အရိပ်တွေရဲ့ တိုက်ပွဲ…
Vol. 34 Ch. 508
ကတ်..က လျင်မြန်တဲ့ အရှိန်နဲ့ ရွေ့လျားလာခဲ့ပြီး တိုက်ပွဲစင်မြင့်နေရာကနေ..မာစတာဂျက်နဲ့ ဆန်နီတို့ ရှိနေတဲ့ ပွဲကြည့်စင်ရဲ့ ပထမတန်းနေရာကို စက္ကန့်ပိုင်း အတွင်းနဲ့တင် ရောက်ရှိလာခဲ့ပါတယ်..။
သူလှုပ်ရှားတဲ့ ပုံစံကို ကြည့်လိုက်ရုံနဲ့တင်..သူ့ရဲ့ ဝိဉာဉ်အမြုတေက..အစောကြီးကတည်းက ပြည့်နေခဲ့ပြီဆိုတာ သိသာနေခဲ့တယ်..။သူက တကယ်ကို သန်မာတဲ့ နိုးထသူ တစ်ယောက်ပါ။
..အဲ့အချိန်မှာတော့..ဘယ်သူမှ မှတ်သားမူတစ်ခုကို ဖော်ထုတ်ဖို့အတွက် အချိန်မလုံလောက်ခဲ့ပေ..။
မာစတာ ဂျက် ရဲ့ လက်ဝန်းကျင်မှာတော့..အဖြူရောင် အလင်းစက်လေးတွေ ဝန်းရံနေခဲ့ပြီး..ဓားတစ်ချောင်း ဖြစ်တည်လာဖို့အတွက် ပုံဖော်နေဆဲပါပဲ..။သို့ပေမယ့်..ကတ် ကတော့ သူမရဲ့ အပေါ်ကို ရောက်နေခဲ့ပါပြီ..။ကတ်ရဲ့ လက်တစ်ဖက်က ရှေ့ကို တိုးဝင်လာခဲ့ပြီး..အလင်းမရှိတဲ့ သတ္တုကနေ ထုလုပ်ထားတဲ့ ဓားတစ်ချောင်းက ဘယ်ကမှန်းမသိပဲ သူ့လက်ထဲမှာ ပေါ်လာခဲ့ပါတယ်..။
ဒီလို ရုတ်တရက်ပေါ်ထွက်လာမူက..မှော်ပညာ တွေ ..မျက်လှည့်တွေနဲ့ သက်ဆိုင်ခြင်း မရှိခဲ့ပေ..။ဒီဓားက သူ့ရဲ့ အက်ျီလက်ထဲမှာ အစောကတည်းက..ဝှက်ထားခဲ့တာပါ..။
ဒါပေါ့..မာစတာ ဂျက်က သူ့ထက် ပိုပြီး မြန်ပါတယ်…။ဒီဓားချက်က သူမရဲ့ အသားတွေကို လာပြီး မထိုးဖောက်ခင်မှာပဲ..ကာကွယ်ထားလိုက်တယ်..။သို့ပေမယ့် နောက်ဆုံးအချိန်လေးမှာပဲ..ကတ်က သူ့ရဲ့ လက်ကောက်ဝက်ကို လှည့်လိုက်ပြီး..ဓားရဲ့လက်ကိုင်ကို လွတ်ကာ..သူမကို ဖြတ်သန်းပြီး ပျံသန်းသွားစေခဲ့လိုက်တယ်..။
…အဲတာက ဆန်နီ ဆီကို ဦးတည်နေခဲ့တာပါ..။
သူ တုန့်ပြန်ဖို့အတွက် အချိန်အနည်းငယ်လောက်သာ မှီခဲ့တယ်..။
ရက်စက်သောမြင်ကွင်းက အခုချိန်အထိ ပေါ်ထွက်လာနေဆဲပါပဲ..။ဒီတော့..ဆန်နီက သူ့ရဲ့ တစ်ခြားလက်တစ်ဖက်ကိုသာ အသုံးပြုပြီး ဒီဓားကို ပုတ်ထုတ်ဖို့ လုပ်လိုက်ပါတယ်..။သို့ပေမယ့် ဒါက လမ်းကြောင်းပြောင်းသွားခဲ့တယ်..။
‘မဟုတ်ဘူး..မှားနေပြီ..’
စက္ကန့်အနည်းငယ်လောက် နောက်ကျပြီးကာမှ ဒီဓားက သူ့ဆီကို ဦးတည်ပြီး လာနေတာ မဟုတ်ဘူးဆိုတာကို ဆန်နီ နားလည်သွားခဲ့တယ်..။
ဒါက သူ့ရဲ့ အရိပ်ဆီကို ချိန်ရွယ်ပြီး ပစ်လွတ်လိုက်တာပါ..။
သူ့ရဲ့ အဖိုးတန်တဲ့ အချိန်လေးအတွင်းမှာ..ရန်သူရဲ့ ရည်ရွယ်ချက်ကို မှားယွင်း တွက်ချက်ပြီး လုပ်ဆောင်မိခဲ့တာကြောင့်..အခုချိန်မှ အရိပ်ကို မထိမှန်အောင် သူ့ရဲ့ ခန္တာကိုယ်ကို လှုပ်ရှားဖို့ ဆိုတာက နောက်ကျသွားခဲ့ပါပြီ..။
ကံကောင်းချင်တော့..ဆန်နီရဲ့ အရိပ်က သူ့ဟာသူ လှုပ်ရှားနိုင်စွမ်းရှိပါတယ်..။
ဒါက သူ့ဟာသူ လှုပ်ရှားလာခဲ့ပြီး လွတ်ရာကို ရှောင်တိမ်းသွားခဲ့တယ်..။ဓားကတော့..ကြမ်းပြင်ပေါ်ကို စိုက်ဝင်သွားပြီး သစ်သားကြမ်းပြင်ကို ကြီးမားတဲ့ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာစေခဲ့ပါတယ်..။
ဆန်နီ တုန်လှုပ်သွားခဲ့ပါပြီ..။
‘ဒါက ဘာလဲ..’
တစ်ခြားနိုးထသူ တစ်ယောက်ယောက်သာ ဆိုရင် ဒီလို လှည့်စားထားတဲ့ တိုက်ခိုက်မူ အောက်မှာတင် အသက်ပျောက်နေလောက်ပါပြီ..။သို့ပေမယ့် ကတ် ကံဆိုးသွားတဲ့ အချက်က..သူဟာ..အရိပ်တွေအကြောင်းကို ကောင်းစွာသိရှိထားတဲ့ ရန်သူတစ်ယော်ကနဲ့ တွေ့နေရတာပါပဲ..။
ခြေလှမ်းအနည်းငယ် အကွာမှာတော့..မာစတာဂျက်က သူမရဲ့ ခုခံကာကွယ်ထားတဲ့ အနေအထားကို တိုက်ခိုက်မူ အသွင် ပြောင်းလဲနိုင်လိုက်ပါပြီ..။သူမရဲ့ လက်သီးက..အရမ်းကိုလျှင်မြန်တဲ့ အရှိန်နဲ့ လေထုကို ဖောက်ထွက်ကာ ရှေ့ကို ရောက်သွားခဲ့တယ်..။ဒါက မြေအောက် တိုက်ခိုက်ရေးနေရာမှာ သေးငယ်တဲ့ လေလှိုင်းတစ်ခုတောင် ဖြစ်ပေါ်လာခဲ့ပါတယ်..။
သို့ပေမယ့်..ကတ်က အစောကတည်းက နေရာမှာ မရှိတော့ပါဘူး..။သူက ဓားကို ပစ်ပြီးသွားတာနဲ့..သူ့ရဲ့ ခန္တာကိုယ်ကို အဆီအနှစ်တွေ လှည့်ပတ်လိုက်ပြီး နောက်ကို ပြန်ဆုတ်သွားခဲံတယ်..။ပြီးတဲ့နောက်မှာ ထိုင်ခုံတွေကို အားပြုတဲ့ အရှိန်ကို အသုံးပြုပြီး မီတာ အနည်းငယ် အကွာမှာ ပြန်ပေါ်လာခဲ့ပါတယ်..။သူ့ခြေထောက်က မြေပြင်ကို ထိတွေ့လိုက်တာနဲ့..သူက နောက်တစ်ကြိမ်ရွေ့လျားသွားခဲ့ပြီး..ဘေးဘက်ဆီကို ထွက်ပြေးသွားခဲ့တယ်..။
တစ်ချိန်တည်းမှာပဲ..နောက်ထပ်ဓားပျံအချို့က..မာစတာဂျက်နဲ့ ဆန်နီ ဆီကို လျင်မြန်တဲ့ အရှိန်နဲ့ ပျံသန်းလာခဲ့ကြပါတယ်..။ဓားတွေရဲ့ ရည်ရွယ်ချက်က သူတို့ကို သတ်ဖို့ ဒါမှမဟုတ် ဒဏ်ရာရစေဖို့ မဟုတ်ပါဘူး..။ဒီတိုင်း သူတို့ကို နှောင့်နှေးသွားစေချင်တာပါ..။
တစ်ချောင်းက တက်ရောက်သူ ၊ တစ်ချောင်းက ဆန်နီ နဲ့ နောက်ဆုံးတစ်ချောင်းက သူ့ရဲ့ အရိပ်ဆီကို ဦးတည်လာနေခဲ့တယ်..။
ဆန်နီ ဓားကို ရှောင်တိမ်းလိုက်ပြီး..အရိပ်ကို သူ့ရဲ့ ခန္တာကိုယ်ကို ရစ်ပတ်ခိုင်းလိုက်တဲ့ အချိန်မှာတော့..ခွန်းအား နဲ့ အရှိန်နှုန်းတွေ ပိုမို မြန်ဆန်လာတာကို ခံစားလိုက်ရပါတယ်..။သူက ရှေ့ကို တက်သွားခဲ့ပြီး..နောက်ဆုံးမှာတော့ အေးစက်တဲ့ ရစ်စက်သော မြင်ကွင်းရဲ့ လက်ကိုင်က သူ့လက်ထဲမှာ ရောက်လာတာကို ခံစားလိုက်မိတယ်..။
‘ ..အရမ်းတော့ မဆိုးသေးပါဘူး..’
ဂျက် ရဲ့ အသံက သူ့ရဲ့ အတွေးတွေထဲကို တိုးဝင်လာခဲ့ပါတယ်..။
“သတိထား..။သူက တစ်ခုခု လုပ်ဖို့ ကြံစည်..”
သူမ စကားပြောလို့ မဆုံးသေးခင်မှာပဲ..ကတ်ရဲ့ မျက်နှာပေါ်မှာ နက်မှောင်တဲ့ အပြုံးတစ်ခုက ပေါ်လာခဲ့တယ်..။
ခနအကြာမှာတော့..ကြီးမားတဲ့ အရာတစ်ခုခုက ကြမ်းပြင်တစ်လျောက် ထိုးဖောက်လာခဲ့ပြီး..သူမကို တိုက်ခိုက်လာခဲ့တယ်..။ဒါမှမဟုတ် အနည်းဆုံးတော့ သူမကို တိုက်ခိုက်ဖို့ ကြိုးစားလာခဲ့ပါတယ်..။
ဝိဥာဉ်ရိတ်သိမ်းသူ က အေးဆေးစွာပဲ တိုက်ခိုက်မူကို ရှောင်တိမ်းလိုက်တယ်..။ပြီးတာနဲ့ နောက်ကို ခုန်ဆုတ်ပြီး..ရုတ်တရက် တစ်ပတ်လှည့်လိုက်ကာ သူမရဲ့ အရိပ်ကို သေးငယ်သွားအောင် လုပ်လိုက်ပါတယ်..။လေးခုမြောက် ဓားက ဘယ်ကနေ မှန်းမသိပေါ်ထွက်လာခဲ့ပြီး သူမ အစောက ရှိနေတဲ့ နေရာကို စိုက်ဝင်သွားခဲ့တယ်..။
ကတ် က သူ့ရဲ့ လျာကို ယက်လိုက်ပြီး..
“အတော် စိတ်ရှုတ်ဖို့ ကောင်းတာပဲ..”
အဲ့အချိန်မှာတော့..ဆန်နီက ကြမ်းပြင်ပေါ်မှာ တွားသွားနေတဲ့ အရာကို ကြည့်နေခဲ့တယ်..။
ဒါက အဝတ်စုတ်ပုံ တစ်ခုနဲ့ တူနေခဲ့ပြီး..အဆစ်တွေ အများကြီးရှိတဲ့ လက်နှစ်ဖက်ထွက်ပေါ်နေခဲ့ကာ တစ်ဖက်စီမှာလည်း ကွေးကောက်တဲ့ ကြောက်စရာ လက်သည်းတွေ ရှိနေခဲ့ပါတယ်..။ဒီအရာက လူသားတစ်ယောက်ရဲ့ ပုံစံနဲ့ တူညီပြီး..ကျယ်ပြန့်တဲ့ ပုခုံးတွေ နဲ့အတူ ဦးခေါင်းကိုညစ်ပတ်တဲ့ ခေါင်းစွတ်တစ်ခု စွတ်ထားခဲပါတယ်..။
သူက သူ့ရဲ့ တုံးအမူအပေါ် ဒေါသထွက်သွားခဲ့တယ်..။
“ထပ်တူညီမူတစ်ခု..ချီးပဲ..ဒါပေါ့ သူ့မှာ ထပ်တူညီမူတစ်ခု ရှိမှာပေါ့..”
ဒီခွေးသားက သားသတ်ရုံကို ဘာကိစ္စနဲ့ မကြာခနလာလာနေဦးမှာလဲ..။အဲတာက မြေအောက်တိုက်ခိုက်ရေး နေရာကြောင့်ပါ..။
ဒီတိုက်ပွဲနေရာက အသွင်ပြောင်းအဆင့် ထပ်တူညီမူတွေ အတွက်ပဲ မဟုတ်ဘူးလား..။
ကတ်ရဲ့ လက်ထဲမှာ ကွေးကောက်တဲ ဓားတစ်ချောင်း ပေါ်လာတဲ့ အချိန်မှာတော့ ဆန်နီ အဖြေကို ရသွားခဲ့တယ်..။
နောက်ထပ် အိပ်မက်ဆိုးသားရဲ သုံးကောင်က သူ့ရဲ့ အရိပ်တွေထဲကနေ ထပ်ပြီး ပေါ်လာခဲ့ပါတယ်..။အနည်းဆုံးတော့ သူတို့တွေက ကျရှုံးမူအဆင့် မဟုတ်ကြပါဘူး..။သူတို့ရဲ့ အဆင့်အတန်းက သားရဲလား ဒါမှမဟုတ် မွန်းစတား တွေလား ဆိုတာကိုတော့ ဆန်နီ သေချာ မသိပေ..။ဒါတောင်မှ သူတို့က အတော်လေး ကြောက်မက်ဖွယ်ကောင်းနေခဲ့ပါသေးတယ်..။တစ်ခုက အနက်ရောင် အစိတ်အပိုင်းတွေနဲ့ ဖုံးအုပ်ထားပြီး..ချွန်ထက်တဲ့ ဓားတစ်ချောင်းပါဝင်တဲ့ အမြီးရှိကာ..သူ့ဆီကနေ..အဆိပ်ရည်တွေ ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်..။ဒါက ကြမ်းပြင်ပေါ်ကို အငွေ့ပျံတဲ့ အပေါက်ကြီးတွေ ဖြစ်ပေါ်နေေစခဲ့တယ်..။နောက်ထပ်တစ်ကောင်ကတော့..လူသားနဲ့ ကင်းခြေမြားကို ရောနှောထားသလိုပါပဲ..။သူ့ရဲ့ လက်တွေက အတော်လေးကို များပြားပြီး အရိုးအပ်တွေ လောက်ကို ပါးလွှာနေခဲ့တယ်..။နောက်ဆုံးတစ်ကောင်ကတော့..သူ့ရဲ့ လက်တွေမှာ ဓားတွေ တပ်ဆင်ထားတဲ့ ရုပ်သေးရုပ်တစ်ရုပ်နဲ့ ဆင်တူနေခဲ့တယ်..။
ထပ်တူညီမူလေးခုက..မာစတာ ဂျက်ကို ဝန်းရံထားလိုက်ပါတယ်..။တကယ်လို့ တစ်ခြားတစ်ယောက်ယောက် သာ ဆိုရင် ဆန်နီ စိုးရိမ်နေမိဦးမှာပါ..။သို့ပေမယ့် စိတ်ဝိဉာဉ်ရိတ်သိမ်းသူကတော့..ဒါကို တုန်လှုပ်နေပုံ မရပါဘူး..။သူမက ရိုးရှငိးစွာပဲ ဓားကို မြောက်လိုက်ပြီး..နက်မှောင်စွာပြုံးလိုက်တယ်..။မြေအောက်တိုက်ပွဲကွင်းပြင်တစ်ခုလုံးက ရုတ်တရက် အေးစက်သွားသလိုတောင် ခံစားလိုက်ရပါတယ်..။
တကယ်လို့ ဒီထပ်တူညီမူတွေထဲက တစ်ကောင်က ကျရှုံးမူအဆင့်ဖြစ်နေမယ်ဆိုရင်တောင် သူမက..ပြသနာ သိပ်မရှိပဲ ကိုင်တွယ်ထားနိုင်မယ့် ပုံပါပဲ..။
ဒါပေမဲ့ သူမက အရိပ်ကို သေချာဂရုစိုက်ထားရင်း ဒီ ထပ်တူညီမူတွေကို တိုက်ခိုက်နေနိုင်ပါ့မလား..။ဒါက သာမန်လူတစ်ယောက် ဘယ်လိုလုပ်ရမယ်ဆိုတာ သိတဲ့အရာမဟုတ်ပါဘူး..။
အိပ်မက်ဆိုးသားရဲတွေ တိုက်ခိုက်နေတဲ့ အချိန်မှာတော့..ကတ်က သူ့ကိုယ်သူ ကခုန်နေတဲ့ အရိပ်တွေနဲ့ ဝန်းရံထားရင်း ရှေ့ကို တက်သွားခဲ့တယ်..။ဆန်နီက ရိုးရှငိးစွာပဲ..ခြေတစ်လှမ်း လှမ်းလိုက်ပြီး..သူသွားမယ့် လမ်းရဲ့ ရှေ့မှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ်..။
ဘာပဲဖြစ်ဖြစ်..သူကအရိပ်တွေကို ပိုပြီး အသုံးပြုလေလေ ..ဆန်နီအနေနဲ့ သူရှိနေတဲ့ နေရာကို ရောက်အောင်သွားဖို့ လွယ်ကူလေလေပါပဲ..။
ဆန်နီဟာ လူသတ်သမား ရဲ့ မျက်လုံးတွေထဲမှာ..အံ့ဩတဲ့ အရိပ်အယောင်တစ်ချို့ကို မြင်နေရင်းနဲ့ပဲ..ရက်စက်သော မြင်ကွင်းနဲ့ ခုတ်ချလိုက်တယ်..။
အခုချိန်မှာ သူ့ရဲ့ မှတ်သားမူက ဓားအတိုတစ်ချောင်း လို ဖြစ်နေခဲ့တာပါ..။ဒီတော့..သူတို့နှစ်ယောက်ကြားထဲမှာ နေရာလွတ်သိပ်ပြီး မရှိတာက ..သူ့အတွက် ပြသနာတစ်ခု မဟုတ်ခဲ့ပါဘူး..။
ကတ် က ငွေရောင်ဓားသွားကို တစ်နည်းနည်းနဲ့ ရှောင်တိမ်းနိုင်လိုက်ပြီး..ဆန်နီကို သူ့ရဲ့ ဓားကောက်နဲ့ ပြန်ခုတ်လိုက်ပါတယ်..။သူက မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်နေပေမယ့်လည်း..ဆန်နီက သူ့ထက်ပိုပြီး မြန်ဆန်ပါတယ်..။သူက ရက်စက်သော မြင်ကွင်းကို လှုပ်ရှားလိုက်ပြီး..ကတ် ရဲ့ဓားချက်ကို အေးအေးဆေးဆေး တားဆီးထားနိုင်လိုက်တယ်..။
‘ လွယ်လွန်းတယ်..’
တစ်ချိန်တည်းမှာပဲ မာစတာဂျက်ရဲ့ စကားလုံးက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်လာခဲ့ပါတယ်..။
တစ်ချက်မှားလိုက်တာနဲ့ အားလုံးဆုံးရှုံးသွားနိုင်တယ်..။
ဟုတ်တယ်..ဆန်နီ ဒါကို ကောင်းကောင်း သိထားပြီးသားပါ..။ပုံမှန်အားဖြင့် သူက ဒီသေစေနိုင်လောက်တဲ့ အမှန်တရားကို အမြဲတမ်း အသုံးချလေ့ရှိပြီး ရန်သူတွေရဲ့ အမှားကနေ တဆင့် အနိုင်ယူလေ့ ရှိပါတယ်..။
သို့ပေမယ့်..ဒီတစ်ကြိမ်မှာတော့ အခြေအနေက ပြောင်းပြန်ဖြစ်နေခဲ့တယ်..။
တစ်စုံတစ်ခုက ကျိုးပဲ့သွားပြီး..နာကျင်မူပြည့်နေတဲ့ အော်ဟစ်သံတစ်ခုက သူတို့ရဲ့ နောက်ဘက်ကနေ ထွက်လာတဲ့ အချိန်မှာတော့.ကတ် ရဲ့ မျက်လုံးထဲမှာ အောင်မြင်သူတစ်ယောက်လို တောက်ပမူတွေ ပေါ်လာခဲ့တယ်..။တစ်ချိန်တည်းမှာပဲ..သူ့ရဲ့ အရိပ်က ရုတ်တရက် လှုပ်ရှားလာခဲ့ပါတယ်…။သူ့ရဲ့ ဓားကောက် က တားဆီးခံထားရပေမယ့်လည်း..အလင်းပြန်မူကနေတဆင့် ဓားကောက်ကို ကိုင်ဆောင်ထားတဲ့ အရိပ်ရဲ့ လက်က..ဆန်နီဆီကို ဆက်လက်တိုးဝင်လာခဲ့ပါတယ်..။
အရိပ်ဓားကောက် က သူ့ရဲ့ အသွေးအသားတွေကို မထိခင်အချိန်လေးမှာပဲ ရက်စက်သော မြင်ကွင်းဆီကနေ..မျက်စိကျိန်းလောက်တဲ့ အလင်းရောင်တွေ ထွက်ပေါ်လာခဲ့တယ်..။ဒီအရာက မြေအောက်ခန်းတစ်ခုလုံးကို သန့်စင်တဲ့ အလင်းရောင်တွေ ပေးစွမ်းလာခဲ့ပါတယ်..။
ဆန်နီက..အလင်းကို စုပ်ယူပြီး ပြန်လည်ထုတ်ပေးနိုင်စွမ်းရှိတဲ့.. [ အလင်းစားသုံးသူ ] စွမ်းရည်ကို အသက်သွင်းလိုက်တာပါ..။
ဒီအရာက..ပြဇာတ်ရုံထဲက မှိန်ပြပြ မီးအလင်းရောင်တွေထက် အများကြီး ပိုပြီး တောက်ပပါတယ်..။ကတ် ရဲ့ အရိပ်က ဒီအလင်းရောင်ကြောင့် ရုတ်တရက် ပြန်လည်ထွက်ပြေးသွားပြီး သူ့ရဲ့ နောက်ကျောဘက်ကို ပြန်ရောက်သွားသွားခဲ့တယ်..။အခုတော့..ဒါက ဆန်နီနဲ့ တော်တော် ဝေးသွားပါပြီ..။
လူသတ်သမား ရဲ့ ပိန်လှီနေတဲ့ မျက်နှာပေါ်မှာ အံ့ဩမူတစ်ချို့ ပေါ်ထွက်လာခဲ့ပြီး နောက်ကို ခုန်ဆုတ်လိုက်တယ်။ သူက ..ဆန်နီ နဲ့ သူ့နှလုံးသားဆီ ဝင်လာနေတဲ့ တောက်ပနေတဲ့ ဓားဆီကနေ အကွာအဝေးတစ်ခု ဖန်တီးဖို့ ကြိုးစားလိုက်တာပါ..။
သို့ပေမယ့်..ရက်စက်သော မြင်ကွင်းရဲ့ လက်ကိုင်က ရုတ်တရက် ရှည်ထွက်လာခဲ့ပြီး..လှံရှည်တစ်ချောင်းအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။
ကတ် ဘာမှ မတုန့်ပြန်နိုင်ခင်မှာပဲ..ငွေရောင် ဓားက သူ့ရဲ့ အကာအကွယ်ကို ဖောက်ထွက်သွားခဲ့ပြီး..ရင်ဘတ်ထဲကို နစ်မြုပ်ဝင်သွားခဲ့ပါပြီ..။
သူက ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပြီး..မျက်လုံးတွေထဲမှာ မယုံကြည်နိုင်မူတွေ ပြည့်နှက်နေခဲ့တယ်..။သို့ပေမယ့် ဘာစကားမှ ထွက်မလာခင် အချိန်မှာပဲ..လှံတံရဲ့ ဓားသွားဟာ..အလင်းရောင်တွေ ပြင်းထန်စွာ တောက်ပလာခဲ့ပြီး လူသတ်သမား ရဲ့ ခန္တာကိုယ်ကို အဖြူရောင် မီးတောက်တွေနဲ့ ဖုံးအုပ်သွားခဲ့ပါတယ်..။
နောက်ထပ်စက္ကန့်အနည်းငယ် အကြာမှာတော့..သူက ပြာပုံအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ.။
ဆန်နီ သက်ပြင်းချလိုက်တယ်..။
[ ..သင်က နိုးထမူအဆင့်လူသား , ကတ် ကို သတ်လိုက်ပါပြီ ]
[ … သင့်ရဲ့ အရိပ် ပိုသန်မာလာခဲ့သည် ]
‘စိတ်မကောင်းစရာပဲ..ငါက အရိပ်အသုံးပြုသူ ဆီကနေ..အပိုင်းအစ တစ်ခုထက်ပိုပြီး ရလိမ့်မယ်လို့ ထင်ထားခဲ့တာ ‘
သို့ပေမယ့် အခိုက်အတန့်ရဲ့ အသံက မရပ်တန့်သေးပါဘူး..။
[ ..သင်က ထပ်တူညီမူ တစ်ခုကို ရရှိပါသည် ]
အပိုင်း ( ၅၀၈ ) ပြီး၏။