ထိပ်လန့်ဖွယ်ရာ ဆုလာဒ်
Vol. 34 Ch. 509
အခိုက်တန့်ရဲ့ နောက်ဆုံးစာသား ပြီးဆုံးသွားတဲ့ အချိန်မှာတော့ မြေအောက်တိုက်ပွဲကွင်းပြင်တစ်ခုလုံးက တိတ်ဆိတ်မူ ကြီးစိုးသွားခဲ့တယ်..။ဆန်နီက..လေထဲမှာလွင့်ပျံနေကြတဲ့ ပြာမှုန့်တွေကို ခံစားချက်မဲ့စွာ စိုက်ကြည့်နေခဲ့ပါတယ်..။
‘ထပ်တူညီမူ တစ်ခုလား..’
သူက အခုဆိုရင်..ထပ်တူညီမူ အသစ်တစ်ခုကို ပိုင်ဆိုင်ထားပြီးပါပြီ..။
လူသား ထပ်တူညီမူတစ်ခု..။
ဒါပေါ့..လူသားနိုးထသူ တစ်ဦးကတည်း..ထပ်တူညီမူတစ်ခုကို ချန်ထားရစ်ခဲ့တယ် ဆိုတာက ယုတ္တိရှိပါတယ်..။ဘာပဲဖြစ်ဖြစ် ဒါက ဆန်နီ လူတစ်ယောက်ကို သတ်ပြီး ပထမဆုံးရရှိတဲ့ ထပ်တူညီမူ တစ်ခုပါ။ပြီးတော့ ဒါက တစ်ခြားအရာတွေနဲ့သိပ်ပြီး ကွာခြားမူ မရှိပါဘူး..။သို့ပေမယ့်..သေဆုံးသွားတဲ့ လူတစ်ယောက် ချန်ထားရစ်ခဲ့တဲ့ ထပ်တူညီမူတစ်ခုကို အမိန့်ပေးရမယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိပေ..။ဒါကလည်း သူ့ရဲ့ လက်နှစ်ဖက်နဲ့ ကိုယ်တိုင်သတ်ခဲ့တဲ့ လူတစ်ယောက်ပါ..။
ဒါက နည်းနည်းတော့..ကြောက်ဖို့ကောင်းနေတာ မဟုတ်ဘူးလား..
ဝိဉာဉ်မရှိတဲ့ ကတ် ရဲ့ ကိုယ်ပွားက..သူ့ကို အသက်မဲ့တဲ့ မျကိလုံးတွေနဲ့ ကြည့်နေတာကို မြင်ယောင်ကြည့်ရင်းဆန်နီ ကြက်သီးထသွားခဲ့တယ်..။
အခြေအနေကို ပိုပြီးဆိုးဝါးစေတာက..သေဆုံးသွားတဲ့ လူသတ်သမားက ပြာအဖြစ်ပြောင်းလဲသွားတဲ့ အချိန်မှာ..နှုးညံ့တဲ့ ဝိဉာဉ်အမြုတေ တစ်ခုကို ချန်ထားရစ်ခဲ့တာပါပဲ..။ဆန်နီ ရဲ့ ထူးဆန်းတဲ့ စွမ်းရည်ကြောင့်..သူက အရိပ်အပိုင်းအစကို ရပြီးသွားတဲ့ အချိန်မှာတောင် အမြုတေကတော့ အပြည့်အဝ ကျန်ရှိနေဦးမှာပါ..။တကယ်လို့ သူ့နေရာမှာသာ တစ်ခြားတစ်ယောက်ယောက်ဆိုရင်..အမြုတေက ဘာမှမရှိပဲ ကွဲကြေသွားပါလိမ့်မယ်..။
ဆန်နီကတော့..သူသတ်ခဲ့တဲ့ လူသားအလောင်းတွေရဲ့ ခန္တာကိုယ်ကို ဘယ်တုန်းကမှ ခွဲထုတ်ပြီး မကြည့်ခဲ့ဖူးပေ..။ဒါကြောင့်..အခုက..သူနဲ့တူတဲ့ မျိုးနွယ်တစ်ယောက်ရဲ့ အမြုတေကို ပထမဆုံးအကြိမ်မြင်ဖူးတာပါ..။
…ဒါကို မာစတာ ဂျက် မမြင်ခင်မှာပဲ..ဆန်နီ ခါးကို ကိုင်းပြီး တောက်ပနေတဲ့ အမြုတေကို ကောက်ကာ..အက်ျီ အိတ်ထဲကို ထည့်လိုက်တယ်..။သူ့ရဲ့ မျက်နှာကတော့..အနည်းငယ် ပျက်သွားခဲ့ပါတယ်…
သူ ဒီလိုလုပ်တဲ့ အချိန်မှာတော့..သူရဲ့နောက်ကနေ ကျေနပ်အားရတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။
“ကောင်းပြီလေ..ငါတကယ်အံ့ဩမိသွားပြီ။..ဒါက အတော်မြန်တာပဲ..”
သူ ခနလောက် တွေဝေနေပြီးကာမှ တစ်ဖက်ကို လှည့်လိုက်တယ်..။
မာစတာ ဂျက်ကိုတော့ အပျက်အစီးတွေ က ဝန်းရံထားခဲံတယ်..။သူမ အနားဝန်းကျင်က..မြေအောက်ပြဇာတ်ရုံရဲ့ အတွင်းပိုင်း အခြေအနေက လုံးဝကို ပျက်ဆီးသွားခဲ့တာပါ..။သူမက ကျေနပ်အားရတဲ့ မျက်နှာအမူအရာနဲ့ သူမရဲ့ လက်ကိုင်ရှည်ဓားကို မှီနေခဲ့တယ္..။ဒါပေါ့..ကတ်ရဲ့ ထပ်တူညီမူတွေကတော့..ကတ် သေဆုံးကတည်းက ပျောက်ကွယ်သွားကြပါပြီ။သို့ပေမယ့်..ဒီအချိန်မတိုင်ခင်မှာ သူမက ဘယ်နှစ်ကောင်လောက် ဖျက်ဆီးပစ်နိုင်ခဲ့လဲဆိုတာကို ဆန်နီ မသိလိုက်ပါဘူး..။
ဘာပဲဖြစ်ဖြစ် ..သူမရဲ့ ခန္တာကိုယ်ပေါ်မှာ ဘာဒဏ်ရာမှ ရှိမနေခဲ့ပေ…။
မာစတာ ဂျက် လေချွန်လိုက်ပြီး…
“မင်းက..တကယ်ပဲ အဲ့ခွေးသားကို တစ်ယောက်တည်း အနိုင်ယူနိုင်ခဲ့တာပဲ..။ဒါက..အာ..တကယ်ကောင်းတယ် ဆန်နီ”
သူမရဲ့ အသံအနေအထားအရ သူမက အံ့ဩသင့်နေခဲ့တယ် ဆိုတာ သိသာပါတယ်..။ပြီးတော့..သူမက ဘယ်လိုလုပ် မအံ့ဩပဲ နေမှာလဲ..။ကတ်က ..အနည်းဆုံး ဆယ်နှစ်လောက် အတွေ့အကြုံရှိတဲ့ နိုးထသူ တစ်ယောက်ဖြစ်ပြီး..သူ့ရဲ့ အမြုတေကလည်း..လုံးဝကို ပြည့်ဝနေခဲ့ပါပြီ။ပြီးတော့..သူက ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်..။အဲ့အချိန်မှာ ဆန်နီကတော့..နိုးထသူတစ်ယောက်ဖြစ်လာခဲ့တာ တစ်နှစ်တောင် မပြည့်သေးပေ..။သူက ပုံမှန်လည်း မလေ့ကျင့်သလို..သူ့ကို ထောက်ပံ့ပေးနေတဲ့…ကလန် ဒါမှမဟုတ် အဖွဲံအစည်းလည်း မရှိပါဘူး..။
မြို့ပြင်က ကလေးတစ်ယောက်အတွက်တော့..ဒါက သိပ်ပြီး မဆိုးလှပေ..။
သူ ပုခုံးတွန့်လိုက်ပြီး
“သူက သူ့ရဲ့ ပြိုင်ဘက်ကင်း စွမ်းရည်အပေါ်မှာ အရမ်းမှီခိုလွန်းနေတာကို..။အရိပ်တွေအကြောင်းနည်းနည်း သိနေတာက အရာရာတိုင်းကို ဆုံးဖြတ်ပေးသွားခဲ့တယ်လေ..”
သူမ ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်တယ်..။
“နင်ပြောတာက မှန်နိုင်ပါတယ်..။ဒါတောင်မှ.. ကတ် ဆိုတာက တစ်ချိန်တုန်းက နာမည်ကျော်ကြားတဲ့ လူတစ်ယောက်ပဲ..။ဒါပေမဲ့ ..ဟေ…ငါက ဘာလို့အံ့ဩနေမိတာလဲ..။သူတို့က နင့်ကို SS အဆင့်ပေးခဲ့တယ်ဆိုတာ အလကား သက်သက်မှ မဟုတ်တာ..”
ဒီလိုပြောပြီးတာနဲ့ မာစတာ ဂျက်က သက်ပြင်းချလိုက်ပြီး..ပြာပုံကြီးကို ရှုပ်ထွေးစွာ ကြည့်လိုက်ပါတယ်…
အတော်ကြအောင် တိတ်ဆိတ်ပြီးတဲ့ နောက်မှာတော့..သူမ ထပ်ပြောလိုက်တယ်..။
“…နင်သိရဲ့လား..သူကလည်း တစ်ချိန်တုန်းက အလားအလာကောင်းတဲ့ လူငယ်လေးတစ်ယောက်ပဲ..။အကယ်ဒမီမှာတုန်းကလည်း..ငါ့ကို လမ်းလျောက်နေတဲ့ အလောင်းကောင်လို မဆက်ဆံခဲ့တဲ့ လူတွေထဲက တစ်ယောက်ဆိုလည်း မမှားဘူး..”
ဆန်နီ ပြာပုံကို ကြည့်ပြီး..ကတ်ကို အလားအလာကောင်းတဲ့ လူငယ်လေး တစ်ယောက်အဖြစ် မြင်ယောင်ကြည့်လိုက်တယ်..။ဒါက သိပ်တော့ မခက်ခဲပါဘူး..။သို့ပေမယ့် သူ သတ်ခဲ့တဲ့ လူတစ်ယောက်ကို ဒီလိုပုံစံနဲံတွေ့းရတာက အတော်လေးကို မသက်မသာ ဖြစ်စေပါတယ်..။
သူ အဆုံးသတ်သွားတဲ့ အခြေအနေအတိုင်း..ယုတ်မာတဲ့ လူသတ်သမား အဖြစ် မှတ်မိနေတာက ပိုပြီးကောင်းပါတယ်..။သာမန်လူသားတစ်ယောက် အစား ဆိုးဝါးတဲ့ သားရဲတစ်ကောင် အဖြစ်..။
ဆန်နီ သူ့ရဲ့ ခေါင်းနောက်ကျောဘက်ကို ကုတ်ပြီး..ပြောလိုက်တယ်..။
“ဒီတော့..သူက ဘာြဖစ်သွားတာလဲ..”
မာစတာ ဂျက် က ခနလောက် တွေဝေနေပြီးကာမှ..ပုခုံးတွန့်လိုက်တယ်..။
“ဘဝ..လို့ ငါထင်တာပဲ..။လူတိုင်းက ငါတို့နေထိုင်နေရတဲ့ ဘဝကို..လက်ခံနိုင်တာ မဟုတ်ဘူးလေ..။တကယ်တော့ အတော်နည်းတဲ့ ပမာဏကပဲ ဒီလိုတတ်နိုင်ကြတာ..”
ဆန်နီ ရက်စက်သော မြင်ကွင်းကို ပြန်သိမ်းလိုက်ပြီး..ခနလောက်တွေးကာ သူသိချင်နေခဲ့နောက်ထပ် မေးခွန်းကို မေးလိုက်တယ်..။
“ဒီတော့..အာ..သူပြောနေတဲ့ အင်အားကြီးတဲ့ ကာကွယ်သူ ဆိုတာကရော..။အဲတာက ဘာကိုပြောတာလဲ..။အစ်မက ပြသနာ တက်တော့မှာလား..။ခနလေး..ကျွန်တော်တော့..ပြသနာတက်ပြီလား..”
ဂျက် ပြုံးလိုက်ပြီး..
“ဘာလဲ..နင်က အဲဒီအရူးပြောတာကို ယုံနေတာလား..။စိတ်မပူနဲ့..သူက ဒီတိုင်း ခြိမ်းခြောက်နေတာ..။သေချာတာပေါ့..သူ့မှာလည်း သန်မာတဲ့ ဆရာတွေ ရှိနေနိုင်တာပဲလေ..။ဒါပေမဲ့ ဒီလူတွေက..သူ့လို လူတစ်ယောက် အတွက်နဲ့ ရှုပ်ထွေးအောင် လုပ်ကြမှာ မဟုတ်ဘူး..။ကတ် ဆိုတာက..သူ အသိစိတ်ကင်းမဲ့သွားတဲ့ အချိန်ကနေစပြီး သူတို့အတွက် အသုံးမဝင်တဲ့ အရာတစ်ခု ဖြစ်နေပြီလေ..။ထပ်ပြောရရင်..သူအတွက်နဲ့ တာဝန်မကင်းတောင် ဖြစ်နေကြတာ..။ဒီတော့..တစ်ခုခုဆိုရင်တောင်..ငါတို့က ဒီအရှုပ်ထုတ်ကို ရှင်းပေးတဲ့အတွက် သူတို့က ကျေးဇူးတင်ကြရဦးမယ်..”
သူမက ပြုံးနေခဲ့ပေမယ့်လည်း..တစ်နည်းအားဖြင့် နက်မှောင်မူလည်း ရှိနေပါသေးတယ်..။
“ပြီးတော့..သူတို့တစ်ခုခု လုပ်ဖို့ဆုံးဖြတ်ရင်တောင်..ငါက ဖြေရှင်းရလွယ်တဲ့ လူတစ်ယောက် မဟုတ်ဘူး ဆန်နီ..။သူတို့က ငါ့ကို ကျော်ဖြတ်ပြီးကာမှ နင့်ဆီကို ရောက်လာကြမှာ..”
သူ အနည်းငယ် မျက်မှောင်ကျုတ်ပြီးကာမှ သူမရဲ့ အကြောင်းပြချက်ကို လက်ခံတဲ့အလား ခေါင်းညိမ့်ပြလိုက်ပါတယ်..။ဘာပဲဖြစ်ဖြစ် ဒါက အဓိပ္ပာယ်ရှိပါတယ်..။အားကောင်းတဲ့ လူတွေကလည်း လက်တွေ့ကျတဲ့ လူတွေချည်းပါပဲ..။သူတို့က လက်နက်တစ်ခုရဲ့ ပစ္စည်းနေတဲ့ အစိတ်အပိုင်းတွေကို စွန့်ပစ်ဖို့အတွက် ဝန်မလေးကြပေ..။ကတ်ဆိုတာက..လက်နက်အဖြစ် အသုံးချခံနေရတဲ့ လူတစ်ယောက်ပါ..။ပြီးတော့..သူ ထပ်ပြီး အသုံးမဝင်တော့တဲ့အချိန်မှာ စွန့်ပစ်ခံလိုက်ရပါတယ်…။
‘ငါ ဆက်ခံသူ ကလန်တွေနဲ့ မပူးပေါင်းလိုက်တာ ကံကောင်းသွားတာပဲ..။ငါ ပူးပေါင်းလိုက်ရင်လည်း ဒီလိုပဲ ဖြစ်လာမယ် ထင်တာပဲ..။မာစတာ ဂျက်က အကြောင်းပြချက်ရှိလို့ ငါ့ကို သတိပေးခဲ့တာ..’
ယင်းနောက် တစ်ခုခုက သူ့စိတ်ထဲကို ဝင်ရောက်လာခဲ့တယ်..။
အဲတာကတော့..ကတ် မတိုက်ခိုက်ခင် အချိန်မှာ ပြောခဲ့တဲ့ ထူးဆန်းတဲ့ စကားလုံးတွေပါ..။
“ဘာပဲဖြစ်ဖြစ် ဒါက ကိစ္စမရှိပါဘူး..။နင်လည်း အိုဗယ် စကေး အကြောင်း သိနေတာပဲ..။ဒီတော့ ဘာကြောင့် ဂရုစိုက်နေသေးတာလဲ..။ဘယ်အရာကမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး..”
ဒါက ဘာကို ဆိုလိုတာလဲ..။ကြည့်ရတာတော့..ဆန်းကျယ်တဲ့ အိုဗယ်စကေးက သူ့ အသိစိတ်လွတ်သွားတဲ့ အဓိက အကြောင်းအရင်း တစ်ခုလိုပါပဲ..။သူက မျှော်လင့်ချက် ကင်းမဲ့သွားလို့ များလား..။
ဆန်နီ တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ သိချင်စွာ မေးလိုက်တယ်..။
“အိုး..စကားမစပ်..။ကတ် ပြောတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကရော ဘာတွေလဲ..။အိုဗယ် စကေး လား..။အဲတာက ဘာလဲ..”
မာစတာ ဂျက် က ထူးဆန်းတဲ့အကြည့်နဲ့ သူ့ကို အကြာကြီး ကြည့်နေခဲ့တယ်..။ယင်းနောက် သူမက ရိုးရှင်းစွာ ခေါင်းခါယမ်းလိုက်ပြီဂ..
“အဲတာအတွက် စိတ်မပူနဲံ..။ဘာပဲဖြစ်ဖြစ် ဒါက လျိုဝှက်ချက်တစ်ခု မဟုတ်ဘူး..။နင်က အင်တာနက်ပေါ်မှာ ဒီအချက်အလက်တွေကို ရှာဖွေနိုင်တယ်..။အိုဗယ် ဆိုတာက အစိုးရက ဂိတ်ပေါက်တွေ ပေါ်ထွက်လာတော့မယ် ဆိုရင် ကြိုသိနိုင်အောင် အသုံးပြုနေတဲ့ စပဲလ်နည်းပညာကို တည်ထွင်ခဲ့တဲ့ လူရဲ့ နာမည်ပဲ..။သူ့ရဲ့ အခြေခံဖွဲ့စည်းမူတွေက အိုဟောင်းလာပြီ ဖြစ်တာကြောင့် အခုနောက်ပိုင်းမှာ သိပ်ပြီး မယုံကြည်ရတော့ဘူး..။ဒါက ပြန်ပြင်လို့ မရနိုင်တဲ့ အရာတစ်ခု မဟုတ်ဘူးလေ..”
ဆန်နီ အနည်းငယ် စိတ်ဝင်စားသွားခဲ့ပြီး..
“ဒါဆို သူက ဘာလို့ အဲလောက် စိုးရိမ်နေတာလဲ..”
သူမက သူ့ကို သဘောကျစွာ ကြည့်လိုက်ပြီး..
“အဲဒီအရူးရဲ့ ခေါင်းထဲမှာ ဘာတွေးနေတာလဲ ဆိုတာကို ငါက ဘယ်လိုသိမှာလဲ..။အဲခွေးသားက လူအယောက်နှစ်ဆယ်လောက် သတ်ပြီးတာတောင်..ငါက အနည်းငယ် ဆူပူပြီးတာနဲ့ လွှတ်ပေးလိုက်မယ်လို့ ထင်နေတာမလား..။သူက သိပ်ပြီး စိတ်မမှန်ဘူးဆိုတာ သိသာနေတာပဲကို..”
သူ မျက်မှောင်ကျုတ်ပြီး ဒီတိုင်း ထားလိုက်တော့ဖို့ ဆုံးဖြတ်လိုက်တယ်..။မာစတာ ဂျက် သိနေတာဖြစ်နိုင်သလို…မသိတာလည်း ဖြစ်နိုင်ပါတယ်..။ဘာပဲဖြစ်ဖြစ် သူမက သူ့ကို ပြောပြမယ့် ပုံစံမရှိပါဘူး..။
အဲဒီအစား..ဆန်နီ မေးလိုက်တယ်..။
“အင်း..ဒီတော့..အခုဘာလုပ်ကြမလဲ..”
မာစတာ ဂျက်က သူမရဲ့ လက်ကိုင်ရှည်ဓားကို ပြန်သိမ်းလိုက်ပြီး..ပုခုံးတွေကို နိပ်လိုက်တယ်..။
“အခုလား..။ဘာမှမရှိဘူးလေ…ရဲတွေနဲ့ စကားပြောဖို့ ငါ့ကို မိနှစ်နှစ်ဆယ်လောက် အချိန်ပေးဦး..။ပြီးရင်တော့ နင့်ရဲ့ ဆုလာဒ်ကို သွားထုတ်ယူကြမယ်..”
သူမက သူ့ကို ကြည့်ကာ ပြုံးလိုက်ပြီး..
“…စကားမစပ်..ကျေးဇူးပါ..။နင့်ရဲ့ အကူအညီမပါရင် အခြေအနေက ဒီလောက်လွယ်ကူမှာ မဟုတ်ဘူး..”
ဒီလို ပြောပြီးတာနဲ့ မာစတာဂျက်က ထွက်ပေါက်ဆီကို လျောက်သွားလိုက်ပြီး..ဆန်နီ ကို တစ်ယောက်တည်း ထားထားခဲ့လိုက်ပါတယ်..။
သူက အချိန်အတော်ကြာအောင် တိတ်တဆ်တ်ရပ်နေခဲ့ပြီးကာမှ သက်ပြင်းချလိုက်တယ်..။
အခုတော့ သူ့ရဲ့ ထပ်တူညီမူကို ကြည့်ပြီး..ဒီ ကြောက်ဖို့ကောင်းတဲ့ အရာကို သိမ်းထားမှာလား ၊ မသိမ်းထားဘူးလား ဆိုတာကို ဆုံးဖြတ်ရမယ့် အချိန်ပါပဲ..။
အပိုင်း ( ၅၀၉ ) ပြီး၏။