← Chapters

ဆုံးဖြတ်ချက်

Vol. 56 Ch. 912

ဆုံးဖြတ်ချက်

Vol. 56 Ch. 912

မိသားစု ပြန်လည်ဆုံစည်းပြီးနောက် မာရီယာသည် ဇိုလာ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ လက်လွှတ်လိုက်လျှင် သမီးပျောက်သွားမည်ကို စိုးရိမ်နေသော ကြောင့်ပင်။

ယောက္ခထီး နတ်သူငယ်ဘုရင်က ချန်လွေ့အနားသို့ လျှောက်လာပြီး ပခုံးကို ပြင်းပြင်းပုတ်ကာ ပြောလိုက်သည်။ “မင်း တော်တယ်ကွာ။ သိပ်တော်တယ်။”

ချန်လွေ့ သတိထားမိသည်မှာ ယောက္ခထီး နတ်သူငယ်ဘုရင် စွမ်းအားသည် နတ်ဘုရားတစ်ပိုင်း အဆင့်သို့ တက်လာခဲ့ခြင်းပင်။ အမှန်တကယ်၌ စပန်၏ စွမ်းအားသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀၀ ကျော်ကတည်းက နတ်ဘုရားတစ်ပိုင်း အဆင့်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ ထိုစဉ်က နတ်သူငယ်မျိုးနွယ်စုသည် မျိုးသုဉ်းလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရသောကြောင့် ကျောက်စိမ်းသစ်တောပင်လယ်မှ နတ်သူငယ်မျိုးနွယ်စု အတွက် သဘာဝသစ်ပင်၏ ကျိန်စာကို ချိပ်ပိတ်ရန်အတွက် စပန်သည် စွမ်းအားနှင့် အသက်ကိုပါ စတေးခဲ့ရသည်။ နောက်ပိုင်းတွင် မာရီယာ အသက်မျှဝေခြင်း လျှို့ဝှက် ပညာရပ်ကို အသက်မသွင်းခဲ့ပါက နတ်သူငယ်ဘုရင်သည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

စပန်၏ နတ်ဘုရားတစ်ပိုင်း အဆင့်သို့ ရောက်ရှိ လာခြင်းကို ‘တိုးတက်ခြင်း’ ဟု ဆိုသည်ထက် ‘ပြန်လည်ထူထောင်ခြင်း’ဟု ဆိုလျှင် ပို၍ သင့်လျော်ပေမည်။ လွန်ခဲ့သည့် တစ်ခေါက်က ရတနာများစွာ ပေးအပ်ခဲ့သော ချန်လွေ့၏ ‘သားသမီးကျင့်ဝတ်’ကြောင့်လည်း အတိုင်းအတာ တစ်ခုအထိ အထောက်အကူဖြစ်ခဲ့ပေမည်။ သို့သော် ယောက္ခထီး၏ စိတ်လှုပ်ရှားမှုကြောင့့် စွမ်းအားကို မထိန်းချုပ်နိုင်ဖြစ်နေကာ သားမက်၏ ပခုံးရိုးများကို ကျိုးလုနီးပါးပင် ဖြစ်စေခဲ့သည်။

“အမေ။ ဒါက ပါ့ဂ်လီအို၊ ဒါက ခရိုဘဲလက်စ်၊ ပြီးတော့… ဒိုဒို။ သူတို့က သမီးရဲ့ အခင်ဆုံးသူငယ်ချင်းတွေပါ။”

မာရီယာ၏ မျက်လုံးများ အရောင်တောက်လာသည်။ ဇိုလာက တစ်ယောက်တည်း နေတတ်သူ ဖြစ်သည်။ သူသည် သုတေသနပြုလုပ်ခြင်း သို့မဟုတ် လေ့ကျင့်ရေးတွင်သာ နစ်မြုပ်နေတတ်ပြီး သူငယ်ချင်းတစ်ဦးမှ မရှိခဲ့ပေ။ သို့သော် ယခုမူ သူတွင် ‘သူငယ်ချင်းကောင်း’ အချို့ရှိနေပြီ ဖြစ်သည်။ ဒီစုံတွဲက နဂါးတွေ ဖြစ်လောက်တယ်။ ဒါပေမဲ့ အဲဒီ တိုင်းပြည်အဆင့် ကြက်သွန်နီကောင်က နည်းနည်း ထူးဆန်းတယ်....

ခရိုဘဲလက်စ်သည် ပါ့ဂ်လီအိုကို ဆွဲခေါ်ကာ မာရီယာနှင့် သူ၏ခင်ပွန်းအား အရိုအသေပြုခဲ့သည်။ ဆရာသခင် အဆိပ်နဂါးသည် အနည်းငယ် ရှက်ရွံ့နေပုံရသည်။ အမှန်တကယ် သူနှင့် ဇိုလာက ရန်သူများဖြစ်သည်။ ထိုနှစ်ဦး ရန်သူမှ မိတ်ဆွေအဖြစ်သို့ ပြောင်းလဲသွားပြီး တကယ့် မိတ်ဆွေများ ဖြစ်လာမည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။

မာရီယာ၏ မျက်လုံးများသည် နောက်ဆုံးတွင် အစ်ဇဘယ်လာထံ ရောက်ရှိလာသည်။ အစ်ဇဘယ်လာနှင့် ချန်လွေ့တို့ လက်ချင်းတွဲခဲ့သည့် ယခင်မြင်ကွင်းကို သူ မမြင်ခဲ့ရသော်လည်း၊ မဟာအကြီးအကဲ နတ်သမီးနဂါးသည် သူ၏သမီးအပေါ် ထိုဆွဲဆောင်မှုရှိသော အမျိုးသမီး၏ ‘ခြိမ်းခြောက်မှု’ ကို မသိစိတ်ကပင် ခံစားမိပြီး သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။ “ဒီအမျိုးသမီးကရော.....”

ဇိုလာ၏မိခင်ကို ရင်ဆိုင်ရသောအခါ အစ်ဇဘယ်လာပင် စိတ်မသက်မသာ ဖြစ်လာသည်။

“အစ်ဇဘယ်လာပါ။ သူ့ရဲ့ မိန်းမလေ…” ဇိုလာ၏အဖြေက အခြေအနေကို ကိုးရိုးကားရား ဖြစ်စေခဲ့သည်။ သို့သော် မစ်-နတ်မိမယ်နဂါးသည် ချက်ချင်းပင် အစ်ဇဘယ်လာ၏လက်ကို ဆွဲယူကာ ပြောလိုက်သည်။ “ရင်းနီက သမီးရဲ့ အစ်မဖြစ်သလို ‘အဲဒီနေရာ’မှာ သမီးရဲ့ အရင်းနှီးဆုံး မိသားစုပါပဲ။”

ဇိုလာ၏ စကားများနှင့် ခေါ်ဝေါ်ပုံများကို မာရီယာနှင့် စပန်တို့ အလွန်အံ့သြ သွားကြသည်။ ထိုစုံတွဲသည် အမြန်မျက်လုံးချင်းဆုံပြီး အနည်းငယ် ခေါင်းညိတ် လိုက်သည်။

အစ်ဇဘယ်လာသည် ဇိုလာအား ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး မာရီယာအား ရိုသေစွာ ဦးညွှတ် အရိုအသေပြုလိုက်သည်။ “မဒမ်-မာရီယာ။”

“ဒီလောက်ထိ မချုပ်တည်းထားပါနဲ့၊ ရင်းနီ။ မင်းက ဇိုလာရဲ့ အစ်မဆိုတော့ ငါတို့ထဲက တစ်ယောက်ပဲပေါ့။ ဒေါ်လေးလို့ ခေါ်ပါ။”

“ဒေါ်လေး မာရီယာ..”

ချန်လွေ့ သက်ပြင်းချ လိုက်သည်။ “ဒေါ်လေး မာရီယာ။ ဟိုဘက်မှာ သွားထိုင်ရအောင်။”

“မင်း ငါ့ကို မဒမ်-မာရီယာလို့ပဲ ခေါ်ရမယ်။” မဒမ်-ယောက္ခမက သားမက်ဖြစ်သူအား မကျေနပ်သော အကြည့်ဖြင့် ကြည့်လိုက်သော်လည်း အစ်ဇဘယ်လာအား ပြုံးပြလိုက်သည်။ သူက အနားသို့ရောက်လာပြီး အစ်ဇဘယ်လာနှင့် မစ်-နတ်မိမယ်နဂါးကို ဆွဲခေါ်ကာ ဘေးဖက်တွင် စကားပြောကြသည်။

ချန်လွေ့ ခဏတာ စကားမပြောနိုင် ဖြစ်သွားသည်။ မဒမ် ယောက္ခမထံမှ “မင်းတို့ ညီအစ်မ ဘယ်နှယောက်ရှိလဲ” ဟူသော မေးခွန်းကို သူကြားလိုက်ရသဖြင့် တိတ်တဆိတ် ငိုကြွေးနေမိသည်။ သူသည် ယောက္ခထီးကို ကြည့်ကာ အပြစ်ရှိသလို ပြုံးလိုက်ပြီး အလျင်အမြန် ရှင်းပြလိုက်သည်။

အချိန်ကြာမြင့်စွာ ရှင်းပြပြီးနောက် နတ်သူငယ်ဘုရင်သည် မည်သည်ကိုမှ မကြားခဲ့သလိုမျိုး ပြန်မေးလိုက်သည်။ “ဘာပြောလိုက်တာလဲ။”

ချန်လွေ့- …

တကယ့်ကို အဖေတူသမီးပဲ။

ဘေးမှကြည့်နေသော ဆရာသခင် အဆိပ်နဂါးသည် ကံဆိုးခြင်းကို ပျော်ရွှင်နေပုံရသည်။ သူသည် “မင်းလည်း ဒီလိုနေ့မျိုး ရောက်ပြီပဲ” ဟူသော မျက်နှာဖြင့် လေချွန်နေသည်။ ဘာမှမသိသော ဆရာသခင် အမှန်တကယ် ခန့်ညားကသာ ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက်နေပြီး မသိခြင်းက ကောင်းချီးဖြစ်ကြောင်း သရုပ်ပြနေသည်။

အချိန်အတော်ကြာပြီးနောက် ပြန်လည်ဆုံစည်းကြသော မိသားစုသည် ပြောစရာ စကားများ မဆုံးနိုင်အောင် ဖြစ်နေကြသည်။

“သမီးလေး၊ သမီး ဒီလောက်အများကြီး ကြုံခဲ့ရတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ နောက်ထပ် ဘယ်တော့မှ အဖေတို့ကို စွန့်ခွာမသွားပါနဲ့။” စပန်သည် ချန်လွေ့ဘေးနားရှိ သမီးဖြစ်သူအား မြတ်နိုးစွာ ကြည့်လိုက်သည်။ “သမီး ဘယ်သွားသွား အဖေနဲ့ အမေ လိုက်ခဲ့မယ်။”

စပန်၏ နောက်ဆုံးစကားက အနည်းငယ် ကျယ်လောင်နေသည်။ အဝေးမှ ဂွေရိုအက်စ်က ဖြည်းဖြည်းချင်း လျှောက်လာသည်။ “စပန်၊ မင်းသွားလို့ ရတယ်၊ ဒါပေမယ့် မာရီယာက မသွားရဘူး”

မာရီယာ မျက်မှောင်ကြုတ်လိုက်ပြီး စပန်က သရော်ပြုံး ပြုံးလိုက်သည်။ “ငါတို့မိသားစု သွားချင်တဲ့နေရာ သွားမယ်။ မင်းလို အပြင်လူက ဘာပြောခွင့် ရှိလို့လဲ။”

ဂွေရိုအက်စ်သည် နတ်သူငယ်ဘုရင်ကို လျစ်လျူရှုကာ မာရီယာဆီသို့ လျှောက်သွားသည်။ “မာရီယာ၊ နဂါးတောင်ကြားကို ပြန်ကြရအောင်။ အကြီးအကဲကောင်စီ အစည်းအဝေး ကျင်းပတော့မယ်။ ဒီအချိန်မှာ မင်း မထွက်သွားရဘူး။”

စပန် ထခုန်လိုက်သည်။ သူ၏ ပုံမှန်ယဉ်ကျေးမှုနှင့် မကြားဟန်ဆောင်ခြင်းအစား ကြမ်းတမ်းသော စကားလုံး များဖြင့် ပေါက်ကွဲထွက်လာသည်။ “ဂွေရိုအက်စ်။ မာရီယာက ငါ့မိန်းမ။ မင်း ကိုယ့်ဘာသာပြန်။ ထွက်သွားတော့။”

နဂါးအကြီးအကဲနှင့် နတ်သူငယ်ဘုရင်ကြား မူမမှန်သည့် အရာတစ်ခုရှိနေသည်ကို ချန်လွေ့မြင်နေခဲ့သည်။ ဇိုလာသည် သူ၏အနား ကပ်ကာ ပြောလိုက်သည်။ “ဦးလေး ဂွေရိုအက်စ်နဲ့ အမေက ဆရာတူ တပည့်တွေလေ။ သူက အရင်တုန်းက အမေ့ရဲ့ အကြီးဆုံး ချစ်ရေးဆိုသူလည်း ဖြစ်ခဲ့ဖူးတယ်…”

အို...... ချန်လွေ့က သဘောပေါက်သွားသည့်ပုံစံ ပြသလိုက်သည်။ ဂွေရိုအက်စ်သည် စကားလုံးများကို ရွှေလို တန်ဖိုးထားတတ်သူဖြစ်သော်လည်း မာရီယာနှင့် တွေ့သော အခါ အဘယ်ကြောင့် စကားများလာရသည်မှာ အံ့သြစရာ မဟုတ်ပေ။ ယောက္ခမထီး ဒေါသထွက်နေရသည်မှာလည်း အံ့သြစရာမဟုတ်တော့။

“စပန်...” ဂွေရိုအက်စ်က အော်လိုက်သည်။ “မင်းက မာရီယာကို ဒုက္ခရောက်စေချင်တာလား။”

နတ်သူငယ်ဘုရင်က အေးစက်စက် လှောင်ပြောင် လိုက်သည်။ “မဟာအကြီးအကဲ ရာထူးပဲ မဟုတ်လား။ လိုချင်တဲ့သူယူပါစေ။ နဂါးတောင်ကြားမှာ နှစ်ပေါင်းများစွာ ကြာအောင် ပျင်းစရာကောင်းတဲ့ ပရိယာယ်တွေနဲ့ ပတ်သက်ပြီး ငါစိတ်ကုန်နေပြီ။ အခု ငါတို့သမီးကို ရှာတွေ့ပြီ။ နောင်တစရာ မရှိဘူး။ အဆိုးဆုံးဆိုရင် နဂါးတောင်ကြားနဲ့ လမ်းခွဲရုံပဲ။ ငါတို့မိသားစု ကျောက်စိမ်းသစ်တောပင်လယ်ကို ပြန်မယ်။”

“မင်းလည်း ဒီလိုမျိုး အစီအစဉ်ရှိလား။ မာရီယာ!” ဂွေရိုအက်စ်သည် မာရီယာကို တည့်တည့်ကြည့်လိုက်သည်။

“စပန်....” မာရီယာ တိုက်ရိုက်ပြန်မဖြေခဲ့ဘဲ စပန်၏ လက်ကို အရင်ဆုပ်ကိုင်လိုက်ပြီး နူးညံ့သိမ်မွေ့သော အကြည့်ဖြင့် ပြောလိုက်သည်။ “ရှင် ကျောက်စိမ်းသစ်တော ပင်လယ်ကို အသက်လုပြီး ပြန်သွားခဲ့တဲ့ မြင်ကွင်းကို မှတ်မိသေးလား။ ကျွန်မမှာလည်း ပစ်ပယ်လို့မရတဲ့ တာဝန် တစ်ခု ရှိတယ်။”

နတ်သူငယ်ဘုရင်၏ ဒေါသသည် တဖြည်းဖြည်း လျော့ကျသွားသည်။ သူသည် သူ၏ဇနီး၏ နွေးထွေးသော လက်ဖဝါးကို ဘာမှမပြောဘဲ တင်းတင်းဆုပ်ကိုင် ထားလိုက်သည်။

မာရီယာသည် ထိုအခါမှ ဂွေရိုအက်စ်ကို ကြည့်လိုက်သည်။ “ဆရာရဲ့ မကွယ်လွန်ခင် မှာကြားခဲ့တဲ့ စကားနဲ့ ကျွန်မရဲ့ တာဝန်တွေကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ ဒါပေမယ့် စတန်ဝဲလ်က ဒီအကြီးအကဲ ကောင်စီအတွက် အကြာကြီး ပြင်ဆင်နေခဲ့တာပါ။ သူ့နောက်မှာ တော်ဝင်နဂါးဧကရာဇ်ကလည်း ထောက်ခံထားတော့ သူ့ရဲ့ နည်းဗျူဟာကို ဆန့်ကျင်ဖို့ ခက်ခဲလိမ့်မယ်။ မဟာအကြီးအကဲ ရာထူးကို မထိန်းထားနိုင်ရုံအပြင် နဂါးတောင်ကြားကနေ နှင်ထုတ်ခံရဖို့အထိပါ ဖြစ်နိုင်ချေ ရှိတယ်။”

“မင်းသာ သွားမယ်ဆိုရင် အခွင့်အရေးရှိသေးတယ်။ မင်း မပါဝင်ဘူးဆိုရင် နောက်ဆုံးအခွင့်အရေးတောင် ရှိတော့မှာ မဟုတ်ဘူး။” ဂွေရိုအက်စ်က လက်သီးဆုပ်လိုက်သည်။

“ကျွန်မ ဒီတစ်ခေါက် အကြီးအကဲကောင်စီမှာ မပါဝင်ဘူးလို့ မပြောပါဘူး။ အကောင်းဆုံး ကြိုးစားပြီး တိုက်ယူမှာပါ။” မာရီယာ ခေါင်းညိတ်ပြီး ချန်လွေ့အား ဆက်သွယ်ရေး စက်လုံးတစ်လုံး ပေးလိုက်သည်။ “ရစ်ချက်၊ ဒီဆက်သွယ်ရေးစက်လုံးကို ယူထား။”

လူများစွာရှိနေသောကြောင့် မာရီယာနှင့် စပန်တို့သည် ချန်လွေ့အား ခေါ်ဝေါ်ရာတွင် အမြဲဂရုတစိုက် ရှိနေခဲ့သည်။ “မင်းက ဇိုလာ၊ အစ်ဇဘယ်လာနဲ့ ဒီသူငယ်ချင်းတွေနဲ့အတူ မုန်တိုင်းမှာ နေခဲ့။ ငါ ကိစ္စတွေ ရှင်းပြီးတာနဲ့ မင်းကို ဆက်သွယ်လိုက်မယ်။”

“မဟုတ်ဘူး၊ မာရီယာ။ ဇိုလာလည်း မင်းနဲ့အတူ ပြန်လိုက်သွားသင့်တယ်။”

ဂွေရိုအက်စ်၏ စကားများသည် နတ်သူငယ်ဘုရင်ကို လုံးဝနှိုးဆွလိုက်သည်။ သူ၏လက်ထဲတွင် ရှည်လျားပြီး သေးသွယ်သော ဓားမြှောင်နှစ်လက် ပေါ်လာပြီး ဂွေရိုအက်စ်၏ ခန္ဓာကိုယ်တွင် တစ်ဆက်တည်း ပုံရိပ်များစွာ ချက်ချင်း ပေါ်လာသည်။ ဓားအလင်းရောင်သည် ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

ထပ်နေသော ပုံရိပ်များနှင့် ဓားအလင်းရောင်တို့ ရုတ်တရက် ပျောက်ကွယ်သွားသည်။ အပြာရောင်ဖျော့ဖျော့ ဓားမြှောင်နှစ်လက်သည် ဂွေရိုအက်စ်၏ ပခုံးများကို ထိုးဖောက်ဝင်သွားပြီး သူ၏အင်္ကျီကို သွေးများစွန်းထင်း စေခဲ့သည်။ သို့သော် ဓားမြှောင်နှစ်လက်ကို ကိုင်ဆောင် ထားသော စပန်သည် အံ့အားသင့်နေသော မျက်နှာကို ပြသနေသည်။

စပန်၏ ဓားပညာသည် ထူးကဲပြီး ထိုစဉ်ကပင် နတ်ဘုရားတစ်ပိုင်း အဆင့်တွင် ရှိခဲ့သည်။ သို့သော် သူသည် နတ်ဘုရားတစ်ပိုင်း အဆင့်သို့သာ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်တွင်မူ ဂွေရိုအက်စ်သည် အပြင်းထန်ဆုံး သိဒ္ဓိနဂါး မျိုးနွယ်စုမှ ဆင်းသက်လာသူ ဖြစ်သည်။ သူ၏ စွမ်းအားသည် နတ်ဘုရားတစ်ပိုင်း၏ အလတ်ပိုင်းနှင့် နီးစပ်ပြီး တိုက်ပွဲအတွေ့အကြုံ အလွန်ကြွယ်ဝသည်။ နှစ်ဦးစလုံး အခွင့်အရေးတူညီစွာ ရှိခဲ့သဖြင့် တိုက်ပွဲကို အဆုံးသတ်ရန် မလွယ်ကူပေ။

စပန်၏ ဓားနှစ်လက် တိုက်ရိုက် ထိမှန်သွားရခြင်း အကြောင်းရင်းမှာ ဂွေရိုအက်စ် မရှောင်ရှားခဲခြင်းကြောင့်ပင်။

“ဂွေရိုအက်စ်....” မာရီယာလည်း အော်လိုက်သည်။

ဂွေရိုအက်စ်သည် ယခုတစ်ကြိမ် မာရီယာကို မကြည့်တော့ပေ။ သူသည် အံ့အားသင့်နေဆဲဖြစ်သော စပန်ကို စိုက်ကြည့်ကာ “ဇိုလာ ဘယ်လောက် ထူးချွန်လဲ ဆိုတာ မင်းသိလား။ သူက တိုင်းပြည်အဆင့် အထွတ်အထိပ် ပီလင်ကို လုံးဝအနိုင်ယူခဲ့တယ်။ ပီလင် တင်မကဘူး။ အဆင့်တူချင်းချင်းဆိုရင် ဘယ်သူမှ သူ့ပြိုင်ဘက်မဖြစ်နိုင်ဘူး၊ မင်း အဆင့်မတက်ခင်တုန်းက မင်းအပါအဝင်ပဲ။ သူက ငါ့ရဲ့ နတ်ဘုရားတစ်ပိုင်းစွမ်းအားနဲ့ တိုက်ခိုက်မှုကို ဒဏ်ရာမရှိဘဲ ခုခံနိုင်ခဲ့တယ်။ သူက နဂါးတောင်ကြားမှာ နှစ်ပေါင်းများစွာ အတွင်း အထူးချွန်ဆုံး ပါရမီရှင်ပဲ....”

စပန်နှင့် မာရီယာတို့ ဇိုလာကို မြင်ပြီးနောက် သူတို့၏ သမီးအပေါ်သာ အာရုံစိုက်နေခဲ့ပြီး အခြားအရာများကို လုံးဝဂရုမစိုက်ခဲ့ပေ။ ဂွေရိုအက်စ်၏ စကားကို ကြားပြီးနောက် ထိုစုံတွဲသည် သူတို့မလာမီ ဖြစ်ပျက်ခဲ့သည့်အရာများကို သဘောပေါက်သွားကြသည်။

သမီးလေး ဇိုလာက ပီလင်ကို အနိုင်ယူခဲ့တယ် ဟုတ်လား။

ပြီးတော့ သူက ဂွေရိုအက်စ်ရဲ့ တိုက်ခိုက်မှုကို ခုခံခဲ့တယ်တဲ့လား။

“ဒီလို ပါရမီရှင်တစ်ယောက်င နဂါးတောင်ကြားအတွက် ဘာကိုဆိုလိုလဲဆိုတာ မင်းတို့ အတိအကျ သိလောက်မှာပါ။ တော်ဝင်ဧကရာဇ် ပါဂရစ်ဇ်က စတန်ဝဲလ်ကို တိတ်တဆိတ် ထောက်ခံပြီး အကြီးအကဲကောင်စီကို အပြည့်အဝ ထိန်းချုပ်ချင်ပေမယ့် သူက နဂါးတောင်ကြားရဲ့ အနာဂတ် တစ်ခုလုံးကို ပိုတန်ဖိုးထားတယ်။ ဇိုလာရှိနေရင် မာရီယာမှာ အကြီးအကဲကောင်စီကို ရင်ဆိုင်ဖို့ အရင်းအနှီးရှိတယ်။ သူ မဟာအကြီးအကဲတာဝန် ဆက်မထမ်းဆောင်တော့ရင်တောင် အနည်းဆုံးတော့ ပြည်နှင်ဒဏ်ခံရမှာ မဟုတ်ဘူး။ စပန်၊ မင်းက မာရီယာရဲ့ ခင်ပွန်းပဲ။ မင်း သူနဲ့ ဇိုလာကို ခေါ်သွားဖို့ အတင်းအကျပ်ပြောမယ်ဆိုရင် ငါ့မှာ မင်းကို တားဆီးပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် မင်း မာရီယာဘက်ကနေ စဉ်းစားကြည့်ဖူးလား။ မင်းကို တစ်ခုပဲမေးချင်တယ်။ မင်း ကျောက်စိမ်းသစ်တောပင်လယ်ကနေ နှင်ထုတ်ခံရပြီးနောက် နတ်သူငယ်မျိုးနွယ်စုကို တကယ်ပဲ စွန့်လွှတ်လိုက်တာလား။”

စပန် တိတ်ဆိတ်သွားသည်။ သူသည် နတ်သူငယ် ဘုရင်မကို စွန့်လွှတ်ကာ မာရီယာကို ရွေးချယ်သောအခါ နတ်သူငယ်မျိုးနွယ်စုက သူ့ကို ငြင်းပယ်ခဲ့ပြီး ကျောက်စိမ်းသစ်တော ပင်လယ်မှ ထွက်ခွာခဲ့သည်။ သို့သော် နတ်သူငယ်မျိုးနွယ်စုသည် သေရေးရှင်ရေး လမ်းဆုံလမ်းခွသို့ ရောက်ရှိလာသောအခါ စပန်သည် ယခင်ရန်ငြိုးများ အားလုံးကို ဘေးဖယ်ထားပြီး မာရီယာနှင့် ပူးပေါင်းကာ သစ်တောပင်လယ်ထဲသို့ ဝင်ရောက်ကာ သက်ကြွေ နတ်သူငယ်များကို သတ်ဖြတ်ပြီး သဘာဝသစ်ပင်ကို အသက်နှင့် စွမ်းအားများ စတေး၍ ချိပ်ပိတ်ခဲ့သည်။ သူသည် နတ်သူငယ်မျိုးနွယ်စုကို စွန့်လွှတ်ခဲ့သည်ဟု ဆိုခြင်းသည် မိမိကိုယ်ကို လှည့်ဖြားခြင်းသာ ဖြစ်ပေလိမ့်မည်။ မာရီယာ ယခင်က ပြောခဲ့သလိုပင် သူ့တွင်လည်း ပစ်ပယ်လို့မရသော တာဝန်များရှိခဲ့သည်။

ဓားမြှောင်များမှ ပြင်းထန်သော အပြာရောင်အလင်း ထွက်လာသော်လည်း ရန်သူကို သတ်ရန် မဟုတ်ဘဲ ကုသရန်ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း ဓားမြှောင် နှစ်လက် ပျောက်ကွယ်သွားသည်။ ဂွေရိုအက်စ်၏ ဒဏ်ရာမှ သွေးထွက်ရပ်သွားပြီး အလျင်အမြန် ပြန်လည်ကောင်းမွန် လာသည်။ သေချာသည်မှာ ၎င်းသည် အပေါ်ယံကုသခြင်းသာ ဖြစ်သော်လည်း သိဒ္ဓိနဂါးတွင် အားကောင်းသော အလိုလို ပြန်လည်ကုသနိုင်စွမ်းရှိရာ ရက်အနည်းငယ်သာ ကြာမြင့်မည် ဖြစ်သည်။

နတ်သူငယ်ဘုရင်၏ လုပ်ဆောင်မှုသည် ဂွေရိုအက်စ်၏ အဆိုပြုချက်ကို သံသယဖြစ်ဖွယ်မရှိ လက်ခံလိုက်ခြင်းပင်။ ထိုအချိန်တွင် မာရီယာက ပြောလိုက်သည်။ “ကျွန်မက ကျွန်မ၊ ဇိုလာက ဇိုလာပဲ။ ကျွန်မရဲ့ သမီးက အပေးအယူ လုပ်စရာ ကုန်ပစ္စည်း မဟုတ်ဘူး။ ကျွန်မသမီးရဲ့ လွတ်လပ်မှုကို ကန့်သတ်ခွင့် မပြုနိုင်ဘူး။”

နဂါးဧကရာဇ် ပါဂရစ်ဇ်သည် ဇိုလာနှင့် ခါရူတို့၏ လက်ထပ်ပွဲနောက်ကွယ်မှ ရှိနေခဲ့သည်။ ပီလင်သည် ထိုစဉ်က ပါဂရစ်ဇ်၏ အကြီးမားဆုံးထောက်ခံသူဖြစ်ပြီး မာရီယာသည် အကြီးအကဲကောင်စီတွင် ဂုဏ်သတင်း အလွန်ကြီးမား ခဲ့သည်။ ထိုလက်ထပ်ပွဲမှတစ်ဆင့် နဂါးဧကရာဇ်သည် အသစ်တက်လာသော ရာထူးကို စုစည်းပြီး ပိုမိုခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း ဇိုလာ၏ ပုန်ကန်မှုကို ဖြစ်စေခဲ့သည်။ ရလဒ်အနေဖြင့် သူသည် နှစ်ပေါင်း ၂၀၀၀၀ ကြာအောင် ထွက်ခွာသွားခဲ့လေသည်။

ထို့ကြောင့် ယခု မာရီယာသည် သူ၏သမီးကို နဂါးတောင်ကြား တိုက်ပွဲတွင် မည်သည့်နည်းနှင့်မျှ ပါဝင်စေ တော့မည် မဟုတ်ပေ။

ဂွေရိုအက်စ်က ခါးခါးသီးသီး ပြုံးလိုက်သည်။ “မာရီယာ၊ ငါက ဇိုလာရဲ့ လွတ်လပ်မှုကို ကန့်သတ်ဖို့ မကြိုးစားပါဘူး။ သူ့ရဲ့ စွမ်းအားနဲ့ တန်ဖိုးကို ပြသနိုင်သရွေ့ သူ လုပ်ချပ်တာ လုပ်လို့တယ်။ ပြီးတော့ မင်းရဲ့ သားမက်က ငါနဲ့ တိုက်ခိုက်နေတုန်း ဒီနဂါးတွေရဲ့ စမ်းသပ်လေ့ကျင့်ရေးကွင်းကို မတော်တဆ ဖျက်ဆီးပစ်ခဲ့တယ်။ မုန်တိုင်းကျွန်းနဲ့ ပူးပေါင်း ဆောင်ရွက်မှုက အကြီးအကဲကောင်စီရဲ့ မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့ပြီးပြီ။ ကံကောင်းချင်တော့ စမ်းသပ် လေ့ကျင့်ရေးမှာ ပါဝင်ခဲ့တဲ့ နဂါးတွေက ဒီလေ့ကျင့်ရေးကို အတော်လေးစိတ်ဝင်စားနေကြတယ်။ အခု လေ့ကျင့်ရေးကွင်း ဖျက်ဆီးခံရပြီဆိုတော့ ကိစ္စတွေ ပိုဆိုးသွားမှာ စိုးရတယ်။”

“ဂွေရိုအက်စ်၊ ထပ်ပြောစရာ မလိုပါဘူး။ ကျွန်မ ဆုံးဖြတ်ပြီးပြီ။” မာရီယာ၏ သဘောထားက အလွန် ခိုင်မာနေသည်။

“ခဏနေပါဦး။ အမေ...” ဇိုလာက ပြောသည်။ “သမီး လိုက်ခဲ့ပါ့မယ်။”

“မဖြစ်ဘူး။” မာရီယာနှင့် စပန်တို့ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

“ဒေါ်လေး မာရီယာ၊ ဦးလေး စပန်၊ ကျုပ် စကားကို နားထောင်ပေးပါ။” ချန်လွေ့၏အသံ ထွက်ပေါ်လာသည်။ “ပထမဆုံးအနေနဲ့ ပြောချင်တာက… ခင်ဗျားတို့ရဲ့ မျက်လုံးထဲမှာ ဇိုလာက မိဘတွေရဲ့ နောက်မှာ ပုန်းကွယ် နေသင့်တဲ့ ကလေးမလေးတစ်ယောက် အဖြစ် ရှိနေသေးတာ ဖြစ်လောက်ပေမယ့် တကယ်တော့ ခင်ဗျားတို့သမီးက ကြီးပြင်းလာပါပြီ။ သူမှာ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ တာဝန်ရှိတယ်။ ကျုပ်က သူရဲ့ ရွေးချယ်မှု မှန်ကန်တယ်လို့ ထင်တဲ့အတွက် သူကို ထောက်ခံတယ်။ ကျုပ် သူနဲ့အတူ နဂါးတောင်ကြားကို လိုက်သွားမယ်။”

ဇိုလာသည် ချန်လွေ့ကို ကြည့်လိုက်ရာ သူ၏မျက်မှန် နောက်ကွယ်တွင် မဖုံးကွယ်နိုင်သော ချစ်ခြင်းမေတ္တာ အရောင်တောက်နေ၏။

“မဟုတ်ဘူး၊ မင်းတို့အားလုံး…”

“မာရီယာ၊ ရစ်ချက်ပြောတာမှန်တယ်၊ ငါတို့သမီး တကယ် ကြီးပြင်းလာပြီ။” နတ်သူငယ်ဘုရင်က ဇနီးဖြစ်သူ၏ စကားကို တားလိုက်သည်။ “ငါတို့ မိသားစုပဲ။ ဘာပဲဖြစ်ဖြစ် အတူတူရင်ဆိုင်ကြမယ်။”

မာရီယာသည် အချိန်အတော်ကြာ တိတ်ဆိတ် နေပြီးနောက် နောက်ဆုံးတွင် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ၊ ဒါဆို အတူတူ ပြန်ကြရအောင်။ စတန်ဝဲလ် ဘယ်လိုမုန်တိုင်းမျိုး မွှေနိုင်မလဲ ကြည့်တာပေါ့။”

“ဒါမှ ငါ့ရဲ့ မာရီယာကွ...” နတ်သူငယ်ဘုရင်နှင့် မာရီယာတို့ ဂုဏ်ယူစွာဖြင့် မျက်လုံးချင်း ဆုံကြည့်လိုက်ကြသည်။ “အဆိုးဆုံးဖြစ်လာရင် ငါ ကျောက်စိမ်းသစ်တောပင်လယ်မှာ တုန်းကလိုပဲ ဗရုတ်သုက္ခကြီး ဖြစ်အောင် လုပ်ပစ်ရုံပဲ။”

“ကျွန်မလည်း လိုက်ခဲ့မယ်။” အစ်ဇဘယ်လာက ဇိုလာ၏ လက်ကို ကိုင်ရင်း တိုးတိုးလေး ပြောလိုက်သည်။

“ဒီလောက် ပျော်စရာကောင်းတဲ့ ကိစ္စမှာ ငါတို့ နှစ်ယောက်ကို ဘယ်လိုလုပ် ချန်ထားရတာလဲ။” ဆရာသခင် အဆိပ်နဂါးသည် မစ်-ဘက်တီ၏ ခါးကို ဖက်ကာ ပြုံးလိုက်သည်။ ဆရာသခင် အစစ်အမှန်ခန့်ညား ကလည်း လက်မြှောက်ကာ နဂါးတောင်ကြားသို့သွားပြီး အားနည်းသူ များကို အနိုင်ကျင့်လိုကြောင်း ပြောကြားခဲ့သည်။

“ကောင်းပြီလေ။” စပန်သည် ယဉ်ကျေးသော စကားလုံးများကို မပြောဘဲ ခေါင်းညိတ်လိုက်သည်။ ငါ့သမီးပြောတာ မှန်တယ်။ သူတို့က တကယ့်ကို သူငယ်ချင်း အစစ်အမှန်တွေပဲ။

“ဒီလိုဆိုရင်တော့…” ဂွေရိုအက်စ်က တစ်ခွန်းပြောပြီး ခေါင်းလှည့်လိုက်သည်။ “မင်းတို့ ဒီလေ့ကျင့်ရေးကွင်းကို အမြန်ဆုံး ပြန်ပြင်သင့်တယ်။ အကြီးအကဲကောင်စီ မကျင်းပခင် အနည်းဆုံးတော့ အလုပ်လုပ်နိုင်အောင် ပြန်လုပ်ထားသင့်တယ်။”

“ဟမ့်...” စပန်သည် ဂွေရိုအက်စ်၏ နောက်ကျောကို ကြည့်လိုက်သည်။ “ဒီကောင်က စိတ်ပျက်စရာကောင်းပေမယ့် သူပောတာ မှန်တယ်။ ရစ်ချက်၊ မြန်မြန်လုပ်ရအောင်။”

“မလိုပါဘူး။” ချန်လွေ့သည် ယုံကြည်မှုရှိသော အပြုံးကို ပြသလိုက်သည်။ “စတန်ဝဲလ်က ဒါကို အကြောင်းပြပြီး ဒေါ်လေးမာရီယာကို ဖိနှိပ်မယ်ဆိုရင်တော့ ကျုပ် သူ့ကို ပြန်ရိုက်ချလိုက်နိုင်မယ်ဆိုတာ သေချာပါတယ်။ အချိန်ရှိတုန်း ရေရှည် နှစ်လမ်းသွား တယ်လီပို့ လမ်းကြောင်းတစ်ခု တည်ဆောက်ရအောင်။ ဒီတစ်ကြိမ် အကြီးအကဲကောင်စီ ပြီးသွားရင် မုန်တိုင်းကျွန်းက နဂါးတောင်ကြား တစ်ခုလုံး အတွက် မရှိမဖြစ်လိုအပ်တဲ့ တကယ့် မိတ်ဖက်ဖြစ်လာမယ်လို့ ကျုပ် ယုံကြည်တယ်....”

မာရီယာနှင့် စပန်တို့ နှစ်ဦးစလုံးသည် ချန်လွေ့၏ စွမ်းရည်များကို မျက်မြင်တွေ့ခဲ့ပြီး သူည်မျှယုံကြည်မှု ရှိသည်ကို မြင်သောအခါ သူတို့၏ မျက်လုံးများ အရောင်တောက်လာခဲ့သည်။

“သူ လုပ်နိုင်တယ်လို့ ပြောရင် သူသေချာပေါက် လုပ်နိုင်တယ်။” ဇိုလာက ထပ်လောင်း ပြောကြားခဲ့ပြီး အစ်ဇဘယ်လာလည်း ထိုကဲ့သို့ပင်။

“ဒီကောင်က ကောက်ကျစ်စဉ်းလဲပြီး ရှက်ရွံ့စရာ ကောင်းပေမယ့် သူ့ရဲ့ လိမ်လည်နိုင်စွမ်းက ဘယ်သူ့ကိုမှ မရှုံးဘူး။” ဆရာသခင် အဆိပ်နဂါး က နောက်ထပ် တစ်ခွန်း ထပ်ပြောလိုက်သည်။

“ဆရာသခင်... တကယ့်ကိုခန့်ညားတယ်...”

All Chapters