← Chapters

အခန်း (၂၆၁)

Vol. 19 Ch. 261

အခန်း (၂၆၁)

Vol. 19 Ch. 261

အပြင်မှာ ပိတ်ဆို့တားဆီးခံလိုက်ရသော ကျင့်ကြံသူများ မခံမရပ်နိုင်စွာဖြင့် မျက်နှာပြင်ကိုထိုးနှက်ရိုက်ခတ်သော် လှိုင်းတွန့်များပေါ်လာရုံကလွဲပြီး ဘာမှသက်ရောက်မှုမရှိပေ။ ရွေးချယ်ခံကျင့်ကြံသူများကို ကြည့်ရင်း ဝမ်းနည်းဒေါသထွက်စွာဖြင့် အံကြိတ်ချန်ရစ်နေခဲ့ရုံသာ တတ်နိုင်ရှာတော့၏။

"ထူးဆန်းတယ်၊ ဒီရွေးချယ်မှုရဲ့ စံနှုန်းက ဘာများလဲ?"

လီဝူကျယ် မျက်မှောင်ကြုတ်ကာ စဥ်းစားလိုက်သည်။ ကန့်သတ်တားဆီးခံရသူများထဲတွင် ကျင့်ကြံဆင့်ပေါင်းစုံပါဝင်နေသောကြောင့် သတ်မှတ်ချက်စံနှုန်းကို သူစဥ်းစားလို့မရနိုင်ခဲ့။

"ငါ သိပြီ၊ ဒါက အလားအလာကို ကြည့်တာပဲ!" ဟုန်ချန်ယဲ့က မျက်လုံးများကို မှေးမှိတ်စဥ်းစားပြီး အဓိကအချက်အား ထောက်ပြလိုက်သည်။

တချို့လူတွေက ကျင့်ကြံမှုအဆင့် မြင့်မားပေသည့် ဇွဲလုံ့လအစွမ်းကြောင့် ဤမျှအဆင့်မြင့်မြင့် တက်ရောက်နိုင်ခဲ့ခြင်းပင်။ တချို့လူတွေက အဆင့်နိမ့်ပေသည့် အဆင့်တက်ရောက်နိုင်ချေအလားအလာက မြင့်မားသောကြောင့်ဖြစ်သည်။

အစဥ်အလာအရ အချင်းချင်းတိုက်ခိုက်စေပြီးမှ ရွေးချယ်ခြင်းလည်းမဟုတ်သလို၊ လမ်းဖွင့်ရသည့်နည်းစနစ်မျိုးလည်း မပါဝင်ပေ။

"သွားကြစို့" ယဲ့ကျွင်းလင်သည်လည်း လေပြေလေညင်းလေးကဲ့သို့ လှစ်ခနဲထွက်ခွာသွားသည်။ သူတာဝန်ပြီးဆုံးဖို့ လိုအပ်သေးသည်ပင်။

ထို့နောက် အလင်းတိုင်ထဲသို့ ချက်ချင်းဝင်ရောက်သွားရ၏။

"ကောင်းတယ်၊ ပြဿနာမရှိဘူး"။

ယဲ့ကျွင်းလင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဟားဟား၊ ငါလည်း ဝင်နိုင်သွားပြီ!" လီဝူကျယ် အပျော်လွန်ပြီး တဟားဟားရယ်မောလိုက်သည်။

ဘေးမှာရှိသော ဟုန်ချန်ယဲ့က နှုတ်ခမ်းတစ်ချက်မဲ့ပြသည်။ ဘာကို ဂုဏ်ယူနေတာလဲ? ဒါက ပုံမှန် အောင်မြင်မှုလေးပဲ မဟုတ်ဘူးလား?

မင်းမှာ ဒီထဲဝင်ဖို့ အရည်အချင်းတောင် မရှိဘူးဆိုရင် တို့ဖူး တစ်တုံးလောက်ရှာပြီး ကိုယ့်ခေါင်းကိုယ်ထုသတ်လိုက်တာ ပိုကောင်းမယ်။

ရွှယ်ဝူဟန်မှာတော့ စိတ်အနည်းငယ်ဂနာမငြိမ်ဖြစ်ကာ အလင်းတိုင်ထဲ ဝင်ရောက်လိုက်နိုင်ပြီးမှ စိတ်သက်သာရာရသွားရ၏။

ဘာပဲဖြစ်ဖြစ် သူက အခုမှ မသေမျိုး ဖြစ်ထားတာလေ။ ဒီအချိန်မှာသာ အငြင်းပယ်ခံရမယ်ဆို စိတ်ဓာတ်ကျလို့ဆုံးမှာမဟုတ်တော့။

"ကျင့်ကြံသူချန်ပဲ ဝင်...ဝင်လိုက်ပါ၊ ကျုပ် အပြင်မှာပဲ စောင့်နေပါ့မယ်" အကြီးအကဲလျိုက ရှက်ကိုးရှက်ကန်းအမူအရာကိုဖုံးကွယ်ကာ အလေးအနက်ဟန်ဖြင့်ပြောလိုက်သည်။

ယွီဟွားဂိုဏ်း၏ ထိုထိပ်တန်းအကြီးအကဲမှာ အသက်ရလာသည်နှင့်အမျှ အလားအလာလည်း ကုန်ခန်းလုနီးပါးဖြစ်နေသည့်အတွက် ဝင်လို့ရတော့မည်မဟုတ်ကြောင်း သူ့ကိုယ်သူကောင်းကောင်းသိ၏။ ဝင်ဖို့ကြိုးစားပြီး အရှက်ရခံမည့်အစား နေရာမှာပဲထိုင်စောင့်လိုက်တာ ပိုကောင်းပေမည်။

ချန်ရှောင်းက မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုကို တစ်ချက်ငဲ့ကြည့်လိုက်ပြီး တစ်ခွန်းပင်မတုံ့ပြန်ဘဲ ထွက်သွားလိုက်သည်။

ထွက်ခွာသွားတဲ့ အရှိန်က အရမ်းမြန်တယ်၊ အရမ်းလည်းပြင်းထန်တယ်၊ နည်းနည်းမှ တွေဝေမှု မပါရှိဘူး!

မျက်လုံးများတွင် ဒေါသမီးတောက်များကို မြင်နိုင်ပြီး မိမိအတွက် အတားအဆီးမရှိ‌နိုင်ကြောင်း ယုံကြည်မှုကိုလည်း အပြင်းအထန်ဖော်ပြနေသည်။

ဝှစ် ~

အနည်းငယ်မျှပင် အတားအဆီး မရှိပါဘဲ။

အလင်းတိုင်ထဲမှာ ချန်ရှောင်း အံတင်းတင်းကြိတ်လျက် အသက်ကို ပြင်းပြင်းရှူနေရသည်။

ရွှယ်ဝူဟန် မသေမျိုးအဖြစ် တက်လှမ်းသွားသောမြင်ကွင်းက သူ့ဒေါသကိုမနားမနေ လှုံ့ဆော်ပေးနေသောကြောင့် ယခုချက်ချင်းပင် မသေမျိုးကျွန်း၏အရှင်သခင် ဖြစ်လာချင်ပြီး အဆင့်ကိုလည်း တတ်နိုင်သမျှမြန်မြန် ခုန်ပျံကျော်လွှားပစ်ချင်လှ၏။

ရှဲ ရှဲ ရှဲ ရှဲ ~~!!

ထို့နောက် အလင်းတိုင်များက အရွေးချယ်ခံပြိုင်ပွဲဝင်များကို နေရာလွှဲပြောင်းပို့‌ဆောင်ဖို့ စတင်လိုက်သည်။

စောင့်ကြိုနေသည်ကတော့ မကြုံစဖူး ထူးခြားဆန်းသစ်သည့် စမ်းသပ်မှုများပင်။

***

ရွှယ်ထျန်းဂိုဏ်း။

"စတုတ္ထဆရာတူမောင်လေး၊ ကြည့်ပါဦး၊ ဆရာသခင်ဝင်သွားပြီထင်တယ်" မြူခိုးတောင်ထိပ်ပေါ်မှ ဂါဝန်ပြာလေးဝတ်ထားသော ဆံဖြူကောင်မလေးတစ်ဦးက အဝေးသို့လက်ညှိုးညွှန်ပြလျက် ကလေးဆန်ဆန် ကြည်လင်သောအသံလေးဖြင့် စကားဆိုလိုက်သည်။

ယဲ့ကျွင်းလင်က ပုရှောင်ရှီးကို လိုက်ခွင့်မပေးဘဲ တောင်ပေါ်မှာ အိမ်စောင့်ထားခဲ့သည်ပင်။

"ဟုတ်ပါ့၊ ပျော်ပျော်ကြီးဆင်နွှဲခဲ့ဖို့ မျှော်လင့်ပါတယ်"

ပန်းကန်လုံးဆံပင်ဖြင့်ကောင်လေးက ခေါင်းညိတ်ထောက်ခံလိုက်သည်။ စမ်းသပ်ပွဲတွင် လူအများကြီး စုဝေးရောက်ရှိနေမည် ဆိုကတည်းက သူ့တစ်ကိုယ်လုံး မသက်မသာဖြစ်လျက် မသွားချင်တော့တာပင်။

နောက်တစ်နေရာတွင်။

အထင်ကြီးစရာကောင်းပြီး လျှို့ဝှက်ဆန်းကြယ်လှသော မသေမျိုးကျွန်းကို ရှုစားနေကြသည် လူတစ်စုအား တောင်ပေါ်တွင်တွေ့ရှိရမည်ဖြစ်သည်။

"အားလုံးပဲ၊ ကျွန်တော်သာ စမ်းသပ်ပွဲမှာပါဝင်မယ်ဆိုရင် မသေမျိုးကျွန်းသခင်အဖြစ် သေချာပေါက်တက်ရောက်နိုင်ပြီး မသေမျိုးလောကရဲ့ ထိပ်ဆုံးတစ်နေရာကို အရယူနိုင်မှာ သေချာပါတယ်" အစိမ်း‌ရောင်ဝတ်ရုံဖြင့် ခေါင်းစည်းအနက်ကို တလွင့်လွင့်စည်းနှောင်ထားသော လေလွင့်ဓားသမားဟန်ပန်ဖြင့် ဓားဝှက်တောင်ထိပ်သခင်က ဓားကိုပိုက်လျက် လေးနက်စွာပြောကြားလာသည်။

ရှယိုနျန်က ခပ်ညည်းညည်းပြန်ပြောလာ၏။ "ဒီတိုင်း အိမ်သာစောင့်နေစမ်းပါကွာ"

"မှန်တယ်၊ မောင်လေးယဲ့ပါဝင်နေတာပဲ၊ နင့်မှာ ဘာအခွင့်အရေးရှိဦးမှာလဲ?" ကောင်းကင်ရနံ့တောင်ထိပ်သခင်မက မျက်ဆံလှန်လျက် စိတ်ပျက်လက်ပျက်ပြောလာသည်။

"ဒီစကားက အဓိပ္ပာယ်ရှိတယ်" အခြားတောင်ထိပ်သခင်များကလည်း အပြည့်အဝ ထောက်ခံလာကြ၏။

ဓားဝှက်တောင်ထိပ်သခင် စိတ်ဆိုးမာန်ဆိုးဖြင့် နှုတ်ခမ်းတစ်ချက်မဲ့လျက် ခေါင်းကိုချာခနဲလှည့်လိုက်သည်။

ဘာဖြစ်နေကြတာလဲ? လူတိုင်းက ဆရာတူညီလေးယဲ့ဘက်မှာချည်းပဲ။ ဒီတိုင်းဆို ငါတို့ကြားက ချစ်စရာညီအစ်ကိုဆက်ဆံရေးလေး ပျက်စီးသွားတော့မှာပေါ့။

All Chapters