အခြေအနေ(၂)ခု
Vol. 56 Ch. 907
ဖိုက်သွန်၏ အသံက ချန်လွေ့၏ အတွေးစကို ဖြတ်တောက်လိုက်သည်။ “ငါ့မှာ ထူးခြားတဲ့ အာရုံခံနိုင်စွမ်း ရှိတယ်။ မင်းမှာ အရမ်းထူးဆန်းတဲ့ စွမ်းရည်တစ်ခုရှိတာကို ငါခံစားမိတယ်။ စာချုပ်ချုပ်ရင်တောင် မင်းကို ချုပ်နှောင်နိုင်မှာ မဟုတ်ဘူး။ ငါ မင်းကို မထိန်းချုပ်နိုင်ဘူး၊ မင်းရဲ့မိန်းမကို တောင်မှပေါ့။ နတ်မိမယ်နဂါးပေါ်မှာ ငါဖန်တီးထားတဲ့ ဝိညာဉ် အမှတ်အသား ပျောက်ကွယ်သွားတာကို သေသေချာချာ ခံစားမိတယ်။ ဒါက ငါ့ကို အံ့အားသင့်စေတယ်။ မင်း ဘယ်လို လုပ်ခဲ့လဲဆိုတာ ငါ မသိဘူး၊ ဒါပေမဲ့ ဒီအချက်တစ်ခု တည်းနဲ့တင် ငါ့ရှေ့မှာ ရပ်တည်ဖို့ လုံလောက်တဲ့ အရည်အချင်း ရှိနေပြီ။ မဟုတ်ရင် မင်းမှာ စကားပြောဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး။”
ချန်လွေ့က အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။ “မဒမ်ရဲ့ အာရုံစိုက်မှုက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။”
“မင်းမှာ မြွေပုံစံကွက် တံဆိပ်ပြားနဲ့ မိစ္ဆာ မျက်လုံး တံဆိပ်ပြား ရှိတယ်။ သူတို့ရဲ့ စစ်မှန်မှုကို ခဏထားလိုက်ပါဦး။ မင်းဆာရီရယ်နဲ့ စေတန်ကို ခေါ်ဖို့ အစွမ်းကုန်ရှိတယ်လို့ပဲ ငါယူဆလိုက်မယ်။ ဒါဆို မင်းဘာလို့ သူတို့ရဲ့ အစွမ်းအစကို မသုံးဘဲ ကိုယ့်အသက်ကို စွန့်စားနေရတာလဲ။ ငါ့လို အန္တရာယ်ရှိတဲ့ တည်ရှိမှုတစ်ခုကို အသက်စွန့်ပြီး ရင်ဆိုင် ချင်တာလား။ စေတန်က အစွမ်းထက်ပြီး လှည့်စားတတ် ပေမယ့် သူက ကပ်စေးနဲတဲ့သူ မဟုတ်ဘူး။ သူကတိ ပေးထားတာတွေ၊ ဒါမှမဟုတ် အလားတူ ကိစ္စတွေဆိုရင် မင်း တာဝန်ပြီးမြောက်တာနဲ့ သူ ဖြည်းဆည်းပေးတယ်။ မင်းက ငတုံး မဟုတ်ပါဘူး။ တကယ်တော့ မင်းက အတော်လေး ထက်မြက်တယ်။ မင်း ဒီကို တိုက်ရိုက်လာဖို့ ရွေးချယ်တာက မင်းရဲ့ ကိုယ်ပိုင်အစီအစဉ် ရှိရမယ်။ ဒါဆို ငါမှန်းကြည့်မယ်။ မင်းငါနဲ့ ပူးပေါင်းပြီး ငွေသေတ္တာရဲ့ လျှို့ဝှက်ချက်ကို မျှဝေချင်တာလား၊ ဒါမှမဟုတ် မင်းခြိမ်းခြောက်ခံရတာ ဒါမှမဟုတ် အစွမ်းထက်ပုဂ္ဂိုလ်တွေရဲ့ တိုက်ပွဲထဲကို ဆွဲသွင်း ခံရတာမျိုး မဖြစ်အောင် ငါ့ကို ထွက်သွားစေချင်တာလား။”
“မဒမ်ရဲ့ ဉာဏ်ပညာကို ကျုပ်လေးစားပါတယ်။” ချန်လွေ့က အနည်းငယ် ပြုံးလိုက်သည်။ “အမှန်အတိုင်း ပြောရရင် ကျုပ်မှာ ရည်မှန်းချက် ကြီးကြီးမားမား မရှိပါဘူး။ စွမ်းအားကလည်း အကန့်အသတ်ရှိပါတယ်။ ပျက်စီးခြင်း စာအုပ်က ကျုပ်အတွက် ကံကောင်းခြင်းထက် ကပ်ဘေး တစ်ခုပါပဲ။ ကျုပ်ဒီနေ့ ဒီကိုလာတာက မဒမ်နဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဖို့ပါပဲ။ အနည်းဆုံးတော့ ကျုပ်ချစ်ရသူတွေ ထပ်ပြီး ခြိမ်းခြောက်ခံရတာမျိုး မဖြစ်စေချင်ပါဘူး။”
ဇိုလာ ယခုတစ်ခါ ကံကောင်းသည်မှာ ချန်လွေ့ အချိန်မီ ပုံမှန်မဟုတ်သော အခြေအနေကို သတိထားမိခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ဖိုက်သွန်သည် အစွမ်းကုန် ကြံစည်တတ်သော အစွမ်းအထက်ဆုံး နတ်ဘုရား-ယောင်များထဲမှ တစ်ဦး ဖြစ်သည်။ စေတန်ပင် သူ၏ နည်းလမ်းများကြောင့် စိတ်ရှုပ်ထွေးခဲ့ပြီး ယခုတိုင် ငွေသေတ္တာကို မတွေ့သေးပေ။
ဖိုက်သွန်၏ ခြိမ်းခြောက်မှု ရှိနေသရွေ့ မစ်-နတ်မိမယ်နဂါး သို့မဟုတ် အခြားသူများသည် နောက်တစ်ကြိမ် လှည့်စားခံရမည် မဟုတ်ဟု အာမခံနိုင်မည် မဟုတ်ပေ။ တစ်ဆင့် ပြန်စဉ်းစားကြည့်လျှင် ပါ့ဂ်လီအို ကဲ့သို့သော မိတ်ဆွေများအား ထိုသို့သော ထိန်းချုပ်နည်းလမ်းမျိုး သက်ရောက်ခံရပါက “ဖတ်ဖတ်ဖတ်” လုပ်ပြီး ကယ်တင် နိုင်မည် မဟုတ်ပေ။
“မင်းရဲ့ နဂါးမချစ်သူလေးမှာလည်း အံ့သြစရာကောင်းတဲ့ အရည်အချင်းတွေ ရှိပါသေးတယ်။ ငါသူ့ကို ဝိညာဉ် အမှတ်အသားတစ်ခု ပိုပေးလိုက်တာနဲ့ သူက တိုင်းပြည်အဆင့်ရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်သွားတယ်။ [ဒြပ်စင်၆ခု တိုင်းပြည်] က အရမ်းကို အလားအလာရှိတယ်။ နတ်ဘုရားတစ်ပိုင်းအဆင့်အောက်မှာဆိုရင် သူ့အင်အားက မယှဉ်နိုင်သလောက်ပဲ။ သူက အငယ်စား နတ်ဘုရားတစ်ပိုင်း တစ်ယောက်ဆိုရင်တောင် တိုက်နိုင်တဲ့ အင်အားရှိတယ်။ သူ့ရဲ့ ပြိုင်ဘက်က မင်းဆိုရင် ဘယ်သူနိုင်မယ်ထင်လဲ။”
ချန်လွေ့က ပြုံးရုံသာ ပြုံးပြီး မဖြေပေ။ သူနှင့် ဇိုလာတို့က မည်သို့မှ တကယ့်ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။ သိုင်းပြိုင်ပွဲတွင် ချန်လွေ့ သူနှင့် တစ်ကြိမ် သရေကျ ခဲ့ဖူးသော်လည်း မစ်-နတ်မိမယ်နဂါးက ရှုံးနိမ့်ကြောင်း ဝန်ခံခြင်းမပြုမီ သူ့ကို နွေးထွေးစွာ ပွေ့ဖက်ရုံသာ ပွေ့ဖက်ခဲ့သည်။
“မင်းရဲ့ အပြုံးက မင်းမိန်းမတွေနဲ့ သူငယ်ချင်းတွေကို တန်ဖိုးထားတာ ပြောပြနေတယ်။ ဒါက အရမ်း လေးစားစရာကောင်းတဲ့ အကျင့်သီလ တစ်ခုပါပဲ။ ဒါပေမဲ့ တစ်ခါတလေကျတော့ ဒါက မင်းအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်တယ်။”
ဖိုက်သွန်ရဲ့ စကားတွေက တစ်မျိုးတစ်မည် ခြိမ်းခြောက် သလိုမျိုး ရှိနေသည်ကို ချန်လွေ့ ကြားသိရသည်။ “မဒမ်က နားလည်သူတစ်ယောက်ပါပဲ၊ တိုက်ရိုက်ပြောပါ။”
“အထင်မလွဲပါနဲ့။ ငါက ဝိညာဉ်တည်ရှိမှုဖြစ်ပေမယ့် မင်းရဲ့ ချစ်သူ ခန္ဓာကိုယ်ကို စိတ်မဝင်စားပါဘူး။ သူ့ကို ငါ ကူညီပေးချင်ရုံပါ။ အခု မင်းငါ့ရဲ့ ဝိညာဉ် အမှတ်အသားကို ဖျက်လိုက်ပြီဆိုတော့ ဒီကိစ္စတွေက မင်းအပေါ်ကို ကျလာပြီပေါ့။ တကယ်တော့ မင်းအတွက် ပိုလွယ်ပါတယ်။ အခြေအနေ (၂) ခုကို မင်းဖြည့်ဆည်းပေးနိုင်ရင် ဒီငွေသေတ္တာနဲ့ ပျက်စီးခြင်းစာအုပ်ရဲ့ စာမျက်နှာတစ်ရွက်ကို မင်းကို ငါပေးမယ်။”
ချန်လွေ့ ရင်ထဲ၌ လှုပ်ရှားသွားခဲ့သည်။ ပျက်စီးခြင်း စာအုပ်လား။ ဒီဆုလာဘ်က အရမ်းကြီးလွန်းတာ မဟုတ်ဘူးလား။ အဲဒီတုန်းက ဖိုက်သွန်ဟာ သူ့ရဲ့ ဝိညာဉ်နဲ့ ငွေသေတ္တာနဲ့အတူ နတ်ဘုရား-ယောင်တွေရဲ့ ဝိုင်းရံ တိုက်ခိုက်မှုကနေ လွတ်မြောက်ဖို့အတွက် သူ့ခန္ဓာကိုယ်ကို မနှမြောဘဲ စတေးခဲ့တယ်။ ဒါပေမဲ့ အခုတော့ သူက အလွယ်တကူ ပေးပစ်လိုက်တာလား။
ဒါဆို ဖိုက်သွန်ရဲ့ အခြေအနေတွေက ဘာတွေလဲ။ ချန်လွေ့ရဲ့ စိတ်ထဲမှာ ပိုပြီး သတိထားလာသည်ကို တွေ့ရသည်။
“ဒီလောက် စိုးရိမ်မနေပါနဲ့။ နှစ်ပေါင်း ၁၀သိန်းကျော် လောက်ရှိပြီ။ ဒီဖျက်ဆီးခြင်း ဇစ်မြစ် အပိုင်းအစက ငါ့ဝိညာဉ်ထဲမှာ ပေါင်းစပ်ပြီး ငါ့ဝိညာဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ်။ ခုနက “ဖျက်ဆီးခြင်း” စွမ်းအားကို ဖွင့်ဖို့ ကြိုးစားတုန်းက မင်းဆီမှာ ပိုပြီး ပြည့်စုံတဲ့ ဖျက်ဆီးခြင်း ဇစ်မြစ် အငွေ့အသက် ရှိနေတာကို ငါခံစားမိတယ်။ ငါ့ရဲ့ ပထမဆုံး အခြေအနေက မင်းရဲ့ ပြည့်စုံတဲ့ ဖျက်ဆီးခြင်း ဇစ်မြစ်ကို ငါလိုချင်တယ်။ မင်းရဲ့ လက်ရှိအင်အားကို ဘာမှထိခိုက်မှာ မဟုတ်ဘူး၊ မှတ်ဉာဏ် ပုံရိပ်ကို ကူးယူပေးဖို့ပဲ လိုတာ။”
ချန်လွေ့၏ အတွေးများ အနည်းငယ် ရွေ့လျားသွားပြီး မရေမရာ နားလည်လိုက်သည်။ ထို့နောက် သူက မေးလိုက်သည်။ “မဒမ်ရဲ့ ဒုတိယအခြေအနေကို အရင်ဆုံး ကြားချင်ပါတယ်။”
“ဒုတိယ အခြေအနေက ပိုရိုးရှင်းပါတယ်။ ငါ့ကို နေရာတစ်ခုကို ခေါ်သွားပါ။”
ချန်လွေ့ ချက်ချင်းပင် ထိုနေရာသည် ရိုးရိုးရှင်းရှင်း နေရာမဟုတ်ကြောင်း တွေးမိလိုက်သည်။ “ဘယ်နေရာပါလဲ။”
“လူ့လောက၊ ဖန်တီးခြင်းစာအုပ် ရှိတဲ့နေရာပဲ။”
ချန်လွေ့ အံ့အားသင့်သွားသည်။ ဖန်တီးခြင်းစာအုပ် ရှိရာနေရာလား။
အခုဆိုရင် ငွေသေတ္တာထဲမှာ ပျက်စီးခြင်းစာအုပ်ရဲ့ အကြွင်းအကျန်တွေ ပါဝင်တာကို သိနေပြီဆိုတော့ သက်ဆိုင်ရာ ဖန်တီးခြင်းစာအုပ်က... သိဒ္ဓိအလင်း တောင်ထိပ်၊ အလင်းနတ်ဘုရားကျောင်းမှာ ရှိရမယ်။
“ဖန်တီးခြင်းနဲ့ ပျက်စီးခြင်းရဲ့ ဇစ်မြစ်စွမ်းအားလား။” ချန်လွေ့ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ပြောလိုက်သည်။“မဒမ် တကယ်တမ်း ဘာ လိုချင်တာလဲ...”
“ဟားဟား...” ဖိုက်သွန်က အသာလေး ရယ်မောလိုက်ရာ ချန်လွေ့က ထိုကြောက်မက်ဖွယ်ရာ ရယ်သံထဲ၌ သူ့ဝိညာဉ် တုန်လှုပ်နေသည်ကို ခံစားမိလိုက်သည်။
“စေတန်က မိုက်ကယ်နဲ့ တခြားသူတွေကို အတုယူပြီး ပျက်စီးခြင်းစာအုပ်ကို စုဆောင်းချင်ခဲ့တယ်။ အစွမ်းထက် ပုဂ္ဂိုလ်တွေ အားလုံးကို အုပ်ချုပ်ပြီး အမှောင် နတ်ဘုရားကျောင်းကို တည်ထောင်ပြီး နတ်ဘုရားတွေရဲ့ ယုံကြည်မှုကို ခိုးယူပြီး နတ်ဘုရားတစ်ပါး ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ ဒီလောက်နှစ်တွေ ကြာလာတာတောင် နတ်ဘုရား ယုံကြည်မှုကို ခိုးယူတဲ့ မိုက်ကယ်၊ ဂေဘရီရယ် ဒါမှမဟုတ် ရာဖယ်ရယ်ပဲဖြစ်ဖြစ်၊ သူတို့က နတ်ဘုရားနဲ့ အဆုံးမရှိ နီးစပ်နေပေမယ့် ဘယ်သူက အဲဒီခြေလှမ်းကို လှမ်းပြီး နတ်ဘုရား ဖြစ်လာနိုင်လို့လဲ။ စွမ်းအားရဲ့ အမြင့်ဆုံးအဆင့်က အကြွင်းမဲ့ပဲ။ ဒါပေမဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ဖို့ နည်းလမ်း တစ်ခုထက်မက ရှိတယ်။ ငါသွားနေတဲ့ လမ်းကတော့ မတူညီတဲ့ လမ်းပဲ။ ငါ နတ်ဘုရားထက်ကျော်လွန်တဲ့ တည်ရှိမှု တစ်ခုတောင် ဖြစ်လာနိုင်ခြေ ရှိတယ်။”
ဖိုက်သွန်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဒါမှမဟုတ် ရူးသွပ်တဲ့ 'ရည်မှန်းချက်' ကြောင့် ချန်လွေ့ အံ့အားသင့်သွားသည်။ ပျက်စီးခြင်းနဲ့ ဖန်တီးခြင်း ဇစ်မြစ် စွမ်းအားကို ပေါင်းစပ်ပြီး နတ်ဘုရားထက်ကျော်လွန်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာဖို့လား။
“ဖန်တီးခြင်းနဲ့ ပျက်စီးခြင်းစာအုပ်ဆိုတာ တကယ်တမ်း ဘာတွေလဲ။ မဒမ်။” ချန်လွေ့က အရေးအကြီးဆုံး မေးခွန်းများ ထဲမှ တစ်ခုကို မေးလိုက်သည်။
“ဖန်တီးခြင်းနဲ့ ပျက်စီးခြင်း လောကက ကျန်ရစ်ခဲ့တဲ့ အရာတွေပဲ။” ဖိုက်သွန်က ကောင်းကင်ကို ကြည့်ရင်း သူ့အသံက ပိုပြီး အိပ်မက်ဆန်လာခဲ့သည်။ “ဒီလောက ထဲမှာရှိတဲ့ အရာအားလုံး၊ နတ်ဘုရားတွေအပါအဝင်၊ ဒီကနေ စတင်ခဲ့တာ။”
နတ်ဘုရားအပါအဝင် ဒီ“လောက”ကို ဖန်တီး ဖျက်ဆီးခဲ့တာလား။ ချန်လွေ့က အသက်ရှူရခက်သလို ခံစားလိုက်ရသည်။ “ဘယ်သူက နတ်ဘုရားနဲ့ ဒီလောကကို ဖန်တီးခဲ့တာလဲ။”
“ငါ မသိဘူး။ နတ်ဘုရားတွေကတော့ သူ့ကို ဖန်ဆင်းရှင်လို့ ခေါ်တယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ သေသေချာချာ မသိဘူး။ သေချာတာကတော့ သူက သက်ရှိအားလုံးထက် အများကြီး သာလွန်မြင့်မြတ်တဲ့ တည်ရှိမှုတစ်ခုပါပဲ။” ဖိုက်သွန်က “ဖန်ဆင်းရှင်”အကြောင်းကို ပြောနေစဉ် သူ့အသံထဲ၌ အထင်အရှား လေးစားမှုများ ပါဝင်နေသည်။ သို့သော်လည်း သူက စကားလမ်းကြောင်း လွှဲလိုက်၏။ “ငါ့ရဲ့ အခြေအနေတွေကို ပြောပြီးပါပြီ။ အခု မင်းဆီက အဖြေကို ကြားချင်ပါတယ်။ ဟုတ်တယ်။ အခုပဲ။”
နောက်ဆုံးစကားက ချန်လွေ့အတွက် နေရာမထား ခဲ့သည်မှာ ထင်ရှားသည်။ အမှန်တကယ်၌ ပိုကြီးမားတဲ့ ခြိမ်းခြောက်မှုက ခုနက စကားဝိုင်းထဲတွင် ရှိနေခဲ့သည်။ ဖိုက်သွန်က ငွေသေတ္တာ သို့မဟုတ် ပျက်စီးခြင်းစာအုပ်ကို မလိုအပ်တော့ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။ ချန်လွေ့က စေတန် သို့မဟုတ် ဆာရီရယ်ကို တကယ် ခေါ်နိုင်လျှင်ပင် သူက မည်သည်ကိုမှ ဂရုမစိုက်ဘဲ ထွက်ပြေး နိုင်သည်ကို ဆိုလိုသည်။ ထိုအတောအတွင်း ချန်လွေ့အပြင် သူ့မိန်းမများနှင့် သူငယ်ချင်းများသည် ကြောက်မက်ဖွယ် ကလဲ့စားချေခြင်းကို ရင်ဆိုင်ရမည် ဖြစ်သည်။ သို့မဟုတ် ထွက်မပြေးခင် သူက လူတိုင်းကို အလွယ်တကူ သတ်ပစ် နိုင်ပေသည်။
ချန်လွေ့၏ စိတ်ထဲတွင် လျင်မြန်စွာ တွေးတောပြီးနောက် နောက်ဆုံးတွင် ပြန်ဖြေလိုက်သည်။ “ကျုပ် မဒမ် ဖိုက်သွန်ကို ကတိပေးပါတယ်။”
“ကောင်းပြီ၊ ငါ့ရဲ့ အာရုံခံနိုင်စွမ်းက မင်း ငါ့ကို လိမ်မပြောဘူးဆိုတာ ပြောပြနေတယ်။ မင်း တကယ့် ရွေးချယ်မှုဖြစ်တဲ့ အမှန်ကန်ဆုံး ရွေးချယ်မှုကို လုပ်ခဲ့တယ်။ မင်းလူ့လောကကို သွားဖို့ လုံလောက်တဲ့ ယုံကြည်မှု ရှိနေပုံရတာကို ငါအံ့သြမိတယ်။ စိတ်ချပါ၊ ငါ ရလဒ်ထက် ပိုနေတဲ့အရာတွေကို စိတ်မဝင်စားပါဘူး။ အခုကစပြီး ဒီငွေသေတ္တာက မင်းပိုင်တယ်။” ဖိုက်သွန်က သူ့ရဲ့ ပျက်ကွက်မှုကို မကြောက်ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။ အမှန်တကယ် သူလည်း ဒီအရင်းအနှီးကို ပိုင်ဆိုင်ပေသည်။
ချန်လွေ့ ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။ “မဒမ် ဖိုက်သွန်၊ မဒမ်ရဲ့ လက်ရှိအခြေအနေက လူ့လောကကို ရောက်ဖို့အတွက် နေရာလွတ်ကူးပြောင်းဖို့ သင့်တော်ရဲ့လား။”
“ဒီနှစ်တွေအတွင်း ငါ့ဝိညာဉ်ကို ပြုစုပျိုးထောင်ဖို့နဲ့ ပျက်စီးခြင်းရဲ့ ဇစ်မြစ်ကို စုပ်ယူဖို့အတွက် အသက်ဓာတ် ရေစင်နဲ့ ပြန်လည်ရှင်သန်ခြင်း ရေစင်တွေရဲ့ အစွမ်းအစကို ငါသုံးခဲ့တယ်။ သိပ်မကြာခင်ကမှ ငါ့ဝိညာဉ်ရဲ့ တည်ရှိမှုက ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်သွားခဲ့တယ်။ စေတန်နဲ့ မိုက်ကယ်လို ပြိုင်ဘက်တွေနဲ့ ထပ်တွေ့ရင်တောင် တိုက်ခိုက်နိုင်တဲ့ စွမ်းအား ငါ့မှာ ရှိတယ်။ ပျက်စီးခြင်းရဲ့ ဇစ်ြမစ်ကို ထပ်ပြီး နားလည်လာနိုင်ရင် မိုက်ကယ်တောင် ငါ့ကို မနိုင်နိုင်ဘူး။ နေရာလွတ် ကူးပြောင်းတာက ဘာပြဿနာမှ မရှိပါဘူး။ အဲဒီအချိန်ကျရင် ငါက အမှတ်အသား တစ်ခုအဖြစ် ပြောင်းလဲပြီး မင်းကိုယ်ပေါ်မှာ တွယ်ကပ်နေမယ်။ ဒါက မင်းကို နေရာလွတ်တွေ ဖြတ်သန်းသွားတဲ့အခါ အန္တရာယ်အရှိဆုံး နေရာလွတ် မတည်ငြိမ်မှုကနေလည်း ကာကွယ်ပေး ပါလိမ့်မယ်။”
ဖိုက်သွန်က သူ့ကိုယ်သူ အင်အားကြီးကြောင်း တမင်တကာ ထောက်ပြသည်ကို ချန်လွေ့ သိပါသည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “လူ့လောကကို ကူးပြောင်းဖို့က လွယ်တဲ့ကိစ္စ မဟုတ်တာကြောင့် ကျုပ် ပြင်ဆင်ဖို့ အချိန်လိုပါတယ်။ ပျက်စီးခြင်း ဇစ်မြစ်ရဲ့ မှတ်ဉာဏ် အမှတ်အသားကိုတော့ မဒမ်ကို အခု ကူးယူပေးနိုင်ပါတယ်။ ဒါပေမဲ့ ပျက်စီးခြင်း ဇစ်မြစ်နဲ့ ပတ်သက်ပြီး ကျုပ်နားလည်မှုက တော်တော်လေး နည်းပါးပြီး ခက်ခဲရှုပ်ထွေးတဲ့ အချက်တွေ အများကြီးရှိပါတယ်။ မဒမ်ဆီက အကြံဉာဏ်တွေ တောင်းခံလို့ ရမလား မသိဘူး။”
“ရတယ်လေ။”
“ဟုတ်ပြီ။ ဒါဆိုရင် ငွေသေတ္တာကို မဒမ်နဲ့ပဲ ထားထားလိုက်မယ်။ မဒမ်က တကယ် မလိုအပ်ဘူးဆိုရင် လူ့လောကကိုသွားဖို့ အားလုံး အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ကျွန်တော့်ကို ပေးခဲ့ပါ။”
“ကောင်းပြီလေ။” ဖိုက်သွန်က ကျေနပ်စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “မင်းက ဒီလောက် စိတ်ရင်းမှန်တာကြောင့် ဝိညာဉ် အမှတ်အသား ၅ခု ထပ်ပေးမယ်။ ဒီအမှတ်အသား တွေကို ငါ ပျက်စီးခြင်း ဥပဒေသနဲ့ သန့်စင်တုန်းက ဖန်တီးခဲ့တာ။ ငါ့အတွက်တော့ ဒါတွေက 'ပိုနေတဲ့' ဝန်ထုတ်ဝန်ပိုးတွေပဲ။ နတ်ဘုရား-ယောင် အဆင့်အောက်က လေ့ကျင့်သူတွေအတွက်တော့ ဒါဟာ အတော်လေး တန်ဖိုးရှိတဲ့ စွမ်းအားနဲ့ အတွေးအမြင်တွေပါပဲ။ ဒါပေမဲ့ လူတစ်ယောက်တည်းက တစ်ခုပဲ သုံးနိုင်တာကြောင့် မင်းရဲ့ နတ်မိမယ်နဂါး ချစ်သူလေးကတော့ သုံးလို့ မရနိုင်တော့ဘူး။”
ချန်လွေ့၏ မျက်လုံးများ လင်းလက်သွားသော်လည်း ထိုဝိညာဉ်ပုံရိပ် အမှတ်အသားမျိုးသည် ဇိုလာ ရရှိခဲ့သော တစ်ခုနှင့် အတူတူပင်ဖြစ်ပြီး သူ အလားတူ 'ကယ်ဆယ်ခြင်း' နည်းလမ်းကို အသုံးမပြုပါက ထိန်းချုပ်ခံရမည့် လျို့ဝှက် “ဆိုးကျိုး” ရှိသည်ကို သူ ကောင်းကောင်း သိသည်။
အားသာချက်မှာ အသီနာနှင့် အခြားသူများသည် နိယာမ အပိုင်းအစ၏ စွမ်းအားကို အများဆုံးအထိ စုပ်ယူနိုင်ပြီး အချိန်တိုအတွင်း တိုင်းပြည်အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ အားနည်းချက်မှာ သူတို့သည် ထပ်မံ၍ “သေသည်အထိ ကြိုးစား” ရမည် ဖြစ်သည်။ ထို့ပြင် သူ့မိန်းမများမှအပ ကျန်ရှိသော “လုပ်ဖော်ကိုင်ဖက်များ” ကမူ ၎င်းကို အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထို “ကယ်ဆယ်ခြင်း”နည်းလမ်းသည် သလင်းကျောက် မောင်းမဆောင် အပြင်ဘက်ရှိ လူများအတွက် မဟုတ်သောကြောင့်ပင်။
ဖိုက်သွန်မှာ ထူးခြားသော အာရုံခံနိုင်စွမ်းရှိပြီး ပျက်စီးခြင်း စွမ်းအားကို နှစ်ပေါင်းများစွာ နားလည်ထားသည်ကို ချန်လွေ့သိသောကြောင့် လှည့်စားခြင်း မပြုခဲ့ဘဲ ပျက်စီးခြင်း ဇစ်မြစ်၏ ပြီးပြည့်စုံသော ဥပဒေသ အမှတ်အသားကို ဖိုက်သွန်ထံ ကူးယူပေးခဲ့သည်။
ဖိုက်သွန်သည် ထိုအမှတ်အသားကို စိတ်ဝိညာဉ် စွမ်းအားဖြင့် စမ်းသပ်ကြည့်ရုံမျှဖြင့် ချက်ချင်း ထင်ရှားစွာ ပုံဖော်နိုင်ခဲ့သည်။ ၎င်းသည် ပြည့်စုံသော ဇစ်မြစ်ဥပဒေသ၏ အငွေ့အသက် ဖြစ်သည်ကို သိရှိရသောအခါ သူ အတိုင်းမသိ ဝမ်းမြောက်မိသည်။ ချန်လွေ့ မေးမြန်းသော မေးခွန်း တိုင်းကိုလည်း စိတ်ရှည်စွာ ဖြေကြားပေးခဲ့သည်။ နတ်ဘုရား-ယောင် အဆင့်၏ လမ်းညွှန်မှုသည် ထူးခြားကောင်းမွန် သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ချန်လွေ့သည် အလွန်ပင် အကျိုးရှိသည်ဟု ခံစားရပြီး ပျက်စီးခြင်း ဥပဒေသနှင့် ပတ်သက်သော သူ့ နားလည်မှုလည်း တစ်ဆင့်တက်ခဲ့သည်။
နာရီအနည်းငယ် ကြာပြီးနောက် သူသည် ပြန်လည် ရှင်သန်ခြင်း ရေစင်ကို ထုတ်ကာ ငွေသေတ္တာကို ထိုရေထဲ နှစ်ပြီး ထွက်ခွာသွားလိုက်သည်။
နောက်ကျောတွင် နတ်ဘုရား-ယောင် အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ “ဝန်ထုတ်ဝန်ပိုး” ရှိနေ သော်လည်း ချန်လွေ့၏ စိတ်အခြေအနေသည် ထိုအချိန်တွင် စိုးရိမ်ပူပန်ခြင်းထက် စိတ်လှုပ်ရှားမှုက ပိုများနေသည်။
ယခုတစ်ခေါက်တွင် သူက ဇိုလာ၏ လျို့ဝှက် အန္တရာယ်များကို ဖယ်ရှားနိုင်ခဲ့ရုံမကဘဲ နတ်ဘုရား-ယောင် ဝိညာဉ် အမှတ်အသား ၅ခုပါ ရခဲ့သည်။ ငွေသေတ္တာကို ချန်လွေ့ သိပ်စိတ်မဝင်စားပေ။ သို့သော် ဖိုက်သွန်က အလင်းနတ်ဘုရားကျောင်းသို့ သွားရန် ကမ်းလှမ်းခဲ့တဲ့ အခြေအနေက သူ့မျက်လုံးတွေကို လင်းလက်စေခဲ့သည်။
ဖိုက်သွန်က အပြင်ပန်း ထင်ရသလောက် ဖော်ရွေတာ မဟုတ်ဘူးဆိုတာ သံသယဖြစ်စရာ မရှိဘူး။ အခြေအနေပဲဖြစ်ဖြစ်၊ ဆွေးနွေးမှုပဲဖြစ်ဖြစ်၊ သူက ငါ့ကို အသုံးချနေတာ။ ဒီလို နှစ်ပေါင်းများစွာ အသက်ရှင်နေတဲ့ နတ်ဘုရား-ယောင် အဆင့်တွေထဲမှာ ဉာဏ်မထက်တဲ့သူ တစ်ယောက်မှ မရှိဘူး။
သို့သော် ချန်လွေ့တွင်လည်း သူ့ကိုယ်ပိုင် အစီအစဉ်များ ရှိနေသည်။
ပျက်စီးခြင်းစာအုပ်နဲ့ ဖန်တီးခြင်းစာအုပ်က တကယ်တော့ နတ်ဘုရားတွေထက် သာလွန်မြင့်မြတ်တဲ့ တည်ရှိမှုတွေရဲ့ ကျန်ရစ်ခဲ့တဲ့ အရာတွေပဲ။
ပျက်စီးခြင်းဇစ်မြစ်က ဒီလောက် အစွမ်းထက်နေပြီ ဆိုတော့ ပျက်စီးခြင်းဇစ်မြစ်ရဲ့ စွမ်းအားကို လက်လွတ်ခံလို့ မဖြစ်ဘူး။ အလင်းနတ်ဘုရားကျောင်းမှာ ဖန်တီးခြင်း စာအုပ်တင် မကဘဲ နောက်ထပ် အရေးကြီးတဲ့ အရာ တစ်ခုလည်း ရှိသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒါကို တစ်ခါတည်း ဖြေရှင်းနိုင်လိမ့်မယ်။
အလင်းဒြပ်စင်ဘုရင်က နတ်ဘုရား-ယောင် အဆင့် စွမ်းအားနဲ့မှ အလင်းနတ်ဘုရားကျောင်းကို တပ်မက်လို့ ရနိုင်မယ်လို့ ပြောခဲ့ဖူးတယ်။
ပျက်စီးခြင်း ဇစ်မြစ်ကို နားလည်နိုင်ရင် မိုက်ကယ်နဲ့ ယှဉ်နိုင်ပြီလား။ ဒါဆို ကြိုးစားလေ့ကျင့်ရမယ်... နတ်ဘုရား-ယောင် အဆင့် မဒ-မ်ဖိုက်သွန်၊ ခင်ဗျားကတော့ ပိုအစွမ်း ထက်လေ ပိုကောင်းလေပဲ။
ချန်လွေ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး အရှိန်တင်ကာ ထွက်သွားတော့သည်။