← Chapters

အိပ်မက်ဆိုးရဲ့ နက်ရှိုင်းတဲ့ အတွင်းထဲမှာ..

Vol. 34 Ch. 500

အိပ်မက်ဆိုးရဲ့ နက်ရှိုင်းတဲ့ အတွင်းထဲမှာ..

Vol. 34 Ch. 500

နစ်ဖီ ဟာ..ရေဝအောင် သောက်ပြီးတဲ့နောက်မှာတော့..ရေကန်ရဲ့ အစွန်းမှာ တိတ်ဆိတ်စွာ ထိုင်ပြီး..အဝေးကို စိုက်ကြည့်နေခဲ့ပါတယ်..။

သို့ပေမယ့် သူမရဲ့ မျက်လုံးတွေကတော့..တည်ငြိမ်တဲ့ရေမျက်နှာပြင် ရဲ့ အထက်မှာ ..မမြင်နိုင်စွာပေါ်နေတဲ့..စာအုပ်တစ်အုပ်ကို ဖတ်နေသလိုမျိုး ရွေ့လျားနေခဲ့တယ်..။

အချိန်တစ်ချို့ ကြာပြီးနောက်မှာတော့..သူမရဲ့ နှုတ်ခမ်းထက်မှာ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။

‘အဲ့ကောင်လေး..သူက ရူးသွပ်တာ တစ်ခုခုလုပ်ခဲ့ပြန်ပြီထင်တယ်..ဟုတ်တယ်မလား..’

သူမက မျက်လုံးတွေကို မှိတ်လိုက်ပြီး အသက်ကို ဝအောင် ရူလိုက်ပါတယ်..။

‘..သူက ဘယ်လိုတောင် မြန်နေရတာလဲ..’

လွန်ခဲ့တဲ့ လတွေ …နှစ်တွေ…ဘဝသက်တမ်း တွေ…ဘယ်တစ်ခုလဲ..။နာကျင်မူ နဲ့၊ သွေးသံတရဲရဲ အခြေအနေတွေကလွဲပြီး ဘာမှရှိမနေတဲ့ အိပ်မက်ကမ္ဘာထဲမှာ လှည့်လည်သွားလာပြီးတဲ့ နောက်မှာတော့..နစ်ဖီ ဟာ ..သူမရဲ့ အရင် ဘဝက အခြေအနေတွေကို.. စတင်ပြီး သံသယဖြစ်လာခဲ့ပါပြီ..။တစ်ခါတစ်လေမှာ..ဒီအရာတွေ အားလုံးက..သူမရဲ့ စိတ်ထဲမှာ ထင်ယောင်ထင်မှား ဖြစ်နေတဲ့ အရာတွေလိုပါပဲ..။ဒီ စစ်မှန်တဲ့ကမ္ဘာကြီးကနေ လွတ်မြောက်ဖို့အတွက် သူမ ကိုယ်တိုင် ဖန်တီးထားတဲ့ ခါးသက်ချိုမြိန်တဲ့ အိပ်မက်တစ်ခု..။ဒီ ကမ္ဘာကြီး…။

အိပ်မက်ဆိုးတွေ ဘယ်တော့မှ အဆုံးမသတ်တဲ့ ကမ္ဘာကြီး..။

ဆန်နီကို ဖော်ပြပေးထားတဲ့ အချက်အလက်တွေ ပြောင်းလဲနေတာက..သူမ နဲ့ အစစ်အမှန်အခြေအနေကို ဆက်သွယ်ပေးထားတဲ့ တစ်ခုတည်းသော အရာပါပဲ..။ဖြစ်နိုင်တာက..ဒီအရာကပဲ သူမကို မရူးသွပ်သွားအောင် ထိန်းချုပ်ပေးထားတဲ့ အရာတစ်ခုလို ဖြစ်နိုင်ပါတယ်..။

…တစ်ခါတစ်လေ အချက်အလက်ဇယား ထဲမှဦ မြင်တွေ့ရတဲ့ အရာတွေကတောင်မှ..ယုံကြည်ဖို့အတွက် ခက်ခဲနေခဲ့ပါတယ်..။

တည်ရှိနေဖို့တောင် မသင့်တော်ပဲ..မဖြစ်နိုင်စရာ..အမွေအနှစ် ၊ အဆင့်ခုနှစ် နတ်ဘုရားအဆင့် မှတ်သားမူ ၊ သူ့ဝိဉာဉ် ရဲ့ ထူးဆန်းတဲ့ အဆီအနှစ်တွေ ၊ တိတ်ဆိတ်သော ကျောက်တုံးနတ်မိစ္ဆာရဲ့ စစ်မှန်တဲ့ သဘောသဘာဝ နဲ့..ဒါပေါ့..သူ့ရဲ့ အားနည်းချက်တွေပါ..။

ကြည့်ရတာတော့..ဆန်နီက နစ်ဖီ ထင်ထားတာထက် ပိုပြီး . လျိုဝှက်ချက်တွေ ရှိနေသလိုပါပဲ..။ဒီလို သိလိုက်ရတဲ့ အချိန်မှာတော့..အရာတွေအများကြီးက..ပိုပြီး အဓိပ္ပာယ်ရှိလာခဲ့တယ်..။သို့ပေမယ့် တစ်ချိန်တည်းမှာပဲ..တစ်ခြားအရာတွေက ပိုပြီး မယုံနိုင်စရာ ကောင်းလာခဲ့ပါတယ်..။

ကောင်းပြီလေ..သူမမှာလည်း လျို့ဝှက်ချက်တွေ ရှိမနေတာ မဟုတ်ပါဘူး..။

ပြီးတော့..ဘာပဲဖြစ်ဖြစ်..ဒါတွေအားလုံးက အတိတ်မှာပါ..။

ကျန်ရှိနေတာဆိုလို့ အနာဂတ် တစ်ခုတည်းပါပဲ..။

…သို့ပေမယ့်..သူ့အနေနဲ့ အစစ်အမှန် ကမ္ဘာမှာလည်း ကောင်းကောင်း ရှင်သန်နေထိုင်နိုင်မယ်လို့ သူမ မျှော်လင့်မိပါတယ်..။ကတ်စီ နဲ့ အတူ…

နစ်ဖီ ဟာ..ရေတွေကိုကြည့်နေရင်းကနေ..ရှေးဟောင်း သစ်ပင်ကြီးတစ်ခုဆီကို အကြည့်လွှဲလိုက်တဲ့ အချိန်မှာတော့..အဖြူရောင် သစ်ခေါက်တွေထဲကို..ခြေသည်းတွေ စိုက်ဝင်နေကြတဲ့ အရိုးစု နှစ်ခုကို တွေ့လိုက်ရတယ်..။သူတို့နှစ်ယောက်လုံးက သူမကို ဘာမှ မရှိတဲ့ မျက်လုံးတွေနဲ့စိုက်ကြည့်နေကြပြီး..သူတို့ရဲ့ သွားတွေက နူးညံ့တဲ့အပြုံးတွေကို ဖန်တီးထားခဲ့ကြပါတယ်..။

အချိန်တစ်ချို့ ကြာပြီးတဲ့နောက်မှာမှ..အရိုးစုတစ်ကောင်က ပြောလာခဲ့တယ်..။

“အိုး.မိုင်…။ငါက အဲလောက်တောင် ကြည့်ကောင်းနေတာလား..”

တစ်ခြားတစ်ယောက်ကလည်း သူ့ရဲ့ သွားတွေကို ပေါ်အောင်လုပ်လိုက်ပြီး အသံတစ်ချို့ထွက်လာခဲ့တယ်..။ပြီးတော့ သူ့ရဲ့ ခြေထောက်တွေ သစ်ပင်ကနေ လွတ်မြောက်ဖို့အတွက် အားစိုက်ထုတ်လိုက်ပါတယ်..။သို့ပေမယ့် သူ ဘယ်လောက်ပဲ ဒေါသတကြီးရုန်းကန်နေပါစေ..သူ့ရဲ့ လက်သည်းတွေက သစ်ပင်ကနေ ပြန်ထွက်မလာခဲ့ပေ..။

နစ်ဖီ အရိုးစုတွေကို တည်ငြိမ်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်..။သူမရဲ့ အေးစက်တဲ့ အညိုရောင် မျက်လုံးတွေထဲမှာ..ဘာခံစားချက်မှ ထွက်ပေါ်မနေခဲ့ပါဘူး..။

ပထမ အရိုးစုက စကားပြောလာခဲ့တယ်..။

“ဒါက..ဒါက သက်ရှိတစ်ယောက်ရဲ့ အနံ့အသက်ကို ငါ ရနေတာ မဟုတ်ဘူးလား..။ဘုရားရေ..မိန်းကလေး..မင်းက ဘယ်လို ဆိုးဝါးတဲ့ အကုသိုလ်တွေကို ကျူးလွန်ခဲ့လို့ ဒီလို ငရဲကို အသက်ရှင်လျက် အပို့ခံလိုက်ရတာလဲ..။မင်းလို အာခံတတ်တဲ့..နစ်ဖလင် လေးတစ်ယောက် အတွက်တောင်..ဒီလိုအပြစ်ပေးဖို့က ဆိုးဝါးလွန်းတယ်လေ..”

နောက်ဆုံးမှာတော့..သူမက ပါးးစပ်ကို ဖွင့်လိုက်ပြီး..အက်ကွဲတဲ့ အသံနဲ့ ပြောလာခဲ့တယ်..။ဒါကတော့..ဘယ်လိုမျိုး စကားပြောရမလဲ ဆိုတာကိုတောင် မေ့နေခဲ့တဲ့ လူတစ်ယောက်ရဲ့ အသံမျိုးနဲ့ပါ..။

“ နင်တို့က ဘယ်ဘာသာ စကားကို သုံးနေကြတာလဲ..”

အရိုးစုက ရယ်မောလိုက်တယ်..။

“ဒါပေါ့ ဒီနေရာမှာ ရှိနေတဲ့ တစ်ခုတည်းသော ဘာသာစကားးကိုပေါ့..။ဘာလို့လဲ..နင်က သင်ယူချင်လို့လား..”

နစ်ဖီ အတော်ကြအောင် တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။

“ ငါက နိုးထနေတဲ့ ကမ္ဘာဆီကို ပြန်ဖို့အတွက် လမ်းကြောင်းရှာနေတာ..။နင်တို့ ဒီနေရာကနေ ဘယ်လိုလွတ်မြောက်အောင် လုပ်ရမလဲ ဆိုတာကို သိကြလား..”

အရိုးစုက သူမကို ပြုံးကြည့်လိုက်ပြီး..ရယ်မောလိုက်တယ်..။

“ နိုးထနေတဲ့ ကမ္ဘာလား..။အဲတာက ဘာလဲ..”

ဒုတိယ အရိုးစုက နက်ရှိုင်းပြီး ဒေါသထွက်တဲ့ အသံနဲ့ ရုတ်တရက် ပြောလာခဲ့ပါတယ်..။

“ ဒီရွံစရာ သတ္တဝါ ဆီကနေ..ဒဲလ်မွန် တစ်ပါးရဲ အငွေ့အသက်တွေကို သယ်ဆောင်ထားတာ မင်း မခံစားမိဘူးလား..။သူမက ဝီဗာရဲ့ လူတွေထဲက တစ်ယောက်ပဲ အရူး..”

ပထမ အရိုးစုက အနည်းငယ် စိတ်ဝင်စားသွားခဲ့ပြီး မေးလိုက်တယ်..။

“ အဲလိုလား..။အိုး …မိုင်..။ဒီလိုဆိုရင်တော့..ငါတို့နှစ်ယောက် ထက် ပိုကောင်းတဲ့ လမ်းပြဆိုတာ ရှိတော့မှာ မဟုတ်ဘူး..။ငါတို့ နှစ်ယောက်ကို သာ ဒီသောက်ကျိုးနဲ သစ်ပင်ဆီကနေ ခေါ်သွားပေး..။ပြီးရင် ငါတို့က မင်းသွားချင်တဲ့ နေရာကို လမ်းပြပေးမယ်..”

နစ်ဖီ သူ့တို့ကိုအတော် ကြအောင် ကြည့်နေပြီးကာမှ..တစ်ဖက်ကိုလှည့်လိုက်တယ်..။

“…ငါကတော့ လမ်းပြနှစ်ယောက် မလိုအပ်ဘူး..။ဘယ်တစ်ယောက်ကို ငါရွေးသင့်လဲ..”

ဒုတိယ အရိုးစုက သူ့ကိုသူ လွတ်မြောက်ဖို့အတွက် အားစိုက်ရုန်းကန်ရင်း အော်ဟစ်လိုက်တယ်.။

“ငါက အရမ်းကို အားကောင်းတဲ့ အဇာရပ် ပဲ..။ဘုရင်တွေထဲက ဘုရင် ၊ ထီးနန်းပေါင်တစ်ရာကို ဆက်ခံခဲ့တဲ့သူ..။ငါ့ကို ရွေးပါ..နစ်ဖလင်လေး..။ငါ မင်းကို မြေအောက်ကမ္ဘာရဲ့ ကမ်းခြေဆီကို ခေါ်သွားပြီး အဲဒီကနေတဆင့် သက်ရှိတွေ နေထိုင်တဲ့ ကမ္ဘာတစ်ခုဆီကို လမ်းပြပေးမယ်..။တကယ်လို့ မင်းက လွတ်မြောက်ချင်တယ် ဆိုရင် သန်မာတဲ့ လမ်းပြတစ်ယောက်ကို လိုအပ်တယ်လေ..”

သူမက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး..တစ်ခြားတစ်ယောက်ကို ပြောလိုက်တယ်..။

ပထမ အရိုးစုကတော့ သိပ်ပြီး ဂရုမစိုက်တဲ့ အမူအရာနဲ့ ပြန်ပြောလာခဲ့ပါတယ်..။

“ငါလား..။အိုး..ငါက ဘယ်သူမှ မဟုတ်ပါဘူး..။ဒီတိုင်း..နိမ့်ချတဲ့ အစေခံတစ်ယောက်လေးပါ..”

နစ်ဖီ ခနလောက်တွေဝေနေခဲ့ပြီးမှ နောက်ဆုံးမှာ မေးလိုက်တယ်..။

“ဘာလို့..နင်တို့ နှစ်ယောက်က ဒီသစ်ပင်မှာ ချုပ်နှောင်ခံထားကြရတာလဲ..”

သူ့ကိုယ်သူ အဇာရပ်လို့ ခေါ်တဲ့ အရိုးစုက ပြန်ပြောလာခဲ့တယ်..။

“မင်း ဘယ်ကိုရောက်နေတာလဲ ဆိုတာ မသိဘူးမလား..သနားစရာ သတ္တဝါလေး..။ငါ ဒီကို ရောက်နေတယ် ဆိုတာက..ငါ့ရဲ့ စစ်တပ်ကို ကြီးမားတဲ့ စစ်ပွဲတစ်ခုဆီကို ခေါ်ဆောင်ပြီး မရေမတွက်နိုင်အောင် များပြားတဲ့ ဝိဉာဉ်တွေ ကိုသတ်ဖြတ် ခဲ့တဲ့ အတွက် ငါ့ရဲ့ ခွန်အားနဲ့ဂုဏ်သိက္ခာတွေကို အပြစ်ပေးထားခဲ့တာပဲ..”

သူမက နောက်ထပ်တစ်ယောက်ဆီကို အကြည့်ရွေ့လျားလိုက်တယ်..။

ပထမ အရိုးစုက အတိုချုပ် ပြန်ဖြေလိုက်ပါတယ်..။

“ငါက နတ်ဘုရားတွေကို ဒေါသထွက်စေခဲ့တာ..”

နစ်ဖီ စိတ်ဝင်စားသွားခဲ့ပြီး..

“ဘယ်လိုမျိုးလဲ..”

အရိုးစုက နောင်တရစွာ သက်ပြင်းချလိုက်တယ်...။

“ကောင်းပြီလေ..တကယ်လို့ မင်းသိချင်ရင်ပေါ့..ငါက နတ်ဘုရားတစ်ပါးရဲ့ လည်ပင်းကို ထိုးဖောက်ခဲ့တာ..။အိုး…မိုင်.. ဒါက နားလည်မူလွဲသွားတာလို့ ပြောရင်တောင် ရတယ်လေ..။အဲလောက်အထိ စိတ်ဆိုးဖို့ တကယ်ပဲ လိုအပ်လို့လား..”

နေရောင်ခြည်က..မိုးကုတ်စက်ဝိုင်း ရဲ့အနောက်ဘက်ကို ရောက်နေပြီ ဖြစ်တာကြောင့်..အေးစက်တဲ့ အအေးဓာတ်က..အဖြူရောင်..ကန္တာရကို ဖြတ်သန်းလာခဲ့ပါပြီ..။နစ်ဖီ သူမရဲ့ အဖြူရောင်ခြုံထည်ကို ထုတ်ယူလိုက်ပြီး သူမရဲ့ ကိုယ်ပေါ်မှာ ရစ်ပတ်လိုက်တယ်..။

မကြာခင်မှာပဲ..ညအချိန်ရောက်ရှိလာခဲ့ပြီး..အရေမတွက်နိုင်အောင် အနန္တများပြားတဲ့ ကြယ်အလင်းရောင်တွေက ပေါ်ထွက်လာခဲ့ပါတယ်...။အဲ့အချိန်မှာတော့..သဲတွေက လှုပ်ရှားလာခဲ့ပြီး…များပြားလှတဲ့ ပုံရိပ်တွေက သဲတွေ ထဲကနေ ဖြည်းညှင်းစွာပေါ်ထွက်လာခဲ့ကြတယ်..။သူတို့အားလုံးက..အရိုးစုတွေ ဖြစ်ကြပြီး အသွေးအသားတွေ တစ်ခုမှ မရှိကြတော့ပါဘူး..။တစ်ချို့က လူသားတွေနဲ့တူပြီး ..တစ်ချို့က အတော်လေးကို ကြီးမားကာ..တစ်ချို့ကတော့..ဖော်ပြဖို့အတွက်တောင် ထူးဆန်းပြီး ကြောက်ဖို့ကောင်းနေခဲ့ပါတယ်..။

သံကြေးတက်နေတဲ့ အကာအကွယ် အသံတွေ ၊ ညဉ်းညူတဲ့အသံတွေ ၊ သတ္တဝါအုပ်ကြီး ရဲ့ အချင်းချင်းတိုက်ခိုက်နေကြတဲ့ အသံတွေနဲ့အတူပဲ..သူတို့ရဲ့ ဆိုးဝါးတဲ့ တိုက်ပွဲကို သေဆုံးတဲ့ အချိန်မှာတောင် ဆက်လက် တိုက်ခိုက်နေကြပါသေးတယ်..။

နစ်ဖီက သစ်ပင်နားကို ပိုပြီး ကပ်သွားခဲ့တယ်..။ဒါက ကျွန်းပေါ်မှာ ရှိနေပြီး ထိပ်လန့်စရာ ပင်လယ်ကြီးရဲ့ရန်ကနေ တစ်နည်းအားဖြင့် လွတ်မြောက်နေခဲ့ပါတယ်…။ပြီးတာနဲ့ သူမက ပထမဆုံး အရိုးစုကို ကြည့်လိုက်ပြီး..

“နင်..က ငါသိထားတဲ့ တစ်စုံတစ်ယောက်ကို ပြန်ပြီး သတိရစေတယ်..။မနက်ရောက်တဲ့ အချိန်ကျရင် ငါနင့်ကို သစ်ပင်ကနေ ကယ်တင်ပေးမယ်..။ငါ့ကို လမ်းပြပေးဖို့အတွက်..”

အရိုးစုက ရယ်လိုက်တယ်…

“ကောင်းပြီလေ..ရွံ့စရာ သတ္တဝါ..။မင်းက နည်းနည်းတော့ ရွံစရာကောင်းနေပေမယ့်..ငါက ကတိတည်မှာပါ..”

နစ်ဖီ ပြုံးလိုက်ပြီး..

“ ဒါဆို ငါနင့်ကို ဘယ်လိုခေါ်ရမလဲ..”

အရိုးစုက ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။

“နာမည် တစ်ခုလား..။ငါ့မှာ အဲလိုမျိုးတစ်ခုတော့ ရှိခဲ့ဖူးတယ်..အရင်တုန်းက..။အဲတာက ဘာများလဲ..အိုး..”

သူက ပါးစပ်ကိုအနည်းငယ် လှုပ်ပြီး ပြေလိုက်တယ်..။

“အူရီ…။နိုင်း ရဲ့ . အူရီ ပဲ…”

အပိုင်း ( ၅၀၀ ) ပြီး၏။

All Chapters