← Chapters

လုပ်ကြံသတ်ဖြတ်ခြင်း! ငါက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်လို့ မင်းတို့ကို ဘယ်သူပြောလဲ?_၅

Vol. 15 Ch. 198

လုပ်ကြံသတ်ဖြတ်ခြင်း! ငါက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်လို့ မင်းတို့ကို ဘယ်သူပြောလဲ?_၅

Vol. 15 Ch. 198

တန်းကွမ်းမင်မှ ပြောသည်။

“ဒီမှာက လူအရမ်းများတယ်လေ”

“ကျိုစစ် မင်းနားမလည်ဘူး။ မျန့်ရွှေစီရင်စုမှာ လူချမ်းသာတွေ အများကြီးရှိတယ်။ သူတို့အတွက် ငွေနည်းနည်းလောက် သုံးတာက ဘာများရေးကြီးခွင်ကျယ်မလို့လဲ”

ထိုအခါ ချန်ကျဲ့စဉ်းစားကြည့်သည်။

ဒီနေရာကို ‌မျန့်ရွှေစီရင်စုရဲ့ ထိပ်တန်းရွှေတူးတဲ့နေရာလို့ ခေါ်ကြတာ မဆန်းတော့ပါဘူး။

တန်းကွမ်းမင်ရဲ့စကားတွေသာ ယုံကြည်လို့ရမယ်ဆိုရင် အဒေါ်ပိုင်က ဦးလေးကျုံးကို မှားယွင်းစွပ်စွဲမိနေတာပဲ။ ခြုံငုံလိုက်ရင် ဦးလေးကျုံးက ဒီနေရာကို စားသောက်ဖို့လာခဲ့တာဖြစ်ပြီး ငွေ၅တုံးပဲ သုံးခဲ့တာ။ ဖြစ်နိုင်တာတော့ မိန်းကလေးတစ်ယောက်တောင် မခေါ်ခဲ့လောက်ဘူး။

အသေးစိတ်ဆင်ခြင်သုံးသပ်ပြီးနောက် ဤလောကတွင် ဧည့်သည်လက်ခံသည့် နိုက်ကလပ်ကဲ့သို့ နေရာမျိုး အမှန်တကယ်မရှိကြောင်း ချန်ကျဲ့ နားလည်သွားရသည်။

စီးပွားရေးလုပ်ငန်းအကြောင်း ဆွေးနွေးပြောဆိုရာ၌ လူအများစုသည် အတည်အတံ့ဖြစ်သော စားသောက်ဆိုင်များသို့ သွားလေ့ရှိကြပြီး ဆက်ဆံရေးတစ်ခုတည်ဆောက်ရန်အတွက် ပို၍ခက်ခဲသွားရသည်။

ယီးဟုန်ဂေဟာသည် ၎င်းနိုက်ကလပ်များ၊ လုပ်ငန်းကလပ်များနှင့် ဆင်တူသည့်အခန်းကဏ္ဍကို လုပ်ဆောင်သည့် စားသောက်ဆိုင်မျိုး ဖြစ်လိမ့်မည်။

ချန်ကျဲ့ ယီးဟုန်ဂေဟာအကြောင်းကို အသစ်တစ်မျိုး နားလည်သွားရသည်။

ထိုစဉ် တန်းကွမ်းမင်မှ ချန်ကျဲ့ကိုကြည့်လျက် ပြောသည်။

“ကျိုစစ် မင်းစိတ်ချထားပါ။ မင်း အဲဒီလိုကိစ္စတွေကို မတွေးသ၍ ဒီနေရာက သန့်စင်တဲ့နေရာတစ်ခုပါပဲ။ ဒီနေရာက မိန်းကလေးတွေက သီချင်းဆိုနိုင်တယ်၊ တူရိယာတွေ တီးခတ်နိုင်တယ်၊ ကျားစေ့ကစားနိုင်တယ်၊ စာရေးနိုင်တယ်၊ ကနိုင်တယ်– အရာအားလုံးမှာ ပြိုင်ဘက်ကင်းပဲ။ ဒီလိုနေရာမျိုးက ငါတို့‌တွေ စိတ်ရင်းနဲ့စကားပြောကြဖို့ ပြီးပြည့်စုံတဲ့နေရာပဲ”

“ဘယ်လိုလဲ ကျိုစစ်၊ အခု သွားဖို့အဆင်သင့်ဖြစ်ပြီလား”

ချန်ကျဲ့ မပြောပေ။ သူ၏နောက်ရှိ ကျိုးချူမှ မျက်လုံးတစ်ဖက်မှိတ်ပြလျက် ပြောသည်။

“ကျိုစစ် မင်းအတွက် ခက်ခဲနေတယ်ဆိုရင်လည်း မသွားဖို့ရွေးချယ်လို့ရတယ်။ အစ်ကို၄လည်း နားလည်ပေးမယ်လို့ ထင်ပါတယ်”

ချန်ကျဲ့သည် ကျိုးချူကို တုံ့ဆိုင်းလျက် ကြည့်နေသည်။

ငါ့စိတ်ထဲမှာ ဘယ်လိုညစ်ပတ်တဲ့အတွေးမျိုးမှ ရှိမနေဘူးလေ။ ဘာလို့ မဝင်နိုင်ရမှာလဲ။ ပြီးတော့လည်း အထဲမှာ ဘယ်လိုပန်းတွေဝေဆာနေတဲ့ကမ္ဘာမျိုး ရှိနေမလဲဆိုတာ ငါသိချင်တယ်။

သို့သော် ကျိုးချူသည် အမှန်တကယ်ပင် ယီးဟုန်ဂေဟာထဲသို့ဝင်ရန် ကြောက်ရွံ့နေပုံရ၏။

ထိုသို့အတွေးဖြင့် ချန်ကျဲ့ ရယ်မောလျက် ပြောလိုက်သည်။

“ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော့်ရဲ့ အသိစိတ်က ရှင်းလင်းနေတာပဲလေ၊ ဒီလိုနေရာမျိုးတွေကို ကြောက်ရွံ့မနပါဘူး။ ပြီးတော့လည်း ဒီလိုယဉ်ကျေးသိမ်မွေ့တဲ့နေရာမျိုးက စူးစမ်းကြည့်ဖို့ ထိုက်တန်ပါတယ်”

ထိုသို့ပြောပြီးနောက် ချန်ကျဲ့ တန်းကွမ်းမင်ကို ကြည့်လိုက်သည်။

“အစ်ကို၄ အစ်ကို့အတွက် ငွေကုန်ကြေးကျများရပါပြီ”

“ညီအစ်ကိုတွေကြားမှာ ကုန်ကျစရိတ်တွေ ပြောမနေပါနဲ့။ ဒီနေ့တော့ ဒီအတွက်အချိန်ယူပြီး မမူးမချင်း အိမ်မပြန်ကြရအောင်။ ဟုတ်သား ညီငယ်၆၊ မင်းက အဲဒီလိုလုပ်လို့ အဆင်ပြေရဲ့လား”

“ကျွန်တော်လား။ ကျွန်တော်က ဘာများပြဿနာရှိနိုင်မှာလဲဗျာ”

“ကောင်းပြီ၊ ဒါဆိုလည်း ဒီပန်းလောကကြီးကို အပန်းဖြေလည်ပတ်ကြည့်ကြတာပေါ့”

သူတို့စကားအပြန်အလှန်ပြောဆိုနေကြစဉ် ရထားလုံး ရပ်သွား၏။ ထို့နောက် အပြင်ဘက်ရှိ လူတစ်ယောက်၏စကားသံကို ကြားလိုက်ရသည်။

“သခင်၄ ကျွန်တော်တို့ရောက်ပါပြီ”

တန်းကွမ်းမင်မှ ပြုံးလိုက်ပြီး ပြောသည်။

“သွားကြစို့”

ထိုသို့ပြောလျက် တန်းကွမ်းမင်သည် ချန်ကျဲ့နှင့် ကျိုးချူတို့၏ လက်ကိုဆွဲကိုင်၍ ရထားလုံးပေါ်မှ ဆင်းရန် ကူညီပေးသည်။

ကျိုးချူ၏မျက်နှာမှာ မှိုင်တွေသွားတော့၏။

ငါတကယ်ကြီး သွားနေပြီပဲ။

ဒီအကြောင်းကို ငါ့ဇနီးသည် ကျားမကြီး သိသွားလို့ကတော့ ငါတော့ ကောင်းကင်တက်လှမ်းရပြီပဲ!

ကျိုးချူမှာ ခြေသလုံးကြွက်သားများ တောင့်တင်းနာကျင်လာသောကြောင့် ဆက်လက်မတွေးရဲတော့ပေ။

ချန်ကျဲ့ ကျိုးချူကို တစ်ချက်ကြည့်၍ မေးလိုက်သည်။

“လောင်ကျိုး မင်းအဆင်ပြေရဲ့လား”

“ငါလား? ငါက ဘာပြဿနာရှိနိုင်မှာတဲ့လဲ။ ယီးဟုန်ဂေဟာလေးပဲကို၊ အထဲဝင်ကြစို့!”

ထိုအခါ တန်းကွမ်းမင်သည် အားရပါးရ ရယ်မောလေသည်။

“ညီငယ်၆က တကယ့်ကို လူတစ်မျိုးပဲ။ ယီးဟုန်ဂေဟာထဲ ဝင်တာကို အသက်ရင်းထားရသလို ပြုမူနေတော့တာပဲနော်”

ထို့နောက် တန်းကွမ်းမင်သည် အထဲဝင်သွား၏။ ချန်ကျဲ့နှင့် ကျိုးချူတို့လည်း နောက်မှ လိုက်သွားသည်။

ချန်ကျဲ့မှ ပြောသည်။

“လောင်ကျိုး ဟန်ဆောင်မနေနဲ့တော့။ မဟုတ်ရင် မင်းတကယ် ပြဿနာတက်လိမ့်မယ်”

“ချီးပဲ! ငါက ဘာပြဿနာတက်နိုင်မှာလဲ”

ကျိုးချူသည် ဘာကိုမျှ ဂရုမစိုက်တော့ရန် ဆုံးဖြတ်လိုက်ပုံရပြီး တန်းကွမ်းမင်နောက်သို့ လိုက်ဝင်သွားသည်။ ချန်ကျဲ့လည်း ပြုံးရယ်ရင်း ခေါင်းခါရမ်းမိရသည်။ ထို့နောက် သူလည်း လိုက်ဝင်သည်။ သို့သော် ထိုအချိန်၌ ရုတ်တရက် ဉာဏ်အလင်းပွင့်သည့်အလား ခေါင်းလှည့်၍ နေရာတစ်ခုသို့ ကြည့်မိသွားရ၏။

ထိုနေရာတွင် ဘယ်သူမှ ရှိမနေပေ။

ချန်ကျဲ့လည်း စိတ်ထဲထားမနေဘဲ ယီးဟုန်ဂေဟာအတွင်းသို့ ဝင်သွားလိုက်သည်။

ခုနက ချန်ကျဲ့ကြည့်လိုက်သည့်နေရာနှင့် မနီးမဝေးတွင် အနက်ရောင်ဝတ်စုံဖြင့် လူတစ်ယောက်သည် ယွီမိသားစု၏အိမ်‌‌ေတာ်ထိန်းကို ခြေင်္သေ့ကျောက်ရုပ်တုနောက်သို့ ဆွဲခေါ်ထား၍ မျက်လုံးတို့မှေးကျုံ့လျက် ပြောနေ၏။

“ဒီလူပဲ။ သတိကပ်ထား”

ယွီအိမ်တော်ထိန်းမှ ပြောသည်။

“သူ့နောက်လိုက်ဝင်သွားပြီး သူ မိန်းက‌လေးတွေကြောင့် အာရုံထွေပြားနေတုန်းမှာ ခေါ်ထုတ်သွားရအောင်”

ထိုစကားတွင် အမျိုးသားသည် တွေဝေသွားလျက် ယွီအိမ်‌ေတာ်ထိန်းကို ကြည့်နေသည်။

“ခင်ဗျားသေချင်နေရင်လည်း ကျုပ်ကိုတော့ ဆွဲမထည့်နဲ့။ ခင်ဗျားက ယီးဟုန်ဂေဟာမှာ လှုပ်ရှားရဲတယ်ပေါ့လေ”

ယွီအိမ်တော်ထိန်းမှ ပြောသည်။

“ဘာဖြစ်လဲ။ မှောင်ခိုဈေးက ကြောက်ရွံ့တဲ့အရာ ဘာများရှိသေးလို့လဲ”

အမျိုးသားမှ ပြောသည်။

“ဟက် မှောင်ခိုဈေးအကြောင်းကို မေ့ထားစမ်းပါ။ ယီးဟုန်ဂေဟာရဲ့ပိုင်ရှင်က ဘယ်သူလဲသိလား”

“ဘယ်သူလဲ”

အမျိုးသားမှ ပြောသည်။

“စီရင်စု ရာဇဝတ်တရားသူကြီးပဲ။ ခင်ဗျား ဒီနေရာမှာ လှုပ်ရှားရဲလို့ကတော့ မနက်ဖြန်ကျ ခင်ဗျားအိမ်ရှေ့မှာ ရဲမက်တွေ ဝန်းရံနေကြလိမ့်မယ်။ ခင်ဗျား သေချင်လို့လား”

ယွီအိမ်တော်ထိန်းသည် မျက်မှောင်ကြုတ်သွား၏။ အမျိုးသားမှ ဆက်ပြောသည်။

“ပြီးတော့ ယီးဟုန်ဂေဟာလို နေရာအကြီးကြီးက သူ့ရဲ့ကိုယ်ပိုင်အစောင့်အရှောက်အင်အား မရှိနိုင်ဘူးများ ထင်နေလား”

“ခင်ဗျားသိရဲ့လား။ ဒီနှစ်တွေအတွင်းမှာ ယီးဟုန်ဂေဟာမှာ ပြဿနာရှာရဲတဲ့သူမှန်သမျှ ဆိုးဆိုးရွားရွား အဆုံးသတ်သွားရတာချည်းပဲ။ သူတို့မှာ အမှောင်စွမ်းအင်အဆင့်သိုင်းပညာရှင်တွေရှိတယ်။ တစ်ယောက်ဆို သံမဏိအရိုးအဆင့်ပဲ!”

“ယီးဟုန်ဂေဟာက အဲဒီလောက်တောင် အင်အားကြီးမားတာလား”

ယွီအိမ်တော်ထိန်းသည် အံ့ဩသွား၏။ သူသည် ယီးဟုန်ဂေဟာကို များများစားစား မစုံစမ်းထားခဲ့ပေ။ မျန့်ရွှေစီရင်စု၏ ထိပ်တန်းရွှေတူးနေရာဟုသာ သိထားခဲ့၏။

ထိုစဉ် လုပ်ကြံသူအမျိုးသားမှ ပြောသည်။

“ခင်ဗျား ဘယ်လိုလုပ်ပြီး ဘာမှမသိရတာလဲ။ ဒီလိုမှန်းသာသိရင် ကျုပ် ခင်ဗျားကို ခေါ်မလာခဲ့ဘူး”

ယွီအိမ်တော်ထိန်းမှ အလျင်စလို ထပ်ပြော၏။

“ကျုပ် ပိုက်ဆံပိုပေးပါ့မယ်”

လုပ်ကြံသူအမျိုးသားမှ ပြန်ပြောသည်။

“ကျုပ် ပိုက်ဆံလိုနေတာကြောင့်သာ မဟုတ်ရင် ခင်ဗျားလို သရဲတစ္ဆေဆီက ဒီအလုပ်ကို လုံးဝ လက်မခံဘူးပဲ”

ခဏကြာပြီးနောက် အိမ်တော်ထိန်းမှ မေးမြန်းသည်။

“တကယ်ပဲ ယီးဟုန်ဂေဟာမှာ ဘယ်လိုသိုင်းပညာရှင်ကြီးတွေ ရှိနေတာလဲ”

ခဏမျှတွေးတောနေပြီးနောက် လုပ်ကြံသူမှ ပြောသည်။

“အစောင့်အရှောက်ကြီး၁၃ဦးနဲ့ ချောင်ဟုန်ယန်တို့ ဒီအဆောက်အဦထဲမှာ ရှိနေတယ်”

‌”ချောင်ဟုန်ယန်!”

အိမ်တော်ထိန်း၏မျက်လုံးများ ပြူးကျယ်သွား၏။

အစောင့်အရှောက်ကြီး၁၃ဦးသည် မျန့်ရွှေစီရင်စုတွင် အင်အားအကြီးမားဆုံး သိုင်းပညာရှင်ကြီးများ ဖြစ်ကြသည်။

ထိုလူများထဲတွင် နန်ပါးထျန်း၊ မြောက်ပိုင်း၏ လောင်လျို့နှင့် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ကြီးများဖြစ်သော: သူဖုန်းစား၊ ရဲမက်၊ ဆီကုန်သည်၊ တစ္ဆေလက်၊ စာပေပညာရှင်၊ မျက်နှာနီ၊ ပန်းပဲဆရာ၊ မျက်မမြင်ကံကြမ္မာဟောပြောသူ၊ တံငါသည်နှင့် လင်းယုန်သုံးဖော်၊ ကျားနှင့် ကျားသစ်တို့ ပါဝင်ကြသည်။

ထိုပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီတိုင်းသည် မျန့်ရွှေစီရင်စုတွင် အင်အားကြီးမားသူများ ဖြစ်ကြပြီး ချောင်ဟုန်ယန်ဟုအမည်ရသော မျက်နှာနီသည် ယီးဟုန်ဂေဟာတွင် အမြဲနေထိုင်သည်။

သူတို့၏ သရုပ်မှန်ကို မည်သူမျှ မသိကြသောကြောင့်သာ ထိုလူမှာ မည်သူမည်ဝါ‌ဖြစ်ကြောင်း မသိရခြင်းသာ ဖြစ်သည်။

သို့သော် သိုင်းလောကအတွင်း ပျံ့နှံ့နေသည့်ကောလာဟလများအရ ချောင်ဟုန်ယန်သည် ယီးဟုန်ဂေဟာ၏ အစောင့်အရှောက်ဟု ဆိုကြသည်။

ချောင်ဟုန်ယန် မရှိပါက ရာဇဝတ်တရားသူကြီးသည်လည်း ဤသို့ အကျိုးအမြတ်များသော နေရာကြီးတစ်ခု၏လုံ‌ခြုံရေးကို သေချာထိန်းသိမ်းထားနိုင်မည် မဟုတ်သည့်အပြင် သူသည် ၂၀ရာခိုင်နှုန်းကိုသာ ရယူ၏။ ခြုံငုံလိုက်သော် ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့တို့ နောက်ကွယ်တွင်ရှိနေကြပြီး သူတို့သည် ထို၂၀ရာခိုင်နှုန်းကို ကမ်းလှမ်းရန် ဆန္ဒရှိကြလိမ့်မည်။

သို့ဖြစ်ရာ အစောင့်အရှောက်ကြီး၁၃ဦးထဲမှတစ်ယောက်၏ ကျောထောက်နောက်ခံ မရှိဘဲနှင့် ယီးဟုန်ဂေဟာသည် ဤသို့ငြိမ်းချမ်းမှုကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

ချောင်ဟုန်ယန်သည် ယီးဟုန်ဂေဟာ၏ နောက်ကွယ်မှ ပိုင်ရှင်ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ချောင်ဟုန်ယန်၏ အမည်ရင်းနှင့် သရုပ်မှန်ကို မည်သူမျှ မသိကြပေ။ အစောင့်အရှောက်ကြီး၁၃ဦးထဲမှ အခြားသူများသာလျှင် ချောင်ဟုန်ယန်မှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြိုင်ဘက်ကင်းအလှလေးဖြစ်ကြောင်း ပြောဖူးကြပေသည်။

All Chapters