ဖိုက်သွန်
Vol. 56 Ch. 906
နတ်မိမယ်နဂါးအား ကယ်တင်ရသော ကိစ္စရပ်မှာ အလွန်ပင် ခက်ခဲနက်နဲလှသည်။ ကိုယ်အနေအထားများအား ပြောင်းလဲခြင်း၊ ရွေ့လျားမှုများအား ပြောင်းလဲခြင်း၊ စည်းချက်များအား ပြောင်းလဲခြင်း နှင့် အခြားသော နည်းစနစ် အမျိုးမျိုးတို့ကို အချိန်နှင့်အမျှ အသုံးပြုရသည်။ လုပ်ငန်းစဉ် တစ်ခုလုံးမှာ ပြင်းထန်သော လိင်ပိုင်းဆိုင်ရာ ရွေ့လျားမှုကို ပေါင်းစပ်ဖွဲ့စည်းခြင်းပင် ဖြစ်သည်။ ‘ဒုက္ခများ’ ၏ အရသာကိုမူ ဇာတ်လိုက်မင်းသားတစ်ဦးတည်းသာ သိရှိခံစားခဲ့ရသည်။
စစ်မြေပြင် သတင်းထောက် လိုင်ရာ (အမည်ဝှက်) ၏ သတင်းပို့ချက်အရအရ အချိန်အတော်ကြာပြီးနောက်တွင် မောင်းမဆောင်မှ ကောင်မလေးများက ‘ကယ်ပါဦး’ ဟူသော သင်္ကေတများအား မကြာခဏ အသုံးပြုလေ့ရှိသည်ဟု သိရသည်။ သူ့အနေဖြင့် အဓိပ္ပါယ်အား နားမလည် သော်လည်း နားထောင်ရ ကောင်းမွန်ပေသည်။
မောင်းမဆောင် အဖွဲ့သည် နတ်မိမယ်နဂါးအား တစ်ဦးတည်း ပိုမိုမျက်နှာသာပေးသည်ကို လက်မခံနိုင်သည့် အတွက် စုပေါင်း၍ ဝင်ရောက်ပါဝင်ခဲ့ကြသည်။ ထိုအခါ ချန်လွေ့သည် ရုတ်တရက် ဖိအားများ တိုးပွားလာသည်ကို ခံစားခဲ့ရသည်။ သလင်းကျောက် မောင်းမဆောင်၏ တည်ငြိမ်မှုနှင့် သဟဇာတဖြစ်မှုကို ထိန်းသိမ်းရန်အတွက် သူ တစ်နေကုန် ကြိုးစားလုပ်ဆောင်ခဲ့ပြီး အားလုံးအပေါ် တရားမျှတစေရန် ကြိုးစားခဲ့ရသည်။ ထိုအချိန်ကာလ အတွင်းတွင် သူသည် အမှန်တကယ်ပင် အစွမ်းကုန် ကြိုးပမ်းခဲ့ရသည်။ အထူးသဖြင့် ခီရာနှင့် အစ်ဇဘယ်လာ တို့ကဲ့သို့ တိုက်ခိုက်ရေးစွမ်းအား ကြီးမားသော နတ်မိမယ်များနှင့် ရင်ဆိုင်ရသောအခါ သူ၏ ကျွမ်းကျင်မှု အားလုံးကို အကုန်အစင် ထုတ်သုံးခဲ့ရသည်။
စူပါစနစ်၏ [နှစ်သွယ်လေ့ကျင့်ရေး] သည် မူလက သက်ရှိလေ့ကျင့်ရေးနှင့် ဆင်တူသော နည်းစနစ်တစ်ခုဖြစ်ပြီး စွမ်းရည်ကို နှစ်ဆတိုးစေနိုင်သော်လည်း ရုတ်တရက် ‘အလုပ်အပို’အဖြစ် အသုံးပြုခံရပြီး အဓိကစကားလုံးအား ‘ကာမဂုဏ်’ဟူ၍ ပြောင်းလဲခဲ့သည်။ ထိုစွမ်းရည်မှာ အံ့မခန်းပင် ဖြစ်သည်။ ‘လယ်ကွင်း’ သည် ထပ်ခါထပ်ခါ ထွန်ယက်လေလေ မြေဩဇာကောင်းလေလေ ဖြစ်သော်လည်း ကံကောင်းစွာဖြင့် ‘နွား’ မှာ ပိုမိုပိန်လာခြင်း မရှိခဲ့ပေ။ အာနိသင်အနေဖြင့်မူ ယခုတစ်ကြိမ် အဓိက ‘ကယ်ဆယ်ရေး ပစ်မှတ်’ ဖြစ်သော ဇိုလာအပေါ်တွင် သိသိသာသာ ထင်ရှားခဲ့သည်။
ဇိုလာသည် ‘ကယ်ဆယ်ရေး’ လုပ်ငန်းစဉ်နှင့်အတူ သူ၏ ဝိညာဉ်ထဲမှ အင်မတန်အားကောင်းသော ဝိညာဉ်စွမ်းအား တစ်ပိုင်းတစ်စ တဖြည်းဖြည်း မှေးမှိန်သွားသည်ကို ရှင်းလင်းစွာ ခံစားမိခဲ့သည်။ နောက်ဆုံးတွင် ၎င်းအား သူကိုယ်တိုင် အပြည့်အဝ ချေဖျက်စုပ်ယူလိုက်နိုင်ခဲ့သည်။
ဝိညာဉ်စွမ်းအား၏ နောက်ဆုံးအပိုင်းအစ လုံးဝ ပျောက်ကွယ်သွားပြီး ရက်အနည်းငယ်ကြာ ‘ကုသမှု’ ခံယူပြီးမှသာ ချန်လွေ့ သက်ပြင်းချနိုင်ခဲ့သည်။ သူသည် ဘယ်နှစ်ရက်မှန်းမသိသော ‘ကယ်ဆယ်ရေး’ လုပ်ငန်းအား အဆုံးသတ်ခဲ့ပြီး နာကျင်နေသော ခါးကို ပွတ်သပ်ကာ သူကိုယ်တိုင် တမင်တကာ ပိတ်ထားခဲ့သော သက်တန့် တောင်ကြား အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ချန်လွေ့သည် သုတေသနခန်းတစ်ခုဆီသို့ ရောက်ရှိ လာခဲ့သည်။ ဝင်းအတွင်း၌ ရေကန်တစ်ခုရှိရာ ၎င်းမှာ ပြန်လည်ရှင်သန်ခြင်းရေစင်ပင် ဖြစ်သည်။
ပြန်လည်ရှင်သန်ခြင်းရေစင်အတွင်း၌ ငွေသေတ္တာလေး တစ်လုံး ငြိမ်သက်စွာ လဲလျောင်းနေသည်။
ထိုသေတ္တာအတွင်း၌ ဖျက်ဆီးခြင်း ဇစ်မြစ်ဥပဒေသ၏ စွမ်းအားကို ထည့်သွင်းထားသည်။
စေတန်နှင့် ဆာရီရယ်တို့၏ ပြောပြချက်အရ ၎င်းတွင် ပျက်စီးခြင်းစာအုပ်၏ နောက်ဆုံးစာမျက်နှာ ပါဝင်သည်ဟု သိရသည်။
သို့ရာတွင် ချန်လွေ့ကမူ ပျက်စီးခြင်းစာအုပ်တင်မကဘဲ နောက်ထပ် သေတ္တာငယ်လေးတစ်လုံးပါ ပါဝင်သည်ကို သိရှိထားသည်။ အခြား ငွေသေတ္တာနှစ်လုံးအား မတွေ့ရသေးခင်က ထိုသေတ္တာနှစ်လုံးတွင်လည်း အလားတူ သေတ္တာငယ်လေးများ ပါဝင်မည်ဟု သူထင်ခဲ့သော်လည်း ယခုအခါ ထိုသေတ္တာငယ်လေးသည် ယခုငွေသေတ္တာ တစ်ခုတည်းတွင်သာ ပါဝင်သည်ကို သိရှိခဲ့ရသည်။
ထိုငွေသေတ္တာကို ထိုဖိုက်သွန်ဟူသော နတ်ဘုရား-ယောင် က ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ချန်လွေ့သည် ပြန်လည်ရှင်သန်ခြင်းရေစင်ပေါ်သို့ လက်ကို ဖြည်းညှင်းစွာ တင်လိုက်ပြီး စူပါစနစ် စွမ်းအားကို စီးဆင်းစေခဲ့သည်။ ပြန်လည်ရှင်သန်ခြင်းရေစင်သည် လျင်မြန်စွာ ခြောက်ခန်းသွားပြီး ကြယ်စင်စုဥယျာဉ်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ သူသည် ငွေသေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
ငွေသေတ္တာအား ဖွင့်လိုက်သည်နှင့် ပြင်းထန်သော ဖျက်ဆီးမှုအငွေ့အသက်သည် ခြံဝင်းတစ်ခုလုံးအား ချက်ချင်း လွှမ်းမိုးသွားခဲ့သည်။ ရှေးမှော်စာများဖြင့် ကာကွယ်ထားသော နံရံများပင် အက်ကွဲပျက်စီးကာ လျင်မြန်စွာ ပျောက်ကွယ် သွားခဲ့သည်။
ချန်လွေ့၏ မျက်လုံးများတွင် အနီရောင် လင်းလက် သွားခဲ့သည်။ သူသည် ဖျက်ဆီးမှုအငွေ့အသက်ကို စုပ်ယူ လိုက်သကဲ့သို့ ဖြစ်နေပြီး ဘာမျှ မထိခိုက်ခဲ့ပေ။
[သရုပ်ခွဲမျက်လုံး] ၌ ထူးခြားသော ပြသမှုတစ်စုံတစ်ရာ မရှိခဲ့ပေ။ ထင်ရှားသည်မှာ ထိုသေတ္တာငယ်လေးသည် ထောက်လှမ်းမှုကို ပိတ်ဆို့နိုင်သော အထူးပစ္စည်းတစ်ခု ဖြစ်နိုင်သလို၊ သို့မဟုတ် ရောလွတ်ပစ္စည်းနှင့် ဆင်တူသော တည်ရှိမှုတစ်ခု ဖြစ်နိုင်သည်ဟူ၍ပင်။ ၎င်း၏ မူရင်း သရုပ်သည် [သရုပ်ခွဲမျက်လုံး] ထောက်လှမ်းနိုင်သည့် အဆင့်ကို ကျော်လွန်နေခဲ့ခြင်း ဖြစ်သည်။
ချန်လွေ့သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်၏။ “ဆာ-ဖိုက်သွန်၊ ကျုပ်တို့ စကား ကောင်းကောင်း ပြောကြတာပေါ့။”
သေတ္တာငယ်လေးမှာ လုံးဝမလှုပ်ရှားဘဲ ဖျက်ဆီးမှု အငွေ့အသက်ကို ပို၍ ပို၍ ပြင်းထန်စွာ ထုတ်လွှတ်နေခဲ့သည်။ သုတေသန အဆောက်အအုံတစ်ခုလုံး ပြိုကျပျက်စီးကာ ပျောက်ကွယ်စပြုလာခဲ့သည်။ ချန်လွေ့မှာ ဘာမျှ မလှုပ်မယှက်ဘဲ ထိုသေတ္တာငယ်လေးကိုသာ လျစ်လျူရှုစွာ ကြည့်နေခဲ့သည်။
“ဆာ-ဖိုက်သွန်၊ ခင်ဗျားရဲ့ နာမည်ဂုဏ်သတင်းကို ဟိုးအရင်ကတည်းက လေးစားအားကျခဲ့တာပါ။ အခုမှ လာလည်ရတာက တကယ် ရိုင်းပျမိခဲ့ပါတယ်။”
“ဆာရဲ့ ဉာဏ်ပညာနှင့် သတ္တိကို ကျုပ် ချီးကျူးပါသည်။ နှစ်တွေတစ်လျှောက်လုံး ခင်ဗျားက စေတန်လိုမျိုး အစွမ်းထက်တဲ့ နတ်ဘုရား-ယောင်တွေကို ခင်ဗျား၏ ဝိညာဉ်ခန္ဓာနဲ့ လက်ဝါးထဲမှာ လှည့်စားနိုင်ခဲ့တယ်...”
ချန်လွေ့၏လေသံ ရပ်တန့်သွား၏။ “ဒါနဲ့ ဆာ-ဖိုက်သွန်ကို အရေးကြီးတဲ့ သတင်းတစ်ခု ပြောစရာရှိတယ်။ စေတန်က ဖရိုဖရဲဘုံမှာ ဒုတိယမြောက် ငွေသေတ္တာကို ရသွားပြီ။ သူက ပျက်စီးခြင်းစာအုပ် ပြီးမြောက်ဖို့အတွက် ခြေတစ်လှမ်းပဲ လိုတော့တယ်။”
ချန်လွေ့၏ ကိုယ်ပွားဖြစ်သော အသူရာ ပျက်စီးသွားချိန်တွင် စေတန်နှင့် ဆာရီရယ်တို့အကြား ရလဒ်မှာ မဆုံးဖြတ်ရသေးပေ။ သို့သော် စေတန်သည် ဆာရီရယ်အား ငွေသေတ္တာယူရန် အသူရာအား စေလွှတ်ရန် မြူဆွယ်ခဲ့ပြီး ငွေသေတ္တာ၏ စွမ်းအားဖြင့် အသူရာအား ‘သတ်’ခဲ့ခြင်း ဖြစ်သည်။ ချန်လွေ့က အခြေအနေ တစ်ခုလုံးသည် စေတန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ခံစားမိခဲ့သည်။ ဆာရီရယ်သည် ပြိုင်ဘက် မဟုတ်ဘဲ ငွေသေတ္တာသည် နောက်ဆုံးတွင် စေတန်၏ လက်ထဲသို့ ကျရောက်မည်ဖြစ်သည်။
ချန်လွေ့၏ အကြီးဆုံး ရည်ရွယ်ချက်မှာ ဖိုက်သွန် ပေါ်ထွက်လာစေရန် ဆွဲဆောင်ရန်ပင် ဖြစ်သည်။ ထို့ကြောင့် စေတန် ငွေသေတ္တာကို ရရှိပြီဟု သူပြောကြားခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်တွင် ထိုခန့်မှန်းချက်မှာ မှန်ကန်ခဲ့သည်။
ငွေသေတ္တာက နောက်ဆုံး လှုပ်ရှားလာခဲ့သည်။ အဆုံးမဲ့ ဖျက်ဆီးမှုကြားတွင် ထူးခြားသော အငွေ့အသက်တစ်ခု တည်ရှိနေသည်။ ချန်လွေ့သည် ထိုအငွေ့အသက်က သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသောအခါ သူ၏ စွမ်းအား၊ မှတ်ဉာဏ်၊ အရည်အချင်း၊ စွမ်းရည်နှင့် အခြားအရာများသည် အထူးဥပဒေသတစ်ခုဖြင့် ပိတ်ပင်ခံရ သကဲ့သို့ ဖြစ်နေသည်ကို သေသေချာချာ ခံစားမိခဲ့သည်။ လေးရာသီပိုင်နက်နှင့် အချိန်ဥပဒေသ ကဲ့သို့သော စွမ်းရည်များကို ယာယီအသုံးပြု၍ မရနိုင်ခဲ့ပေ။
ကံမကောင်းစွာဖြင့် ချန်လွေ့၏ စွမ်းအားသည် စူပါစနစ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ လေးရာသီပိုင်နက် စွမ်းအား ပိတ်ပင်ခံရသော်လည်း စစ်မှန်သော ကြယ်စွမ်းအားမှာ မထိခိုက်ခဲ့ပေ။
ချန်လွေ့သည် ပြန်လည်မတိုက်ခိုက်ခဲ့သလို ထွက်ပြေး ခြင်းလည်း မရှိခဲ့ပေ။ သူသည် ထိုင်လျက်ပင် ရှိနေခဲ့သည်။
ထိုပိတ်ပင်နိုင်သော စွမ်းအားသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ငွေသေတ္တာ အလိုအလျောက် ပိတ်သွားပြီး ထိုသေတ္တာငယ်လေးသည် ငွေသေတ္တာ၏ အပြင်ဘက်တွင် အမှန်တကယ်ပင် ပေါ်လာခဲ့သည်။
သေတ္တာငယ်လေးသည် ငွေရောင်မြူခိုးများ ဖြည်းညှင်းစွာ ထုတ်လွှတ်ပြီး မှေးမှိန်သော လူပုံသဏ္ဌာန်အဖြစ် စုစည်း သွားကာ နှိုင်းယှဉ်၍မရနိုင်သော အားကောင်းသည့် ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်ခဲ့သည်။
[သရုပ်ခွဲမျက်လုံး]ကမူ မည်သည်မျှ မပြသသေးပေ။ ထိုပုံရိပ်သည် နေရာလွတ်စိတ်ပုံရိပ် သို့မဟုတ် ပုံရိပ်ယောင် တစ်ခုမျှသာ ဖြစ်နိုင်ခြေရှိသည်။
“အနည်းဆုံး နှစ်တစ်သန်းလောက် ကြာမြင့်ခဲ့ပြီ… ပျက်စီးခြင်းစာအုပ်ရဲ့ ဒုတိယစာမျက်နှာက စေတန်၏ လက်ထဲ ကျရောက်သွားတာ မယုံနိုင်စရာပဲ။” ထူးဆန်းပြီး လေထဲ၌ ပျံ့လွင့်နေ သကဲ့သို့သော ဖြစ်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အနီးအနားတွင် ရှိနေသော်လည်း ဝေးကွာနေသကဲ့သို့ ခံစားရသည်။ ချန်လွေ့ အံ့အားသင့်သွားသည်မှာ ၎င်းမှာ အမျိုးသမီးတစ်ဦး၏ အသံဖြစ်နေခြင်းပင်။
ဖိုက်သွန်က အမျိုးသမီး တစ်ယောက်လား။
ချန်လွေ့၏ အံ့အားသင့်မှုမှာ ခဏတာမျှသာ ဖြစ်ခဲ့သည်။ ထိုအမျိုးသမီးသည် စေတန်နှင့် ဆာရီရယ်တို့နှင့် တန်းတူပင် ဖြစ်သည်။ သူ၏ ခွန်အားဖြစ်စေ၊ ဉာဏ်ပညာဖြစ်စေ၊ သူသည် ထိပ်တန်းစွမ်းအားရှင်များထဲမှ တစ်ဦးပင် ဖြစ်သည်။ သူက ဝိညာဉ်ခန္ဓာနဲ့ပဲ ဆိုရင်တောင် ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး။
“မဒမ်။ ဒီတစ်ခေါက်က စေတန်တစ်ယောက်တည်း မဟုတ်ဘူး။ ဆာရီရယ်ကလည်း ပျက်စီးခြင်းစာအုပ်ကို မျက်စိကျနေတယ်။”
“ဆာရီရယ်လား။” ဖိုက်သွန်၏ အသံတွင် အထင်အမြင်သေးသည့် အရိပ်အယောင်လေး ပါဝင်နေသည် “အဲဒီလူက အားမနည်းဘူး။ နည်းနည်းတော့ ပါးနပ်ပေမဲ့ ဉာဏ်များတာချင်း ယှဉ်ရင်တော့ စေတန်ထက် အများကြီး နိမ့်ကျတယ်။ သူတို့ တကယ် တိုက်ခိုက်ကြရင် သူက စေတန်ရဲ့ ပြိုင်ဘက် မဟုတ်လောက်ဘူး။”
ဖိုက်သွန်၌ ခွဲခြားသိမြင်နိုင်သော မျက်လုံးများ ရှိနေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သူသည် နတ်ဘုရား-ယောင်နှစ်ပါး၏ တိုက်ပွဲရလဒ်များကို တိုက်ရိုက် ကြိုတင် သိမြင်နေခဲ့ခြင်း ဖြစ်သည်။ ထိုပုံရိပ်ယောင်က ချန်လွေ့အား တစ်ချက်ကြည့်လိုက်သည်နှင့် ချန်လွေ့သည် ကြောက်မက် ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားဖြင့် ပိတ်ဆို့ခံလိုက် ရသည်ဟု ချက်ချင်းခံစားလိုက်ရသည်။ ပြိုင်ဘက်က စဉ်းစား လိုက်ရုံမျှဖြင့် သူ့အား ဖျက်ဆီးပစ်နိုင်သော ထိခိုက်မှုများ ပေးနိုင်စွမ်း ရှိသည်။
“မင်းက တမင် ဒီကို လာပြီးတော့ ငါ့ရဲ့ တည်နေရာကို စွန့်စားပြီး ဖော်ထုတ်ခဲ့တာက ဒီလို အရေးမပါတဲ့ သတင်းကို ပြောမလို့လား။” ဖိုက်သွန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “မင်းက ဆာရီရယ်ရဲ့ လက်အောက်ခံလား။ မင်းဆီကနေ မိစ္ဆာမျက်ဆံရဲ့ စွမ်းအား အငွေ့အသက်တွေ ခံစားမိတယ်။ မင်းက ဒီငွေသေတ္တာကို ဘာလို့ ဆာရီရယ်ဆီ မပေးလိုက် တာလဲဆိုတာ ငါသိချင်မိတယ်။ မင်းက ကိုယ့်အတွက် သိမ်းထားချင်တာလား။”
“မဒမ်ရဲ့ အာရုံခံနိုင်စွမ်းက တကယ့်ကို ထူးခြားတာပဲ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဆာရီရယ်က ကျုပ်အပေါ် “မိစ္ဆာလမှော်သင်္ကေတ” သုံးခဲ့တယ်။ စေတန်ကလည်း ကျုပ်ကို ဝိညာဉ်စွမ်းအား တစ်ပိုင်းတစ်စ ပေးခဲ့တယ်။ ဒါပေမဲ့ အခုအထိ ကျုပ်က လွတ်လပ်နေတုန်းပဲ။” ချန်လွေ့၏ လက်ထဲ၌ တံဆိပ်ပြားနှစ်ခု ပေါ်ထွက် လာခဲ့သည်။ “အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျုပ်က သူတို့ရဲ့ ကိုယ်ပွားကို အချိန်မရွေး ဆင့်ခေါ်နိုင်တယ်။ သူတို့က ကိုယ်ပွားဆီကို တကယ့်အစစ်အမှန် ရောက်လာအောင် လုပ်နိုင်တယ်ဆိုရင် မဒမ် သိလောက်မှာပါ။”
ထိုတံဆိပ်ပြားနှစ်ခုကို ယန္တရား မဟာဆရာသခင် ချန်လွေ့က ဂရုတစိုက် ပြုလုပ်ထားခြင်း ဖြစ်သည်။ သူသည် တစ်ချိန်က တကယ့်အစစ်အမှန်ကို ပိုင်ဆိုင်ခဲ့ဖူးသည်။ ပစ္စည်းနှင့် ပုံသဏ္ဌာန် နှစ်မျိုးလုံးမှာ မူရင်းအတိုင်း တိတိကျကျ တုပထားခြင်း ဖြစ်သည်။ အသက်မသွင်းဘဲဆိုပါက အသွင်အပြင်ကို ကြည့်ရုံဖြင့် ခွဲခြားရန် မဖြစ်နိုင်ပေ။
ဖိုက်သွန်က အမှန်တကယ်ပင် ရယ်မောလိုက်၏။ “မင်းသည် ငါ့ကို ခြိမ်းခြောက်နေတာလား။”
“ခြိမ်းခြောက်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပါ။” ချန်လွေ့၏ လက်ထဲမှ တံဆိပ်ပြားများ ပျောက်ကွယ်သွားပြန်သည်။ “မဒမ်က နတ်ဘုရား-ယောင်များထဲတွင် ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ပဲ။ ကျုပ်က စွမ်းအားချင်းယှဉ်ရင် မဒမ်အရှေ့မှာ ရပ်နေဖို့တောင် အရည်အချင်း မရှိပါဘူး။ စကားပြောဖို့ဆို မပြောနဲ့။”
“နှိမ့်ချစရာမလိုပါဘူး။” ဖိုက်သွန်၏ မျက်လုံးများ ထူးဆန်းစွာ လင်းလက်သွားခဲ့သည်။ “မင်းသာ နတ်ဘုရား-ယောင်အဆင့်ကို တက်လှမ်းနိုင်ရင် အနည်းဆုံး ငါနဲ့ တန်းတူ တည်ရှိနိုင်တယ်။ ဒါမှမဟုတ် ငါ့ကိုတောင် ကျော်နိုင်တယ်။”
“မဒမ်က ချီးကျူးလွန်းနေပါပြီ။။” ချန်လွေ့သည် ဖိုက်သွန်၏ ချီးကျူးမှုကို ခံရသော်လည်း မာန်မတက်ခဲ့ဘဲ ပိုမို၍ပင် သတိထားမိနေခဲ့သည်။ ဖိုက်သွန်က ထိုသို့ ပြောလေလေ သူက ထို“ပုရွက်ဆိတ်”ကို ပေါ့ပေါ့တန်တန် တွက်လေလေ ဖြစ်သည်။
“ငါ ချီးကျူးလွန်းနေတာ မဟုတ်ဘူး။” ဖိုက်သွန်က သူ၏ ဝိညာဉ်ဖိအားကို ရုတ်တရက် ထိန်းချုပ်လိုက်သည်။ “ငါက အစွမ်းထက်ပုဂ္ဂိုလ်တွေ၊ ပါရမီရှင်တွေ အများကြီး မြင်တွေ့ခဲ့ ပြီးပြီ။ ဒါပေမဲ့ မင်းက ငါ့ကို အထင်ကြီးစေဆုံးပဲ။ ငါမင်းကို ပထမဆုံး တွေ့တုန်းက မင်းရဲ့စွမ်းအားက ဘာမှမဟုတ်ဘူး။ အဲဒီအချိန် မင်းက ငါ့ရဲ့ “ပိတ်ပင်”စွမ်းအားက ဒီနေ့လိုမျိုး ခံနိုင်ရည်ရှိခဲ့တယ်။ ပြီးတော့လည်း ငါ့ရဲ့ ဝိညာဉ် တစ်စိတ် တစ်ပိုင်းက ပျက်စီးခြင်းစာအုပ်ရဲ့ ဇစ်မြစ်စွမ်းအားနဲ့ ပေါင်းစပ်နေပြီ။ အဲဒါကိုလည်း မင်းရဲ့ ခန္ဓာကိုယ်က တကယ် စုပ်ယူခဲ့တယ်။ ဒီနေ့အထိ မင်းထဲမှာရှိတဲ့ ငါ့ရဲ့ ဝိညာဉ် အငွေ့အသက်ကို မခံစားမိတော့ဘူး။ ပြီးတော့ မင်းက ပျက်စီးခြင်းစာအုပ်ရဲ့ အရှိန်အဝါအောက်မှာ အသက်ရှင် နိုင်ခဲ့တယ်။ ဒါက ပုံမှန် နတ်ဘုရား-ယောင် အဆင့်တောင် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး။ မင်းက ငါ့ရဲ့ ဝိညာဉ်စွမ်းအားကို သေချာပေါက် စုပ်ယူပြီးတော့ ပျက်စီးခြင်း ဇစ်မြစ် ဥပဒေသကို နားလည်သွားတာပဲ။ အချိန်တိုအတွင်း မင်းက တိုင်းပြည်အဆင့် ထိပ်သီးပိုင်းကို ရောက်သွားတာကတော့ ငါ့အတွက် ဘာမှ အံ့သြစရာ မရှိဘူး။”
ချန်လွေ့ တုန်လှုပ်သွားခဲ့သည်။ အတိတ်မှ ဖြစ်ရပ်များက ဗီဒီယို ပြန်ဖွင့်နေသကဲ့သို့ စိတ်ထဲတွင် ပေါ်လာပြီး သူ၏ စိတ်ထဲမှ ပဟေဠိများ နောက်ဆုံးတွင် ပေါ်လွင်လာခဲ့သည်။
အသံတိတ်ညစိမ့်မြေ၏ အသက်ဓာတ်ရေစင် မြေအောက် ရတနာသိုက်တွင် ငွေသေတ္တာကို ပထမဆုံးအကြိမ် တွေ့ရှိ၍ ဖွင့်လိုက်သောအခါ ရိုမန်နှင့် ဒေလီယာတို့၏ တော်ဝင်မိသားစု စွမ်းအား ရုတ်တရက် ဆုံးရှုံးသွားခဲ့သည်။ နောက်ပိုင်းတွင် သူသည် ထိုလှည့်ကွက်ကို အသုံးပြု၍ နောက်မှ လိုက်ဖမ်းနေသော ဘရော့ခ်ကို ကြောက်လန့်စေကာ ထွက်ပြေးစေခဲ့သည်။ ၎င်းမှာ ဖိုက်သွန်၏ [ပိတ်ပင်ခြင်း] စွမ်းအား ဖြစ်နေခဲ့၏။
ထိုအချိန်ကစ၍ ငွေသေတ္တာကို ဖွင့်လိုက်ပြီးနောက် ချန်လွေ့သည် အချိန်အတော်ကြာအောင် အိပ်မက်ဆိုး တစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ ၎င်းမှာ အသူရာပင် ဖြစ်သည်။
အစပိုင်းတွင် သူသည် အသူရာအား အတွင်းနတ်ဆိုး တစ်ခုမျှသာဟု ထင်ခဲ့သော်လည်း သူသည် အတွင်း နတ်ဆိုးအဆင့်ကို ကျော်ဖြတ်ပြီး နောက်အဆင့်သို့ ပြောင်းလဲ တိုးတက်လာသော အခါ၌ပင် အသူရာသည် ကျန်ရှိနေဆဲ ဖြစ်ပြီး ပိုမို၍ပင် သန်မာလာခဲ့သည်။ နောက်ဆုံးတွင် ပင်လယ်အောက်ခြေရှိ ကျက်သရေမျှော်စင်၌ သိဒ္ဓိနဂါး ရိုဒရီဂူးဇ်အား တွန်းလှန်ပြီးနောက် ချန်လွေ့သည် သူ၏ အသက်ကို စွန့်၍ အသူရာအား သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်စေခဲ့သည်။ ထို့နောက် ‘ဖန်တီးခြင်း’၏ နားလည်မှုဖြင့် အသူရာအား အပြီးအပိုင် အနိုင်ယူကာ ပေါင်းစပ်ပစ်ခဲ့သည်။ ၎င်းမှာ အိပ်မက်ဆိုးမှ စစ်မှန်စွာ လွတ်မြောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။
ယနေ့မှသာ ချန်လွေ့သည် အသူရာသည် တကယ်တမ်း ဖိုက်သွန်၏ ဝိညာဉ်စွမ်းအားနှင့် ပျက်စီးခြင်းစာအုပ်၏ ဇစ်မြစ်စွမ်းအားတို့၏ ပေါင်းစပ်မှုမှ ပေါ်ထွက်လာသော အရာတစ်ခု ဖြစ်သည်ကို နားလည်သွားခဲ့သည်။
အတိအကျ ပြောရပါက သူသည် ငွေသေတ္တာကို ပထမဆုံးအကြိမ် ဖွင့်လိုက်ပြီး စကြဝဠာ၏ ပျက်စီးခြင်း အမှန်တရားကို ခံစားလိုက်ရသောအခါ စူပါစနစ်သည် ဖိုက်သွန်၏ ဝိညာဉ်နှင့် တစ်စိတ်တစ်ပိုင်း ပေါင်းစပ်ထားသော ပျက်စီးခြင်း ဇစ်မြစ်ကို စုပ်ယူခဲ့ခြင်း ဖြစ်သည်။ ထိုစွမ်းအားသည် ထိုအချိန်က အလိုင်းယော့သ်၏ အတွင်းနတ်ဆိုးနှင့် မတော်တဆ ပေါင်းစပ်သွားခဲ့သည်။ ထို့ကြောင့် လွတ်လပ်သော သတိရှိသည့် အထူးသက်ရှိပုံစံ အဖြစ် ပြောင်းလဲသွားခဲ့ပြီး ၎င်းမှာ အသူရာပင် ဖြစ်သည်။
အသူရာကိုယ်တိုင် သူ၏ မူလဇစ်မြစ်ကို ရှင်းပြနိုင်ခြင်း မရှိခဲ့သည်မှာ မဆန်းကြယ်တော့ပေ။