အပေါ်ယံ ဆက်ဆံရေး..
Vol. 34 Ch. 498
‘သူမကို လေ့ကျင့်ပေးရမှာလား..’
ဒါက သူလိုချင်နေတဲ့ အတိုင်း အတိအကျပဲ မဟုတ်ဘူးလား…။
ဒါက ဟုတ်ပါတယ်..။
သို့ပေမယ့်..ဒါက သူ ရှောင်ရှားချင်တဲ့ အရာ အတိအကျပဲ ဟုတ်မနေဘူးလား..။
ဟုတ်ပါတယ်…ဒါလည်း ဟုတ်တာပါပဲ..။
ဆန်နီက ထူးဆန်းတဲ့ ပြသနာတစ်ခုနဲ့ ရင်ဆိုင်နေခဲ့ရတယ်..။သူ့ကို လပေါင်းများစွာ ကြာအောင် နိုပ်စက်ညှင်းပန်းနေတဲ့ အဖြေက..ရုတ်တရက် သူ့ရဲ့ ရှေ့ကိုရောက်ရှိလာခဲ့ပါပြီ..။သို့ပေမယ့်..ဒါကို အသုံးချဖို့ အတွက် ဆိုရင် သူ့ရဲ့ အရင်ထားရှိထားခဲ့တဲ့ သံသယစိတ်တွေ အားလုံးကို ဆန့်ကျင်ပြီး လုပ်ဆောင်ရပါလိမ့်မယ်..။
ဘယ်လိုနည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် သူက ရိမ်းကို သူနဲ့ ပတ်သက်ဆက်နွယ်စေချင် ခဲ့တာ မဟုတ်ပေ..။တကယ်လို့ ဆန်နီက ကိုယ့်ကိုကို အရိုးသားဆုံး ဝန်ခံရမယ်ဆိုရင်.. သူက သူ့ရဲ့ ညီမလေးကို စွဲလမ်းနေမိတယ်..ဒါမှမဟုတ် မေ့ပျောက်လုနီးပါး ဖြစ်နေပြီဖြစ်တဲ့..သူမ နဲ့အတူ ရှိနေခဲ့ရတဲ့ အမှတ်တရ တွေကို စွဲလမ်းနေမိတယ် ဆိုတာကို ဝန်ခံရမှာပါ..။ရိမ်း နဲ့ ပြန်ပြီး ဆက်သွယ်ချင်နေမိတဲ့ သူ့ရဲ့ စိတ်ဆန္ဒတွေက တစ်ကိုယ်ကောင်းဆန်ပြီး နည်းလမ်းမှာနေတယ် ဆိုတာကို သူ သိထားပြီးသားပါ..။ဘာလို့လဲဆိုတော့..သူတို့အတူရှိနေခဲ့တဲ့ မှတ်ဥာဏ်တွေကို ဘယ်အရာကမှ ပြန်ပြီး အသက်ဝင်လာအောင် လုပ်ဆောင်နိုင်မှာ မဟုတ်တော့လို့ပါပဲ..။
..ပြီးတော့..တကယ်လို့ ဆန်နီသာ ဒီထက်ပိုပြီး ရိုးသားရမယ် ဆိုရင်..သူ့ရဲ့ အတွင်းစိတ်ထဲမှာ သူ့ညီမလေးနဲ့ ပတ်သက်ပြီး ခါးသီးတဲ့ ခံစားချက်တွေ ရှိနေခဲ့တယ် ဆိုတာကိုလည်း ဝန်ခံရမှာပါ..။သူ့မှာ အရမ်းကို ချစ်ခင်ရတဲ့ မိသားစု တစ်ခုရှိမနေတဲ့ အချိန်မှာ သူမမှာ မိသားစုတစ်ခု ရှိနေခဲ့ပြီး..သူ့ကို လုံးဝ မလိုအပ်တော့တဲ့ အတွက်ပါ..။
ဘယ်လောက်တဲ့ ရှုပ်ထွေးလှတဲ့ ခံစားချက်တွေလဲ..။ပြီးတော့..တကယ်လို့ ဆန်နီ ကိုယ်တွယ်ဖြေရှင်းတဲ့ နေရာမှာ အညံ့ဆုံးအရာကို ပြပါဆိုရင်တော့..အဲတာက သူ့ရဲ့ ခံစားချက်တွေပါပဲ..။သူ့အတွက်တော့..အိပ်မက်ဆိုးသားရဲ အုပ်ကြီးတွေနဲ့ တိုက်ခိုက်ရတာကပဲ ပိုပြီး လွယ်ကူနေခဲ့ပါတယ်..။
ပြီးတော့..သူ့ရဲ့ အတွင်းစိတ်ထဲက တိုက်ခိုက်နေမူတွေကတင် မလုံလောက်သေးတဲ့အလား..နောက်ထပ် အပြင်ဖက်ကနေ တွန်းအားပေးနေတဲ့ အရာတွေကလည်း ရှိနေပြန်ပါသေးတယ်..။ဒါကတော့..သူ့ရဲ့ ကံစီမံရာ စွမ်းရည်..၊ ဝီဗာ နဲ့သူ့ရဲ့ ထူးဆန်းတဲ့ ဆက်နွယ်မူ ၊ နစ်ဖီ ရဲ့ အုပ်ချုပ်သူတွေ အပေါ်သတ်ဖြတ်ချင်လောက်အောင် မုန်းတီးမူ နဲ့ လူသားတွေနဲ့မတူစွာ ပဲ အခိုက်အတန့်ကို ပျက်ဆီးချင်နေခဲ့တဲ့ သူမ ရဲ့ စိတ်ဓာတ်တွေပါ..။
သူ နဲ့ ရိမ်းနဲ့ပိုပို ပြီး ဆက်သွယ်လေလေ..ဒီအရှုပ်ထုတ်တွေ ထဲမှာ သူမ ပါဝင်လာနိုင်ချေက ပိုပိုပြီး များပြားလာလေလေပါပဲ.။သို့ပေမယ့်…
ဖြစ်နိုင်တာက..တကယ်လို့ သူတို့သာ..ချမ်းသာတဲ့ မိသားစုရဲ့ ကလေးတစ်ယောက်နဲ့ သူမရဲ့ ဆရာ လို အပေါ်ယံ ဆက်ဆံရေးမျိုးလောက်သာ ရှိရင် အခြေအနေက အဆင်ပြေကောင်း ပြေနေလောက်မှာပါ..။
သူနဲ့ ချည်နှောင်ထားတဲ့ အရာတွေထက် ပထမ အိပ်မက်ဆိုးက ပေးစွမ်းလာနိုင်တဲ့ ခြိမ်းခြောက်မူတွေက ပိုပြီး ကြီးမားသွားနိုင်တယ် ဆိုတဲ့ အချက်ကိုလည်း သူက ထည့်သွင်းစဉ်းစား ရပါလိမ့်မယ်..။ဘာပဲဖြစ်ဖြစ် ဆန်နီက အန္တရာယ် ဖြစ်လာနိုင်လောက်တဲ့ အာရုံစိုက်စရာ ကိစ္စမျိုးတွေကို လုပ်ခဲ့တာ မရှိသေးပါဘူး..။ဒါမှမဟုတ် အခုအချိန်အထိ သူလုပ်နေတာတွေကို ဖမ်းမိတာမျိုး မရှိသေးပေ..။
..သူ ဒီလိုမျိုး ခံစားချက်တွေနဲ့ ရှုပ်ထွေးနေတုန်းမှာတော့..ရိမ်းက စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့ပါတယ်..။ယင်းနောက် သူ့ရဲ့ တိတ်ဆိတ်နေမူကို နားလည်မူ လွဲသွားခဲ့ပြီး ပြောလိုက်တယ်..။
“အိုး..ဒါပေါ့.. ညီမက အခကြေးငွေ ပေးမှာပါ..။ညီမမှာ ခရီးသွားဖို့စုဆောင်းထားတဲ့ ပိုက်ဆံ နည်းနည်း ရှိတယ်..။ကောင်းပြီလေ..ညီမရဲ့ မိဘတွေကိုလည်း စကားပြောရမှာပေါ့..။ဒါက ဒီတိုင်း..အစ်ကိုက ညီမ သိတဲ့ တစ်ယောက်တည်းသော နိုးထသူ ဖြစ်နေတာလေ..သိတယ်မလား..။ကျောင်းမှာ ရှိနေတဲ့ ညီမရဲ့ လေ့ကျင့်ရေး နည်းပြက လွဲလို့ပေါ့..”
ဆန်နီ သူမကို မျက်မှောင်ကျုတ်ပြီး ကြည့်လိုက်တယ်..။နောက်ဆုံးမှာတော့..သူ မေးလိုက်ပါတယ်..။
“ဒါဆို ဘာလို့ လာပြောနေသေးတာလဲ..။မင်းက ဘာလို့ ရုတ်တရက်ကြီး လေ့ကျင့်ပေးဖို့ တစ်ယောက်ယောက် လိုအပ်လာရတာလဲ..။မင်း မှာ ကိုယ်ခံပညာနည်းပြ တစ်ယောက် ရှိတယ်လို့ မင်းကိုယ်တိုင်ပဲ ပြောလိုက်တာ မဟုတ်ဘူးလား..။မင်းတို့လို ချမ်းသာတဲ့ ကလေးတွေက လိုအပ်တာတွေ အကုန်လုံးကို ကျောင်းမှာ သင်ကြားခွင့် ရထားကြမယ်လို့ ငါ ထင်ထားခဲ့တာ..”
ရုတ်တရက် ရိမ်းက ငြိမ်ကျသွားခဲ့ပြီး အဝေးကို ကြည့်လိုက်တယ်..။
အတော်ကြာပြီးကာမှ သူမ ပြောလိုက်ပါတယ်..။
“အာ..အဲတာက..အစ်ကို မကြားရသေးလို့ဖြစ်မယ်..။ဒါပေမဲ့ ဒီနေ့ ညီမတို့ ကျောင်းနားမှာ ဂိတ်ပေါက်တစ်ခု ပွင့်လာခဲ့တယ်လေ..။လူတွေ အများကြီးက သေဆုံးလုနီးပါး ဖြစ်ခဲ့ကြရတယ်..။ညီမက တကယ့် အစစ်အမှန် အိပ်မက်ဆိုးသားရဲကိုတောင် တွေ့ခဲ့ရတယ်..။အဲတာက..အဲတာက ညီမ နဲ့ အတော်လေးကို နီးကပ်နေခဲ့တာ..။အဲတာက ဘယ်လိုခံစားရလဲ ဆိုတာကို အစ်ကို့လို နိုးထသူ တစ်ယောက်ကတော့ နားလည်နိုင်မှာ မဟုတ်လောက်ဘူး..ဟုတ်တယ်မလား..။အိုး ..ဆောရီး..ငါ ဘာတွေ ပြောနေမိတာလဲ..။ဒါပေါ့ အစ်ကို နားလည်မှာပေါ့..။ညီမ ပြောချင်တာက..အဲ့အချိန်မှာ လုံးဝကို ခွန်အားကင်းမဲ့ သလို ခံစားခဲ့ရတယ်..။ပြီးတော့ ဒါက ကောင်းမွန်တဲ့ ခံစားချက်တစ်ခုလည်း မဟုတ်ဘူး..။လုံးဝကို ကောင်းမွန်တဲ့ ခံစားချက်မဟုတ်ဘူး..”
သူမက သူ့ကို ကြည့်လိုက်ပြီး ရုတ်တရက် လေးနက်တဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ်..။
“ဒီတော့..ညီမ သန်မာလာချင်တယ်..။တကယ် သန်မာချင်တယ်..။အဲလို ခံစားချက်မျိုး နောက်တစ်ကြိမ် ဖြစ်မလာတော့ တဲ့ အထိကို သန်မာလာချင်တယ်..”
ဆန်နီ ရယ်မိလုနီးပါးပါပဲ..။
‘အိုး..ဘယ်လောက် စိတ်ဓာတ် မာကျောလိုက်သလဲ..။ငါတို့တွေက ကွဲခြားပြီး အခြေအနေတွေ မတူညီကြပေမယ့်..ငါတို့ရဲ့ စိတ်ဆန္ဒတွေကတော့ တစ်ထပ်တည်းတူညီလု နီးပါးပဲ..။ပိုသန်မာလာရမယ်..အများကြီး သန်မာလာရမယ်..။တစ်စုံတစ်ယောက် သန်မာ နိုင်တဲ့ အထိ သန်မာရမယ်..’
ရိမ်းက ခနလောက် ရပ်တန့်လိုက်ပြီးမှ ထပ်ပြောလိုက်တယ်..။
“ပြီးတော့..ကျောင်းမှာ သင်ကြားနေတာတွေက လုံလောက်မူမရှိဘူး..။အနည်းဆုံး..အနည်းဆုံးတော့..ဒီနေ့အတွက်ပေါ့..။ညီမရဲ့ အတန်းဖော်တစ်ချို့က သူတို့ မိဘတွေ ခန့်အပ်ပေးထားတဲ့ နိုးထသူ ကိုယ်ပိုင်ဆရာတွေနဲ့လည်း သင်ကြားခွင့်ရထားကြတယ်..။ဒါပေမဲ့ ဒါက သူတို့အတွက် ဂုဏ်သိက္ခာကို ပြသဖို့ အတွက်ပဲ..။သူတို့က တကယ် သင်ယူကြတာ မဟုတ်ဘူး..။သင်နေကြရင်လည်း အိပ်မက်ဆိုးသားရဲတွေ သူတို့ကို သတ်ဖို့လုပ်လာတဲ့ အချိန်မှာ သူတို့ ဘာမှ မလုပ်နိုင်ခဲ့ကြဘူး..”
ဆန်နီ နှုတ်ခမ်းတွန့်ကွေးသွားတဲ့ အထိပြုံးလိုက်တယ်..။
“ဒါက ဘာလို့လဲဆိုတော့..နာရီပေါင်းတစ်ထောင်လောက် လေ့ကျင့်နေတာက အစစ်အမှန် တိုက်ပွဲတစ်ခုလောက် သက်ရောက်နိုင်စွမ်း မရှိလို့ပဲ..။ဒါက ငါ့ရဲ့ ဆရာက တစ်ချိန်တုန်းက ငါ့ကို ပြောပြခဲ့တာ..”
သူ တစ်ခနလောက် တွေဝေနေပြီးကာမှ သက်ပြင်းချလိုက်တယ်..။
“အစ်ကိူ ကိုလည်း အရမ်းကို ထူးခြားတဲ့ လူတစ်ယောက်က လေ့ကျင့်ပေးခဲံတာ..။အစ်ကို တွေ့ဖူးသမျှထဲမှာ အတော်ဆုံး တိုက်ခိုက်ရေးသမား တစ်ယောက်တောင် ဖြစ်နိုင်တယ်..။ရယ်စရာ ကောင်းတာက…အစ်ကိုက ဓားဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို သင်ကြားပေးဖို့အတွက် သူမကို လှည့်စားခဲ့ရတာပဲ..။အဲဒီကတည်းက..အဲ့ကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းတော့ နောင်တရနေမိခဲ့တယ်..။ဒီတော့..အခုချိန်မှာ ရှေ့ကိုဆက်ပြီး..မင်းလို တစ်စုံတစ်ယောက်ကို လက်ဆင့်ပေးနိုင်မယ် ဆိုရင် ဒီလို ခံစားရတော့မှာ မဟုတ်တော့ဘူးလို့ ထင်တာပဲ..”
ဆန်နီဟာ သူ ဆုံးဖြတ်ချက် ချပြီးသွားခဲ့ပြီ ဆိုတာကို နားလည်လိုက်တာကြောင့်..ရိမ်းကို နက်မှောင်တဲ့ အမူအရာနဲ့ကြည့်လိုက်ပါတယ်..။
‘အာ..တကယ်ကို ငရဲပဲ..အခြေအနေတွေက အရမ်းကို ရိုးရှင်းနေတဲ့ အချိန်မှာ..ဘာလို့ရှုပ်ထွေးအောင် လုပ်နေတော့မှာလဲ..’
သူ ခေါင်းခါယမ်းလိုက်တယ်..။
“ဒါပေမယ့် သတိပေးထားလိုက်မယ်..။တကယ်လို့ မင်း ငါ့ကို လေ့ကျင့်ပေးစေချင်တယ် ဆိုရင်..ငါ မင်းကို တကယ်လေ့ကျင့်ပေးမယ်..။ဒါက ငရဲတစ်ခုလို ကြမ်းတမ်းပြီး..အရမ်း နာကျင်ရလိမ့်မယ်..။ငါ ဘာ ကွန်ပလိန်း တက်တာကိုမှ မကြားချင်ဘူး..။ဒါမှမဟုတ်..ပျင်းရိပြီး အလေးမထားတာမျိုးကိုလည်း မမြင်ချင်ဘူး..။နားလည်လား..”
ရိမ်းက ရုတ်တရက် တခစ်ခစ် ရယ်မောလိုက်တယ်..။
ဆန်နီ မျက်နှာပျက်သွားခဲ့ပြီး..
“ဘာရယ်စရာ ပါလို့လဲ..”
သူမ လက်ဝေ့ယမ်းလိုက်တယ်..။
“ ဆောရီး..ဆောရီး..ဒါက ဒီတိုင်းပဲ..။အစ်ကိုက တင်းကြပ်ပြီး လေးနက်နေတဲ့ ပုံစံ စကားပြောရင် တကယ်ရယ်ရတယ်..။ဘာလို့လဲ ဆိုတော့..သိတယ်မလား..ညီမထက် နည်းနည်းလောက်ပဲ အသက်ပိုကြီးတာလေ..။ဒါပေမဲ့ ညီမ နားလည်ပါတယ်..။ညီမ အကောင်းဆုံးကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်..”
ဆန်နီ သူမကို တစ်ခနလောက်ကြာအောင် စိုက်ကြည့်နေပြီးကာမှ အသံကို နိမ့်ပြီးပြောလိုက်တယ်..။
“ မင်းထက် နည်းနည်းပဲ ပိုကြီးတယ် ဆိုတာက ဘာကိုပြောတာလဲ..။ငါက မင်းထက် အသက်တွေ အများကြီး ပိုကြီးတယ်..။ငါ မြင်ခဲ့ဖူးတဲ့ အရာတွေရဲ့ တစ်ဝက်လောက်ကိုတောင် မင်းရဲ့တစ်ဘဝလုံးမှာ မြင်ဖူးဦးမှာ မဟုတ်ဘူး..”
ယင်းနောက် သူပြုံးလိုက်ပြီး ထပ်ပြောလိုက်တယ်..။
“ အိုး…ပြီးတော့..စကားမစပ်..ငါက သိပ်ပြီး စေ◌ျးမပေါဘူးနော်..။ငါ့ မှာ ကျွေးးစရာ ပါးစပ်တွေ ရှိနေသေးတယ်…သိတယ်မလား..။မင်း တွေ့ခဲ့ရတဲ့ ဧည့်သည်ကို..သိတယ်မလား..။သူမက ထွက်သွားခိုင်းလို့ ရမယ့် ပုံစံ မရှိဘူး..။ပြီးတော့..ငါ့နောက်ကို အမြဲတမ်းလိုက်နေတဲ့ ကျောက်တုံးလို နှလုံးသား နဲ့ အလှပဂေးလေး တစ်ယောက်လည်း ရှိနေသေးတယ်..။သူမရဲ့ အစားအသောက် စားရိတ်ကလည်း အတော်စေ◌ျးကြီးတယ်..။ဒါပေမဲ့ ငါ ဘာများ တတ်နိုင်မှာလဲ..။အရမ်းကို အစားကြီးတဲ့ အမျိုးသမီးတွေကို ဘေးနားမှာ ခေါ်ထားမိတာက..ငါ့အတွက် ကျိန်စာသင့်နေတာပဲလေ..”
သူ သက်ပြင်းချလိုက်ပြီး ရိမ်းကို ကြည့်ကာ ထပ်ပြောလိုက်တယ်..။
“ဒါတောင်မှ စိတ်မပြောင်းလဲသေးဘူး ဆိုရင်တော့..ကောင်းပြီလေ..။ငါ မင်းကို လေ့ကျင့်ပေးမယ်..ရိမ်း..”
အပိုင်း ( ၄၉၈ ) ပြီး၏။