မှန်ကန်တဲ့ သူ..
Vol. 34 Ch. 504
ဆန်နီ သူမရဲ့ စကားလုံးတွေကို ငြင်းဆန်လိုက်ချင်ပေမယ့် အဆုံးမှာတော့ ရိုးရှင်းစွာပဲ…လျင်မြန်စွာဖြတ်သန်းနေတဲ့ မြို့ရဲ့ လမ်းတွေဘက်ကို လှည့်လိုက်ပါတယ်..။
ဒါပေါ့ မာစတာ ဂျက် ကသိထားပါတယ်..။
သူက လူသတ်သမား တစ်ယောက်အဖြစ် စွမ်းဆောင်နိုင်စွမ်းတွေ ရှိတယ် ဆိုတာကို သူမက အစောကတည်းက သိထားပြီးသားပါ..။ဘာလို့လဲ ဆိုတော့ သူတို့နှစ်ယောက် အတူတူ မျှဝေခဲ့ရတဲ့ အတိတ်အခြေအနေကြောင့်ပါပဲ..။အဲဒီအပြင် အစိုးရ အေဂျင့်တွေက မေ့ပျောက်ကုန်းမြေအကြောင်း စုဆောင်းထားခဲ့တဲ့ အချက်အလက်တွေကို သူမက ရရှိထားပြီးလောက်ပါပြီ..။
အဲဒီမှာတုန်းက ဆန်နီက သူသတ်ရမယ့် အရာအားလုံးကို သတ်ဖြတ်ခဲ့ပါတယ်..။သူက ရဲတိုက်အတွင်းက ထီးနန်းလုတဲ့ တိုက်ပွဲမှာတော့..အတက်ကြွဆုံးလူတစ်ယောက် မဟုတ်ခဲ့ပါဘူး..။သို့ပေမယ့်..သူ့ရဲ့ လက်မှာ သွေးတွေ အများကြီး စွန်းပေခဲ့ရပါတယ်..။အီကိုလိုမျိုး လူသားတစ်ယောက်ရဲ့ သွေးကို လက်မှာစွန်းပေခြင်းမရှိပဲ..ကြောက်စရာကောင်းတဲ့ အခြေအနေတွေကနေ ရှင်သန်နိုင်ခဲ့တဲ့သူက..အနက်ရောင်မြို့တော် မှာ အတော်လေးကို ရှားပါးလွန်းပါတယ်..။
ပြီးတော့ တစ်ခြား ဘယ်သူမှ မသိနိုင်လောက်တဲ့ လူတွေကိုလည်း ဆန်နီ သတ်ခဲ့ပါသေးတယ်..။အဲဒါကတော့..ကတ်စတာ ၊ ဟာရု ၊ ကိုင် ကို ရေကန်ထဲမှာ ဖမ်းဆီးထားခဲ့တဲ့ မုဆိုးတွေ နဲ့ ဟတ်ပါ ပါ..။
အဲဒီမတိုင်ခင် အချိန်တုန်းကတောင်..သူက အစေခံဟောင်း ၊ ခိုးကြောင်ခိုးဝှက် ၊ ပညာရှိ နဲ့ နိုင်းရဲ့ အူရို တို့ကို မျက်တောင် တစ်ချက်မှ မခတ်ပဲ သတ်ဖြတ်ခဲ့ပါသေးတယ်..။
အရိုးသားဆုံးပြောရရင် ဒါက သူ့အတွက် ကိစ္စကြီးတစ်ခု မဟုတ်ခဲ့ပေ..။ဟတ်ပါ ကလွဲရင် တစ်ခြား သူ့လက်ထဲမှာ သေဆုံးခဲ့တဲ့ လူတွေအတွက် ဆန်နီ ဟာ အိပ်ပျက်တာမျိုးတောင် မဖြစ်ခဲ့ပါဘူး..။တကယ်လို့ သူသာ ရိုးရိုးသားသား ပြောရမယ်ဆိုရင်..သူတို့ထဲက တစ်ချို့ကို သတ်ဖြတ်တဲ့ အချိန်မှာ အနည်းငယ် သဘောကျနေမိတယ် ဆိုတာကိုဝန်ခံရပါလိမ့်မယ်.။
သူ ဒီလိုမျိုး လူသတ်ရတာကို အရေးကြီးတဲ့အရာ တစ်ခုလို မမြင်တာကပဲ..မာစတာဂျက် ရဲ့ စကားတွေကို သက်သေထူနေခဲ့ပါတယ်..။ဆန်နီ က လူသတ်သမား တစ်ယောက်ပါ..။ပြီးတော့..သူက အရင်က လူသတ်ဖူးတာ ဒါမှမဟုတ် လူသတ်ဖို့ သင်ယူတာတွေကို လုပ်ခဲ့တာမျိုးလည်း မဟုတ်ပါဘူး..။သူက ဒီလိုအရာတွေကို လုပ်ဖို့အတွက်ကို မွေးရာပါ စွမ်းရည်တွေ ပါလာခဲ့တာပါ..။ဒီလို လူမျိုးတွေ ဆိုတာက အများကြီး ရှိမနေခဲ့ပေ..။
တကယ်တော့ သူသိတာ ဆိုလို့ သုံးခုတည်းရှိပါတယ်..။ပထမကတော့..သူ ကိုယ်တိုင်ပါ..။
ဒုတိယတစ်ခုကတော့..နစ်ဖီ ပါ..။ဘာပဲဖြစ်ဖြစ် သူမက သူ့ကို ဘယ်လို သတ်ဖြတ်ရမလဲ ဆိုတာကို သင်ကြားပေးခဲ့တဲ့ သူပါပဲ..။
…ဖြစ်နိုင်တာက ဒီဟာက..သူမရဲ့ မိသားစု တိုက်ပွဲဟန်ပန်ကို ဆန်နီကို လက်ဆင့်ကမ်းပေးခဲ့တဲ့ အကြောင်းပြချက်တွေထဲက တစ်ခုလည်း ဖြစ်နေနိုင်ပါတယ်..။သူမက သူတို့နှစ်ယောက် ဆင်တူမူ ရှိနေတယ် ဆိုတာကို အသိအမှတ် ပြုသွားတာလည်း ဖြစ်နိုင်တာပါပဲ…။သူတို့နှစ်ယောက်စလုံးက ဒီ ကမ္ဘာကြီးရဲ့ အမှန်တရားကို တွေ့မြင်ပြီး သိရှိထားခဲ့ကြတဲ့ သူတွေပါ..။ဒါက သူ နားလည်နိုင်တဲ့ အရာပါပဲ..။
တတိယ တစ်ခုကတော့ မာစတာ ဂျက်ပါ..။
ဆန်နီက ရုတ်တရက် သူမရဲ့ အဆင့် ၊ သူမ ငယ်ငယ်က မြို့ပြင်မှာ ရှင်သန်ခဲ့တာ နဲ့ အစိုးရအတွက် အလုပ်လုပ်တာ ကလွဲပြီး သူမအကြောင်းကို ဘာမှ မသိထားဘူးဆိုတာကို နားလည်လိုက်တယ်..။သူ မာစတာဂျက် အကြောင်း သိထားတဲ့ အရာတွေ အားလုံးက တစ်ခြားလူတွေ ပြောပြပြီးမှ သိခဲ့ရတာတွေပါ..။သူတို့တွေကတော့..သူမကို ဆိုးဝါးပြီး..အကြောက်အလန့်ကင်းတဲ့ ဝိဥာဉ် ရိတ်သိမ်းသူ အဖြစ် ပုံဖော်ထားခဲ့ကြပါတယ်..။
သို့ပေမယ့်..ဒီလို ပုံဖော်ထားတဲ့နေရာမှာ..အသုံးပြုတဲ့ နာမည်ပြောင်နောက်ကွယ်က အစစ်အမှန် လူကိုတော့ ဖော်ပြမထားခဲ့ပါဘူး..။တကယ်တော့..ဒါက သူမကို ဘယ်သူမှ မသိတာမျိုးပဲ ပိုဖြစ်စေပါတယ်..။
မာစတာ တစ်ယောက် ဖြစ်လာဖို့အတွက် ဂျက် က ဘယ်လို အိပ်မက်ဆိုးတွေကို ဖြတ်ကျော်ခဲ့ရတာလဲ..။သူမရဲ့ မျှော်လင့်ချက် ၊ ခံယူချက် နဲ့ ပန်းတိုင် တွေက ဘာတွေလဲ..။
သူ ဘာမှ မသိထားပါဘူး..။
ဒါကို တွေးလိုက်မိတဲ့ အချိန်မှာတော့..ဆန်နီ ခနလောက်တွေဝေပြီးကာမှ မေးလိုက်တယ်..။
“မာစတာ ဂျက်..။ကျွန်တော် တစ်ခုလောက် မေးလို့ရမလား..”
သူမက သူ့ကို ပေါ့ပါးစွာ ကြည့်ပြီး ပြုံးလိုက်တယ်..။
“သေချာတာပေါ့..”
ဆန်နီ မေးခွန်း မထုတ်ခင်မှာ စကားလုံးတွေကို ဂရုတစိုက် ရွေးချယ်နေခဲ့ပါတယ်..။အဆုံးမှာတော့ သူ ရိုးရှင်းစွာပဲ မေးလိုက်တယ်..။
“အစ်မက ဘာလို့ သူတော်စင် တစ်ယောက် မဖြစ်သေးတာလဲ..”
မာစတာ ဂျက် သဘောကျတဲ့ အမူအရာနဲ့ ရယ်မောလိုက်ပါတယ်..။
“ဘယ်လိုထူးဆန်းတဲ့ မေးခွန်းမျိုးလဲ..။မင်းပြောတဲ့ ပုံဆိုရင်..သူတောင်စင် ဆိုတာက လူတိုင်းလုပ်လို့ရတဲ့ အရာနဲ့တောင် တူနေပြီ…”
သူ လက်မလျော့ ချင်တဲ့ပုံစံနဲ့ ခေါင်းကိုခါယမ်းလိုက်ပြီး..
“ဒါပေမဲ့..အစိမက တစ်ခြားသူတွေနဲ့ မတူဘူးလေ..။အစ်မက တစ်ခြား မာစတာ တွေထက် ပိုပြီးငယ်ရွယ်တယ် ဆိုပေမယ့်..ပင်ကို ပါရမီ နဲ့ ခွန်အားကို နှိုင်းယှဉ်ရမယ် ဆိုရင် သူတို့ထဲက တစ်ချို့ကပဲ အစ်မကို ယှဉ်နိုင်လိမ့်မယ်..။တကယ်တော့..ဒုတိယအိပ်မက်ဆိုးကို ကျော်ဖြတ်ထားတယ် ဆိုကတည်းက အစ်မမှာ မျှော်လင့်ချက်တွေ ရှိနေတာကို ပြသနေတာပဲ..။ဒီတော့ ဘာလို့ ရပ်တန့်လိုက်တာလဲ..”
သူမ သူ့ကို ကြည့်ပြီး..လွယ်ကူစွာပဲ ပြုံးပြလိုက်ပါတယ်..။
“ဘာလို့လဲ ..ဆိုတာလား..။နင် ဘာတွေ ကြားထားလဲ..”
ဆန်နီ မသက်သာစွာပဲနေရာ ပြန်ပြင်လိုက်တယ်..။
‘ခရက်..’
“အစ်မရဲ့ ပြသနာဖြစ်စေနိုင်တဲ့ အကျင့်စရိုက် ကြောင့် ဘယ်သူကမှ အိပ်မက်ဆိုးထဲကို အတူတူ မသွားချင်ကြဘူး..။ရူးသွပ်တဲ့ လူသတ်သမား ၊ စိတ္တစ လူသတ်သမား..။အဲဒါတွေက သူတို့ ခေါ်နေကြတာ အတိအကျတွေပဲ..။အာ..တောင်းပန်ပါတယ်..”
သူမရဲ့ အပြုံးတွေက ပိုမိုကြီးမားလာခဲ့တယ်..။
“တကယ်လား..။အဲဒါတွေကို အရင်က မကြားဖူးဘူးလား..။အာ ငါ တကယ် သဘောကျတယ်..။ဒါပေမဲ့ နင်ကရော ကိုယ့်ကိုကို ဘယ်လိုထင်လဲ..”
သူတစ်ခနလောက် တိတ်ဆိတ်သွားခဲ့ပြီး..သံသယစိတ်အနည်းငယ် နဲ့ ပြောလိုက်ပါတယ်..။
“ကျွန်တော်ကတော့ ဒီတစ်ခုကို မယုံကြည်ဘူး..။ကျွန်တော်က အတွေ့အကြုံမရှိသေးတဲ့ အိပ်စက်သူ ဘဝထဲမှာပဲဒါကို လက်ခံထားခဲ့တာလေ..။ဒါပေမဲ မေ့ပျောက်ကုန်းမြေက ပြန်လာအပြီးမှာ ဒါက အဓိပ္ပာယ်မရှိဘူး ဆိုတာကို သိလာခဲ့တယ်..။ဒါပေါ့..အိပ်မက်ဆိုးထဲကို ကိုယ်နဲ့ အတူတူသွားမယ့် သူတွေက ယုံကြည်ရဖို့လိုအပ်တယ်လေ..။ဒါပေမဲ့ အဆုံးမှာတော့..ခွန်အားက ခွန်အားပဲ..။အစ်မက သန်မာတယ် ၊ အစိုးရအဖွဲ့အတွက် အလုပ်လုပ်ပေးတယ်..။ဒါတွေက..အစ်မအနေနဲ့ ပိုကြီးမားတဲ့ အရာတွေကို လုပ်ဆောင်ဖို့အတွက် အရည်အချင်းရှိတယ် ဆိုတာ သက်သေပြနေတယ်လေ..။ဒီတော့ ကျွန်တော် တကယ်နားမလည်တော့ဘူး..”
မာစတာ ဂျက် လမ်းမကို အာရုံစိုက်နေရတာကြောင့် အတော်ကြာသည်အထိ စကားပြန်မပြောခဲ့ပါဘူး..။နောက်ဆုံး သူမ ပြန်ဖြေလာတဲ့ အချိန်မှာတော့..သူမရဲ့ လေသံမှ ခါးသက်တဲ့ အရိပ်အယောင်တွေ ပါဝင်လာခဲ့ပါတယ်..။
“..ဒါက ဘာလို့လဲဆိုတော့ နင်က သေချာမသိသေးလို့ပဲ..။မင်းက ငယ်ရွယ်သေးတော့ နိုးထသူတွေနဲ့ ပတ်သက်ပြီး အများကြီးကို မသိသေးဘူး....။ထပ်ပြောရရင် ဒီလိုအရာတွေ ဆိုတာက အခြေအနေတစ်ခုကို ဖြတ်ကျော်ပြီးမှ ရလာကြတာ..။မင်းက ဒီလို အဆင့်မျိုးကို မရောက်သေးဘူး..။ဒါပေမဲ့..မင်းက မေးနေတော့ ပြန်ဖြေရတော့မယ်..”
သူမ သူ့ကို ကြည့်လိုက်တဲ့ အချိန်မှာတော့ သူမရဲ့ မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားခဲ့ပါတယ်..။
“ဒါက အရမ်း ရိုးရှင်းပါတယ်..။ ။အခြေခံအားဖြင့်..မင်းအနေနဲ့ မာစတာ တစ်ယောက်ဖြစ်လာဖို့အတွက်..မင်းကို ကူညီပေးမယ့် လူတွေကို လိုအပ်တယ်။ဒါပေမဲ့ သူတော်စင် တစ်ယောက် ဖြစ်လာဖို့အတွက်ကတော့..မင်းကို ဟန့်တားထားမယ့်သူတွေ မရှိဖို့ လိုအပ်တယ်..။ဒါကို မင်းဆန္ဒရှိသလို မှတ်ထားလိုက်..”
ပြီးတဲ့ နောက်မှာတော့..သူမက ဘာမှ ထပ်မပြောခဲ့သလို့..ဆန်နီကလည်း ဘာမှမမေးခဲ့ပဲ..မျက်မှောင်ကျုတ်ပြီးသာ ရှိနေခဲ့ပါတယ်..။
‘မှန်ကန်တဲ့ လူတွေ…မင်းကို မနှောက်ယှက်ဖို့အတွက်..’
မာစတာ ဂျက်က သူ့ကို ဘာအချက်ပြချင်နေတာလဲ ဆိုတာကို သူနားလည်သွားခဲ့တယ်..။
သူမ ပြောချင်တာက သူတော်စင်တစ်ယောက်ဖြစ်လာဖို့..တစ်စုံတစ်ယောက်ဆီက ခွင့်ပြုချက်ရရှိထားခဲ့တဲ့ သူတွေပါ..။
အုပ်ချုပ်သူတွေ…
တစ်ခြားဘယ်သူရှိသေးလို့လဲ..။အုပ်စိုးသူ သုံးယောက်က အင်အားကြီးတဲ့ နိုးထသူတွေ ၊ ဆက်ခံသူ ကလန်တွေကို အရိပ်ထဲကနေ..အုပ်ချုပ်နေခဲ့ကြတာပါ..။ဒီလို တွေးကြည့်လိုက်တော့ဒီလို စီစဉ်ပေးမူတွေက အတော်လေးကို အဓိပ္ပာယ် ရှိနေခဲ့တယ်..။
ဒီကမ္ဘာပေါ်မှာက သူတော်စင်ဆိုတာ ဆိုတာက တစ်ဒါဇင်လောက်သာ ရှိကြပြီး တစ်ယောက်ချင်းစီ တိုင်းလည်း မယုံနိုင်စရာကောင်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားကြပါသေးတယ်..။အုပ်ချုပ်သူ တွေက..ဒီလို စွမ်းအားကြီးတဲ့ ဖြစ်တည်မူတွေကို…သူတို့ရဲ့ ထိန်းချုပ်မူ အပြင်ဖက်မှာ ထားထားမယ်လို့ ထင်နေတာလား..။
စက်ဆုပ်ဖွယ်ကောင်းတဲ့ စွမ်းအား နဲ့ ကမ္ဘာကြီးက ဘယ်လိုအလုပ်လုပ်နေလဲ ဆိုတာကို ဆန်နီ သိထားရသလောက် ဆိုရင်တော့..အဖြေက သိသာစွာပဲ…နိုး ပါ..။
ဒီတော့..သူတောင်စင် တစ်ယောက်ချင်းစီ တိုင်းက..အုပ်စိုးသူ တစ်ယောက်မဟုတ်တစ်ယောက်နဲ့ တကယ်ပဲ ဆက်နွယ်မူ ရှိနေတာလား..။
ကြည့်ရတာတော့..သူတို့က ဆက်နွယ်မူ ရှိကြတဲ့ပုံပါပဲ…။ဆန်နီရဲ့ အမြင်မှာ အရမ်းကို လွတ်လပ်မူရှိနေတဲ့..အဖြူရောင်တောင်ပံ ကလန်ရဲ့ ကောင်းကင်ဒီရေ တောင်မှ..ကြီးမြတ်တဲ့ ကလန်တွေရဲ့ ထိန်းချုပ်ခြင်းကို ခံထားရလောက်ပါတယ်..။ဒါကြောင့်..ဗာလာ ရဲ့ အန်ဖီ ..၊ အက်စတာ ရဲ့ ဗေးလ်..၊ ဆောင်နဲ့ ဗေးလ် တို့က အဲဒီကလန်တွေရဲ့ အုပ်စိုးသူ တွေပါ..။
ဒါဆို မာစတာ ဂျက်လို လူမျိုးတွေ ကြတော့ရော..။သူတော်စင် ဖြစ်လာဖို့ လုံလောက်တဲ့ အရည်အချင်းတွေ ရှိနေပေမယ့်..ဆိုးသွမ်းတဲ့သူ အဖြစ်ခေါင်းစဉ်တပ်ခံရသူ ဒါမှမဟုတ်..ကြီးမြတ်သူ တွေဆီမှာ ဒူးထောက်ဖို့ မလိုလားတဲ့ သူတစ်ယောက်..။သူမ ပြောတဲ့ အတားအဆီးတွေ ဆိုတာကရော ဘာကိုဆိုလိုတာလဲ..။
ဒါက ရိုးရှင်းစွာပဲ အထောက်အပံ့မရှိတာလား..ဒါမှမဟုတ်..အုပ်စိုးသူတွေက..စည်းကျော်လာပြီး..လွတ်လပ်တဲ့ သူတော်စင်တစ်ယောက် ကမ္ဘာပေါ်မှာ ထွက်ပေါ်လာမှာကို တားဆီးထားတာလား..။
တကယ်လို့ သူတို့က သူတို့ရဲ့ ခေါင်းဆောင်ဟောင်း ရဲ့ ခြောက်နှစ်အရွယ် သမီးကို သတ်ဖို့အတွက် လူသတ်သမားတွေကိုတောင် လွှတ်နိုင်တယ် ဆိုရင်..ဂျက် လို လူမျိုးကို ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားအောင် လုပ်ဖို့ဆိုတာ သူတို့အတွက်တော့..မခက်ခဲလောက်ပါဘူး..။သူမ စည်းကျော်ပြီး လုပ်သင့်သလား..။
သူ ခေါင်းကို ငုံ့ထားပြီး သူ့ရဲ့ မျက်လုံးတွေကို လက်နဲ့ အုပ်ထားခဲ့တယ်..။
‘အဲတာက အတူတူပဲ..။အဲတာက တောက်ပတဲ့ ရဲတိုက်မှာ ဂန်လောင်လုပ်နေတဲ့ အရှုပ်ထုတ်တွေနဲ့ တစ်ပုံစံ တည်းပဲ.’။ဘုရားရေ..ဘယ်လောက်တောင်..မူလအစစ်အမှန် ပုံစံ မပေါက်လိုက်လဲ..’
သို့ပေမယ့်..စက်ဆုပ်ဖွယ်ရာ တွေ ဆိုတာက ဒီလိုမျိုးတွေပါပဲ..။လူတွေက…ဆိုးဝါးတဲ့ အရာတွေနဲ့…မကောင်းမူတွေကို ပြုလုပတဲ့ လူတွေကို ချစ်မြတ်နိုးတတ်ကြပါတယ်..။သူတို့ကပဲ စွမ်းဆောင်မူရှိပြီး အံ့ဩစရာကောင်းတဲ့ ဗီလိန်တွေ အဖြစ် ဖန်တီးထားကြတာပါ..။သို့ပေမယ့် လက်တွေ့မှာတော့..လူသားတွေရဲ့ ဆိုးယုတ်မူတွေက သာမန်လောက်ပါပဲ.။ဒီအရာတွေက အမြဲတမ်း တူညီတဲ့..ရွံစရာကောင်းမူတွေ ၊ ခန့်မှန်းနိုင်တဲ့ လမ်းကြောင်းတွေ နဲ့..တူညီတဲ့ မုန်းတီးစရာ အဆုံးသတ် ဆီကိုပဲ ဦးတည်သွားနေခဲ့ကြတာပါ..။
နစ်ဖီက သူတို့ကို အရမ်းဖျက်ဆီးပစ်ချင်နေတာက အံ့ဩစရာ မရှိတော့ပေ..။
PTV ကားက ရုတ်တရက် ရပ်တန့်လိုက်တာကြောင့်..ဆန်နီရဲ့ အတွေးတွေက ဖြတ်တောက်ခြင်း ခံလိုက်ရပါတယ်..။ပြတင်းပေါက်ကနေ တဆင့်ကြည့်လိုက်တဲ့ အချိန်မှာတော့..သူတို့က နက်မှောင်ပြီး ကျဉ်းမြောင်းတဲ့ လမ်းသွယ်တစ်ခုကို ရောက်နေကြတာကို သူတွေ့လိုက်ရတယ်..။ဒီနေရာမှာတော့..လတ်တလောမှာ ရဲတပ်ဖွဲ့ အတားအဆီးတွေကို ကာရံထားခဲ့ပါတယ်..။ရဲတပ်ဖွဲ့ ယာဉ်တွေရဲ့ မှိတ်တုတ် မှိတ်တုတ် အလင်းရောင်တွေက..မဖြေရှင်းရသေးတဲ့ အလင်းရောင်တွေ အဖြစ် ပြသထားခဲ့တယ်..။အဲဒီမှာ ရဲအရာရှိတွေ အများကြီးရှိနေကြပြီး သူတို့ရဲ့ မျက်နှာက ဖြူဖျော့ကာ..လေးနက်နေခဲ့ကြပါတယ်..။
မာစတာ ဂျက် သန်းဝေလိုက်ပြီး..အကြောတွေကို ဆန့်တန်းကာ..သူ့ကို ပြုံးပြလာခဲ့တယ်..။
“အမြင့်ကိုပျံသန်းပြီး တောက်ပလိုက်တော့..နိုးထသူ ဆန်းလပ်စ်..။ငါတို့ကရောက်နေပြီ..”
အပိုင်း ( ၅၀၄ ) ပြီး၏။