← Chapters

အတင့်ရဲတဲ့လူသား...

Vol. 56 Ch. 914

အတင့်ရဲတဲ့လူသား...

Vol. 56 Ch. 914

ခဏအကြာ ဇိုလာက နန်းတော်၏ အဓိကခန်းမသို့ ရောက်ရှိလာခဲ့သည်။

စွမ်းအားကို မပြောနှင့်၊ နတ်မိမယ်နဂါးမလေး၏ ပြိုင်ဘက်ကင်း အလှတရား တစ်ခုတည်းကပင် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်သော်လည်း ပါဂရစ်ဇ်၏ မျက်လုံးတွင် အလှတရား မရှိခဲ့ပေ။ သူသည် ဇိုလာကို သေသေချာချာ စူးစိုက်ကြည့်နေခဲ့သည်။

နတ်မိမယ်နဂါးသည် တည်ငြိမ်နေခြင်း သို့မဟုတ် ပို၍ တိတိကျကျ ပြောရလျှင် ငေးငိုင်နေပုံရသည်။ ကြိုက်သလို စိုက်ကြည့်နေ။ ငါကတော့ ငေးငိုင်နေမှာပဲ။

“တကယ် တိုင်းပြည်အဆင့်ရဲ့ အထွတ်အထိပ်ပဲ။ သိပ်ကောင်းတယ်။” ဇိုလာထုတ်လွှတ်သည့် စွမ်းအားကို ပါဂရစ်ဇ် ခံစားမိသောအခါ မျက်လုံးများ တောက်ပလာ၏။ သူ၏ ချီးကျူးမှုကို မဖုံးကွယ်ခဲ့ပေ။ “ဇိုလာ၊ အခု မင်းရဲ့ အစွမ်းအကုန်သုံးပြီး ငါ့ကို တိုက်ခိုက်။”

နတ်မိမယ်နဂါးသည် သူ့ကို ကြားလိုက်ဟန် မတူပေ။ “ဘာပြောတာလဲ။”

နဂါးဧကရာဇ်သည် အလွန်ပင် စိတ်ရှည်ပုံရသည်။ သူက ထပ်ပြောလိုက်သည်။ “တိုက်ခိုက်…”

ပါဂရစ်ဇ် စကားပြောလိုက်သည်နှင့် နတ်မိမယ် နဂါးက ရုတ်တရက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်သည်။

သူ၏ ကိုယ်ခန္ဓာက မျက်စိတစ်မှိတ်အတွင်း ရေလှိုင်းများ အဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် ပါဂရစ်ဇ်၏ ကိုယ်ခန္ဓာနှင့် သူ့နောက်မှ ထိုင်ခုံတို့က ရေခဲရုပ်ထုအဖြစ် အေးခဲသွားခဲ့သည်။

ချက်ချင်း အေးခဲသွားခြင်းပင်။

မာရီယာနှင့် ဒြပ်စင် ကျွမ်းကျင်သည့် အခြားသော အကြီးအကဲမျာက ထိုတိုက်ခိုက်မှုသည် ရိုးရှင်းပုံရသော်လည်း အလွန်လျှို့ဝှက်နက်နဲကြောင်း ခံစားမိကြသည်။ ၎င်းတွင် ရေဒြပ်စင်၏ ‘အေးခဲခြင်း’ သာမက မြေဒြပ်စင်၏ ‘အစိုင်အခဲခြင်း’လည်း ပါဝင်သည်။ ဒြပ်စင်စွမ်းအား ၂မျိုးသည် အပြည့်အဝ ထပ်နေသဖြင့် ပုံမှန်ထက် အဆများစွာ ပိုမို၍ ပြင်းထန်သော စွမ်းအားကို ထုတ်လွှတ်နေလေသည်။

အကြီးအကဲ အများစု မတုံ့ပြန်နိုင်ခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရှိသည့် ခရမ်းရောင် လျှပ်စီးကြောင်း တစ်ခုသည် ရေခဲပန်းပုကို ထိုးဖောက် ဝင်ရောက်သွားပြီး ရေခဲရုပ်ထုတစ်ခုလုံး ပျက်စီးသွားခဲ့သည်။

လူတိုင်း အံ့အားသင့် သွားကြသော်လည်း ပါဂရစ်ဇ်၏ ကိုယ်ခန္ဓာမှာ မပျက်စီးခဲ့ပေ။ လူပုံသဏ္ဌာန် အခွံတစ်ခုသာ ပျက်စီးသွားခဲ့သည်။

နဂါးဧကရာဇ်၏ လက်ထဲတွင် ‘စက်လုံး’ တစ်လုံး ပေါ်လာသည်။ ၎င်းမှာ လျှပ်စီးကြောင်းများပါရှိသော အလင်းစက်လုံးဖြစ်ပြီး ဇိုလာ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုပင် ဖြစ်၏။

ထိုရလဒ်သည် မထင်မှတ်ထားသော ရလဒ်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ပါဂရစ်ဇ်သည် နဂါးချိုင့်ဝှမ်းတွင် နတ်ဘုရား-ယောင်အဆင့် ရောက်ရှိသည့် တစ်ဦးတည်းသော အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်နေသောကြောင့်ပင်။ ဇိုလာသည် တိုင်းပြည်အဆင့်၏ အထွတ်အထိပ်တွင်သာ ရှိနေသေးသည်။ နတ်ဘုရားတစ်ပိုင်းအဆင့် အထွတ်အထိပ် စွမ်းအားဖြင့်ပင် နဂါးဧကရာဇ်ကို နာကျင်အောင် မလုပ်နိုင်ပေ။

သို့သော် သတိထားတတ်သော အကြီးအကဲများက ပါဂရစ်ဇ်နောက်မှ ထိုင်ခုံတွင် အက်ကြောင်းများ ရှိနေသည်ကို တွေ့ရှိခဲ့ကြသည်။

“ဒါဟာ တကယ်ကို ဒြပ်စင်၆ခုရဲ့ ပေါင်းစပ်စွမ်းအားပဲ။ လုံးဝဆန့်ကျင်ဘက် ဒြပ်စင်တွေကိုတောင် ဒီလောက် ပြည့်ပြည့်စုံစုံ ပေါင်းစပ်ထားနိုင်တယ်။ စွမ်းအား တစ်ခုတည်း အရ ကြည့်မယ်ဆိုရင် တိုင်းပြည်အဆင့်ကို ကျော်လွန်နေပြီ။ ဒါက နတ်မိမယ်နဂါးတွေရဲ့ အစွမ်းအထက်ဆုံး [ဒြပ်စင်၆ခု တိုင်းပြည်] ဖြစ်ရမယ်၊ ဟုတ်တယ်မလား။” ပါဂရစ်ဇ်၏ ရွှေရောင်မျက်ဝန်းများသည် တောက်ပစွာ လင်းလက်နေသည်။ လက်ဖျောက်တစ်ချက် တီးလိုက်သည်နှင့် အလင်းစက်လုံး လုံးဝပျောက်ကွယ်သွားခဲ့သည်။

နဂါးဧကရာဇ်၏ မျက်လုံးများက သူ့နောက်က ထိုင်ခုံပေါ်ရှိ အက်ကြောင်းများကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဒေါသ ထွက်ရမည့်အစား သူက ထရပ်လိုက်ပြီး ရယ်မောလိုက်သည်၊ “သေချာတယ်။ သူက တခြားသူနဲ့မတူဘဲ အထူးခြားဆုံး ပါရမီရှင်ပဲ။ ဇိုလာ၊ မင်းကို အခုပဲ အကြီးအကဲအဖြစ် တိုက်ရိုက် ခန့်အပ်လိုက်ပြီ။ အမြင့်ဆုံးအခွင့်အရေးတွေကို ခံစားရမယ်။ အကြီးအကဲ မာရီယာ၊ မင်းမှာ အံ့သြစရာ ကောင်းတဲ့ သမီးတစ်ယောက်ရှိနေတာပဲ။ သိပ်ကောင်းတယ်။ သိပ်ကောင်းတယ်။”

ယခင်က အပါအဝင် ‘သိပ်ကောင်းတယ်’ ဟူသော စကားသုံးခွန်းသည် ပါဂရစ်ဇ်အတွက် အလွန် ရှားပါးသည်။ စတန်ဝဲလ်သည် ပါဂရစ်ဇ် နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့သည်။ ဧကရာဇ်၏ စိတ်ကို သူည်သို့ နားမလည်ဘဲ ရှိနိုင်မည်နည်း။ မာရီယာ၏ ပါရမီရှင်သမီး ပေါ်ပေါက်လာခြင်းက ဧကရာဇ်မင်းမြတ် နဂါးဧကရာဇ်၏ မူလ ရည်ရွယ်ချက်ကို ပြောင်းလဲသွားစေခဲ့သည်။ ထိုကဲ့သို့ ပြိုင်ဘက်ကင်းသော ငယ်ရွယ်သည့် ပါရမီရှင်သည် နှစ်သန်းပေါင်း များစွာတွင် ရှားရှားပါးပါး မြင်တွေ့ရခြင်းပင်။ သူသည် နဂါးတောင်ကြား၏ အနာဂတ်အတွက် အကြီးမားဆုံး မျှော်လင့်ချက်များထဲမှ တစ်ခုဖြစ်သည်မှာ သံသယ ဖြစ်စရာမရှိပေ။ မည်သည့် မျိုးနွယ်စုတွင်မဆို၊ အရည်အချင်းပြည့်မီသော ခေါင်းဆောင်တစ်ဦး ဖြစ်နေသရွေ့၊ ထိုကဲ့သို့သော သူမျိုးကို စွန့်လွှတ်မည်မဟုတ်သလို ဆိုးဆိုး ရွားရွားလည်း ဆက်ဆံမည်မဟုတ်ပေ။

ဇိုလာကို အကြီးအကဲအဖြစ် တိုက်ရိုက်ခန့်အပ်ခြင်းကို မပြောနှင့်။ မာရီယာအပေါ် ပါဂရစ်ဇ်၏ အခေါ်အဝေါ် တစ်ခုတည်းကပင် သူ၏ သဘောထားကို ပြသနေခဲ့သည်။ မာရီယာသည် အတိတ်က မည်သို့ပင် ‘လွန်ကဲ’ သော အရာများကို ပြုလုပ်ခဲ့စေကာမူ ၎င်းတို့အားလုံးကို လျစ်လျူရှု နိုင်လေသည်။

ထိုအခြေအနေများအောက်တွင် မာရီယာကို ပြည်နှင်ဒဏ် သို့မဟုတ် ထောင်ဒဏ်ပေးရန် မဖြစ်နိုင်ပေ။ စတန်ဝဲလ် ယခု လုပ်ရမည့်အရာမှာ အဆိုးထဲမှ အကောင်းကို ရွေးချယ်ပြီး မာရီယာကို အကြီးအကဲရာထူးမှ ဖယ်ရှားရန်ပင်။

“အကြီးအကဲ ဇိုလာကို ဂုဏ်ယူပါတယ်။ ပြီးတော့ နဂါးတောင်ကြားမှာ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက် ရှိတဲ့အတွက် အရှင်မင်းကြီးကိုလည်း ဂုဏ်ပြုပါတယ်။” စတန်ဝဲလ်၏ စကားအပြောအဆို ပြောင်းလဲသွားသည်၊ “အကြီးအကဲ မာရီယာကို မေးချင်တာက မုန်တိုင်းကျွန်းက နဂါးတွေရဲ့ စမ်းသပ်လေ့ကျင့်ရေးကွင်း ပြင်ဆင်ပြီးပြီလား ဆိုတာပါ။”

ခုန စတန်ဝဲလ်နဲ့ ပီလင်တို့ လျှို့ဝှက်ဆွေးနွေးခဲ့ကြသည်။ သူက မုန်တိုင်းကျွန်း၌ ပျက်စီးသွားသော စမ်းသပ် လေ့ကျင့်ရေးကွင်းကို မပြင်ရသေးကြောင်း ပီလင်ဆီမှ သိလိုက်ရသည်။ စိတ်ထဲပေါ်လာသည်နှင့် တပြိုင်နက်တည်း အကြောင်းပြချက် တစ်ခုအနေနဲ့ ပြဿနာရှာရန် ဆုံးဖြတ် လိုက်လေသည်။

မာရီယာ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ စတန်ဝဲလ် ငါးစာဟပ်အောင် လုပ်မလို့ အစက ရည်ရွယ် ခဲ့ပေမယ့် သူကိုယ်တိုင် ဒီခေါင်းစဉ်ကို ပြောင်းသွားမယ်လို့ မထင်ထားခဲ့ဘူး။ ယခုတွင် သူက မျက်မှောင်ကြုတ်ပြီး စကားတစ်လုံးမှ မပြောခဲ့ပေ

စတန်ဝဲလ် တိတ်တဆိတ် ပျော်ရွှင်နေပြီး ခေါင်းခါလိုက်သည်။ “စမ်းသပ် လေ့ကျင့်ရေးကွင်းကို မာရီယာရဲ့ ခင်ပွန်း နတ်သူငယ်ဘုရင် စပန်နဲ့ မုန်တိုင်းကျွန်းရဲ့ ထိန်းချုပ်သူတို့ ပူးပေါင်းတည်ဆောက်ခဲ့တာပါ။ နဂါးတွေရဲ့ ချီးကျူးမှုကို အမြဲတမ်း ရရှိခဲ့ပါတယ်။ ကျုပ် ကိုယ်တိုင် မြင်ဖူးပါတယ်။ တကယ့်ကို ထူးခြားဆန်းကြယ်ပြီး နက်နဲတဲ့ ပုံရိပ်ယောင်တစ်ခုပါ။ အခု ထိန်းချုပ်သူက အကြီးအကဲ မာရီယာရဲ့ သားမက် ‘ရစ်ချက်’ ဆိုတာကို ကျုပ် သိရပြီ။ မုန်တိုင်းကျွန်း စာချုပ်ချုပ်တဲ့နေရာမှာ သူ ကိုယ်ကျိုးရှာတာ ရှိရှိ မရှိရှိ၊ အကြီးအကဲ မာရီယာ အခု လုပ်နေတာက လက်ခံနိုင်စရာ မရှိပါဘူး။ အကြီးအကဲ မာရီယာက ဒီနေ့ အကြီးအကဲကောင်စီရဲ့ အရေးယူမှုကို ခံရနိုင်တယ်ဆိုတာကို သေသေချာချာ သိနေခဲ့တာတောင် ဒီလို အရေးကြီးတဲ့ အချိန် သူ့သားမက်ကို စမ်းသပ်လေ့ကျင့်ရေးကွင်း ဖျက်ဆီးဖို့ တမင်တကာ လှုံ့ဆော်ခဲ့တယ်။ ဒါက ဘာကို ပြောနေတာလဲ။ သူက အကြီးအကဲကောင်စီနဲ့ အရှင်မင်းကြီးကို ခြိမ်းခြောက် နေတာ ရှင်းရှင်းလင်းလင်းပါပဲ။”

‘အရည်အချင်းနှင့် ဧကရာဇ်ကို အတင်းအကြပ် ဖိအားပေးခြင်း’ ဟူသည် ‘မြင့်မားသောအာဏာနှင့် ဧကရာဇ်ကို ဖိနှိပ်ခြင်း’ ထက် ပိုမိုပြင်းထန်သော လုပ်ရပ်ဖြစ်သည်။ နောက်ဆုံးစကားက နဂါးဧကရာဇ်၏ ကြေးခွံများကို ထိလုနီးပါး ဖြစ်သွားခဲ့သည်။ ပါဂရစ်ဇ် မျက်ခုံးများ အနည်းငယ် ပင့်က, ပြန်ထိုင်လိုက်သည်။ စတန်ဝဲလ်၏ စကားများသည် မှန်သည်ဖြစ်စေ၊ မှားသည် ဖြစ်စေ ထိုအရာက သူ့အတွက် တားမြစ်မှုတစ်ခု ဖြစ်သည်။

စတန်ဝဲလ်သည် ပါဂရစ်ဇ်၏ မျက်နှာအမူအရာကို သတိပြုမိပြီး အလျင်အမြန် ဆက်ပြောသည်။ “လူတိုင်း အမှားလုပ်မိ တတ်ပါတယ်။ အကြီးအကဲ မာရီယာကို မောင်းထုတ်ပြီး ထောင်ချဖို့ ကျုပ် အဆိုပြုနေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် မာရီယာက အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင်ဖို့ မသင့်တော်ဘူးလို့ ကျုပ် ထင်ပါတယ်။”

မာရီယာသည် ပါဂရစ်ဇ်၏ အမူအရာကို ဂရုမစိုက်ဘဲ အရိုအသေပြုလိုက်သည်၊ “ဘုရင်မင်းမြတ်၊ ဒီကိစ္စက နဂါးတွေရဲ့ အနာဂတ်နဲ့ ပတ်သက်နေသလို လျှို့ဝှက်ချက် တချို့လည်း ပါဝင်ပါတယ်။ ဒါပေမယ့် စတန်ဝဲလ်က အကြီးအကဲ ကောင်စီမှာ ပြောလာပြီ ဆိုမှတော့ ဘုရင်မင်းမြတ်က ကျွန်မ အရင်က သီးသန့်တင်ပြဖို့ စီစဉ်ထားတာကို လူသိရှင်ကြား ထုတ်ဖော်ခွင့်ပြုမှာလား။”

“ကောင်းပြီလေ။” ပါဂရစ်ဇ် စဉ်းစားပြီး ခေါင်းညိတ် လိုက်သည်။ ဇိုလာ မရောက်လာခင်ကဆိုလျှင် ထိုသို့သော သဘောထားမျိုး ရှိမည်မဟုတ်ပေ။ “ဒါပေမဲ့… စမ်းသပ်ကွင်း ကိစ္စအတွက် တကယ်ရှင်းပြချက် ရှိဖို့ မျှော်လင့်ပါတယ်။”

“ဒါပေါ့။ ပထမဆုံးအနေနဲ့ ကျွန်မရဲ့ သားမက်၊ အထူး လူသား ရစ်ချက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။”

မာရီယာ စကားဆုံးသည်နှင့် ဇိုလာဘေးတွင် လူသား တစ်ဦး ပေါ်လာသည်။ ထိုသူမှာ ချန်လွေ့ပင်။

အကြီးအကဲများအားလုံး အံ့အားသင့်သွားကြသည်။ ဒီလူ ဘယ်တုန်းက ဝင်လာတာလဲ။ အပေါ်ယံအရ သူ့ရဲ့ စွမ်းအင်က နတ်ဆိုးအရှင်သခင်အဆင့်ပဲ ရှိသေးပေမယ့် အစွမ်းထက်တဲ့ နဂါးတွေ အများကြီး ရှိနေတဲ့ကြားက သူကိုယ်တိုင် ပုန်းကွယ်နေနိုင်တယ်။

“မာရီယာ၊ မင်း တော်တော် အတင့်ရဲတာပဲ!” စတန်ဝဲလ် အော်လိုက်သည်၊ “ဒီနေ့က နဂါးအကြီးအကဲ အစည်းအဝေး လုပ်နေတာ မင်းက လူသားတစ်ယောက်ကို ဝင်ခွင့်ပြုခဲ့တယ်!”

ပါဂရစ်ဇ် လက်မြှောက်လိုက်သည်နှင့် ပတ်ဝန်းကျင်မှ ဆူညံသံများ ရုတ်တရက် တိတ်ဆိတ်သွားသည်၊ “မင်း ဇိုလာနဲ့ အတူ ဝင်လာတာမလား။ တကယ်ကို ကြီးမားတဲ့ ပုန်းကွယ်ပါရမီပဲ။ နန်းတော်တစ်ခုလုံးကို ငါ ထိန်းချုပ် ထားရင်တောင် နည်းနည်း ထူးဆန်းတာကိုပဲ ခံစားမိတယ်။”

“အရှင်မင်းကြီး....” ချန်လွေ့က ပါဂရစ်ဇ်အား အရိုအသေ ပြုလိုက်သည်။ ပါဂရစ်ဇ်သည် ငွေရောင်ဆံပင်နှင့် ရွှေရောင်မျက်လုံးရှိသော အလွန်ငယ်ရွယ်သည့် အမျိုးသား တစ်ဦး ဖြစ်သည်။ သူ၏ မျက်နှာအမူအရာမှာ ပေါ့ပေါ့ပါးပါး ဖြစ်ပြီး အနည်းငယ် ရင်းနှီးပုံရသည်။

ချန်လွေ့က ဆမ်မြူရယ်နှင့် ပေါလ်တို့ တိုက်ခိုက်စဉ်က သူ၏ လူသားဖခင် မဟာလက်ဇ်နှင့် ဘေးချင်းယှဉ် ထိုင်နေသော ‘လူငယ်’ မှာ လူသားကမ္ဘာရှိ နဂါးများ၏ ဧကရာဇ် ပါဂရစ်ဇ် ဖြစ်နေကြောင်း သတိရလိုက်သည်။

ပါဂရစ်ဇ်၏ ချီးကျူးစကားတစ်ခွန်းက ဆမ်မြူရယ်ကို နဂါးတောင်ကြားရှိ နဂါးစီးနင်းသူ ရွေးချယ်ပွဲသို့ စေလွှတ်ရန် လက်ဇ်ကို ဆုံးဖြတ်စေခဲ့သည်မှာ အံ့သြစရာမရှိပေ။

“ပထမဆုံးအနေနဲ့ ခွင့်လွှတ်တော်မူပါ။ အရှင်မင်းကြီး။ ကျုပ်ရဲ့ ဝင်ရောက်မှုက အတော်လေး ရိုင်းပျပေမယ့် ကျုပ်ရဲ့ ဇနီးနဲ့ ကတိပြုထားတာက ဘယ်လောက်ပဲ အန္တရာယ်ကြီးကြီး အတူတူ ရင်ဆိုင်သွားမယ်ဆိုတာပါပဲ။” ချန်လွေ့ အနည်းငယ် ပြုံးလိုက်သည်။ “ဒါပေမယ့် ဒီစိုးရိမ်မှုက ထင်ထားတာထက် ပိုလွန်းနေတာ ရှင်းပါတယ်။ နဂါးဧကရာဇ်မင်းမြတ်ရဲ့ ရဲရင့်မှုက မျှော်လင့်ထားတာထက် ကျော်လွန်နေပါတယ်။ ဇိုလာမှာ ဒီလိုမျိုး အထက်လူကြီးနဲ့ လမ်းညွှန်သူ ရှိနေတာကို ကျုပ် ဝမ်းသာပါတယ်။”

“အိုး......” ပါဂရစ်ဇ်သည် ချန်လွေ့ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။

“ဒါက အကြောင်းပြချက်ကောင်း တစ်ခုပဲ။ ချီးကျူးမှု တွေကလည်း အဆင့်မြင့်တယ်။ ဒါပေမဲ့ မင်းရဲ့ ရဲတင်းလွန်းတဲ့ လုပ်ရပ်နဲ့ အကြီးအကဲ မာရီယာရဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက် ကိုတော့ မဖုံးဖိနိုင်ဘူး။”

‘တစ်ဖက်သတ် ဆုံးဖြတ်ချက်’ ဟူ၍ ပြောသောအခါ ပါဂရစ်ဇ်၏ လေသံက အနည်းငယ် ပိုမို တင်းမာလာခဲ့သည်။

“အရှင်မင်းကြီးက အကြီးအကဲ မာရီယာကို အထင်လွဲ နေတာပါ။ ဒီနန်းတော်ထဲကို ဝင်ရောက်တာက နဂါး တောင်ကြားနဲ့ ပူးပေါင်းဖို့ ကျုပ် တောင်းဆိုခဲ့တဲ့ အခြေအနေတွေ ထဲက တစ်ခုပါ။”

ပါဂရစ်ဇ်က အံ့သြသွားခဲ့သည်။ “မင်းက နဂါးတောင်ကြားနဲ့ ပူးပေါင်းဖို့ ဟုတ်လား။”

“မောက်မာလိုက်တာ။ အသိဉာဏ်မဲ့လိုက်တာ။” စတန်ဝဲလ်က အော်ပြောလိုက်သည်။ “အကြီးအကဲ ဇိုလာကြောင့်သာ မဟုတ်ရင် မင်းလို ပုရွက်ဆိတ်ကို အခု ချက်ချင်း အမှုန့်ဖြစ်အောင် ချေပစ်မယ်။ အရှင်မင်းကြီး၊ ဒီလူကို နဂါးတောင်ကြားကနေ ချက်ချင်း နှင်ထုတ်ဖို့ အကြံပြုပါတယ်။ ပြီးတော့ အကြီးအကဲ ဇိုလာရဲ့ အိမ်ထောင်ဖက်ကိစ္စကို ပြန်လည်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ နဂါးချိုင့်ဝှမ်းရဲ့ အတော်ဆုံး ပါရမီရှင် တစ်ယောက် အနေနဲ့ လူသားတစ်ယောက်နဲ့ ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ။ သူ့ခင်ပွန်းက အနည်းဆုံးတော့ နဂါး တစ်ကောင် ဖြစ်သင့်ပါတယ်။”

ချန်လွေ့က စတန်ဝဲလ်ကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။ “မင်္ဂလာပါ။ ယောက်ဖ။”

စတန်ဝဲလ် ကြောင်သွား၏။ ယောက်ဖ။ ဟုတ်လား။ ငါ့ကို ဆွေမျိုးအဖြစ် အသိအမှတ်ပြုတာလား။ ဒါက ဘယ်လို အလှည့်အပြောင်းမျိုးလဲ။

“သူပြောတာက ‘မင်းညီမကို ယူမယ်’တဲ့။” နဂါးဧကရာဇ် ပါဂရစ်ဇ်၏ ရှင်းပြချက်က စတန်ဝဲလ် မျက်နှာကို ဒေါသဖြင့် နီရဲသွားစေခဲ့သည်။

“မင်းရဲ့ ယုံကြည်မှုက ငါ့ကို တကယ် သိချင်စိတ် ဖြစ်စေတယ်။” သူ၏ ပုံမှန်အတိုင်း ရွှေရောင် မျက်လုံးတွင် ကြောက်မက်ဖွယ် ကောင်းသည့် အေးစက်သော အလင်းရောင်များ လင်းလက်နေသည်။ “ဒါပေမယ့် စတန်ဝဲလ်ရဲ့ အကြံပြုချက်ကို မစဉ်းစားခင် မင်း ရှင်းပြတာ အရင် နားထောင်ချင်တယ်။ မင်း ရှင်းပြတာက အကြီးအကဲ မာရီယာ ရှင်းပြတာပဲ ဆုိတာ သတိထားပါ။ ဒါကြောင့် မင်း မပြောခင် သေချာစဉ်းစား။ ဘာလို့လဲဆိုတော့ အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတာမို့လို့ပဲ။”

“ပထမဆုံးအနေနဲ့ စမ်းသပ်ကွင်းအကြောင်း ရှင်းပြ ပါရစေ။ ဟုတ်ပါတယ်၊ ကျုပ် စမ်းသပ်ကွင်းကို ဖျက်ဆီးခဲ့ပါတယ်။ အဲဒီထက် အဆ၁၀၀ ပိုကောင်းတဲ့ အရာတစ်ခု ကျုပ်မှာ ရှိနေပြီးသားမို့လို့ပါ။ အဲဒါကြောင့် ချို့ယွင်းနေတဲ့ပစ္စည်းကို ဘာလို့ ဂရုစိုက်ရမှာလဲ။ ပြီးတော့ ဒီစမ်းသပ်ကွင်းရဲ့ ပိုင်ဆိုင်ခွင့်က ကျုပ်လက်ထဲမှာ ရှိတာ၊ နဂါးတွေလက်ထဲမှာ မဟုတ်ဘူး။ ကျုပ်ပိုင်ဆိုင်မှုကို ကိုယ်တိုင် ဖျက်ဆီးလို့ နဂါးတွေဆီကနေ အပြစ်ပေးခံရဖို့ လိုလို့လား။”

နောက်ဆုံးစကားက မောက်မာသော်လည်း ပါဂရစ်ဇ်က အဓိက ဆိုလိုရင်းကို ချက်ချင်းနားလည်သွားသည် “အဆ ၁၀၀ ပိုကောင်းတာလား။ မူရင်းက ၁% လောက်ပဲ တန်ဖိုးရှိတဲ့ ချို့ယွင်းနေတဲ့ပစ္စည်းလို့ ပြောချင်တာလား။”

“၁% တောင် မရှိပါဘူး။” ချန်လွေ့ လက်ညှိုး ထောင်ပြလိုက်သည်။ “ဒါက ဖျော်ဖြေရေးနဲ့ လေ့ကျင့်ရေးကို ပေါင်းစပ်ထားတဲ့ အထူးပစ္စည်းတစ်ခုပါ။ ပိုပြီးတော့ အားကောင်းပြီး ပြည့်စုံတဲ့ စမ်းသပ်မှုကို ပေးနိုင်ပါတယ်။ သေဆုံးသူရှိဘဲ ပိုမိုကောင်းမွန်တဲ့ ပါရမီရှင် အများကြီးကို မွေးထုတ်ပေးနိုင်မယ့်အပြင် အဆုံးမဲ့ ကြွယ်ဝမှုကိုလည်း ဆောင်ကြဉ်း ပေးနိုင်ပါတယ်။ ဒါက ကျုပ် နဂါးတွေနဲ့ ပူးပေါင်းချင်တဲ့ အရေးအကြီးဆုံး စီမံကိန်းပါပဲ။”

“သေဆုံးသူ မရှိဘူး။ ပါရမီရှင် အများကြီး။ အဆုံးမဲ့ ကြွယ်ဝမှု ဟုတ်လား။” ပါဂရစ်ဇ်၏ မျက်လုံးများ တောက်ပ သွားသည်။ “ဒါ အမှန်ပဲလား။”

“ရှေးအဂ္ဂိရတ် အဖွဲ့အစည်း သခင်နဲ့ တိုက်တန်တွေ အပါအဝင် ရှေးအစောင့်အရှောက်အားလုံးရဲ့ သခင်ဖြစ်တဲ့ ကျုပ်ရဲ့ စကားက တနည်းပြောရရင် အရှင်မင်းကြီးရဲ့ စကားနှင့် အလေးချိန် တူတူလောက်ပါပဲ။ ဒါက ကျုပ်ရဲ့ ယုံကြည်မှု အရင်းခံပဲ။ ပြီးတော့ အကောင်းဆုံး အနေနဲ့က သက်သေပြဖို့ပဲ။ ကျုပ် ဒီကို မလာခင် အကြီးအကဲ မာရီယာ နေထိုင်တဲ့ သက်တန့်တောင်ထွတ် ကွင်းပြင်မှာ စမ်းသပ်စက် အသေးလေးတစ်ခု ပြင်ဆင်ထားခဲ့တယ်။ ယခု နဂါးတွေ အများကြီး အဲဒီနေရာမှာ စမ်းသပ်နေလောက်တယ်။ ဘုရင်မင်းမြတ် သွားကြည့်ဦးမလား။”

ပါဂရစ်ဇ်သည် ယခု တစ်ခေါက် မတွန့်ဆုတ်တော့ပေ။ သူ ချက်ချင်း ထရပ်လိုက်သည်။ “အခု သွားကြတာပေါ့။”

All Chapters