← Chapters

ကြမ်းတမ်းတဲ့ လက်တွေ့အခြေအနေ..

Vol. 34 Ch. 503

ကြမ်းတမ်းတဲ့ လက်တွေ့အခြေအနေ..

Vol. 34 Ch. 503

ဆန်နီ သူ့ထိုင်ခုံကို အနည်းငယ် ပြန်ပြင်လိုက်ပြီး သူ့မျက်နှာပေါ်မှာ စိတ်ဝင်စားတဲ့ အမူအရာ ပေါ်လာခဲ့တယ်..။

‘လူသား တစ်ယောက်လား..’

မာစတာ တစ်ယောက် ဘာလို့ လူသားတစ်ယောက်ကို အမဲလိုက်မှာလဲ..။အဲဒီ အလုပ်တွေကို လုပ်ဖို့အတွက် ရဲ တွေလည်း ရှိကြပါတယ်.။

ဒါပေါ့..အဲဒီလူသား ဆိုတာက နိုးထသူ တစ်ယောက် မဟုတ်ရင်ပါ..။

ဆန်နီ အနေနဲ့..အိပ်မက်ဆိုးအခိုက်အတန့်ကို သယ်ဆောင်ထားကြတဲ့ အစိုးရအထူးအဖွဲ့အစည်းတွေက..ဒီလိုမျိုး ဥပဒေ ချိုးဖောက်ကြတဲ့..နိုးထသူတွေကို ကိုယ်တွယ်ဖြေရှင်းကြတယ် ဆိုတာကို သိထားပြီးသားပါ..။ဒါက ရိုးရှင်းစွာပဲ..ရဲအရာရှိတွေက..လူသားထက်သာလွန်တဲ့ ခွန်အားတွေ ၊ လက်နက်တွေ ဒါမှမဟုတ်..စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြတဲ့ နိုးထသူတွေကို မကိုင်တွယ်နိုင်ကြလို့ပါ..။ဒီလိုကိစ္စတွေမှာ မာစတာဂျက် အနေနဲ့ အစိုးရဘက်ကနေ ဝင်ရောက်ပြီး ကူညီပေးတယ် ဆိုတာက အတော်လေးကို..အဓိပ္ပာယ်ရှိပါတယ်..။

သို့ပေမယ့် အရိုးသားဆုံးပြောရမယ်ဆိုရင်..သူ ဒီအရာတွေက ဘယ်လို လည်ပတ်နေတာလဲ ဆိုတာကို အများကြီး မသိထားပေ..။

သူမကို ကြည့်ပြီး..ဆန်နီ မေးလိုက်တယ်..။

“ဒါက ပြစ်မူကျူးလွန်တဲ့ နိုးထသူ လား..”

“ပြစ်မူကျူးလွန်သူလား..။အင်း..မင်း ဒီလိုပြောလို့တော့..ရပါတယ်..”

သူမက ခနလောက် တိတ်ဆိတ်နေပြီးကာမှ..သူမရဲ့ စကားကို ပြန်ပြင်ဆင်လိုက်ပါတယ်..။

“မဟုတ်ဘူး..။တကယ်တော့ အဲလိုပြောလို့မရဘူး..။ငါတို့ သွားရှာရမယ့် သူက ပြစ်မူကျူးလွန်သူ တစ်ယောက် မဟုတ်ဘူး.။သူက တိရစ္ဆာန် တစ်ကောင်ပဲ..အတော်ကို ကြမ်းတမ်းတဲ့ တိရစ္ဆာန်တစ်ကောင်..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

“ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ စကားလုံး ရွေးချယ်မူပဲ..”

မာစတာ ဂျက်က ကားမောင်းတာကို အာရုံစိုက်ထားရသေးတာကြောင့်…သူ့ကို ချက်ချင်း ပြန်မဖြေနိုင်ခဲ့ပါဘူး..။သို့ပေမယ့် သူမ ပြန်ဖြေလာတဲ့ အချိန်မှာတော့..သူမရဲ့ အသံက ထူးဆန်းစွာပဲ တည်ငြိမ်နေခဲ့ပါတယ်..။

“မင်းက အရင်ကလို အတွေ့အကြုံမရှိတဲ့ အိပ်စက်သူ တစ်ယောက် မဟုတ်တော့ဘူး ဆန်နီ..။ဒီတော့..ငါ တည့်တည့်ပဲ ပြောလိုက်တော့မယ်..။လူတွေအားလုံးထဲမှာမှ မင်းကတော့..နားလည်နိုင်လိမ့်မယ်..။အိပ်မက်ဆိုး တွေ ၊ အိပ်မက်ကမ္ဘာ … အဲတာတွေက သူတို့ရဲ့ အခကြေးငွေကို ယူထားကြတယ်..။တစ်ချို့လူတွေက ဒါကို ခံနိုင်ရည် ရှိကြပေမယ့် တစ်ချို့လူတွေကလည်း ခံနိုင်ရည် မရှိကြဘူး..။တစ်ချို့လူတွေက..အဲဒီအိပ်မက်ဆိုးတွေကို သယ်ဆောင်ပြီး အိပ်မက်ကမ္ဘာဆီကို ပြန်လာခဲ့ကြတာ..”

သူမရဲ့ မျက်နှာပေါ်မှာ နက်မှောင်တဲ့ အမူအရာတစ်ခုက ဖြည်းညှင်းစွာပဲ ပေါ်လာခဲ့ပါတယ်..။

“မေ့ပျောက်ကုန်းမြေ အကြောင်း ငါကြားခဲ့ရသလောက်တော့..မင်းက အဆိုးဆုံးဆိုတဲ့ အရာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပဲ..။ဟုတ်တယ်..နိုးထသူ တွေ ဆိုတာက ကမ္ဘာပေါ်မှာ ထိပ်ဆုံးက ရပ်တည်နေကြတဲ့ သူတွေပဲ..။အသက်ရှင်လျက် ပြန်လာနိုင်ကြတဲ့ သူတွေပေါ့..။ငါတို့က..အခွင့်အရေးတွေ..ပိုက်ဆံတွေ ၊ အာဏာတွေ အားလုံးကို ဆုပ်ကိုင်ထားနိုင်ကြတယ်..။ဒါပေမဲ့..ငါတို့ဆီမှာ ရှိနေတဲ့ အမှတ်အသားတွေက ဘယ်တော့မှ ကွယ်ပျောက် မသွားဘူး..။သွေးတွေ ၊ ချွေးတွေ နဲ့ နာကျင်မူတွေ အားလုံးကို ခံစားခဲ့ကြရအပြီးမှာ..ကံကောင်းတဲ့ လူအနည်းငယ်လောက်က ဆက်လက်ရှင်သန်ဖို့ တွန်းအားပေးခံခဲ့ရအပြီးမှာ..လူတွေ အများကြီးက တောင့်မခံနိုင် ဖြစ်ခဲ့ကြတယ်..”

မာစတာ ဂျက်က လမ်းမပေါ်ကိုသာ ကြည့်နေခဲ့တယ်..။သူမရဲ့ ရေခဲပြာရောင် မျက်လုံးတွေကတော့..မဖော်ပြနိုင်လောက်တဲ့..အေးစက်မူတွေ ဖြစ်ပေါ်နေခဲ့ပါတယ်..။

“…တစ်ချို့တွေက…အနည်းငယ်လောက်ပဲ ပြိုလဲပြီး ..အချို့တွေကတော့ အတော်များများ ပြိုလဲကျသွားခဲ့ကြတယ်..။အစိုးရက ငါတို့နိုးထသူတွေကို သန်မာတဲ့လူတွေ ၊ ဂုဏ်သိက္ခာရှိတဲ့ လူတွေ ပြီးတော့ ကမ္ဘာကြီးရဲ့ ကယ်တင်ရှင်တွေ အဖြစ်ပုံဖော်ထားကြပေမယ့် အမှန်တကယ်ကတော့ ငါတို့ နိုးထသူတွေ ဆိုတာက ရူးသွပ်မူရဲ့ အစွန်းနားလေးမှာ ရှင်သန်နေထိုင်ကြရတာ..။ငါတို့ခံစားရတဲ့ စိတ်ဒဏ်ရာတွေက..တကယ်ကို ကောင်းမွန်တဲ့ ရှုပ်ထွေးမူတစ်ခုကို ဖြစ်လာစေနိုင်တယ်လေ..သိတယ်မလား..။အဲတာက တကယ်ကို ကြီးမားတဲ့ ရှုပ်ထွေးမူကြီး တစ်ခုပေါ့..။ဒီတော့..နိုးထသူ တစ်ယောက်က ထိန်းချုပ်မူကင်းမဲ့သွားပြီး..နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်မယ်ဆိုရင်…ဘာဖြစ်လာလိမ့်မယ်လို့ နင်ထင်လဲ..”

ဆန်နီ ခနလောက်တိတ်ဆိတ်နေခဲ့ပြီး..ရူးသွပ်နေတဲ့ နိုးထသူတစ်ယောက်က သာမန်ကမ္ဘာကြီးထဲမှာ ဘယ်လို ထိခိုက်နိုင်စွမ်းတွေကို ဖန်တီးနိုင်မလဲဆိုတာကို တွေးကြည့်လိုက်ပါတယ်..။သူ့ရဲ့ အမူအရာက နက်မှောင်ပြီး လေးလံသွားခဲ့တယ်..။

သူ ဒီလိုအရာကို တွေးတောင် မတွေးကြည့်ချင်တော့ပါဘူး..။

“အဲလိုဖြစ်လာတဲ့ အချိန်ကျရင်…အစ်မဆီကို ဖုန်းဝင်လာမှာပေါ့..”

မာစတာ ဂျက်က သူ့ကို ကြည့်ပြီး ပြုံးလိုက်တယ်..။

“ဥာဏ်ကောင်းတယ်..။ဟုတ်တယ်..နိုးထသူတွေ ထိန်းချုပ်မူ ကင်းမဲ့သွားပြီဆိုရင်..ငါ ဒါမှမဟုတ် ငါ့လိုလူမျိုး တစ်ယောက်ယောက်က ဖုန်းလက်ခံရရှိကြတယ်လေ..။ဒီလိုကိစ္စမျိုးတွေ ဆိုတာက အများအားဖြင့် အပြင်ကို ထွက်ပေါ်တာမျိုးတွေ မရှိဘူး..။ဘာလို့လဲဆိုတော့..အစိုးရက အဲလို အဖြစ်မခံချင်လို့ပဲ..။အရာရာတိုင်းက..တိတ်တဆိတ်ပဲ ဖြေရှင်းသွားကြတာ..။အခုငါတို့ လုပ်နေသလိုပေါ့..”

ဆန်နီ ခနလောက် စကားမပြောပဲ နေပြီးကာမှ မေးလိုက်တယ်..။

“ဒီတော့..အတိအကျဆိုရင် ဘယ်လို ဆက်ဖြစ်လာမှာလဲ..။ကျွန်တော်တို့ အဲဒီငနဲနဲ့ သွားတွေ့ပြီး ဒီလိုမျိုးတွေ ထပ်မလုပ်ဖို့အတွက် စကားပြောမှာလား..။ဒါမှမဟုတ်…သူ့ကို အနိုင်ယူလား..။သူ့ကို လက်ထိပ်ခတ်ပြီး ဖမ်းရမှာလား..”

ဒါက ဘယ်လို ရယ်စရာအတွေးမျိုးလဲ..။သူက ဖမ်းဆီးမူကို လုပ်ဆောင်နေရတာ..။အရင်တုန်းက ဆိုရင် ဆန်နီက ဒီလိုပုံစံရဲ့ ဆန့်ကျင်ဖက် အခြေအနေမျိုးမှာ အကြိမ်အနည်းငယ်လောက် ရှိနေဖူးပါတယ်..။ပြီးတော့..သူ့ရဲ့ ဘဝမှာ တစ်ခြားတစ်စုံတစ်ယောက်ကို လက်ထိပ်ခတ်ပြီး ဖမ်းရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ..။

မာစတာ ဂျက်က သူ့ကို ရှုပ်ထွေးတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။ဒါကတော့..သနားစရာ သတ္တဝါ တစ်ကောင်ကို ကြည့်နေလုနီးပါးပါပဲ..။

“..မဟုတ်ဘူး..။ငါတို့က သူ့ကို သွားပြီး ဖမ်းမှာ မဟုတ်ဘူးလေ..”

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်..။

“တကယ်လို့ တရားရင်ဆိုင်နေတဲ့ အချိန်မှာ ဘာမှထပ်ပြီးမဖြစ်ခဲ့ရင် သူက လွတ်လွတ်လပ်လပ် သွားလာနေလို့ ရနိုင်တာလား..”

ဒါပေါ့..နောက်ထပ်ပိုပြီး..ခါးသက်တဲ့ အဖြေတစ်ခုကလည်း ရှိနေပါသေးတယ်..။

သူ့ရဲ့ အတွေးတွေကို ဖတ်မိသွားတဲ့ အလား..မာစတာဂျက် က ဖြည်းညှင်းစွာပဲ ခေါင်းခါယမ်းလိုက်တယ်..။

“မဟုတ်ဘူး..။မဟုတ်ဘူး..။သူက ဘယ်ကိုမှ လျောက်သွားလို့ မရဘူး..”

ဆန်နီ ပြတင်းပေါက်ကနေ တဆင့် လှမ်းကြည့်လိုက်တယ်..။

“အာ…”

မာစတာ ဂျက် သက်ပြင်းချလိုက်တယ်..။

“တကယ်တော့ သူတို့က ငါ့ကို အကြောင်းကြားတယ် ဆိုတာ အခြေအနေတွေက အတော်လေးကို ဆိုးဝါးနေလို့ပဲ..။တွေးကြည့်စမ်းပါဦး..တကယ်လို့ သာမန်လူသားတစ်ယောက်ကို ဖမ်းဆီးဖို့ လိုအပ်တယ် ဆိုရင် မင်းက..ထောင်ထဲမှာ သွားပို့ထားလိုက်လို့ ရတယ်လေ..။ဒါပေမဲ့…ငါတို့က..ငါတို့က နိုးထသူတွေပဲ..။လက်တွေ့ကျကျ ပြောရရင်..ငါတို့ကို ထိမ်းချုပ်ထားဖို့အတွက် အကျဉ်းထောင်ဆိုတဲ့ အရာမျိုးကို မတည်ဆောက်နိုင်သေးဘူး..။ဒီလိုထိန်းသိမ်းထားနိုင်ဖို့ အတွက်လည်း..ဘယ်စွမ်းရည် ၊ ဘယ်နည်းလမ်းကမှ ပြိုင်ဖက်ကင်းမနေဘူးလေ..။ဒီတော့..ဖမ်းဆီးတာတွေ ၊ တရားရင်ဆိုင်တာတွေ ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး..”

သူမက ကားရဲ့ အရှိန်ကို ထပ်မံမြှင့်တင်လိုက်ပြီး..ပုံမှန်လေသံနဲ့ ပြောလိုက်တယ်..။

“…အဲဒီမှာ..အဆုံးသတ်ပေးတဲ့ အရာတစ်ခုပဲ ရှိနေလိမ့်မယ်..”

ဆန်နီ ပြတင်းပေါက်တွေကို ကြည့်နေရင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားနေရလဲ ဆိုတာကိုတောင် မသိတော့ပါဘူး..။ဟုတ်ပါတယ်..မာစတာဂျက် ပြောနေတဲ့ စကားတွေက အဓိပ္ပါယ်ရှိတဲ့ အရာတွေပါ..။နိုးထသူတွေ ဆိုတာက အရမ်းကို အင်အားကြီးပြီး..အန္တရာယ် များလွန်းလှပါတယ်..။ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးမှာဆိုရင်တော့..သူတို့က သာမန်လူသားတွေ နေထိုင်သလိုမျိုးပဲ..နေထိုင်ဖြတ်သန်းကြရပါလိမ့်မယ်..။

သူတို့အနေနဲ့ အဖမ်းခံရမယ်..ကြိုးစားခွင့်ရကြမယ်.၊ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံရမယ် ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ကူညီမူတွေကို ရကြပါလိမ့်မယ်..။

သို့ပေမယ့် ဒါက ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးတစ်ခု မဟုတ်ပါဘူး..။

ဒီတော့..အဲလိုအခွင့်အရေးတွေ ရမယ့်အစား သူတို့က အမဲလိုက်ခံရပြီး အဆုံးသတ်ပေးခြင်းကိုသာ ခံခဲ့ကြရပါတယ်..။ပြီးတော့..နိုးထသူတွေရဲ့ အပြစ်အနာအဆာ ကင်းတဲ့ ဂုဏ်သတင်းကို တည်ဆောက်မူအတွက် မြေအောက်မှာပဲ ဖုံးကွယ်ခြင်းကို ခံလိုက်ရပါတယ်..။

ဒါက ကြမ်းတမ်းပေမယ့်လည်း..လက်တွေ့မှာတော့ အဆင်ပြေနေခဲ့တယ်..။သူကိုယ်တိုင်ကလည်း ဒီအကြံဥာဏ်နဲ့ ပတ်သက်ပြီး..ဆန့်ကျင်စရာ အကြောင်းမရှိပါဘူး..။အမှန်တော့..သူက ဒီတစ်ကြိမ်မှာ အဆုံးသတ်ပေးသူ တစ်ယောက် အဖြစ်ဝင်ရောက် ကူညီပေးရတော့မှာပါ..။

နောက်ဆုံးမှာတော့..ဆန်နီက မာစတာဂျက် ဘက်ကို လှည့်လိုက်ပြီး..ခနလောက် တွေဝေနေပြီးကာမှ မေးလိုက်တယ်..။

“ဒီတော့ လူတွေအများကြီး ရှိတဲ့ အထဲကမှ ဘာလို့ ကျွန်တော့်ကိုလဲ..။ဘာလို့ ကျွန်တော်ကို အကူအညီ တောင်းရတာလဲ..”

မာစတာ ဂျက် သူ့ကို ကြည့်ပြီး ပြုံးလိုက်တယ်..။

“တကယ်တော့ အကြောင်းပြချက် သုံးခုရှိတယ်..”

သူမ လမ်းကြောင်းပြောင်းလိုက်တဲ့ အချိန်မှာ ကြီးမားတဲ့ ယာဉ်တစ်စီးကို တိုက်မိမလို ဖြစ်သွားခဲ့ပေမယ့်..နောက်ဆုံးစက္ကန့်လေး အတွင်းမှာပဲ..ရှောင်တိမ်းလိုက်နိုင်လိုက်ပါတယ်..။

“ပထမတစ်ခုက ငါနုင့်ကိုသိတယ်လေ..။ငါ့ကို အကူအညီပေးနိုင်တဲ့ လူတွေ အများကြီးရှိပေမယ့် အဲ့အထဲက လူအနည်းငယ်လောက်ကပဲ ငါ့ရဲ့ နောက်ကျောကို ပေးထားရဖို့ ယုံကြည်ရလိမ့်မယ်..”

ဆန်နီ ခေါင်းညိမ့်လိုက်ပြီး..ထူးဆန်းစွာပဲ ဒါကို ကြားရလို့ ဝမ်းသာသလို ခံစားလိုက်မိပါတယ်..။

“ဒုတိယ တစ်ချက်ကတော့..ငါ့ရဲ့ ကနဦး ရရှိထားတဲ့ အချက်အလက်တွေကြောင့်ပဲ။သံသယ ရှိသူက မင်းနဲ့ တူညီတဲ့ ဂဏ္ဏစွမ်းရည် မျိုးကို ပိုင်ဆိုင်ထားတယ်လေ..။မြင့်မားတဲ့ အရိပ်တွေကို အသုံးချနိုင်စွမ်းပေါ့..။ဒီတော့..ငါတို့ သူ့ကို ခြေရာခံတဲ့ အချိန်မှာ မင်းက အတော်လေးကို အကူအညီပေးနိုင်လိမ့်မယ်..။တကယ့်လို့..အခြေအနေသာ ကောင်းမွန်မယ် ဆိုရင် သူက လွယ်လွယ်ကူကူ လွတ်မြောက်သွားနိုင်မှာ မဟုတ်ဘူး..”

‘နောက်ထပ် အရိပ်အသုံးပြုသူလား…စိတ်ဝင်စားစရာပဲ..’

သူမက သူ့ကို တည်ငြိမ်စွာ ကြည့်ပြီးမှ ထပ်ပြောလာခဲ့တယ်..။

“ပြီးတော့ နောက်ဆုံးအနေနဲ့ ..အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ လူတွေအများကြီး ရှိပေမယ့်..ဒီလိုအလုပ်မျိုးကို လူအနည်းငယ်လောက်ကပဲ သင့်တော်မူရှိကြလိမ့်မယ်..။သူတို့က တို့နှစ်ယောက်နဲ့ မတူကြဘူးလေ..”

ဆန်နီ သူမရဲ့ စကားတွေကို သေချာသုံးသပ်နေရင်းနဲ့မှ ..ပြန်မေးလိုက်ပါတယ်..။

“ဘာလို့လဲ ဆိုတော့..ကျွန်တော်က အစ်မလို မြို့ပြင်မှာ နေထိုင်တဲ့ လူတစ်ယောက် ဖြစ်နေလို့လား..”

မာစတာ ဂျက်က အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..သူ့ကို တောက်ပစွာ ပြုံးပြလာခဲ့တယ်..။

“..မဟုတ်ဘူး…။ဘာလို့လဲဆိုတော့..နင်က သတ်ဖြတ်သူ တစ်ယောက်ဖြစ်နေလို့ပဲ..။ငါ့လိုမျိုးပေါ့..”

အပိုင်း ( ၅၀၃ ) ပြီး၏။

All Chapters