ကြံ့ကြံ့ခံပြီး တိုက်ခိုက်ကြ..
Vol. 34 Ch. 496
“ဒီနေ့ မြို့ရဲ့ ငြိမ်းချမ်းပြီး..သာယာလှပတဲ့ နေရာတစ်ခုမှာ ဆိုးဝါးတဲ့ ကပ်ဆိုတစ်ခု ဖြစ်ပွားခါနီး အခြေအနေကို ရောက်ရှိခဲ့တယ်..။ဒါက တစ်ခြားနေ့တွေလိုပဲ..အနီးအနားမှာ ရုတ်တရက်ဂိတ်ပေါက်တစ်ခု ပွင့်တော့မယ် ဆိုတာကို ရုတ်တရက် အချက်ပေးလာခဲ့တာလေ ..
ရွေးပြောင်းဖို့အတွက် အချိန်မရတော့တာကြောင့် လူတွေ အများကြီးက သေကြေကြတော့မှာ..။ဒါပေမဲ့ အဲ့အချိန်မှာပဲ..အရဲရင့်ဆုံးနိုးထသူ တစ်ယောက်က သူ့ကိုယ်သူ..အိပ်မက်ဆိုးသားရဲအုပ်ကြီးတွေ ထွက်လာမယ့် လမ်းကြောင်းတည့်တည့်မှာ စတေးပြီး..တစ်ယောက်တည်း တားဆီးပေးထားခဲ့တယ်..။သူက အစိုးရအဖွဲ့တွေ မရောက်လာခင် အချိန်အထိ လုံးဝ လက်မလျော့ ခဲ့ဘူး..
ပြီးတဲ့နောက်မှာ ဒီ သူရဲကောင်းက ဘာဆုလာဒ်ကိုမှ မယူပဲ ပျောက်ကွယ်သွားခဲ့တယ်။သူက သူ့ရဲ့ နာမည်ကိုတောင် ချန်မထားခဲ့ပဲ..များပြားလှတဲ့ မွန်းစတားတွေကို သတ်ဖြတ်ပြီး..လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ခဲ့တာလေ..။ဒီလို ရဲရင့်ပြီး..ရိုးသားဖြောင့်မတ်တဲ့..ကယ်တင်ရှင်က ဘယ်သူဖြစ်မလဲ..။သူ ဘယ်ကနေ လာတာလဲ..။သူ့ရဲ့ နောက်ခံအမှန်က ဘာလဲ..။ကောင်းပြီလေ..တစ်ချို့ ဖတ်ရူသူတွေကတော့..သူတို့ အိပ်မက်ရူခင်း ရဲ့ အကျော်အမော်…ခွေးသား အဖြစ် မှတ်မိကြပါလိမ့်မယ်..”
ဆန်နီဟာ ရေတွေ တစက်စက် ကျနေဆဲဖြစ်တဲ့ ဆက်သွယ်ရေးစက်ကို နက်မှောင် တဲ့ အမူအရာနဲ့ ကြည့်နေခဲံတယ်..။
‘တရားဝင် သတင်းစာ တစ်ခု…ဒါက သောက်ကျိုးနဲ့ ခေါင်းစဉ်ပါလား…ကျပမ်းအတွေးအခေါ်နဲ့တောင် မဟုတ်တော့ဘူး..’
အစတုန်းကတော့..ဆန်နိက အိပ်မက်ရူခင်း နဲ့ တိုက်ခိုက်ရေးတွေ ကို စိတ်ဝင်စားတဲ့ လူတွေ ကြားထဲမှာလောက်ပဲ..ကျော်ကြားမူ ရှိနေခဲ့တာပါ..။ပြိုင်ကွဲကွင်းပြင်ပေါ်က သူ့ရဲ့ စွမ်းဆောင်ရည်တွေက ပရိတ်သတ်တွေ အများကြီး ဆီကို ရောက်တယ် ဆိုပေမယ့်လည်း..ဒါကို မြင်တဲ့လူအများစုက ခွေးသား ကို သိပ်ပြီး အာရုံအစိုက်ခဲ့ကြပါဘူး..။ဒါကတော့..ဒီလူတွေက သူ့ရဲံ အောင်မြင်မူတွေကို မသိကြလို့ပါ..။
သို့ပေမယ့် ဒီတစ်ခုကတော့ ကွာခြားပါတယ်..။လူတိုင်းက ဂိတ်ပေါက်နဲ့ ဆက်နွယ်နေကြတာ ကြောင့်..ဒါက ဘယ်လောက် တောင်ဆိုးဝါးတဲ့ ကပ်ဆိုးတစ်ခု ဖြစ်ပေါ်လာနိုင်လဲ ဆိုတာကို သိထားကြပါတယ်..။ဒီတော့..ခွေးသား နဲ့ ဆက်စပ်ပြီး အသစ်ထွက်ပေါ်လာတဲ့ ဗီဒီယိုက..သူ့ရဲံ လုပ်ရပ်တွေက ဘယ်လောက်တောင် အံ့ဩပြီး ထူးခြားလဲဆိုတာကို လူတိုင်းသိစေခဲ့တယ်..။
မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော် ၊ ဝိဉာဉ်မြွေ နဲ့ ဝီဗာမျက်နှာဖုံးတို့ ပေါင်းစပ်ထားတဲ့ အချိန်မှာတော့ …သူ့ရဲ့ ပုံစံက ကြည့်ရတာ သိသာထင်ရှားပြီး ကြောက်ဖို့ကောင်းနေခဲ့တယ်..။ဆန်းကျယ်စွာပဲ…အစိုးရက..နောက်ကျတဲ့ အချက်ပေးမူ ပြုလုပ်ခဲ့တာတောင် ဘယ်သူ တစ်ဦးတစ်ယောက်မှ မသေဆုံးခဲ့ပါဘူး..။ဆန်နီက သူ့ကိုယ်သူ ပြသနာတွေ ကြားထဲရောက်နေသလို ခံစားလိုက်ရပါတယ်..။
ရုတ်တရက် သူ့ကိုယ်သူ အရိပ်နှစ်ခု နဲ့ မရစ်ပတ်မိခဲ့တဲ့ အတွက် အတော်လေးကို ဝမ်းသာနေခဲ့မိတယ်..။အနည်းဆုံးတော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေက..လူသားတွေ ဒါမှမဟုတ် နိုးထသူ တွေထက် အတော်လေးကို ကျော်လွန်တဲ့ အနေအထားမှာ ရှိမနေတော့ပါဘူး..။
နောက်ထပ်သတင်းကောင်းတစ်ခုကတော့..ကျေးဇူးတင်စွာပဲ..သူတော်စင်ကို ရိုက်ကူးမိထားတာ တစ်ခုမှ မရှိခဲ့ပေ..။ကျောင်းမှာ ရှိနေတဲ့ ကင်မရာတွေ အားလုံးက ပျက်စီးနေခဲ့တာကြောင့်..လူတွေက သူမရဲ့ ပြုမူလှုပ်ရှားမူတွေကို မှတ်ဉာဏ်ထဲမှာသာ မှတ်မိနေကြပါတယ်..။
…သူမရဲ့ အကာအကွယ်က …သူဝတ်တဲ့ မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော် နဲ့ ဆင်တူနေခဲ့ပြန်တာကြောင့် ဒါကလည်း ပြသနာရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ..။ကောလဟာလတွေရဲ့ သဘောသဘာဝက အမြဲတမ်း အမှန်တရားထက် ပိုတတ်တာကြောင့်..မကြာခင်မှာပဲ..လူတွေအများကြီးက ခွေးသား ဟာ ကျောင်းက ကလေးတွေကို ကိုယ်တိုင်ကာကွယ်ခဲ့သေးးတယ် ဆိုပြီး ယူဆခဲ့ကြပြန်ပါတယ်..။
ပြီးတဲ့ နောက်မှာတော့…ခွေးသား ဆိုတာ အမျိုးသမီး တစ်ယောက်ဖြစ်တယ် ဆိုတဲ့ ယူဆမူ တစ်ခု ဆီကို ဦးတည်သွားခဲ့ကြတယ်..။
ဆန်နီ ပင်ပန်းစွာပဲ..သူ့ရဲ့ မျက်နှာကို လက်တစ်ဖက်နဲ့ ပွတ်လိုက်ပါတယ်..။
သို့ပေမယ့် သူ အကြောက်ရဆုံး အရာကတော့ အခုချိန်အထိ ဖြစ်ပေါ်မလာခဲ့သေးပါဘူး..။သူ အရိပ်ခြေလှမ်းကို အသုံးပြုနေတာကို ရိုက်ကူးထားခဲ့မိပေမယ့်..ဘယ်သူကမှ ဝေဝါးနေတဲ့ ပုံရိပ်က သူဖြစ်တယ် ဆိုတာကို မဆက်စပ်မိကြပေ..။ဘယ်သူကမှ ခွေးသား နဲ့ သူ့ကို ဆက်စပ် မတွေးမိကြပါဘူး..။
ဒါကလည်း အလင်းနဲ့ အမှောင်ရဲ့ သံစဉ်ဇာတ်လမ်းထဲမှာ ဆန်နီကို ရယ်စရာ ဇာတ်ကောင်အဖြစ် ထည့်သွင်းထားလို့ ဖြစ် နိုင်ပါတယ်..။ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ပေါတောတော နောက်လိုက်က..အမှန်တကယ် သေစေနိုင်တဲ့ ဓားသမား တစ်ယောက်ဖြစ်တယ်ဆိုတာကို ဘယ်သူမှ မတွေးတောခဲ့ကြပေ..။
အဲဒီအစား..များပြားလှတဲ့ ဆွေးနွေးမူတွေသာ ထွက်ပေါ်နေခဲ့ပါတယ်..။
ခွေးသား ရှာဖွေသူ - “ ခွေးသားရဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး အချက်အလက် အသစ်ရခဲ့ပြီ..။အစကတော့..ငါတို့အားလုံးကသူ့ရဲ့ စွမ်းရည်က ခန္တာကိုယ် ခွန်အားနဲ့ ပတ်သက်တယ်လို့ သုံးသပ်ခဲ့ကြတာလေ..။ဒါပေမယ့် ငါတို့အားလုံး မှားသွားပြီ..။အသစ်ထွက်လာတဲ့ ဗီဒီယိုမှာ သူ့ရဲ့ စွမ်းရည်က နေရာရွေ့ပြောင်းမူ ဖြစ်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်..”
ပြိုင်ပွဲဝိဉာဉ် - “ ဒါက ဘာကိုဆိုလိုတာလဲ ဆိုတာကို မင်းသိလား..။ဒါက သူ အိပ်မက်ရူခင်းမှာ ပြိုင်တုန်းက သူ့ရဲ့စွမ်းရည်ကို တောင်..ထုတ်မသုံးခဲ့ဘူးလို့ ဆိုလိုတာပဲ..။ဒါက အားလုံး စစ်မှန်တဲ့ ကျွမ်းကျင်မူတွေ ချည်းပဲ..။ရူးသွပ်ဖို့ကောင်းတယ်..”
အမည်မသိ အသုံးပြုသူ “ မင်းဆိုလိုတာ..သူမရဲ့ စွမ်းရည် လား “
ခွေးသား ရှာဖွေသူ..” ပြောထားလိုက်မယ်..။အရှင်ခွေးသားက မိန်းကလေး မဟုတ်ဘူး..”
အမည်မသိ အသုံးပြူသူ..” မင်းဆိုလိုတာက လေဒီ ခွေးသား ကိုလား..”
ပြိုင်ပွဲ ဝိဉာဉ် - “ ငါ ခွေးသား ရဲ့ သားကို မန်းရှင်းခေါ်လိုက်မယ်..။သူကတော့ သူ့အဖေ ဘယ်သူလဲ ဆိုတာကို သိမှာပဲ..”
အမည်မသိ အသုံးပြုသူ..” မင်းက သူ့ အမေ လို့ ပြောချင်တာလား..”
ဆန်နီ ဒေါသတကြီး သက်ပြင်းချလိုက်တယ်..။
“ကောင်းပြီလေ..အနည်းဆုံးတော့ ဘယ်သူမှ ငါ့ကို မပြောကြဘူး..။တကယ်လို့ တွေးကြည့်မယ် ဆိုရင် ခွေးသားကို မိန်းကလေး လို့ လူတွေအများကြီးက တွေးကြလေလေ ပိုကောင်းလေပဲ..။ဟုတ်တယ်…ဒါကကောင်းတယ်..။မဟုတ်ဘူး..အတည်ပြောတာ…ဒါက ကောင်းပါတယ်…။အကုန်လုံး ချီးပဲ…”
ပြီးတော့ ဒါပေါ့..သူ ပြောခဲ့တဲ့ အလိမ်အညာ စကားတွေ အားလုံးနဲ့ ပတ်သက်ပြီးလဲ နက်နဲတဲ့ အဓိပ္ပာယ်တွေ ဖွင့်ဆိုကြပြီး..အဓိပ္ပာယ်တွေ ဖွင့်ဆိုနေကြပါသေးတယ်..။
ဒါက..” ငါက ဒီတိုင်းလူသား တစ်ယောက်ပဲ..။ခွေးသားက ငါတို့အတွက် အမှန်တရားကိုပဲ သတိပေးသွားခဲ့တာ..။သာမန်လူတွေ..ဒါမှမဟုတ် နိုးထသူ တွေ ဆိုတာမျိုး မရှိကြဘူး..။လူသားတွေ နဲ့ အိပ်မက်ဆိုး သားရဲတွေပဲ ရှိကြတယ်..။အခိုက်အတန့် မတိုင်ခင် အချိန်မှာ လူတိုင်းက အတူတူပဲ ဆိုတာကို သူက သတိပေးနေခဲ့တာလေ..”
ဒါမှမဟုတ် - “သူတို့ကို သွေးထွက်အောင် လုပ်ကြ..။ဝိုး..ငါ့မှာ စကားလုံးတောင် မရှိတော့ဘူး..။အရမ်း မိုက်တယ်..တစ်စုံတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်အထိ မိမိုက်နေရတာလဲ..။နောက်ဆုံးမှာတော့..ငါတို့လုပ်နိုင်တဲ့ အရာက ဒါပဲရှိတယ်လေ..။လူသားတွေရဲ့ သွေးစက် တစ်စက်ကျတိုင်းမှာ..အိပ်မက်ဆိုးသားရဲတွေရဲ့ သွေးချောင်းတွေနဲ့ ပြန်ပေးဆပ်စေရမယ်..”
သို့ပေမယ့် အများစုကတော့..ပြီးဆုံးကာနီးမှာ..နိုးထသူ ခြောက်ယောက်ကို သူပေးခဲ့တဲ့ အတုံးအဆုံး အကြံဉာဏ်တစ်ခုပါ..။
“ကြံ့ကြံ့ခံပြီး တိုက်ခိုက်ကြ….ငါ ဒီစကားကို ကြားပြီး တစ်ကိုယ်လုံးတောင် ကြက်သီးမွှေးညှင်းထသွားခဲ့တယ်..။ဒီလို ရိုးရှင်းပေမယ့် အဓိပ္ပာယ်တွေ ပြည့်ဝနေတဲ့ စကားတစ်ခွန်း..။အရှင်ခွေးသား က…တကယ်ကို စစ်မှန်တဲ့ နိုးထသူ တစ်ယောက်ပဲ..”
သူ ကြည့်လိုက်တဲ့ နေရာတိုင်းမှာ ဒီစကား သုံးခွန်းကပဲ နေရာ ယူထားခဲ့ပါတယ်…။လူတွေအများကြီးက ဒါကို ပြန်ပြောတာ..ချီးမြှောက်တာ ..သူတို့ရဲ့ ဘိုင်အို စာသား မှာ ရေးထည့်တာတွေကို လုပ်နေခဲ့ကြတယ်..။ဆန်နီကတော့ သွေးအန်ချင်နေခဲ့ပါပြီ..။
‘ဘာတွေ ဖြစ်နေကြတာလဲ..’
လူတွေအများကြီးက ဗီဒီယိုကို ကြည့်ပြီး ဆွေးနွေးလာခဲ့တဲ့ အချိန်မှာတော့ အမှန်တရားက ပိုပိုပြီး မရှင်းမလင်းတွေ ဖြစ်လာခဲ့ကြတယ်..။မကြာခင်မှာပဲ..လူတိုင်းက..ဂိတ်ပေါက်ကို ဆန်နီ တစ်ယောက်တည်းနဲ့ တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး ဆိုတဲ့အချက်ကို မေ့ပျောက်သွားခဲ့ကြပါပြီ..။
ဘယ်သူကမှ သူ့ကို ကယ်တယ်ပြီး..အစောင့်အကြပ်ကို တိုက်ခိုက်ခဲ့ရတဲ့ မာစတာ ဂျက် အကြောင်းကို ထည့်မပြောကြပေ..။နောက်ဆုံးမှာ သူမက..တစ်ခြား မာစတာ အဖွဲ့သားတွေ ရဲ့ အကူအညီ မပါဝင်ပဲ..ကျရှုံးမူအဆင့် တိုင်းရန့် ကို အနိုင်တိုက်ခဲ့တာပါ..။သူ့ကို ကူညီခဲ့တဲ့ နိုးထသူ ခြောက်ယောက် နဲ့ နောက်ပိုင်းအခြေအနေကို ကိုင်တွယ်ခဲ့တဲ့ အစိုးရအဖွဲ့တွေကတော့ ပြောနေစရာတောင် မလိုတော့ပါဘူး..။သူက သူတို့တွေ ရောက်လာခဲ့တဲ့ အချိန်အထိပဲ နေနေခဲ့တာပါ..။
အားလုံးက ခွေးသား နဲ သူ့ရဲ့ သတ္တိ ၊ ကိုယ်ကျိုးစွန့်မူ ၊ အိပ်မက်ဆိုးသားရဲ အုပ်ကြီးကို သူရဲကောင်းဆန်ဆန် တိုက်ခိုက်ခဲ့မူ တွေကိုသာ ပြောနေခဲ့ကြပါတယ်..။ဒီအခြေအနေမှာ သူက အကြောက်အလန့်ကင်းတဲ့..သတ်ဖြတ်ခြင်း နတ်ဘုရားငယ်တစ်ပါး တောင် ဖြစ်နေခဲ့ပါပြီ..။
‘ ဒီလူတွေကို ကြည့်ရတာ..ဘယ်သူကမှ အမှန်တရားကို ဂရုမစိုက်ကြသလိုပါပဲ..’
ဆန်နီ ဆက်သွယ်ရေးစက်ကို ..အဝတ်ပုံဆီကို ပစ်တင်လိုက်ပြီး စိတ်ပျက်စွာပဲ မျက်လုံးတွေကို မှိတ်ထားလိုက်တယ်..။
..ဒါက အတော်လေးကို ထူးဆန်းတဲ့ ခံစားချက်တစ်ခုပါ..။ကံတရားရဲ့ လှည့်စားမူက သူ့အပေါ်မှာ နည်းနည်းလေးတောင် အလျော့မပေးပါဘူး..။
‘ချီးပဲ..တစ်နေ့မှာ ငါက အမှန်တရားအတိုင်း မဖြစ်လို့ ပူဆွေးနေရမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ..။ငါ နဲ့ ဒီလူတွေ အားလုံး…။ဒါက ဘယ်လို အခြေအနေမျိုးလဲ..’
အမှန်ပါပဲ..။ဆန်နီကို အမှန်တရားအပေါ် ဂရုစိုက်မိအောင် ပြလုပ်ဖို့ ဆိုတာက လွယ်ကူတဲ့ အရာမဟုတ်ပါဘူး..။
ဒါက အဲလောက်အထိတော့ မရိုးရှင်းပေ..။
အပိုင်း ( ၄၉၆ ) ပြီး၏။