← Chapters

မထင်မှတ်ထားတဲ့ အလှည့်အပြောင်း..

Vol. 34 Ch. 497

မထင်မှတ်ထားတဲ့ အလှည့်အပြောင်း..

Vol. 34 Ch. 497

နောက်ဆုံးမှာတော့ ဆန်နီ ရေချိုးနေရာကနေ ထလာခဲ့ပြီး..အဝတ်အစားဝတ်လိုက်တယ်..။ပြီးတာနဲ့ မီးဖိုချောင်ထဲကို သွားလိုက်ကာ..သူ စားသောက်ဖို့ တစ်ခုခု ပြင်ဆင်လိုက်ပါတယ်..။

ဂိတ်ပေါက် ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲပြီးဆုံးသွားတဲ့နောက်မှာ သူက ဝံပုလွေတစ်ကောင်လို ဆာလောင်နေခဲ့တာပါ..။တကယ်ကို ဆာလောင်မွတ်သိပ်နေခဲ့တယ်..။

ချက်ပြုတ်ခြင်းက သူ့ကို အနည်းငယ် စိတ်တည်ငြိမ်သွားစေခဲ့ပြီး..မွှေးကြိုင်တဲ့ ရနံ့တွေကြောင့် သူ့ရဲ့ ခံစားချက်တွေ ကောင်းမွန်လာခဲ့ပါတယ်။အခုတော့ ဆန်နီဟာ စဉ်းစားတွေးခေါ်ဖို့ အချိန်အနည်းငယ် ရသွားခဲ့တာကြောင့် အခြေအနေတစ်ခုလုံးကို အမြင်အသစ်နဲ့ ကြည့်နိုင်လာခဲ့တယ်..။

ဟုတ်ပါတယ် …ခွေးသားကို အားလုံးမေ့ပျောက်နေအောင် ဆောင်ရွက်မယ့် သူ့ရဲ့ မျှော်လင့်ချက်တွေကတော့ လုံးဝကို ပျက်စီးသွားခဲ့တယ်..။သို့ပေမယ့်…ဒီဆိုးဝါးတဲ့ အခြေအနေမှာလည်း ကောင်းမွန်တဲ့ ဘက်ခြမ်းဆိုတာ ရှိနေပါသေးတယ်..။အခုတော့..သူက နိမ့်ချပြီးနေဖို့အတွက် ကျရှုံးသွားခဲ့ရသလို..ထပ်ပြီး နိမ့်ချနေစရာ အကြောင်းလည်း မရှိတော့ပါဘူး..။ဒါက သူ့အနေနဲ့ အိပ်မက်ရူခင်းထဲမှာ အရိပ်ကခုန်မူကို လေ့ကျင့်လို့ရပြီဖြစ်ပြီး ဆောင်းမဝင်ခင်မှာ ..သူ့ရဲ့ တတိယအဆင့်ကို ကျွမ်းကျင်အောင်လုပ်ဖို့ မျှော်လင့်ချက်ရှိသွားပြီ လို့ ဆိုလိုတာပါ..။

ခွေး သားရဲ့ အမူအကျင့်တွေက ဘယ်လိုရှိမလဲ ဆိုတာကိုပဲ သူ ပြန်ပြီးကြည့်ဖို့ လိုအပ်ပါတယ်..။

အစကတော့..ဆန်နီက ဒီ ကာရိုက်တာကို ဘယ်သူမှ မမြင် ၊ ဘယ်သူမှ မသိစေပဲ..တစ်ချို့အရာတွေကို ဆောင်ရွက်ဖို့အတွက် စီစဉ်ထားခဲ့တာပါ..။ဒါကတော့..သူ့ရဲ့ ကိုယ်ပိုင်နာမည် နဲ့ လုပ်ရင်..အဆင်မပြေ ဒါမှမဟုတ် အန္တရာယ်များမယ့် အရာတွေကိုပါ..။

..ကောင်းပြီလေ..သဘော်ကတော့ ရွက်လွင့်ပြီးသွားပါပြီ..။အခုကနေစပြီး ခွေးသား ဘယ်အရာပဲ လုပ်လုပ် လူထုရဲ့ အာရုံစိုက်မူအောက်မှာ ရောက်နေတော့မယ် ဆိုတာကို သူ ကျိန်းသေ သိထားပါတယ်..။

သို့ပေမယ့်..ဒါက အရမ်းကြီး ဆိုးဝါးသွားတာ မျိုးတော့ မဟုတ်ပေ.။အလင်းရောင် ရဲ့ အောက်မှာလည်း ပုန်းကွယ်လို့ရတဲ့ နေရာတွေ ဆိုတာက ရှိစမြဲပါ..။အမှန်တကယ်တော့ ဒါက တစ်ခါတစ်ရံမှာ ပိုပြီးတောင် လွယ်ကူပါသေးတယ်..။ပြီးပြည့်စုံတဲ့ လှည့်စားမူတစ်ခုကို ပြုလုပ်ဖို့အတွက်က..ဘယ်သူမှ မမြင်နိုင်တာမျိုးကို လိုအပ်တာ မဟုတ်ဘူးဆိုတာကို မျက်လှည့်ဆရာတိုင်းက သိထားပြီးသားပါ…။အဲဒီအစား..လူထုရဲ့ အာရုံစိုက်မူကို တစ်နေရာရာမှာ ရယူထားပြီး တစ်ခြားတစ်ဖက်ကနေ..လှည့်စားတာမျိုးတွေ လုပ်နိုင်ပါတယ်..။

ဆန်နီ က မျက်လှည့်ဆရာတစ်ယောက် မဟုတ်ပေမယ့်..သူ့ကိုယ်သူ အတွေ့အကြုံရင့်တဲ့ လူလိမ်တစ်ယောက်အဖြစ်တော့..ခံယူထားပါတယ်..။စည်းမျည်းတွေကတော့..အနည်းနဲ့ အများ အတူတူ တွေချည်းပါပဲ..။

ဒီတော့..တကယ်လို့ သူသာ ကတ်တွေကို မှန်မှန်ကန်ကန် ကစားမယ် ဆိုရင်..ခွေးသားက အာရုံစိုက်မူတွေကို ပိုပြီး ရရှိထားလေလေ..သူက အရိပ်ထဲမှာ ပိုပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်လေပါပဲ..။ဒီကနေ တဆင့် အားလုံးရဲ့ မျက်လုံးအောက်မှာပဲ..ဘယ်သူမှမသိလိုက်ခင် လုပ်စရာရှိတာတွေကို လုပ်ဆောင်နိုင်မှာပါ..။

“ ဖြစ်နိုင်ပါတယ်..”

ဒီလိုအရာက ဆောင်ရွက်ဖို့အတွက် အတော်ကို ခဲယဉ်းပြီး..စွန်းစားမူတွေ ရှိတယ် ဆိုပေမယ့်..တကယ်ကို ကောင်းမွန်တဲ့ ဆုလာဒ်ကိုလည်း ရှရှိစေမှာပါ..။ဒီတော့..အရာအားလုံးက အရှုံးချည်းပဲ မဟုတ်ပါဘူး..။

ထပ်ပြောရရင် သူက ရိမ်းကို မဖြစ်မနေ ကာကွယ်ရမှာပါ..။ဒါက တစ်ခုတည်းသော အရေးကြီး ကိစ္စပါပဲ..။ကျန်တာတွေက ဒီအရာနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှ မဟုတ်တော့ပေ..။

ဆန်နီဟာ သူ့ရဲံ့ နှမြောတွန့်တိုခြင်းမရှိတဲ့ ညစာကို အားပါးတရ စားသောက်ပြီးတဲ့ နောက်မှာတော့..ခြံဝန်းထဲကို သွားလိုက်တယ်..။သက်သောင့်သက်သာ ပုံစံနဲ့ ထိုင်နေရင်း..နာကျင်မူကြောင့် မကြာခနဆိုသလို မျက်နှာရှုံ့မဲ့ နေခဲ့ရပါတယ်..။ပြီးတာနဲ့ လဖက်ရည်ခွက်ကို တစ်ငုံသောက်လိုက်ပါတယ်..။

ရုတ်တရက် ဆိုသလိုပဲ..သူက ခံစားချက်တွေ ကောင်းမွန်လာခဲ့တယ်..။ပြီးတော့..သူက ဘာလို့ ခံစားချက် မကောင်းပဲ နေရမှာလဲ..။နောက်ဆုံးမှာ သူက သူ့ရရှိခဲ့တဲ့ အရာတွေကို ကြည့်ရူနိုင်တော့မှာပါ..။ဒီတိုက်ပွဲက သူ့အတွက် အတော်လေးကို ခက်ခဲပြီး..အသက်အန္တရာယ် အထိတောင် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်..။သို့ပေမယ့် သူက အကျိုးအမြတ် မရပဲ တိုက်ခိုက်ခဲ့ရတာမျိုး မဟုတ်ပေ..။

ဆန်နီ အချက်အလက်တွေကို ထုတ်ဖော်လိုက်ပြီး..အဲဒီအပေါ်မှာရေးထားတဲ့ ရင်းနှီးတဲ့ စာသားတွေကို ကြည့်ကာ..ပြုံးလိုက်တယ်..။

အရိပ် အပိုင်းအစ - [ 1814 / 2000 ]

‘မယုံနိုင်စရာပဲ..’

ဆယ်မိနစ်အတောအတွင်းလေးမှာပဲ..ဆန်နီက..သူ တစ်ပတ်လောက်ကြာမှ ရရှိတဲ့ အရိပ်အပိုင်းအစ ပမာဏလောက်..ကို ရရှိခဲ့ပါတယ်..။

ဆန်နီ မှတ်မိသလောက်ဆိုရင်…သူက ဂိတ်ပေါက်ဝမှာ အိပ်မက်ဆိုးသားရဲ အကောင်တစ်ရာလောက် နီးပါးကို သတ်ဖြတ်နိုင်ခဲ့တာပါ..။အများးစုက အသွင်ပြောင်းအဆင့်တွေဖြစ်ပြီး သူ့ရဲ့ အမြုတေကို..အပိုင်းအစတွေ အများကြီး မပေးနိုင်ဘူးဆိုပေမယ့်..ဒါက များပြားလှတဲ့ ပမာဏတစ်ခုလို့ ပြောလို့ရပါသေးတယ်..။

ဒါက သူ ပထမဆုံး အကြိမ်သတ်ဖြတ်နိုင်ခဲ့တဲ့ အိပ်မက်ဆိုးသားရဲ့ ဖြစ်တဲ့..တောင်ဘုရင် ရဲ့ လာဗာကိုတောင် ပြန်အမှတ်ရသွားခဲ့တယ်..။ဒီသားရဲက သူ့ကို သတ်ဖြတ်ခဲ့မှာကို..ဘယ်လို ကြောက်ရွံ့ခဲ့ရတယ်..တိုက်ခိုက်ဖို့ကို ဘယ်လို ထိပ်လန့်ခဲ့ရတယ် ဆိုတာ တွေကိုပါ..။တစ်နေ့မှာ..သိပ်မဝေးတဲ့ အနာဂတ်တစ်ခုမှာ..သူက ဒီလိုမျိုး တူညီတဲ့ အိပ်မက်ဆိုးသားရဲ အကောင်တစ်ရာလောက်ကို သတ်နိုင်တဲ့ လူတစ်ယောက်ဖြစ်လာလိမ့်မယ် လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ..။

ဆန်နီက အတော်ဝေးဝေးကို ရောက်ရှိလာနိုင်ခဲ့တာပါ..။

သူ အောက်ကိုငုံ့ပြီး မှတ်သားမူတွေ ဖော်ပြထားတဲ့ နေရာကို ကြည့်လိုက်တဲ့ အချိန်မှာတော့..မထိန်းထားနိုင်စွာပဲ ပြုံးလိုက်တယ်..။

‘အိုး…ငါ ဒီနေ့ အတော်လေး ကံကောင်းနေပါလား..’

တိုင်းရန့် ကြောင့် ဆုံးရှံးခဲ့ရတဲ့..မီးတောင်ကျောက် လှံကို ထည့်မတွက်ဘူး ဆိုရင်တောင်..သူက နောက်ထပ် မှတ်ထားမူ အသစ် ခြောက်ခုကို ထပ်ရထားခဲ့တယ်..။သူတို့အများစုက..နိုးထမူ အဆင့်တွေပါ..။

ဆန်နီ သူတို့ကို ခနလောက်ကြည့်လိုက်တဲ့ အချိန်မှာတော့..လက်ရှိအသုံးပြုနေတာထက် ပိုပြီး မကောင်းတာ ဒါမှမဟုတ်..သူ အပြည့်အဝ အသုံးပြုဖို့ မစွမ်းဆောင်နိုင်တဲ့ အရာတွေ ဖြစ်တယ် ဆိုတာကို သိလိုက်ရပါတယ်..။ဒါကြောင့် သူက ဝိဥာဉ်ပင်လယ်ထဲကို ဝင်သွားလိုက်ပြီး..မှတ်သားမူ တွေကို သူတော်စင်ကို ကျွေးလိုက်တယ်..။

သူမ ရဲ့ အချက်အလက်တွေကို ကြည့်လိုက်တဲ့ အချိန်မှာ သူ မြင်ရတဲ့ အရာတွေကြောင့် ကျေနပ်သွားခဲ့ပါတယ်..။

အရိပ် အပိုင်းအစ - [ 179 / 200

‘အရမ်း နီးစပ်နေပြီ..’

ဒီနှုန်းနဲ့ ဆိုရင်တော့..သူက သဘော်ပျက်ကျွန်းပေါ်က နွယ်သားရဲနဲ့ မတိုက်ခိုက်ခင် အချိန်မှာပဲ..နှစ်ရာ အပြည့်အထိကို ရောက်သွားနိုင်လောက်ပါတယ်..။တကယ်လို့သူတော်စင် သာ ပိုပြီး သန်မာလာခဲ့မယ် ဆိုရင် သူမရဲ့ တည်ရှိမူက အရာတွေ အများကြီးကို ပြောင်းလဲသွားစေနိုင်မှာပါ..။

ဆန်နီဟာ သူတို့ ရပ်ကွပ်ရဲ့ တိတ်ဆိတ်မူကို ခံစားရင်း လဖက်ရည်ကို သောက်နေခဲ့တယ်..။သူ့ရဲ့ ခန္တာကိုယ်ပေါ်က ဒဏ်ရာတွေကြောင့် မကြာခနဆိုသလိုပဲ..မျက်နှာရှုံ့မဲ့ နေခဲ့ရပါတယ်..။သို့ပေမယ့်..နာကျင်မူကတောင် သူ့ရဲ့ ခံစားချက်တွေကို မဖျက်ဆီး နိုင်ခဲ့ပါဘူး..။

“အာ..ဒီနေ့က တကယ်ကို ကောင်းမွန်တဲ့ နေ့လေး တစ်နေ့ပဲ..”

သူက ရိမ်း ကို PTV ကားနဲ့ ပြန်လာပို့တာကို စောင့်ကြည့်နေခဲ့ပြီး..သူမ အဆင်ပြေတာ သေချာအောင် ပြုလုပ်နေခဲ့တယ်..။ကောင်းပြီလေ..ဒါက..ဂိတ်ပေါက်ပွင့်တာကို ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ မိန်းမငယ်လေးတစ်ယောက် အဆင်ပြေသင့်သလောက် တော့ အဆင်ပြေပါတယ်..။

ပြီးတာနဲ့ သူ အထဲကို ဝင်သွားခဲ့တယ်..။

သူက ကောင်းကောင်း အနားယူဖို့အတွက်..ရည်ရွယ်ထားခဲ့တာပါ..။

….

ညနေခင်းရောက်လာပြီး..နေလုံးက မိုးကုတ်စက်ဝန်းရဲ့ အောက်ဘက်ကို ရောက်လာတဲ့ အချိန်မှာတော့..မြို့ထဲက လမ်းမီးတွေက အဖြူရောင် အလင်းရောင်တွေ စတင်ထွန်းလင်းလာခဲ့ပါပြီ..။ဆန်နီကတော့ ဘာမှထွေထွေထူးထူး လုပ်စရာ မရှိပဲ..သူ့ရဲ့..ဧည့်ခန်းထဲမှာ အနားယူနေခဲ့တယ်..။သူက နာမည်ကြီးနေတဲ့ ကာတွန်းပေ့ချ်တွေကို ဝင်ကြည့်ပြီး သူတို့ရဲ့ ရိုးရှင်းတဲ့ ဇာတ်လမ်းတွေကို ခံစားနေခဲ့တာပါ..။

‘အရူးတွေ..။လူတွေက တကယ်ပဲ ဒီလိုအရာတွေ လုပ်ဖို့ တွေးမိခဲ့ကြတာလား..’

သူ့အတွေးတွေက ထူးဆန်းတဲ့ အသံတစ်ခုကြောင့် ကြားဖြတ်ခြင်းခံလိုက်ရတယ်..။ဒီအသံမျိုးကို တစ်ခါမှ မကြားခဲ့ဘူးတာကြောင့် ဒါက ဘာသံလဲဆိုတာကို သိဖို့အတွက် ဆန်နီ အနည်းငယ်လောက် အချိန်ယူလိုက်ရပါတယ်..။

တစ်စုံတစ်ယောက်က သူ့ရဲ့ အိမ်တံခါးကို လာပြီး ခေါက်နေခဲ့တာပါ..။

‘သောက်ကျိုးနဲ..’

ဒီလောက် နောက်ကျမှ သူ့အိမ်ကို ဘယ်သူက အလည်လာတာလဲ..

ဆန်နီ သူ့ရဲ့ ဆက်သွယ်ရေးစက်ကို ဘေးမှာထားလိုက်ပြီး.,အရိပ်တစ်ခုကို လွတ်ကာ သွားကြည့်ခိုင်းလိုက်တယ်..။ပြီးတဲ့နောက်မှာတော့..စိတ်ရှုပ်စွာပဲ..သူ့ခေါင်းသူ ပွတ်လိုက်ပါတယ်..။

…သူ့ရဲ့ ခြံထဲမှာ ရပ်နေတာကတော့..ရိမ်း ကလွဲပြီး တစ်ခြားသူ မရှိတော့ ပါဘူး..။သူမက အိမ်နေရင်း အဝတ်အစားကို ဝတ်ဆင်ထားပြီး ထူးဆန်းစွာပဲ အတော်လေးကို ကြောက်ရွံ့နေခဲ့ပါတယ်..။

‘ သူမက ဒီမှာဘာလုပ်နေတာလဲ..’

တစ်ခနလောက် ဆန်နီက အိမ်မှာ မရှိတဲ့ ပုံစံ ဟန်ဆောင်ဖို့ လုပ်လိုက်တယ်..။သို့ပေမယ့် သူ သက်ပြင်းချပြီး မတ်တတ်ထရပ်လိုက်ပါတယ်..။သူတို့က ဘေးချင်းကပ်လျက်နီးပါး နေနေကြတာကြောင့်..ပုန်းနေလို့လည်း ဘာမှ ထူးခြားသွားမှာ မဟုတ်ပါဘူး..။သူ တံခါးနားကို လမ်းလျောက်သွားလိုက်ပြီး တစ်စက္ကန့် လောက် တွေဝေနေခဲ့တယ်..။ယင်းနောက်..သူ့ရဲ့ ဒဏ်ရာတွေ တစ်ခုမှ ပေါ်မနေအောင် သတိထားလိုက်ပြီး တံခါးကို ဖွင့်လိုက်ပါတယ်..။

“..အာ…အင်း..။ဘာဖြစ်လို့လဲ..”

သူမ ဘယ်လိုကြောက်ရွံ့တဲ့အမူအရာ ဖြစ်နေခဲ့သလဲဆိုတာ ဆန်နီ မြင်ထားပြီးပြီဖြစ်ကြောင်း မသိစွာပဲ..ရိမ်းက တည်ငြိမ်ဟန်ဆောင်လိုက်ကာ ယဉ်ကျေးတဲ့ အပြုံးတစ်ခုကို ပြုံးပြလာခဲ့ပါတယ်..။

“ဟေး..ဆန်နီ…။ညီမက…အစားအသောက် ဘူး လာယူတာပါ..။အမေက အဲကို ပြန်ယူခိုင်းလို့..”

သူ သူမက စက္ကန့် အချို့လောက်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။

“အိုး…ခနလောက် စောင့်ဦး..”

သူ မီးဖိုချောင်ထဲကို လျောက်သွားလိုက်ပြီး..ပန်းကန်ဆေးစက်ထဲက..အစားအသောက်ဘူးကို ယူလိုက်ကာ..ခြံထဲကို ပြန်လာလိုက်တယ်..။

“ဒီမှာ…အမေ ချက်ထားတာက တကယ် အရသာရှိတယ်လို့ ပြောလိုက်ဦး..။အစ်ကိုတို့ တကယ်ကောင်းကောင်းစားခဲ့ ရတယ်..”

ရိမ်းက ဘူးကို ပြန်ယူလိုက်ပေမယ့် ထွက်မသွားခဲ့ပါဘူး..။အဲဒီအစား..သူမက တိတ်ဆိတ်စွာရ်နေခဲ့ပြီး..သူ့ကို လေးနက်တဲ့ အမူအရာနဲ့သာ ကြည့်နေခဲ့ပါတယ်..။

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..

“ဘာကူညီ…”

သို့ပေမယ့် ချိန်သားကိုက်ဆိုသလိုပဲ..သူမက ရုတ်တရက် ပြောလာခဲ့ပါတယ်..။

“ အစ်ကို ဘယ်သူလဲ ဆိုတာ ညီမသိထားတယ်..”

တကယ်လို့ ဆန်နီရဲ့ လက်ထဲမှာသာ ခွက်တစ်ခွက် ရှိနေမယ်ဆိုရင်..သံသယဖြစ်စရာ မလိုလောက်အောင်ပဲ ပြုတ်ကျနေလောက်ပါပြီ..။

‘ ဘာကိုလဲ..’

သူ့ရဲ့ နှလုံးခုန်သံတွေက ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့တယ်..။သူက ရိမ်းကို မပြောင်းလဲတဲ့ အမူအရာနဲ့ ကြည့်နေခဲ့ပါတယ်..။သူက ဒီလိုပုံစံဖြစ်နေဖို့ အစွမ်းကုန် ကြိုးစားထားရတာပါ..။

‘သူမ သိထားတယ် ဆိုတာက ဘာကို သိထားတာလဲ’

“ကောင်းပြီလေ..ဒါပေါ့..အစ်ကို ဘယ်သူလဲ ဆိုတာကို သိမှာပေါ့..။ငါတို့ စတွေ့ကတည်းက မိတ်ဆက်ပေးထားခဲ့တာပဲကို..ဟုတ်တယ်မလား..”

သူမက ပါးစပ်ဖွင့်ပြီး တစ်ခုခုပြောဖို့ လုပ်လိုက်ပေမယ့်..ပြန်ပိတ်သွားခဲ့တယ်..။ရှက်ရွံ့မူဖြစ်ပေါ်လာတဲ့ အထိ တစ်ခနလောက် ငြိမ်သက်ကြပြီးနောက်မှ သူမက ပြောလာခဲ့ပါတယ်..။

“မဟုတ်ဘူး..ညီမ ဆိုလိုတာက…အစ်ကိုက နိုးထသူ တစ်ယောက်ဖြစ်တယ် ဆိုတာကို သိထားတယ်လို့ပြောတာ..”

ဆန်နီ် မျက်တောင်ခတ်လိုက်ပြီး တစ်ခုခု မပြောနိုင်ခင်မှာပဲ သူမက ထပ်ပြောလာခဲ့ပါတယ်..။

“တောင်းပန်ပါတယ်..ဒါက ဒီတိုင်း…ညီမရဲ့ အဖေက အစိုးရအတွက် အလုပ်လုပ်ပေးနေတာလေ..။ဒီတော့ သူက ဒီလိုအရာတွေကို သိထားတယ်..။အစ်ကိုက ငယ်ရွယ်ပြီး..မိဘတွေ မရှိပေမယ့်..ဒီလိုရပ်ကွပ်မှာ အိမ်တစ်လုံး ပိုင်ဆိုင်ထားတာလေ..။ထပ်ပြောရရင်..တက္ကသိုလ် ဒါမှမဟုတ်..အလုပ်ကိုလည်း သွားစရာ မလိုဘူး..။ဒီတော့..အစ်ကိုက နိုးထသူ တစ်ယောက် ပဲ ..ဟုတ်တယ်မလား..”

‘ခိုင်မာတဲ့ အကြောင်းပြချက်တွေပဲ..’

သူ တွေဝေနေခဲ့ပြီးကာမှ ပုခုံးတွန့်လိုက်တယ်..။

“သေချာတာပေါ့..။ဘာပဲဖြစ်ဖြစ် ဒါက လျိုဝှက်ချက်ကြီးမှ မဟုတ်တာ..”

ရိမ်းက အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ မေးလိုက်တယ်..။

“ ..အစ်ကိုက တော်လား..”

ဆန်နီ သူမကို ခနလောက် စိုက်ကြည့်လိုက်တယ်..။ယင်နောက် သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုက ဖြည်းညှင်းစွာ ပေါ်လာခဲ့ပါတယ်..။

“ငါလား..။အိုး..အကောင်းဆုံးထဲက အကောင်းဆုံးပဲ..။ကမ္ဘာပေါ်မှာ အတော်ဆုံးနိုးထသူ တစ်ယောက်တောင် ဖြစ်နေနိုင်တယ်..တကယ်ပြောတာ..။ဘယ်သူမှ ယှဉ်နိုင်မှာတောင် မဟုတ်လောက်ဘူး..”

ရိမ်း ရဲ့ မျက်နှာပေါ်မှာ အနည်းငယ် စိတ်ဆိုးတဲ့ အမူအရာ ပေါ်လာခဲ့တယ်..။

“ညီမ အတည်ပြောနေတာ..။အစ်ကိုက တော်လား..မတော်ဘူးလား..”

ဆန်နီ ခနလောက် တွေဝေပြီးကာမှ သက်ပြင်းချလိုက်တယ်..။

“အင်း..ငါက တော်ပါတယ်..။ဘာလို့ မေးတာလဲ..”

ရိမ်းက ..သတ္တိမွေးနေသလိုမျိုး..သူ့ကို ခနကြာအောင် ကြည့်နေခဲ့ပါတယ်..။

ယင်းနောက်..သူမက လက်သီးကို ဆုပ်ထားခဲ့ပြီး..ပြောလာခဲ့တယ်..။

“ညီမ..ညီမကို..လေ့ကျင့်ပေးနိုင် မလား..”

ဆန်နီ သူမကို စိုက်ကြည့်ရင်း ကြောင်အသွားခဲ့တယ်..။

‘ကောင်းပြီလေ..ငါတော့ သေပြီ..။ဒါက မထင်ထားတဲ့ အလှည့်အပြောင်းတစ်ခုပဲ..’

အပိုင်း ( ၄၉၇ ) ပြီး၏။

All Chapters