အခန်း (၄၅၈)
Vol. 31 Ch. 458
Chapter-458
“ငါတို့မျိုးဆက်က ပါရမီရှင်တွေနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင်.. မြင့်မြတ်ခြင်းမူလလေလံစံအိမ်ရဲ့ အရှေ့မှာ အသင်္ချေနဂါးမင်းဆက်က ပဉ္စမမင်းသားကို သတ်ခဲ့တဲ့လူကိုလည်း မေ့ထားလို့မရဘူး… သူက ငါတို့မျိုးဆက်ရဲ့ အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်နိုင်တယ်…”
တစ်စုံတစ်ယောက်က နှိမ့်ချသော လေသံဖြင့် ပြောလိုက်သည်။
လေလံစံအိမ်ရှေ့မှ ရွှမ်ယီ၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး အနည်းငယ်ကြောက်လန့်နေခဲ့ကြောင်း ထင်ရှား၏။
သူ၏နံဘေးမှ လူများကလည်း ထိုစကားအားကြားလျှင် အားလုံး ခေါင်းညိတ်သဘောတူလိုက်ကြသည်။
သို့သော် ထိုအချိန်တွင် ဆန့်ကျင်ဘက်စကားသံတစ်ခု ထွက်ပေါ်လာ၏။
“ဟမ့်… အသင်္ချေနဂါးမင်းဆက်က အမှိုက်ကို သတ်ခဲ့တာနဲ့ ဒီလောက်တောင် အစွမ်းထက်သွားပြီလား… ကြည့်ရတာ နွားခြေရာခွက်ထဲက ဖားလေးတွေပဲကိုး…”
မလှမ်းမကမ်းမှ လူငယ်တစ်ယောက်က နှာခေါင်းရှုံ့လိုက်ရင်း အထင်သေးစွာ ပြောလိုက်သည်။
သို့သော် ပြောခံလိုက်ရသူများအတွက်မူ ၎င်းတို့အားလုံး ပါရမီရှင်များချည်းသာဖြစ်ကြပြီး ထိုလှောင်ပြောင်လိုက်သူထက် အနည်းငယ်နိမ့်ကျနေနိုင်သည့်တိုင် လုံးဝကြောက်ရွံ့ခြင်းတော့ မရှိကြပေ။
ထို့ကြောင့် အပြောခံလိုက်ရသူက မကျေမနပ်ဖြင့်
“လျူရွှမ်... မင်းကိုယ်တိုင်လည်း လေလံစံအိမ်ရှေ့က တိုက်ပွဲကို မြင်ခဲ့မှာပဲ… သူက ပဉ္စမမင်းသားကို သတ်ခဲ့ရုံတင်မကဘူး… အသင်္ချေနဂါးမင်းဆက်က အကြီးအကဲကိုပါ ဒဏ်ရာရသွားစေခဲ့တယ်ဆိုတာ မေ့သွားပြီလား…”
ရွှမ်ယီအား နှိမ့်ချစကားဆိုခဲ့သော လျူရွှမ်ဆိုသည့်လူငယ်က မဟာမူလကုန်းမြေမှ လာခြင်းဖြစ်ကာ မျှော်စင်မှ သန့်စင်ခြင်းနတ်ဘုရားသားတော်နှင့် အလွန်ရင်းနှီး၏။
ထိုနေ့က လေလံပွဲတွင် ရွှမ်ယီက တိမ်ကျောက်စိမ်းပုလဲအား လုယူသွားခဲ့သည်။
သူကိုယ်တိုင် ထွက်ပေါ်လာခြင်း မဟုတ်သည့်တိုင် လူတိုင်းက လေလံစံအိမ်ရှေ့တွင် ပဉ္စမမင်းသားအား သတ်ခဲ့သူဟု မှန်းဆမိခဲ့ကြသည်။
ထို့ကြောင့် ရွှမ်ယီနှင့်ပတ်သက်ပြီး လျူရွှမ် ကောင်းမွန်သော အမြင်မရှိချေ။
သူက ဆက်လက်ပြီး
“သူက ပထမအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်ကို ဒဏ်ရာအပြင်းအထန်ရစေခဲ့တယ်လို့ ဘယ်လိုလုပ်ပြီးပြောနိုင်တာလဲ... ငါ ပြီးတော့ မင်းတို့အားလုံးဆီမှာ အင်ပါယာအဆင့်ကျင့်ကြံသူတွေကို တိုက်ခိုက်နိုင်တဲ့ မှော်ရတနာတွေ ပိုင်ဆိုင်ထားတာပဲလေ…”
ထိုစကားအား ကြားလျှင် လူအုပ်ကြီး တိတ်ဆိတ်သွားခဲ့၏။
ထို့နောက် လေလံစံအိမ်ရှေ့မှ တိုက်ပွဲအား ခွဲခြမ်းစိတ်ဖြာ၍ စဉ်းစားကြည့်လိုက်လျှင် ထိုတိုက်ပွဲက ရုတ်တရက် စတင်ခဲ့ခြင်းဖြစ်ပြီး အလျင်အမြန်ပြီးဆုံးသွားခဲ့သည်။
တိုက်ခိုက်မှုတစ်ခုအပြီးတွင် ပဉ္စမမင်းသား သေဆုံးသွားခဲ့ကာ အင်ပါယာအဆင့်အကြီးအကဲလည်း ဒဏ်ရာအပြင်းအထန်ရသွားခဲ့၏။
ထိုသို့စဉ်းစားကြည့်မည်ဆိုလျှင် လျူရွှမ်၏ စကားများက အဓိပ္ပာယ်ရှိပေသည်။
အားလုံးတိတ်ဆိတ်သွားသည်ကို မြင်လိုက်လျှင် လျူရွှမ် အလွန်ကျေနပ်သွားပြီး ဆက်ပြောချင်လာခဲ့သည်။
သို့သော် သူနှင့်ငြင်းခုံနေခဲ့သော လူငယ်၏ ရုတ်တရက်ထူးဆန်းသွားသော အမူအရာအား မြင်လိုက်လျှင်
“ဟေး… အဲဒါ ဘာဖြစ်တာလဲ..”
လျူရွှမ်ပြောလိုက်ပြီးသည်နှင့် ထိုလူငယ်ကြည့်နေသော နေရာသို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ နံဘေးမှ ဖြတ်သွားသော ရွှမ်ယီအား တွေ့လိုက်ရ၏။
လျူရွှမ် အနည်းငယ် ကတုန်ကယင် ဖြစ်သွားခဲ့သည်။
သူကိုယ်တိုင်လည်း အင်အားစုကြီးတစ်ခုမှ အမွေဆက်ခံသူဖြစ်ကာ ကောင်းကင်ဘုရင်အဆင့်သို့ ရောက်နေခဲ့ပြီဖြစ်ပြီး နတ်အသိစွမ်းအားကလည်း တော်တော်လေး အစွမ်းထက်ပေသည်။
သို့သော် ထိုရွှမ်ယီဆိုသည့်လူက ၎င်း၏အရှိန်အဝါများအား ထိန်းချုပ်ထားခြင်း မရှိခဲ့သည့်တိုင်အောင် သူ့အနေဖြင့် နံဘေးမှဖြတ်သွားစဉ် အနည်းငယ်မျှ အာရုံမခံနိုင်ခဲ့ပေ။
သူနှင့်ငြင်းခုံနေသော လူငယ်၏ ထူးဆန်းသော အမူအရာကို မြင်လိုက်ပြီးကာမှ သတိပြုမိခဲ့ခြင်းဖြစ်သည်။
၎င်းအား တွေးမိလျှင် လျူရွှမ်၏ နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားခဲ့သည်။
ထိုအခြင်းအရာက ရွှမ်ယီ၏ နတ်အသိစွမ်းအားက အလွန်မြင့်မားသော အဆင့်တစ်ခုသို့ ရောက်နေပြီဟု ဖော်ပြနေခြင်း မဟုတ်ပေလော။
ရွှမ်ယီက မိမိ၏ အရှိန်အဝါအား တကူးတက ဖုံးကွယ်မထားသည့်တိုင်အောင် သူ၏ အရှိန်အဝါက ကမ္ဘာကြီးနှင့် တစ်သားတည်းပေါင်းစပ်နေခဲ့သည်။
သူ့ထက် ကျင့်ကြံဆင့်မြင့်သူများသာလျှင် ထွက်ပေါ်နေသည့် အရှိန်အဝါကို ခံစားနိုင်လိမ့်မည်။
သို့သော် လျူရွှမ်အား အဓိက အံ့အားသင့်သွားစေသည့်အရာမှာ ရွှမ်ယီက သူပြောခဲ့သော စကားများကို လျစ်လျူရှုထားခဲ့ခြင်းပင်။
ရွှမ်ယီဘက်တွင်မူ လျူရွှမ်၏ပါရမီက အလွန်နိမ့်ကျလွန်းလှသည်။ ၎င်းက ပါရမီအမှတ် (၁၀၀)စွန်းစွန်းသာ ရှိ၏။
ထို့အပြင် သူက ဤနေရာသို့ တွေ့သမျှလူနှင့် တိုက်ခိုက်ရန် ရောက်လာခြင်း မဟုတ်ပေ။
သူက ထိုလူများနှင့် ယှဉ်ပါက အလွန်ငယ်ရွယ်သေးနေခဲ့ရုံသာမက ၎င်းတို့အားလုံးကို ဖိနှိပ်ထားရန် လုံလောက်သည်။
၎င်းတို့ အကြီးအကဲများ ရောက်မလာမချင်း သူနှင့်တိုက်ခိုက်ရန် အရည်အချင်း မပြည့်မီပေ။
ရွေးချယ်ခံလား?
မြင့်မြတ်သားတော်လား?
၎င်းတို့နှင့် တိုက်ခိုက်နေရန် စိတ်မဝင်စားပေ။ သူ စိတ်ဝင်စားသော အရာက ၎င်းတို့အကြား၌ တပည့်လက်ခံရန် သင့်တော်သည့်လူ ရှိ၊ မရှိသာဖြစ်သည်။
သို့သော် လျူရွှမ်ဘက်တွင်မူ ရွှမ်ယီ၏ လျစ်လျူရှုမှုအား ခံရခြင်းက အလွန်အရှက်ရသွားစေ၏။
“ရွှမ် မျိုးရိုးကောင်… မင်း ငါနဲ့ တိုက်ရဲလား”
လျူရွှမ် အော်ဟစ်လိုက်သည်။
ထို့နောက် သူ၏လက်ထဲတွင် သက်တံရောင် လှံတစ်ချောင်း ဖြစ်ပေါ်လာပြီး ရွှမ်ယီအား တိုက်ရိုက်ညွှန်ပြလိုက်သည်။
ရွှမ်ယီက တစ်ချက်လှည့်ကြည့်လိုက်သော်လည်း ဘာမှမထူးခြားဟန်ဖြင့် ပြန်လှည့်လိုက်သည်။
ထို့နောက် လျူရွှမ်၏ စိန်ခေါ်မှုအား လျစ်လျူရှုကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့၏။
“ရွှမ်ယီ တော်တော်လွန်တာပဲ...”
လျူရွှမ်၏ မလှမ်းမကမ်းမှ ပါရမီရှင်တစ်ယောက်က မျက်မှောင်ကြုတ်ရင်း စကားဆိုလိုက်သည်။
သူက လျူရွှမ်နှင့်ပတ်သက်ပြီး အထင်ကောင်းအမြင်ကောင်းများ မရှိသော်လည်း ရွှမ်ယီ၏အပြုအမူက အလွန်မောက်မာကြောင်း ခံစားမိခဲ့၏။
လျူရွှမ်အနေဖြင့် မည်မျှအားနည်းသည်ဆိုစေကာမူ ၎င်းက မြင့်မြတ်သားတော်တစ်ဦး ဖြစ်နေဆဲဖြစ်ကာ အသင်္ချေနဂါးမင်းဆက်မှ ပဉ္စမမင်းသားနှင့် ခြားနားသည်။
ရွှမ်ယီက သူတို့နောက်ခံများနှင့် ပတ်သက်၍ ဘာမှသိရှိထားခြင်း မရှိသော်လည်း ၎င်းတို့က တောင်ပိုင်းကောင်းကင်တံခါးတွင် ရှိနေခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာပြီဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ကောင်းစွာနားလည်ထားကြ၏။
အသင်္ချေနဂါးမင်းဆက်မှ ပဉ္စမမင်းသားက ၎င်း၏မိခင်ကို အားကိုးကာ အသင်္ချေနဂါးမင်းဆက်၌ အလွန်မြင့်မားသော အဆင့်အတန်းအား ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုလူက ပါရမီရှင် မြင့်မြတ်သားတော်များ မဆိုထားနှင့် အသင်္ချေနဂါး အင်ပါယာမှ သူ၏ ညီအစ်ကိုများနှင့်ပင် ယှဉ်ပြိုင်နိုင်ခြင်း မရှိချေ။
လျူရွှမ် ကြုံးဝါးလိုက်သည်။
ထို့နောက် သူ၏လက်တွင်းမှ လှံက အပြာရောင်အလင်းများဖြင့် တောက်ပလာခဲ့ပြီး အရာအားလုံးကို ဖျက်ဆီးတော့မည့် သမုဒ္ဒရာကြီးတစ်စင်းအလား ဖြစ်လာခဲ့သည်။
ထို့အပြင် လှံပေါ်တွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းရုန်းများ ဖြစ်ပေါ်လာခဲ့ပြီး တိုက်ခိုက်မှုစွမ်းအားကို အဆပေါင်းများစွာ မြင့်တက်သွားစေ၏။
ဘုန်း…
လှံတံမှနေ၍ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ၎င်း၏အဖျားက အလွန်ထက်ရှလာခဲ့ကာ လေဟာနယ်ကိုပင် ဆုတ်ဖြဲနေခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်းရုန်းများ ထွက်ပေါ်လာသည်နှင့် စွမ်းအင်လှိုင်းလုံးကြီးတစ်ခု ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွား၏။
ပတ်ဝန်းကျင်မှ လူများအားလုံး အမူအရာများ ပြောင်းလဲသွားပြီး နောက်ဆုတ်လိုက်ကြသည်။ သူတို့က ထိုရုန်းထွက်ပေါ်လာသည့် စွမ်းအားများနှင့် နီးကပ်စွာ မနေရဲကြပေ။
“ဒါက မဟာမူလကုန်းမြေရဲ့ ထိပ်တန်းအမွေအနှစ်တွေထဲက တစ်ခုပဲ… မဟာမူလ ကြယ်ဖျက်ဆီးခြင်းရုန်းစွမ်းအားဖြစ်ပြီးတော့ တစ်ချက်တည်းနဲ့ ကြယ်တွေကိုတောင် ဖြိုခွင်းနိုင်စွမ်းရှိတယ်”
ပတ်ဝန်းကျင်မှ ပါရမီရှင်များ အလွန်ထိတ်လန့်တုန်လှုပ်သွားကြ၏။
ဤသည်မှာ ရွေးချယ်ခံပါရမီရှင်များနှင့် သာမန်ပါရမီရှင်များအကြား ခြားနားချက်ဖြစ်ပေသည်။
လျူရွှမ်မည်မျှ အားနည်းသည်ဟုဆိုစေကာမူ သူက မြင့်မြတ်သားတော်တစ်ဦးဖြစ်နေဆဲပင်။
အသင်္ချေနဂါးမင်းဆက်မှ ပဉ္စမမင်းသားနှင့် အလွန်ခြားနား၏။
[ Note . နာမည်ပေးတာ ညံ့တယ်တော့လည်းမဟုတ်ပါဘူး ။ Tower လို့ရေးထားတော့လည်း မျှော်စင်ပေါ့ ။ Emperor Profound Sect ဆိုတော့ နက်နဲခြင်း အင်ပါယာဂိုဏ်း ပေါ့ ]