← Chapters

သားသတ်ရုံ

Vol. 34 Ch. 505

သားသတ်ရုံ

Vol. 34 Ch. 505

ဆန်နီ PTV ကားထဲက ထွက်လာပြီးတဲ့ အချိန်မှာတော့..သူ မြင်တွေ့ရတော့မယ့် အရာအတွက် အနည်းငယ် စိုးရိမ်နေမိပါတယ်..။မြင်ကွင်းမှာ ရှိနေကြတဲ့ ရဲအရာရှိတွေကတော့..သူ နဲ့ မာစတာဂျက် ရောက်လာတကို မြင်တွေ့လိုက်ရတဲ့ အတွက် စိတ်သက်သာရာရသွားခဲ့ကြတယ်..။သူတို့ မျက်နှာပေါ်က တင်းမာမူတွေက ကြည်လင်လာခဲ့ပြီး..သူတို့မျကိလုံးထဲက နက်မှောင်မူတွေက အနည်းငယ် ပြေလျော့သွားခဲ့ကြပါတယ်..။

လက်ရှိဖြစိပေါ်လာတဲ့ အခြေအနေတွေက..ကျော်ကြားတဲ့ မီဒီယာတွေမှာ ဖော်ပြထားတဲ့ ပုံစံမျိုးနဲ့ လုံးဝကို တစ်ခြားစီပါပဲ..။ရာဇဝတ်မူ ဆန်းကျယ်ဇာတ်လမ်းတွေမှာဆိုရင်..ရဲရင့်တဲ့ သာမန် စုံထောက်တစ်ယောက်က..အေးစက်ပြီး စာအုပ်ကြီးလို နိုးထသူ အေးဂျင့်တစ်ယောက်နဲ့ တွေ့ပြီဆိုရင်..သူတို့ရဲ့ ဆက်ဆံရေးက အမြဲတမ်း ထိပ်တိုက်ရင်ဆိုင်ပြီး စတင်ကြပါတယ်..။ဒါက အထင်သေးမူတွေ ၊ ဒီအမူကို ဘယ်သူကိုင်တွယ်မယ် ဆိုတဲ့ အငြင်းအခုန်တွေ ..ပါဝင်နေခဲ့တယ်..။ဒါပေါ့..နောက်ဆုံးမှာတော့..သူတို့က ဖျော်ဖြေမူရှိတဲ့ အဖွဲ့တစ်ဖွဲ့အဖြစ်ပဲ အဆုံးသတ်သွားကြပါလိမ့်မယ်..။

သို့ပေမယ့် လက်တွေအခြေအနေကတော့..ဇာတ်လမ်းရေးသားတဲ့ သူတွေ ဖော်ပြတဲ့ ပုံစံမျိုးနဲ့ အတော်လေးကို ကွာခြားနေခဲ့တယ်..။ဒီနေရာမှာ.. လုပ်ပိုင်ခွင့် ဒါမှမဟုတ်..ရဲအရာရှိတွေ ဖော်ပြတဲ့ သဘောထားကွဲလွဲမူတွေ အတွက်..အငြင်းပွားကြတာမျိုး မရှိကြပေ..။အဲဒီအစား သူတို့က ကျွမ်းကျင်တဲ့ နိုးထသူတွေ ရောက်လာတာကိုပဲ ဝမ်းသာအားရနဲ့ ကြိုဆိုခဲ့ကြပါတယ်..။

ကောင်းပြီလေ..ဒါပေါ့ သူတို့က ကြိုဆိုကြမှာပေါ့..။ဒါက ဆန်နီ ပထမဆုံးအိပ်မက်ဆိုးကို ရင်ဆိုင်တုန်းက အသက်ကြီးတဲ့ ရဲအရာရှိ သူ့ရှေ့မှာ ပြောခဲ့တဲ့ အတိုင်းပါပဲ..။တကယ်လို့ သူ သေဆုံးသွားတဲ့ အချိန်မှာသာ..အနီးအနားမှာ..နိုးထသူ ရှိမနေခဲ့ရင် သူ့ ခန္တာကိုယ်ထဲကနေ ထွက်လာတဲ့ အိပ်မက်ဆိုးသားရဲတွေကို သူတို့က တိုက်ခိုက်ကြရပါလိမ့်မယ်..။ပြီးတော့..ဒါက သာမန်လူတွေ လုံးဝ မလုပ်ချင်ကြတဲ့ အရာတစ်ခုပါပဲ..။

မာစတာ ဂျက်က ရဲအရာရှိတွေထဲက တစ်ယောက်ဆီကို လျောက်သွားလိုက်ပြီး..ခေါင်းညိမ့်ပြကာ နှုတ်ဆက်လိုက်တယ်..။ဒီလူက သူမထက် အတော်လေး အသက်ကြီးပုံရပေမယ့်..အရာရှိက သူတို့ကို ယဉ်ကျေးမူ အရှိဆုံး ပုံစံနဲ့သာ ဆက်ဆံ လာခဲ့ပါတယ်..။သူက ဆန်နီထက် အသက်အများကြီး ပိုကြီးနေတာကိုတော့ ပြောစရာတောင် မလိုတော့ပါဘူး..။

“ပြန်တွေ့ရတာ ဝမ်းသာပါတယ် မဒမ်..။နှုတ်ဆက်ပါတယ် ဆရာ..။ကျွန်တော် လမ်းပြပေးပါ့မယ်..”

အရာရှိက သူတို့ကို လမ်းကြားအတွင်းထဲမှာ ရှိနေတဲ့..လေးလံတဲ့ သတ္တုတံခါးကြီးတွေ ရှိတဲ့နေရာကို ခေါ်သွားခဲ့တယ်..။ဒီအရာက အရိပ်တွေထဲမှာ ရှိနေခဲ့တာပါ..။ဒါက အတော်ကျယ်ကျယ်ပွင့်နေခဲ့ပြီး..အထဲကနေ အဖြူရောင် အလင်းတန်းတွေ ထွက်ပေါ်နေခဲ့ကာ..အပြင်ဖက်က ရဲတွေရဲ့ မီးတွေနဲ့ ရောနှောနေခဲ့ပါတယ်..။အခြေအနေ တစ်ခုလုံးက ဆန်နီအတွက် အနည်းငယ် မရင်းနှီးသလို ဖြစ်နေခဲ့တယ်..။ဒါက သူ့အနေနဲ့ ထူးဆန်းတဲ့ အိပ်မက်တစ်ခုထဲကို ရောက်နေသလိုပါပဲ..။

‘ငါဆိုလိုတာက..တစ်ခြားဘယ်နေရာမှာများ ရဲအရာရှိတစ်ယောက်က ငါ့ကို ဆရာ လို့ ခေါ်နိုင်ဦးမှာလဲ..။ဘဝက တစ်ခါတစ်လေ..တကယ်ကို ရယ်ရတာပဲ..’

ဒီအတွေးကြောင့် ဆန်နီ အနည်းငယ် သဘောကျသွားခဲ့ပြီး..မာစတာ ဂျက် ဘက်ကို လှည့်ကာ မေးလိုက်တယ်..။

“ဒါက ဘယ်လိုနေရာမျိုးလဲ..’

သူမက ခနလောက်တွေဝေ နေခဲ့ပြီးမှ..မထင်မှတ်ထားတဲ့ အသံနဲ့ ပြောလိုက်ပါတယ်..။

“ဒါက ကလပ်ပုံစံမျိုးပဲ..။သားသတ်ရုံလို့ ခေါ်တယ်..။ဒီမြို့မှာ ရှိနေတဲ့ ကလပ်အနည်းငယ် ထဲက တစ်ခုပေါ့..”

ဆန်နီက ဆိုင်းဘုတ် ဒါမှမဟုတ် ကလပ်တစ်ခုဖြစ်ကြောင်း အချက်ပေးထားတဲ့ အရာတွေ ဘာမှ မရှိတဲ့ တံခါးကို စိုက်ကြည့်နေခဲ့တယ်..။ဒါက စေ◌ျးကွက်အတွက် တမင်တကာ ထူးခြားပြီး သီးသန့်လေး ဖြစ်နေအောင် ဖန်တီးထားတာလား..။ဒါမှမဟုတ် အထဲမှာ ရှိနေတဲ့ အရာတွေကပဲ ဖုံးကွယ်ထားဖို့ အတွက် လိုအပ်နေတာလား..။

“ကလပ်တစ်ခုအတွက်တော့ တကယ်ကို ထူးခြားတဲ့နာမည်ပဲ..”

မာစတာ ဂျက်က ပြုံးလိုက်ပြီး..

“ဒါက..အထူး ဧည့်သည်တွေ အတွက် ရည်ရွယ်ထားတာပဲ..။မြေညီထပ်က ပုံမှန်အတိုင်းပဲ ကခုန်ဖို့ပြုလုပ်ထားတယ်..။ဒါပေမဲ့ အဲဒီအောက်မှာတော့..မြေအောက်ပြိုင်ပွဲတွေ ကျင်းပတဲ့ VIP နေရာမျိုး ရှိနေတယ်လေ..။အဲဒီမှာ တရားမဝင်တာမျိုးတွေကို လုပ်ကိုင်တာတော့ မရှိဘူး..။ဒီတိုင်း..အဲတာတွေက..အဆင်မပြေတဲ့ အရာတွေပဲ..”

သူမက ခနလောက် ရပ်တန့်လိုက်ပြီးမှ နက်မှောင်တဲ့ အသံနဲ့ ထပ်ပြောလာခဲ့တယ်..။

“သူတို့က ထပ်တူညီမူတွေ ၊ များသောအားဖြင့် အသွင်ပြောင်းသားရဲတွေကို အသုံးပြုပြီး ..သာမန် တိုက်ခိုက်ရေးသမားတွေနဲ့ တိုက်ခိုက်ခိုင်းကြတာလေ..။ဒါပေါ့ တိုက်ခိုက်ရေးသမား တွေကတော့..ရက်ရက်ရောရောကို ဝင်ငွေရကြတယ်..။ပြီးတော့..ကလပ်ကိုယ်တိုင်ကလည်း..ဒီလိုအရာမျိုးကို သဘောကျကြတဲ့ ချမ်းသာတဲ့ ငနဲတွေ ဆီကနေ အကျိုးအမြတ်တွေ ရရှိတယ်..။တကယ်လို့ ထပ်တူညီမူက မတော်တဆ ပျက်ဆီးသွားခဲ့မယ် ဆိုရင်တောင် ..သူတို့က ဒီဆုံးရှုံးမူကို ကာကွယ်နိုင်တဲ့ ဝင်ငွေမျိုးကို ရရှိကြလိမ့်မယ်..။လူတိုင်း အနိုင်ရတယ် လို့ ထင်တာပဲ..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

ချမ်းသာတဲ့ လူတွေက ဒီလိုဖျော်ဖြေရေးတွေကို သဘောကျကြတယ် ဆိုတာကို သူ သိထားပြီးသားပါ..။ပြီးတော့..အဖိုးတန်တဲ့ ထပ်တူညီမူတွေ အချင်းချင်းတိုက်ခိုက်ကြတဲ့ ပြိုင်ပွဲတွေလည်း..ရှိနေကြပါသေးတယ်..။ဒါပေမဲ့ သာမန်လူတွေကို တိုက်ခိုက်ခိုင်းတာကတော့..နည်းနည်း မလွန်လွန်းဘူးလား..။

‘ငါက နိုးထလာပြီးတဲ့ နောက်မှာ ရုတ်တရက် ကလေးတစ်ယောက်လို ဖြစ်သွားတာလား..’

ဒါပေါ့..ဘယ်အရာကမှ လွန်လွန်းတယ် ဆိုတာ မရှိပါဘူး..။စက်ဆုပ်ဖွယ်ကောင်းတဲ့ အရာတွေက ဘယ်လိုလို အလုပ်လုပ်လဲဆိုတာကို မြို့ပြင်မှာနေခဲ့တဲ့ အချိန်ကတည်းက ဆန်နီ သိထားပြီးသားပါ..။သူ လတ်တလော အံ့ဩသင့်နေတာက..လူအဖွဲ့အစည်း ရဲ့ ချမ်းသာတဲ့ လူတွေနဲ့ ကြားထဲက အရာတွေကို သိပ်မသိသေးလို့ပါပဲ…

“ဒီတော့..သားသတ်ရုံမှာ ဘာတွေ ဖြစ်ခဲ့တာလဲ..”

မာစတာဂျက် ပုခုံးတွန့်လိုက်ပြီး..

“အဲဒါကိုပဲ ငါတို့ရှာဖွေရမှာပဲ..။ငါ သိထားသလောက်ကတော့..အထဲမှာရှိနေတဲ့ လူအားလုံးက သေဆုံးနေပြီ..။တကယ်တော့ ဒါက အထင်နဲ့အမြင် တစ်ခြားစီဖြစ်နေတယ်..”

သူတို့ကို လမ်းပြနေတဲ့ ရဲအရာရှိက သူမကို တစ်ချက်ကြည့်လိုက်ပြီး အက်ကွဲစွာ ပြောလိုက်ပါတယ်..။

“အထဲမှာကတော့..အတော်လေးကို ရှုပ်ထွေးနေတယ် မဒမ်..။စိတ်မခိုင်တဲ့ လူတွေကတော့ ကြည့်တောင် မကြည့်သင့်ဘူး..။ပြီးတော့..ဒါက သာမန်လူတွေ လုပ်နိုင်လောက်တဲ့ အရာမျိုးလည်း မဟုတ်ဘူးလေ..”

‘ စွဲမက်လောက်စရာပဲ..’

အတွင်းထဲမှာတော့..လေထုက သွေးညှီနံ့တွေနဲ့ ပြည့်နှက်နေခဲ့တယ်..။ဆန်နီ ဟာ သူ့ကိုယ်သူ များပြားလှတဲ့ အလင်းရောင်တွေရဲ့ အလယ်မှာ ရောက်နေတာကို တွေ့လိုက်ရပါတယ်..။မျက်စိကျိန်းလောက်တဲ့ အလင်းရောင်တွေက အမှောင်ထု တစ်ချို့နဲ့လည်း ရောနှောနေခဲ့ပြန်သေးတယ်..။ဒါက ထူးဆန်းပြီး..အန္တရာယ်ဖြစ်စေတဲ့ လေထုတစ်ခုကိ ဖန်တီးထားခဲ့တာပါ..။ဒီလို အလင်းတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ငရဲမှာ..ဘယ်အရာကိုမှ လေ့လာဖို့ အဆင်မပြေလှပါဘူး..။

မာစတာ ဂျက် မျက်မှောင်ကျုတ်လိုက်ပြီး..

“အလင်းရောင်တွေက ဘာြဖစ်နေတာလဲ..”

ရဲအရာရှိက ရှက်ရွံ့စွာ အောက်ကိုကြည့်လိုက်တယ်..။

“ တောင်းပန်ပါတယ်..မဒမ်..။ကျွန်တော်တို့က သီချင်းကို ပိတ်နိုင်လိုက်ပေမယ့်..ဒီမီးတွေကို ပိတ်ဖို့အတွက် နည်းနည်းပြသနာ ဖြစ်နေခဲ့တာလေ..”

သူမက စိတ်မကြည်စွာ ကြည့်လိုက်ပြီး..

“ကောင်းပြီလေ..အခုသွားလုပ်လိုက်ပါ..”

ရဲအရာရှိက တစ်ဖက်ကို ထွက်သွားခဲ့ပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လှမ်းအော်ပြောလိုက်တယ်..။ခနအကြာမှာတော့…ဟောခန်းတစ်ခုလုံးက ရုတ်တရက် မှောင်မိုက်သွားခဲ့ပြီး..အဲ့နောက်မှာတော့..ပုံမှန်အလင်းရောင်တစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်..။

မှိတ်တုတ် မှိတ်တုတ် ဖြစ်နေတဲ့ မီးစလိုက်တွေ မရှိတော့တာကြောင့်..ကလပ်က အနည်းငယ် သေးငယ်ပြီး..ဆန်နီ ထင်ထားတာထက် အနည်းငယ် ဟောင်းနွမ်းနေသလိုတောင် ထင်လိုက်ရပါတယ်..။သူက ကလပ်ရဲ့ အတွင်းပိုင်း ဒီဇိုင်း ၊ စတိတ်စင် ပုံစံ ဒါမှမဟုတ် စေ◌ျးအကြီးဆုံးအရက် ပုလင်းတွေ ရာနဲ့ချီပြီး ရှိနေတဲ့ ဘား တွေကိုတော့ လိုက်ပြီး ဂရုစိုက်မနေတော့ပါဘူး..။

ဆန်နီဟာ သုန်မုန်တဲ့ မျက်နှာအမူအရာနဲ့ပဲ အလောင်းတွေကို ကြည့်နေခဲ့တယ်..။

ဒီနေရာမှာ အလောင်းက တစ်ဒါဇင်ကျော်လောက်ရှိပြီး..အားလုံးက ကျိုးပဲပြီး ဆိုဆိုးဝါးဝါးကို ပုံပျက်နေကြပါတယ်..။ဒါက လေဆင်နှာမောင်းတစ်ခုရဲ့ ဝါးမြိုခြင်းကို ခံထားကြရသလိုပါပဲ..။သို့ပေမယ့် ဒါပေါ့..သဘာဝဘေးအန္တရာယ် တစ်ခုက..ကလပ်မှာြဖစ်ပျက်ခဲ့တာနဲ့ ဘာမှ သက်ဆိုင်ခြင်းမရှိပေ..။ထွက်ပေါ်လာတဲ့ ရလာဒ်ကပဲ တူညီသလို ဖြစ်နေခဲ့တာပါ..။

ဒါက နိုးထသူ တစ်ယောက်ရဲ့ လုပ်ရပ်ပါပဲ..။

နိုးထသူ တစ်ယောက်က ထိန်းချုပ်မူ ကင်းမဲ့သွားမယ် ဆိုရင် ဘာြဖစ်လာမယ် လို့ နင်ထင်သလဲ..။

အဖြေကတော့ သူ့ရဲ့ ရှေ့မှာ ရှိနေခဲ့ပါပြီ..။

ဆိုးဝါးပြီး ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့ လူသားအလောင်းတွေက ကြမ်းပြင်ပေါ်က သွေးအိုင်ထဲမှာ လဲလျောင်းနေခဲ့ကြပါတယ်..။အမှန်တကယ်ပဲ ဒါက အစာအိမ်မကောင်းတဲ့ လူတွေ ကြည့်သင့်တဲ့ မြင်ကွင်းမျိုး မဟုတ်ပါဘူး..။သိုပေမယ့်..ကောင်းတဲ့အချက်က ဆန်နီအနေနဲ့ ဒီထက်ဆိုးဝါးတဲ့ မြင်ကွင်းတွေကို မြင်ဖူးထားတာကြောင့်..ဒီလို မြင်ကွင်းက သူ့ကို အများကြီး တုန်လှုပ်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ..။

သို့ပေမယ့် ဒါက သူ့အပေါ်မှာတောင် နက်ရှိုင်းတဲ့ သက်ရောက်မူ ရှိနေပါသေးတယ်..။

ဆန်နီဟာ ဘာတွေဖြစ်ပျက်နေတာလဲ ဆိုတာကို နားလည်ဖို့အတွက် ချွေးထွက်ခံပြီး အနီးကပ်သွားကြည့်စရာတောင် မလိုအပ်ခဲ့ပေ..။အလောင်းတွေ ရဲ့ ပုံစံနဲ့ သူတို့ရဲ့သဘောသဘာဝ အရတော့..လူသတ်သမားက အားကောင်းတဲ့ မှတ်သားမူ ဒါမှမဟုတ်..ထပ်တူညီမူမျိုးကို အသုံးမပြုခဲ့ပါဘူး..။ဒါက အရမ်းကို ရိုးရှင်းပါတယ်..။

သူက ဒီတိုင်း သူ့ရဲ့ လက်တွေကိုပဲ အသုံးပြုသွားခဲ့တာပါ..။

ဂိတ်ပေါက် တိုက်ပွဲမှာတုန်းကလည်း..ဆန်နီက ကားတစ်စီးလုံးကို မတင်ပြီး အိပ်မက်ဆိုးသားရဲတွေ သွားနေကြတဲ့ လမ်းကြောင်းကို လှမ်းပြီး ပစ်ခဲ့ပါသေးတယ်..။ဒါက နိုးထသူတစ်ယောက် ရဲ့ ခွန်အားပါပဲ..။သူ့ကို အရိပ်က အားဖြည့်ပေးထားတယ် ဆိုရင်တောင် သူ့ရဲ့ ကိုယ်ပိုင် ခွန်အားက သာမန်လူတွေထက် အများကြီးကို သာလွန်ပါတယ်..။

အသိစိတ်လွတ်နေတဲ့ နိုးထသူတစ်ယောက်က.တစ်ဒါဇင်လောက်ရှိတဲ့ သာမန်လူတွေကို စက္ကန့်အနည်းငယ်လောက်နဲ့တင်..ချေမွပစ်လိုက်နိုင်ပါတယ်..။ဘယ်သူကမှ ဒီအရာကို တားဆီးနိုင်မှာ မဟုတ်ပေ..။အခိုက်အတန့်ကို သယ်ဆောင်ထားသူ ရဲ့ ရှေ့မှာတော့..သာမန်လူသားတွေ ဆိုတာကစက္ကူအရုပ်လေး တွေပါပဲ..။သူတို့ကို ဖျက်ဆီးပစ်ဖို့အတွက်က အားအနည်းငယ်ပဲ စိုက်ထုတ်ရမှာပါ..။

‘ အဲဒီ ခွေးသား..’

အခင်းဖြစ်ပွားတဲ့ နေရာကို လာတဲ့အချိန်တုန်းက ဆန်နီဟာ သူ့အနေနဲ့ သုတ်သင်ရှင်းလင်းသူ နေရာကနေ ပါဝင်သရုပ်ဆောင်ချင်တာ သေချာရဲ့လား ဆိုတာကို သံသယ ဖြစ်နေခဲ့ပါသေးတယ်..။

..ရိမ်းကလည်း နစ်နာသူတွေထဲက တစ်ယောက်ဖြစ်သွားနိုင်တယ်..။နိုးထသူ တစ်ယောက်ဖြစ်မလာခင်မှာလည်း သူက နစ်နာသူတွေထဲက တစ်ယောက်အပါအဝင်ဖြစ်သွားနိင်ပါတယ်..။

ဆိုးဆိုးဝါးဝါး ပျက်ဆီးနေတဲ့ အလောင်းတွေကို ကြည့်နေတဲ့ အချိန်အတွင်းမှာပဲ..သူ့ရဲ့ သံသယတွေ အားလုံးက ကွယ်ပျောက်သွားခဲ့ပါပြီ..။

အပိုင်း ( ၅၀၅ ) ပြီး၏။

All Chapters