← Chapters

ဒုတိယ အဆင့်..

Vol. 34 Ch. 501

ဒုတိယ အဆင့်..

Vol. 34 Ch. 501

နွေရာသီရဲ့ အပူလှိုင်းက မြို့ထဲကို ရိုက်ခတ်လာတဲ့ အချိန်မှာတော့…ကွန်ဂရက် ၊ သတ္တုတွေနဲ့ တည်ဆောက်ထားတဲ့ မြို့ပြက အရည်ပျော်ကျလာသလို ဖြစ်လာခဲ့ပါတယ်..။လေ ထု သန့်စင်ရေးစနစ်တွေကတော့ အဆက်မပြတ် လည်ပတ်ရင်း..ညစ်ညမ်းမူတွေကြောင့်..လူတွေ အသက်ရူကြပ်တာမျိုး ဖြစ်မသွားအောင်..ထိန်းချုပ်ပေးထားခဲ့တယ်..။ဆင်းရဲတဲ့ စီရင်စုတွေမှာတော့..မိုးခေါင်မူကြောင့် ရေကို ချွေတာ သုံးစွဲနေကြရပါတယ်..။

....ကံကောင်းချင်တော့..သူတို့ထဲက ဘယ်အရာကမှ..အေးချမ်းနေတဲ့..ဂုဏ်သိက္ခာရှိ စီရင်စုတွေကို မထိခိုက်နိုင်ခဲ့ပေ..။

ဒီမှာရှိနေတဲ့ လူတွေကတော့..ပူပြင်းလွန်းတဲ့ ရာသီဉတုအောက်မှာတောင်..အေးချမ်းတဲ့ သစ်ပင်ရိပ်တွေအောက်မှာ အနားယူနေနိုင်ပါတယ်..။သူတို့က..လတ်ဆတ်တဲ့ရေ နဲ့..အေးမြတဲ့ သောက်စရာတွေကို အကန့်အသတ်မရှိပဲ သောက်သုံးနိုင်ကြပါသေးတယ်။သူတို့ရှင်သန်နေထိုင် နေရတာက ကမ္ဘာကြီး မှာ ဖြစ်ပေါ်နေတာနဲ့ လုံးဝကို မသက်ဆိုင်သလိုပါပဲ..။

ဆန်နီဟာ…သူက ဒီချမ်းသာ ပြီး ကံကောင်းတဲ့လူတွေ ကြားထဲမှာ ရောက်နေရတဲ့ အတွက် သူ့ကိုယ်သူတောင် အတော်လေး အံ့ဩနေခဲ့မိပါတယ်..။

ပြီးခဲ့တဲ့ လတွေ အတွင်းမှာ သူ့ရဲ့ ဘဝက အတော်လေး အလုပ်ရှုပ်ခဲ့ပေမယ့်..ဘာဖိအားကိုမှ မရင်ဆိုင်ခဲ့ရပါဘူး..။သူက သူ့ရဲ့ ပန်းတိုင်တွေကို ..မြဲမြံစွာ လျောက်လှမ်းနေခဲ့ပြီး..ဖြည်းညှင်းစွာပဲ တိုးတက်မူတွေ ဖြစ်ပေါ်နေခဲ့ပါတယ်..။သူ့ရဲ့ အရိပ်အပိုင်းအစ တွေကလည်း..ပြည့်ဝလုနီးနေပြီ ဖြစ်သလို..သူတော်စင်ကလည်း ဒီအတိုင်းပါပဲ..။

သူက အိပ်မက်ရူခင်းဆီကို ပြန်သွားပြီး..အဆင့်မြင့်တိုက်ပွဲကွင်းပြင်တွေမှာ..မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကို ဆင်နွဲနေခဲ့ပါသေးတယ်..။အဲဒီမှာတော့ တိုက်ခိုက်ရေးသမားတွေက..ပိုစွမ်းဆောင်နိုင်စွမ်း ရှိကြပြီး..သူ့ကို မတူညီတဲ့ တိုက်ပွဲဟန်ပန်တွေကို လေ့လာ ဖို့ ၊ နားလည်ဖို့အတွက် အခွင့်အရေး ပေးခဲ့ကြပါတယ်..။ရလာဒ်အနေနဲ့..ဆန်နီက အရိပ်ကခုန်မူကို ထပ်မံ မြင့်တင်နိုင်ခဲ့ပြီး..သူ့ရဲ့ ကျွမ်းကျင်မူကို ပိုမိုခိုင်မာစေခဲ့တယ်..။

ဝတ်ရုံတော်ရဲ့ [ မြေအောက်ကမ္ဘာ မင်းသား ] ..တိုးမြင့်မူ ကလည်း အရင်ကနဲ့ စာရင် အတော်လေးကို ကွာခြားသွားခဲ့ပါပြီ..။တကယ်လို့..သူက ပြိုင်ဖက် ၆၀၀၀ လောက်ကို အနိင်ယူဖို့ မစွမ်းဆောင်နိုင်သေးဘူး ဆိုရင်တော့..သူက ဆက်ပြီး ကြိုးစားအားထုတ်နေပါသေးတယ်..။အရေအတွက်ကတော့ [ ၁၅၇၉ / ၆၀၀၀ ] ကို ပြသနေခဲ့တယ်..။

အပြန်အလှန်အနေနဲ့ကတော့..ဒါပေါ့..သူက နေ့ရက်တစ်ရက်ကို ရှုံးပွဲမရှိပဲ အနိုင်ရသွားတိုင်မှာ..ခွေးသားက ပိုပိုပြီး ချီးမွန်းမူတွေ အာရုံစိုက်မူတွေကို ရနေခဲ့ကြပါတယ်..။ဒီရက်တွေမှာတော့..သူ့ရဲ့ တိုက်ခိုက်ရေး တစခုချင်းစီက..အိပ်မက်ရူခင်းရဲ့ ထိပ်တန်း ထုတ်လွင့်သူတွေလောက်ကို ပရိတ်သတ် အင်အား များပြားနေခဲ့ပါပြီ..။အထူးသဖြင့်..အခုအချိန်က နှစ်စဉ်ကျင်းပတဲ့ ပြိုင်ပွဲကာလကို နီးကပ်လာနေလို့ပါပဲ..။

သို့ပေမယ့် ခွေးသားရဲ့ ပရိတ်သတ်တွေကတော့..ခါးသက်တဲ့ စိတ်ပျက်မူတွေပဲ ကြုံတွေရမှာပါ..။ဆန်နီက ဒီ စိတ်ကူးယဉ်ဆန်ပြီး ရူးသွပ်တဲ့ ပြိုင်ပွဲမျိုးကို ဝင်ပြိုင်ဖို့အတွက် အစီစဉ်မရှိပေ..။သူက ကျော်ကြားမူတွေ ၊ အသိအမှတ်ပြုမူတွေ ကို လုံးဝ ဂရုမစိုက်ပါဘူး.။သူက ဒါကို တွေးတော ကြည့်ဖို့အတွက်တောင် အချိန်ရှိမနေခဲ့ပေ..။

အရိပ်ကခုန်မူကို လေ့ကျင့်တာကလွဲရင်..သူက အယ်ဖီ ၊ သူတော်စင်တို့နဲ့အတူ လည်း လေ့ကျင့်ပါသေးတယ်..။ဒီပုံစံနဲ့..သူက လှံရှည်အသုံးပြုတာကို..ဓားအသုံးပြုတာလောက် နီးပါး ကျွမ်းကျင်အောင်..ဖြည်းညှင်းစွာ လုပ်ဆောင်နေခဲ့တာပါ..။သူက အီကိုရဲ့ စီမံခန့်ခွဲမူနဲ့ အလုပ်ကြိုးစားမူတွေကြောင့် အလျင်အမြန် အောင်မြင်လာနေတဲ့..အံ့ဩစရာ ကုန်စည်ပြပွဲကိုလည်း လည်ပတ်အောင် လုပ်နေရပါသေးတယ်..။

…ပြီးတော့..ဒါပေါ့..။သူက ရိမ်းကိုလည်း လေ့ကျင့်ပေးပါသေးတယ်..။

“လုပ်ပါ…။တကယ်ကြီးလား...”

သူမက လတ်တလောမှာ သူ့ရဲ့ ဧည့်ခန်းထဲမှာရှိနေပြီး သူ့ကို ဒေါသတကြီးနဲ့ ကြည့်နေခဲ့ပါတယ်..။

ဆန်နီ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး..

“ကောင်းးပြီလေ..။ဘယ်ဟာက ပြသနာ ဖြစ်နေလို့လဲ..”

ရိမ်း ပါးစပ်ကို ဖွင့်လိုက်ပြီးမှ ခေါင်းခါယမ်းလိုက်တယ်..။

“နားထောင်ပါဦး ..ဆန်နီ..။အစ်ကိုက ဆရာတစ်ယောက် ဆိုတာကိုတော့..နားလည်ပါတယ်..။ညီမ တကယ်နားလည်တယ်..။ဒါပေမဲ့ အခုဟာက တစ်လလောက် ရှိနေပြီလေ..။ပြီးတော့..အစ်ကို သင်နေတာတွေ အားလုံးက တောတွင်းရှင်သန်မူ သင်ခန်းစာတွေ ချည်းပဲ..။ပြီးတော့..ဓား ချက်..တစ်ချက်တည်း..။အဲတာကို အကြိမ်တစ်ထောင်မက လေ့ကျင့်ပြီးနေပြီ..။အဲတာက..ညီမကို လေ့ကျင့်ပေးဖို့ ပြောကတည်းက လုပ်နေရတာ..။ညီမ တွေးထားတာက..”

ဆန်နီ ပြုံးလိုက်တယ်..။

“မင်းက ဘာကိုတွေးထားတာလဲ..။ငါက မင်း အိပ်မက်ဆိုးသားရဲ တွေကို ဘယ်လိုအနိုင်ယူမလဲ..ဆိုတာနဲ့..မင်းရဲ့ ရန်သူတွေကို ဒူးထောက်လာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကို သင်ပေးမယ်လို့ ထင်နေတာလား.”

သူမ ရှက်ရွံ့စွာ‌ ချောင်းဆိုးလိုက်ပြီး..တိုးညှင်းတဲ့ အသံနဲ့ ပြောလာခဲ့တယ်..။

“ဟုတ်တယ်..”

သူ ပုခုံးတွန့်လိုက်တယ်..။

“ဒါပေမဲ့..ဒါက ငါမင်းကို သင်ကြားပေးနေတဲ့အရာ အတိအကျပဲ..။အိပ်မက်ကမ္ဘာထဲမှာ ဘယ်သူတွေက ရှင်သန်နိုင်ကြတယ်လို့ မင်းက ထင်နေတာလဲ..။အကောင်းဆုံး ဓားသမားလား..။အသန်မာဆုံး တိုက်ခိုက်ရေးသမားလား..။မဟုတ်ဘူး..အိပ်မက်ဆိုးသားရဲတွေကို တိုက်ခိုက်ဖို့အတွက် ဆိုရင် မင်းက အသက်ရှင်နေဖို့ လိုအပ်သေးတယ်..။အဲဒီအတွက် ဆိုရင်..မင်းက..အစားအသောက်တွေ ၊ ရေတွေကို ဘယ်လိုရှာဖွေရမလဲ ဆိုတာကို သိရမယ်..။ခြေရာတွေကို ဘယ်လို ကြည့်ရမလဲ..ဆိုတာနဲ့ ပတ်ဝန်းကျင်က မင်းကို မသတ်နိုင်ပဲ ရွေ့လျားနိုင်ဖို့ လိုအပ်တယ်..။ပြီးတော့..ပတ်ဝန်းကျင်က တကယ်ပဲ မင်းကို သတ်ဖို့ကြိုးစားလိမ့်မယ်..ငါ့ကို ယုံကြည်လိုက်..”

သူက ခနလောက် ရပ်တန့်ပြီးကာမှ ထပ်ပြောလိုက်တယ်..။

“ဟုတ်တယ်..သူတို့က ကျောင်းမှာ မင်းကို အခြေခံတွေ သင်ကြားပေးကြတယ်...။ဒါပေမဲ့ အဲတာက လုံလောက်ဖို့အတွက် နီးတောင် မနီးစပ်ဘူး..။မင်းက သန်မာလာဖို့အတွက် အသက်ရှည်ရှည် နေချင်တယ်မလား..။ဒါဆိုရင် ဒါက ပထမဆုံး ခြေလှမ်းပဲ..”

ရိမ်းက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး..အယ်ဖီကို အကူအညီတောင်းတဲ့ အနေနဲ့ ကြည့်လိုက်တယ်..။

မုဆိုးမိန်းကလေးကတော့..လတ်တလောမှာ တံခါးနားမှာ ရှိနေခဲ့ပြီး ..သူမ မှာထားခဲ့တဲ့ မုန့်တွေကို ပျင်းရိတဲ့ အမူအရာနဲ့ စောင့်ဆိုင်းနေခဲ့တာပါ..။

“..ဘာလဲ..။ဆန်နီ ပြောတာကိုသာ နားထောင် ကလေး..။သူက ရေစိုနေတဲ့ ဖျံတစ်ကောင်လို ဖြစ်နေပေမယ့်..သိထားတာတွေက တကယ်ကို အံ့ဩစရာပဲ..။သူ ဖြတ်သန်းခဲ့ရတဲ့ အရာတွေက..အကြောင်းပြချက်တွေ ထက်တောင် ကျော်လွန်ပြီး ကြီးမားနေသေးတယ်..။အရိုးသားဆုံးပြောရရင်..တကယ်လို့ သူ့မှာသာ အရှက်ရှိရင် သူက သေလို့တောင် ရနေပြီ..”

ဆန်နီ သူမကို နက်မှောင်စွာ ကြည့်ပြီး ပြောလိုက်တယ်..။

“ကျေးဇူးတင်ပါတယ်..။အဲလို ခံစားရတာပဲ..”

ရိမ်းက မျက်မှောင်ကျုတ်လိုက်ပြီး..သူမရဲ့ ရှုံးနိမ့်မူကို လက်ခံသွားခဲ့တယ်..။တစ်ခနကြာပြီး နောက်မှာတော့..သူမက ရုတ်တရက် မေးလာခဲ့ပါတယ်..။

“ ဒုတိယ အဆင့်က ဘာလဲ..”

သူက မျက်ခုံးပင့်တင်လိုက်ပြီး..

“ ဘာကိုလဲ…”

“ပတ်ဝန်းကျင်မှာ မသေပဲ ရှင်သန်နေထိုင်နိုင်အောင်..လေ့လာသင်ယူဖို့က ပထမ အဆင့်လို့ပြောခဲ့တာ မဟုတ်ဘူးလား..။ဒုတိယ အဆင့်က ဘာလဲ..”

ဆန်နီ သူမကို ခနလောက်ကြည့်နေပြီးကာမှ ပြောလိုက်တယ်..။

“ အဲတာက မင်းရဲ့ စိတ်နေစိတ်ထားပဲ..။ဒါပေမဲ့ မင်းက ဒုတိယအဆင့်အတွက် အဆင်သင့် မဖြစ်သေးဘူး..။ကောင်းပြီလေ..အချိန်တန်ရင်တော့..မင်းက ဒါကို သင်ကြားရမှာပါ..”

…ရိမ်း လို လူတစ်ယောက် အတွက်တော့..ဒီခြေလှမ်းက အခက်ခဲ အကြမ်းတမ်းဆုံး ဖြစ်လာပါလိမ့်မယ်..။သူမက ကြမ်းတမ်းရက်စက်မူ တွေအတွက် စိတ်နေစိတ်ထားတစ်ရပ် ရှိမနေသေးပေ..။ဘာလို့လဲ ဆိုတော့..သူမရဲ့ ဘဝက အတော်လေးကို ကောင်းမွန်ပြီး..နူးညံ့သိမ်မွေ့နေခဲ့လို့ပါ..။သို့ပေမယ့်..သူမက ဒီလို ကြမ်းတမ်း မူတွေကို နားလည်သဘောပေါက်ဖို့ လိုအပ်ယုံတင်မကပဲ..သူမရဲ့ တည်ရှိမူ အတွင်းစိတ်ထဲမှာကိုက ဒီအရာကို အသားကျနေဖို့ လိုအပ်ပါတယ်..။ဒါကို သူမရဲ့ အုတ်မြစ်ဖြစ်အောင် ပြုလုပ်ဖို့လိုအပ်တယ်..။ဒါကတော့..အခိုက်အတန့် အတွင်းမှာ ရှင်သန်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပါပဲ..။

အံ့ဩစရာကောင်းစွာပဲ..ဒီအဆင့်က ဆန်နီ အတွက်တော့..အလွယ်ကူဆုံးဖြစ်နေခဲ့ပါတယ်..။တကယ်တော့..သူက အခိုက်အတန့်အနေနဲ့ သူ့ရဲ့ တည်ရှိမူကို မသိသေးခင်..ပထမဆုံးအိပ်မက်ဆိုးမှာကတည်းက ဒါကို လုပ်ဆောင်နိုင်လိုက်တာပါ..။

ရိမ်းက သူ့ကို စိတ်ပျက်စွာ စိုက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်..။

“ညီမက သူမလိုမျိုး သန်မာချင်တာ..”

သူ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီး..

“အာ..ဘယ်သူ့လိုလဲ..”

ရိမ်းက ရုတ်တရက် ပြုံးလိုက်တယ်..။

“ညီမကို ကယ်တင်ခဲ့တဲ့ နိုးထသူလေ..။သူမက တကယ်ကို အံ့ဩဖို့ကောင်းတယ်..။အရမ်းလှပပြီး အရမ်းးသန်မာတယ်..။စစ်မှန်တဲ့ စစ်သည်တော် တစ်ယောက်ပဲ..။အစ်ကို့လို မဟုတ်ဘူး..”

ရုတ်တရက် သူမရဲ့ မျက်နှာပေါ်က အပြုံးက..ထိပ်လန့်တဲ့ အမူအရာ အဖြစ်ပြောင်းလဲသွားခဲ့တယ်..။

“အိုး..တောင်းပန်ပါတယ်..။ညီမက အဲလိုမျိုး ဆိုလိုတာ မဟုတ်ဘူး..။..အစ်ကိုလည်း တကယ်တော်ပါတယ်..။ညီမ သေချာသိတယ်..။ဒီတိုင်း..သိတယ်မလား..သူမရဲ့ အဆင့်မျိုးမှာပဲ မရှိတာ..”

ဆန်နီ သူမကို ခနလောက် စိုက်ကြည့်လိုက်ပြီးမှ ထူးဆန်းတဲ့ အသံနဲ့ ပြောလိုက်တယ်..။

“ကောင်းပြီလေ..။အပြစ်ပြုတယ်လို့ မသတ်မှတ်ပါဘူး..။လူတိုင်းက စစ်မှန်တဲ့ စစ်သည်တော်တစ်ယောက် ဖြစ်ဖို့ မွေးဖွားလာကြတာမှ မဟုတ်တာ..။အဲတာ အမှန်ပဲ..”

သူ တစ်ခုခု ထပ်ပြောလိုက်ချင်ပေမယ့်..အဲဒီအချိန်မှာပဲ သူ့ရဲ့ စကားပြောစက်က ရုတ်တရက် ထမြည်လာခဲ့ပါတယ်..။ဒီအရာက ဖုန်းမြည်သံ ဖြစ်တာကြောင့် ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

‘ဘယ်သူ ဖြစ်နိုင်မလဲ..’

လူအနည်းငယ်လောက်ကပဲ ..သူ့ကို ဖုန်းခေါ်ဆိုတာမျိုး ရှိတာပါ..။စခရင်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့..သူ အနည်းငယ် အေးစက်သလို ခံစားလိူက်ရတယ်..။

..ဒါကတော့..ဝိဥာဉ် ရိတ်သိမ်းသူ ကိုယ်တိုင်ပါ..။တက်ရောက်သူ ဂျက်..

‘ဘာလဲ..။သူမက ဘာလို့ ငါ့ကို ဖုန်းခေါ်ရတာလဲ..’

ဆန်နီ ခနလောက် တွေဝေလိုက်ပြီးကာမှ..ဖုန်းကို ပြန်ဖြေလိုက်တယ်..။

“အာ…ဟုတ်ကဲ့..။မာစတာ ဂျက်လား..”

ပေါ့ပေါ့ပါးပါး နဲ့ ရင်းနှီးတဲ့ အသံတစ်ခုက ဖုန်းထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်..။

“အိုး..ဟေး..နိုးထသူ ဆန်းလပ်စ်..။အခုလောလောဆယ် အားရဲ့လား..”

‘သူမက ဘာလိုချင်တာလဲ..’

သူ ရိမ်းကို ကြည့်လိုက်ပြီး..ခနလောက် စဉ်းစားကာ သိချင်စိတ်နဲ့ ပြောလိုက်တယ်..။

“ဒီလိုပါပဲ..။ဘာဖြစ်လို့လဲ..”

တစ်ခနလောက် ဘာအသံမှ မကြားရပဲ..PTV ကား ရွေ့လျားနေတဲ့ အသံကိုပဲ ကြားနေခဲ့ရပါတယ်..။

ယင်းနောက် မာစတာ ဂျက်က မေးလာခဲ့တယ်..။

“..ငါ့ကို နည်းနည်းလောက် မကူညီပေးချင်ဘူးလား..”

အပိုင်း ( ၅၀၁ ) ပြီး၏။

All Chapters