တိတ်ဆိတ်နေတဲ့ မျက်မြင်သက်သေများ..
Vol. 34 Ch. 506
ဆန်နီ အလောင်းတွေကို လေ့လာနေတုန်းမှာတော့ မာစတာဂျက်က ရဲအရာရှိတွေကို စကားသွားပြောနေခဲ့တယ်..။ယင်းနောက် ရဲအရာရှိ တစ်ယောက်နဲ့အတူ ပြန်လာခဲ့ပါတယ်..။သူမရဲ့ မျက်နှာပေါ်မှာတော့…စိတ်ပျက်တဲ့ မျက်နှာအမူအရာပေါ်နေခဲ့တယ်..။
“အသုံးဝင်တဲ့ မှတ်တမ်းတစ်ခုမှ ရှိမနေဘူး..။ဒီလိုနေရာတွေက ဧည့်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာကို ထိန်းသိမ်းပေးထားဖို့အတွက် တည်ရှိနေကြတာ..။ပြီးတော့..သူတို့ တပ်ထားတဲ့ ကင်မရာအချို့ကလည်း အမှောင်ထုကလွဲပြီး ဘာမှ ပေါ်မလာဘူး..”
ဆန်နီ သူမကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။
“ နစ်နာသူတွေ ဆီကလည်း အချက်အလက်အများကြီး မရနိုင်ဘူး..။သတ်တဲ့လူက သူ့ရဲ့ လက်သီးတွေကိုပဲ သုံးသွားတာ..”
သူမ ပုခုံးတွန့်လိုက်တယ်..။
“ပုံမှန်အားဖြင့် ဒီလိုအခြေအနေမှာ ဒီလိုတွေပဲ ဖြစ်တာများတယ်..။ဇာတ်လမ်းအများစုမှာ..ဒီလိုသတ်တဲ့လူက ဧည့်သည်တွေထဲက တစ်ယောက်ဖြစ်ပြီး..အရက် ဒါမှမဟုတ် မူးယစ်ဆေးကြောင့် သူတို့ရဲ့ အသိစိတ်က တဒဂ်လောက် လွတ်သွားကြတာလေ..။ဒီတော့..ဒီအရာက ကြိုတင်ကြံစည်ထားတဲ့ လူသတ်မူမျိုးလို့တော့ ငါမထင်မိဘူး..”
မာစတာ ဂျက်က တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ ထပ်ပြောလိုက်တယ်..။
“ဒါပေမဲ့ သူက သူ့ရဲ့ စွမ်းရည်ကို အသုံးပြုပြီး ကင်မရာမှာ ဝေဝါးအောင်လုပ်ဖို့ကိုတော့ အသိစိတ်ရှိနေသေးတယ်လေ..။ဒီတော့..သူနဲ့ ရင်ဆိုင်ရတာက သိပ်ပြီး..မရိုးရှငိးလောက်ဘူး..”
ဒီလိုပြောပြီးတာနဲ့ သူမက ရဲအရာရှိဘက်ကို လှည့်ပြီး မေးလိုက်ပါတယ်..။
“အသက်ရှငိကျန်ရစ်သူတွေ ရှိလား..။ကျွန်မတို့မှာ သက်သေတစ်ခုခု ရထားလား..”
သူက ခနလောက်တွေဝေနေပြီးကာမှ သူမကို ထူးဆန်းစွာ ကြည့်လိုက်တယ်..။
“အဲတာလား…အင်း..။တကယ်တော့ အနည်းငယ် ရှိတယ်..။ဒါပေမဲ့..”
အရာရှိက စကားကို ဆုံးအောင် မပြောပဲ မသက်မသာဖြစ်တဲ့ အမူအရာနဲ့ သူတို့ကို ကြည့်နေခဲ့ပါတယ်..။
ဆန်နီ မျက်ခုံးပင့်တင်လိုက်ပြီး..
“ဒါပေမဲ့ ဘာြဖစ်လဲ..။သူတို့က စကားပြောဖို့ ငြင်းဆန်နေကြတာလား..”
ရဲအရာရှိက ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်တယ်..။
“မဟုတ်ဘူး..သူတို့က ငြင်းဆန်နေကြတာမျိုး မဟုတ်ဘူး..။သူတို့က ဒီတိုင်း…ကျွန်တော်လည်း သေချာမသိတော့ဘူး..။သူတို့က တစ်ခုခုတော့ မှားယွင်းနေကြတယ်..။သူတို့က စကားလည်း မပြောကြဘူး..ဒါမှမဟုတ် တုန့်ပြန်မူလည်း မရှိကြဘူး..။ကျွန်တော်က အရမ်းကို ထိပ်လန့်နေတဲ့ လူတွေ ၊ ပြီးတော့ အံ့ဩမူကြောင့် မလှုပ်ရှားနိုင်ဖြစ်နေတဲ့ လူတွေအများကြီးကို မြင်ဖူးပါတယ်..။ဒါပေမယ့်..ဒါက..ဒါက တစ်ခုခုပဲ..။အရိုးသားဆုံးပြောရရင် ကျွန်တော်တို့ အားလုံးကိုတောင် ထိပ်လန့်စေတယ်..။
ဆန်နီ နဲ့ မာစတာ ဂျက်တို့ဟာ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီးမှ သူတို့ထဲက တစ်ယောက်က ပြောလိုက်တယ်..။
“လမ်းပြပါ..”
အရာရှိဟာ သက်ပြင်းချလိုက်ပြီး သူတို့ကို ကလပ်ရဲ အနောက်ဘက်ကို ခေါ်သွားလိုက်ပြီး..မထင်မရှားတဲ့ တံခါးကနေတဆင့် ..ဝန်ဆောင်မူပေးတဲ့ အခန်းတွေ ဆီကို ခေါ်သွားလိုက်ပါတယ်..။မျက်မြင်သက်သေတွေက သေးငယ်တဲ့ အခန်းလေးတစ်ခုထဲမှာ..ခံစားချက်မဲ့စွာ စုဝေးနေခဲ့ကြတယ်..။ကြောက်လန့်နေတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကတော့..သူတို့အခြေအနေရဲ့ အကြောင်းပြချက်ကို ရှာဖွေဖို့ ကြိုးစားနေခဲ့ကြပါတယ်..။
အဲဒီမှာ လူငါးယောက်ရှိနေခဲ့ပြီး အားလုံးက..အေးချမ်းတဲ့ မျက်နှာအမူအရာတွေနဲ့ ထူးဆန်းစွာပဲ ကြောင်တောင်တောင် ကြီးတွေ ဖြစ်နေခဲ့ကြတယ်..။သူတို့က လုံးဝကို တိတ်ဆိတ်ပြီး ခံစားချက်မဲ့ကာ အဲ့အတိုင်းနေနေခဲ့ကြတာပါ..။လူသစ်တွေ ရောက်လာခဲ့တာကိုလည်း..လုံးဝ တုန့်ပြန်ခြင်းမရှိကြပါဘူး..။
သူတို့ရဲ့ မျက်လုံးတွေက တည်ငြိမ်ပြီး.ဘာမှမဖြစ်သလို ရှိနေခဲ့တယ်..။
ဆန်နီ ဖြူဖျော့သွားခဲ့ပြီး..
‘ဘယ်လို..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..’
ဒီ ရှင်သန်သူတွေက ဘာမှားယွင်းနေလဲ ဆိုတာကို သူ တစ်ချက်ကြည့်လိုက်တာနဲ့ တန်းပြီး သိလိုက်ပါတယ်..။
ပိုပြီး တိတိကျကျ ပြောရရင်..သူတို့က ဟောလိုး တွေပါ..။
‘ဘယ်လိုလုပ် သာမန်လူတစ်ယောက် ဟောလိုး ဖြစ်လာရတာလဲ..’
သူက ရုတ်တရက် အေးစက်လာသလို ခံစားလိုက်ရတယ်..။
မာစတာ ဂျက်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့..သူမလည်း မျက်မှောင်ကျုတ်နေတာကို မြင်တွေ့လိုက်ရပါတယ်..။
ကခုန်တဲ့ နေရာမှာဖြစ်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မူကတင် လုံလောက်အောင် ဆိုးဝါးနေပြီးပါပြီ..။သို့ပေမယ့် ဒီဟာ..ဒီဟာက အခြေအနေတစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းပြီး..ကျောချမ်းသွားစေပါတယ်..။တကယ်လို့ အရင်က ဆန်နီအတွက် စက်ဆုပ်စရာတစ်ခု ဆိုရင်..အခုချိန်မှာတော့..သူက စတင်ပြီး စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာခဲ့တယ်..။
“ဘယ်လိုငရဲလဲ..”
မာစတာဂျက်က ဟောလိုး ငါးယောက်ကို ခနလောက်ကြည့်ပြီးတဲ့ နောက်မှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ကြည့်လိုက်တယ်..။
“သွားပြီးနားလိုက်ကြဦး ကောင်လေးတို..။ဒီလူတွေကို ထားထားလိုက်..။သူတို့က သေပြီးနေကြပြီ..”
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေထဲက ရွှေရောင်ဆံပင် ၊ သိမ်မွေ့တဲ့ မျက်လုံးတွေနဲ့ ရင့်ကျတ်နေပြီဖြစ်တဲ့ အမျိုးသမီး တစ်ယောက်က စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး..
“တောင်းပန်ပါတယ် မဒမ်..။ဒါပေမဲ့.. ဒါပေမဲ့ သူတို့က အဆင်ပြေကြတယ်လေ..။ကျွန်မတို့ လိုအပ်တာက..”
မာစတာဂျက် လေးလံစွာ သက်ပြင်းချလိုက်တယ်..။
“သူတို့ရဲ့ ဝိဉာဉ်တွေက ဖျက်ဆီးခံထားရပြီးပြီ..။ရှင်တို့ သူတို့အတွက် လုပ်ပေးနိုင်တာ ဘာမှမရှိတော့ဘူး..။တစ်ခြား တစ်ခုခုက ကျန်တာတွေကို ဂရုစိုက်ပေးလိမ့်မယ်..”
ဆေးဝန်ထမ်းဟာ သူမကို အတော်ကြာအောင် ကြည့်နေပြီးကာမှ ခေါင်းကိုငုံ့လိုက်ပြီး တိတ်ဆိတ်စွာပဲ ထွက်သွားခဲ့ပါတယ်..။သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း.နောက်ကနေ လိုက်သွားခဲ့ကြတယ်.။သူတို့ရဲ့ မျက်နှာပေါ်မှာ .နောင်တရမူ ၊ ဒေါသထွက်မူ နဲ့ ထိပ်လန်တဲ့ အမူအရာတွေ သိသာစွာ ထွက်ပေါ်နေခဲ့ကြပါတယ်..။
ရဲအရာရှိကတော့ ဒီမှာ ရှိနေဆဲဖြစ်ပေမယ့်..သူက ဟောလိုးေတွ နဲ့ တတ်နိုင်သမျှ ဝေးတဲ့နေရာမှာသာ ရပ်နေခဲ့ပါတယ်..။
မာစတာဂျက်က ပိုမိုမျက်မှောင်ကျုတ်ထားရင်း ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။ပြီးတဲ့နောက်မှ ဆန်နီ ဘက်ကို လှည့်လာခဲ့ပါတယ်။
“နင့်ရဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် ငါလည်း မသိဘူး..”
သူက ခနလောက်တွေဝေနေပြီးကာမှ မေးလိုက်တယ်..။
“ဒါပေမဲ့ လူသားတစ်ယောက်က ဘယ်လိုလုပ် ဟောလိုး ဖြစ်လာနိုင်ရတာလဲ..။ဒါက အိပ်မက်ကမ္ဘာမှာ သေဆုံးသွားတဲ့ လူတွေမှာပဲ ဖြစ်ကြတာ မဟုတ်ဘူးလား..”
သူမက သူ့ကို ကြည့်လိုက်ပြီး တိတ်ဆိတ်စွာပဲ ခေါင်းခါယမ်းလိုက်တယ်..။နောက်ဆုံးမှာတော့..မာစတာဂျက်က ပြောလိုက်ပါတယ်..။
“..မှားတယ်..။အရမ်းကို အားကောင်းတဲ့ စိတ်ဝိဉာဉ်တိုက်ခိုက်မူ တစ်ခုက ဟောလိုး တစ်ယောက်ကို ဖြစ်ပေါ်လာစေနိုင်တယ်..။ဒါပေမဲ့ စိတ်ဝိဉာဉ်ကို တည့်တည့်ထိအောင် တိုက်ခိုက်နိုင်တယ် ဆိုတာက အရမ်းကို ရှားပါးတယ်လေ..။ဒီတော့..ဒါက မကြာခနဖြစ်လေ့ဖြစ်ထ မရှိဘူး..။မဖြစ်သလောက်ပဲ ဆိုရင် ပိုမှန်လိမ့်မယ်..”
ဆန်နီဟာ လူငါးယောက်ဆီကို အနီးကပ်သွားကြည့်ပြီး လေ့လာလိုက်တယ်..။
“အစ်မရော ဒီလိုတိုက်ခိုက်မူမျိုး လုပ်နိုင်လား..”
မာစတာ ဂျက်က ခနလောက်တွေဝေပြီးကာမှ ရိုးရှငိးစွာပဲ ပြန်ဖြေလိုက်တယ်..။
“တကယ်လို့ ငါသာ တိကျမယ် ဆိုရင်ပေါ့..”
ဒီလူတွေနဲ့ ပတ်သက်ပြီး တစ်ခုခုက မှားယွင်းနေခဲ့ပါတယ်..။ပြီးတော့ ဒါက သူတို့အနေနဲ့ ဟောလိုး ဖြစ်နေတာကြောင့် မဟုတ်ပါဘူး..။တစ်ခြားတစ်ခုခု ရှိနေပါသေးတယ်..။အဆုံးမှာ ဆန်နီရဲ့ ဆံပင်တွေကိုတောင် ထောင်မတ်ပြီး ထိပ်လန့်သွားစေလောက်မယ့် အရာတစ်ခု..။
နူးညံ့ပေမယ့် နက်နက်ရှိုင်းရှိုင်း မှားယွင်းနေတဲ့ ခံစားချက်မျိုး..။
သူက အရိပ်အာရုံခံမူကို ထုတ်ဖော်လိုက်ပြီး စစ်ဆေးကြည့်လိုက်တဲ့အချိန်မှာတော့ တုန်လှုပ်သွားခဲ့တယ်..။
မာစတာ ဂျက်ကတော့..ဒီလိုသေးငယ်တဲ့ တုန့်ပြန်မူလေးကိုတောင် လွဲချော်သွားခြင်းမရှိခဲပါဘူး..
“ဘာလဲ..။တစ်ခုခု ရှာတွေ့လို့လား..”
ဆန်နီ အံကိုကြိတ်ထားရင်း ခေါင်းညိမ့်လိုက်တယ်..။
“သူတို့ရဲ့ အရိပ်တွေက…အရိပ်တွေက သေနေကြပြီ..”
သူမက သူ့ကို မျက်ခုံးပင့်တင်ပြီး စိုက်ကြည့်နေခဲ့တယ်း..။
“အဲတာက ဘယ်လိုဖြစ်တာလဲ..။ငါက အရိပ်စွမ်းရည်တွေနဲ့ ပတ်သက်ပြီး သိပ်မသိထားဘူးလေ..။တောင်းပန်ပါတယ်..အဲတာက အရမ်းရှားပါးတဲ့ စွမ်းရည်မျိုးတွေ မလား..။အရိပ်ကို ထိခိုက်အောင်လုပ်တာက..ဝိဉာဉ်ကို ထိခိုက်အောင် လုပ်တာနဲ့ တူတူပဲလား..”
ဆန်နီ ခနလောက်တွေးကြည့်ပြီးတဲ့ နောက်မှာ ပုခုံးကို တွန့်လိုက်တယ်..။
“ကျွန်တော်လည်း သေချာတော့ မသိထားဘူး..။ဘာပဲဖြစ်ဖြစ် အဲလို အရာအတွက်က လေ့လာစရာ စာအုပ်လည်းရှိနေတာ မဟုတ်ဘူးလေ..။ဒါပေမဲ့..ကျွန်တော်ရဲ့ အရိပ်ကို ထိခိုက်အောင် လုပ်နိုင်တဲ့ အရာက နှစ်ခုပဲ ရှိတယ်..။တစ်ခုက နောက်ထပ် အရိပ်တစ်ခု ဖြစ်ပြီး..နောက်တစ်ခုက စိတ်ဝိဉာဉ် တိုက်ခိုက်မူပဲ..”
ဆန်နီအနေနဲ့ စိတ်ဝိဉာဉ်တိုက်ခိုက်မူမျိုးကို အတိအကျ လုပ်ဆောင်နိုင်တဲ့ မာစတာဂျက်ကို ဒီလို အချက်အလက်မျိုးပေးရတာက အဆင်ပြေရဲ့လား ဆိုတာ သေချာမသိပါဘူး..။သို့ပေမယ့် ဘာပဲဖြစ်ဖြစ် သူ မျှဝေပေးဖို့ ဆုံးဖြတ်လိုက်တယ်..။
အနည်းဆုံးတော့..သူ သူမကို အဲလောက်အထိ ယုံကြည်ထားပါတယ်..။
“ဒီတော့..အရိပ်တွေက စိတ်ဝိဉာဉ်တိုက်ခိုက်မူကို ထိတွေ့ခံစားနိုင်တာကြောင့်..အရိပ်တွေက ဝိဉာဉ်တွေနဲ့ နက်ရှိုင်းတဲ့ ဆက်နွယ်မူတွေ ရှိနေတယ်လို ယူဆမယ်ဆိုရင် လွန်မယ်မထင်ဘူး..။ဒါမှမဟုတ် အနည်းဆုံးတော့ သူတို့က တစ်နည်းနည်းနဲ့ ဆက်နွယ်နေကြလိမ့်မယ်..”
သူမ ခေါင်းညိမ့်လိုက်ပြီး အတော်ကြအောင် တိတ်ဆိတ်ကာ..စဉ်းစားနေခဲ့ပါတယ်..။ယင်းနောက် မာစတာ ဂျက်က သူ့မေးခွန်းကို ပြန်မေးလာခဲ့တယ်..။
“မင်းကရော ဒီလို တိုက်ခိုက်မူမျိုးကို လုပ်နိုင်လား..”
ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။
“ဟင့်အင်..ကျွန်တော်ရဲ့ စွမ်းရည်က..တစ်ခြားတစ်ယောက်ယောက်ရဲ့ အရိပ်ကို ထိခိုက်အောင် လုပ်နိုင်စွမ်းမရှိဘူး.။အနည်းဆုံး ..အခုချိန်အထိပေါ့..”
အဲ့အချိန်မှာတော့..သူ့ရဲ့ အရိပ်အာရုံခံမူက..ကလပ်တစ်ခုလုံးကို ဖြန့်ကျတ်သွားခဲ့ပြီး..နေရာတစ်ခုလုံးအတိုင်းအတာကို လေ့လာ နေခဲ့ပါတယ်…။
ပြီးတော့..သူက နက်ရှိုင်းတဲ့ မြေအောက်ထဲမှာ. ထူးခြားတဲ့အရာ.တစ်ခုခု ကို သတိထားမိလိုက်တယ်..။
ဆန်နီ ခနလောက်တွေဝေနေခဲ့ပြီးမှ ရဲအရာရှိဘက်ကို လှည့်လိုက်ပါတယ်..။
“ခင်ဗျားရဲ့ လူတွေကို ခေါ်ပြီး အပြင်ကို ထွက်သွားပေးပါ..။ကျွန်တော် ဒါမှမဟုတ် ..မာစတာဂျက်က မပြောသေးပဲနဲ့ အထဲကို မဝင်လာခဲ့ပါနဲ့..”
ရဲအရာရှိဟာ ပါးစပ်ကို ဖွင့်ကာ တစ်ခုခု ပြောချင်ခဲ့ပေမယ့်..ရိုးရှင်းစွာပဲ ခေါင်းညိမ့်လိုက်ပြီး အလျင်အမြန် ထွက်သွား ခဲ့ပါတယ်..။
မာစတာ ဂျက်က ဆန်နီကို မေးခွန်းထုတ်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်..။
“…ဘာဖြစ်လို့လဲ..”
ဆန်နီ သူမကို နက်မှောင်စွာ ပြန်ကြည့်လိုက်တယ်..။
“အဲတာက…ဘယ်လို ပြောရမလဲ..။ကျွန်တော်ကတော့..လူသတ်သမားက အထဲမှာ ရှိနေသေးတယ်လို့ ထင်တယ်..”
အပိုင်း ( ၅၀၆ ) ပြီး၏။