မဟာမိတ်နှင့် တောင်းဆိုချက်များ
Vol. 56 Ch. 908
မကြာသေးမီက အမှောင်လနေအိမ်တွင် ရေပန်းအစားဆုံး စကားစုများထဲမှ တစ်ခုမှာ "မင်းသေပြီ" ဟူ၍ ဖြစ်သည်။
ထိုစကားသည် သေမင်းနိမိတ်နှင့် ကန်ရှီရိုတို့နှင့် မသက်ဆိုင်ဘဲ “ချန်လွေ့” ဟူသော သရုပ်က မကြာမီ သေဆုံးတော့မည် ဖြစ်သောကြောင့်ပင်။
အမှောင်လနယ်မြေတွင် သတင်းတစ်ခု ပျံ့နှံ့နေသည်။ နတ်ဆိုးဘုံ၏ ပထမဆုံးဝန်ကြီးဟောင်း၊ အမှောင်လနယ်မြေ၏ အရာရှိနှင့် ဘဏ္ဍာရေးအရာရှိဟောင်း၊ အမှောင်လလော့ဒ်နှင့် တတိယစစ်သူကြီး အသီနာ၏ ခင်ပွန်းဖြစ်သူ လူသား ချန်လွေ့သည် နတ်ဆိုးဘုံ၏ ပတ်ဝန်းကျင်နှင့် မရင်းနှီးနိုင်ဘဲ၊ ခန္ဓာကိုယ်လည်း အားနည်း ဖျားနာနေခဲ့ရာ အကြိမ်ပေါင်း များစွာ သေလုနီးပါး ဖြစ်ခဲ့ပြီး ယခုအချိန်တွင် နောက်ဆုံးတွင် အချိန်ကျရောက်ပြီဖြစ်ကြောင်းဟူ၍ ဖြစ်သည်။
တစ်စုံတစ်ဦးက ချန်လွေ့ လမ်းပေါ်တွင် သတိလစ် လဲကျသည်ကို တစ်ချိန်က တွေ့ခဲ့ရပြီး၊ ကြယ်ကြွေတမန် အင်ပါယာ၏ ဧကရီ ရှီရာသည်လည်း အမှောင်လသို့ ၃လအတွင်း ၄ ကြိမ် လာရောက်လည်ပတ်ခဲ့သည်။ သူသည် ရက်ပေါင်းများစွာ နေထိုင်ခဲ့ရာ ကောလာဟလ၏ မှန်ကန်မှုကို ပိုမိုအတည်ပြုခဲ့သည်။
ဧကရီအရှင်မ ရောက်ရှိလာခြင်းက ထို“ဝန်ကြီးဟောင်း” အား လာရောက်လည်ပတ်ပြီး သခင်မ အသီနာအား နှစ်သိမ့်ရန် သံသယဖြစ်ဖွယ် မရှိသော်လည်း၊ အမှန်တရား သည် မကြာခဏ ဆိုသလို မမျှော်လင့်ဘဲ ဖြစ်တတ်သည်။ ဧကရီ အရှင်မ၏ “လာရောက်လည်ပတ်ခြင်း” နည်းလမ်းသည် အမှန်တကယ် ကာမဆက်ဆံရန်ဖြစ်ပြီး၊ ရက်အနည်းငယ်ကြာ နေထိုင်ရခြင်း အကြောင်းရင်းမှာ ကာမဆက်ဆံခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြစ်ကြောင်း မည်သူမျှ ခန့်မှန်း နိုင်မည်မဟုတ်ပေ။ ဧကရီ အရှင်မ၏ အင်ပါယာကိစ္စသည် အလွန် အလုပ်များသောကြောင့်၊ တစ်ချိန်တည်းတွင် အားလုံးကို မပြီးနိုင်ရာ “အဆင့်လိုက်ကုသခြင်း” နည်းလမ်းကို အသုံးပြုရသည်။ ထို့ကြောင့် ရှီရာသည် ၃ လအတွင်း အမှောင်လသို့ ၄ ကြိမ် လာရောက်ခဲ့ခြင်း ဖြစ်သည်။
သလင်းကျောက် မောင်းမဆောင်မှ မိန်းကလေးများသည် ရွှင်လန်း တက်ကြွနေပုံရသည်။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ဦးက ဧကရီ အရှင်မအား အတူတကွ တိုက်ခိုက်ရာတွင် ကူညီရန် ပါဝင်ခဲ့သည်။ လူတိုင်းတွင် အတွေ့အကြုံ ရှိပြီးသား ဖြစ်သည်။ ထိုကဲ့သို့ ဆိုးရွားသော ဖျက်သိမ်းခြင်း နည်းလမ်းကို လိုအပ်သည်မှာ နတ်ဘုရား-ယောင် အမှတ်အသား၏ ဘေးထွက်ဆိုးကျိုးများ အပြစ်သာ ဖြစ်ပေသည်။
နတ်ဘုရား-ယောင် ဝိညာဉ်အမှတ်အသားသည် အလွန် အဖိုးတန်သော အရာဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ အကျိုး သက်ရောက်မှုက အလွန်သိသာထင်ရှားသည်။ ၎င်းသည် ဥပဒေသ အပိုင်းအစအတွက် ကောင်းကင်ဘုံက ဖန်တီးပေးထားသော အရာဖြစ်သည်။ ဥပဒေသ အပိုင်းအစသည် မိန်းကလေးများအား တိုင်းပြည်အဆင့်သို့ အမြန်ဆုံး အဆင့်မြှင့်တင်ရန် ကူညီနိုင်သော်လည်း၊ ဖြတ်လမ်းနည်းများ အသုံးပြုခြင်းကြောင့် တိုင်းပြည်အဆင့်သို့ ရောက်ရှိပြီးနောက် တိုးတက်မှုသည် ပုံမှန်တိုးတက်မှုထက် အဆများစွာ ပိုမိုခက်ခဲပေလိမ့်မည်။ ထိုနတ်ဘုရား-ယောင် ဝိညာဉ်အမှတ်အသား၏ အကူအညီဖြင့် ထိုအားနည်းချက် ပျောက်ကွယ်သွားမည်ဖြစ်ပြီး၊ အတားအဆီးကို ဖောက်ထွက် ရန်လည်း ပိုမိုလွယ်ကူလာမည်ဖြစ်သည်။ အဆုံးစွန်အားဖြင့်၊ ၎င်းသည် အင်အားအကြီးဆုံး နတ်ဘုရား-ယောင် ဝိညာဉ်၏ ဝိညာဉ်ဖြစ်တည်မှုမှ ပျက်စီးခြင်း ဇစ်မြစ် ဥပဒေသကို ပြုပြင်ပြောင်းလဲစဉ် ကျန်ခဲ့သော အမှတ်အသားဖြစ်သည်။ ၎င်းသည် ထူးခြား၏။ စေတန်ပင် ထိုကဲ့သို့သော ဝိညာဉ် အမှတ်အသားကို ဖန်တီးနိုင်မည်မဟုတ်ပေ။
ကံမကောင်းစွာဖြင့်၊ ထိုကဲ့သို့သော ဝိညာဉ် အမှတ်အသားများ၏ အရေအတွက်က အလွန်ပင် အကန့်အသတ်ရှိသည်။ ဇိုလာသည် အကျိုးခံစားခွင့်ရှိပြီးသား ဖြစ်သောကြောင့် ချန်လွေ့သည် ကျန်ရှိသော ၅ ခုကို အသီနာ၊ အစ်ဇဘယ်လာ၊ ခီရာနှင့် ရှီရာတို့အား အသီးသီး ပေးခဲ့ပြီး တစ်ခုကို ကတ်သရင်းအတွက် သိမ်းဆည်းထားခဲ့သည်။
“လူသားသေဆုံးခြင်း”နှင့် ပတ်သက်၍ ၎င်းသည် ချန်လွေ့ ကိုယ်တိုင် ထုတ်ပြန်သော ကောလာဟလတစ်ခုလုံး ဖြစ်သည်။ အက်ဂ်ယောသည် လပေါင်းများစွာ ပျောက်ကွယ်နေခဲ့သည်။ ၎င်းကို ပြည်သူလူထုအား တံခါးပိတ် လေ့ကျင့်ရေးအတွက် သွားရောက်ခဲ့သည်ဟု ကြေညာခဲ့သည်။
တစ်ခုတည်းသော ခေါင်းကိုက်စရာမှာ မစ်-သော်သော် ဖြစ်သည်။ ချန်လွေ့ လျှို့ဝှက်နယ်မြေသို့ သွားစဉ် ကတ်သရင်းသည် သော်သော်ထံ လာရောက်လည်ပတ်ရန် အမှောင်လသို့ ရောက်ရှိခဲ့သော်လည်း၊ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကလေးမလေးသည် ကတ်သရင်းအား တွေးတောမိသော စိတ်ကို ကြာမြင့်စွာ ထိန်းထားနိုင်ခြင်း မရှိတော့ဘဲ၊ မကြာသေးမီက မေမေကို ရှာနေသည်ဟု အော်ဟစ် ငိုယိုနေခဲ့သည်။ မည်သည့်ဂိမ်းမျှ သူကို စိတ်မဝင်စားစေတော့ပေ။ ညီတူမျှတူ ကွင်းဆက် ချိတ်ဆက်မှုသည် ယခုအချိန်တွင် ပြည့်နေပြီ ဖြစ်ပြီး၊ [ကြယ်ဂိတ်]ကို ဖြတ်ကျော်ရန် ကြယ်အပ်နှင်းခြင်းကို အသုံးပြုပါက [ကြယ်အဆင့် တိုးမြှင့်မှု] အတွက် နောက်ထပ် တစ်လ ကြာဦးမည် ဖြစ်သောကြောင့် ချန်လွေ့သည် သော်သော်အား အမှောင်လအင်ပါယာသို့ တိုက်ရိုက် ခေါ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့သည်။
ထိုအချိန်တွင်၊ နောက်ဆုံးအကြိမ် “ကုသမှု” ခံယူခဲ့သော ရှီရာသည် သွေးနဂါးအင်ပါယာ၏ အရှင် ရိုင်ဇန်နှင့် အရိပ်နက်အင်ပါယာ၏ ဧကရာီ ကတ်သရင်းတို့သည် မကြာမီ ကာလတွင် ကြယ်ကြွေတမန်အင်ပါယာသို့ အတူတကွ လာရောက်လည်ပတ်ပြီး ဧကရီ အရှင်မ ရှီရာနှင့် တွေ့ဆုံကာ အင်ပါယာ ၃ခု၏ မဟာမိတ်ဖွဲ့ခြင်း၏ အသေးစိတ်အချက်အလက်များကို ဆွေးနွေးကြမည်ဟူသော သတင်းကို ယူဆောင်လာခဲ့သည်။
ကတ်သရင်း ရောက်ရှိလာမည် ဖြစ်သောကြောင့် ချန်လွေ့သည် ထပ်မံခရီးသွားရန် မလိုအပ်တော့ပေ။ သူသည် ကလေးမလေးအား လျင်မြန်စွာ ချော့မော့ခဲ့သည်။
မကြာမီပင်၊ ကြယ်ကြွေတမန်၏ မြို့တော်သည် လာရောက်လည်ပတ်သော အုပ်ချုပ်သူ ၂ဦးကို ကြိုဆိုခဲ့သည်။
ယခု အင်ပါယာ ၃ခုကြား ဆက်ဆံရေးသည် အလွန် သဟဇာတ ဖြစ်နေသည်။ စစ်ပွဲရပ်စဲရေး သဘောတူညီချက် ကာလနှင့် နှိုင်းယှဉ်ပါက ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုနီးကပ်ပြီး ပိုမိုရိုးသားသည်။ နတ်ဆိုးဘုံသည် ကဏ္ဍပေါင်းစုံတွင် မကြုံစဖူး ကြီးပွားတိုးတက်မှုများ ရှိခဲ့သည်။ အင်ပါယာ ၃ခု မဟာမိတ်ဖွဲ့ခြင်းသည် ပြည်သူလူထု၏ ဆန္ဒဖြစ်လာခဲ့၏။
အုပ်ချုပ်သူ ၃ဦး၏ အစည်းအဝေးသည် ဖော်ရွေသော အငွေ့အသက်နှင့် စတင်ခဲ့ပြီး၊ နှစ်ဖက်စလုံးသည် မဟာမိတ်ဖွဲ့ခြင်း၏ အထွေထွေဘောင်နှင့် အဓိကပြဿနာများ အပေါ် ထပ်မံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တိုးတက်မှုသည် အလွန်ချောမွေ့ခဲ့သည်။
ထို့နောက်တွင် ရိုင်ဇန်၏ တောင်းဆိုချက်အရ အုပ်ချုပ်သူ ၃ဦးက လျှို့ဝှက်အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ စတုတ္ထမြောက် လူတစ်ဦးလည်း ရှိသေးသည်။ ၎င်းမှာ ချန်လွေ့ဖြစ်သည်။
“အက်ဂ်ယော”၏ တည်ရှိမှုကို ရိုင်ဇန်က အထူး တောင်းဆိုခဲ့ပြီး၊ ၎င်းသည် အင်ပါယာ ၃ခု၏ ထိုမဟာမိတ် အစည်းအဝေးတွင် ရိုင်ဇန်က ထုတ်ဖော်ခဲ့သော အခြေခံ အခြေအနေများထဲမှ တစ်ခုဖြစ်သောကြောင့် ချန်လွေ့သည် လျှို့ဝှက်အစည်းအဝေးတွင် ပေါ်လာခဲ့သည်။
“ဧကရီ အရှင်မ ကတ်သရင်းနဲ့ ဧကရီ အရှင်မ ရှီရာတို့က ဉာဏ်ကောင်းသူတွေဆိုတော့ ငါ တဲ့တိုးပြောမယ်။” ရိုင်ဇန်က တဲ့တိုးပြောလိုက်သည်။ “မဟာမိတ်ဖွဲ့တာကို ငါ ဘာမှ ကန့်ကွက်စရာမရှိဘူး။ မင်းတို့ရဲ့ အစီအစဉ်တွေအားလုံးကို ငါ လုံးဝသဘောတူတယ်။ ဒါပေမယ့် အက်ဂ်ယော၊ ငါနဲ့ ပေးထားတဲ့ ကတိကို မတည်သေးဘူး။”
ရိုင်ဇန်ပြောသော အရာမှာ တစ်ဖနီကို လက်ထပ်ရန် ဆိုသော အခြေအနပင်။ ချန်လွေ့လည်း ထိုအတွက် ပြင်ဆင်ထားသည်။ သူက ပြောလိုက်၏။ “အရှင်မင်းကြီး ရိုင်ဇန်၊ ကျုပ် ပွင့်ပွင့်လင်းလင်း ပြောပြပါ့မယ်။ လွန်ခဲ့တဲ့ လ အနည်းငယ်က ကျုပ် မစ်-တစ်ဖနီနဲ့ အတူ လျှို့ဝှက် ဆန်းကြယ်တဲ့ နေရာတစ်ခုကို သွားခဲ့ပြီး နောက်ဆုံးတော့ သူကို လွတ်မြောက်အောင် ကူညီပေးခဲ့တယ်။ ဒါပေမယ့် ကျုပ် စေတန်နဲ့ ဆာရီရယ်တို့လို အင်အားကြီး နတ်ဘုရား-ယောင် အဆင့်နှစ်ယောက်ကို အာခံမိခဲ့တယ်။ အဲဒါကြောင့် ကျုပ် ပျောက်ကွယ်နေခဲ့ပြီး အန္တရာယ်ကနေ ရှောင်ရှားဖို့ အတုအယောင် သေဆုံးမှုကို သုံးဖို့ ကြိုးစားနေခဲ့တာ။ ဒါမှ ကျုပ်ကို ချစ်တဲ့သူတွေနဲ့ သူငယ်ချင်းတွေကို မထိခိုက်စေမှာ မဟုတ်ဘူး။ ကျုပ် မစ်-တစ်ဖနီကို လက်ထပ်ဖို့ ကတိကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါပေမယ့် အင်ပါယာသုံးခုနဲ့ မစ်-တစ်ဖနီ ဘေးကင်းဖို့အတွက် လက်ထပ်ပွဲကို လောလောဆယ် လျှို့ဝှက်ပဲ လုပ်လို့ရပါမယ်။”
ချန်လွေ့က ကတ်သရင်းကို ကြည့်လိုက်သည်။ “မစ်-တစ်ဖနီတင်မကဘူး၊ ဧကရီ အရှင်မ ကတ်သရင်းနဲ့ ကျုပ်လည်း… ။”
ကတ်သရင်း ချန်လွေ့ကို အရင် တွေ့ခဲ့ပြီး ထိုအကြောင်းကို သိထားပြီဖြစ်ရာ ရှီရာနှင့် ရိုင်ဇန်ရှေ့ သူပြောတာကို ကြားပြီးနောက် လှိုက်လှိုက်လှဲလှဲ ခေါင်းညိတ်လိုက်၏။
သူနှင့် ကတ်သရင်းတို့လည်း လျှို့ဝှက်လက်ထပ် ထားကြရာ ရိုင်ဇန်တွင် ပြဿနာ မရှိလောက်ပေ။
ရိုင်ဇန်က ကတ်သရင်းကို ကြည့်ပြီး ချန်လွေ့ကို ကြည့်လိုက်ပြီးနောက် ခေါင်းခါရင်း ချန်လွေ့ကို တစ်ခုခု ပေးလိုက်သည်။ လည်ဆွဲတွင် ချိတ်ထားသော လက်စွပ်တစ်ခု ဖြစ်၏။ “ယူထားလိုက်။”
အဆောင်ပစ္စည်း ၇ခုထဲက သွေးရောင်လက်စွပ်။ ချန်လွေ့ အံ့သြသွား၏။ ငါကိုယ်တိုင်လုပ်ပြီး တစ်ဖနီကို ပေးခဲ့တဲ့ လည်ဆွဲပဲ။ ဒါဆို တစ်ဖနီ ရိုင်ဇန်နဲ့ တွေ့ပြီးပြီပေါ့။ ဒါပေမယ့် ဘာလို့ ရိုင်ဇန်က ငါ့ကို သွေးရောင်လက်စွပ် ပြန်ပေးတာလဲ။
“တစ်ဖနီ ထွက်သွားပြီ။ သွေးရောင်လက်စွပ်ကို ချန်ထားခဲ့တယ်။” ရိုင်ဇန် ခဏလောက် တိတ်ဆိတ်သွားပြီး ဆက်ပြောသည်။ “အစကနေ အဆုံးထိ သူ ငါ့ကို စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ဒီစာလေးပဲ ချန်ထားခဲ့တယ်။”
ချန်လွေ့က စာကို ယူလိုက်သည်။ စာထဲတွင် စာတစ်ကြောင်း ရေးထား၏။
“ကျွန်မ အမေ့ကို သွားရှာမယ်၊ ဂရုစိုက်ပါ။”
“သူ အရွယ်ရောက်လာကတည်းက ငါ့ကို “ဂရုစိုက်” လို့ ပြောတာ ဒါ ပထမဆုံးပဲ။” ရိုင်ဇန်၏ မျက်နှာက တည်ငြိမ်နေ သော်လည်း မျက်လုံးများကတော့ မှောင်မိုက်နေ၏။ “နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်တယ်။”
“အရှင်မင်းကြီး ရိုင်ဇန်၊ ကျုပ် မေးလို့ရမလား။ တစ်ဖနီရဲ့ အမေက…”
ရိုင်ဇန်က သူ မေးချင်သည်ကို သိလိုက်ပြီး တစ်ခါတည်း ပြန်ဖြေခဲ့သည်။ “အဲဒီမိန်းမက လူ့သားလောမှာ ရှိနေတယ်။”
လူသားလောက။ ချန်လွေ့က တစ်ဖနီရဲ့ အမေမှာ လူသားဖြစ်မှန်း သိခဲ့တယ်။ ဖရိုဖရဲဘုံတွင် ရှိတုန်းက တစ်ဖနီသည် ငွေရောင်သေတ္တာကို သူ၏လွတ်လပ်မှုနဲ့ အမေနှင့် လဲလှယ်လို့ကြောင့် ပြောခဲ့သည်ကို သတိရလိုက်သည်။ တစ်ဖနီ၏ အမေကို စေတန်က ခြိမ်းခြောက်မှုအနေနဲ့ ဖမ်းထားတယ်လို့ သူထင်ခဲ့တယ်။ ငါ ထင်တာ မှားသွားမယ်လို့ မထင်ခဲ့ဘူး။ တစ်ဖနီရဲ့အမေက တကယ်တမ်း လူသားလောကမှာ ရှိနေတာပဲ။
ဒါဆို ဒီတစ်ခါ တစ်ဖနီ ငွေသေတ္တာကို ပြန်ရလာတော့ စေတန်ရဲ့ ကတိပေးထားတဲ့ ဆုလာဘ်က တစ်ဖနီကို တကယ့် လွတ်လပ်မှုကို ပေးတဲ့အပြင်… လူ့လောကကို တယ်လီပို့ လုပ်ပေးတာလား။
ဖရိုဖရဲဘုံမှ ဘေးမသီရန်မခ ပြန်လာပြီးနောက် တစ်ဖနီက ထီးနန်းကို လက်ခံမယူဘဲ လူသားလောကတွင် အမေဖြစ်သူကို သွားရှာခဲ့ခြင်း ဖြစ်သည်။
“အက်ဂ်ယော၊ အင်ပါယာ ၃ခုရဲ့ မဟာမိတ်ကို အခု စတင်ချင်တယ်။ ဒါပေမယ့် မင်း တစ်ဖနီကို လူသား လောကကနေ သွေးရောင်အင်ပါယာရဲ့ ရာဇပလ္လင်ကို ဆက်ခံဖို့ ပြန်ခေါ်လာရမယ်။”
“ဒါကတော့… မစ်-တစ်ဖနီက သူ့ရွေးချယ်မှုကို လုပ်ပြီးသားပါ။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ “ဘာလို့ သူ့ရွေးချယ်မှုကို မလေးစားရတာလဲ။”
“အဲဒါ လူသားလောက။ သူက နတ်ဆိုး။ သူရဲ့ သရုပ်မှန် ပေါ်သွားရင် ဘာဖြစ်မလဲဆိုတာ မတွေးရဲစရာပဲ။” ရိုင်ဇန် လက်သီးကို အနည်းငယ် ဆုပ်လိုက်သည်။ “မင်းရဲ့ ကတိကို ဖြည့်ဆည်းဖို့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်… ငါ့ရဲ့ တောင်းဆိုမှုကြောင့်ပဲ ဖြစ်ြဖစ်၊ သွေးရောင်အင်ပါယာနဲ့ တစ်ဖနီကိုယ်တိုင်အတွက်၊ ကျေးဇူးပြုပြီး သူ့ကို နတ်ဆိုးဘုံဆီ ပြန်ခေါ်လာခဲ့ပါ။”
ကတ်သရင်း အနည်းငယ် စိတ်လှုပ်ရှားသွား၏။ သူနှင့် ရိုင်ဇန်တို့သည် နှစ်ပေါင်းများစွာ သိခဲ့ကြသည်။ အင်အားကြီးမားသော သန်းခေါင်နေကို ရင်ဆိုင်ရချိန်တွင်ပင် ရိုင်ဇန်သည် ထိုကဲ့သို့ တောင်းပန်သော လေသံဖြင့် မပြောခဲ့ဖူးပေ။
တစ်ဖနီသည် သွေးရောင်အင်ပါယာ၏ အနာဂတ်ဧကရီ အရှင်မ မျှသာမက၊ ရိုင်ဇန်၏သမီး၊ သူ့၏တစ်ဦးတည်းသော သမီးလည်း ဖြစ်ပေသည်။
“အရှင်မင်းကြီး ရိုင်ဇန် တောင်းဆိုတာကို ရှင် သဘောတူ သင့်တယ်။”
ကတ်သရင်းသာမက ရှီရာလည်း သဘောတူခဲ့သည်။ တစ်ဖနီနှင့် လက်ထပ်ခြင်းသည် မိသားစုကိစ္စမျှသာမက၊ အင်ပါယာကိစ္စလည်း ဖြစ်သည်။
“ကောင်းပါပြီ။” ချန်လွေ့ ခဏလောက် စဉ်းစားပြီး သဘောတူလိုက်သည်။ ဘာပဲဖြစ်ဖြစ်၊ ငါက ဖိုက်သွန်ကို လူ့လောကဆီ သွားဖို့ သဘောတူပြီးပြီ၊ ဒါဆို ဒီခရီးကို အသုံးပြုပြီး တစ်ဖနီကိုလည်း ရှာဖွေနိုင်တာပေါ့။ တစ်ဖနီရဲ့ အမေကတော့… အခြေအနေကို အရင်ကြည့်လုပ်တာပေါ့။ လိုအပ်ရင် သူနဲ့အတူ နတ်ဆိုးဘုံကို ပြန်ခေါ်လာနိုင်တယ်။
ချန်လွေ့ သဘောတူညီသည်ကို မြင်ပြီးနောက် ရိုင်ဇန် သက်ပြင်းချလိုက်ပြီး လက်ထဲတွင် အစိမ်းရောင် အလင်း စက်လေး တစ်ခု ပေါ်ထွက်လာသည်။ “ဒါက လူသားလောကကို သွားဖို့ နေရာလွတ်မျိုးစေ့ပဲ။ အဲဒီတုန်းက နတ်ဆိုးဘုံမှာရှိနေတဲ့ လူသားတစ်ယောက်ဆီက ရခဲ့တာ။ အဲဒါကို အသက်သွင်းလိုက်တာနဲ့ လူ့လောကကို ဘေးကင်းကင်းနဲ့ ရောက်သွားနိုင်ပေမယ့် ပြန်လာဖို့ကတော့ တခြားနည်းလမ်းရှာရလိမ့်မယ်။”
ချန်လွေ့က ရိုင်ဇန်သည် ထိုအရာကိုပါ ပြင်ဆင်ထား လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက [ကြယ်ဂိတ်] အကြောင်းကို မရှင်းပြခဲ့ပေ။ “စိတ်မပူပါနဲ့၊ မစ်-တစ်ဖနီကို ရှာတွေ့တာနဲ့ ပြန်လာဖို့ နည်းလမ်းရှိပါလိမ့်မယ်။ ဒါပေမယ့် မစ်- တစ်ဖနီရဲ့ အမေက ဘယ်မှာလဲ။”
“သူ ဘယ်မှာလဲဆိုတာ ငါတောင် မသိဘူး။ သူ့နာမည် အန်ဒီဆိုတာပဲ သိတယ်။ သူမှာ အစွမ်းထက်တဲ့ အလင်းဒြပ်စင် ခန္ဓာအမျိုးအစား ရှိတယ်။ ဒါ နာမည်ဝှက်လည်း ဖြစ်နိုင်တယ်။ မင်း တစ်ဖနီရဲ့ တည်နေရာကို သွေးရောင်လက်စွပ် အခြေခံပြီးပဲ ခန့်မှန်းနိုင်တယ်။” ချန်လွေ့က ထူးဆန်းသော အမူအရာ ပြသလိုက်သည်။ ဒီမိန်းမက ရိုင်ဇန်နဲ့ ကလေးတစ်ယောက် မွေးခဲ့ပြီးတော့ ရိုင်ဇန်က ဒါပဲသိတာလား။
“မင်း ဘာကို အံ့ဩနေလဲဆိုတာ ငါသိတယ်။” ရိုင်ဇန်က အေးစက်စက် လှောင်ပြောင်လိုက်သည်။ “ငါနဲ့သူ ပေါင်းဖက်တာ၊ တစ်ဖနီ မွေးဖွားတာတောင် တမင် ဖန်တီး ထားတဲ့ ရလဒ်ပဲ။ အဲဒီလူရဲ့ နာမည်ကို မင်း အရင်က ပြောဖူးပါတယ်။”
တမင်တကာ ဖန်တီးထားတာလား။ တစ်ဖနီကို မွေးတာလား။ အလင်းနဲ့ အမှောင်ခန္ဓာကိုယ်လား။
ချန်လွေ့၏ စိတ်ထဲတွင် လျင်မြန်စွာ စဉ်းစားနေပြီး ရုတ်တရက် သဘောပေါက်သွားသည်။ သူက လွှတ်ခနဲ ပြောလိုက်၏။ “စေတန်!”
စေတန်သည် အန်ဒီအား ရိုင်ဇန်နှင့် ပေါင်းဖက်စေပြီး အလင်းနှင့်အမှောင် ခန္ဓာကိုယ်ရှိသော တစ်ဖနီကို မွေးဖွားစေခဲ့သည်။ ထို့နောက် သူ့ကို တပည့်အဖြစ် ခေါ်ယူကာ ဆက်ခ်ရက်တောင်သို့ လေ့ကျင့်ရန် ခေါ်ဆောင် သွားခဲ့သည်။ အမှန်တကယ် ရည်ရွယ်ချက်မှာ ဖရိုဖရဲဘုံ၏ တံခါးကို ဖွင့်ပေးမည့် “သော့” ကို ဖန်တီးရန် ဖြစ်သည်။
နတ်ဘုရား-ယောင် တိုက်ပွဲ အပြီးတွင် စေတန်သည် ဖရိုဖရဲဘုံသို့ ဝင်ရောက်ရန် ထိုကဲ့သို့သော “သော့” ကို ဖန်တီးရန် ကြိုးစားနေခဲ့ပြီး၊ နောက်ဆုံးတွင် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
“မေးစရာ တစ်ခု ရှိတယ်။” ကတ်သရင်းက ပြောသည်။ “အန်ဒီနဲ့ အရှင်မင်းကြီးရိုင်ဇန်တို့ လက်ထပ်တာ နှစ်ပေါင်း ၁၀၀ကျော်လောက်ပြီ။ လူ့သက်တမ်းနဲ့ဆိုရင် သူ အခုထိ အသက်ရှင်နိုင်သေးရဲ့လား။”
“အဲဒီမိန်းမရဲ့ စွမ်းအားက အဲဒီတုန်းက မဟာ နတ်ဆိုးဘုရင် အဆင့် ရှိခဲ့တယ်။ နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်လုနီးပါးပဲ။ သူ အခုထိ အသက်ရှင်နိုင်မှာ သေချာတယ်။ တစ်ဖနီမှာ အထူး သွေးမျိုးဆက် အာရုံခံ ရှိလို့ သူ့ကို ရှာတွေ့လိမ့်မယ်။”
ကတ်သရင်းသည် ရိုင်ဇန်၏လေသံတွင် ဖုံးကွယ်ထားသော သက်ပြင်းချသံကို ကြားလိုက်ရသည်။ တစ်ဖနီသည် သူ၏ ဖခင်အပေါ်တွင်လည်း ထိုကဲ့သို့သော သွေးမျိုးဆက်အာရုံခံ ရှိကြောင်း သိသော်လည်း ကံမကောင်းစွာဖြင့် သူရှာဖွေခဲ့သူမှာ သူ၏မိခင် ဖြစ်သည်။
ရိုင်ဇန်က နေရာလွတ်မျိုးစေ့နဲ့ သွေးရောင်လက်စွပ်ကို ချန်လွေ့ထံ ပေးပြီး ထွက်သွားလိုက်သည်။
“ဒါနဲ့ အဲဒီမိန်းမကို သတိထား။” ရိုင်ဇန်က နောက်ဆုံး စကားလုံးကို တံခါးတွင် ချန်ထားခဲ့ပြီး သူတို့သုံးယောက်ရဲ့ မျက်စိအောက်ကနေ ပျောက်ကွယ်သွားတော့သည်။