← Chapters

ရုတ်တရက် တောင်းဆိုမူ..

Vol. 34 Ch. 502

ရုတ်တရက် တောင်းဆိုမူ..

Vol. 34 Ch. 502

ထူးဆန်းတဲ့ အမူအရာတစ်ခုက ဆန်နီ ရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်..။

‘သူမကို ကူညီရမှာလား..။ငါကလား…။မာစတာ တစ်ယောက်က နိုးထသူတစ်ယောက်ရဲ့ အကူအညီကို ဘာလို့ လိုအပ်ရတာလဲ..’

အဲ့အချိန်မှာပဲ မာစတာ ဂျက်က ထပ်ပြောလာခဲ့တယ်..။

“ဒါပေါ့ နင့်ကို ရက်ရက်ရောရော ကို ဆုချီးမြှင့်ကြလိမ့်မယ်..။ကောင်းပြီလေ..ရက်ရက်ရောရော ဆိုတဲ့ အပိုင်းကိုတော့ ငါ အာမမခံပေးနိုင်ဘူး..။ဒါပေမဲ့..ဆုချီးမြှင့်တာကိုတော့ ကျိန်းသေ လုပ်ပေးလိမ့်မယ်..”

သူ့ မျက်လုံးတွေက တောက်ပသွားခဲ့တယ်…။

“တကယ်လား..။ဘယ်လိုမျိုးလဲ..”

သူမက ရယ်မောလိုက်ပြီး..

“ မျှတတဲ့ ထောက်ပံ့ရေး အမှတ်တွေပေါ့..။အဲတာက အနည်းဆုံးတော့ ကောင်းမွန်တဲ့ မှတ်သားမူတစ်ခုကို ဝယ်ဖို့အတွက် လုံလောက်မှာပါ..။ထပ်ပြောရရင်..နင်က ငါ့ကို အကျွေးတင်နေတယ် လို့ နင်မပြောခဲ့ဘူးလား..”

ဒါက နားထောင်ရတာ သိပ်တော့မဆိုးပါဘူး..။သူတော်စင်ကလည်း အပိုင်းအစ အမှတ်တွေ ပြည့်ခါနီးနေပြီ ဖြစ်ပြီး လတ်တလော မှာ အနည်းငယ်လောက်ပဲ လိုအပ်ပါတော့တယ်..။သို့ပေမယ့် သူမက သူ့ကို ဘာလုပ်ခိုင်းမယ်ဆိုတာ အတိအကျ မသိသေးပဲနဲ့တော့..ဆန်နီ အနေနဲ့ ဒီအရာကို သဘောတူလိုက်ဖို့..ခက်ခဲနေခဲ့ပါတယ်..။

…ဒါမှမဟုတ်..သူ သဘောတူလိုက်သင့်လား..။

မာစတာ ဂျက် ဆိုတာက သူ သိထားတဲ့ တက်ရောက်သူ နှစ်ယောက်တည်းက တစ်ယောက်ဖြစ်ပြီး..သူနဲ့အစိုးရ ရဲ့ တစ်ခုတည်းသော ဆက်နွယ်မူပါ..။ဒါက ထိန်းသိမ်းထားသင့်တဲ့ ဆက်ဆံရေးတစ်ခုဖြစ်ပြီး..သူမရဲ့ အကူအညီတောင်းခံမူကို ငြင်းဆန်တာက ဥာဏ်ကောင်းတဲ့ ရွေးချယ်မူတစ်ခု မဟုတ်ပါဘူး..။

ထပ်ပြောရရင် ဆန်နီ အနေနဲ့ သူမကို အတော်လေး သဘောကျပါတယ်..။ပြီးတော့..သူ့ကို ဂိတ်ပေါက် တိုက်ပွဲမှာ ကယ်တင်ပေးထားတာကို ထည့်မတွက်ရင်တောင်..သူမ အပေါ်ကို အများကြီး အကြွေးတင်ထားခဲ့တာပါ..။သူတို့နှစ်ယောက်လုံးကလည်း..မြို့ပြင်ကဖြစ်ပြီး ဆက်ဆံရေးလည်း အတော်ကောင်းမွန်ကြပါတယ်..။

သူတို့မှာ ဆက်နွယ်မူ ရှိနေခဲ့ကြတယ်..။

သူ ခနလောက် တွေဝေလိုက်ပြီးကာမှ..ပြောလိုက်တယ်..။

“ကောင်းပြီလေ..ပြသနာ မရှိဘူး..။ကျွန်တော် လုပ်ပေးပါ့မယ်..”

မာစတာ ဂျက်က ကျေနပ်တဲ့ အသံနဲ့ ပြန်ဖြေလာခဲ့တယ်..။

“ကောင်းပြီလေ..ဒါဆိုလည်း ငါနင့်ကို လာခေါ်လိုက်မယ်..”

ဆန်နီ သူ့ရဲ့ လက်ရှိဧည့်ခန်း အခြေအနေကို လှည့်ပတ်ကြည့်လိုက်တယ်..။သူ ရုတ်တရက် ထိပ်လန့်သလို ဖြစ်သွားခဲ့ပါတယ်..။

‘သောက်ကျိုးနဲ..မင်းက ဘာအတွက် ကြောက်ရွံ့နေတာလဲ ..အရူး..’

သူ လည်ချောင်းကို ရှင်းပြီးကာမှ ပြောလိုက်တယ်..။

“သေချာတာပေါ့…အိုး..ခနလေး..။ကျွန်တော် လိပ်စာပေးမယ်..”

မာစတာ ဂျက် ရယ်မောလိုက်တယ်..။

“အိုး..ဆန်နီ..။ငါက အစိုးရအတွက် အလုပ်လုပ်နေတာလေ…မှတ်မိတယ်မလား..။ငါ နင့်ရဲ့ လိပ်စာကို သိတယ်..”

သူတောင် ပြန်ပြီး မတုန့်ပြန်နိုင်သေးခင်မှာပဲ ဖုန်း ခေါ်ဆိုမူက ကျသွားခဲ့ပါတယ်..။ဆန်နီ အံ့ဩသင့်တဲ့ မျက်နှာ အမူအရာ နဲ့..မတ်တတ်ရပ်လျက်သား ကျန်နေခဲ့တယ်..။

‘သူမ သိနေတာပေါ့..။ကောင်းပြီလေ..ဒါပေါ့ သူမ သိမှာပေါ့..။သူမ ဘာတွေ ထပ်သိထားသေးလဲ ငါတကယ် စိတ်ဝင်စားမိတယ်..’

သူ့ မျက်နှာပေါ်က ထူးဆန်းတဲ့ အမူအရာကို မြင်ပြီး ရိမ်းက မေးလာခဲ့တယ်..။

“တစ်ခုခု ဖြစ်ပျက်ခဲ့လို့လား..”

ဆန်နီ သက်ပြင်းချလိုက်တယ်..။ယင်းနောက် ဖြည်းညှင်းစွာပဲ..ခေါင်းခါယမ်းလိုက်ပါတယ်..။

“မဟုတ်ဘူး..ဘာမှ မကောင်းတာ မဖြစ်ပါဘူး..။ဒီတိုင်း ငါ လုပ်ရမယ့် စီးပွားရေး ကိစ္စတစ်ချို့ ရှိနေလိုု့..။တောင်းပန်ပါတယ်..ငါတို့ နောက်တစ်ကြိမ်ကြမှ လေ့ကျင့်တာကို ဆက်လုပ်ကြရအောင်..”

သူမ သူ့ကို တစ်ခနလောက် စိုက်ကြည့်ပြီးမှ ပုခုံးတွန့်လိုက်တယ်..။

“ကောင်းပြီလေ..ရပါတယ်..။ဒါဆိုလည်း ညီမ အိမ်မှာပဲ ပြန်လေ့ကျင့်တော့မယ်..”

ဒီလိုပြောပြီးတာနဲ့ ရိမ်းက သူမရဲ့ လေ့ကျင့်ရေး ဓားကို ကောက်ယူလိုက်ပြီး..အယ်ဖီကို နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့ပါတယ်..။

သူမ တံခါးကို ပြန်ပိတ်သွားပြီး..စက္ကန့်အနည်းငယ် ကြာတဲ့အချိန်မှာတော့..မုဆိုးမိန်းကလေးက သူ့ကိုသဘောကျတဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး..

“နင့်ရဲ့ တပည့်က နည်းနည်းတော့..တုံးအတယ်နော်..။ဟုတ်တယ်မလား..”

ဆန်နီ သူမရဲ့ အပြစ်ပြုသလို စကားလုံးတွေကြောင့် မျက်မှောင်ကျုတ်လိုက်တယ်..။

“နင် ဘာကို ဆိုလိုတာလဲ..”

အယ်ဖီ တခစ်ခစ် ရယ်မောလိုက်တယ်..။

“ကောင်းပြီလေ..နင်က သူမကို လေ့ကျင့်ပေးနေတာ တစ်လလောက်ရှိနေပြီ..။အဲတာတောင် သူမက ငါတို့နှစ်ယောက်က ဘယ်သူတွေလဲ ဆိုတာကိုအခုထိ မသိသေးဘူး..။သူမအတွက်ကတော့ ငါတို့နှစ်ယောက်က ဒီတိုင်း သာမန် ကျပမ်း နိုးထသူ တွေပဲ..။ငါ ဆိုလိုတာက..သူမက နင့်ကို မမှတ်မိဘူးဆိုတာကို ငါ မအံ့ဩပါဘူး..။ဒါပေမဲ့..ငါက အတော်လေး ကျော်ကြားတဲ့လူတစ်ယောက်လေ..သိတယ်မလား..”

ဆန်နီ အနည်းငယ် ပြုံးလိုက်ပြီး..

“ဟုတ်တယ် ..ဟုတ်တယ်..။နင့်ရဲ့ ဂုဏ်သတင်းကြောင့် အတော်လေးကို နာကျင်နေရမှာပဲ..အတော်ကို နာကျင်နေရမှာပဲ..ဝံပုလွေ စောင့်ရှောက်သူ ကြီးရေ..။ကျေးဇူးပြုပြီး ရိုးသားတဲ့ တောင်းပန်မူကို လက်ခံပေးပါ..။နင်မြင်တဲ့ အတိုင်းပဲ လူတိုင်းက နိုးထသူတွေ နဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေကြတာ မဟုတ်ဘူးလေ..။ဥပမာ အနေနဲ့ ရိမ်းပဲ..။သူက သမိုင်းကြောင်းကိစ္စတွေကိုပဲ ပိုစိတ်ဝင်စားတာ..။ဒါမှမဟုတ် အခိုက်အတန့် မပေါ်လာခင်က အကြောင်းအရာတွေကို..။ထပ်ပြောရရင် အစိုးရကလည်း မြို့ထဲက ပိုစတာတွေမှာ..နင့်ရဲ့ အိပ်မက်ကမ္ဘာထဲက ပုံစံကိုပဲ ဖော်ပြထားခဲ့တာလေ..”

အယ်ဖီ လက်ဝေ့ယမ်းလိုက်တယ်..။

“ငါက နောက်နေတာပါ..အရူးရဲ့..။သူမက တကယ် တော်တဲ့ ကလေးပဲ..”

သူမ ခနလောက် ရပ်နေပြီးကာမှ ထပ်ပြောလိုက်တယ်..။

“ဒါကြောင့် သူမက ပိုက်ဆံတွေကို နင့်လိုလူမျိုးဆီမှာ အလဟသ လာဖြုန်းတီးနေတာ မြင်ရတာကို ငါ စိတ်မကောင်း ဖြစ်နေရတာလေ..”

အဲ့အချိန်မှာပဲ..PTV တစ်စီး ရပ်တန့်တဲ့ အသံက ထွက်ပေါ်လာခဲ့ပြီး..ပေါ့ပါးတဲ့ ခြေလှမ်းတွေက အိမ်တံခါးဝ ဆီကို ဦးတည်လာခဲ့တယ်..။အယ်ဖီရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့ပါတယ်..။

သူမရဲ့ ဝီးချဲကို လှည့်လိုက်ပြီး..တံခါးကို ဖွင့်ကာ အော်လိုက်တယ်..။

“နောက်ဆုံးတော့..”

မာစတာ ဂျက် က..သူမရဲ့ ခါတိုင်းလို နက်ပြာရောင်ယူနီ ဖောင်းနဲ့..လက်တစ်ဖက်က တံခါးကို ခေါက်ဖို့ဟန်ပြင်ရင်း ခြံထဲမှာ ရပ်နေခဲ့ပါတယ်..။သူမရဲ့ ဂျာကင်အက်ျီကတော့..အမြဲဝတ်ဆင်နေကြအတိုင်းလိုပဲ..ကြယ်သီးတွေကို မတပ်ထားခဲ့ပါဘူး..။ဒါက သူမရဲ့ သေးသွယ်တဲ့ ခါးနဲ့ လှပလွန်းတဲ့ ကိုယ်နေဟန်ထားကို ဖော်ပြနေခဲ့ပါတယ်..။သူမရဲ့ အနက်ရောင် ဆံပင်အတိုက အနည်းငယ် ရှုပ်ပွနေပြီး..သူမရဲ့ ရေခဲပြာရောင် မျက်လုံးထဲမှာတော့..အံ့ဩမူအနည်းငယ် ပေါ်ထွက်နေခဲ့တယ်..။

အယ်ဖီ အသက်ပိုကြီးတဲ့ အမျိုးသမီးကို တစ်ခနလောက် စိုက်ကြည့်နေပြီးကာမှ..သူမရဲ့ မျက်နှာပေါ်မှာ သိသာတဲ့ စိတ်ပျက်မူတွေ ပေါ်လာခဲ့ပါတယ်..။ယင်းနောက်..သူမက စိတ်ဓာတ်ကျကာ ပြောလိုက်တယ်..။

“အိုး..။အစားအသောက် လာပို့တဲ့ ဖုပန်ဒါ မဟုတ်ဘူးပဲ..”

မာစတာဂျက် ရဲ့ မျက်နှာပေါ်မှာ ယဉ်ကျေးတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။

“အာ..နိုးထသူ အသီနာ ပါလား..။ကျော်ကြားတဲ့ ဝံပုလွေစောင့်ရှောက်သူ နဲ့တွေ့ရတာ တကယ် ဝမ်းသာမိပါတယ်.။ကျွန်မက တက်ရောက်သူ ဂျက် ပါ..”

အယ်ဖီ သူမကို ကြည့်လိုက်ပြီးနောက် ဆန်နီကို လှည့်ကြည့်လိုက်တယ်..။ပြီးမှ မာစတာ ဂျက်ကို ပြန်ကြည့်လိုက်ပါတယ်..။

ယင်းနောက် သူမက ပြုံးလိုက်ပြီး..

“..တကယ်တော်တယ်..အရူးလေး..။ငါ သဘောတူတယ်..”

ဆန်နီ သူမကို သတ်ဖြတ်ချင်တဲ့ အကြည့်တွေနဲ့ ကြည့်ကာ..စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီးမှ မာစတာ ဂျက် ဘက်ကို လှည့်လိုက်တယ်..။

“ကျွန်တော် ပြင်ဆင်ဖို့လိုအပ်သေးလား..”

သူမ ခေါင်းခါယမ်းလိုက်တယ်..။

“ မင်းရဲ့ ပုံမှန် မှတ်သားမူတွေနဲ့တင် အဆင်ပြေတယ်..။တကယ်လို့ အကုန်အဆင်ပြေတယ် ဆိုရင် မင်းက ဒါကို အသုံးပြုဖို့တောင် လိုအပ်မှာ မဟုတ်ဘူး..”

သူ တွေဝေနေပြီးကာမှ မေးလိုက်တယ်..။

“တကယ်လို့ အဆင်မပြေ ရင်ရော..”

မာစတာဂျက် က ပြုံးပြလာခဲ့တယ်..။အကြောင်းပြချက်တစ်ချို့ကြောင့် ဆန်နီက မသက်မသာဖြစ်တဲ့ ခံစားချက်တစ်ချို့ကို ရလိုက်ပါတယ်..။

“ကောင်းပြီလေ..ဒါဆိုလည်း အဆင်မပြေသလို ဖြစ်မှာပေါ့..မဟုတ်ဘူးလား..။ငါတို့ ဟိုရောက်ရင် သိရမှာပဲ..”

ဒီလိုပြောပြီးတာနဲ့ သူမက အယ်ဖီကို ကြည့်ကာ ပြောလိုက်ပါတယ်..။

“ကျေးဇူးပြုပြီးး ကျွန်မတို့ကို ခွင့်ပြုပါဦး..။အချိန်ကအရမ်း အလျင်လိုနေတော့..ကျွန်မတို့က ချက်ချင်းသွားဖို့ လိုအပ်နေတယ်လေ..။တွေ့ရတာ တကယ်ဝမ်းသာပါတယ်..နိုးထသူ အသီနာ..”

အယ်ဖီ သူမကို မျက်လုံးမှိတ်ပြလိုက်တယ်..။

“သေချာတာပေါ့..တွေ့ရတာ အရမ်းဝမ်းသာပါတယ်..။နောက်တစ်ခါကျရင် မုန့်ယူလာခဲ့တယ်..”

ဆန်နီ ရှက်ရွံ့မူကြောင့် နားရွက်တွေ နီရဲလာခဲ့ပြီး ပြန်လာတဲ့အချိန်ကြရင် သူမနဲ့ ကောင်းကောင်းစကားပြောဖို့အတွက် သူ့ကိုယ်သူ ကတိပေးလိုက်ပါတယ်..။

…ဒါမှမဟုတ် သူမကို သတ်ပစ်လိုက်ရမလား..။အမှန်ပဲ..ဒါကမှ ပိုပြီး အဆင်ပြေသွားနိုင်တာပါ..။

သူ အလျင်အမြန်ပဲ ဖိနပ်ကို စီးလိုက်ပြီး မာစတာ ဂျက်နဲ့ အပြင်ကို လိုက်သွားကာ ရင်းနှီးတဲ့ PTV ကားပေါ်ကို တက်လိုက်တယ်..။တံခါးတွေ ပိတ်သွားတာနဲ့ တစ်ပြိုင်နက် သူမက လီဗာကို အရှိန်ပြည့်နင်းလိုက်ရင်း..ဆန်နီကို ထိုင်ခုံနဲ့ ကပ်သွားစေခဲ့ပါတယ်..။

တိတ်ဆိတ်တဲ့ မြို့ရဲ့ လမ်းတွေက..မှုန်ဝါးသွားခဲ့တယ်..။

မာစတာဂျက် က သူ့ကို ကြည့်လိုက်ပြီး ..ပြန်တမ်းတစွာ ပြောလာခဲ့တယ်..။

“မင်းက တကယ်ကို အိမ်ကောင်းတစ်လုံးကို ပိုင်ဆိုင်ထားတာပဲ..။ခံစားရတာ ထူးဆန်းတယ် မလား.။အိမ်တစ်အိမ်ကို ပိုင်ဆိုင်ထားဖို့ဆိုတာ..။တကယ်တော့ ငါလည်း နိုးထသူ ဖြစ်လာပြီးတဲ့ အချိန်မှာ အဲလိုမျိုး လုပ်ခဲ့တယ်..။ငါ့အတွက် လုံလောက်တဲ့ ဝင်ငွေကို ရဖို့ နည်းနည်းတော့ ပိုကြာခဲ့တယ်လေ..။ဒါပေမဲ့ မင်းက ပိုကောင်းတဲ့ စီရင်စုမှာ ဝယ်နိုင်ခဲ့တာပဲ..။အဲတာကို သိရဲ့လား..”

ဆန်နီ ပုခုံးတွန့်လိုက်တယ်..။

“အင်း..သိပါတယ်..။ဒါပေမဲ့ အဲလိုတိတ်ဆိတ်ပြီး နေရတာကို တကယ် သဘောကျတယ်..”

သူမ ပြတင်းပေါက်ကနေ တဆင့် အပြင်ကိုကြည့်ကာ ပြုံးလိုက်ပြီး..

“အဲတာကတော့ အမှန်ပဲ..”

ဆန်နီ ခနလောက် စောင့်ဆိုင်းနေပြီးကာမှ နောက်ဆုံးမှာ မေးလိုက်တယ်..။

“အာ..မာစတာ ဂျက်..။တောင်းပန်ပါတယ်..ဒါပေမဲ့ ကျွန်တော်တို့က အခု ဘာလုပ်ကြမှာလဲ..”

သူမက PTV ကားရဲ့ ထိန်းချုပ်ရေး စခရင်ကို ကြည့်လိုက်ပြီး..တစ်ဖက်ကို လှည့်လာခဲ့ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်ပါတယ်..။

“ငါတို့က..အန္တရာယ်များတဲ့ သားရဲ တစ်ကောင်ကိုအမဲလိုက်ကြမှာ..”

သူ မျက်မှောင်ကျုတ်လိုက်တယ်..။

“သားရဲလား..။ဘယ်လို သားရဲမျိုးလဲ..”

မာစတာ ဂျက်က ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။ယင်းနောက် သူမက သူ့ကို ကြည့်လိုက်ပြီး..နက်မှောင်စွာ ပြုံးလိုက်ပါတယ်..။

“..ဒီကမ္ဘာမှာ တည်ရှိနိုင်တဲ့ အန္တရာယ် အရှိဆုံး သားရဲ ပေါ့..။ဒါက လူသား တစ်ယောက်ပဲ..”

အပိုင်း ( ၅၀၂ ) ပြီး၏။

All Chapters