မီးမောင်း ထိုးပြထားတဲ့အောက်မှာ..
Vol. 34 Ch. 507
မာစတာဂျက်က တစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီးကာမှ တည်ငြိမ်စွာပြောလာခဲ့တယ်..။
“နင်သေချာရဲ့လား…။ငါတို့မလာခင်ကတည်းက ဒီနေရာကို အကြိမ်အများကြီး စစ်ဆေးပြီးသွားပြီနော်..”
ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။
“သူက ဒီမှာပဲ..။မြေအောက်ထဲမှာ..”
သူမက အောက်ကို ငုံ့ကြည့်လိုက်ပြီး မျက်နှာသုန်မှုန်သွားခဲ့တယ်..။
“…ကောင်းပြီလေ..။ငါတို့ သူဆီကို သွားပြီး နှုတ်ဆက်သင့်တာပေါ့..”
ဆန်နီ ခေါင်းညိမ့်လိုက်ပြီး..ရုံးခန်းငယ်လေးရဲ့ တံခါးပေါက်ဆီကို စတင်ပြီး ခြေလှမ်းလိုက်တယ်..။သို့ပေမယ့်..သူမက ရုတ်တရက် သူ့ကို တားဆီးလိုက်ပါတယ်..။
“ခနလေး..”
သူ သူမကို နားမလည်စွာ ကြည့်လိုက်ပြီး..
“အင်း..”
မာစတာ ဂျက် ခနလောက် တွေဝေနေခဲ့တယ်..။သူမရဲ့ မျက်နှာပေါ်မှာတာ့ ရှုပ်ထွေးတဲ့ အမူအရာတစ်ခု ရှိနေခဲ့ပါတယ်..။နောက်ဆုံးမှာတော့..သူမ ပြောလိုက်တယ်..။
“ဒီ ကမ္ဘာပေါ်မှာ အရိပ်တွေကို ရင်းနှီးကျွမ်းဝင်တဲ့ စွမ်းရည်ရှိတဲ့ လူက အနည်းငယ်လောက်ပဲ ရှိတာလေ..။ပြီးတော့ ဒီလိုနေရာမျိုးမှာ ဆိုရင် ပိုပြီးတောင် နည်းပါး ဦးမယ်..”
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
“ဘာကို ပြောချင်တာလဲ..”
သူမက သူ့ကို နက်မှောင်စွာ ကြည့်လာခဲ့တယ်..။
“ငါပြောချင်တာက ငါ အဲဒီလူကို သိနေနိုင်တယ် ဆိုတာပဲ..။တကယ်တော့..သားသတ်ရုံမှာ မတော်တဆမူဖြစ်တယ် ဆိုတာကို ကြားကတည်းက သူ့ကို သံသယဖြစ်နေတာ..။ဒီအတွက် ဘယ်သူက တာဝန်ရှိလဲ ဆိုတာကို ငါ ခန့်မှန်းထားမိပြီးပြီ..”
သူ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်..။
“ အစ်မက လူသတ်သမားကို သိနေတာလား..”
မာစတာ ဂျက် ပုခုံးတွန့်လိုက်ပြီး..
“ဒီကမ္ဘာပေါ်မှာ နိုးထသူ ပေါင်းက သိန်းနဲ့ချီပြီး ရှိတယ်..။ကြည့်လိုက်ရင်တော့ ဒါက အရေအတွက် အများကြီးပဲ..။ဒါပေမဲ့…တကယ်တော့ အဲလိုမဟုတ်ဘူး..။တကယ်လို့ နင် အတွေ့အကြုံတွေ ပိုများလာလို့ရှိရင် သိဖို့အတွက် တိုက်တန်မူရှိတဲ့ နိုးထသူ တိုင်းကို သိလာရမှာပဲလေ..။ကမ္ဘာကြီးဆိုတာက ကျဉ်းကျဉ်းလေးပဲ..”
သူမက ခနလောက် ရပ်တန့်လိုက်ပြီးနောက်မှ ထပ်ပြောလိုက်တယ်..။
“ပြောချင်တဲ့အချက်က ..တကယ်လို့ ငါသာမှန်မယ် ဆိုရင်..ဒါက အတော်လေးကို အန္တရာယ်များလိမ့်မယ်..။ဒီငနဲက သူ့ရဲ့ ဘဝတစ်လျောက်လုံးကို ရဲတိုက်ရဲ့နောက်မှာ ပုန်းနေခဲ့တဲ့ လူတစ်ယောက် မဟုတ်ဘူး..။သူက..တကယ်ကို ..အမှန်အကန်ပဲ..။ကျွမ်းကျင်အဆင့်တစ်ယောက်..”
ဆန်နီ ဟောလိုး ငါးယောက်ကို ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကျုတ်လိုက်ပါတယ်..။
‘ကျွမ်းကျင်အဆင့်တစ်ယောက်..ဘယ်လောက်တဲ့ ထူးခြားတဲ့ စကားလုံးလဲ.’
သို့ပေမယ့် မာစတာ ဂျက် ဆိုလိုတာကို သူနားလည်ပါတယ်..။အခိုက်အတန့်ထဲကို ဆွဲခေါ်ခံခဲရတဲ့ နိုးထသူ အများစုက အသက်ကို ခက်ခက်ခဲခဲ ရှင်သန်ကြပြီး..သာမန်ဘဝကို ပြန်လည်ရရှိနိုင်ဖို့အတွက်ပဲ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်..။ပိုးနည်းပါးတဲ့ အရေအတွက်လောက်ကပဲ အကြောင်းပြချက်တစ်ချို့ကြောင့်..သူတို့ရဲ့ လက်တွေ့ အိပ်မက်ဆိုးဘဝကို ပွေ့ဖက်ပြီး အသားကျဖို့ ကြိုးစားခဲ့ကြတာပါ..။သူတို့က ဒီထဲကိုတောင် ပိုမို တိုးဝင် သွားကြပါသေးတယ်..။သူတို့က သူတို့ရဲ့ ဘဝတွေကို အိပ်မက်ဆိုးအခိုက်အတန့်ရဲ့ သေစေနိုင်တဲ့ စိန်ခေါ်မူတွေကို စိန်ခေါ်ဖို့အတွက် ပုံသွင်းယူခဲ့ကြတယ်..။ပြီးတော့..တစ်ခြားနည်းလမ်းဆိုတာလည်း မရှိပါဘူး..။
ဘာပဲဖြစ်ဖြစ် ဆန်နီကိုယ်တိုင်ကလည်း ကျွမ်းကျင်အဆင့် တစ်ယောက်ပါ..။
“တကယ်လို့ သူက ကျွမ်းကျင်အဆင့်တစ်ယောက် ဆိုရင် ဘာလို့ ဒီလို အရှုပ်ထုတ်တွေက ဖြစ်လာတာလဲ..”
မာစတာဂျက်က ခေါင်းခါယမ်းလိုက်တယ်..။
“နိုးထသူတွေ ထဲမှာ ဘယ်သူတွေက ထိခိုက်မူအခံရဆုံးလို့ နင်ထင်သလဲ..။အဲတာက အိပ်မက်ကမ္ဘာထဲမှာ တတ်နိုင်သမျှ အချိန်အနည်းငယ်လောက်ပဲ နေပြီး အစစ်အမှန်ဘဝကို ပြန်သွားကြတဲ့ လူတွေလို့ ထင်လား..။မဟုတ်ဘူး..အဲတာက ငါတို့လို ပရော်ဖက်ရှင်နယ် တွေပဲ..”
သူက ခနလောက်တွေးကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာပြောလိုက်တယ်..။
“နားမလည်ဘူး..သူက အတွေအကြုံရှိတဲ့ တိုက်ခိုက်ရေးသမား ဆိုရင်လည်း ဘာအကြောင်းလဲ..။အစ်မက တက်ရောက်သူ တစ်ယောက်လေ..။သေချာတာက..သူ့ကို ကိုင်တွယ်ဖိုက အတော်လွယ်ကူနေမှာပဲ..”
မာစတာ ဂျက် ခေါင်းခါယမ်းလိုက်တယ်..။
“ဘယ်အရာကမှ မလွယ်ကူဘူး ဆန်နီ..။ဒါက မင်းကို သတ်သွားနိုင်တဲ့ စိတ် ခံယူချက်ပဲ..။မင်းဘယ်လောက်ပဲ အင်အားကောင်းနေပါစေ..အမှားတစ်ခုလုပ်မိလိုက်တာနဲ့..အားလုံးဆုံးရှုံးသွားလိမ့်မယ်..။ခွန်အား အကြမ်းထည်က တိုက်ပွဲတစ်ခုရဲ့ အဆုံးအဖြတ်ကို အမြဲတမ်း မဆုံးဖြတ်ပေးနိုင်ဘူး..။နင် ဒါကို သိပြီးသားဖြစ်မှာပါ..။စွမ်းရည်တိုင်းမှာ အားနည်းချက်ရှိပြီး..စွမ်းအားတိုင်းမှာ..တန်ပြန်နိုင်စွမ်း ဆိုတာ ရှိတယ်..။ဒီတော့..ကိုယ်ကိုကို ဂရုစိုက်ပါ..”
သူမ ပြောတဲ့ အရာက မှန်ကန်တယ် ဆိုတာကိုတော့ ဆန်နီ လက်ခံရပါလိမ့်မယ်..။သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေက ဒီအတွက် သက်သေပါပဲ..။ဟာရု သူ့ရဲ့လက်ထဲမှာ သေဆုံးခဲ့တယ် ဆိုတာက ဆန်နီရဲ့ စွမ်းရည်က သူ့အတွက် တန်ပြန်မူတစ်ခု ဖြစ်နေလို့ပါ..။ပြီးတော့..ကတ်စတာကလည်း သူ့ရဲ့ အားနည်းချက်ကြောင့် သေဆုံးခဲ့ရပါတယ်..။
သူ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ ပြောလိုက်တယ်..
“ကျွန်တော်တို့ သူနဲ့တွေ့တဲ့ အချိန်ကြရင်..အစ်မရဲ့ အရိပ်ကို သတိထားပါ..။သူ့ကို အရိပ်နားအထိ ကပ်မလာစေနဲ့..”
မာစတာ ဂျက် မျက်မှောင်ကျုတ်လိုက်ပြီးမှ ရိုးရှင်းစွာပဲ..ခေါင်းညိမ့်ပြလိုက်ပါတယ်..။
သူတို့နှစ်ယောက်က..ကခုန်တဲ့ ခန်းမဆီကို ပြန်ယောက်သွားတဲ့အချိန်မှာတော့..တစ်ဖက်ပွင့်နေတဲ့ နောက်ထပ် သတ္တုတံခါးကြီး တစ်ချပ်ကို တွေ့လိုက်ကြရတယ်..။အဲဒီရဲ့နောက်မှာတော့..ကျဉ်းမြောင်းတဲ့ လူသွားလမ်းတစ်ခုက အောက်ဖက် မြေအောက် တိုက်ပွဲခန်းမ ဆီကို ဦးတည်ထားခဲ့ပါတယ်..။
ပြိုင်ပွဲနေရာက ဆန်နီ ထင်မှတ်ထားတာထက်တောင် ပိုပြီး ကြီးမားနေခဲ့ပါသေးတယ်..။ပြီးတော့..ဒါက တိုက်ခိုက်ရေး နေရာဆိုတာထက် ဇိမ်ခံရုပ်ရှင်ရုံကြီး တစ်ခုနဲ့တောင် တူနေခဲ့တယ်..။ထိုင်ခုံတွေ အားလုံးကို အနီရောင် ချည်ထည်တွေနဲ့ ပြုလုပ်ထားခဲ့ပြီး..ပိုချမ်းသာတဲ့ လူတွေအတွက်ကတော့..သီးသန့်အခန်းတွေ ရှိနေခဲ့ပါသေးတယ်..။တိုက်ပွဲစင်မြင့်ကတော့..စတိတ်စင်တစ်ခုနဲ့ ဆင်တူပြီး..သေချာတည်ဆောက်ထားတဲ့ သတ္တုစပ် အကာအကွယ်နဲ့ ဝန်းရံထားခဲ့ပါတယ်..။
နေရာတစ်ခုလုံးကိုတော့..အလင်းရောင်လေးတွေကြားမှာ ကိန်းအောင်းနေတဲ့ အမှောင်ရိပ်လေးတွေက ကွက်ကြားကွက်ကြား ပေါ်ထွက်နေခဲ့ပါတယ်..။ဒါတောင်မှ တစ်ယောက်တစ်ယောက်က အရာရာတိုင်းကို အနည်းနဲ့အများတော့ မြင်နိုင်နေတုန်းပါပဲ..။
မာစတာ ဂျက်က ခန်းမရဲ့ အတွင်းပိုင်အပြင်အဆင်တွေကို ကြည့်လိုက်ပြီး တိတ်တဆိတ်ပြောလိုက်တယ်..။
“ဒီမှာ ဘယ်သူမှ မရှိပါလား..”
ဆန်နီ ခနလောက်တွေဝေနေခဲ့ပြီးမှ..သီးသန့်ခန်းတစ်ခုရဲ့ အနားမှဦ ဖုံးကွယ်ထားတဲ့ ထိန်းချုပ်ရေးခလုတ်ရှိတဲ့နေရာကို လျောက်သွားလိုက်ပြီး..ခလုတ်အချို့ကို ရွေ့လျားစေလိုက်ပါတယ်..။
ခနအကြာမှာတော့ တောက်ပတဲ့ မီးမောင်းကြီးတစ်ခုက မျက်နှာကျက်ကနေ ပေါ်ထွက်လာခဲ့ပြီး တိုက်ပွဲကွင်းပြင်ပေါ်ကို အလင်းရောင်ထွက်ပေါ်လာခဲ့တယ်..။အလင်းရောင် လှိုင်းတွေက အမှောင်ထုကို မောင်းထုတ်လိုက်တာကြောင့်..ရုတ်တရက် လူတစ်ယောက်ရဲ့ ပုံရိပ်က စင်မြင့်ထက်မှာ ပေါ်ထွက်လာခဲ့ပါတယ်..။သူက ကြမ်းပြင်ပေါ်မှာ..ထိုင်နေခဲ့ပြီး သူ့မျက်နှာကို..လက်တွေနဲ့ အုပ်ထားခဲ့တယ်..။အစကတော့..ဒီနေရာမှာ တစ်စုံတစ်ယောက်ရှိနေတာမျိုး လုံးဝ မသိရပါဘူး..။
လူကြီးက မျက်နှာ ရှုတ်မဲ့သွားခဲ့ပြီး..လက်တစ်ဖက်ကို မြောက်ကာ..သူ့အပေါ်ကျလာနေတဲ့ အလင်းရောင်ကို နက်မှောင်တဲ့ အမူအရာနဲ့ ကာထားလိုက်ပါတယ်..။အက်ကွဲတဲ့ အသံတစ်ခုက မြေအောက် ရုပ်ရှင်ရုံထဲမှာ ထွက်ပေါ်လာခဲ့တယ်..။
“ခွေးသားတွေ..သူတို့က ဘာလို့ ငါ့ကို တစ်ယောက်တည်း နေခွင့်မပေးကြတာလဲ..”
လူသတ်သမားက အသက်သုံးဆယ် ဝန်းကျင်လောက်ရှိပြီး..အမွှေးတွေ မရိတ်တဲ့ မျက်နှာနဲ့…နီရဲနေတဲ့ မျက်လုံးတွေ ရှိနေခဲ့ပါတယ်..။သူ့ပတ်ဝန်းကျင်မှာလည်း အသုံးပြုပြီးးသားဖြစ်တဲ့..လှုံ့ဆော်ဆေး အထုတ်တွေ အများကြီး ရှိနေခဲ့တယ်..။အလားတူစွာပဲ..ကွဲကြေနေတဲ့ အရက်ပုလင်း အပိုင်းအစတွေ ရှိနေခဲ့ပါတယ်..။
သူ့ရဲ့ အဝတ်အစားတွေ ၊ လက်တွေ နဲ့ မျက်နှာတွေ မှာ သွေးတွေနဲ့ ပေကျံနေခဲ့တယ်..။သို့ပေမယ့် လူကြီးက ဒါကို ဂရုစိုက်ပုံမရပါဘူး..။
အလင်းရောင်ကို လက်တစ်ဖက်နဲ့ ကာထားရင်းကနေ..သူ့အကြည့်တွေက အောက်ကိုချပြီး..မာစတာဂျက်နဲ့ ဆန်နီကို ဖြည်းဖြည်းချင်း အာရုံစိုက်လာခဲ့တယ်..။
မှတ်မိသွားတဲ့ အရိပ်အယောင်တွေက သူ့ရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်..။ပြီးတဲ့ နောက်မှာတော့..အထင်အမြင်သေးမူတွေက အစားထိုးသွားခဲ့ပါတယ်..။
“မင်းပါလား…စိတ်ဝိဉာဉ် ရိတ်သိမ်းသူ ။ငရဲလိုပဲ..သူတို့က ငါ့အတွက် တိုက်ခိုက်တတ်တဲ့ ခွေးတစ်ကောင်ကို လွှတ်လိုက်တာလား..။ဟား…ဘယ်လောက် ဂုဏ်ယူစရာလဲ..”
ဆန်နီ တိတ်တဆိတ် သက်ပြင်းချလိုက်တယ်..။
လူတွေက ဘာလို့ တစ်ခြားလူတွေကို ခွေးလို့ ခေါ်ရတာ နှစ်သက်ကြတာလဲ..။သူ တကယ်နားမလည်နိုင်တော့ပါဘူး..။သူသိသလောက်တော့ ခွေးတွေက တကယ်ကို ကောင်းမွန်တဲ့ သတ္တဝါတွေပါ..။ဒါပေါ့ ချမ်းသာတဲ့ လူအများစုကလည်း ခွေးမွေးကြလေ့ရှိပါတယ်..။ခွေးတွေက..ချမ်းသာတဲ့ သူတွေရဲ့ အခင်ဆုံး သူငယ်ချင်းတွေပါ.။
ဂျက်က ရှေ့ကို ခြေတစ်လှမ်းတက်လိုက်ပြီး..လူကြီးကို အေးစက်တဲ့ အကြည့်တွေနဲ့ ထိုးဖောက်မတတ် ကြည့်လိုက်တယ်..။လူသတ်သမားက တုန်ရီသွား ခဲ့ပါတယ်..။
“ဟိုင်း..ကတ်..။မတွေ့တာ ကြာပြီ..”
သူမရဲ့ အသံကို ကြားတဲ့ အချိန်မှာတော့.ကတ် လို့ ခေါ်တဲ့ လူက ရုတ်တရက် ပြုံးလာခဲ့တယ်..။
“ဟုတ်တယ်..တကယ်ကို ကြာခဲ့ပြီပဲ..။အခုနောက်ပိုင်းမှာ နင်က ကိုယ့်ကိုကို သိပ်ပြီး အထင်ကြီးလာ သလိုပဲ..။ဟုတ်တယ်မလား..ဂျက်..။မင်းလို အစိုးရ ခွေးတစ်ကောင်က..ငါ့လို မားမားမတ်မတ် ရပ်နေတဲ့ လူတစ်ယောက်နဲ့ မပတ်သက်တော့တာက ရယ်စရာကောင်းတယ်နော်..။အရင်တုန်းကဆို..နင်က အနည်းဆုံး ဘယ်လို လေးစားရမလဲ ဆိုတာ သိသေးတယ်လေ..ခွေးမ..”
သူ့ရဲ့ စော်ကားတဲ့ စကားလုံးတွေကို လက်လျူရူထားပြီး သူမက ပြုံးကာ ပြောလိုက်တယ်..။
“..နင် ဘယ်လိုအရာတွေကို လုပ်ခဲ့သလဲ ဆိုတာတောင် သိရဲ့လား ကတ်..”
သူ့ရဲ့ မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားခဲ့တယ်..။ဆန်နီ နဲ့ ဂျက်တို့..တိုက်ပွဲစင်မြင့် ဆီကို ဖြည်းညှင်းစွာ ကပ်လာတဲ့ အချိန်မှာ..သူက အဝေးကို ကြည့်လိုက်တယ်..။
“ဘာလဲ..အပေါ်က အရှုပ်ထုတ်တွေကို ပြောတာလား..။အာ..ချီးပဲ..ဘယ်သူက ဂရုစိုက်မှာလဲ..။ဘာပဲဖြစ်ဖြစ် သူတို့က သာမန်လူတွေပဲလေ..။သာမန်လူတွေက ငါတို့လိုလူမျိုးတွေကို ထုတ်လုပ်ဖို့ပဲ ရှိနေကြတာ..။ဘာတွေများ အရေးကြီးနေတာလဲ..”
ဆန်နီ ရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့တယ်..။
‘ သူက တကယ်ကို ခွေးသား ပဲ..။ဟုတ်တယ်မလား.”
အဲ့အချိန်မှာတော့ မာစတာ ဂျက်က ပြုံးနေတာကို ရပ်တန့်လိုက်ပါတယ်..။
“ငါ ဂရုစိုက်တယ်..ကတ်..။ငါ ဂရုစိုက်တယ်..”
သူ ရုတ်တရက် ရယ်မောလိုက်ပြီး..
“ခနလေး..ခနလေး..နင်က အတည်ကြီး ပြောနေတာလား..။နင်က ဒီဟာကို တကယ်လုပ်တော့မှာလား..။ငါတကယ်ကို စိတ်ဝင်စားနေမိပြီ…။တကယ် ရယ်စရာပဲ..”
ရုတ်တရက် သူ့မျက်နှာပေါ်မှာ ..ကြည့်ရဆိုးတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့ပါတယ်..။
“နင် ဘယ်သူလဲ ဆိုတာကို မေ့နေပြီလား ဂျက်..။ဘုရားရေ..မာစတာ တစ်ယောက်ဖြစ်သွားတာနဲ့ နင်က ကိုယ့်ကိုကို ဟုတ်လှပြီလို့ ထင်နေတာလား..။လုပ်စမ်းပါ..နင်က ဘယ်သူအတွက် အလုပ်လုပ်တာလဲ ပြီးတော့.ငါက ဘယ်သူအတွက် အလုပ်လုပ်တာလဲ ဆိုတာကို ငါတို့အားလုံးသိနေတာပဲ..။ငါ သူတော်စင်တစ်ယောက် ဖြစ်လာတဲ့အချိန်ဆိုရင်တောင်..နင်က မာစတာတစ်ယောက် အဖြစ်ပဲ ရှိနေဉီးမှာ ခွေးမ..”
သူက ဆန်နီကို လှမ်းကြည့်လိုက်ပြီး လှောင်ပြောင်တဲ့ လေသံနဲ့ ပြောလိုက်တယ်..။
“ကြည့်ဦး..နင်က နင့်ကို ကူညီဖို့အတွက် ကလေးတစ်ယောက်ကို ခေါ်လာတာလား..။နင့်ရဲ့ အနံ့ဆိုးတွေကို အရွယ်ရောက်ပြီးသား လူတွေက မခံနိုင်ကြလို့ပဲ ဖြစ်ရမယ်..”
ယင်နောက်..ကတ် က အနည်းငယ် လေးနက်သွားခဲ့ပြီး. ဂျက်ကို နက်မှောင်စွာ ကြည့်လိုက်ပါတယ်..။နက်ရှိုင်းတဲ့ အရိပ်တွေကတော့ သူ့ရဲ့ ဘေးနားမှာ စုဝေးလာခဲ့ကြတယ်..။
“ကြည့်…ငါ သဘောပေါက်ပြီ..။ငါ အမှားလုပ်မိလိုက်တာပဲ..။ဒီတော့..ဒီတိုင်းထားလိုက်ရအောင်..။ ဒီကိစ္စကို လျော်ပေးလိုက်ပြီး ကိုယ်သွားမယ့်လမ်းကို ဆက်သွားလိုက်တော့..။ငါလည်း အရမ်းကို ခက်ခဲတဲ့ နေ့တစ်နေ့ နဲ့ ရင်ဆိုင်နေရတာ..။ဘာပဲဖြစ်ဖြစ်..နင်ဒီထက်ပိုပြီး ဘာမှမလုပ်ရဲဘူးဆိုတာလည်း ငါတို့အားလုံး သိနေတာပဲ..”
မာစတာ ဂျက် အနည်းငယ် စိတ်ဝင်စားသွားခဲ့ပြီး သဘောကျစွာ ပြောလိုက်တယ်..။
“အာ..ဒါပေမဲ့ နင်မှားနေပြီး ကတ်..။ငါ လုပ်ရဲတယ်..။ဟုတ်တယ်..ငါ ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတာလဲ ဆိုတာ ငါတို့နှစ်ယောက်စလုံး သိထားကြတယ်..။ပြီးတော့..နင် ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲ ဆိုတာရောပေါ့..။ဒါပေမဲ့..ပြောချင်တာက..ငါ အဲတာကို သောက်ဂရုမစိုက်ဘူး ဆိုတာပဲ..”
သူမ ရယ်မောလိုက်ပြီး လက်တစ်ဖက် ဆန့်တန်းကာ သူမရဲ့ လက်နက်ကို ထုတ်ယူဖို့ အဆင်သင့် ပြင်ဆင်ထားခဲ့ပါတယ်..။
ကတ် နောက်တစ်ကြိမ် ထပ်ရယ်လိုက်တယ်..။သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့..သူ့ရဲ့ ရယ်သံက အတော်လေး မျှော်လင့်ချက် မဲ့နေခဲ့ပါတယ်..။
ယင်းနောက် သူ အောက်ကို ငုံ့ပြီး တီးတိုး ပြောလာခဲ့တယ်..။
“အာ..ကောင်းပြီလေ..။ဘာပဲဖြစ်ဖြစ် သိပ်လည်း မထူးတော့ပါဘူး..။နင်လည်း အိုဗယ် စကေး အကြောင်း သိထားတာပဲ..။အဲတာကို ဘာလို့များ ဂရုစိုက်နေသေးတာလဲ..။ဘယ်အရာကမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး..”
..သူ ခနလောက်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြန်တယ်..။ပြီးတာနဲ့..ရုတ်တရက် လှုပ်ရှားမူတစ်ခု က ပေါက်ကွဲထွက်လာခဲ့ပါတယ်..။
…အဲဒီနောက်မှာတော့ ဖြစ်ပျက်လာတဲ့ အရာရာတိုင်းက အရမ်းကို မြန်ဆန်သွားခဲ့ပါပြီ..။
အပိုင်း ( ၅၀၇ ) ပြီး၏။