← Chapters

လူသား ထပ်တူညီမူ..

Vol. 34 Ch. 510

လူသား ထပ်တူညီမူ..

Vol. 34 Ch. 510

ဆန်နီ ပတ်ဝန်းကျင်က ပျက်စီးနေတဲ့ ပြဇာတ်ရုံကြီးကို ကြည့်လိုက်တဲ့အချိန်မှာတော့..အကောင်းပကတိရှိနေသေးတဲ့ ထိုင်ခုံတစ်လုံးကို တွေ့ပြီး..ဝင်ထိုင်လိုက်တယ္..။သူက နူးညံ့တဲ့ ကတ္တီပါ ထိုင်ခုံကို သက်သောင့်သက်သာ ထိုင်လိုက်ပြီး ခြေထောက်တွေကို ချိတ်ထားကာ..ပစ္စည်းနေတဲ့ စတိတ်စင်ကို ရှုပ်ထွေးတဲ့ အမူအရာနဲ့ ကြည့်နေခဲ့ပါတယ်..။

ဖန်ကွဲစတွေနဲ့ ဘာမှမရှိတော့တဲ့ လှုံ့ဆော်ရေး ဆေးထုတ်တွေက တစ်ခနလောက် သူ့ရဲ့ အာရုံစိုက်မူကို ရသွားခဲ့တယ်..။ဒီ လှုံ့ဆော်ရေး ဆေးတွေက စိတ်သာယာမူအတွက် အသုံးပြုတာတွေလို့ သူ ထင်ထားခဲ့ပေမယ့် အံ့ဩစရာကောင်းတာက..ဒီအရာတွေက သူ မေ့ပျောက်ကုန်းမြေက ပြန်လာတဲ့အချိန်တုန်းက တစ်ပတ်လောက် မအိပ်ပဲ နေဖို့အတွက် သုံးတဲ့ လှုံ့ဆော်ရေး ဆေးတွေနဲ့ အနည်းနဲ့အများ တူနေခဲ့ပါတယ်..။

သူ မျက်မှောင်ကျုတ်ထားလိုက်တယ်..။

‘ဒီငနဲက ..အိပ်မက်ကမ္ဘာထဲကို သွားဖို့ ကြောက်ရွံ့နေတာလို့တော့ ငါ့ကို မပြောနဲ့နော်..’

ကတ် ကြည့်ရတာတော့..သူထင်ထားတာထက်တောင် ပိုပြီး အခြေအနေဆိုးဝါးနေတဲ့ ပုံပါပဲ..။မာစတာ ဂျက် က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းကို ဖော်ပြတဲ့ပုံစံအရဆိုရင်..သူက တစ်ချိန်တုန်းက ကိုယ်ခံပညာကို ရူးသွပ်တဲ့စပါရှယ်လစ် တစ်ယောက်ပါ..။စပါယ်ရှယ်လစ် တစ်ယောက်က ဘယ်လိုဖြစ်ပြီး သူကျွမ်းကျင်တဲ့ နယ်ပယ်ကို ကြောက်ရွံ့နေရတာလဲ..။

ဆန်နီ သက်ပြင်းချလိုက်ပြီး..အဝေးကို ကြည့်ရင်းနဲ့ အချက်အလက်တွေကို ခေါ်ထုတ်လိုက်ပါတယ်..။

ပြီးတဲ့နောက်မှာတော့..သူ့ရှေ့မှာ ရှေးဟောင်းစာတွေနဲ့ ရေးထားတဲ့ အချက်အလက် ဇယားတစ်ခုပေါ်လာခဲ့တယ်..။

ထပ်တူညီမူ - [ အရိပ်ဓား ကတ် ]

ထပ်တူညီမူ အမျိုးအစား - သားရဲ

…လူသားတွေ အားလုံးမှာ အမြုအတေ တစ်ခုစီပဲ ရှိကြတာကြောင့် အခိုက်အတန့်က သူ့ကို သားရဲအဖြစ်သတ်မှတ်ထားတာက အံ့ဩစရာ ကိစ္စတစ်ခု မဟုတ်ပါဘူး..။

ကောင်းပြီလေ..ဆန်နီ နဲ့ နစ်ဖီက လွဲပြီး လူသားတွေ အကုန်လုံးပေါ့..။

နတ်မိစ္ဆာတစ်ကောင် ဖြစ်ချင်စိတ်က ကြီးစိုးလာရင်းနဲ့ ဆန်နီ ထပ်မံဖတ်လိုက်တယ်..။

ထပ်တူညီမူ အဆင့် - နိုးထမူ

ထပ်တူညီမူ စွမ်းရည် - [ လျင်မြန်တဲ့လက် ] ၊ [ အရိပ် ကျိန်စာ ] ၊ [ သေခြင်း အမှတ်အသား ]

[ လျင်မြန်တဲ့လက် ] စွမ်းရည်ဖော်ပြချက် - “ သင့်ရဲ့ ဓားက လျင်မြန် ပြီး မှန်ကန်စွာ ခုတ်ပိုင်းနိုင်သည် “

[ အရိပ် ကျိန်စာ ] စွမ်းရည် ဖော်ပြချက် - “ သင့်က အရိပ်များနှင့် သိကျွမ်းသည်”

[ သေဆုံးခြင်း အမှတ်အသား ] - “သင့်မှာ သေဆုံးခြင်း အမှတ်အသား ပါရှိသည်။သင့်အားသေဆုံးခြင်းကဲ့သို့ လက်နက်တစ်ခု အဖြစ်ဖန်တီးထားခြင်းဖြစ်သည်”

ဆန်နီ အနည်းငယ် စိတ်ဝင်စားသွားခဲ့တယ်။

ဒီတော့..အမြင်အာရုံနဲ့ လှုပ်ရှားမူကို တိုးမြင့်ပေးနိုင်တာက ကတ် ပိုဆိုင်ထားတဲ့ စွမ်းရည်တစ်ခုပေါ့..။အရိပ်တွေနဲ့ ရင်းနှီးကျွမ်းဝင်မူရှိတယ် ဆိုတဲ့ ကတ်ရဲ့စွမ်းရည်က သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ အနည်းနဲ့အများ တူညီနေတယ် ဆိုပေမယ့်.. ဒီတတိယ စွမ်းရည်က ဘယ်လို အလုပ်လုပ်တာလဲ ဆိုတာကို ဆန်နီလည်း သေချာမသိထားပါဘူး..။

သို့ပေမယ့် သူ့ရဲ့ ဖော်ပြချက်ကတော့ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းမှာပါ..။သေဆုံးခြင်းကို အရိပ်နတ်ဘုရားက ဖန်တီးထားတာကို သူ သိထားပြီး..အခုချိန်မှာ သူက လက်နက်တစ်ခုကို ဖန်တီးခဲ့တာကို သူ သိခဲ့ရပြန်ပါတယ်..။ဒါပေမဲ့ ဘယ်သူ့ကြောင့်လဲ..။ဘယ်လိုရန်သူမျိုးက ဒီလို ဆိုးဝါးတဲ့ အရာမျိုးကို ဖန်တီးရတဲ့ အထိဖြစ်လာစေခဲ့တာလဲ..။

ဖြစ်နိုင်တာက အင်မော်တယ် တစ်ယောက်လား..။မဟုတ်ဘူး..ဒါက အဓိပ္ပာယ် မရှိပေ..။တကယ်လို့ သေဆုံးခြင်းမဖန်တီးခင်မှာ အချိန်တစ်ခု ရှိခဲ့မယ် ဆိုရင်..အဲ့အချိန်မှာရှိနေတဲ့ အရာရာတိုင်းက အင်မော်တယ်..၊ ထာဝရ တည်တံ့မူ နဲ့ ..အဆုံးမရှိတဲ့ ရှည်ကြာမူ တွေ ဖြစ်နေကြတော့မှာမလား..။

သေခြင်းတရားမရှိတဲ့ ကမ္ဘာကြီးရဲ့ အတွေးအခေါ်ကို ဆန်နီ နားလည်းနိုင်ရဲ့လားဆိုတာ သေချာမသိတော့ပါဘူး..။သို့ပေမယ့် သူ သိထားတဲ့အရာက..သေဆုံးခြင်းလိုမျိုး ကြောက်မက်ဖွယ်ရာ တစ်ခုက အကြောင်းပြချက်မရှိပဲ ဖန်တီးထားခဲ့မှာ မဟုတ်ပေ..။

သူ မျက်မှောင်ကျုတ်လိုက်ပြီး..အချက်အလက်တွေပေါ်မှာ အာရုံစိုက်လိုက်တယ်..။

ထပ်တူညီမူ စွမ်းရည်များ - [ အရိပ်ခြယ်လှယ်ခြင်း ] ၊ [ အရိပ်တိုက်ခိုက်မူ ] ၊ [ နိုးထခြင်း ]

[ အရိပ်ခြယ်လှယ်ခြင်း ] စွမ်းရည်ဖော်ပြချက် - “ သင်က အရိပ်များ၏ လှုပ်ရှားနိုင်စွမ်းကို သက်ရောက်နိုင်စွမ်းရှိပြီး..မမြင်ရပဲ သွားလာနိုင်သည် “

[ အရိပ် တိုက်ခိုက်မူ ] စွမ်းရည်ဖော်ပြချက် - “ သင်က အရိပ်များကို တိုက်ခိုက်နိုင်ပြီး သင့်ရဲ့ အရိပ်ကလည်း သက်ရှိများကို တိုက်ခိုက်နိုင်သည်”

‘ထင်ထားသလိုပဲ..’

ဆန်နီက ကတ်အနေနဲ့ ဘယ်လိုစွမ်းရည်တွေကိုပိုင်ဆိုင်ထားသလဲ ဆိုတာကို အနည်းနဲ့ အများတော့..ခန့်မှန်းထားပြီးသားပါ..။သူတို့က ကွဲပြားပေမယ့်လည်း တစ်ချိန်တည်းမှာပဲ..သူ့ရဲ့ စွမ်းရည်နဲ့ တူညီတာတွေ ရှိနေခဲ့တယ်..။

[ အရိပ်ခြယ်လှယ်ခြင်း ] ဆိုတာက သူ့ရဲ့ စွမ်းရည်တစ်ခုဖြစ်တဲ့..အရိပ်များ၏သားတော် ရဲ့ မတူညီတဲ့ ဗားရှင်းတစ်မျိုး ဖြစ်လောက်မှာပါ..။

…ဒါတောင်မှ ကတ်လိုမျိုး အရိပ်တစ်ခု ရှိနေတာကသူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို နောက်တစ်ဆင့် မြင့်တင်ပေးထားပါသေးတယ်..။

အဲဒီမှာ နောက်ဆုံးစွမ်းရည်တစ်ခုလည်း ရှိနေခဲ့သေးတယ်..။

[ နိုးထခြင်း ] စွမ်းရည်ဖော်ပြချက် - သင်၏ ဒီထပ်တူညီမူက အခိုက်အတန့်၏ အတွင်းပိုင်း စွမ်းရည်များကို သယ်ဆောင်ထားသည် “

ဆန်နီ အတွေးနက်နေရင်းနဲ့ နောက်ဆုံး အချက်အလက်အမှတ်တွေကို ကြည့်လိုက်တယ်..။

ထပ်တူညီမူ ဖော်ပြချက်- [ ကျွန်ုပ်က သင့်ကို လှပတဲ့ ဓားတစ်ချောင်ငး အပ်နှင်းခဲ့ပေမယ့်..သင်က ဆိုးဝါးတဲ့ အိပ်မက်ဆိုးတွေကိုသာ ဖန်တီးခဲ့တယ်..” ]

သူ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်…

“..ဒီစားသားက ဘယ်လိုဖြစ်နေတာလဲ..။အိုး..မိုင်..ငါက ဒီအရာတွေကို ထင်ယောင်ထင်မှား ဖြစ်နေတာလား..ဒါမှမဟုတ် အခိုက်အတန့်ကပဲ…ခါးသက်တဲ့ အသံတစ်ခုဖြစ်နေရတာလား..”

ဒါက ဘယ်လို အတွေးမျိုးလဲ..။

‘ကြည့်လိုက်ကြရအောင် ‘

သူက တိတ်ဆိတ်နေတဲ့ အရိပ်တွေထဲကို လျောက်သွားတဲ့ အချိန်မှာတော့..ပထမတန်းက အရိပ်တွေထဲမှာ ကတ်ရဲ့ ပုံရိပ်ရှိနေတာကို သတိထားမိလိုက်တယ်..။သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဆန်နီက သူ့ရဲ့ အရိပ်အမြုတေ နှစ်ခုကြားထဲကို ချည်းကပ်သွားကာ..အလင်းရောင်တွေ တောက်ပနေတဲ့ ဂြိုလ်တစ်လုံးကို ထုတ်ဖော်လိုက်တယ်..။ပြီးတာနဲ့..ထပ်တူညီမူကို အောက်ချလိုက်ပါတယ်..။

ဂြိုလ်က လေထဲမှာ ပျံသန်းနေရင်းနဲ့ ဖြည်းဖြည်းချင်း မှိန်သွားခဲ့တယ်..။ပြီးတဲ့နောက်မှာတော့..အဲဒီအထဲမှာ အဝတ်ဗလာနဲ့ လူတစ်ယောက်က ရပ်နေတာကို တွေ့လိုက်ရပါတယ်..။

ဆန်နီ ကြက်သီးထသွားသလိုတောင် ခံစားလိုက်ရတယ်..။

သူ့ရဲ့ ရှေ့မှာတော့ လူသားတစ်ယောက်ကို ပုံတူကူးထားတဲ့ အသက်မပါတဲ့ လူသားတစ်ယောက် ရှိနေခဲ့ပါတယ်..။ထပ်တူညီမူ ကတ် က..လူတစ်ယောက်နဲ့ လုံးဝနီးပါးတူညီနေခဲ့တယ်..။သို့ပေမယ့် အသက်မပါတဲ့ မျက်လုံးတွေကနေ တစ်ခုခု မှားယွင်နေတယ် ဆိုတာကို အော်ဟစ်ပြောဆိုနေခဲ့ပါတယ်..။ဒါက မယုံစရာကောင်းလောက်အောင် စိတ်အနှောက်ယှက် ဖြစ်ပေါ်နေခဲ့တာပါ..။

တကယ်ကြောက်ဖို့ကောင်းတဲ့ ရုပ်ထုတစ်ခုပဲ..။

…ဒီအရာက အမှန်တယ်ကို ကြက်သီးထစရာ ကောင်းပါတယ်..။

ဆန်နီ တွေဝေသွားခဲ့ပြီး နည်းလမ်းကျကျ တွေးကြည့်ဖို့ ကြိုးစားလိုက်တယ်..။

လတ်တလော အခြေအနေမှာ ဒီ ထပ်တူညီမူက သူ့အတွက် အသုံးဝင်မှာ မဟုတ်ပါဘူး..။သို့ပေမယ့် သူ့ ရဲ့ နိုးထမူ စွမ်းရဉ်ကြောင့်..ဒီအရာက..မှတ်သားမူ လက်နက်တွေကို ကိုင်ဆောင်နိုင်စွမ်းရှိနေခဲ့ပါတယ်..။ဆိုလိုတာကတော့..ဆန်နီ အနေနဲ့ ကတ်ကို လက်နက် နဲ့ အကာအကွယ်ချပ်ဝတ်တွေ တပ်ဆင်ပေးလို့ရပါတယ်..။

မေးခွန်းကတော့..သူ ဒီလို လုပ်ချင်ရဲ့လား ဆိုတာပါပဲ..။

အပေါ်ယံမှာတော့..ဒီမေးခွန်းက အရမ်းကို ရိုးရှင်းပါတယ်..။အားကောင်းတဲ့ နိုးထသူ တစ်ယောက်နဲ့ အဆင့်တူညီတဲ့ အစေခံတစ်ယောက်ကို ဘယ်သူက မလိုချင်ပဲ နေမှာလဲ..။သို့ပေမယ့် အမှန်အတိုင်းပြောရမယ် ဆိုရင် အခြေအနေက ဒီထက်ပိုပြီး ရှုပ်ထွေးပါတယ်..။

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..လက်တစ်ဖက်ကို မြှောက်ကာ..သတ္တဝါရဲ့ ပုခုံးကို သိမ်မွေ့စွာ ထိကြည့်လိုက်တယ်..။

အချက်အလက် စာတမ်းအသစ်က ပေါ်ထွက်လာခဲ့ပါတယ်..။

[ ထပ်တူညီမူကို အရိပ်အဖြစ် ပြောင်းလဲချင်ပါသလား.. ]

ဆန်နီ အေးခဲသွားပြီး စဉ်းစားနေခဲ့တယ်..။

လူသား အရိပ်တစ်ယောက် ရှိနေတာက အတော်လေးကို အကျိုးကျေးဇူး ရှိနိုင်ပါတယ်..။သို့ပေမယ့်..အရိပ်တစ်ခု ရှိနေတာက နောက်ထပ်ရင်းနှီး မြုပ်နှံ့ရမယ့် အရင်းအမြစ် ကို လိုအပ်တယ် လို့ ဆိုလိုတာပါပဲ..။သူတော်စင်ကို ပြုစုပျိုးထောင်ရတာ နဲ့တင် ဆန်နီ အတွက်တော့ အတော်လေး ကို ခက်ခဲနေခဲ့ပါပြီ..။အထူးသဖြင့် ဒါတွေက သူ့အိတ်ကပ် ထဲကနေ စိုက်ထုတ်ပေးနေခဲ့ရတာပါ..။အရေးမကြီးဘူး ဆိုပေမယ့်..အရိပ်တစ်ခုကို ပြောင်းလဲဖို့အတွက် ဆိုရင် အပိုင်းအစ တစ်ရာလောက် လိုအပ်ပါတယ်..။

ဆန်နီက တတိယ အမြုတေကို တည်ဆောက်ဖို့အတွက် အချိန်တွေ အများကြီး ပေးဆပ်ပြီး ကြိုးစားထားရပါတယ်..။ပြီးတော့..ရုတ်တရက်ကြီး အနောက်ကို အပိုင်းအစ တစ်ရာလောက် ပြန်ရောက်သွားမယ့် အကြံက သိပ်တော့ သဘောကျစရာ မကောင်းလှပေ..။

အဓိကအချက်ကတော့..အခုချိန်မှာ..ဘယ်ထပ်တူညီမူကိုမဆို..အရိပ်အဖြစ်ပြောင်းလဲဖို့အတွက် သူ လက်တွန့်မိပါတယ်..။

ဒီတော့..ကတ် က ထိုက်တန်မူ ရှိတဲ့ ထပ်တူညီမူလား..။

တိတ်ဆိတ်နေတဲ့..အရိပ်တွေက..လူသား ထပ်တူညီမူကို ရစ်ပတ်လိုက်ရင် ဘယ်လိုဖြစ်လာမလဲ ဆိုတာကို ဆန်နီ သိချင်နေပေမယ့်..အဖြေကတော့ ...နိုး ပါပဲ..။

သူ တကယ်သိချင်ရဲ့လား ဆိုတာ ဆန်နီ မသေချာခဲ့ပေ..။

ဒီနေရာမှာ အကြောင်းပြချက် နှစ်ခု ရှိပါတယ်..။

ပထမ တစ်ချက်ကတော့..အတော်လေးကို ရိုးရှင်းပြီး စိတ်ဝင်စားစရာ စရာမကောင်းလို့ပါပဲ..။

မာစတာ ဂျက်က သူတို့နိုးထသူတွေ အားလုံးက..ရူးသွပ်ဖို့ လက်တစ်ကမ်းအကွာမှာ ရှိနေကြတာလို့ ပြောခဲ့ပါတယ်..။ဆန်နီ အနေနဲ့ သူ့ လက်နဲ့ ကိုယ်တိုင်သတ်ထားတဲ့ လူတစ်ယောက်ရဲ့ ပုံတူကို ဘေးနားမှာ ထားပြီး လျောက်သွားနေတာက သူ့ကိုရူးသွပ်ဖို့ ပိုနီးစပ်လာစေသလို ခံစားရပါတယ်..။သူ့ရဲ့ လူသားဆန်မူ နဲ့ အသိစိတ်ကင်းမဲ့မူ ဆိုတာက နဂိုကတည်းက အလွှာပါးပါး လေးပဲ ပိုင်းခြားထားခဲ့တာပါ..။

သို့ပေမယ့် ဒါက အဓိက အချက်မဟုတ်သေးပေ..။

ဒုတိယ အချက်က အရေးကြီးဆုံးဖြစ်တဲ့ အရိပ်တွေရဲ့ သဘာဝ တရားပါပဲ..။အရိပ်တွေက မူလအရာကို ထပ်တူကူးယူထားတဲ့ ဝိဉာဉ်မရှိတဲ့ အရာတွေ မဟုတ်ပါဘူး..။သူတို့က အသိစိတ်တွေ…ကောင်းမွန်တဲ့ အကျင့်စရိုက်တွေကို ပိုင်ဆိုင်ထားခဲ့ပြီး ဒါတွေကို သူတော်စင်က ကောင်းကောင်း သကသေပြထားခဲ့ပါတယ်…

ဟုတ်ပါတယ်..သူမက အင်အားကြီးတဲ့ အိပ်မက်ဆိုးသားရဲတစ်ကောင်ကနေ ဖြစ်တည်လာခဲ့တာပါ။သို့ပေမယ့် သူမရဲ့ စွမ်းရည်နဲ့ အရေအသွေးက သူမကို သန်မာစေတဲ့ အရာ မဟုတ်ပါဘူး..။သူမ တိုက်ပွဲမှာ သေစေနိုင်လောက်အောင် ကြမ်းတမ်းနေခဲ့တာက..သူမရဲ့ စိတ်ဆန္ဒ ၊ ဉာဏ်ရည် နဲ့ အချိုးဖျက်နိုင်တဲ့ ဖြေရင်းနိုင်စွမ်းတွေကြောင့်ပါ..။ဒါက..ဆန်နီ အရမ်းကို တန်ဖိုးထားရတဲ့ အပေါင်းအပါ တစ်ယောက်ပါပဲ..။

ပြီးတော့..ဒါ့ကြောင့်လည်း..သူက ကတ်ကို အရိပ်တစ်ခု အဖြစ် မဖန်တီးချင်တာပါပဲ..။ဟုတ်ပါတယ်..ကတ်က ဆန်နီကို မျှဝေပေးနိုင်တဲ့ အားကောင်းတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားခဲ့သူ တစ်ယောက်ပါ..။

သို့ပေမယ့်..ကတ် ကိုယ်တိုင်ကတော့..ပျော့ညံ့ပါတယ်..။

သူ့ရဲ့ ပျော့ညံ့မူက သူ ဒီလို မျိုး ..အရက်နဲ့ ခါးသက်တဲ့ ဝါသနာတွေမှာ..နစ်မြုပ်ခဲ့ရတဲ့ အကြောင်းအရင်းပါပဲ..။ပြီးတော့ ပျော့ညံ့မူကြောင့်ပဲ သူက နောက်ဆုံးမှာ အိပ်မက်ဆိုး အခိုက်အတန့်ရဲ့ ဝန်ထုတ်ဝန်ပိုး တွေကို လက်လျော့ အရှုံးပေးခဲ့တာပါ…

ဒါက ဘယ်လောက်ပဲ အားကောင်းနေပါစေ..ဆန်နီ အနေနဲ့ ခိုင်မာမူမရှိတဲ့ လူသတ်သမား တစ်ယောက်ရဲ့ အရိပ်ကိုတော့ မလိုချင်ပါဘူး..။ထပ်ပြောရရင်..သူက အားနည်းတဲ့ တစ်စုံတစ်ယောက်ရဲ့ အရိပ်ကိုကို မလိုချင်ခဲ့တာပါ..။ဒီလိုလူမျိုးကို သူက ဘယ်လိုလုပ် အားကိုးလို့ ရနိုင်မှာလဲ..။

သူ လျောက်နေတဲ့လမ်းမှာ အားနည်းတဲ့လူတွေအတွက် နေရာမရှိပေ..။အနည်းဆုံးတော့..ဒီလောက်အထိအားနည်းတဲ့ လူအတွက် နေရာမရှိပါဘူး..။

သူ သက်ပြင်းချလိုက်ပြီး သူတော်စင်ကို ထုတ်ယူလိုက်ကာ..အဝတ်ဗလာ ဖြစ်နေတဲ့ ကတ် အနားက အနက်ရောင်မီးတောက်ထဲကနေ သူတော်စင် ထွက်ပေါ်လာတာကို ကြည့်နေခဲ့တယ်..။

တိတ်ဆိတ်တဲ့ သူတောင်စင်က..သူ့ကို ဂရုမစိုက်တဲ့ ပတ္တမြားရောင် မျက်လုံးတွေနဲ့ တစ်ချက်ကြည့်လိုက်ပြီးနောက်မှာ လူသား ထပ်တူညီမူကို ထပ်ပြီး..ဂရုမစိုက်တော့ပါဘူး..။သူတို့ကို ဘေးချင်းယှဉ်ကြည့်လိုက်တဲ့ အချိန်မှာတော့.ဆန်နီ ရဲ့ ဆုံးဖြတ်ချက်တွေက ပိုခိုင်မာလာခဲ့တယ်..။

သူက တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ..ကတ်ကို လက်ညိုးထိုးပြလိုက်ပါတယ်..။

“မင်းက..သူ့ ကို့ စားချင် စိတ်ရှိရဲ့လား..”

သူတော်စင်က ခနလောက် တိတ်ဆိတ်နေပြီးကာမှ..ထပ်တူညီမူ ဘက်ကို လှည့်ကာ ..လက်တစ်ဖက်ကို မြှောက်လိုက်တယ်..။သူမရဲ့သံချပ်ကာ လက်က..သေဆုံးနေတဲ့ လူသတ်သမားရဲ့ ရင်ဘတ်ကို လွယ်ကူစွာ ထိုးဖောက်သွားခဲ့ပြီး..ခနအကြာမှာတော့..သူ့ခန္တာကိုယ်က အလင်းစက်ကလေး တွေ အဖြစ် ပျောက်ကွယ်သွားခဲ့ပါတယ်..။

ဒီအလင်းစက်ကလေးတွေက အံ့ဩစရာကောင်းလောက်အောင်..စမ်.ချောင်းသုံးခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး..အရိပ်ရဲ့ အတွင်းမှာ ရှိနေတဲ့ အမှောင်ထုထဲကို စီးဆင်းကာ သူမရဲ့ အမြုတေဆီကို ဝင်ရောက်သွားခဲ့ပါတယ်..။

[ သင့်ရဲ့ ထပ်တူညီမူက ဖျက်ဆီးခံလိုက်ရပါပြီ ]

ဆန်နီ ဟာ သူ့ရဲ့ နှလုံးသားထဲမှာ ခါးသက်မူတစ်ချို့ကို ခံစားလိုက်ရတယ်..။သို့ပေမယ့် မကြာခင်မှာပဲ ဒါက ပျောက်ကွယ်သွားခဲ့ပါတယ်..။

သူက သူတော်စင် ကို ဖော်ပြထားတဲ့ အရိပ်အပိုင်းအစ အချက်အလက်တွေကို စောင့်ကြည့်နေခဲ့တာပါ..။

သူမကို ထပ်တူညီမူတစ်ခု ကျွေးလိုက်တာက မှတ်သားမူတစ်ခုကို ကျွေးတာထက် ပိုပြီး..သက်ရောက်မူ ရှိပါတယ်..။သူမက အဆင့်နှစ် နိုးထမူအဆင့် မှတ်သားမူ ထက် ပိုများတဲ့ အပိုင်းအစတွေကို ရရှိမှာ အသေအချာပါပဲ..။

အခုချိန်မှာတော့..ရေတွက်မူတွေက ရိုးရှင်းတဲ့ နံပါတ်တစ်ခုကို ပြသထားခဲ့ပါပြီ။

အရိပ်အပိုင်းအစ - [ 200 / 200 ]

ဆန်နီ ရဲ့ နှုတ်ခမ်းမှာ အောင်ပွဲခံတဲ့ အပြုံးတစ်ခုက သူ့အလိုလို ပေါ်လာခဲ့ပါတယ်..။

အပိုင်း ( ၅၁၀ ) ပြီး၏။

All Chapters