ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် နှစ်....
Vol. 20 Ch. 302
အဋ္ဌမအလွှာကို တက်လှမ်းခြင်း၏ အခက်ခဲဆုံးအပိုင်းဖြစ်သော အတွင်းကမ္ဘာဖန်တီးခြင်းကို လင်းယွမ်က ပြီးမြောက်သွားပြီဖြစ်သည်။ ယခု လင်းယွမ်လိုအပ်သည်မှာ စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်ရန် သူ၏ စိတ်ဝိညာဉ်ကို သန်မာစေရန် ဖြစ်သည်။
သို့သော် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ကျော်လွှားရန်ဟူ၍ နည်းလမ်းမရှိပေ။ လူသားမျိုးနွယ်၏ အဓိကနည်းလမ်းမှာ အသက်ရှည်ကြာစွာ နေထိုင်ရန်သာ ဖြစ်သည်။
" ငါ နောက်တစ်ခါဆင်းသက်ရင် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်ရမယ်။ အဆင်မပြေရင် ဆင်းသက်တာကို ရပ်တန့်ပြီး မူလကမ္ဘာကို ပြန်လာလို့ရတယ်။ " လင်းယွမ်က ၎င်းကို ဖြတ်လမ်းနည်းဟု ယူဆပြီး တွေးနေသည်။
အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ဖြတ်ကျော်နိုင်စွမ်းကို အသုံးချပြီး စိတ်နှလုံးနတ်ဆိုးကို ၎င်း၏ ပစ်မှတ် ဆုံးရှုံးသွားစေရန် ဖြစ်သည်။
" အချိန်တန်ရင် သိရမှာပဲ။ အမှန်တော့ ငါ့ရဲ့ အသက်ကလည်း မငယ်ပါဘူး။ ငါဖြတ်သန်းခဲ့တဲ့ ကမ္ဘာတွေရောဆို နှစ်တစ်ထောင်ကျော်နေပြီ။ "
လင်းယွမ်က စဉ်းစားနေချိန်တွင် ဉာဏ်ပညာနတ်ဘုရား၏ အသံ ထွက်ပေါ်လာသည်။
" လေးစားရပါသော အဆင့်ခြောက်နိုင်ငံသား လင်းယွမ် သင်ပို့ပေးသော သတ္တမအလွှာကဏ္ဍကို အကဲဖြတ်ပြီးပါပြီ။ "
" အိုး ကောင်းမှုအမှတ် ဘယ်လောက်ရလဲ။ " လင်းယွမ်က သိချင်သွားသည်။ အချိန်ကြာမြင့်မှုအရ သတ္တမအလွှာကဏ္ဍ၏ တန်ဖိုးက အလွန်မြင့်ပေလိမ့်မည်။
" သတ္တမအလွှာကဏ္ဍရဲ့ တန်ဖိုးက ကောင်းမှုအမှတ် သုံးသန်းတန်ဖိုးရှိပါတယ်။ " ဉာဏ်ပညာနတ်ဘုရားက ပြန်ဖြေလိုက်သည်။
" ကောင်းမှုအမှတ် သုံးသန်း..." လင်းယွမ်က အံ့အားသင့်သွားသည်။ သူက တစ်သန်း သို့မဟုတ် နှစ်သန်းနီးပါးသာ ရလိမ့်မည်ဟု ထင်ခဲ့သည်။ သူက ကောင်းမှုအမှတ် သုံးသန်းရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကောင်းမှုအမှတ် သုံးသန်းက မျိုးနွယ်ခြားစစ်မြေပြင်တွင် အဋ္ဌမအလွှာ မျိုးနွယ်ခြားသုံးယောက်ကို ကိုယ်ပွားမဟုတ်ဘဲ အစစ်အမှန် သတ်ဖြတ်ခြင်းနှင့် ညီမျှလေသည်။
သို့သော် မျိုးနွယ်ခြားစစ်မြေပြင်တွင် အဋ္ဌမအလွှာ မျိုးနွယ်ခြားများက သတ်ဖြတ်ရန် ခက်ခဲလှပြီး ချီခွန်ကြယ်သခင်ပင် ကိုယ်ပွားများကိုသာ ဝါးမြိုနိုင်ခဲ့သည်။
ထို့အပြင် အဋ္ဌမအလွှာ မျိုးနွယ်ခြားများက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများနှင့် အတူတူဖြစ်ပြီး နတ်ဘုရားသုံးပါးထံမှ ကြယ်နယ်မြေအုပ်ချုပ်ခွင့်ကို တောင်းဆိုပြီး ဘုရင်တစ်ပါးအဖြစ် အုပ်စိုးနိုင်လေသည်။
" လုံးဝမဆိုးဘူး။ " လင်းယွမ်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ အချက်အလက်တွေကို စစ်ဆေးကြည့်ရအောင်..." လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူများသာ မြင်နိုင်သော အပိုင်းကို ဖွင့်လိုက်သည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာကို ရောက်နိုင်ချေ ၇၀ ရာခိုင်နှုန်းရှိတယ်။ " လင်းယွမ်က အနည်းငယ် အံ့ဩသွားသည်။
၎င်းမှာ လင်းယွမ် မသေလျှင် အနာဂတ်တွင် သူက ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်ဖြစ်လာရန် ပြည့်စုံပြီး တည်ငြိမ်သော အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ဖန်တီးရန် လိုအပ်လေသည်။
အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သီအိုရီများစွာ ပါဝင်ပြီး ဖန်တီးသူတိုင်းက ဆင့်ကဲပြောင်းလဲခြင်း၏ ကဏ္ဍများစွာကို နားလည်ထားရန် လိုအပ်လေသည်။
လွန်ခဲ့သော နှစ်တစ်သန်းကျော်အတွင်း ချီခွန်ကြယ်နယ်မြေတွင် ဆင့်ကဲပြောင်းလဲခြင်းပညာရှင် သုံးယောက်သာ ထွက်ပေါ်လာခဲ့သည်။
" နဝမအလွှာကို ရောက်နိုင်ချေက သုံးဆယ်ရာခိုင်နှုန်း..." လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားသည်။ ယခင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အကဲဖြတ်ရာတွင် အဋ္ဌမအလွှာက အကန့်အသတ်ဖြစ်သည်။
" နဝမဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်...." ယခုအချိန်ထိ လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ နဝမအလွှာကို မစဉ်းစားခဲ့ပေ။
သို့သော် နတ်ဘုရားသုံးပါးက လက်ရှိသိုင်းတာအိုမှာ နဝမအလွှာကို တက်လှမ်းနိုင်ချေရှိသည်ဟု ပြောသောကြောင့် လင်းယွမ်လျှောက်သောလမ်းက မှန်ကန်သည်ကို ထောက်ပြနိုင်လေသည်။
" ဟုတ်သားပဲ။ ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှာ သိုင်းတာအိုက ဘယ်အဆင့်ရောက်သွားလဲကြည့်ရအောင်။ " လင်းယွမ်က အဆင့်သတ်မှတ်ချက်ကို ကြည့်လိုက်သည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် တစ်... ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှာ...." လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အံ့ဩသွားသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဆဋ္ဌမအလွှာကဏ္ဍကို တင်ပြီးချိန်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် အဆင့်ခြောက်ဖြစ်လေသည်။ ၎င်းကပင် အံ့ဩစရာကောင်းနေပြီဖြစ်သည်။
ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်ထဲမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မျက အလွန်စွမ်းအားကောင်းသော သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များဖြစ်ပြီး ထိပ်ဆုံးသုံးခု အဋ္ဌမအလွှာများ ဖြစ်ကြသည်။ ၎င်းတို့က ဆင့်ကဲပြောင်းလဲခြင်းပညာရှင်သုံးဦးက ဖန်တီးထားခြင်းဖြစ်သည်။
နှစ်ပေါင်းသန်းချီအတွင်း ထိုအဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်သုံးခုက မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများကို မွေးထုတ်ပေးခဲ့သည်။
ထို့ကြောင့် ဆဋ္ဌမအလွှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် ခြောက်သို့ ရောက်နိုင်ခြင်းမှာ အံ့ဩစရာကောင်းလှသည်။ ယခု သတ္တမအလွှာကို တင်လိုက်ချိန်တွင် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အဆင့် ငါး သို့မဟုတ် အဆင့်လေး ရောက်သွားမည်ဟု ထင်ခဲ့သည်။
အဆင့်လေး သို့မဟုတ် အဆင့်ငါးနှင့်ပင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချီခွန်ကြယ်နယ်မြေထဲရှိ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထဲတွင် အသန်မာဆုံးဖြစ်လေသည်။ သို့သော် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မမျှော်လင့်ထားသော အဆင့်တွင် တွေ့လိုက်ရသည်။
" ချီခွန်ဆင့်ကဲပြောင်းလဲခြင်း အဆင့်နှစ်..."
၎င်းက ဉာဏ်ပညာနတ်ဘုရား၏ နောက်ဆုံးဆုံးဖြတ်ချက်ဖြစ်လေသည်။ ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် နှစ်။ ၎င်းက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှစ်ခုကို ကျော်လွန်သွားခဲ့သည်။
" အဲ့ဒါက တော်တော်...." လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။
လင်းယွမ်၏ စိတ်ထဲတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာသို့ တက်လှမ်းရန် ခက်ခဲသော အလုပ်တစ်ခုမဟုတ်ဘဲ ဉာဏ်အလင်းရရှိရန်သာ လိုအပ်လေသည်။
နတ်ဘုရားသုံးပါး၏ အကဲဖြတ်မှုတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာသို့ ရောက်နိုင်ချေ ၇၀ ရာခိုင်နှုန်းသာ ရှိလေသည်။ သို့သော် အဋ္ဌမအလွှာသို့ ရောက်နိုင်ချေ ၇၀ ရာခိုင်နှုန်းသာ ရှိသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာသို့ ရောက်နေသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှစ်ခုကို ကျော်တက်သွားခဲ့သည်။
" အကြောင်းရင်းက ဘာလဲ။ " လင်းယွမ်က စဉ်းစားနေသည်။
အရေးကြီးဆုံးမှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သတ္တမအလွှာတွင် အတွင်းကမ္ဘာကို ဖန်တီးနိုင်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ကမ္ဘာဖွင့်လှစ်ခြင်းနည်းစနစ်ကို ကျွမ်းကျင်မည်ဖြစ်သည်။ ထိုနည်းစနစ်ကို အဋ္ဌမအလွှာဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များလည်း ပိုင်ဆိုင်ထားသည်။ သို့သော် သတ္တမအလွှာတွင် ဆင့်ကဲပြောင်းလဲသူများက အတွင်းကမ္ဘာကို မဖွင့်နိုင်ကြပေ။
" သေချာမသိဘူး။ " လင်းယွမ်က နတ်ဘုရားသုံးပါး မည်သို့အကဲဖြတ်သည်ကို နားမလည်ပေ။
ချီခွန်ပင်မကြယ် VR ကမ္ဘာ အလယ်ပိုင်းဧရိယာတွင် ဆင့်ကဲပြောင်းလဲသူများက စကားပြောနေကြသည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်..."
" အဲ့ဒီဆန်းကျယ်တဲ့ ပညာရှင်က သတ္တမအလွှာကို ဘယ်တော့တင်မလဲမသိဘူး။ "
" အမှန်ပဲ။ ငါလည်း စောင့်ကြည့်နေတာ။ သတ္တမအလွှာကဏ္ဍကို တင်ပြီးရင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဘယ်အဆင့် ရောက်သွားမလဲမသိဘူး။ "
" ဘယ်အဆင့်ကို ရောက်နိုင်ရမှာလဲ။ သတ္တမအလွှာကဏ္ဍကို တင်ပြီးတာနဲ့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့်လေးကို ရောက်ပြီး ချီခွန်ကြယ်နယ်မြေရဲ့ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေထဲမှာ အသန်မာဆုံး ဖြစ်သွားလိမ့်မယ်။ "
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဆဋ္ဌမအလွှာကဏ္ဍကို တင်ချိန်ကတောင် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အများစုကို ကျော်လွှားပြီးပြီ။ သတ္တမအလွှာကို တင်ပြီးသွားရင် အားလုံးကို ဖိနှိပ်ဖို့ ဘာလို့မဖြစ်နိုင်ရမှာလဲ။ "
ဆင့်ကဲပြောင်းလဲသူများစွာနှင့် အဆင့်မြင့်နိုင်ငံသားများက အမျိုးမျိုး ပြောဆိုနေကြသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာကဏ္ဍက ထွက်ပေါ်လာရန် မလွယ်ကူသေယ်လည်း ထွက်ပေါ်လာသည်နှင့် ချီခွန်ကြယ်နယ်မြေတွင် အသန်မာဆုံး သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သတ္တမအလွှာကဏ္ဍကို တင်လိုက်ချိန်တွင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှစ်ခုထက် ကျော်လွန်သွားလိမ့်မည်ဟု ဘယ်သူမှမျှော်လင့်ထားကြမည်မဟုတ်ပေ။
သတ္တမအလွှာမှ အဋ္ဌမအလွှာသို့ တက်လှမ်းသော ဆင့်ကဲပြောင်းလဲသူများက အသွင်းပြောင်းလဲမှုများ ရှိလေသည်။ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက အတွင်းကမ္ဘာကို ပိုင်ဆိုင်ပြီး ကမ္ဘာ၏ စွမ်းအားနှင့် မည်သည့်သတ္တမအလွှာကိုမဆို ချေမှုန်းပစ်နိုင်ကြလေသည်။
လူသားမျိုးနွယ်တွင် အဋ္ဌမအလွှာသို့ ရောက်သည်နှင့် ကြယ်နယ်မြေတစ်ခုကို တောင်းဆိုပြီး ကြယ်သခင်လုပ်နိုင်လေသည်။
သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တို့ကြား ကွာခြားချက်မှာ သတ္တမအလွှာဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က မည်မျှစွမ်းအားကောင်းသည်ဖြစ်စေ သတ္တမအလွှာသာ ဖြစ်ပြီး အကောင်းဆုံးမှာ အဋ္ဌမအလွှာသို့ တက်လှမ်းနိုင်သည့် အလားအလာ ပိုရှိခြင်းဖြစ်သည်။ အဋ္ဌမအလွှာကို ဖိနှိပ်ရန် မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။
အလယ်ပိုင်းဧရိယာရှိ ဆင့်ကဲပြောင်းလဲသူများစွာက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာ တင်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။