← Chapters

အဝေး တစ်နေရာမှာ..

Vol. 34 Ch. 499

အဝေး တစ်နေရာမှာ..

Vol. 34 Ch. 499

..အဆုံးမရှိဖြစ်ပေါ်နေပြီး..လွတ်မြောက်နိုင်ဖို့လမ်းစမရှိတဲ့ အိပ်မက်ဆိုးရဲ့ နက်ရှိုင်းတဲ့ တစ်နေရာမှာတော့..မျက်စိကျိန်းလောက်အောင် တောက်ပနေတဲ့..အဖြူရောင်နေလုံးကြီး တစ်ခုက..ကျယ်ပြန့်လှတဲ့ သဲကန္တာရ ရဲ့ သဲသောင်ပြင်တွေပေါ်ကို လောင်ကျွမ်းစေနိုင်တဲ့ အပူချိန်နဲ့ ဖြန့်ကျတ်ထားခဲ့ပါတယ်..။ကန္တာရရဲ့ သဲသောင်ပြင်တွေက..အပြစ်ကင်းလောက်အောင် ဖြူဖျော့နေခဲ့တယ်..။အပေါ်မှာ ရှိနေတဲ့ အဇူရာ ကောင်းကင်ကတော့..နက်ရှိုင်းပြီး အကန့်အသတ်မဲ့တဲ့ ရှေးဟောင်း သမုဒ္ဒရာကြီးတစ်စင်းနဲ့ တူနေခဲ့ပါတယ်..။ဒီကောင်းကင်မှာတော့...တိမ်အစိုင်အခဲတွေ လုံးဝရှိမနေခဲ့ပါဘူး..။

အပူချိန်ရဲ့ ဖုံးလွှမ်းမူကို အံတုရင်း..အထီးကျန်တဲ ပုံရိပ်တစ်ခုက သဲသောင်တွေ ထဲမှာ ဖြတ်သန်းနေခဲ့တယ်..။

ဒါကတော့ အညိုရောင် မျက်လုံး တွေ ရှိတဲ့ ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး..သူမရဲ့ အရည်ပြားတွေကို ဆိုးဝါးတဲ့ လောင်ကျွမ်းဒဏ်ရာတွေနဲ့ ဖုံးအုပ်ထားခဲ့တယ်..။သူမရဲ့ ငွေရောင်ဆံပင်က သွေးတွေနဲ့ ညစ်ပတ်နေခဲ့ကာ..ထူးခြားတဲ့ ရောင်ခြည်တန်းတွေကို အလင်းပြန်နေခဲ့ပါတယ်..။သူမက ကွဲကြေနေတဲ့..အကာအကွယ်အက်ျီ အကြွင်းအကျန်တွေ ကို ဝတ်ဆင်ထားခဲ့ပြီး..ကျိုးပဲ့နေတဲ့ ဓားတစ်ချောင်းကို ကိုင်ဆောင်ထားခဲ့တယ်..။ငွေရောင်ဓားရဲ့ အသွားက လက်ကိုင်နဲ့ နီးကပ်တဲ့အထိ ကျိုးပဲ့ပြီး ချွန်ထက်တဲ့ အသွားနဲ့ အဆုံးသတ်ထားခဲ့တာပါ..။

အမျိုးသမီးငယ်လေး လမ်းလျာက်နေတဲ့ အချိန်မှာတော့..သူမရဲ့ နောက်ဖက်မှာာ ခြေရာတွေက အတော်ဝေးဝေးအထိ ရှိနေပြီး..မိုးကုတ်စက်ဝိုင်းအထိ တိုးဝင်ပျောက်ကွယ်သွားခဲ့ပါတယ်..။သူမရဲ့ ဘယ်ဘက်မှာတော့..အဆုံးမရှိတဲ့ အဖြူရောင် သဲသောင်ပင်လယ်ကြီး ရှိနေခဲ့တယ်..။သူမရဲ့ ညာဘက်မှာတော့..အနက်ရောင်တောင်တန်းတွေက..ပူပြင်းလွန်းတဲ့ သဲကန္တာရ ရဲ့ နယ်နိမိတ် တစ်ခု အဖြစ်တည်ရှိနေခဲ့ပါတယ်..။

ရှေ့ဘက်အဝေးတစ်နေရာမှာတော့..အနီရောင် အရွက်တွေရှိတဲ့ သစ်ပင်တစ်ပင် ရှိနေခဲ့ပြီး..ဖြူဖျော့တဲ့ အသီးနဲ့ဆင်တူတဲ့ အရာတွေက..သူ့ရဲ့ ကြီးမားတဲ့ အကိုင်းတွေမှာ ချိတ်ဆွဲထားခဲ့ပါတယ်..။

…အဲ့နေရာက နစ်ဖီ သွားဖို့ ဦးတည်နေတဲ့ နေရာပါပဲ..။

သူမက ညမရောက်ခင် အချိန်မှာ..အဲ့ဒီ သစ်ပင်ဆီကို ရောက်ဖို့ လိုအပ်ပါတယ်..။ဒါမှမဟုတ်ရင်တော့…မဟုတ်ဘူး..ဒီအကြောင်းကို မတွေးပဲ နေတာက ပိုပြီးကောင်းမှာပါ..။

သူမရဲ့ ရေတွေက အစောကတည်းက ကုန်သွားခဲ့ပြီဖြစ်တာကြောင့် ရေဆာမူကလည်း..ဖြည်းညှင်းစွာပဲ သူ့စိတ်ထဲမှာ စိုးမိုးလာခဲ့တယ်..။သူမရဲ့ နိုပ်စက်ခံထားရတဲ့ ခန္တာကိုယ်က ဆိုးဆိုးဝါးဝါး နာကျင်နေခဲ့ပေမယ့်..သူမ ဆက်ပြီး လျောက်လှမ်းနေတုန်းပါပဲ.။သူမက ဆက်ပြီး တိုက်ခိုက်နေတုန်းပါ..။

သူမက လက်လျော့ဖို့အတွက် လုံးဝ စိတ်ဆန္ဒမရှိသေးပါဘူး..။

..အတော်ကြာပြီးတဲ့ နောက်မှာတော့..သစ်ပင်က ပိုမိုပြီး နီးကပ်လာခဲ့တယ်..။

နစ်ဖီ ရပ်တန့်လိုက်ပြီး..ဖြူဖွေးနေတဲ့ သစ်ခေါက်တွေ ၊ သူ့ရဲ့ သစ်ရွက်တွေ နဲ့..သူမ အသီးတွေလို့ထင်ထား ခဲ့တဲ့ အရာတွေကို ကြည့်လိုက်ပါတယ်..။သို့ပေမယ့် အဲဒါတွေက ရှိမနေခဲ့ပါဘူး..။အဲဒီအစား..သောင်းနဲ့ချီတဲ့ အရိုးခေါင်းတွေက လှပတဲ့ အကိုင်းအခက်တွေမှာ ချိတ်ဆွဲနေခဲ့ပါတယ်..။ဒီအရာတွေကို တောက်ပတဲ့ အနက်ရောင် ပိုးခြည်တွေက ခိုင်မာအောင် ချည်နှောင်ပေးထားခဲ့တာပါ..။

ရေထွက်ရာ စိမ့်စမ်း တစ်ခုက ကြီးမားတဲ့ သစ်ပင်ကြီးရဲ့ အရိပ်အောက်မှာ..သန့်ရှင်းတဲ့ ရေကန်တစ်ခုကို ဖန်တီးထားခဲ့တယ်..။အဲဒီရဲ့ ဘေးနားမှာတော့..သံကြေးတွေ တက်နေတဲ့..အကာအကွယ်ကို ဝတ်ဆင်ထားတဲ့ ထူးဆန်းတဲ့ လူတစ်ယောက်က သူမကို ကျောပေးပြီး ရပ်နေခဲ့တယ်..။

‘လူ…လူသား တစ်ယောက်လား..’

မဟုတ်ဘူး…သူမရဲ့ မျိုးနွယ်ထဲက ဖြစ်ဖို့အတွက် ဒီပုံရိပ်က အတော်လေး အရပ်ရှည်နေခဲ့ပါတယ်..။

သူမရဲ့ အတွေးတွေကို ကြားသွားတဲ့ အလား..သတ္တဝါက တစ်ဖက်ကို လှည့်လာခဲ့တယ်။သူ့ရဲ့..အလောင်းလို ခြောက်သွေ့တဲ့ မျက်နှာ ၊ အပြာရောင်အလင်းတွေ တောက်ပနေတဲ့ မျက်လုံးချိုင့်ခွက်တွေ နဲ့ လက်နက်တွေကိုင်ဆောင်ထားတဲ့ လက်ခြောက်ချောင်းကို နစ်ဖီ မြင်လိုက်ရပါတယ်..။လက်နှစ်ချောင်းက ဓားရှည်တွေကို ကိုင်ထားခဲ့ပြီး..တစ်ခုချင်းစီက..သင်တုန်းဓားထက်တောင် ပိုပြီး ထက်ရှနေပါသေးတယ်..။နောက်ထပ် လက်နှစ်ချောင်းက..ကွေးကောက်တဲ့ တံစဉ်တွေကို ကိုင်ဆောင်ထားခဲ့ပြီး ကျန်တဲ့ လက်နှစ်ချောင်းကတော့..လေးလံတဲ့ တုတ်ချောင်းတစ်ခု နဲ့ ကျိုးပဲ့နေတဲ့ ဒိုင်းကာ တစ်ခုကို ကိုင်ဆောင်ထားခဲ့ပါတယ်..။

သတ္တဝါရဲ့ ရင်ဘတ်မှာရှိတဲ့ ချပ်ဝတ်အပြားတွေက သံကြေးတက်ကာ ပျက်ဆီးနေခဲ့ပြီး..အောက်ဘက်မှာ ရှိတဲ့ ဆိုးဝါးတဲ့ ဒဏ်ရာတွေကို ဖော်ပြထားခဲ့တယ်..။

ဆာလောင်မူတွေ ၊ မောပန်းမူတွေ ရဲ့ လွမ်းမိုးခြင်းကို ခံနေရတဲ့ နစ်ဖီ က..သားရဲကို မလှုပ်ရှားဖို့အတွက် တောင်းပန်တဲ့ အလား လက်ကို မြောက်လိုက်တယ်..။

သို့ပေမယ်..ဒါပေါ့..သူက မရပ်တန့်ခဲ့ပါဘူး..။

သတ္တဝါက ဒေါသကြီးတဲ့ ရူးသွပ်မူတွေ လောင်ကျွမ်းရင်း..နစ်ဖီ ဆီကို လျောက်လာခဲ့တယ်..။ပြီးတာနဲ့..သူ့ရဲ့ တံစဉ်တွေထဲက တစ်ခုနဲ့ ခုတ်ချလိုက်ပါတယ်..။ဒီသားရဲက လျှပ်စီးထက် ပိုမိုမြန်ဆန်ပြီး..အနီရောင် သစ်ရွက်တွေကို လေပြင်းတိုက်ခတ်သံ တစ်ချက်နဲ့ အတူလေထဲကို လွင့်စင်သွားစေခဲ့ပါတယ်..။

နစ်ဖီ နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး..ပြင်းထန်လွန်းတဲ့ တိုက်ခိုက်ချက်ကို တားဆီးဖို့အတွက် သူမရဲ့ ကျိုးပဲ့နေတဲ့ဓားကို မြောက်လိုက်တယ်..။သူမက သူမရဲ့ဓားမှာ ဓားသွားရှိမနေဘူးဆိုတာကိုတောင် မေ့ပျောက်နေခဲ့ သလိုပါပဲ..။

နောက်ဆုံးအချိန်လေးမှာပဲ..စစ်မှန်တဲ့ နေရောင်ခြည်တစ်ခုက..ဓားသွားရှိနေသင့်တဲ့ နေရာမှာ ပေါ်ထွက်လာခဲ့ပြီး..တံစဉ်က သူမရဲ့ သွေးသားတွေကို ပိုင်းဖြတ်တော့မယ့် အရေးကနေ ကယ်တင်လိုက်ပါတယ်..။

နစ်ဖီက သက်ရောက်လာတဲ့အားကြောင့်..ယိုင်ထွက်သွားခဲ့ပေမယ့်..မတ်တတ်ရပ်နေနိုင်တုန်းပါပဲ..။သူမရဲ့ အက်ကွဲနေတဲ့ နှုတ်ခမ်းတွေက ပွင့်ထွက်လာခဲ့ပြီး ညဉ်းတွားသံ တစ်ချို့ ပေါ်လာခဲ့တယ်..။

“ဒါဆိုလည်း..လောင်ကျွမ်း ကြရအောင်..။ငါတို့အတူလောင်ကျွမ်းလိုက်ကြတာပေါ့..”

နောက်ထပ်တစ်ခန အတွင်းမှာတော့..အဖြူရောင်အလင်းတန်းတွေက သူမရဲ့ မျက်လုံးတွေထဲမှာ ပေါ်ထွက်လာခဲ့ပါတယ်..။

သူမရဲ့ အရည်ပြားက ရုတ်တရက် ဆိုသလိုပဲ..သန့်စင်တဲ့ အလင်းတန်းတွေ နဲ့ တောက်ပလာခဲ့တယ်..။ဒီအရာက ပိုပို ပြီး တောက်ပလာနေခဲ့ကာ..နောက်ဆုံးအချိန်အထိ တောက်ပနေခဲ့ပါတယ်..။

တံစဉ်ကို ဖယ်ရှားလိုက်ပြီးတာနဲ့..သူမက နောက်ထပ်တိုက်ခိုက်လာတဲ့ ဓားနှစ်ချောင်းကို ရှောင်တိမ်းလိုက်ကာ..အကာအကွယ် သားရဲကြီးကို လှည့်ပတ် တိုက်ခိုက်လိုက်ပါတယ်..။သူမရဲ့..နေရောင်ခြည် ဓားသွားက..အကာအကွယ်ဆီကို ကြောက်မက်ဖွယ်ကောင်းတဲ့ ဖျက်ဆီးမူနဲ့ ထိမှန်နေခဲ့တယ်..။

သူတို့နှစ်ယောက်က ရှေးဟောင်းသစ်ပင်ကြီးရဲ့ အရိပ် အောက်ဘက်မှာ တိုက်ခိုက်နေခဲ့ကြပြီး..သူတို့ လေထဲမှာ ယိမ်းနွဲ့နေခဲ့တာကို သောင်းနဲ့ချီတဲ့ အရိုးခေါင်းတွေက ဘာမှမရှိတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး အားပေးနေခဲ့ကြပါတယ်..။

နစ်ဖီက..လက်ခြောက်ချောင်း နတ်မစ္ဆာထက် ပိုနှေးကွေး ပြီး ပိုအားနည်းနေခဲ့တယ်..။သို့ပေမယ့် သူမရဲ့ ကျွမ်းကျင်မူတွေက လုံးဝကို အပြစ်ကင်းစင်နေပြီး..ဖြေရှင်းလို့မရနိုင်တဲ့သေစေ နိုင်စွမ်းတွေ ပါဝင်နေခဲ့ပါတယ်..။သူမက ကိုယ်ပိုင်ဒြပ်စင် တစ်ခုထဲမှာ ရောက်နေသလိုပဲ တိုက်ပွဲရဲ့စီးဆင်းမူ အတိုင်း ရွေ့လျားနေခဲ့တယ်..။သူမက ဒီနည်းလမ်းနဲ့ပဲ ကွာခြားမူကို ထိန်းချုပ်ထားခဲ့တာပါ..။သူမရဲ့ အသွေးအသားတွေက စုပ်ပြဲသွားပြီး စက္ကန့်ပိုင်းအကြာမှာတင် ပြန်လည်ပြင်ဆင်နိုင်စွမ်းတွေရှိနေခဲ့ကာ..သူမရဲ့ မျက်လုံးထဲမှာ လောင်ကျွမ်းနေတဲ့ မီးတောက်တွေကတော့ ပိုပိုပြီး ပူပြင်းလာခဲ့ပါတယ်..။

နာကျင်မူကြောင့် သေလောက်အောင်ဖြူဖျော့နေခဲ့ပေမယ့်..သူမရဲ့ လှပတဲ့ မျက်နှာက အေးစက်ပြီးရင်း အေးစက်လာနေခဲ့ကာ..လူသားတစ်ယောက်နဲ့တောင် မတူတော့ပါဘူး..။

အဲ့အချိန်မှာတော့ သူမရဲ့ နေရောင်ခြည်ဓားက ရှေးဟောင်းနတ်မိစ္ဆာရဲ့ ခန္တာကိုယ်ပေါ်မှာ အရည်ပျော်ကျစေတဲ့ အမှတ်အသားတွေ အများကြီးကို ချန်ထားရစ် နိုင်နေခဲ့ပါပြီ..။ဒီလို ဒဏ်ရာတွေက ဒီသတ္တဝါကြီးကို ဘယ်တုန်းကမှ ထိခိုက်နိုင်စွမ်း မရှိခဲ့ပေမယ့်..အတော်ကြာပြီးတဲ့ နောက်မှာတော့..သားရဲက ရုတ်တရက် ယိုင်လဲသွားခဲ့ပါတယ်..။

…ဒါပေါ့..သူက လဲကျသွားသင့်ပါတယ်..။ဘာပဲဖြစ်ဖြစ် ဒီမှတ်သားမူကို မေ့ပျောက်ကုန်းမြေပေါ်က အမည်အသိ နေ တစ်စင်းကနေ..ချန်ထားရစ်ခဲ့တာပါ..။သူနဲ့ထိတွေ့လိုက်တဲ့ အရာတိုင်းက..သူ့ရဲ့ ဝိဉာဉ်ဖျက်ဆီးခြင်း စွမ်းရည်ကို ခံစားကြရပါလိမ့်မယ်..။

နောက်ဆုံးမှာတော့..နစ်ဖီက နေရာလွတ်တစ်ခုကို ရှာတွေ့သွားခဲ့ပြီး..ရှေ့ကို တက်သွားကာ..အမည်မသိနေနဲ့..အပေါ်ကို ထိုးသွင်းလိုက်ပါတယ်..။နေရောင်ခြည် ဓားက..သံကြေးတက်နေတဲ..အကာအကွယ်ကို ထိုးဖောက်သွားခဲ့ပြီး နတ်မိစ္ဆာရဲ့ လက်မောင်းတွေထဲက တစ်ဖက်ကို ဖြတ်တောက်နိုင်လိုက်ပါတယ်..။ယင်းနောက် သူမက နောက်ထပ် လက်တစ်ဖက်ကို ထပ်ပိုင်းဖြတ်လိုက်တယ်..။

သားရဲ ပြန်ပြီး ဟန်ချက်မထိန်းနိုင်ခင် အချိန်မှာပဲ..သူမက သူ့ရဲ့ အပေါ်ကို ရောက်ရှိနေပြီးပါပြီ..။နစ်ဖီဟာ..လေးလံတဲ့ တုတ်ချောင်းကြီးနဲ့ တိုက်ခိုက်လာမူကို..ရှောင်တိမ်းလိုက်ရင်း..နတ်မိစ္ဆာရဲ့ မျက်နှာပေါ်ကို လက်တင်လိုက်တယ်..။

သားရဲကြီးက အေးခဲသွားခဲ့ပြီး..ဟစ်ကြွေးဖို့အတွက် ပါးစပ်ကို ဖွင့်ဟဖို့ ကြိုးစားလိုက်ပါတယ်..။

သို့ပေမယ့်..သူ့ပါးစပ်ကနေ ထွက်ပေါ်လာတာကတော့..အဖြူရောင်မီးတောက်တွေ ကခုန်နေတာပါပဲ..။

နစ်ဖီရဲ့ ခန္တာကိုယ်အတွင်းမှာ လောင်ကျွမ်းနေတဲ့..မီးတောက်တွေက မှေးမှိန်သွားတာနဲ့ တစ်ပြိုင်နက် ..နတ်မိစ္ဆာရဲ့ အတွင်းထဲကနေ..မီးတွေ လောင်ကျွမ်းနေသလို ဖြစ်နေခဲ့တယ်..။သူ့ရဲ့ ခန္တာကိုယ်ပေါ်မှာ..မီးလောင်တဲ့ အက်ကွဲကြောင်းတွေ ပေါ်ထွက်လာခဲ့ပြီး..အဖြူရောင် မီးတောက်တွေထွက်ပေါ်ကာ အမြစ်ဖြတ်သုတ်သင်နိုင်လောက်တဲ့ အပူချိန်ကို ဖော်ထုတ်နေခဲ့ပါတယ်..။သူရဲ့ အသွေးအသားတွေက ဆူပွက်လာခဲ့ပြီး..မဲနက်သွားခဲ့တယ်..။နောက်ဆုံးမှာတော့ သူ့ရဲ့ အပြာရောင် တောက်ပနေတဲ့ မျက်လုံးတွေ နေရာမှာ မျက်စိကျိန်းလောက်တဲ့ အဖြူရောင် အလင်းရောင်တွေ အစားထိုးလာခဲ့ပါတယ်..။

ယင်းနောက် မီးတောက်တွေက သေဆုံးသွားခဲ့ပြီး..အနက်ရောင် အပေါက်နှစ်သာ ကျန်နေရစ်ခဲ့တယ်..။

နစ်ဖီ က သတ္တဝါရဲ့ မျက်နှာကို လွှတ်ပေးလိုက်ပြီး..သူ့ရဲ့ ခန္တာကိုယ် မြေကြီးပေါ်လဲကျသွားတာကို ကြည့်နေလိုက်ပါတယ်..။

သူမက တစ်ခနလောက် စိုက်ကြည့်နေပြီးနောက်မှာတော့..မထူးခြားစွာပဲ တစ်ဖက်ကို လှည့်ထွက်သွားခဲ့တယ်..။နောက်ထပ် ခြေလှမ်းအနည်းငယ် သွားပြီးတဲ့ နောက်မှတော့..နစ်ဖီ ယိမ်းယိုင်ပြီး ဒူးထောက်ကျသွားခဲ့ပါတယ်..။

ယင်းနောက် သူမက ရေကန်ဆီကို တုန်ရီနေတဲ့ လက်တွေနဲ့ လှမ်းလိုက်ပြီး..သူမရဲ့ လက်ဝါးနှစ်ဖက်ကို အသုံးပြုကာ..အေးစက် ၊ ချိုမြိန်တဲ့ ရေတွေကို သူမရဲ့ နှုတ်ခမ်းဆီကို ပို့ဆောင်လိုက်ပါတယ်..။

နောက်ဆုံးမှာတော့..သူမရဲ့..ဆိုးဝါးတဲ့ ရေငတ်မူကို ငြိမ်းသတ်နိုင်လိုက်ပါပြီ..။

အပိုင်း ( ၄၉၉ ) ပြီး၏။

All Chapters