ဒုက္ခရောက်နေသော ဆမ်မြူရယ်
Vol. 56 Ch. 920
အိမ်ထောင်သည်ဘဝကို ပျားရည်ဆမ်းကာလဟု ပြော၍ ရနိုင်ပေသည်။ အထူးသဖြင့် နတ်မိမယ်နဂါးနှင့် မဒမ်-ဒေါ်လေးတို့၏ နှစ်ပေါင်းများစွာဆန္ဒ ပြည့်မြောက် သွားခဲ့ခြင်း ကြောင့်ပင်သည်။ သူတို့က ခမ်းနားသော မင်္ဂလာပွဲကို ကျင်းပခဲ့ကြရုံသာမက နတ်ဆိုးဘုံမှ ညီအစ်မများနှင့် ပြိုင်ဘက်များလည်း မရှိသည့်အတွက် အိပ်ရာပေါ်တွင် လှိမ့်ရင်း ကလေးယူရန် တောင်းဆိုကြတော့သည်။ သူတို့ နှစ်ဦးလုံးကို ပွေ့ဖက်ပြီး ညဘက် အလုပ်များနေသော လူတစ်ယောက်အတွက်မူ ၎င်းသည် ကံကောင်းခြင်း တစ်ရပ် ဖြစ်လေသည်။ သူက အံ့သြဖွယ်ရာ အရသာများကို မည်သို့သော ပုံစံများဖြင့် မြည်းနေရသည်ကို မည်သူမှ မသိနိုင်ကြပေ။
နဂါးဧကရာဇ်၏ အပြည့်အဝ ထောက်ခံမှုဖြင့် မှော်ဂိမ်း ဗဟိုချက် သလင်းကျောက် ပါဝင်သော ‘အနှိုင်းမဲ့စစ်သည် အွန်လိုင်း’၏ အချက်ပြမျှော်စင်များကို သိပ်မကြာခင် သိဒ္ဓိဝိညာဉ် တောင်ထွတ်၌ အောင်အောင်မြင်မြင် တည်ဆောက်ခဲ့သည်။ မှော်ခေါင်းစွပ်များကိုလည်း နဂါး အားလုံးထံ ဖြန့်ဝေပေးခဲ့သည်။
အချိန်တစ်ခုအထိ မှော်ဂိမ်း “စမ်းသပ်မှု”၏ အရူးအမူး ဖြစ်မှုက နဂါးတောင်ကြားတစ်ခုလုံး လွှမ်းခြုံသွားတော့သည်။
ထိုမှော်ဂိမ်း၏ ဗားရှင်းသည် ချန်လွေ့ တမင်တကာ တိုးတက်အောင်လုပ်ထားသော လူသားလောကဗားရှင်း ဖြစ်သည်။ နဂါးများသည် မူလကိုယ်ခန္ဓာပုံစံဖြင့် ပေါ်လာပြီး သတ်မှတ်အဆင့် တစ်ခုအထိ နဂါးကိုယ်ခန္ဓာဖြင့် လေ့ကျင့်ရမည် ဖြစ်သည်။ သီးသန့်တာဝန်များကို ပြီးစီး ပြီးနောက် ဆုလာဘ်များစွာ ရရှိနိုင်ပြီး အထူးသဖြင့် လူသားပုံစံသို့ ပြောင်းလဲနိုင်ပေမည်။ သူတို့သည် အနာဂတ်တွင် ဂိမ်းအတွင်း ပုံစံနှစ်မျိုးလုံးကို အဆင်ပြေသလို အသုံးပြုနိုင်ပြီး အမျိုးမျိုးသော လေ့ကျင့်မှုများနှင့် တာဝန်များကို ပြီးမြောက်အောင် ပြုလုပ်နိုင်မည် ဖြစ်သည်။
နဂါးများအတွက် အဆင့်မြှင့်ထားသော မြေပုံနှင့် မြေအောက်သင်္ချိုင်းတို့မှာ ပိုမိုခက်ခဲပြီး သီးသန့် တာဝန်ကလည်း ပိုမို၍ ခက်ခဲပေသည်။ ထိုအရာများသည် နဂါးများ၏ စိတ်အားထက်သန်မှုကို လျော့နည်းစေခြင်း မရှိသည့်အပြင် စိန်ခေါ်လိုစိတ်ကိုပါ လှုံ့ဆော်ပေးခဲ့သည်။
နတ်ဆိုးဘုံကဲ့သို့ပင် မှော်ဂိမ်းတွင် အချိန်ကန့်သတ်ချက် တင်းကျပ်ထားသည်။ မည်သို့ပင်ဆိုစေ ၎င်းသည် ဂိမ်းသက်သက် မဟုတ်သလို လေ့ကျင့်မှုအတွင်း ရရှိသော အတွေ့အကြုံများစွာကိုလည်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အခြေခိုင်အောင် ပြုလုပ်ရန် လိုအပ်ပေသည်။
အချိန်များစွာရှိသော နဂါးများအတွက် လေ့ကျင့်မှုနှင့် ဖျော်ဖြေရေး ပေါင်းစပ်ထားသော ထိုမှော်ဂိမ်းမျိုးသည် ဖော်ပြ၍ မရအောင် အံ့သြဖွယ်ရာ ကောင်းလှသည်။ နဂါးဧကရာဇ်နှင့် နတ်ဘုရားတစ်ပိုင်းအဆင့် အထက် သူများပင် သူတို့၏ အဆင့်ကို တမင်တကာ ဖိနှိပ်ကာ ‘အခြားအကောင့်’ဖြင့် လေ့ကျင့်ကြသည်။ ‘သာမန် ကစားသမားများ’နှင့် ကွာခြားချက်မှာ သူတို့သည် ဂိမ်း၏ စိတ်ဝိညာဉ်အမှတ်အသားမှ နားလည်မှုကို တိုက်ရိုက် ရရှိနိုင်မည် မဟုတ်ပေ။ အတွေ့အကြုံနှင့် ကျွမ်းကျင်မှု အချို့ဖြင့် မျိုးဆက်သစ်များကို လမ်းညွှန်ပေးရန်အပြင် သူတို့က စိတ်အပန်းပြေရန် အတွက်သာ ပြုလုပ်ကြလေသည်။
ချန်လွေ့သည် အဖိုးတန်ကုန်ကြမ်း များစွာကို ပေးဆပ်ခဲ့ ရသော်လည်း သူသည် နဂါးတောင်ကြား၏ ယုံကြည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုကိုသာမက ယုံကြည်မှုစွမ်းအားကိုပါ ရရှိခဲ့သည်။ ထိုအချက်နှစ်ခုတည်းနှင့်ပင် ရင်းနှီးမြှုပ်နှံမှုကို ကျော်လွန်သွားခဲ့ပြီး နဂါးတောင်ကြားက လူသားလောကသို့ တိုးချဲ့မှုအတွက် အစပြုရာ နေရာဖြစ်လာမည် ဖြစ်သည်။
တိုးချဲ့ရေးအစီအစဉ်သည် အဆင့်တစ်ခုသို့ ရောက်ရှိပြီး နောက်ပိုင်းတွင် ယုံကြည်မှု စုပ်ယူခြင်းသည် နောက်ဆုံး ပန်းတိုင်များထဲမှ တစ်ခုသာ ဖြစ်သည်။ ထိုအချိန်တွင် အခြားသော စစ်ပွဲပုံစံဖြင့် တကယ့်စစ်ပွဲကို ဖယ်ရှားနိုင် ပေလိမ့်မည်။
ထိုနေ့တွင် ချန်လွေ့သည် သက်တန့်တောင်ထွတ်၏ ခြံဝင်းထဲတွင် ရှိနေပြီး ဇိုလာနှင့်အတူ အစ်ဇဘယ်လာ၏ လောလောလတ်လတ် ဖျော်ထားသော လက်ဖက်ရည်ကို မြည်းကြည့်ရန် ပြင်နေစဉ် ခြံဝင်းအပြင်မှ တစ်စုံတစ်ယောက် ရုတ်တရက် မေးလိုက်သည်။ “ဆာ-ရစ်ချက် ရှိလားမသိဘူး။”
ဒီအသံက… မင်္ဂလာပွဲတုန်းက ငါ့ကို လူကောင်းလို့ ချီးကျူးခဲ့တဲ့ အချောလေးရဲ့ အသံပဲ။ ချန်လွေ့ ခဏတာ ကြောင်သွားပြီး ထရပ်လိုက်၏။
အသေအချာပင် ခြံဝင်းတံခါးဝတွင် အမျိုးသမီး တစ်ယောက် ထက်ပင် ပို၍ မိန်းမဆန်သော အချောလေး ခါရူကို တွေ့လိုက်ရသည်။ သူ့နောက်တွင် အသက် ၁၂နှစ်ခန့် ရှိပုံရသော ကောင်လေးတစ်ဦး ရှိပြီး နူးညံ့သိမ်မွေ့သော ရုပ်ရည်နှင့် ကလေးပုံစံရှိသည်။
ပုံမှန်အားဖြင့် ထိုအချိန်က နဂါးများ မှော်ဂိမ်းကစားချိန် ဖြစ်သည်။ ကာရူရောက်လာခြင်းကို ချန်လွေ့က အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။ “ကခါရူပဲ။ ဒါက မင်းရဲ့ သူငယ်ချင်းလား။ အထဲမှာ လာထိုင်လေ။”
တစ်ချက်တည့်းဖြင့် ခါရူက ခြံဝင်းထဲတွင် လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာ မြည်းနေသော နတ်မိမယ်နဂါးကို တွေ့လိုက်ရ၏။ မျက်မှန်နောက်ကွယ်မှ မျက်လုံးများနှင့် သူ့မျက်လုံးများ ဆုံမိသွားသောအခါ သူ တုန်လှုပ်သွားပြီး ကြောက်လန့်တကြား အပေါ့သွားမိလုမတတ် ဖြစ်သွားခဲ့သည်။ သူ အလျင်အမြန် ခေါင်းခါလိုက်၏။ “မလိုပါဘူး။ ကျေးဇူးတင်ပါတယ်။ ဆာ-ရစ်ချက်။ ဒီနေ့ ကျုပ် လာနှောက်ယှက်ရတာက ကျုပ်ညီ အန်ဒါလူမှာ ဆာ့ကို အရေးကြီးတာ ပြောစရာ တစ်ခုရှိလို့ပါ။”
ဒီကလေးလေးက ခါရူရဲ့ ညီ အန်ဒါလူ ဖြစ်နေတာကိုး။ ဒီညီအစ်ကိုနှစ်ယောက်စလုံးက နူးညံ့တဲ့ပုံစံမျိုးနဲ့ ခန့်ညား ကြတယ်။ ဘာလို့ ပီလင်ရဲ့ မျက်နှာအိုကြီးနဲ့ လုံးဝ မတူတာလဲ။ ချန်လွေ့က စိတ်ထဲတွင် မကောင်းသော ခန့်မှန်းချက်တစ်ခု ပြုလုပ်လိုက်ပြီး ကလေးလေးကို ခေါင်းညိတ် ပြလိုက်၏။ “မင်္ဂလာပါ။ အန်ဒါလူ။”
“ဆာ-ရစ်ချက်…” အန်ဒါလူက သတိထားပြီး ဦးညွှတ်လိုက်၏။ ချန်လွေ့သည် ယခုအခါ နဂါးကျွန်းရှိ လူငယ်များစွာ၏ လေးစားအားကျမှုနှင့် မနာလိုမှုတို့၏ ပစ်မှတ်ဖြစ်နေသည်။ ကလေးလေးသည် စတန်ဝဲလ်ကို ချန်လွေ့က ရိုက်နှက်သည်ကို တစ်ချိန်က ကိုယ်တိုင် မြင်ခဲ့ရသည်။ (သူ့အဖေလည်း အရိုက်ခံခဲ့ရသည်ဟု ကြားသိရသည်)။ ယခု ချန်လွေ့နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရသောအခါ သူ အလွန်အမင်း စိုးရိမ်ပူပန်နေပုံ ရသည်။ “ဆာ၊ အာ.... မှတ်မိသေးလား...မသိဘူး..”
ချန်လွေ့၏ စိတ်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ မုန်တိုင်းကျွန်းတွင် စမ်းသပ်စဉ်က သူသည် လူသား နဂါးစီးနင်းသူ တစ်ဦးတည်းကိုသာ ချီးကျူးခဲ့၏။
“ဆမ်မြူရယ်ဆိုတဲ့သူလား။”
“ဆာ တကယ် မှတ်မိတာပဲ။” ကလေးလေး၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များ အနည်းငယ် ပိုများလာ ခဲ့သည်။
“အင်း။ ဆမ်မြူရယ်ဆိုတဲ့ နဂါးစီးသမားက စွမ်းအား နည်းပေမယ့် သူ့ရဲ့ ရဲစွမ်းသတ္တိနဲ့ ခံနိုင်ရည်က ငါ့ကို မှတ်မိစေခဲ့တယ်။” ချန်လွေ့က အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။ “သူ့...တစ်ခုခု ဖြစ်လို့လား။”
“ဟုတ်ကဲ့။ သူ့ကို သိပ်မကြာခင်က နဂါးလင်းလက် အင်ပါယာမှာ အကျဉ်းချထားတယ်။ ခမ့်လော့ မိသားစုကလည်း သေရေးရှင်ရေး အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။ နောက်၂လနေရင် တရားစီရင်မယ်လို့ ပြောတယ်။ အစကတော့ နဂါးဧကရာဇ်ကို ကြားဝင်ပေးဖို့ တောင်းဆိုချင်ခဲ့တာ။ ဒါပေမယ့် ဒီကိစ္စက လူသားအင်ပါယာရဲ့ ထီးနန်းလုပွဲနဲ့ ပတ်သက်နေပြီးတော့ နဂါးတောင်ကြားက ဒီလို လူသားဘုရင် မိသားစု အာဏာလုပွဲမျိုးမှာ ဘယ်တော့မှ ပါဝင်မှာမဟုတ်ဘူးလို့ နဂါးဧကရာဇ်က ပြောပြီးတော့ ကျုပ်ကို နဂါးတောင်ကြားကနေ ထွက်ခွာခွင့် တားမြစ်ထားတယ်။ သိပ်မကြာခင်က ကျုပ် ခိုးထွက်ခဲ့ဖူးတယ်။ အဖေက ဖမ်းမိပြီးတော့ ကျုပ်ရဲ့ အင်အားကိုချုပ်နှောင်ထားတဲ့ လက်ပတ်တစ်ခု ပတ်ပေးခဲ့တယ်။” အန်ဒါလူက စိတ်ပျက် လက်ပျက်နှင့် လက်ထဲမှ ‘လက်ပတ်’ ကို မြှောက်ပြလိုက်၏။
ထိုအခါမှသာ ချန်လွေ့က ဆမ်မြူရယ်သည် ထိုသို့သော အဖြစ်မျိုး ကြုံနေရသည်ကို သိလိုက်ရသည်။ သူသည် မျက်နှာပေါ်တွင် တောင်းပန်သော အမူအရာ ရှိနေသည့် ကလေးလေးကို ကြည့်ရင်း မေးလိုက်သည်။ “လူသား နဂါးစီးနင်းသူရဲ့ သေရေးရှင်ရေးကို မင်း ဒီလောက်ထိ စိတ်ဝင်စားတာလား။”
“ဒီလိုပါ...” ခါရူက ပြောသည်။ “အဖေက အန်ဒါလူကို ငယ်ငယ်ကတည်းက စည်းကမ်း တင်းကြပ်ခဲ့တယ်။ အမြဲတမ်း အပြစ်ပေးတယ်။ ဒါကြောင့် အန်ဒါလူက အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းနေခဲ့တယ်။ သူ့ကို တကယ့် ယုံကြည်မှုနဲ့ ခွန်အားပေးခဲ့တာက အဲဒီ လူသား နဂါးစီးနင်းသူပဲ။ နောက်ပိုင်း စမ်းသပ်မှုတွေမှာ သူတို့ နှစ်ယောက်ရဲ့ ရင်းနှီးမှုက သေရေးရှင်းရေးအထိ နက်ရှိုင်း လာခဲ့တယ်။ အဲဒါကြောင့် အန်ဒါလူက နဂါးဧကရာဇ်ကို ကြားဝင်ပေးဖို့ ဆာ့ကို တောင်းဆိုချင်နေတာပါ....”
“ဒါကတော့ နည်းနည်းခက်လောက်မယ် ထင်တယ်.....” ချန်လွေ့ ခေါင်းခါလိုက်သည်။ “နဂါးဧကရာဇ် စဉ်းစားတာ မှန်တယ်။ နဂါးတောင်ကြားရဲ့ အင်အားစုတွေက လူသား အင်ပါယာရဲ့ အတွင်းရေးကို အတင်း ဝင်ရောက်စွက်ဖက်ရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ အများကြီး ဖြစ်လာ လိမ့်မယ်။ နဂါးတွေအနေနဲ့ မင်းတို့က ငါ့ထက် သူ့စရိုက်ကို ပိုသိသင့်တယ်။ ငါပြောရင်တောင် ဒီမူဝါဒကို ပြောင်းလဲမှာ မဟုတ်ဘူး။ ဒါပေမယ့် ငါ လူသားအင်ပါယာကို ခဏလောက် သွားမယ်။ အဲဒီအချိန် ဆမ်မြူရယ်ကို ငါ ဂရုစိုက်လိုက်မယ်။”
ပေါ့ပေါ့ဆဆ ပြောသော အသံကြောင့် ကလေးလေးက စိတ်ထဲ၌ စိုးရိမ်ပူပန်သွားခဲ့သည်။ “ဆာ။ ကျုပ် တောင်းဆိုမှုကို လက်ခံပေးပါ။ ခမ့်လော့ မိသားစုကို မကယ်နိုင်ရင်တောင် ဆမ်မြူရယ်ရဲ့ အသက်ကို ကယ်ပေးပါ...”
နဂါးလေးက ဆမ်မြူရယ်နှင့် အမှန်တကယ် သေရေး ရှင်ရေး ရင်းနှီးမှုမျိုး ရှိနေသည်ကို မြင်သောအခါ ချန်လွေ့ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
ဆမ်မြူရယ်က ‘တတိယမင်းသား’ သူ့ကို အမြဲပင် သစ္စာရှိခဲ့သည်။ သူရဲကောင်း၏ သစ္စာရှိမှုဖြင့် သူသည် အခြားမင်းသားများကို မည်သို့မှ ထောက်ခံမည် မဟုတ်ပေ။ ထောင်ထဲရောက်ပြီး မိသားစုတစ်ခုလုံး ခြိမ်းခြောက်ခံ နေရခြင်း၏ အကြောင်းရင်းမှာ တစ်ခုခုသော ပူးပေါင်း ကြံစည်မှုတွင် ပါဝင်နေ၍ ဖြစ်ပေလိမ့်မည်။
နဂါးလင်းလက် အင်ပါယာသို့ သေချာပေါက် သွားရပေမည်။ ဆမ်မြူရယ်၏ အသက်ကို ကယ်တင်ရန် သာမက ခမ့်လော့ မိသားစု တစ်ခုလုံးကိုပါ အကျပ်အတည်းမှ ကယ်တင်ရန်ဖြစ်သည်။
“အန်ဒါလူ...” ခါရူသည် ဆက်ပြောတော့မည့် ညီဖြစ်သူကို အလျင်အမြန် ဆွဲလိုက်သည်။ သူက ဦးညွှတ်ကာ ပြောလိုက်၏။ “ဆာ့ကို အမြန် ကျေးဇူးတင်လိုက်။”
ခါရူသည် ‘ရစ်ချက်’၏ ဂုဏ်သိက္ခာနှင့် အင်အားနှင့်ဆိုလျှင် သူ့ညီကဲ့သို့သော မဖြစ်စလောက်လေးကို ကစားရန် မလိုအပ်ကြောင်း ကောင်းကောင်း သိသည်။ သူ အမှန်တကယ် ‘ဂရုစိုက်’လျှင် ဆမ်မြူရယ် အသက်ရှင်ရန် မျှော်လင့်ချက်က ကြီးကြိးမားမား တိုးလာပေလိမ့်မည်။
ကလေးလေးကလည်း ထိုအရာကို သိလိုက်ပြီး အလျင်အမြန် ဦးညွှတ်လိုက်သည်။ ချန်လွေ့က သေချာပေါက် ဆမ်မြူရယ်ကို ဂရုစိုက်ကြောင်း ပြသမည် မဟုတ်ပေ။ သူက အသာအယာ ခေါင်းညိတ်လိုက်၏။ “မင်း ဘာပြောချင်လဲ ဆိုတာ ငါသိတယ်။ စိတ်မပူပါနဲ့။ ဒီကိစ္စကို အကြီးအကဲ ပီလင်ကိုပဲ ဖြစ်ဖြစ်၊ နဂါးဧကရာဇ်ကိုပဲ ဖြစ်ဖြစ် ငါ ပြောမှာ မဟုတ်ဘူး။”
“ကျေးဇူးတင်ပါတယ်။ ဆာ...” ခါရူက ကျေးဇူး တင်ကြောင်း ဖော်ပြပြီး ထပ်ပြောလိုက်၏။ “ဆာက တကယ့်ကို လူကောင်းတစ်ယောက်ပါ။”
ချန်လွေ့ - “...”
ခါရူနှင့် သူ့ညီ ထွက်ခွာသွားပြီးနောက် ချန်လွေ့က လက်ဖက်ရည်စားပွဲသို့ ပြန်လာခဲ့သည်။
“ဇိုလာ။ ရင်းနီ။ ကိုယ် နဂါးလင်းလက်အင်ပါယာကို သွားချင်တယ်။” ချန်လွေ့က သူ၏ ဇနီးနှစ်ယောက်ရှေ့တွင် မည်သည့်အရာကိုမျှ ကွယ်ဝှက်ထားမည် မဟုတ်ပေ။ သူက အစ်ဇဘယ်လာ ကမ်းပေးသော လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။ “အဲဒီ ဆမ်မြူရယ်က ကိုယ် နတ်ဆိုးဘုံ ကတည်းက သိခဲ့တဲ့ မိတ်ဆွေတစ်ယောက်ပဲ။ သူ့ကို သွားကယ်ရမယ်။”
မဒမ်-ဒေါ်လေးက ပြောလိုက်သည်။ “ကျွန်မ လိုက်မယ်။”
ချန်လွေ့ အံ့အားသင့်သွားသည်။ “မိစ္ဆာမျက်ရည်ပြာမှာ အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်တဲ့ စွမ်းရည် ရှိပေမယ့် နဂါးလင်းလက် အင်ပါယာက လူသား အင်ပါယာနှစ်ခုထဲက တစ်ခုပဲ။ သိဒ္ဓိကျောင်းတော် အမှုဆောင်တွေရဲ့ လှုပ်ရှားမှုတွေ အများကြီးရှိတယ်။ ကျောင်းတော်က အမှောင်ဒြပ်စင်တွေကို အတော်လေး ဆတ်ဆတ်ထိမခံဘူး။ နဂါးဧကရာဇ်ရဲ့ Dragon သိဒ္ဓိကြေးခွံနဲ့ အပြည့်အဝ မပေါင်းစည်းနိုင်ခင်မှာ မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်အောင်လို့ လူသားလောကထဲကို မသွားသင့်သေးဘူး။။ ဒီတစ်ခါ မင်းနဲ့ဇိုလာ ဒီမှာပဲနေ။ ကိုယ် တစ်ယောက်တည်း သွားမယ်။ ဆမ်မြူရယ်ကိစ္စ ပြီးရင် မင်းတို့ နှစ်ယောက်ဆီ ပြန်လာပြီး အဖော်လုပ်ပေးမယ်။”
ဇိုလာက ချန်လွေ့ ပြောသည်မှာ မှန်ကန်သည်ဟု ခံစားရပြီး ခေါင်းညိတ်လိုက်သည်။ “အင်း....”
“အိုး....” မဒမ်-ဒေါ်လေးက ဆွဲဆောင်မှုရှိသော မျက်လုံးများကို လှန်လိုက်သည်။ “ဒါပေမယ့်... ရှင် အရင်က နဂါးလင်းလက်အင်ပါယာရဲ့ မင်းသားလို့ ပြောခဲ့ဖူးတာ မှတ်မိတယ်။ ဒီတစ်ခါ ပြန်သွားရင် ရှင် အရင်က ချစ်ခဲ့တဲ့ မိန်းမလှတွေ ဒါမှမဟုတ် မိဖုရားတွေနဲ့ တွေ့ဦးမှာလား။”
မစ်-နတ်မိမယ်နဂါး၏ နားများ ရုတ်တရက် ထောင်လာပြီး အကြောင်းပြချက် အကုန် လွှင့်ပစ်ကာ အဖွဲ့ဖွဲ့ရန် လက်မြှောက်လိုက်သည်။ “ကျွန်မလည်း လိုက်မယ်။”
ချန်လွေ့- “...”
ထိုအချိန် ချန်လွေ့သည် လက်ကောက်ဝတ်မှ တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ ခြောက်ထောင့်ကြယ် အမှတ်အသားက ချစ်ချစ်တောက် အလင်းရောင် တောက်ပလာသည်။
ချန်လွေ့ ထိတ်လန့်သွားပြီး အသက်ပြင်းပြင်း ရှူလိုက်၏။ “ကြည့်ရတာ မင်းတို့ ဘယ်သူမှ သွားလို့မရတော့ဘူး ထင်တယ်။”
ထိုအရာက ဖိုက်သွန် အချက်ပြခြင်း ဖြစ်သည်။
ဖိုက်သွန်သည် ဥယျာဉ်မြို့ ဆင်ခြေဖုံးရှိ ခေါင်ပါးသော တောင်တန်းများတွင် ပြန်လည်ရှင်သန်ခြင်း ရေစင်ကို အသုံးပြု၍ အလင်းဒြပ်စင် စွမ်းအားကို ပေါင်းစပ်ကာ အင်အားအကြီးဆုံး စွမ်းအားကို ထုတ်ဖော်ရန် ကြိုးစားနေသည်။ မူလက ထိုအရာမှာ ၂လခန့် ကြာမြင့်မည်ဟု မှန်းဆထားခဲ့သည်။
ကလေးလေး အန်ဒါလူမှ ပေးထားသော သတင်း အချက်အလက်များအရ ဆမ်မြူရယ်တွင် ၂လခန့် အချိန် ရှိနေသေးသောကြောင့် သူသည် ဖိုက်သွန်ဘက်မှ ပြဿနာကို အရင်ဦးစွာ ဖြေရှင်းပေးသင့်ပေသည်။
ထိုခရီး၏ ပန်းတိုင်မှာ သေချာပေါက် သိဒ္ဓိအလင်းတောင် ဖြစ်ပေသည်။ ဖိုက်သွန်သည် နတ်ဘုရား-ယောင် အဆင့် ဝိညာဉ်ဖြစ်သော်လည်း သိဒ္ဓိအလင်းတောင်တွင် ကောင်းကင် တမန် ၃ပါး ရှိနေပြီး အလွန် အန္တရာယ်များသည်ဟု ပြော၍ရနိုင်သည်။ ဖိုက်သွန်ပင် မပေါ့ဆရဲပေ။ သူသည် အလင်းဒြပ်စင်ကို ပေါင်းစပ်ရန် တစ်လကျော် အချိန် ယူခဲ့ရသည်။ ထို့ပြင် ဖိုက်သွန်နှင့် ချန်လွေ့တို့က အကျိုးစီးပွားပေါ် အခြေခံသော ဆက်ဆံရေး ဖြစ်သည်။ ထိုအခြေအနေတွင် ဇိုလာနှင့် အစ်ဇဘယ်လာတို့ကို အတူတကွ ခေါ်သွား၍မရနိုင်ပေ။
“ဟမ်...” မစ်-နတ်မိမယ်နဂါးက မကြားလိုက်သလို ဟန်ဆောင်လိုက်သည်။
အရင်က ကစားနေခဲ့သော မစ်-ရင်းနီက ထိုတစ်ကြိမ်တွင် တိတ်ဆိတ်သွားပြီး ရယ်လိုက်သည်။ “ဇိုလာ။ ဒီတစ်ခါ... ငါတို့ တကယ် သွားလို့မရတော့ဘူး ထင်တယ်။”
“အိုး....” ဇိုလာက အစ်ဇဘယ်လာ၏ ဆုံးဖြတ်မှုကို ယုံကြည်နေဆဲ ဖြစ်တဲ့အတွက် ပြဿနာရှာမည့် အကြောင်းများ မပြောခဲ့ပေ။
“ဒီကိစ္စကြီးပြီးရင် နဂါးလင်းလက်အင်ပါယာကို အတူတူ သွားကြတာပေါ့။” ချန်လွေ့က အမျိုးသမီး နှစ်ယောက်၏ လက်များကို ဆုပ်ကိုင်လိုက်၏။