေ”

“အာ~!”

“မလုပ်နဲ့လို့ ယောက်ျား၊ ရေတွေစိုကုန်ပြီ…”

…

တိမ်နှင့်မိုးရေတို့ ပြောင်းလဲဖြစ်တည်လျက် ဝူရှန်းသို့ ဘယ်နှကြိမ်တိုင် ခရီးနှင်ခဲ့သည်မသိပေ။ ယွီမန်ဂိတ်တံခါးသို့လည်း နွေဦးလေပြည်တို့ ဘယ်နှကြိမ်တိုင် အလည်ရောက်ခဲ့ပြီးသည် မသိပေ။

နှစ်လိုဖွယ်ကောင်းစွာ နူးညံ့ညင်သာစွာဖြင့် အမျိုးသမီးနှင့် အမျိုးသားတို့၏ မိုက်မဲမှုတို့ကို ညည်းတွားရင်း မက်မွန်ပန်းဖြူသည် သုံးကြိမ်တိုင်တိုင် မြည်ဟီးနေတော့သည်။

(အပေါ်ကစာကို နားမလည်တဲ့လူတွေအတွက် ဘာသာထပ်ပြန်ပေးမယ်။ မိန်းမနဲ့ သုံးကြိမ်အိပ်တာကိုပြောတာ)

…

ညသန်းခေါင်၌ ချန်ကျဲ့ ဖြည်းဖြည်းချင်း နိုးထလာခဲ့ပြီး သူ၏လက်မောင်းများထဲ တိုးဝှေ့အိပ်ပျော်နေသည့် ဇနီးဖြစ်သူကို ကြည့်လိုက်သည်။

ချန်ကျဲ့ သူမ၏ဆံပင်လေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သူ စိတ်ကူးယဉ်နေမိသည်လား မသေချာပေ။ ဒီနေ့တွင် သူ၏ဇနီးလေးသည် ထူးကဲစွာ လက်ဦးမှုရယူနေလေသည်။

အချို့သော စိတ်ကူးယဉ်ရန်သူများကို ရင်ဆိုင်နေရသည့် အလားပင်။

သို့သော်ငြား ထိုအရာအားလုံးသည် မသိလိုက်မသိဘာသာဖြင့် ချန်ကျဲ့ကို အကျိုးအမြတ်ရစေပေသည်။

ထိုအတွေးဖြင့် ချန်ကျဲ့ စွမ်းရည်ဇယားကို ဖွင့်လိုက်သည်။

ဒီနေ့ည နောက်ကျမှ ပြန်လာခဲ့ပြီး အိပ်ချိန်နောက်ကျခဲ့ရာ ချန်ကျဲ့လည်း ‌အိပ်ရာထ နောက်ကျသွားသည်။ ချန်ကျဲ့သည် အမြဲလိုလို အိပ်ချိန် နှစ်နာရီခွဲ၊ သုံးနာရီခန့်အဖြစ် ညတိုင်း အိပ်ချိန်ထားလေ့ရှိသည်။

ထို့ကြောင့် သူဒီနေ့ အိပ်ချိန်နောက်ကျခဲ့ရာ နိုးချိန်သည်လည်း အလိုအလျောက် နောက်ကျသွားပေသည်။

စွမ်းရည်ဇယား ဖွင့်လှစ်ခြင်း။

[ဒီနေ့အတွက် သတင်းအချက်အလက်များကို မြှင့်တင်ပြီးပါပြီ (အဆင့်၂)]

[၁၊ သင်ဒီနေ့ ယီးဟုန်ဂေဟာကို သွားခဲ့တဲ့အတွက် ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ ယီးဟုန်ဂေဟာက အထက်တန်းပြည့်တန်ဆာများ ဧည့်ခံသည့်စနစ်ကို ကျင့်သုံးပြီး နေ့စဉ်နေ့တိုင်းမှာ စားသောက်ပွဲတော်ရဲ့ အဓိကဧည့်သည်ကို အထက်တန်းပြည့်တန်ဆာတစ်ယောက်က ခစားရပါတယ်။ စားသောက်ပွဲတော်အတွက် တေးသွားတစ်ခုကို စီစဉ်သတ်မှတ်ထားတယ်။ အဲဒါက ကဗျာစာပေဖြစ်စေ၊ အဆုံးကာရန်တူညီတဲ့ နှစ်ကြောင်းကဗျာဖြစ်စေ၊ တေးဂီတဖြစ်စေ၊ စစ်တုရင်ကစားခြင်းဖြစ်စေ၊ ပန်းချီဖြစ်စေ ဖြစ်နိုင်ပါတယ်။ အလွန်တရာ ကြော့မော့တင့်တယ်တာကြောင့် မျန့်ရွှေစီရင်စုရဲ့ ကျော်ကြားတဲ့ပုဂ္ဂိုလ်ကြီး အများစုက မကြာခဏ လာရောက်‌လေ့ရှိကြပါတယ်]

[၂၊ သင်ဒီနေ့ မှောင်ခိုဈေးရဲ့လုပ်ကြံသူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ခြင်းမှ ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ မှောင်ခိုဈေးက မျန့်ရွှေစီရင်စုရဲ့ မှောင်ခိုအင်အားစုတစ်ခုဖြစ်ပြီး ကိုယ်ပိုင်အချိန်ကိုက်မှု၊ ချဉ်းကပ်မှုတွေနဲ့ နည်းလမ်းမျိုးစုံကို အသုံးပြုကြပါတယ်။ ဥပမာ- အဖိုးတန်ဆေးပင်တွေ ကုန်သွယ်ခြင်း၊ ရှေးဟောင်းကျောက်စိမ်းတွေ၊ လက်နက်ကျမ်းတွေအပြင် လုပ်ကြံသတ်ဖြတ်လုပ်ငန်းအတွက် ကြေးစားလူသတ်သမားစီစဉ်ငှားရမ်းခြင်း စတာတွေ ပါဝင်ပြီးတော့ အရမ်းကို အကျိုးအမြတ်များတဲ့လုပ်ငန်း ဖြစ်ပါတယ်]

[၃၊ သင်ဒီနေ့ ဖန်းရှစ်ကျုံးကို လုပ်ကြံသတ်ဖြတ်မှုအကြောင်း သတင်းပို့ပြီး ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ ဖန်းရှစ်ကျုံးက မှောင်ခိုဈေးကို သွားရောက်ခဲ့ပြီး အစောင့်အရှောက်ကြီး၁၃ဦးထဲက တစ်ဦးဖြစ်တဲ့ ဆီကုန်သည်နဲ့ သင့်ရဲ့နာမည်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် ကြေးစားစေလွှတ်မယ့်စာရင်းကနေ ဖယ်ရှားပေးဖို့ ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ သင်က သူတို့ရဲ့လုပ်ကြံသူကို သတ်ဖြတ်နိုင်ခဲ့တာကို သိပြီးတဲ့နောက်မှာ ဆီကုန်သည်က သင့်ကို စိတ်ဝင်စားသွားခဲ့ပါတယ်]

All Chapters