အခန်း (၄၅၇)
Vol. 31 Ch. 457
Chapter-457
ရွှမ်ယီက ၎င်းတို့အား အနည်းငယ်မျှ စိတ်မ၀င်စားချေ။
သူ၏ ဓားနှင့်လည်း ထိုက်တန်ခြင်းမရှိပေ။
ဤသို့ဖြင့် ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာခဲ့သည်။
လမ်းလျှောက်နေစဉ် အသိစိတ်ပင်လယ်အတွင်း လှိုင်းလုံးကြီးများ တစ်ဟုန်ထိုး ဖြစ်ပေါ်လာ၏။
ထို့နောက် အသိစိတ်ပင်လယ်၏ အလယ်ဗဟို၌ ကြည်လင်သော ဖန်ဂျီဓားပုံရိပ် ထွက်ပေါ်လာခဲ့သည်။
နောက်ဆုံးတွင် နေ့၀က်ခန့်ကြာသွားခဲ့ပြီးနောက် ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းသို့ ရွှမ်ယီ ရောက်လာခဲ့၏။
နောက်ကျိသော လေများအား ပါးစပ်မှတစ်ဆင့် မှုတ်ထုတ်လိုက်၏။ အသိစိတ်ပင်လယ် အတွင်း၌မူ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
တစ်ခဏကြာပြီးနောက် ယခင်ထက် ပို၍ ထက်ရှသော ဖန်ဂျီဓားပုံစံ ဓားရည်ရွယ်ချက် ပုံရိပ်လေးက အသိစိတ်ပင်လယ်အထက်၌ တိတ်တဆိတ် ထွက်ပေါ်လာ၏။
အဆင့်(၆) ဓားရည်ရွယ်ချက်က ကမ္ဘာကြီးနှင့် ပဲ့တင်ထပ်ခြင်းဖြစ်ပြီး အဆင့်(၇) ဓားရည်ရွယ်ချက်က ကမ္ဘာကြီးနှင့် ပေါင်းစပ်ခြင်းဖြစ်သည်။
ဓားချက် ထုတ်လွှတ်လိုက်သည်နှင့် ကမ္ဘာငယ်၏ စွမ်းအားများလည်း ပါ၀င်လာမည်ဖြစ်ကာ လေဟာနယ်အား လုံး၀ ပျက်စီးသွားစေနိုင်သည်။
တောင်ပိုင်းတိုက်ကြီးထက် (၁၀)ဆကျော် ပိုမိုတည်ငြိမ်သော အရှေ့ပိုင်းတိုက်ကြီးမှ လေဟာနယ်ပင် ထိုဓားစွမ်းအားအောက်၌ လက်မြှောက်အရှုံးပေးရပေလိမ့်မည်။
ကံမကောင်းစွာနှင့် သူက ထိုအဆင့်သို့မရောက်သေးချေ။
ရွှမ်ယီ အနည်းငယ် စိတ်ပျက်သွားခဲ့၏။
သူ၏ ဓားရည်ရွယ်ချက်က ယခင်ထက် ပို၍ အစွမ်းထက်သွားသော်လည်း အဆင့်(၇)သို့ရောက်ရန် သေးငယ်သော အတားအဆီးလေးတစ်ခု ရှိနေသေးသည်။
သို့သော် ရွှမ်ယီထံ၌ လုံလောက်သော နားလည်သိမြင်မှုများ ရှိနေခဲ့ပြီဖြစ်ပြီး အဆင့်ချိုးဖျက်ရန် ပြင်းထန်သော တိုက်ပွဲတစ်ခုသာ လိုအပ်တော့၏။
ရွှမ်ယီ မျက်လုံးပင့်ပြီး ရှေ့သို့လှမ်းကြည့်လိုက်သည်။
ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအပြင်ဘက်တွင် ခမ်းနားသော ရထားလုံးများစွာ ရပ်ထားခဲ့ပြီး နတ်ဆိုးများ၏ ဟိန်းဟောက်သံများက ကောင်းကင်ကြီးကိုပင် ကွဲအက်သွားစေတော့မည့်အလားပင်။
သို့သော် ရွှမ်ယီ ဖြတ်လျှောက်သွားချိန်တွင် နတ်ဆိုးများအားလုံး ခေါင်းငုံ့သွားခဲ့ကြပြီး အသံအနည်းငယ်မျှ မထွက်ဝံ့ကြချေ။
ရွှမ်ယီက မည်သည့် အရှိန်အဝါမျှ ထုတ်ဖော်ထားခြင်းမရှိသည့်တိုင်အောင် နတ်ဆိုးများ၏ နှလုံးသား အနက်ရှိုင်းဆုံးအပိုင်းမှ အလိုလျှောက် ထိတ်လန့်နေခဲ့ကြသည်။
“ အဲ့တာ ဘယ်အင်အားစုကြီးက ဆက်ခံသူများလဲ… သူ့ဆီက ထွက်ပေါ်နေတဲ့အငွေ့အသက်က အင်ပါယာတွေနဲ့တောင် ယှဉ်နိုင်စွမ်းရှိတယ်…”
ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်း အ၀င်၀မှ အစောင့်များ အံ့အားသင့်သွားခဲ့ကြ၏။
သူတို့အားလုံး အနည်းငယ်မျှ မထီမဲ့မြင် မပြုဝံ့ဘဲ လေးလေးစားစား ဖိတ်ခေါ်လိုက်ကြသည်။
“ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ အချက်အလက်တွေ ပြောပြလို့ရမလား…”
ကောင်းကင်ချိုင့်ဝှမ်းသို့ လာရောက်သူများ၏ အချက်အလက်များအား စာရင်းကောက်ပြီး မှတ်တမ်းတင်ထားရန် တာ၀န်ယူထားသော အစောင့်က ဂရုတစိုက်မေးလိုက်သည်။
“ နာမည်က ရွှမ်ယီ… နောက်ခံကတော့……”
ရွှမ်ယီ တခဏမျှ စဉ်းစားလိုက်၏။
စနစ်မှ ပေးအပ်ထားသော အဓိက တာ၀န်က အရှေ့ပိုင်းတိုက်ကြီး၌ ဂိုဏ်းတစ်ခု ထူထောင်ရန်ဖြစ်ပြီး ပင်မ တပည့်များ၏ ပါရမီရမှတ်က (၄၀၀) ကျော်ရန်လိုအပ်သည်။
ပါရမီရမှတ် (၃၀၀) ကျော် ပိုင်ဆိုင်ထားပါက အင်ပါယာအဆင့်၌ ထိပ်ဆုံးသို့ ရောက်ရှိနိုင်သည်။
(၄၀၀) ထက်ပိုပါက တာအိုအရှင်သခင်အဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်၏။
သို့သော် ရမှတ် (၄၀၀)ကျော်သူတိုင်း တာအိုအရှင်သခင်အထက်မှ နောက်တစ်ဆင့်သို့ ရောက်ရန်မလွယ်ပေ။
ဤသို့ဖြင့် ရွှမ်ယီ အကြံတစ်ခု ထွက်ပေါ်လာ၏။
“ နက်နဲခြင်း အင်ပါယာဂိုဏ်းလို့ မှတ်ထားလိုက်ပါ…”
“နက်နဲခြင်း အင်ပါယာဂိုဏ်းလား…?”
ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းသို့ ရောက်ရှိလာသူများအား မှတ်တမ်းတင်ရန် တာဝန်ယူထားသူ အလွန်အံ့အားသင့်သွားခဲ့၏။
ဒါက ဘယ်ဂိုဏ်းများလဲ…?
ဒီလောက်တောင် ကြီးစိုးတဲ့နာမည်…
အဘယ်ကြောင့် ယင်းအား သူ မကြားဖူးခဲ့သနည်း။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် သူ၏အဖော်ဖြစ်သူက ပခုံးအား ပုတ်ကာ လှုပ်နှိုးလိုက်သည်။
“အရူးကောင်… အဲတာ လျှို့ဝှက်ဂိုဏ်းတစ်ခုဖြစ်နိုင်တယ်”
လေသံတိုးတိုးဖြင့် သတိပေးလိုက်၏။
ထိုအခါ မှတ်တမ်းတင်ရန် တာဝန်ယူထားသူလည်း ပြန်လည်သတိဝင်လာခဲ့ပြီး နက်နဲခြင်းအင်ပါယာဂိုဏ်းဟူသော အမည်အား အလျင်အမြန် ချရေးလိုက်သည်။
သို့သော် ရေးသားထားသော အင်ပါယာနက်နဲခြင်းဂိုဏ်းဟူသည့် နာမည်အား ဖတ်ကြည့်လိုက်ရင်း အနည်းငယ် အံ့အားသင့်ဆဲပင်။
တောင်ပိုင်းနယ်မြေတွင် လျှို့ဝှက်ဂိုဏ်းကြီးတချို့ ရှိနေသည်က အမှန်ပင်ဖြစ်၏။
ထို ဂိုဏ်းကြီးများက လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းကျော်အချိန်တွင် တည်ရှိခဲ့ခြင်းဖြစ်ပြီး အင်အားလည်း အလွန် တောင့်တင်းခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ၎င်းတို့၏ လွှမ်းမိုးမှုများ တဖြည်းဖြည်း လျော့ကျလာခဲ့ကာ ၎င်းတို့ အမွေအနှစ်များအား ထိန်းသိမ်းရန်အတွက် အချိန်မီ လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြ၏။
သို့သော် ထိုဂိုဏ်းကြီးများအကြား၌ပင် နက်နဲခြင်း အင်ပါယာဂိုဏ်းဟူသော အမည်ကို ဘယ်တုန်းကမှ ကြားဖူးခဲ့ခြင်း မရှိချေ။
နက်နဲခြင်း အင်ပါယာဂိုဏ်း…!
ရွှမ်ယီ…!
ထိုအချိန်တွင် ရွှမ်ယီက ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအတွင်းသို့ ရောက်နေချေပြီ။
နက်နဲခြင်း အင်ပါယာဂိုဏ်းအတွက်မူ ထိုအမည်အား သူက ဒီအတိုင်းပေးလိုက်ခြင်းဖြစ်သည်။
အရှေ့ပိုင်းတိုက်ကြီးက အလွန်ကြီးမားကျယ်ပြန့်ပြီး မဟာဂိုဏ်းကြီးများ၊ ရှေးဟောင်းမင်းဆက်များနှင့် ရှေးဟောင်းမျိုးနွယ်စုများ အများအပြား တည်ရှိနေခဲ့သည်။
ဤနေရာသို့ ရောက်လာသော ပါရမီရှင်များက ထိုအင်အားစုကြီးများမှ ဆက်ခံသူများ ဖြစ်ကြ၏။
သို့သော် ရွှမ်ယီ၏ နက်နဲခြင်း အင်ပါယာဂိုဏ်းအတွက်မူ တပည့်တစ်ယောက်တည်းသာ ရှိသေးသည်။
သို့သော် သူမက တာအိုအရှင်သခင်အထက်အဆင့်သို့ပင် ရောက်နိုင်ခြေရှိသော ပါရမီအား ပိုင်ဆိုင်ထားသူ ဖြစ်၏။
ဤနေရာမှ မြင့်မြတ်သားတော်များ၊ ရွေးချယ်ခံများအနေဖြင့် ရွယ်တူများအကြား အလွန်အစွမ်းထက်သော ပါရမီအား ပိုင်ဆိုင်ထားခြင်း မရှိပါက သူ၏ဂိုဏ်းအတွင်းသို့ပင် ဝင်ရန်အရည်အချင်း ပြည့်မီခြင်း မရှိပေ။
“ဒီပါရမီရှင်စုဝေးပွဲက နည်းနည်းတော့နိမ့်ကျနေပုံပဲ…”
ရွှမ်ယီ ကောင်းကင်ဝိညာဉ်ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် အချင်းချင်း ရယ်ရယ်မောမော စကားပြောဆိုနေကြသည့် ပါရမီရှင်များအား တွေ့လိုက်ရသည်။
ထိုအထဲမှ လူအများစုမှာ အသက်(၁၀၀)အောက်များသာ ဖြစ်ကြ၏။
၎င်းတို့၏ ကျင့်ကြံမှုများကလည်း မဆိုးလှပေ။ အနည်းဆုံး လူသားဘုရင်အဆင့် အထွတ်အထိပ်၌ ရှိကြ၏။
သို့သော် ပါရမီနှင့် ပတ်သက်လျှင်မူ ၎င်းတို့က အလွန်အားနည်းလွန်းလှ၏။
ရွှမ်ယီ ကြည့်ရသလောက်ဆိုလျှင် အများစုက အမှတ်(၁၀၀)ဝန်းကျင်လောက်သာ ရှိပြီး (၁၂၀)သို့ ရောက်နေသူမှာပင် အလွန် နည်းပါးလှသည်။
ပြောရမည်ဆိုလျှင် အရှေ့ပိုင်းတိုက်ကြီးက တောင်ပိုင်းတိုက်ကြီးထက် အဆပေါင်းများစွာ ချမ်းသာကြွယ်ဝပြီး အရင်းအမြစ်များလည်း ရှားပါးခြင်း မရှိပေ။
ထိုအရင်းအမြစ်များ အကူအညီဖြင့် အသက်(၁၀၀)မတိုင်မီ လူသားဘုရင်အဆင့်သို့ ရောက်ရှိနေခြင်းမှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။
“မင်းကြားပြီးပြီလား… တိမ်လွှာမင်းဆက်ရဲ့ မင်းသမီးလည်း ထွက်ပေါ်လာပြီ… သူမက လွန်ခဲ့တဲ့နှစ်တွေအတွင်း အနောက်ပိုင်းကန္တာရမှာ လေ့ကျင့်နေခဲ့တာ… မကြာသေးမီက ပြန်ရောက်လာပြီလို့ သတင်းကြားတယ်…”
“ ပြီးတော့ ငါကြားရသလောက်ဆိုရင် သူမရဲ့အင်ပါယာခန္ဓာကိုယ်ကလည်း ပြည့်စုံလုနီးပါးဖြစ်နေပြီ… ငါတို့အားလုံးထဲမှာ သူမက အင်ပါယာအဆင့်ကို ပထမဆုံးရောက်မယ့်လူ ဖြစ်နိုင်တယ်…”
ထိုဆွေးနွေးသံများအား ကြားလျှင် ရွှမ်ယီ၏ မျက်ဝန်းများ အနည်းငယ်တောက်ပသွား၏။
တိမ်လွှာမင်းဆက်မှ မင်းသမီး...
မြင့်မြတ်ခြင်းမူလလေလံစံအိမ်ရှေ့တွင် တွေ့ခဲ့သော ခရမ်းရောင်ဆံပင်နှင့် အလွန်လှပသော မိန်းကလေးအကြောင်း ပြန်လည်တွေးမိလိုက်၏။
သို့သော် ထိုအချိန်တုန်းက ရွှမ်ယီ သူမအား ဂရုစိုက်ခဲ့ခြင်း မရှိပေ။ ယခု ပြန်လည်စဉ်းစားကြည့်လိုက်လျှင် သူမထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက အနည်းငယ် လျှို့ဝှက်ဆန်းကြယ်နေဟန်ရပြီး အင်ပါယာအဆင့်တံခါးဝသို့ ရောက်နေခဲ့ချေပြီ။